Switch Mode

Chapter – 25

Chapter – 25

“ဘာ”
လူတိုင်းက အံ့ဩသွားကြသည်။ ယဲ့ဖန်းက တွေးတောခြင်းမရှိဘဲ ပေါက်ကရ လျှောက်ပြောတတ်သော လူမဟုတ်ဟု သူတို့က ယုံကြည်ကြသည်။ သူက သေချာပေါက်တစ်စုံတစ်ရာကို ရှာတွေ့ထားလောက်လေသည်။ လီကျန်းချင် နှင့် လျိုယွမ်ကျစ် အနားမှာရှိသော ကျောင်းသူကဲ့သို့ ယဲ့ဖန်းကို ပစ်မှတ်ထားသော သူများကပင် အမူအရာများ ပြောင်းသွားကြသည်။
ယခုလေးတင် ယဲ့ဖန်းက လူတိုင်း၏ အမူအရာများကိုအကဲခက်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဖြစ်စဥ်တောက်လျှောက်လုံး သူ၏အမူအရာက ရေကဲ့သို့ တောက်လျှောက် တည်ငြိမ်နေခဲ့လေသည်။ မည်သူက ရိုးသားပြီး မည်သူက ဟန်ဆောင်နေကြောင်းကိုလည်း သူက နားလည်သည်။ ထို့ကြောင့် သူက သူ အပြစ်ကင်းကြောင်း ပြောပြနိုင်မည့်အရေးကို အချိန်က ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
“မင်းတို့ရဲ့ ကိုယ်ပိုင်လက်နဲ့ သူ့ရဲ့လည်ပင်းကို စမ်းကြည့်သင့်တယ်။ သူရဲ့ လည်စလုတ်က ကွဲသွားတယ်။ လူတစ်ယောက်က ဘယ်လောက်ဘဲ အင်အားကြီးကြီး ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး။”
လူတစ်ယောက်က ဆောင့်ကြောင့်ထိုင်လာပြီး သူ လက်နှင့် ယဲ့ဖန်း၏ စကားကို အတည်ပြုကြည့်သည်။ လူ အများကလည်း အရှေ့တက်လာကြပြီး အတည်ပြုကြည့်ကြသည်။ အမည်မသိရသော အလောင်းနှင့်ရင်ဆိုင် ရသောအခါ လူတိုင်း၏ ကျောများက စိမ့်တက်သွားကြသည်။ လူသားများက လုပ်ခြင်း မဟုတ်လျှင် …။
လူတိုင်းက ကျောစိမ့်သွားပြန်သည်။
“ယဲ့ဖန်း ဒါက ဘာလဲ မင်း သိလား။ အဲ့တာက ငါတို့ကိုလည်း လိုက်ခြောက်မှာလား။”
တစ်စုံတစ်ယောက်က တုန်ရီသောလေသံဖြင့် ​မေးလိုက်သည်။
အလောင်း၏ လည်ပင်းမှ ခရမ်းနီရောင် အချိုးရာများက လက်ချောင်းရာဆိုတာ သေချာသည်။ ထိုအရာက ရက်စက်ကြမ်းကြုတ်သော ရန်ငြိုးကြီးဝိညာဥ်က ​ချန်ထားခဲ့ခြင်းပင် ဖြစ်နိုင်သေးလေသည်။ ထိုအ​ကြောင်းကို တွေးမိစေသော လူတိုင်းက အခေါင်းထဲမှ အခေါင်းငယ်ကို ပြန်ကြည့်လိုက်ကြသည်။
“ငါတို့တွေ အဲ့ဒီ နတ်မိကျောင်းကို မကိုင်တွယ်နိုင်ခဲ့ဘူး။”
သူတို့က ယဲ့ဖန်း၏ စကားကို ကြာသောအခါ ပို၍ပင် ခြောက်ခြားသွားကြသည်။ သူတို့၏ လက်ထဲတွင်ရှိသော ပစ္စည်းများကိုသာ ခပ်တင်းတင်း ကိုင်ထားလိုက်ကြလျက် ထိတ်လန့်တကြား အဝေးသို့လျှောက်ကြည့်ကြသည်။
