Switch Mode

Chapter – 22

Chapter – 22

လူတိုင်း၏ စိတ်ဓာတ် အင်အားက မောပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။ ယခုလေးတင် သူတို့၏ ဝိညာဥ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားတော့မလိုပင် ခံစားလိုက်ရသည်။ ပြိုင်ဘက်ကင်း မိကျောင်းဘိုးဘေး၏ အော်သံထဲတွင် ဖော်ပြရန်ခက်ခဲသော စွမ်းအင်များက အပြည့်ပါ​နေသည်။ ထိုအရာက လူအများ၏ စိတ်ဝိညာဥ်ကိုပင် စုပ်ယူတော့မည်ဟု ခံစားလိုက်ရ​​စေသည်။
ထို့ပြင် ရှေးဟောင်းကြေးနီရောင် အခေါင်းထဲမှာလည်း ထူးဆန်းသော သတ္ထုအသံများက ထွက်လာသောကြောင့်သာ မဟုတ်ခဲ့လျှင် လူတိုင်းက သေကောင်းသေ သွားနိုင်သည်။
ဆူနာမီ လှိုင်းလုံး လိမ့်တက်လာသလိုမျိုး ဝမ်းနည်းစရာကောင်းသော အရှိန်အဝါတစ်ခုက လှိမ့်တက်လာသည်။ ထိုမဟာမြေအောက်လောကမှ လျှပ်စီးလျှပ်သလို ဖြစ်နေပြီး မိုးထစ်ချုန်း ရွာသလို ထွက်နေသော အသံများနှင့်အတူ ရှေ့တိုးလာနေသည့် ကြီးမားထွားကြိုင်းလွန်းသည့် ထိုမိစ္ဆာကောင်ကြီးက ရပ်တန့်သွားသော်လည်း သူ၏အရှိန်အဝါက သဘာဝအလျှောက်ပင် ဖုံးကွယ်၍ မထားနိုင်သေးချေ။ ထိုအရှိန်အဝါက လူတိုင်း၏ စိတ်ဝိညာဥ်ကို တုန်လှုပ်နေစေရန် လုံလောက်နေလေသည်။
ထွက်လာသည့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ လှုပ်ခါစေနိုင်စွမ်း ရှိသည်။ သဲမုန်တိုင်းကပင် ထိုအရှိန်အဝါကြောင့် ရပ်တန့်သွားခဲ့ရသည်။ အမှောင်ထုထဲတွင် မီးအိမ်လို ကြီးမားနီရဲနေသော မျက်လုံးကြီးတစ်စုံက မျက်တောင်ပင် မခပ်ဘဲ ကြည့်နေသည်။
ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း မမြင်ရသေးချေ။ သို့သော် အနက်ရောင်တိမ်စိုင်များက လှိမ့်တက်လာချိန်တွင် လနှင့်ကြယ်ကိုပင် ကာသွားပြီး လောကတစ်ခုလုံးကို အုပ်စိုးတော့သည်။
သူက မချဥ်းကပ်လာရဲသော်လည်း သူ၏ ပြိုင်ဘက်ကင်းသော မိစ္ဆာဘိုးဘေး၏ အရှိန်အဝါကပင် သေမျိုးများအတွက် တောင့်ခံရန် ခက်ခဲလွန်းနေပြီ ဖြစ်သည်။ ငါးရောင်ခြယ် ယစ်ပုလ္လင်ပေါ်မှ လူများကပင် မြေပြင်ပေါ်သို့ လဲကျလုမတက် ဖြစ်ကုန်ကြသည်။ သူတို့၏ လက်ထဲတွင် ကိုင်ထားသော အမွေအနှစ် ပစ္စည်းများကြောင့်သာ မဟုတ်လျှင် ရင်မဆိုင်နိုင်လောက်ချေ။
ထိုမိစ္ဆာကောင်ကြီးကို ဗုဒ္ဓက ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့သော သတ္တဝါ၏ တည်ရှိမှုက ဒဏ္ဍာရီ သို့မဟုတ် နတ်ဘုရားများ၏သမိုင်းများတွင်သာ ရှိလောက်သည်။ သို့သော် ယခု မျက်မြင်ကိုယ်တွေ့ပင် တွေ့ကြုံလိုက်ရသည်။ သူတို့နှင့် သိပ်မဝေးသော နေရာတွင်ပေါ်လာခြင်းဖြစ်သည့်အတွက် အိမ်မက်ကဲ့သို ခံစားနေရသေးသည်။
မြို့ပြနေ ပြည်သူများ ဖြစ်သည့်အလျှောက် သူတို့အနေနှင့် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းမျိုးကို တစ်ကြိမ်တောင်မျှ မမြင်ဖူးကြချေ။ လူတိုင်းကလည်း အစစ်အမှန်မဟုတ်ဟု ခံစားနေရသည်။ သူတို့မြင်ရသောအရာ ကြားရသောအရာအားလုံးက အံ့ဩစရာကောင်းလွန်းနေသည်။
မိကျောင်းဘိုးဘေးက လွတ်မြောက်သွားပြီဖြစ်လေရာ နှစ်ပေါင်းများစွာက ကုန်လွန်သွားခဲ့လေပြီ။
ထိုကောင်းကင်နန်းတော်က ပြိုကျသွားပြီး မဟာမိုးသောက်မုန်တိုင်း ဂူ ဘုရားကျောင်းကလည်း စွန့်ပစ်ခံရသည်မှာ ကြာလှချေပြီ။ ကိစ္စများက တူညီနေနိင်သေးသော်လည်း လူများကမူ ပြောင်းလဲသွားသည်။ နတ်ဘုရားများမရှိတော့လျှင် မည်သူကမှ ထိုအရာကြီးကို မဖိနှိပ်နိုင်လောက်တော့ချေ။
ရုတ်တရက် မိကျောင်းဘိုဘေးက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းသံကို ထုတ်လွှင့်ပြန်သည်။ ထိုအသံက သူတို့၏ နားထဲသို့ရောက်လာသောအခါ သောင်းကျော်သော မိုးကြိုးများပစ်ချလိုက်သံကဲ့သို့ ကျယ်လောင်ကာ ပြင်းထန်လွန်းသည်။ လက်ရှိ ရှိနေသော လူများထဲမှ အချို့ဆိုလျှင် မြေပြင်သို့ တိုက်ရိုက်လဲကျသွားသည်။ အစစ်အမှန် တိုက်ခိုက်လိုက်ခြင်း မဟုတ်သော်လည်း အသံအားလှိုင်းနှင့်တင် လက်သင့်မခံနိုင်လောက်အောင် ပြင်းထန်လွန်းနေခဲ့သည်။ လူတချို့၏ နားများနှင့် နှာခေါင်းများက သွေးများစီးကျလာသည်။
တခြောက်ခြောက်မြည်သံများက ထွက်ပေါ်လာပြန်သည်။ ယစ်ပုလ္လင်၏ အပြင်ဘက်တွင် အနက်ရောင်​မြူထုများက သိပ်သည်းစွာ တည်ရှိနေသည်။ မရေမတွက်နိုင်သော နတ်မိကျောင်းများက ထိုနေရာတွင် စုရုံးရောက်ရှိနေကြပြီး အလင်းကာကို ကျော်ဖြတ်လာကြကာ ငါးရောင်ခြယ်ယစ်ပုလ္လင်ထံ ဦးတည်လာသည်။
မိကျောင်းဘိုးဘေးက ထိုအကောင်ကလေးများကို အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ ကြေးနီရောင် အခေါင်းထဲမှ တစ်စုံတစ်ရာကို သူက ကြောက်လန့်သော်လည်း သူ၏ လက်အောက်ငယ်သားများကို စေလွတ်နိုင်ရန် ရှိနေသေးသည်။
” မြန်မြန် မြန်မြန်ထကြ။”
ကျောင်းသူတစ်ချို့က ကြမ်းပြင်ပေါ်တွင် လဲနေကြပြီး သူတို့၏ နားနှင့်နှာခေါင်းများမှ သွေးများစိမ့်ထွက်နေသည်။ သူတို့က အားအင်ကုန်ခမ်းနေကြပြီး မလှုပ်နိုင်ကြတော့ချေ။ သူတို့က သူတို့လက်ထဲတွင် ကိုင်ထားသော ဗုဒ္ဓ၏ ပစ္စည်းများကြောင့်သာ မဟုတ်လျှင် ထိုဟိန်းသံက မည်မျှကြောက်စရာကောင်းကြောင်း သိနိုင်သည်။ လူအုပ်က အော်ဟစ်နေကြချိန်တွင် လူတစ်ချို့က နောက်ဆုံးတွင် မတ်တပ်ရပ်နိုင်သွားကြသည်။ သို့ရာတွင် အလှမ်းနောက်ကျသော လူနှစ်ယောက်ရှိနေသေးသည်။ နတ်မိကျောင်းများက ဒီရေများကဲ့သို့ အပြေးစီးဝင်လာပြီ။ ထိုနှစ်ယောက်ကို လွှမ်းခြုံသွားသည်။
ယင်းက အံ့အားသင့်စရာ ကောင်းလွန်းသော ဖြစ်ရပ်မဟုတ်ချေ။ သူတို့၏ကိုင်ထားသော ပစ္စည်းများက လက်မှလွှတ်ထွက်သွားသည်နှင့် ငြီးငြူသံနှစ်သံက ထွက်ပေါ်လာသည်။ မျက်တောင်တခပ် အချိန်အတွင်း ထိုသို့ဖြင့် အသက်နှစ်သက်က ကုန်ဆုံးသွားပြန်သည်။ နေရာတိုင်းတွင်လည်း သွေးများက စိုရွှဲသွားပြန်သည်။ အ​ကြောင်းမူကား နတ်မိကျောင်းများက သူတို့၏ တစ်ကိုယ်လုံးကို အပေါက်များဖြစ်စေခဲ့သောကြောင့်ဖြစ်သည်။ သူတို့​၏ အဖြူရောင်ဦးနှောက်များကလည်း ထွက်လာသလို သွေးများကလည်း နီရဲ စိုရွှဲနေပြီး ဆိုးရွားလွန်းသော မြင်ကွင်းဖြစ်လာသည်။
အခြားသူများက ထိုလူများကို အချိန်မှီမကယ်နိုင်ခဲ့ချေ။ သူတို့ကို ဝိုင်းနေသော နတ်မိကျောင်းက ထောင်ကျော်နေလေရာ ကိုယ့်ကိုကိုယ်ပင် မနည်းကာကွယ်နေမည်ဖြစ်သည်။
လက်ရှိအချိန်တွင် လူဆယ့်သုံးယောက်က သေဆုံးသွားကြပြီ ဖြစ်သည်။ ကျန်သည့် ဆယ့်ခုနစ်ယောက်ကလည်း အန္တရာယ်ကြားထဲသို့ ရောက်နေသည်။ ဘဝက မခန့်မှန်းနိုင်သည့်အပြင် သေရေးရှင်ရေးက အချိန်မရွေးဖြစ်လာနိုင်​လေသည်။
ရုတ်တရက် အလင်းတန်းက ဖျတ်ခနဲလက်လာပြီး သူတို့၏လက်ထဲမှ ပစ္စည်းများကို ထုတ်ဖော်ကာ ပတ်ဝန်းကျင်မှ သွေးအေးလူသတ်သမားများ အားလုံးကို ခုခံကြသည်။ သူတို့က ရှင်သန်မည့်လမ်းကြောင်း ဖွင့်လိုကြသည်။ သဘာဝအလျှောက် အားနည်းသော ကျောင်းသူများကပင် ငိုရန်မေ့နေကြ​လေပြီ။ ထိုအချိန်တွင် သူတို့က ရွေးချယ်စရာ မရှိတော့ဘဲ အသက်ကိုရင်းကာ တိုက်ခိုက်ရတော့မည် ဖြစ်သည်။
သို့ရာတွင် အန္တရာယ်များသောအရာက ဖြစ်ပျက်လာသေးသည်။ သူတို့၏ လက်ထဲမှ ဗုဒ္ဓပစ္စည်းများကို ပိုင်ဆိုင်ထားသော လူများအားလုံးကပင် အန္တရာယ်များသော အခြေအနေသို့ ရောက်သွားသည်။ လူအရေအတွက်က များနေသည့်အတွက် လုံလောက်အောင် ကာကွယ်မပေးနိုင်တော့ချေ။
အဝေးတွင်ရှိသော ဘိုးဘေးမိကျောင်းကြီးက လှမ်းအော်ပြန်သည်။ ကြေးနီရောင်အခေါင်းက ပုံမှန်မဟုတ်သော အပြုအမူများ မလုပ်တော့ကြောင်း မြင်သောအခါ သူ၏အရှိန်အဝါက ကောင်းကင်ထိ ထိုးတက်သွားသည်။
ထို့နောက် တိမ်စင်များနှင့် မြူထုများကို တလှိမ့်လှ်ိမ့် ချဥ်းကပ်လာကြသည်။ လက်ဆေးဇလုံလောက် ကြီးမားသော သွေးနီရောင်မျက်လုံးကြီးက အမှာင်ထုထဲတွင် အလွန်အမင်း လင်းလက်တောက်ပနေသည်မှာ ကောင်းကင်မှ နေက အောက်သို့ ရောက်လာသည်နှင့်ပင် တူနေသေးသည်။
နီးကပ်လာသောအခါ လူတိုင်းက မတ်တပ်ရပ်ရန်ပင် ခက်ခဲလာရသည်။ ခါးသီးသော အရှိန်အဝါက သောင်းပေါင်းများစွာသော သတ္တဝါပေါင်းများစွာကို သတ်ဖြတ်ပြီးမှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။
ထိုအချက်က လူတိုင်း၏ စိတ်ဝိညာဥ်သုံးခု ဝိညာဥ်ခုနစ်ခုကို တုန်ရီစေပြီး အသွေးအသွားများကပင် ကွာထွက်သွားလာရသည်။
အကွာအဝေးက ဆယ်မီတာပင် မရှိတော့ချေ။ သို့သော် သူတို့ကမူ တစ်ဖက်၏ ခန္ဓာကိုယ်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးချေ။ မျက်လုံးကြီး နှစ်လုံးကိုသာ မြင်နေရသည်။ သူတို့က စိတ်ပျက်အားငယ်သွားကြသည်။
” ဝူး ဝူး …။ ”
ရုတ်တရက် ကောင်းကင်နှင့် မြေပြင်အကြားမှ မိစ္ဆာ ငိုကြွေးသံကဲ့သို့ လေပြင်းတိုက်ခက်သံက ထွက်ပေါ်လာသည်။ တစေ၊ သရဲများ ငိုငြီးသံများ နတ်ဘုရားစုများ၏ ဟိန်းဟောက်သံများက ထွက်ပေါ်လာသည်။ ထိုအသံက ယခုလေးတင် တိုက်ခက်သွားသော သဲမုန်တိုင်းထက် အဆပေါင်းများစွာ ပြင်းထန်ပြီး ကောင်းကင်နှင့် မြေပြင်ကို ဟက်တက်ကွဲအောင် သောင်းပေါင်းများစွာသော မိုးကြိုးများပစ်ခတ်တော့မည်နှင့် တူနေသည်။
မကောင်းဆိုးဝါးဆန်ပြီး ကြောက်မက်ဖွယ်ကောင်းလွန်းသော အနက်ရောင်မြူနက်ကြီးနှင့်အတူ အနက်ရောင် လက်ကြီးတစ်ဖက်က အောက်သို့ကျလာပြီး ငါးရောင်ခြယ်ယစ်ပုလ္လင်ထံ တိုးဝင်လာသည်။ ပုံသဏ္ဌာန်က လူ၏လက်နှင့် မခြားနားသော်လည်း အလွန်ပင်ကြီးမားလွန်းနေသည်။ လက်ငါးချောင်းကပင် ခုနစ်မီတာ ရှစ်မီတာရှည်သည်။ ထို့ပြင် အနက်ရောင် တောက်ပလွန်းပြီး ကျောစိမ့်ဖွယ်ကောင်းနေသေးပြန်သည်။ မြင်လိုက်ယုံဖြင့် လူတိုင်က ထိတ်လန့်ခြောက်ခြားသွားကြသည်။ ထိုအရာက ဗုဒ္ဓက ကိုယ်တိုင်ကိုယ်ကျ ဖိနှိပ်ခဲ့ရသော ပြိုင်ဘက်ကင်းမိစ္ဆာကြီး ဖြစ်နေသည်။
နှစ်ပေါင်းများစွာ ကြာညောင်းသည့်တိုင် သူက ပြန်လည်ထွက်ပေါ်လာကတည်းက မြေကမ္ဘာကို အက်ကွဲစေနိုင်စွမ်းရှိသည်။ ထိုအချိန်တွင် ကောင်းကင်တွင်ရှိသော ထိုက်ချိရှစ်ထောင့်ပုံစံခွက်က နောက်ဆုံးတွင် ပုံပေါ်သွားသည်။ နတ်မိကျောင်း၏ သွေးထဲတွင် ပါဝင်သည့် နတ်စွမ်းအားများ၏ ထောက်ပံ့ပေးမှုကို ရရှိလိုက်သောကြောင့်သာ ဖြစ်သည်။
ရှစ်ထောင့်ပုံစံခွက်က တစ်ချိန်ထဲတွင် တောက်ပလာပြီး မျက်စိကျိန်းမတက် တောက်ပသောအလင်းတန်းကို လွင့်ထုတ်လာကာ ကြယ်ဂိတ်ပေါက်ကို ပေါ်လာစေလောက်သည်။
ဗုန်း …။
ပြင်းထန်သည့် တုန်ခါသံနှင့်အတူ ထိုက်ချိ၏ ရှစ်ထောင့်ပုံစံခွက်က တံခါးကြီးတစ်ခုကို ဖွင့်လိုက်သလိုမျိုး အသံမျိုး လွင့်ထုတ်လာသည်။ လျှို့ဝှက်ဆန်းကျယ်ပြီး ကြီးမားသော ဝင်ပေါက်ကိုလည်း ထုတ်ပေးလာပြန်သည်။ ထိုနေရာက မည်သည့်နေရာကို ဦးတည်မှန်း မသိချေ။ အကြောင်းမူကား အထဲတွင် ပင်းပိတ်အောင် မဲမှောင်နေသောကြောင့်ဖြစ်သည်။
လှမ်းလာသော လက်ကြီးတစ်ဖက်ကို လျှို့ဝှက်ဆန်းကျယ်သော စွမ်းအင်တစ်ခုက ဘေးဘက်သို့ တွန်းပို့လိုက်သည်။ တစ်ချိန်ထဲတွင်ပင် မူလက တိတ်ဆိတ်နေသော နဂါးလောင်းကိုးလောင်းကလည်း စတင်ကာ တုန်ခါလာသည်။
ထိုနဂါးများက နတ်ဘုရားများ၏ ဘေးဘက်မှာ ယှဥ်ရပ်နေခဲ့ကြသည့် သတ္တဝါများဖြစ်ခဲ့ကြ၏။
ယခုအခါ အေးစက်သော အလောင်းများ ဖြစ်သွားသည့်တိုင်အောင် သူတို့က ထိုတခဏတွင် အသက်ပြန်ဝင်လာသလို ဖြစ်လာပြီး အရှိန်အဝါကြီးများလွန်းသော နဂါးအရှိန်အဝါကို ထုတ်လွှင့်နေသေးသည်။
ထိုသို့ဖြင့် ယစ်ပုလ္လင်ပေါ်တွင် ရှိနေသော နတ်မိကျောင်းတိုင်းက ကြောက်လန့်တုန်ရီသွားရသည်။ သူတို့က ကြောက်လန့်လွန်း၍ တုန်ရီသွားပြီး သူတို့၏ ခန္ဓာကိုယ်များကပင် အမှုန်အမွှားများပြုတ်ကျသကဲ့သို့ ဘုတ်ခနဲ ဘုတ်ခနဲ ကျနေကြသည်။ သူတို့က အပြည့်အဝ ဖိနှိပ်ခံရလိုက်ရသည်။
အဆုံးတွင် သူတို့က ပြန်လျော့ကျသွားသော ဒီရေကဲ့သို့ နောက်ပြန်ဆုတ်သွားကြသည်။ ထိုသို့ဖြင့် ယစ်ပုလ္လင်ပေါ်တွင် မိကျောင်းအလောင်းပုံများနှင့် လူသားအလောင်းပုံ အနည်းငယ်သာ ကျန်ရစ်တော့သည်။ ထိုသို့ဖြင့် ထိုနေရာ တစ်ခုလုံးက တိတ်ဆိတ်သွားသည်။
” လာ မြန်မြန် အခေါင်းထဲကို ဝင်ကြ။”
ယဲ့ဖန်းက ပထမဦးဆုံး မတ်တပ်ရပ်သူ ဖြစ်သည်။ သူက ဖန်းပေါ်ကို ကူညီပေးသည်။
သူတို့က အားနည်းသောကြောင့် မဟုတ်ဘဲ မဟာမိစ္ဆာကြီးက အင်အားကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ထိုအရှိန်အဝါ တစ်ခုထဲကသာ သာမန်လူများကို သတ်ရန် လုံလောက်နေသည်။ မကောင်းဆိုးဝါးဆန်သော မိစ္ဆာအရှိန်အဝါကြီးက သေမင်းများကို သေအောင်လှုပ်ခါနိုင်သည်။
လူတိုင်းက ချက်ချင်း တုန်တုန်ရီရီဖြင့် မတ်တပ်ထရပ်ကြသည်။ သူတို့အားလုံးကလည်း ကြေးနီရောင်အခေါင်းထဲသို့ ဝင်ရန် သဘောတူကြသည်။ ကြယ်ဂိတ်ပေါက်က ပွင့်​နေလေရာ သူတို့အနေဖြင့် သူတို့၏ခန္ဓာကိုယ် တစ်ခုထဲသက်သက်ဖြင့် ထိုလမ်းကြောင်းထဲသို့ ဝင်ရန် မဖြစ်နိုင်ချေ။
အခေါင်းထဲသို့ ဝင်မှသာ သူတို့က လွတ်မြောက်နိုင်မည် ဖြစ်သည်။
အမှောင်ထုထဲတွင်ရှိသော မိကျောင်းဘိုးဘေး၏ မျက်ဝန်းက အေးစက်စက်ဖြစ်လာပြီး သွေးရောင်မျက်ဝန်းများက တွဲလျားဆွဲထားသော နေမင်းနှစ်လုံးလို ဖြစ်လာသည်။
ရုတ်တရက် မျက်စိထဲတွင် တောက်ပ​နေသော သွေးနီရောင်အလင်းကို ထိုမျက်ဝန်းမှ လွင့်ထုတ်လိုက်ပြီး ကောင်းကင်တွင်ရှိသော ရှစ်ထောင့် ချိတ် စည်းတံဆိပ်ကို ထိုးဖောက်ရန် ကြိုးစားသည်။ ထို့မြင်ကွင်းကို မြင်သောအခါ လူတိုင်း၏ အမူအရာက ပြောင်းလဲသွားကြသည်။
ထိုမိစ္ဆာကြီးက အဆုံးထိ လက်မလျော့ချင်သေးချေ။ သူက ကောင်းကင်မိစ္ဆာ ဒဏ္ဍာရီတိုင်းကိုပင် သုံးနေခြင်းဖြစ်လောက်သည်။ ဤနည်းအားဖြင့် ထိုလမ်းကြောင်းကို ပိတ်ပြီး လူတိုင်း၏ လွတ်လမ်းကို တားဆီးလိုနေသည်။
တစ်ချိန်ထဲတွင်ပင် နောက်ထက် လက်တစ်ဖက်က ကျရောက်လာပြန်ကာ မှိန်ဖျော့သော အလင်း အကာအကွယ်လွှာကို ကျော်ဖြတ်သွားပြီး ယစ်ပုလ္လင်ထံ တိုးဝင်လာသည်။
လူတိုင်းက အံ့ဩသွားရသည်။ သူတို့က အခေါင်းတွင်းသို့ ဝင်ပြီးကာ နောက်ဆုတ်လိုက်ကြသည်။ ထိုလက်က အောက်ဘက်သို့ ရိုက်ချလာပြီး ဘာကိုမှ မမိသွားခဲ့ချေ။ သို့ရာတွင် ​ကြေးနီရောင်အခေါင်းကို မိသွားသည်။
ခြိမ်း …။
အနက်ရောင် လက်ကြီးက ကြေးနီရောင် အခေါင်းကို ဖမ်းကိုင်လိုက်ပြီး ခြိမ်းခနဲဟူသော အသံကို ထွက်ပေါ်လာစေသည်။ လူတိုင်း၏ နှလုံးသားက နာကျင်တုန်ခါသွားရသည်။ မိကျောင်းဘိုဘေး၏ အင်အားက မကောင်းဆိုးဝါးဆန်ကာ ကြောက်စရာကောင်းလွန်းသည်။ ဗုဒ္ဓကသာ သူ့ကို ဖိနှိပ်နိုင်လောက်သည်။ ကြေးနီရောင်အခေါင်းက လက်တုန့်မပြန်လျှင် သူတို့တွင် လွတ်လမ်းမရှိလောက်တော့ချေ။
လူတိုင်းကလည်း ကြောက်လန့်လွန်းနေကြသော အချိန်တွင် မိကျောင်းဘိုးဘေး၏ အမဲရောင်လက်ကြီးက အကောင်ကြောက်တက်သော လူတစ်ယောက်က မြွေ၊ ပင့်ကူတို့နှင့် တွေ့ရသည့်အခါ အထိတ်တလန့် ဖြစ်သွားသလို ပုံစံမျိုးဖြင့် အလျင်အမြန် ပြန်ရုတ်သွားသည်။
ထိုမိစ္ဆာဘိုးဘေး၏ လက်ချောင်းများကြာတွင် သွေးများက ဆက်တိုက်စီးဆင်းနေသည်မှာ ယစ်ပုလ္လင်ပေါ်တွင် မြစ်ရေစီးကျနေသည်နှင့်ပင် တူသည်။ အရာအားလုံးက ယစ်ပုလ္လင်ကို လွှမ်းခြုံသွားသည်။ သူက ကြေးနီရောင်အခေါင်းကြောင့် ဒဏ်ရာရသွားသည်။
ကြေးနီရောင်အခေါင်းကြီးက မလှုပ်သွားခဲ့ဘဲ နဂိုအတိုင်း တိတ်ဆိတ်စွာ ရှိနေသေးပြန်သည်။
သိပ်မဝေးသော နေရာတွင် အေးစက်သော နှာခေါင်းရှုံ့သံတစ်ချက် ထွက်ပေါ်လာကာ မိကျောင်းဘိုဘေးက အံကိုကျိတ်လိုက်သည်။ ထိုအသံကပင် လူတိုင်း၏ ဦးခေါင်းခွံကို ကြိမ်းစပ်သွားစေ​​လေသည်။
” ငါတို့ ဘာလုပ်ကြမလဲ။ ဒီမိစ္ဆာကြီးက ရှေးဟောင်းကြယ်တာရာလမ်းကြောင်းကို ပိတ်ပစ်လိုက်လိမ့်မယ်။ ဒီလိုဆို ငါတို့ ဘယ်လိုထွက်သွားရတော့မှာလဲ။”
လူတိုင်းက အထိတ်တလန့် ဖြစ်လာကြသည်။ သူတို့တွင် ထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးရှိသော်လည်း လမ်းကြောင်းက အပိတ်ခံထားရလေရာ စိုးရိမ်ပြီး ထိတ်လန့်သွားကြသည်။
” စွမ်းရည် …။ ငါတို့ဒီလမ်း​ကြောင်းကို ဖွင့်ဖို့ လျှို့ဝှက်ဆန်းကျယ်တဲ့ စွမ်းအင်တွေ လိုအပ်တယ်။ ”
“ဘာတွေဖြစ်ကုန်တာလဲ။ ငါတို့လက်ထဲက ဒီနတ်ဘုရားတွေ ပစ္စည်းတွေက အရောင်အဝါတွေ ပျောက်ဆုံးကုန်ပြီ။”
လူတစ်ယောက်က တအံ့တဩပြောသည်။ ထိုအချိန်တွင် ယဲ့ဖန်း၏ ကြေးနီရောင်မီးအိမ်မှဖြစ်စေ ဖန်းပေါ်၏ မိုးသောက်မုန်တိုင်း ဂူ ဘုရားကျောင်း ကြေးနီရောင် ကျောက်ပြားကြီးပင်ဖြစ်စေ ကျိုးရင်တို့အားလုံး၏ ပစ္စည်းများပင်ဖြစ်စေ အားလုံးထဲမှ စွမ်းအင်များက စုစည်းလာကြသည်။
ရုတ်တရက် ဇီးကွက်အော်သံလိုအသံနှင့် ကျေးငှက်တောက်သံလို အသံတစ်သံက ထွက်လာသည်။ ကြေးနီရောင်အခေါင်း၏ အပြင်ဘက်တွင် နှစ်မီတာခန့် မြင့်မားသော ဝါးရုံပင်ကြီးတစ်ခုက ပေါ်လာသည်။ လူတိုင်းက ကြောင်သွားကြသည်။ နတ်ဘုရားများ၏ အမွေအနှစ် ပစ္စည်းများထဲမှ စွမ်းအင်တိုင်းက ထိုနေရာသို့ စုဝေးရောက်ရှိနေခြင်းဖြစ်သည်။
လူအုပ်ကြီးက ကြောက်စရာကောင်းသော မိစ္ဆာအရှိန်အဝါနှင့် ပြည့်နှက်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင်လည်း အနက်ရောင်မြူများက ပြည့်ကျပ်လာသည်။ ရုပ်သွင်ကို အတိအကျ မြင်ရရန် ခက်ခဲလွန်သည်။
သို့သော် လူတိုင်းကမူ ဒါက မိကျောင်းဘိုးဘေးဖြစ်ကြောင်း သိလိုက်ကြသည်။ သူက ယစ်ပုလ္လင်ပေါ် တက်လာနိုင်ပြီး အခေါင်းထဲသို့ ဝင်ချင်နေဟန် ရသည်။ သူက လူတိုင်းကို လျစ်လျူရှုထားသည်။ သူ၏သွေးနီရောင်မျက်ဝန်းက အခေါင်းထဲမှ အခေါင်းကိုသာ စိုက်ကြည့်သည်။
ဒဏ္ဍာရီထဲမှ ဗုဒ္ဓနှင့် တိုက်ခိုက်ခဲ့သောသူက ထိုသို့ အကျင့်စရိုက် ရှိသည်။ ထိုမြင်ကွင်းက မေ့ပျောက်ရန် ခက်ခဲသည်။ ထိုမြင်ကွင်းက ကြောက်စရာကောင်းလွန်လေသည်။
ဟုန်း …။ ဟုန်း …။
ပြိုင်ဘက်ကင်း မိကျောင်းဘိုးဘေး၏ ကိုယ်ပေါ်မှ မိစ္ဆာအရှိန်အဝါများက ပေါက်ကွဲသွားပြီးနောက်တွင် နတ်ဘုရားများ၏ အမွေအနှစ် ပစ္စည်းများက ဆက်တိုက်လောင်ကျွမ်းကာ မျက်စိကြိမ်းမတက် တောက်ပသည့် အလင်းတန်းများကို လွှင့်ထုတ်လာပြီး ထိုဘိုးဘေး၏ ကိုယ်ကို လွှမ်းခြုံရန် ကြိုးစာလိုက်သည်။
တစ်ချိန်ထဲတွင်ပင် ကြေးနီရောင် မီးအိမ်၊ မိုးသက်မုန်တိုင်း ဂူ ဘုရားကျောင်း၏ ကြေးနီရောင် ကျောက်ပြား၊ မှေးမှိန်နေသော ဗာဂျရာ၊ နွားသရေဗုံ စသဖြင့် ပစ္စည်းများအားလုံးက မျက်စိကြိမ်းမတက် တောက်ပလာတော့သည်။ အားလုံးက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး မိကျောင်းဘိုးဘေးကို ဖိနှိပ်ရန် ကြိုးစားသည်။
အေးစက်ကာ မဲမှောင်သည့် နှာခေါင်းရှုံ့သံက ထွက်ပေါ်လာပြန်သည်။ ထိုအသံက လူတိုင်း၏ ကျောကိုစိမ့်တက်သွားစေသည်။ ပြိုင်ဘက်ကင်း မိကျောင်းဘိုးဘေး၏ တစ်ကိုယ်လုံးမှာ တောက်ပလာပြီး ရုတ်တရက် အနက်ရောင်အလင်းက ပေါ်ထွက်လာကာ မိစ္ဆာမိကျောင်းက တောက်လောင်လာသည်။
ဗုဒ္ဓပစ္စည်းများ အားလုံးက သူ၏ရှေ့တွင် ရှိနေသည်။ ပို၍ဆိုးသည်မှာ ဆုတောင်းဖျာ ကြိမ်တံနှင့် အခြားသောပစ္စည်းများ အားလုံးက တစ်ခုပြီးတစ်ခု သူကိုအက်ကွဲရာများ ထွက်ပေါ်လာသည်။
ထို့နောက် ပေါက်ခနဲမြည်သံနှင့်အတူ ဆုတောင်းဖျာက ပထမဦးဆုံး ကွဲထွက်သွားသည်။ နောက် ကြိမ်တံနှင့် အခြားသောပစ္စည်းများက ဆက်တိုက်ကွဲထွက်သည်။ နတ်ဘုရား၏ အမွေအနှစ် ပစ္စည်းလေးခုက အောင်အောင်မြင်မြင် ဖုန်အဖြစ် ပြောင်းလဲသွားသည်။
ဗုဒ္ဓ၏ အမွေအနှစ် ပစ္စည်းလေးခုလုံးက တောက်ပသောအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် ယစ်ပုလ္လင်ပေါ်တွင် လွင့်ပြယ်သွားကာ ကြယ်တာရာဂိတ်ကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်တစ်ခုအဖြစ် ထောက်ပံ့ပေးထားသည်။
ကြီးမားသော နဂါးအလောင်း ကိုးလောင်းက တုန်ရီလာသည်။ မြေပြင်က တသိပ်သိပ် တုန်လာကာ တဖြည်းဖြည်း ကောင်းကင်သို့ မြှောက်တက်လာသည်။
မိကျောင်းဘိုးဘးက အလွန်အံ့ဩသွားသည်။ သူက ကြေးနီရောင်အခေါင်းနှင့် အခြားသောအမွေအနှစ်များကို ကောင်းကင်သို့ ထိုးတက်သွားကာ လက်ကို ကြီးမားစွာဖြင့် ဆန့်တန်းလိုက်ပြီး ကောင်းကင်နှင့် ​မြေမြင်ကို အုပ်စိုးလျက် အလောင်းကိုးလောင်းကို လှမ်းယူရန်ကြိုးစားသည်။
တစ်ချိန်ထဲတွင် ကြေးနီရောင်မီးအိမ်၊ မိုးသက်မုန်တိုင်းဂူဘုရားကျောင်း၏ ကြေးနီရောင် ကျောက်ပြားနှင့်အတူ အခြားသော အမွေအနှစ်ပစ္စည်းများ အားလုံးက ဝိညာဥ်ရှိနေသလို ပစ္စည်းများက တစ်ခုချင်းဆီတောက်ပလျက် အလင်တန်းများကို လွှင့်ထုတ်နေသည်။ လူတိုင်း၏ မျက်လုံးကိုပင် ကောင်းကောင်းမမြင်နိုင် မဖွင့်နိုင်လောက်အောင် တောက်ပလွန်းနေခြင်းဖြစ်သည်။ ထိုနောက် မိကျောင်းဘိုးဘေးထံ ပြေးဝင်သွားသည်။
ကောင်းကင်တွင် အဆုံးအစမဲ့သော အလင်းတန်းများက ထွက်ပေါ်နေသည်။ မျက်စိထဲတွင် အလွန်ပင် တောက်ပလွန်းနေပြီး လူတိုင်းက တည့်တည့်ပင် မကြည့်ရဲကြချေ။
ထို့ပြင် မည်သူကမှလည်း ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။ အလောင်းကိုးလောင်းကို နတ်မိကျောင်းဘိုဘေးက ယာယီထိန်းထားလိုက်နိုင်သည်။
ဒန်း …။ ဒန်း …။
ယစ်ပုလ္လင်ထံမှ အနည်းငယ်ကွဲအက်သော အသံမျိုးထွက်လာသည်။ ဗုဒ္ဓ၏ ဆုတောင်းပုတီးစေ့ ၊ မိုးသောက်မုန်တိုင်း ဂူ ဘုရားကျောင်း၏ ကြေးနီရောင်ကျောက်ပြား မှေးမှိန်နေသောခွက်နှင့် အခြားသော ပစ္စည်းများအားလုံးက အောက်သို့ ဝုန်းခနဲ ပြုတ်ကျသွားသည်။ ကြေးနီရောင်မီးအိမ်ကပင် အရောင်ဖျော့သွားသည်။
“နဂါးကိုးလောင်းက ရပ်တန့်သွားပြီ။ ငါတို့ ဘယ်လို လုပ်ကြမလဲ။ ”
လူတိုင်းက စိုးရိမ်စိတ်ဝင်လာသည်။
ကြေးနီရောင်အခေါင်းက ကောင်းကင်သို့ မမြှောက်တက်သွားသေးချေ။ နဂါးလောင်းကိုးလောင်းကလည်း ထိန်းထားခံထားရသည်။
ထို့ကြောင့် ဂိတ်ပေါက်ထဲသို့ ဝင်ရန်လခက်ခဲသည်။ လူတိုင်းက အခေါင်းထဲမှ ထွက်လာကြပြီး ခပ်မြန်မြန် မှေးမှိန်သွားသော ပစ္စည်းများကို ကောက်ယူကြသည်။ အခြားတစ်ဖက်တွင် ဖန်းပေါ်ကမူ သတိကြီးကြီးထားပြီး အလောင်းပေါ်က ရေပုလင်းများကို လှမ်းယူလိုက်သည်။ အခြားတစ်ဖက်တွင် ယဲ့ဖန်းကမူ ရှပ်အကျီကိုချွတ်ပြီး မြေပြင်တွင်ရှိသည့် မိကျောင်းအလောင်းများကို စုဆောင်းလိုက်သည်။
ထိုအချိန်တွင် ကောင်းကင်က ပြင်းပြင်းထန်ထန် တုန်ခါလာသည်။ လူတိုင်းကလည်း အံ့ဩသွားရသည်။ ထို့နောက် အလျက်အမြန် ကြေးနီရောင်အခေါင်းထဲသို့ ဝင်ကြသည်။
ကြီးမားသော ကြေးနီရောင်အခေါင်းက သတ္ထုသံများကို ထုတ်လွင့်လာသည်။ နဂါးအလောင်းကိုးလောင်းကလည်း သူတို့၏ ကြီးမားသည့် အမြှီးကြီးကို ယမ်းလိုက်ပြီးနောက် ဗမ်းကနဲ မြည်သံနှင့်အတူ မိကျောင်းဘိုးဘေး၏ လက်မဲကြီးကို ရိုက်ထုတ်လိုက်ကာ ပြန်ကျသွားစေသည်။
ဗုန်း ….။
ကောင်းကင်မှ ကျယ်လောင်သော အသံထွက်ပေါ်လာသည်။ နဂါးအလောင်းကိုးလောင်းက ကြယ်တာရာဂိတ်ထံသို့ လျင်မြန်စွာဖြင့် တိုးဝင်သွားသည်။
ရှီး …။
ကြေးနီရောင်အခေါင်းက လှုပ်ခါသွားပြီးနောက် တဖြည်းဖြည်းချင်း မြောက်တက်သွားသည်။ လူတိုင်း၏ ခေါင်းကလည်း မူးဝေသွားသည်။
မိကျောင်းဘိုဘေး၏ သွေးနီရောင်မျက်ဝန်းများက အလွန်အမင်း အေးစက်သွားသည်။ အခေါင်းအဖုံးက မပိတ်ခင် သူက အသည်းအသန်​ပြေးဝင်ရန် ကြံစည်သည်။ သူ၏ ပစ်မှတ်က အခေါင်းထဲမှ အခေါင်းဖြစ်သည်။
ထိုအချိန်တွင် သံချေးတက်နေသော အခေါင်း၏နံရံများတွင် ထွင်းထုထားသော ရှေးဟောင်းဘိုးဘေးများနှင့် နတ်ဘုရားများ၏ ပုံရိပ်များအပြင် မူလဖြစ်တည်မှု သားရဲကြီးများ၊ ငှက်ကြီးများ၏ ပုံရိပ်က မျက်စိထဲတွင် တောက်ပလာစေပြီး မိကျောင်းဘိုးဘေး၏ ခြေလမ်းတိုင်းကို တားဆီးလိုက်သည်။
သူက တစ်စုံတစ်ရာကို တွေးမိသွားသလို သွေးနီရောင်မျက်ဝန်းကြီးများက အလင်းတန်းများကို လွှင့်ထုတ်လာပြန်သည်။ ထိုနောက် သူက ရှေ့နည်းနည်း ပြန်ဆုတ်လာသည်။
ခြိမ်း …။
ပေါက်ကွဲသံကြီးနှင့်အတူ ကြေးနီရောင်အခေါင်းဖုံးက ပြန်ပိတ်သွားပြီး နဂါးလောင်းကိုးလောင်းကလည်း အောင်မြင်စွာဖြင့် အခေါင်းကို ဆွဲကာ ကောင်းကင်သို့ ထိုးတက်ဝင်ရောက်သွားပြီး မိကျောင်းဘိုးဘေးက ဖန်ဆင်းထားသော သွေးနီရောင်ချိတ်စည်းကို ကျော်ဖြတ်လျက် ကြယ်တာရာ ဂိတ်ပေါက်ထဲသို့ ဝင်ရောက်သွားတော့သည်။
အပိုင်း(၂၂)ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset