အပိုင်း – ၂၁
ရှစ်ထောင့်ပုံစံခွက်က ရှေ့ခေတ်တရုတ်သမိုင်း တောက်လျှောက် ပါဝင်ခဲ့ပြီး အစောပိုင်းကာလထဲက ရှိခဲ့သည်ဟု ဆိုရပေမည်။ မည်သို့ ဖန်တီးထားသည် မည်သို့သော အကြောင်းပြချက် ဖြစ်သည်ဆိုသော ကိစ္စကို မည်သူကမှ မသိကြချေ။
သို့သော် ကြယ်စင်များ၏ ဂြိုလ်ပတ်လမ်းကြောင်းပေါ် သွားနိုင်သော အချိန်ကို တွက်ချက်သက်သေပြရန် အသုံးပြုလေ့ရှိကြောင်းကို နားလည်ထားကြသည်။ ကွန်ပျူတာ ဘိုင်နရီစနစ်ကို ဖန်တီးမှုနှင့်ပင် ဆက်စပ်နေသည်။
ထို့ကြောင့် အလွန် လျှို့ဝှက်ဆန်းကျယ်သည်ဟုပင် ဆိုရပေမည်။ ရှေ့ခေတ် ထိုက်ချိပုံစံခွက် ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသော အဓိပ္ပါယ်ကို ဘာသာပြန် သုံးသပ်နိုင်စွမ်းအား မရှိကြသေးချေ။ သို့သော် လူအများစုကမူ ခေါင်းမာစွာဖြင့် တွက်ချက်မှုများ လုပ်နေကြသေးသည်။
အချို့သူများကမူ ထိုအရာက အလားအလာကို ကိုယ်စားပြုကြောင်း ဆိုသည်။ အချို့အရာကမူ အနာဂတ်တွင် ဖြစ်လာမည့် ကိစ္စများကို တွက်ချက်ရာတွင် လျော့တွက်သင့်သည်ဟု ဆိုပြန်သည်။
ထို့ကြောင့် အကြမ်းဖျင်းအားဖြင့် အနာဂတ်၏ အလားအလာကို အကြမ်းဖျင်း တွက်ချက်ရာတွင် ပြီးပြည့်စုံသော ကောက်နုတ်ချက်ဟု သတ်မှတ်လေ့ ရှိကြသည်။
မဟုတ်လျှင်လည်း တွက်ချက်ရာတွင် အမှားတစ်ခု ရှိသွားခဲ့လျှင် နဂါးငွေ့တန်းတစ်ခုလုံးကို ဆုံးရှုံးသွားပေလိမ့်မည်။ တစ်ချို့သူများက ဖြစ်နိုင်ချေ အရှိဆုံးလမ်းစဥ်များမှ စဥ်းစား၍ စကြာဝဠာကြီး၏ အနှစ်သာရဟု ဆိုသလို သင်္ကေတများ၏ မူလအစ အရာဟုလည်း ဆိုပြန်သည်။
အချို့သူများကမူ ခေါင်းမာစွာဖြင့် ထိုက်ချိရှစ်ထောင့်ပုံစံခွက်က အာကာသနှင့် စပ်ဆက်နေသည်ဟုပင် ရှင်းချက်ထုတ်ခဲ့ပြန်သည်။ ရှစ်ထောင့်ပုံစံခွက်မှ သင်္ကေတရှစ်ခုက ကြယ်စင်ကောင်းကင်တွင် အချင်းချင်း အဖော်ပြုပေးနေပြီး ခြားနားသော ကြယ်နယ်မြေများ ပေါင်းစပ်ထားခြင်းကို ကိုယ်စားပြုသည်။
အဆိုကျမ်းများ အရဆိုလျှင် စကြာဝဠာကြီးထဲတွင် ရှိနေသော မည်သည့်ကြယ်၏ ကိုဩဒိနိတ်များကို ဆုံးဖြတ်သုံးသပ်စေကာမူ ထိုက်ချိ ရှစ်ထောင့်ပုံစံခွက်က ဂိတ်ပေါက်နှင့် တူသည်ဆိုပြီး အရာအားလုံးနှင့် ဆက်သွယ်ပေးနိုင်သည်ဟု ဆိုကြသည်။
ခန့်မှန်းလေ့လာချက်အရ ထိုက်ချိ ရှစ်ထောင့်ပုံစံခွက်က တည်ငြိမ်သော တည်ဆောက်ပုံ ရှိသည်။ စွမ်းအင်ကိုသာ လုံလောက်နိုင်အောင် ထောက်ပံ့ပေးနိုင်လျှင် ကြယ်ကောင်းကင်နေရာမှ တိကျသေချာသော ကိုဩဒိနိတ် တစ်ခုကို ဆုံးဖြတ်ပေးနိုင်မည် ဖြစ်ပြီး ရှုပ်ထွေး၏။ အထူးတလည် ဂရုစိုက်တွက်ချက် လေ့လာပြီးနောက် ဂိတ်ကို ဖွင့်နိုင်ပေလိမ့်မည်။ သို့ရာတွင် ထိုရှုပ်ထွေးသည် ဆိုသည့်အချက်က မယုံနိုင်စရာ ကောင်းလွန်းနေပြန်သည်။
ထို့ပြင် ထူးဆန်းသော ဝင်္ကပါတစ်ခုက ပါဝင်နေပြန်သည်။ ထိုဝင်္ကပါကို မည်သူကမှ မသိကြချေ။ ဒါက အကြမ်းဖျင်းသုံးသပ်ချက်သာလျှင် ဖြစ်နေသေးပြန်သည်။
ထိုဝင်္ကပါ ကိုယ်တိုင်က အာကာသပြင်နှင့် ဆက်သွယ်နေပြီး အရာအားလုံးကို ခြုံပြောထားခြင်းသာ ဖြစ်လေရာ အသေးစိတ် သိရန် ခက်ခဲနေပြန်သည်။ ထို့ကြောင့် အလွန်ပင် လျှိူ့ဝှက်ဆန်းကြယ်လွန်းကာ ရှုပ်ထွေးနေတော့သည်။
ခန့်မှန်းကြည့်မည်ဆိုလျှင် ထိုအရာက ကြယ်ဂိတ်ပေါက်ကို မည်သို့ တည်ဆောက်ထားသည်ဆိုသော အချက်ဖြစ်နေသည်။ ထို့ကြောင့် အချိန်ကြာသည့်တိုင်အောင် တိုးတက်မှု မရရှိခဲ့ချေ။
ထိုအချိန်တွင် ယဲ့ဖန်းတို့ အားလုံးက ကံကောင်းစွာဖြင့် ထိုက်ချိ တည်ရှိနေသော ပုံစံခွက်ကို ထပ်မြင်လိုက်ရပြန်သည်။ လူတိုင်းကသာ နှစ်ပေါင်းများစွာကြာအောင် အကြမ်းဖျင်းသုံးသပ်နေရပြီး ကြယ်ဂိတ်ပေါက်နှင့် ပတ်သက်၍ လေ့လာရှာဖွေနေသူများကသာ မြင်ရမည်ဆိုလျှင် ရူးသွပ်သွားလောက်သည်။
ကံဆိုးစွာဖြင့် ယဲ့ဖန်းတို့က ထိုသို့သော အတွေးမျိုးရှိ မနေခဲ့ချေ။ သူတို့တွင် ပြင်းထန်သော ရှင်သန်လိုစိတ်သာ ရှိနေကြသည်။ သူတို့က ဤနေရာမှ အမြန်ဆုံး ထွက်သွားချင်နေသည်။ တစ်နည်းအားဖြင့် ထိုသေဆုံးမည့်အရေးက သူတို့ကို မအုပ်စိုးနိုင်မည်ဖြစ်သည်။
မဟာမိုးသောက်မုန်တိုင်း ဘုရားကျောင်း အပျက်အစီးက ထိုနေရာမှ မီတာတစ်ထောင်ကျော် ဝေးကွာသည်။ ယာယီအားဖြင့် ငြိမ်သက်သွားသည်။ သို့ရာတွင် ကြောက်စရာကောင်းသော အရှိန်အဝါက သူတို့ထံ ထိုးထွက်နေသေးသည်။
ပို၍ဆိုးသည်မှာ မီးအိမ်ကဲ့သို့သော မျက်ဝန်းနီကြီး တစ်စုံက သူတို့ကို မျက်တောင်ပင်မခပ်ဘဲ စိုက်ကြည့်နေခြင်း ဖြစ်သည်။ အမှောင်ထုထဲတွင် ဖြစ်နေလေရာ အလွန်ပင် ကြောက်စရာကောင်းပြီး လူတိုင်း၏ နှလုံးသားကို တုန်ရီစေသည်။
ရှစ်ထောင့်ပုံစံခွက်က ကောင်းကင်တွင် စတင်ကာ ထွက်ပေါ်နေသည်။ တဖြည်းဖြည်း ကြယ်သတ္ထုသားလို ပုံသဏ္ဌာန်ပေါ်လာသည်။ ထို့နောက် သန့်စင်သော ရွှေထည်ဖြင့် တည်ဆောက်ထားသလိုမျိုး ရွှေရောင်အဆီအနှစ် အလင်းတန်းများကို လွှင့်ထုတ်နေသေးပြန်သည်။ ပတ်ပတ်လည်တွင် ချက်ချင်း အာကာပြင်က တွန့်လိမ်ရှုံ့တွလာကာ အလင်းရောင် မြူထူလာသည်။
ရှစ်ထောင့်ပုံစံခွက်က ချန်၊ ခုံး၊ ချွမ်၊ သွေ့၊ ဝမ်၊ ကျန်၊ လီနှင့် ခန်းတို့၏ အလင်းကို လွှင့်ထုတ်ပေးလာသည်။ ထိုသို့ဖြင့် တစ်ရောင်ပြီး တစ်ရောင် ရှေ့တက်လာလေကာ လျှို့ဝှက်ဆန်းကြယ်ပြီး ရှေ့ကျသော ကုတ်ဂဏန်းများက အစီအစဥ်တကျ ထွက်ပေါ်နေသလို ဖြစ်လာပြန်သည်။
ထို သင်္ကေတများက အကြိမ်ရာကျော် ထောင်ကျော်လင်းလက်ပြီးနောက် ရှုပ်ထွေးသော စီစဥ်မှုများကို လုပ်ဆောင်နေသလိုမျိုး ပေါင်းစပ်မှုများ ဖန်တီးနေသလို ဖြစ်နေသည့်တိုင်အောင် တပြိုင်နက် မထွန်းလင်းခဲ့သေးချေ။ သို့ရာတွင် နောက်ဆုံးတွင် မှေးမှိန်လာသည်။ ကြီးမားသော ထိုက်ချီ ပုံစံခွက်ကပင် တဖန်မှေးမှိန်လာပြီး လဲပြိုကျတော့မည့် လက္ခဏာ ဖြစ်လာသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
လူအများက ကြောက်လန့်သွားကြသည်။ သူတို့ကသာ ထိုကြယ်စင်လမ်းကြောင်းကို မဖွင့်နိုင်လျှင် သေရတော့မည်ဖြစ်သည်။
ငါးရောင်ခြယ် ယဇ်ပုလ္လင်ပေါ်ကို လွှမ်းခြုံထားသော အလင်းကာကပင် မှေးမှိန်လာသည်။ အလင်းမရှိတော့လုနီးပါး ဖြစ်လာသည်။ ရှစ်ထောင့်ပုံစံခွက်ထံသို့ ဖျော့တော့သော အလင်းတန်းကိုသာ ထုတ်လွှင့်ပေးနိုင်တော့သည်။ ထိုမြင်ကွင်းကို မြင်သောအခါ လူတိုင်းကလည်း အခြေနေကို သိကြသည်။
“ရှစ်ထောင့်ပုံစံခွက်ကို တည်ဆောက်ဖို့။ ဒါမှမဟုတ် ကြယ်စင် ကောင်းကင်လမ်းကို ဖွင့်ဖို့က လျှို့ဝှက်ဆန်နေတဲ့ စွမ်းအင်ထောက်ပံ့မှုနဲ့ တည်ငြိမ်မှု လိုအပ်တယ်။ ဒါပေမဲ့ ငါတို့မှာ အဲ့ဒီစွမ်းအင်မှ မရှိတာ။ ငါတို့ ဘာလုပ်ကြမလဲ။ ငါတို့ သေရတော့မှာလား။”
မိကျောင်းဘိုးဘေးက သိပ်မဝေးသော နေရာတွင် ရှိနေပြီး မိကျောင်းငယ်လေးများစွာကလည်း နီးကပ်စွာ ရှိနေသည်။ ကြီးမားသော ပိုက်ကွန်က လူတိုင်းကို အုပ်မိုး၍ ရောက်လာနေပြီ ဖြစ်သည်။
” ဘန်း …။ ”
သေးငယ်သော ဆယ်ကောင်ကျော်က အလင်းကာကို ကျော်ဖြတ်သွားပြီး လူတိုင်းကို စတင်ကာ တိုက်ခိုက်လာသည်။ အမွှေးနံသာခွက်များ၊ ဗာဂျရာ၊ ကြေးနီခေါင်းလောင်းများ၊ နွားသရေဗုံများ စသဖြင့် ပစ္စည်းများအားလုံးက အလင်းတန်းများ လွှင့်ထုတ်လာကြကာ ထိုတိုက်ခိုက်မှုများကို ခုခံရန် ကြိုးစားကြသည်။ သို့ရာတွင် ထိုမိကျောင်းများ၏ ပေါင်းစပ်အင်အားက ပြင်းထန်၍ လူတိုင်းက နောက်ဆုတ်ကြရသည်။
ခရော ….။
ယဇ် ပုလ္လင်၏ အပြင်ဘက်ရှိ မြေပြင်တွင် ကြေးခွံများဖြင့် ပြည့်နေပြီး သောင်းပေါင်းများစွာသော နတ်မိကျောင်းများက ဆက်လက်ပြီး အလင်းကာကို တိုက်ခိုက်ကြသည်။ ပို၍များပြားသော အက်ရာများက ပြည့်နှက်လာတော့သည်။ ထို့ကြောင့် အချိန်တိုအတွင်းတွင် ရာကျော်သော မိကျောင်းငယ်လေးများက အထဲသို့ ဖောက်ဝင်လာနိုင်ခဲ့သည်။
ကြည့်ရသည်မှာ သေးငယ်သော်လည်း သူတို့၏ အလွန်အမင်း ကြောက်မတ်ဖွယ်ကောင်းသော မျိုးစိတ်စွမ်းအားက မှင်တက်ဖွယ်ရာဖြစ်သည်။ သူတို့က ကောင်းကင်တွင် ပျံနိုင်သည်။ မြေပြင်တွင်လည်း သွားလာနိုင်သည်။ တစ်ကောင်ချင်းဆီတိုင်းက ထက်ရှသော ဓားများကဲ့သို့ အလွန်အမင်း ပြင်းထန်ပြီး ထိုးဖောက်နိုင်စွမ်းအားကို ပိုင်ဆိုင််ထားကြသည်။
” ဒီအတိုင်း ဆက်ဖြစ်လို့ မဖြစ်ဘူး။ ငါတို့ ဒီတိုင်းဆက်ပြီး ခုခံနေမယ်ဆိုရင် အနည်းနဲ့အမြန် သေရမှာဘဲ။ ”
ဖန်းပေါ်က အော်သည်။ ထို့နောက် ကျယ်လောင်သော မိုးခြိမ်းသံကြီးနှင့်အတူ သူက ကျောက်ပြားကို သုံးပြီး အလင်းကာတစ်ခုကို ထုတ်ဖော်လိုက်ရာ လူသုံးယောက် လေးယောက်ခန့်ကို ကာကွယ်နိုင်သည်။ ယာယီအားဖြင့် သူတို့က လုံခြုံသွားသော်လည်း မည်သူကမှ ကြာရှည်အသုံးမဝင်နိုင်ကြောင်း နားလည်နေကြသည်။
“အခုတော့ မလှုပ်နဲ့ဦး။ ငါ အရင် စမ်းကြည့်မယ်။ ”
ယဲ့ဖန်းက ဖန်းပေါ်ကို သတိပေးလိုက်ပြီးနောက် သူကမူ သူကပင် ခုခံခြင်းမရှိတော့ဘဲ မီးအိမ်ကိုသာ ကိုင်ပြီး ရှေ့သို့ ခြေလှမ်းကျဲကြီးနှင့် ထွက်သွားသည်။
ချက်ချင်းလိုလို နတ်မိကျောင်း ဆယ်ကောင်လုံးက ခုခံထိုးဖောက်ရန် ကြိုးစားလာသည်။ အနက်ရောင်အလင်း ဆယ်တန်းကျော်က မိုးကြိုးဆယ်ခါ ပစ်လိုက်သလိုမျိုး အလွန်အမင်း မြန်ဆန်ကာ ပြင်းထန်ရက်စက်လွန်းသော အရှိန်နှုန်းဖြင့် ယဲ့ဖန်းထဲ ဝင်ရောက်လာသည်။
ထို့နောက် ရှေ့ဟောင်းမီးအိမ်မှ ထုတ်လွှင့်နေသော အလင်းကာကွယ်လွှာကို ထုရိုက်ထိုးခွဲပြီး အထဲသို့ ဖောက်ဝင်ရန် ကြိုးစားကြသည်။
ဝှစ် …။
ယဲ့ဖန်းက ထိုအကောင်ဆယ်ကောင်က သူ့ထံ နီးကပ်လာမည်အရေးကိုသာ တိတ်တဆိတ်စောင့်ဆိုင်းနေခြင်းဖြစ်သည်။ နီးကပ်လာသည်နှင့် ချက်ချင်းလိုလို အလွန်အမင်း အဆင်အခြင်မဲ့သော တောက်ပသည့်အလင်းကို ကောင်းကင်သို့ ထောင်တက်သွားစေလိုက်သည်။ ငါး မီတာ သို့မဟုတ် ခြောက် မီတာ ဝန်းကျင်မြင့်ပြီး တစ်ခုလုံးက နတ်မီးတောင်များဖြင့် လွှမ်းခြုံခံရသည်။
ထိုသို့ဖြင့် တူးသွားသော အသားတူးနံများက ချက်ချင်းလိုလို ထွက်ပေါ်လာပြီး ငယ်သံပါအောင် အော်ဟစ်သံများက အနည်းနှင့်အများ ဖြစ်လာသည်။ အလင်းတန်းများက ဖြည်းညင်းစွာပင် ပြန်လျော့သွားသောအခါ ယဲ့ဖန်းက ဖုန်တစ်စပင် မကပ်သွားခဲ့ချေ။ တောက်ပလွန်းသော အလင်းတန်းကမူ သူကို လိမ်ယှက်ကာ ကာကွယ်ပေးထားပြီး သူက ကောင်းကင်ပေါ်မှ ဆင်းတက်လာသော အမတ ကဲ့သို့တောင် ထင်ရသည်။
ဘေးပတ်ပတ်လည်ရှိ မြေပြင်တွင်မူ အကြေးခွံများဖြင့် ပြည့်နေသည်။ နတ်မိကျောင်း ဆယ်ကောင်ထက်မနည်း သေဆုံးသွားလေပြီ။ အားလုံးက လောင်ကျွမ်းကာ သေဆုံးသွားရခြင်း ဖြစ်သည်။
အံ့ဩဖွယ်ကောင်းသော သတ္တဝါအနည်းငယ်က ကံကောင်းစွာဖြင့် လွတ်မြောက်သွားခဲ့သော်လည်း သူတို့က မီးလောင်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးက အပြည့်မရှိတော့ချေ။ ယဲ့ဖန်းကိုမူ အဝေးမှ စိုက်ကြည့်နေကြပြီး ခပ်တိုးတိုး ဟိန်းသံကို ပြုကြသည်။ သို့သော် ထိုအသံကပင် လူတိုင်းကို တုန်ရီသွားစေလောက်လေသည်။
“ကောင်းတယ် ကောင်းတယ် လောင်စမ်း။”
ဖန်းပေါ်က နောက်ကနေ ရှေ့သို့ပြေးလာပြီး တိုက်ခိုက်တော့မည့် အချိန်တွင် နောက်က လူသုံးယောက်၏ ခပ်တင်းတင်း ကိုင်ထားခြင်းကို ခံရသည်။ ထိုသုံးယောက်၏ မျက်နှာထားက ဖြူဖျော့နေသည်။ သူတို့တွင် ကာကွယ်မည့် ရတနာများ မရှိပေ။ ထို့ကြောင့် ထိုကျောက်ပြား၏ ကာကွယ်မှုသာ မရှိတော့လျှင် သူတို့က သေရမည်မှ သေချာသည်။
ကွဲအက်သော အသံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။ ထိုအချိန်တွင် နတ်မိကျောင်း ငါးရာ ခြောက်ရာခန့်က အလင်းကာကို ကျော်ကာ ဝင်ရောက်လာသည်။
တစ်ကောင်ချင်းဆီတိုင်းက ကြောက်မတ်ဖွယ် အရှိန်အဝါများကို အပြည့် ပိုင်ဆိုင်ထားသည်။ သူတို့ သေးငယ်သောကိုယ်က မိစ္ဆာစွမ်းအားများကို သိပ့်သည်းထားသည်ဟုပင် ထင်ရသည်။ ထက်ရှသော သွားများကလည်း လင်းလက်နေသည်။
ထို့အပြင် သူတို့၏ မျက်ဝန်းများကလည်း ကြောက်မတ်ဖွယ် ကောင်းသည်။ တစ်ကောင်ချင်းဆီတိုင်းက အသည်းအသန် ပြေးလာပြီး ယဲ့ဖန်းကို ဝိုင််းသည်။
” မဟုတ်ဘူး။ ယဲ့ဖန်း တစ်ယောက်ထဲ အားလုံးကို မနိုင်ဘူး။ ငါ သူ့ကို သွားကူရမယ်။”
ဖန်းပေါ်က အရှေ့သို့ သွားချင်သည်။
“ဒါပေမဲ့ ငါတို့ ဘယ်လိုလုပ်မလဲ။”
အနောက်က သုံးယောက်က အသနားခံသော ပုံစံမျိုးဖြင့် ဖန်းပေါ်ကို ကြည့်သည်။
“ဒါပေါ့ ငါကလည်း မင်းတို့ကို မသေခိုင်းပါဘူး။”
ဖန်းပေါ်က ဝမ်ကျစ်ဝမ် ကျိုးရင်နှင့် လျိုယွမ်ကျစ်ကို ပြောသည်။
“မင်းတို့တွေ သူတို့သုံးယောက်ကို ကာကွယ်ပေးထားလိုက်ပါ။ ငါ ယဲ့ဖန်းကို သွားကူရမယ်။ နောက်ပြီး လူနည်းနည်းလောက် လွှတ်ပေးလိုက်ရင် အကောင်းဆုံးဘဲ။ ဒီလိုမှမဟုတ်ရင် ငါတို့ အကြာကြီး ခုခံထားနိုင်မှာ မဟုတ်ဘူးလေ။”
“ကောင်းပြီ ငါ မင်းနဲ့လိုက်မယ်။”
ကျိုးရင်က ရှေ့ထွက်လာသည်။
ဖန်းပေါ်က ကျိုးရင်ကို အမြဲတစေ သဘောမကျချေ။ အကြောင်းမူကာ သူက စာတော်ချင်ယောင်ဆောင်သောကြောင့် ဖြစ်သည်။ သို့သော် ထိုသို့ကျော့ရှင်းသော အမျိုးသားကလည်း အသုံးဝင်ကြောင်း သိလိုက်ရသည်။
ထိုအချိန်တွင် ခဲယင်းစွာနေခဲ့သော ဝမ်ကျစ်ဝမ်က ရှေ့သို့ထွက်လာပြီး လူအနည်းငယ်ကို ပြောသည်။
“လူတစ်ယောက်ကို တစ်ယောက် နှစ်ယောက်စီလောက် ခေါ်ထားလိုက်ပါ။ ကျန်တဲ့ အမွေအနှစ် ပိုင်ဆိုင်ထားတဲ့သူတွေက အချင်းချင်း ကာကွယ်ပေးကြပါ။ ဒါပေမဲ့ မိန်းခလေးတွေကတော့ မထွက်လာနဲ့။ ”
ထိုသို့ ခက်ထန်ကြမ်းတန်းသော သတ္တဝါကြီးများကို မြင်သောအခါ မိန်းခလေးများရဲ့ အားနည်းသောအချက်က ဒူးခွေလောက်သည်။ သူတို့က ဗုဒ္ဓရုပ်ပွားတော် ပိုင်ဆိုင်ထားသည့်တိုင်အောင် သူတို့က အကူညီမပေးနိုင်လောက်ချေ။
ဗုန်း …။
ဖန်းပေါ်က ကြေးနီရောင်ကျောက်ပြားကြီးကို ကိုင်ပြီးနောက် ယဇ် ပုလ္လင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ချသည်။
ချက်ချင်းလိုလို ကြမ်းတန်းလွန်းသော အရှိန်အဝါတစ်ခု ထွက်လာလေသည်။ ထိုအလင်းတန်းက ဒေါသတကြီး တောက်လောင်နေသော အားလှိုင်းများကဲ့သို့ ခုနစ်မီတာ ရှစ်မီတာအထိ ပျံ့နှံ့သွားပြီး နတ်မိကျောင်းအုပ်ကို လွှမ်းခြုံလိုက်သည်။
နတ်မိကျောင်းများ၏ ငယ်သံပါအောင် အော်ဟစ်လိုက်သံကြီးက ခေါင်းကြိမ်းလောက်သည်။ အလွန်ပင်စူးရှလွန်းပြီး နတ်ဆိုးဝိညာဥ်များက သန့်စင်ခံနေရသော အသံနှင့်လည်း တူနေသည်။ ထို့ပြင် မီးခိုးဖြူများကလည်း အလုံးလိုက်ပင် မြှောက်တက်လာသည်။ မြေပြင်တွင် အလောင်းများ ပုံလာသည်။
ယင်းက အလုံးအရင်းဖြင့် သတ်ဖြတ်ခြင်း ဖြစ်သည်။ သူက နတ်မိကျောင်းများကို တစ်ယောက်ထဲ ရင်ဆိုင်ခြင်းက ပထမဆုံး အကြိမ် မဟုတ်ချေ။ ထိုတစ်ကောင်ကို ရင်ဆိုင်ချိန်ထဲက သူက အရှိန်နှုန်းကို မြင်နိုင်ခဲ့သည်။ ယခုမူ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများက ပမာဏ အလွန်များပြားနေလေရာ တစ်ချက် ရိုက်သတ်ယုံဖြင့် ရာကျော်သတ်နိုင်နေသည်။
ခြိမ်း …။
ထိုအချိန်တွင် ရှေးဟောင်းခေါင်းလောင်းသံကဲ့သို့သော အသံများက ထွက်ပေါ်လာသည်။ ထိုအသံက လူတိုင်းကို ငြိမ်သက်အေးချမ်းသော ခံစားချက်မျိုးဖြင့် ပေးသည်။ ဝမ်ကျစ်ဝမ်၏ လက်ထဲမှ ပျက်စီးနေသော ကြေးနီရောင်ခေါင်းလောင်းက လင်းလက်တောက်ပလာပြီး ရွှေရောင်အလင်းတန်း ထောင်ကျော်ကို ထုတ်လွှင့်သည်။
သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အားလှိုင်းများက ထွက်ပေါ်လာပြီးသည်နှင့် ညင်သာသော ရေအားလှိုင်းများကဲ့သို့ စတင်စီးဆင်းတော့သည်။
သို့ရာတွင် နတ်မိကျောင်းများကို ထိသောအခါ သူတို့က အသည်းအသန် ပြေးသည်။ သူတို့က သားသတ်သမား၏ ဓားဖြင့် အလိုက်ခံနေရ သလိုမျိုး အသည်းအသန် ထွက်ပြေးသည့်တိုင် ထိုညင်သာသိမ်မွေ့သော ရေလှိုင်းများက အစစ်အမှန် ဓားတစ်လက်နည်းတူ ထိုနတ်မိကျောင်းများကို ထက်ဝက်ပိုင်းဖြတ်သည်။
ထိုသို့ဖြင့် တစွက်စွက် အသံများက ထွက်ပေါ်လာသည်။ မျက်စိတခက် အချိန်အတွင်း နတ်မိကျောင်း ဆယ်ကောင်ထက်မနည်း အပိုင်းခံလိုက်ရပြီး လတ်ဆတ်သော သွေးများက မြေပြင်တွင် ပြန့်ကျဲသွားကာ သွေးညှီနံ ထွက်လာသည်။ သို့ရာတွင် မြင်ကွင်းက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်။
သို့ရာတွင် နတ်မိကျောင်းများ အလွန်အမင်းများပြားပြီး သေရမည်ကိုလည်း မကြောက်ကြချေ။ လက်ရှိအချိန်တွင် သူတို့ထံ နီးကပ်လာနေသော နတ်မိကျောင်းက ထောင်ပေါင်းများစွာ ဖြစ်နေလေရာ သိပ်သည်းပြီး အုံလိုက်ကျင်းလိုက် ဖြစ်နေလေသည်။ တစ်ကြိမ် ကိုက်ခံရသည်နှင့် မြက်ရိတ်ဓားဖြင့် သုတ်သင်ရန် ချဥ်းကပ်လာသော သေမင်းထက်ပင် ကြောက်စရာကောင်း လွန်းနေပြီ ဖြစ်သည်။
ခြိမ်း …။
ကျိုးရင်၏ မှေးမှိန်သော ခွက်က ရုတ်တရက် ခရမ်းရွှေရောင် အလင်းက လွှင့်ထုတ်လာသည်။ ထို့နောက် ထိုမိကျောင်းများ အားလုံးကို ဆက်တိုက် ဖြတ်ရိုက်ပစ်ပြီး ပြင်းထန်သည့် ဗုဒ္ဓ၏ အလင်းတော်ကို ထုတ်လွင့်ကာ ကြေးခွံများ အားလုံးကို ကွဲအက်သွားစေသည်။ များပြားလှစွာသော အလောင်းများက မြေပြင်တွင် ကျန်ရစ်ခဲ့ပြီး ထိုသို့ သနားစရာကောင်းသော မြင်ကွင်းက ဖြစ်ပေါ်လာတော့သည်။ များပြားလှသော သေးငယ်သည့် နတ်မိကျောင်းများက အသားကြိတ်စက် အဖြင့် ပြောင်းလဲခံရသည်။
ထိုမြင်ကွင်းက သနားစရာကောင်းလွန်းသော မြင်ကွင်းဖြစ်သည်။ ရှင်သန်ရန်အလို့ငှာ လူတိုင်းက ဘာမဆို ရင်းရဲလာကြသည်။ သိပ်မကြာခင် ယဇ် ပုလ္လင်တစ်ခုလုံး သွေးများ ချက်ချင်းရဲသွားသည်။ ပြင်းထန်သော သွေးညှီနံ့ကပင် လေထုတွင်း ပြည့်နှက်လာသည်။ ထိုသို့သော သွေးမြူကလည်း လှိုင်တက်လာနေပြီး ထိုလွင်ပြင် တစ်ခုလုံးကို နီရဲသွားစေသည်။
“အား”
“အား”
ထိုအချိန်တွင် အော်ဟစ်သံ နှစ်သံက နောက်ကပေါ်ထွက်လာသည်။ သွေးအိုင်တွင် လဲနေသော ကျောင်းသားနှစ်ယောက်ကို မြင်ရသည်။ ထို့ပြင် သူတို့၏ ခေါင်းတွင် အပေါက်ပေါင်းများစွာရှိနေပြီး ခန္ဓာကိုယ်တွင်လည်း အရုပ်ဆိုး အကျဥ်းတန်သည့် မိကျောင်းပေါင်းများစွာ ရှိနေကြသည်။
လူတိုင်းက ဝမ်းနည်းသွားကြသည်။ ထိုသေရေးရှင်ရေး အခြေအနေက သူတို့ထိန်းချုပ်မှုအောက်တွင် မရှိတော့ချေ။ သူတို့ကလည်း ခါးသီးကာ ရုန်းကန်နေရသည့်တိုင်အောင် ထိုသို့ဖြင့် လူနှစ်ယောက်က ထပ်သေသွားရသည်။
လူနှစ်ယောက်က အမွေအနှစ်ပစ္စည်းကို ပိုင်ဆိုင်ထားသော်လည်း သူတို့ထံ ပြေးဝင်လာနေသော နတ်မိကျောင်းများ၏ အရေအတွက်က သုံးရာလေးရာခန့် ဖြစ်သွားရာ ပစ္စည်းက သူတို့နှစ်ယောက်ကို တိုက်ရိုက်ပင် သက်ရောက်မှုက သူတို့ကို လွင့်ထွက်သွားစေခဲ့ခြင်းသည်။ တစ်နည်းအားဖြင့် သူတို့က ထိုဗုဒ္ဓပစ္စည်းကို မကိုင်နိုင်တော့ဘဲ ရုတ်တရက် လဲကျခြင်းအားဖြင့် သေဆုံးသွားရခြင်းဖြစ်သည်။
” နင်တို့ သေရမယ်ဆိုရင်တောင်မှ ပစ္စည်းလက်ကို မလွှတ်နဲ့။”
လင်ကျားက လှမ်းအော်ပြီး လူတိုင်းကို သတိပေးသည်။ လူတိုင်းကလည်း ထိုအခါမှသာ သူတို့၏ လက်ထဲရှိ အမွေအနှစ်ပစ္စည်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်ကြသည်။
မည်သို့ပင်ဆိုစေ သူတို့က လူပေါင်းများစွာ ဝိုင်းကိုင်ထားရလေရာ သူတို့လှုပ်ရှားမှုက ကန့်သတ်မှုရှိသည်။ ထို့ကြောင့် အလွန်ပင် အန္တရာယ်များသော အခြေနေမျိုး ဖြစ်ပြန်သည်။
“အား”
“အား”
နောက်ထပ် အော်ဟစ်သံ နှစ်သံက ထွက်ပေါ်လာပြန်သည်။ နောက်ထပ် ကျောင်းသားတစ်ယောက်နှင့် ကျောင်းသူတစ်ယောက်က သွေးအားနည်းသွားပြီး လတ်ဆက်သော သွေးများက စိုရွှဲနေရာ အလွန်သနားစရာကောင်းသော မြင်ကွင်းက ဖြစ်လာပြန်သည်။ သူတို့၏ မျက်လုံးက အပြူးသားဖြစ်ပြီး ဆိုးရွားလွန်းသော ပုံစံမျိုးဖြင့် သေဆုံးသွားရသည်။
လူအများက တစ်ဖန် ချက်ချင်း စုစည်းလိုက်ကြပြီး ခုခံရင်း တစ်ချိန်ထဲလိုလို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ သူတို့က ကိုင်ထားသော နတ်ဘုရား၏ အမွေအနှစ်ပစ္စည်းဖြင့်အတူ နတ်မိကျောင်းများကို ခုတ်ပိုင်းကြသည်။ ထိုသို့ဖြင့် အခြေအနေက အချိန်တစ်ခုကြာ တည်ငြိမ်သွားသည်။
“သတ် .. ”
လျိုယွမ်ကျစ်၏ မျက်နှာထားကလည်း ဖြူဖျော့သွားသည်။ သူ၏ အကျင့်စရိုက်က နဂိုထဲက သုန်မှုန်သည်။ သူက သတ္တိရှိသော သူလည်း မဟုတ်ချေ။ သို့ရာတွင် ထိုအချိန်တွင် သူက ချက်ချင်းပင် ဗာဂျာရာငရုတ်ကျည်ပွေ့ကို ကိုင်လျက် ခုန်ထွက်လာသည်။
ဗုဒ္ဓ၏ ဒဏ္ဍာရီထဲတွင် ထိုဗာဂျာရာငရုတ်ကျည်ပွေ့က ရန်သူများကို ကြက်များ၊ ခွေးများသတ်သလို အလွယ်တကူ သတ်နိုင်သည်ဟု ကောလဟာလရှိသည်။ ဖျက်ဆီးရန် ခက်ခဲပြီး ပြိုင်ဘက်ကင်းကြောင်း ကိုယ်စားပြုသည်။ ထိုသို့သော အရာမျိုးကို အစစ်အမှန် ဗုဒ္ဓစွမ်းအင် ပိုင်ဆိုင်ထားသည့် သူတော်စင်များကသာ အသုံးပြုသည်။
လျှပ်စီးအလင်းတန်းများက လေထဲတွင် ကခုန်လာပြီး ချက်ချင်းပင် တောက်ပသည့် အလင်းတန်းကို လွှင့်ထုတ်လာသည်။
လျိုယွမ်ကျစ်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင်လည်း အလင်းတန်းများက ဖြာထွက်နေသည်။ ထိုဗာဂျရာကျည်ပွေ့ တုတ်ကြီးက ထောင်ပေါင်းများစွာသော စစ်သားများကို လက်ယှက်နေသည့် ချက်ချင်းလိုလို မြေပြင်သို အကောင်ပေါင်းများစွာက ပြိုကျပြီး မြေပြင်တွင် မရေမတွက်နိုင်သော ကြေးခွံများက ပုံသွားသည်။
များပြားလှစွာသော နတ်မိကျောင်း အလောင်းပေါင်းများစွာကို မြင်ရပြီး အားလုံးက ကွဲအက်နေကြသည်။ ဗာဂျရာ တုတ်၏ အင်အားက ကြောက်စရာကောင်းသည်။ ထိုအချိန်တွင် နိုင်ငံခြားသား ခါသဲ့ကလည်း ထွက်လာသည်။ သူ၏ ပါးစပ်ကလည်း ဘာကိုမှန်းမသိ ဆက်ရွတ်နေသေးသော်လည်း လက်ထဲတွင်မူ ပျက်စီးနေသော သစ်သားငါးရုပ်လေးကို ကိုင်ထားသည်။ သူက ထိုငါးရုပ်ထုဖြင့် ခပ်ကြမ်းကြမ်းပင် ကြုံရာကို ရိုက်လိုက်သည်။
“ဘုရားသခင် ညှာတာပေးပါ။ ”
သူက ထိုသို့အော်နေကာ သူ၏လက်ကမူ သတိလက်လွတ်ဖြင့် တွေ့ကရာကို ရမ်းရိုက်နေခြင်းဖြစ်သည်။ ထိုငါးက အချိန်မရွေး ပြုတ်ကျသွားမည်နှင့်တူသောလည်း လျှို့ဝှက်ဆန်းကျယ်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသလို သူ၏လက်တွင် မြဲမြံနေပြန်သည်။
အပေါ်တွင် ဗုဒ္ဓရုပ်ပွားတော် သုံးရုပ်ကို ထွင်းထုထားသည်။ ထိုအချိန်တွင် ရုပ်ပွားတော် သုံးရုပ်လုံးက အလင်းတန်းများကို လွှင့်ထုတ်ကာ အရိပ်များဖြင့် ပတ်ဝန်းကျင်ရှိ ပတ်ပတ်လည်ကို ပေါ်နေပြီး ခါသဲ့၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားကာ နတ်မိကျောင်းများကို ခပ်ဝေးဝေးသို့ ရောက်စေသည်။
“အရှင် ဒါက နတ်သားတွေကများ စေလွှတ်လိုက်တာလား။ ဒီနတ်ဆိုးတွေကို မြန်မြန်လေး သတ်ပေးပါ။ ”
ထိုအချိန်တွင်ပင် ထိုနိုင်ငံခြားသားက ကျွမ်းကျင်သော တရုတ်စကားကို ထပြောပြန်သည်။ သို့သော် ထိုက ပေါက်ကရများဖြစ်သာကြားရသည်။
” အဝါရောင်ဆံပင်နဲ့ နတ်ဆိုးကောင် မင်း ကိုင်ထားတာ ဗုဒ္ဓ ပိုင်ဆိုင်တဲ့ ပစ္စည်းကွ။ ဘာမဟုတ်တာတွေ လျှောက်ပြောမနေနဲ့။”
ထိုသို့အရေးကြီးသည့် အခြေနေမျိုးတွင် ဖန်းပေါ်က သဘောကျသွားသည်။
ခါသဲ့က တစ်ခဏသာ အော်ပြီးနောက် ပြန်ဖြေသည်။
“ဗုဒ္ဓက ပြောတယ်။ သက်ရှိတွေ အားလုံးက အတူတူဘဲတဲ့။ ငါ့ရဲ့အရှင်ကလည် သနားညှာတာပေးတက်တယ်။ ဗုဒ္ဓကလည်း အလားတူဘဲ။ အားလုံးက အလကားတွေဘဲ။ ”
“သောက်ပေါက်ကရတွေ။ သက်ရှိတွေ အားလုံးက အတူတူဘဲ။ ငါ့ရဲ့ ဗုဒ္ဓက သနားငဲ့ညှာပေးတက်တယ်။ ဗုဒ္ဓက ဘာပြောထားလဲဆိုတော့ ကောင်းပြီ… ”
သူတို့၏ စကားက ယဇ် ပုလ္လင်၏ ရှေ့တစ်ခုပင် ပြောင်လဲသွားစေပြီး သေရေးရှင်ရေး အခြေနေကိုပင် အနည်းငယ် ပြောင်းသလိုဖြစ်သွားလေသည်။
ယဇ်ပုလ္လင်ပေါ်ရှိ သွေးများက သွေးအလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အလင်းကာကို ဖြတ်လုနီးပါးဖြစ်လာကာ အပြင်ဘက်တွင် လွင့်မြောနေသည်။ ထို့နောက် မတည်ငြိမ်သော ထိုက်ချိ ပုံစံခွက်ထံသို့ ဝင်ရောက်သွားသောအခါ ထိုပုံစံက မျက်စိကျိန်းမတက် တောက်ပလာစေသည်။ ထိုအချိန်တွင် လူတိုင်းက ထိုအခြေအနေကို သတိထားလိုက်မိကြပြီး စိတ်လှုပ်ရှား သွားကြသည်။
“သတ်ကြ များများ သတ်ကြ …။ သတ်လေကောင်းလေ များလေကောင်းလေဘဲ။ ဒီနတ်မိကျောင်းလိုဟာမျိုးတွေက မဟာနတ်ဆိုးရဲ့ မျိုးဆက်တွေ ဖြစ်နေတယ်။ ဒီတော့ အဆီအနှစ်အရဆိုရင် နတ်သွေးက သူတို့ရဲ့ ကိုယ်ထဲမှာ စီးဆင်းနေမှာဘဲ။ အဲ့ဒီတော့ အဲ့ဒီထဲမှာ နတ်စွမ်းအင်တွေ ပါတယ်။ ဒါတွေက ယဇ်ပုလ္လင်ကို ကျော်ဖြတ်ပြီး လျှို့ဝှက်ဆန်းကျယ်သော ထိုက်ချိပုံစံခွက်ကို ထောက်ပံ့ပေးတယ်။ ”
“ဟုတ်တယ်။ ဒီငါးရောင်ခြယ် ယဇ် ပုလ္လင်က နဂိုထဲက ယဇ်ပုလ္လင်ဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ် တစ်ခုခုတော့ စတေးဖို့ လိုအပ်တယ်။ အခုသွေးဆိုရင် အကောင်းဆုံးပေါ့။ ”
ထိုက်ချိပုံစံခွက်က ကြည်လင်သည်ထက် ကြည်လင်လာကာ တောက်ပသည်ထက် တောက်ပလာပြီး သတ္တုဖြင့် လုပ်ထားကြောင်း ထင်ရှားလာသည်။
မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းတန်းများက တောက်ပသည်ထက် တောက်ပလာပြီး ရှစ်ထောင့်ပုံစံခွက် တစ်ခုလုံးက လင်းထိန်လာတော့သည်။ ထို့နောက် မရေမတွက်နိုင်သော ရှုပ်ထွေးသည့် အစီအစဥ်တကျ ပြောင်းလဲမှုများက ဖြစ်ပေါ်လာ၏။
ပြီးနောက် ရှေးခေတ် ကြယ်တာရာ ကောင်းကင်လမ်းကြောင်း ပွင့်လာမည် ဖြစ်သည်။
ဟုန်း …။
ထိုအချိန်တွင် ဂူ ဘုရားကျောင်းဘက်မှ ကြောက်စရာကောင်းသောအသံက ကောင်းကင်သို့ တက်သွားသည်။ မြေပြင်က ကွဲအက်သွားပြီး ကြီးမားလွန်းသော သတ္တဝါကြီးတစ်ကောင်က ကောင်းကင်ပေါ်သို့ ခုန်တက်လာကာ ကောင်းကင်ကို လှုပ်ခါသွားစေသည်။ ချက်ချင်းလိုလို လူတိုင်းကလည်း သူတို့၏ စိတ်ဝိညာဥ် ခန္ဓာမှ လွင့်ထွက်သွားတော့မည်ကဲ့သို့ ခံစားလိုက်ရပြီး မြေပါ်သို့ လဲကျလုနီးပါး ဖြစ်သွားကြသည်။
မီးအိမ်ကဲ့သို့ ကြီးမားသော မျက်ဝန်းကြီးတစ်စုံက အဝေးမှ ချဥ်းကပ်လာပြီး တဖြည်းဖြည်းချင်း နီးလာသည်။
“ဒါက မိကျောင်းဘိုးဘေးဘဲ။ သူ လွတ်သွားပြီ။ တကယ်ဘဲ ဘယ်သူက သူ့ကို တားနိုင်တော့မှာလဲ။ ”
လူတိုင်းက သူတို့ ရေခဲ ဂူထဲသို့ ပြုတ်ကျသွားသည်ဟုပင် ခံစားလိုက်ရသည်။ အားလုံးက မျှော်လင့်ချက် မဲ့သွားကြသည်။ ဘုရားလောင်းဆိုလျှင်ပင် ထိုသို့ကြီးမားသော မဟာနတ်ဆိုးကြီးကို မတားမြစ်နိုင်လောက်ချေ။ ဗုဒ္ဓကိုယ်တိုင်ကသာ ကိုင်တွယ်နိုင်လောက်သည်။
ထိုအချိန်တွင် ငါးရောင်ခြယ် ယဇ်ပုလ္လင်ပေါ်မှ ကြေးနီရောင်အခေါင်းကြီးက ရုတ်တရက် တုန်လှုပ်စကာကောင်းသော အရှိန်အဝါကို လွှင့်ထုတ်လာသည်။ မီးအိမ်ကဲ့သို့သော မျက်လုံးနှစ်လုံးက ချက်ချင်းလိုလို အေးခဲသွားပြီး ရှေ့ဆက် မတိုးရဲတော့ချေ။
အပိုင်း (၂၁) ပြီး၏။