ကျောင်းသူတစ်ယောက်က တုန်ရီသောလေသံဖြင့် ​ပြောသည်။
“အဲ့ဒီ မိကျောင်းဘိုးဘေးက ငါတို့ရဲ့နောက်ကို လိုက်လာတာလား။”
ထိုမိကျောင်းဘိုးဘေးကို ဗုဒ္ဓကိုယ်တိုင်ကပင် ဖိနှိပ်ခဲ့ရလေသည်။ ဒီနေရာရှိ လူတိုင်းကလည်း မမေ့နိုင်စရာကောင်းသော အမှတ်တရကို ပိုင်ဆိုင်ထားကြလေသည်။ ကြောက်စရာကောင်းသော အင်အားက ကောင်းကင်ကို မလှုပ်ခါနိုင်လောက်အောင် ပြိုင်ဘက်ကင်းနေသည်။
“မဖြစ်နိုင်ဘူး။ သူက ဘယ်လိုလိုက်လာမှာလဲ။”
လီကျန်းချင်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ၏လက်ထဲတွင် နတ်ဘုရား၏ ပစ္စည်းက မရှိတော့ချေ။ ထိုသူက လျိုယွမ်ကျစ်၏ အနားသို့ ထိကပ်သွားလိုက်ပြီး ထိုပစ္စည်းပေါ်ကိုသာ လက်တင်လိုက်သည်။
“ဘိုးဘေးမိကျောင်းက လိုက်လာတယ်လို့လဲ ငါ မပြောပါဘူး။ ငါ ဆိုလိုတာက သူက ဒီအခေါင်းထဲကို မိကျောင်းငယ်တစ်ကောင်က ကပ်ပြီးလိုက်လာတယ်ဆိုတာဘဲ။ ”
ထိုအချိန်တွင် သူက ဆောင့်ကြောင့် ထိုင်လိုက်ပြီးနောက် ဖုန်း၏အလင်းရောင်နှင့် အလောင်းပေါ်သို့ ထွန်းလိုက်သည်။
” သူ၏ အမူအရာက ကြောက်လန့်မှုအပြည့်ဘဲ။ မျက်လုံးကလည်း ပြူးနေသေးတယ်။ သူသေတာကတော့ အငြိုးအတေးအပြည့်ဘဲ။ ဒါက ငါတို့ချန်ထားခဲ့တဲ့ ကျောင်းသူကျောင်းသားဆယ့်သုံးယောက်ရဲ့ သေသွားတဲ့ပုံစံနှင့် တထေရာထဲဘဲ။ ”
” ရှေ့ဟောင်းစာအုပ်ထဲမှာ နတ်မိကျောင်းများ အကြောင်းအရာကို ဖတ်ဖူးတယ်။ သူတို့၏ ခန္ဓာကိုယ်ဖော်ပြချက်အပြင် နတ်မိကျောင်းတွေက လူတွေကို ဝါးမျိုနိုင်တယ်။ စိတ်ဝိညာဥ်ထိတောင် သေအောင် ခြောက်လန့်ပေးနိုင်တယ် …။ ”
ယဲ့ဖန်း၏ လက်ထဲမှ ရှေးဟောင်းမီးအိမ်က အလင်းရောင် ပျက်ကွယ်သွားသော်လည်း သူက ခပ်တင်းတင်းကိုင်ထားသေးသည်။ တစ်စုံတစ်ရာကို စောင့်ကြပ်နေသည့်အလား ထင်ရသည်။ သူက ပြောသည်။
“ဒါက တိုက်ဆိုင်တာမဟုတ်ဘူး။ ဒါက တိုက်ဆိုင်တာမဟုတ်ဘူး။ ဒါက အရင်သေသွားတဲ့ ဆယ့်သုံးယောက်နဲ့ တထေရာထဲဘဲ။ ဒါက မှတ်တမ်းစာအုပ်ထဲမှာ ဖော်ပြထားတဲ့အချက်နှင့်လည်း တူညီနေတယ်။ သူတို့ရဲ့ စိတ်ဝိညာဥ်က ကြောက်လန့်လွန်းလို့ အက်ကွဲသွားခဲ့ရတယ်။ ဒါက နတ်မိကျောင်းတွေပဲ လုပ်နိုင်တယ်။ ”
ယဲ့ဖန်းက ထိုအလောင်းကို ဂရုမထားဘဲ ပါးစပ်ကိုပင် ဖွင့်ကြည့်လိုက်သောအခါ ဦးခေါင်းကို နောက်သို့ဖောက်ထွက်သွားသော အပေါက်ကြီးတစ်ပေါက်ကို တွေ့လိုက်ရသည်။ လူတိုင်းက ချက်ချင်းလိုလို ကျောစိမ့်တက်သွားကြသည်။ ထိုသေးငယ်သော အပေါက်က ယခင်သေသွားသော ကျောင်းသူကျောင်းသားများ၏ နဖူးပေါ်က အပေါက်နှင့် တူညီနေသည်။
နတ်မိကျောင်းကဲ့သို့သော ကြောက်စရာကောင်းသော အကောင်က လူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်သည်။ သဘာဝအလျှောက်ပင် အတွင်းဘက်မှ လည်စလုတ်ကို ထိုးဖောက်ရန် ပြဿနာမရှိနိုင်ချေ။
ထိုနတ်မိကျောင်းက ကြေးနီရောင်အခေါင်းထဲသို့ ဝင်လာခဲ့လေသည်။
ဘယ်နှစ်ကောင်တောင် များနေလိုက်မလဲ။
သူတို့၏ လက်ထဲတွင် ရှိသော ပစ္စည်းများက အရောင်လျော့ကျသွားလေပြီ။ ထိုအချက်က လူတိုင်းကို စိုးရိမ်စိတ်ဝင်လာစေသည်။
” ဆိုတော့ အဲ့ဒီနတ်မိကျောင်းက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာလား။ ”
” ပြောဖို့ ခက်တယ်။”
ယဲ့ဖန်းက ခေါင်းခါသည်။
“သူ့ရဲ့ကိုယ်ထဲမှာ ရှိနေသေးတယ် ဗိုက်ကို ကြည့်လိုက်။”
ကျန်းကျစ်လင်က ရုတ်တရက် ထအော်ပြီး ရင်ဘက်ကို ပြသည်။ ထိုအချိန်တွင် သွေးများက ပန်းပွင့်လို ဖြာခနဲ ထွက်လာသည်။ ရင်းနှီးကျွမ်းဝင်သည့် ကြောက်စရာကောင်းသော သတ္တဝါက သူ၏ချွန်ထက်သော ခေါင်းမှထိုးခွဲကာ ထွက်လာခြင်းဖြစ်သည်။ တစ်ဆယ်စင်တီမီတာခန့်ရှည်သော ထိုနတ်မိကျောင်းက အနက်ရောင်အလင်းတန်းဖြင့် ပြောင်း၍ ယဲ့ဖန်း၏ နဖူးတွင်းသို့ ထိုးဝင်သွားသည်။
ဗမ်း …။
ယဲ့ဖန်းက လျင်မြန်စွာ တုန့်ပြန်လိုက်သည်။ သူက ကြေးနီရောင်မီးအိမ်ကို သုံးကာ ထိုအကောင်ကို ခုခံလိုက်သည်။ ထိုသို့ဖြင့် အရပ်မျက်နှာအနှံ့သို့ ဖျော့တော့သော အလင်းတန်းများ ထွက်ပေါ်လာသည်။
နတ်မိကျောင်းက စူးရှစွာ အော်ဟစ်လိုက်လေသည်။ အကြောင်းမူကား သူက မီးပွားတစ်ပွား စင်သွားသောကြောင့် ဖြစ်သည်။ ထိုအချက်ကတင် သူ့ကိုလွှင့်ထွက်သွားစေသည်။
ဝုန်း …။
ဖန်းပေါ်ကလည်း ချက်ချင်း မိုးသောက်မုန်တိုင်းဂူဘုရား ကြေးနီရောင် ကျောက်ပြားကြီးကို ယူကာ မြေပြင်ပေါ်သို့ ရိုက်ချသည်။
ထိုသို့ဖြင့် နတ်အလင်းတန်းများက ကျောက်ပြားမှ ထွက်လာပြန်ပြီး ထိုအကောင်ကို အပိုင်းပိုင်း ဖြစ်သွားစေသည်။
“လျိုယွမ်ကျစ် မင်းမှာ ဘာပြောစရာ ရှိသေးလဲ။”
ဖန်းပေါ်က လျိုယွမ်ကျစ်ကို ပြန်မေးလာသည်။
” ငါ အရမ်းကို စဥ်းစားဆင်ခြင်ဉာဏ် မဲ့သွားတယ်။ နတ်မိကျောင်းက ဒီအခေါင်းထဲကို ဝင်လာမယ်လို့ ငါ မထင်ထားမိဘူး။”
လျိုယွမ်ကျစ်က မည်သည့်စကားမှ မပြောချေ။ သူက တောင်းပန်ခြင်းပင် မပြုချေ။
” ဖြန်း …။ ”
ထိုအချိန်တွင် ဖန်းပေါ်က ရုတ်တရက် လှုပ်ရှားလာပြီး ကြီးမားသော လက်ကြီးဖြင့် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ပြီး လျိုယွမ်ကျစ် မျက်နှာပေါ် ပြင်းထန်စွာ ကျရောက်သွားသည်။
ထိုဖြစ်စဥ် အတောအတွင်း တစ်ဖက်မှ ကြီးမားသော ဗာဂျာရာ ငရုတ်ကျည်ပွေ့နှင့် မိုးသောက် မုန်တိုင်းဂူဘုရား၏ ကြေးနီရောင်ကျောက်ပြားတို့က တစ်ချိန်ထဲလိုလို မှိန်ဖျော့သော အလင်းက လွင့်ထုတ်လိုက်သည်။ သူတို့က ထိပ်တိုက်တွေ့ဆုံသွားပြီး နှစ်ယောက်စလုံးကို လွှမ်းခြုံကာ ကာကွယ်ပေးထားသည်။ သို့ရာတွင် မည်သည့်အလင်းကမှ ထိုပါးရိုက်ချက်ကို မတားဆီးနိုင်ချေ။ လျိုယွမ်ကျစ်၏ မျက်နှာက ခပ်ကြမ်းကြမ်း ပါးရိုက်ခံလိုက်ရပြီး သွေးများက ပါးစပ်ထဲမှ ထွက်လာသည်။
” တောင်းပန်ပါတယ် …။ ငါလည်း စဥ်းစား ဆင်ခြင် ဉာဏ်မဲ့သွားတယ်။”
ဖန်းပေါ်က လျိုယွမ်ကျစ်ကို ပြန်လှောင်သည်။
“မင်း…”
လူတိုင်းကလည်း ထိုနှစ်ယောက်ကို မတိုက်ခိုက်အောင် အလျင်အမြန် တားဆီးကြတော့သည်။ လျိုယွမ်ကျစ်၏ အမူအရာက အလွန်အမင်း သုန်မှုန်နေသည်။ သူက ချက်ချင်းလိုလို ထွက်သွားရန် ပြင်ထားသည့် အချိန်တွင်ပင် တစ်ဖက်မှ ကျောက်ပြားကလည်း အလင်းတန်းကို လွှင့်ထုတ်ခဲ့​ကြောင်း သတိရသွားပြီး ရပ်တန့်လိုက်သည်။
” ရှူး …။ ”
ယဲ့ဖန်းက ရုတ်တရက် ပါးစပ်ပိတ်ရန် အမူအရာပြသည်။ သူက ကြေးနီရောင်အခေါင်းထံ ကြည့်လိုက်ပြီး တစ်စုံတစ်ရာကို နားထောင်နေသလိုမျိုး ပြောသည်။ တစ်ခဏခန့်ကြာမှသာ သူက လူအုပ်ကိုမေးသည်။
“မင်းတို့ ကြားရလား။ ”
လူတိုင်းကလည်း ဘာမှမကြားရသည့်အတွက် ကြောင်သွားကြသည်။ ယဲ့ဖန်းကမူ ပဟေဠိဖြစ်သော အမူအရာမျိုးနှင့် အဆုံးတွင် လေးမီတာခန့်ရှည်သော အခေါင်းနားသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် သူ၏လက်မောင်းတွင် ရှိသော ဗောဓိမျိုးစေ့က အလွန်အမင်း ပူလာသည်။ လူတိုင်း၏ နှလုံးသားကလည်း နွေးထွေးသွားရသည်။
ထိုအချိန်တွင် သူက ကြည်လင်သာယာသောအသံကို ကြားလိုက်ရပြီး ဖြစ်သည်။ သူက မနေနိုင်ဘဲ အခေါင်းကို ထိတွေ့လိုက်သည်။ အခေါင်းကို အစိမ်းရောင် ကြေးနီသံချေးများက ပြည့်နှက်နေသည်။
အပေါ်တွင်လည်း ရှေးဟောင်းဘိုးဘေးများနှင့် နတ်ဘုရားများ၏ ပုံရိပ်များကို ထွင်ထုထားသေးလေသည်။ ထိုအရာများက ရိုးရှင်းသော အလင်းတန်းများကို လွှင့်ထုတ်လာသည်။
ထိုအခိုက် သူ၏လက်မောင်းထဲမှ ဗောဓိမျိုးစေ့က သူကို တံခါးပေါက်တစ်ပေါက် ဖွင့်ပေးလိုက်သလို ခံစားလိုက်ရသည်။ ထိုအရာက ထူးခြားသောအသံများကို ကြားရစေသည်။
အစပိုင်းတွင် အသံက အလွန်ဖျော့တော့သည်။ သို့သော် တဖြည်းဖြည်းချင်း ကျယ်သည်ထက်ကျယ်လာသည်။ သူ၏လက်မောင်းထဲမှ ဗောဓိမျိုးစေ့ကလည်း ပူသည်ထက် ပူလာသည်။
ထိုဗောဓိသစ်ပင်က ဉာဏ်အလင်းပွင့်သစ်ပင်၊ ဉာဏ်ပညာသစ်ပင်၊ အတွေးသစ်ပင် ဟူ၍ပင် ခေါ်ကြသေးသည်။ ဒဏ္ဍာရီအရ ဗုဒ္ဓက ဉာဏ်အလင်းပွင့်သွားခဲ့သည်မှာ ထိုဗောဓိသစ်ပင် အောက်တွင် ရှိနေခဲ့သောကြောင့် ဖြစ်သည်။ ယဲ့ဖန်း၏ ဗောဓိမျိုးစေ့ကလည်း ဗောဓိပုံစံခွက်ပင် ပါနေသေးလေသည်။
ထို့အပြင် သဘာဝသွေးကြောများဖြင့်​သာ ဖြစ်တည်လာရာ သာမန်မဟုတ်ချေ။
သူ၏အရှေ့မှ ရှိသော ရှေးကျကာ လျို့ဝှက်ဆန်းကျယ်လွန်းသော အခေါင်းကြီးက ကျယ်သည်ထက်ကျယ်သော အသံကို လွှင့်ထုတ်လာသည်။ ဒါက မဟာတာအို၏ အသံနှင့်ပင် တူညီသေးပြီး အဆင့်မြင့်မား လွန်းနေခဲ့သည်။
“ကောင်းကင်လမ်းစဥ်က ပိုလျှံမှုတွေကနေ ပေါ်လာတယ်။ ချို့တဲ့မှုတွေကို အဲ့တာတွေနဲ့ အစား ပြန် ဖာထေးပေးတယ်။”
ပထမဦးဆုံးစကားက မဟာတာအို၏ ကောင်းကင်သံစဥ်လိုမျိုး လျှို့ဝှက်ဆန်းကျယ်နေသော်လည်း တာအိုကျမ်းစာပိုဒ်များထဲမှ နာမည်ကြီး စာတစ်ကြောင်း ဖြစ်နေပြန်သည်။
သို့ရာတွင် နောက်ပိုင်းပါသော ရှေးဟောင်းကျမ်းစာ ရွတ်ဖတ်သံများကိုမူ သူ တစ်ခါမှ မကြားဖူးချေ။ ထို့ပြင် အဓိပ္ပါယ်ကလည်း နားလည်ရခက်ခဲလွန်းသည်။
မူလဖြစ်တည်မှုဆိုင်ရာ ရှေးကျသော ရှေးဦးမှလာသည်ဟုပင် ထင်ရလောက်အောင် အဆင့်မြင့်မားလွန်းနေပြီး အသံက ရှည်ကြာလွန်းနေခဲ့သည်။
နောက်ဆုံးတွင် ယဲ့ဖန်း၏ နားထဲတွင် ခေါင်းလောင်းက မြည်ဟီးနေသလို ပဲ့တင်ထပ်နေပြီး သူ၏နှလုံးသားထဲသို့ ဝင်ရောက်သွားသည်။
အပိုင်း (၂၅) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset