Switch Mode

Chapter – 20

အပိုင်း – ၂၀

ဂူဘုရားကျောင်းဘက်မှ အရိုးစိမ့်တက်လောက်စေသော ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီးက ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရှေးဦးသားရဲကြီးတစ်ကောင်က မြေပြင်သို့ ကုန်းတက်လာပြီး ချိတ်ပိတ်စည်းမှ လွတ်မြောက်အောင် ကြိုးစားနေသလို ထင်ရသည်။ သူက ဟိန်းလိုက်သည့်အခါ တောင်တန်းနှင့်မြေပြင်ကပင် လှုပ်ခါသွားပြီး ကြယ်နှင့်လများကိုပင် တုန်ခါသွားစေနိုင်၏။ လူတိုင်းကိုလည်း ထိတ်လန့်တကြား ဖြစ်သွားစေပြီး စိတ်ဝိညာဥ် လွင့်ထွက်သွားတော့မတက် ဖြစ်လာစေသည်။
သို့ရာတွင် လူတိုင်းက ချက်ချင်း တိတ်ဆိတ်သွားကြပြန်သည်။ အသံကလည်း ပုံမှန်ပြန်ဖြစ်သွားသည်။ သဲမုန်တိုင်း အသံကိုသာ ကြားရတော့သည်။
” ဒါက ဘာလဲ။ ”
” မားစ်ပေါ်မှာ အခြားသားရဲတွေ ရှိနေတာလား။”
” ဒဏ္ဍာရီအရ ဗုဒ္ဓက နတ်ဆိုးတွေနဲ့ သရဲတွေကို ဖိနှိပ်ခဲ့တယ်လို့ ကြားတယ်။ အဲ့ဒီနေရာက ဘုရားကျောင်း အနီးအနားမှာ ဖြစ်လောက်တယ်။ ”
ထိုဆွေးနွေးသံကပင် လူတိုင်းကို တုန်ရီစေသည်။ ခေတ်သစ်မြို့ပြမှ ပြည်သူများ ဖြစ်သည့်အလျှောက် ထိုအရာများကို ဒဏ္ဍာရီများဟုသာ သတ်မှတ်ထားပြီး ဒဏ္ဍာရီများကိုလည်း ဘယ်သောအခါမှ မယုံကြည်ကြချေ။
ဒီနေ့မှသာ မယုံနိုင်စရာကောင်းသော အရာပေါင်းများစွာကို တွေ့ကြုံရလိုက်သည်။ ထိုအချိန်တွင် ပို၍ ကြောက်မတ်ဖွယ်ကောင်းသော ဒဏ္ဍာရီအကြောင်းကို တွေးမိလိုက်ကြပြီး သူတို့၏နှလုံးသားများက မုန်တိုင်းထန်သွားသည်။
သူတို့၏ ခန့်မှန်းမှုကသာ မှန်ကန်နေလျှင် သူတို့၏ အခြေနေက ပို၍ကြောက်စရာကောင်းပြီး စိုးရိမ်စရာ အခြေနေ ဖြစ်သွားပေလိမ့်မည်။ မဟာမိုးသောက်မုန်တိုင်းဂူဘုရားကျောင်းက ပြာပုံဖြစ်သွားလေပြီ။
ထို့ကြောင့် ဗုဒ္ဓလည်း မရှိတော့သလို နတ်ဘုရားလည်း မရှိတော့ချေ။ သူတို့ကသာ ဒဏ္ဍာရီထဲကလို နတ်ဆိုးများကို ရင်ဆိုင်ရမည်ဆိုလျှင် သူတို့၏ ကံကြမ္မာကို စိတ်ကူးယာဥ်ကြည့်၍ပင် ရသည်။
” ဒီနေ့ ငါတို့ရဲ့ အတွေးတွေက သတိလက်လွတ်နဲ့ သက်ရောက်ခံရတာ ဖြစ်လောက်တယ် .. ။ ဒါပေမဲ့ ဒီလိုအရာမျိုးကို တွေးကြည့်ဖို့က ခက်ခဲတယ် .. ။ ”
” အရင်က မပေါ်လာလောက်တဲ့ မိစ္ဆာတွေ သရဲတွေက ငါတို့ရှေ့မှာ အရှင်လက်လက် တွေ့လာတော့မယ် ထင်ပါရဲ့။ ”
ဖြစ်လာနိုင်သော အရာများကို တွေးကြည့်ယုံဖြင့်ပင် လူတိုင်း၏ နှလုံးသားက အေးစိမ့်သွားပြီး တစ်ကိုယ်လုံးက အေးစက်သွားသည် ဟု ခံစားလိုက်ရသည်။ အဆုံးအစမဲ့သော ဖြစ်နိုင်ချေများ အမည်မသိရသော ကံကြမ္မာက လူတိုင်းကို ခြောက်လန့်ကာ စိုးရိမ်စိတ် ဝင်လာစေသည်။
ထိုအချိန်တွင် သူတို့၏ရှေ့တွင် လဲကျနေသော အလောင်းတစ်လောင်းက ရှိနေသေးသည်။ လတ်ဆတ်သော သွေးများကလည်း မြေပြင်သို့ စီးကျနေပြီး သွေးများက တထောင်းထောင်း ထနေသည်။
ထိုအချက်ကတင် အခြေနေက မည်မျှ ဆိုးရွားနေကြောင်း သတိပေးသလို ဖြစ်နေသည်။ အမည်မသိရသော အရာက ထပ်မံပေါ်လာပြီး လူတိုင်း၏ အသက်ကို ချက်ချင်းဆိုသလို ယူသွားနိုင်သည်။
” ကျွတ် … ”
ရုတ်တရက် အလောင်း၏ ဦးခေါင်းခွံနားမှ ​ရှင်းပြရန် ခက်သော အသံတစ်သံက ထွက်လာပြန်သည်။
ထိုအသံက တစ်စုံတစ်ရာကို ဝါးစားနေသလို ဖြစ်သောအသံ ဖြစ်ပြီး နားထောင်ရန် အလွန်ဆိုးသည်။ မည်သို့ပင်ဆိုစေ ယင်းက လူ၏ ဦးခေါင်းခွံ ဖြစ်သည်။ အမည်မသိရသော သတ္တဝါက အထဲအတွင်းသားကို နှိုက်စားနေသော အသံက လူတိုင်း၏ ဆံပင်မွှးကို ထောင်တက်သွားစေသည်။
” ခရော့ ခရော့ … ”
အရိုးကွဲအက်သောနေရာမှ ဆက်တိုက်ထွက်ပေါ်လာပြီး ချွန်ထက်သော သွားက ဦးခေါင်းခွံကို လှီးဖြတ် နေသလိုအသံမျိုးက စိမ့်ထွက်လာသည်။
ရုတ်တရက် လေထု အခြေအနေက တင်းကြပ်ကာ ရန်လိုလာသည်။ မည်သူမျှ စကားမပြောကြတော့ဘဲ ငါးရောင်ခြယ် ယဇ်ပုလ္လင်က တိတ်ဆိတ်သွားသည်။ လူတိုင်းက အသက်ပင် ကျယ်လောင်အောင် မရှူနိုင်တော့ချေ။
ထိုနေရာက အလွန်အမင်း တိတ်ဆိတ်နေပြီး ခြောက်ခြားဖွယ်ကောင်းသော လေထုက ပြည့်နှက်နေသည်။ ၄င်းက မုန်တိုင်းအမျိုးအစား တစ်မျိုးဖြစ်၏။ စားသောက်ခံနေရသောအသံနှင့် ဦးခေါင်ခွံ ကွဲအက်နေသောအသံက ငရဲသီချင်းလို ဆက်စပ်နေပြီး လူတိုင်း၏ စိတ်ကို မုန်တိုင်းထန်စေသည်။
မိန်းခလေးများက ပါးစပ်ကို အုပ်ထားကြသည်။ သူတို့က ငိုချင်ကြသော်လည်း အသံမထွက်ရဲချေ။
ထိုမြင်ကွင်းက လူတိုင်းကို ပြိုလဲကျစေသည်။ သို့သော် လူတိုင်းကမူ မကြောက်လန့်ချေ။ နတ်ဘုရား၏ အမွေနစ် ပစ္စည်းများကို ပိုင်ဆိုင်ထားသော သူများက အနည်းနှင့်အများ ယုံကြည်မှု ရှိကြသည်။
ဖန်းပေါ်က အမြဲတစေ ခက်ထန်ကြမ်းတမ်းသော်လည်း ထိုအချိန်တွင် သူကလည်း အလွန်ရန်လိုနေသည်။ သူက သူကိုင်ထားသော မိုးသောက်မုန်တိုင်းဂူဘုရားကျောင်းကျောက်ပြားကြီးကို ဒရွတ်တိုက်ဆွဲလျက် ထိုခေါင်းကို လှမ်းရိုက်ရန် ကြံစည်လိုက်သည်။ သို့သော် ယဲ့ဖန်းက လှမ်းတားပြီး ပြောသည်။
” အလျင်စလို မလုပ်နဲ့။”
” ဟူး … ”
ထိုအခိုက် နဖူးအပေါက်ထဲမှ သွေးများက ပန်းထွက်လာသည်။ ထို့အပြင် အဖြူရောင် အရည်များကလည်းပါသည်။ ဦးနှောက်က မည်မျှရွံ့စရာကောင်းကြောင်း အားလုံးက သိနိုင်သည်။ ထို့နောက် အနက်ရောင်စူးချွန်လိုမျိုး ထင်ရသော ခေါင်းတစ်ခေါင်းက ထိုအပေါက်ထဲမှ ထွက်လာသည်။ သေးငယ်ကာ စူးရှပြီး ကြေးခွံများအုပ်နေသည်။
” ဒါက ဘာလဲ။”
လူတိုင်းက ချက်ချင်းလိုလို ခြေးလှမ်းများ အနောက်ဆုပ်လိုက်ကြသည်။ ယဲ့ဖန်းနှင့် ဖန်းပေါ်ကလည်း ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်သည်။
ထိုအရာက အလောင်း၏ သွေးအပေါက်ထဲမှ ဒရွတ်တိုက်ထွက်လာသည့် မိကျောင်းလို သေးငယ်ပြီး ထူးဆန်းသည့် သတ္တဝါတစ်ကောင် ဖြစ်သည်။ သူ၏ ကိုယ်ပေါ်တွင် သွေးများက စိုရွှဲနေသည်။ ထို့ပြင် ဦးနှောက်လို အဖြူရောင်များကိုလည်း မြင်ရသေးသောအချက်က လူတိုင်း၏ စိတ်တွေကို ထိုင်းမှိုင်းသွားစေသည်။
ထိုအကောင်က တစ်ဆယ်စင်တီမီတာခန့်သာ ရှည်ပြီး လက်တစ်ညှိုးစာသာလျှင် ထူသည်။ သို့သော် မြွေတစ်ကောင်နှင့်ပင် တူနေပြန်သည်။
သို့သော် မဟုတ်ချေ။ မိကျောင်းနှင့် တူသော်လည်း မိကျောင်း မဟုတ်ချေ။ အကြောင်းမူကား သူ့တွင် ခြေထောက် မရှိချေ။ ဝမ်းဗိုက်က ပြောင်ရှင်းနေပြီး တစ်ကိုယ်လုံးက အနက်ရောင် ကြေးခွံများသာ အုပ်နေသည်။ ထို့ပြင် ကျောချမ်းဖွယ် ကောင်းလွန်းနေရာ သက်ရှိလူသားများ မနေထိုင်သော ဆိုးယုတ်သည့် အပါယ်ဘုံမှ အကောင်တစ်ကောင်နှင့် တူသည်။
အနက်ရောင်ကြေးခွံများတွင်လည်း ဦးနှောက်နှင့် သွေးများက ပေပွနေသည်။ ထို့ပြင် ရွံစရာကောင်းလွန်းသော မြင်ကွင်းကြီး ဖြစ်နေပြီး လူတိုင်းကို မသက်မသာ ဖြစ်စေသည်။ သူတို့၏ နှလုံးသားက ချက်ချင်းအေးစက်သွားသည်။ ထို့ပြင် ကြောက်လန့်မှုက ကြီးစိုးလာပြန်သည်။
ထိုအကောင်က ​သွေးပေါက်ထဲမှ ထွက်လာပြီးနောက် ဦးခေါင်းခွံပေါ်သို့ ကုန်းတက်ကာ တွားသွားသည်။ သူ၏ သေးငယ်သော မျက်လုံးအစုံမှ အေးစိမ့်သောအလင်းက လူတိုင်းကို စိုက်ကြည့်ပြီး သူက ဉာဏ်ရည်မြင့်မားသော သက်ရှိသတ္တဝါ တစ်ခုလိုမျိုး ပြုမူနေသည်။
ထိုသို့ဖြင့် လေးနှစ်တာအတွင်း ရှိခဲ့​ကြသော ကျောင်းသူကျောင်းသားခုနစ်ယောက်က ထိုသို့ဖြင့် သေဆုံးသွားလေပြီ။ သူတို့ကို ပြန်ခေါ်သွားနိုင်တော့မည် မဟုတ်ချေ။ အရာအားလုံးက ထိုရုပ်ဆိုးသော အကောင်ကြောင့် ဖြစ်သည်။ သူ၏ မျက်လုံးများက ရက်စက်မှုများ အပြည့်ပါဝင်နေပြီး လူတိုင်းကို ရန်ငြိုးကြီးဝက်ဝံတကောင်လို လိုက်ကြည့်သည်။ သူတို့ကို အစစ်နှင့်တူသော အကောင်လို့ပင် သတ်မှတ်ထားရန် မတူဘဲ အစာလို့သာ သတ်မှတ်ထားလောက်သည်။
” မျိုးမစစ်ကောင်…သုံးလက်မလောက်ရှိတဲ့ အကောင်ကများ မင်းက ကြွက်လောက်တောင် မကြီးဘဲနဲ့ ငါ့ရဲ့ အတန်းဖော် ခုနစ်ယောက်ကို သတ်ရဲတယ်ဟုတ်လား။ ဒီအဖေက မင်းကို သေအောင် ရိုက်သတ်ပေးမယ်။”
ဖန်းပေါ်က သူ၏ ကျောက်ပြားကြီးကို မြှောက်လိုက်ပြီးနောက် ခပ်ကြမ်းကြမ်း ရိုက်ချသည်။
ကျယ်လောင်လွန်းသော ဗုံးကဲ့သို့ ပေါက်ကွဲသံကြီးက ကောင်းကင်သို့ တစိမ့်စိမ့် တက်သွားသည်။ ကြေးနီရောင် ကျောက်ပြားကြီးက တစ်သောင်းကျော်သော အလင်းတန်းများက ထွက်ပေါ်လာသည်။ လျှပ်စီးများကလည်း တဖျတ်ဖျတ်လတ်လာပြီးနောက် လေထဲတွင် ကခုန်နေကာ ကောင်းကင်တစ်ခုလုံး လိမ်ယှက်လာသည်။
” ၀စ် .. ”
သို့ရာတွင် ထိုအမည်မသိရသော အကောင်က အလွန်မြန်သည်။ ထိုအရာက မည်မျှ အင်အားရှိကြောင်း မြင်လိုက်ကြရသည်။ ၄င်းက အနက်ရောင်အလင်းအဖြစ် ပြောင်းလျက် တောက်ပသော အလင်းရောင်ကို ရှောင်လိုက်သည်။ ယဲ့ဖန်းက ချက်ချင်းလိုလို ရှေ့တက်လိုက်သည်။ သူ၏လက်ထဲတွင် မီးအိမ်ကို ကိုင်ထားသည်။ သူက သူ၏ အရှိန်အဝါဖြင့် ထိုအကောင်းကို လှမ်း၍ မီးမြိုက်သည်။ မျက်စိထဲတွင် တောက်ပသော နတ်အလင်းမီးတောက်က ချက်ချင်းလိုလို အရှေ့သို့ ထိုးထွက်သွားလေတော့သည်။
ထိုရက်စက်သည့် အကောင်က ရွံ့စရာကောင်းလွန်းသည်။ လက်တစ်ညှိုးလောက်ထူပြီး တစ်ဆယ်စင်တီမီတာခန်လောက်သာ ရှည်ခြင်းဖြစ်သည်။
သို့သော် ချက်ချင်းလိုလို ငယ်သံပါအောင် အော်ဟစ်လေတော့သည်။ ထိုအသံက ကျယ်လွန်းသဖြင့် လူတိုင်းကို မှင်သက်အံ့ဩစေသည်။ ထိုအသံက ရန်ညိုးကြီး ဝိညာဥ်တစ်ကောင် စူးရှစွာ အော်ဟစ်ငြီးငြူသလို မျိုးဖြစ်ပြီး လူတိုင်း၏ နားစည်ကိုပင် အက်ကွဲမတက် ဖြစ်လာစေပြီး ကျောကို စိမ့်တက်သွားစေသည်။
ထိုသေးငယ်သော အကောင်က ထိုကြောက်စရာကောင်းကာ ကျယ်လောင်သော အသံကို လွှင့်ထုတ်နိုင်သည်ကို စိတ်ကူးယဥ်ရန်ပင် ခက်ခဲသည်။
ထိုအကောင် ကိုယ်ပေါ်သို့ ရောက်သွားသော မီးတောက်များက လျော့လာသည့်အခါ ယဲ့ဖန်းက နောက်ထပ် သုံးစင်တီမီတာခန့် ထပ်မံလွင့်ထုတ်လိုက်သည်။
သို့သော် တစ်ကောင်လုံးကို အပြည့်အဝ မဖုံးလွမ်းနိုင်ချေ။ အမြှီးကိုသာ ဖြတ်မိသွားခြင်း ဖြစ်သည်။ သို့တိုင်အောင် ကြေးခွံများက အောက်သို့ပြာကျသွားပြီး အမြှီးတစ်ဝက်ကလည်း ပြာဖြစ်သွားစေသည်။
ထိုအကောင်က ယဲ့ဖန်းကို လူသားတစ်ယောက်လို ခက်ထန်သော အကြည့်မျိုးဖြင့် လှည့်ကြည့်သည်။ သူ၏အမူအရာကို မဆိုထားဘိ။ အကြည့်ကပင် ရက်စက် ဆိုးယုတ်လွန်းသည်။ ပါးစပ်ကလည်း ထက်ရှသော သွားများကို ဖြဲပြလာသည်။
ထိုသွားများက နှင်းကဲ့သို့ ဖြူဖွေးကာ တောက်ပလွန်းနေပြီး ယဲ့ဖန်းကို အသံတိုးတိုးဖြင့် အံကြိတ်ပြသလို ထင်နေရသည်။
” ဒါက ဘာကောင်လဲ။”
ကျောင်းသူကျောင်းသားများက အလွန်ထိတ်လန့်သွားကြသည်။ သူတို့က နတ်အမွေအနစ်များစွာကို ပိုင်ဆိုင်ထားသည့် တိုင်အောင် ဘယ်သူမှ ရှေ့မတိုးရဲကြချေ။
“ဒီသုံးလက်မလောက် အကောင်ကများ အကြည့်တွေက စူးရှလိုက်တာ။ ငါ မင်းကို သေတဲ့အထိ ရိုက်သတ်ပေးမယ်။ ”
ဖန်းပေါ်ကတော့ မကြောက်ချေ။ သူက ပို၍ပင် ကြမ်းတမ်းနေသေးသည်။ သူက ကျောက်ပြားကြီးကို မြှောက်ပြီးနောက် အပြေးလွှား ခုန်ဝင်လာကာ အော်သည်။
” မင်းက ငါ့ရဲ့ အတန်းဖော် ခုနစ်ယောက်ကိုတောင် သတ်ခဲ့တယ်။ အခု ငါ မင်းရဲ့ ပုတ်ပွနေတဲ့ အမြှီးတွေကို ဘယ်လို ခုတ်ထစ်ပစ်မလဲ မင်း ကြည့်ထားစမ်း။”
ဖန်းပေါ်၏ တစ်ခုလုံးကို စူးရှတောက်ပလွန်းသော အလင်းက ကာကွယ်ပေးထားသည်။ သူက ဒေါသထွက်နေသော စစ် နတ်ဘုရားနှင့် တူသည်။
ထိုအချိန်မှာ ကြောက်စရာကောင်းလွန်းသည်။ ကြေးနီရောင် ကျောက်ပြားကြီးက တုန်ခါလာပြီး ဗုဒ္ဓ၏ တရားရွတ်ဖတ်သံများက ကောင်းကင်တစ်ခုလုံးကို လှုပ်ခါလာစေကာ အသံများကို ထုတ်လွှင့်လာသည်။
ယဲ့ဖန်းက သတ္တဝါ၏ တစ်ဖက်ခြမ်းတွင် ရှိနေသည်။ ထိုအကောင်၏ ကိုယ်တစ်ဝက်ခန့်ကသာ ကျန်ရစ်တော့သည်။ နတ်မီးအိမ်က ထွက်လာသော မီးတောက်က ဒေါသထွက်နေသော နဂါးတစ်ကောင်လို ရှေ့သို့တိုး၀င်သွားပြီး ထိုအကောင်တစ်ခုလုံးကို လွမ်းခြုံသွားသည်။
ထိုအချိန်တွင် ကျိုးရင်၊ ဝမ်ကျစ်ဝမ် တို့အားလုံးကလည်း အနောက်မှ အပြေးအလွှားထွက်လာကြသည်။ တစ်ချိန်ထဲတွင် သူတို့၏ ပစ္စည်းများကို ​မြှောက်လျက် တက်နိုင်သလောက် တိုက်ခိုင်ရန် ဆုံးဖြတ်လိုက်သည်။
ဆက်တိုက် နောက်မှ လိုက်ဖမ်းခံရပြီး တိုက်ခိုက်ခံနေရသည်မှာ အလွန်မြန်ဆန် ဖြစ်နေစေသည်။ အနက်ရောင် အလင်းအစက်ပြောက်များလို ပြောင်းလဲလျက် ဟင်းလင်းပြင် တစ်ခုလုံးကို ဖြတ်သန်းသွားလာနေသည်။ ထို့ကြောင့် သူ့ကို ထိရန် ခက်ခဲသည်။
ထို့နောက် စူးရှသော အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ထိုစိုးရွံ့ပြီး ကြောက်စရာကောင်းသော အကောင်ကို လူတိုင်းက လိုက်ဖမ်းနေကြသည်။
ထို့ကြောင့် သူက အလွန်အမင်း ဒေါသထွက်လာကာ အငြိုးအတေး ကြီးမားလာသလိုမျိုး အော်သံက မရပ်တန့်တော့ချေ။ ရန်ငြိုးကြီး တစ္တေတစ်ကောင်၏ ငြီးငြူသံနှင့်ပင် တူနေသည်။
ရုတ်တရက် အလင်းကာကွယ်လွှာကို ထိုးဖောက်လာပြီး မီးကျောင်းလို သတ္တဝါခုနစ်ကောင်က အလင်းကာအပြင်ဘက်မှ အထဲသို့ ဝင်လာ​ပြန်သည်။ အားလုံးကလည်း ဆယ်မီတာရှည်ပြီး သူတို့၏မျက်လုံးများကလည်း အေးစက်သော နတ်ဆိုးဝိညာဥ်များကဲ့သို့ ထင်ရသည်။ သူတို့က လူတိုင်းကို မုန်းတီးစွာ ကြည့်နေကြသည်။
” ဘာလို့ ဒီလောက်ထိ များနေတာလဲ။”
” ဒါက ဘယ်လို သတ္တဝါတွေလဲ။ မားစ်က သူတို့ရဲ့ အသိုက်လား။”
လူတိုင်းက ကယ်ကူရာမဲ့သွားကြသည်။ ထိုသို့ သူတို့က နတ်ဘုရားများ မဟုတ်ချေ။ သူတို့၏ လက်နက်များကိုလည်း မည်သို့အသုံးပြုရမည်ဖြစ်ကြောင်း မသိထားကြချေ။ သူတို့က ထွက်လာသော အလင်းပေါ် မူတည်၍သာ တိုက်ခိုက်ရခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် သတ္တဝါများက ထိုမျှများပြားနေရာ သူတို့အနေဖြင့် ရှင်းပစ်ရန် မဖြစ်နိုင်တော့ချေ။
ထိုအချိန်တွင် အသံတစ်သံက ထွက်ပေါ်လာသည်။ အလင်းကာ၏ အပြင်ဘက်တွင် မီးကျောင်းကဲ့သို့သော သတ္တဝါ ရာချီ ထွက်ပေါ်လာသည်။
ယဲ့ဖန်းတို့၏ အနောက်ဖက်မှ ကျန်နေရစ်ခဲ့ရပြီး မလှုပ်ရှားရသေးသူများအားလုံးက စတင်ကာ တုန်ရီလာကြသည်။ ကြောက်မတ်ဖွယ် သတ္တဝါများကသာ စုပြုံတိုး၀င်လာလျှင် ပစ္စည်းများ ပိုင်ဆိုင်ထားသော သူများကပင် ခုခံရန် မဖြစ်နိုင်တော့ချေ။
” ဖန်းပေါ် မလိုက်နဲ့တော့။ အားလုံး တူတူပေါင်းရအောင်။”
ယဲ့ဖန်းက ဖန်းပေါ်ကို လှမ်းပြောသည်။
သတ္တဝါများက အလွန်များပြားလာလေသည်။ ထိုသို့ဖြင့် သူတို့က ပေါ်လာပြီဆိုကတည်းက မြန်ဆန်အောင် သတ်ဖြတ်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ခုခံရန်သာ အကောင်းဆုံး လူစုရမည်ဖြစ်သည်။ ငါးရောင်ခြယ် ယဇ်ပုလ္လင်က လုံလောက်သော စွမ်းအင်ကို ပြန်ရသွားပြီး ရှေးဟောင်းကြယ်လာရာ ကောင်းကင်လမ်းကြောင်း ပွင့်လာသည့်အချိန်ကိုသာ စောင့်ရပေတော့မည်။
” ဝေါင်း … ”
ရုတ်တရက် ဂူ ဘုရားကျောင်းဘက်မှ စိတ်ဝိညာဥ်ကို တုန်လှုပ်စေသော အသံကြီးက ထွက်ပေါ်လာပြန်သည်။ ထိုအသံနှင့်အတူ အပြင်ဘက်ရှိ သဲမုန်တိုင်းက ရပ်တန့်သွားသည်။ လောကတွင် ထိုဟိန်းသံကလွဲပြီး တခြားအသံ မရှိတော့ချေ။
ဝင်္ကပါက ဆက်တိုက်တုန်ခါနေသေးသည်။ ယ ဇ်ပုလ္လင်ကလည်း တုန်ခါလာသည်။ အပြင်ဘက်ရှိ သဲမုန်တိုင်းက အပြည့်အဝ ဖိနှိပ်ခံလိုက်ရသည်။
” မဟာမိုးသောက် မုန်တိုင်း ဂူ ဘုရားကျောင်းက အဲ့ဒီသတ္တဝါတွေရဲ့ အသိုက်ပဲ။ ”
လူတစ်ယောက်က တုန်ရီသော လေသံဖြင့်အော်လိုက်သည်။
လူတိုင်းကလည်း အကာအကွယ်လွှာ အပြင်ဘက်သို့ ကြည့်လိုက်သောအခါ ပို၍ များပြားသော သတ္တဝါများက စုဝေးလာကြကြောင်း မြင်လိုက်ရသည်။ သူတို့က ဂူ ဘုရားကျောင်းဘက်မှ လာနေခြင်းဖြစ်သည်။ နေရာတိုင်းက ပိန်းပိတ်အောင် မဲမှောင်နေ၏။ အကြောင်းမူကာ သူတို့က သိပ်သည်းစွာ တည်ရှိနေသောကြောင့် ဖြစ်သည်။ အကောင်ရေက သောင်းချီနိုင်သည်။
” ဘန်း … ”
ရုတ်တရက် လူတိုင်း၏ အောက်ဘက်မှ မြေကမ္ဘာက ပြင်းပြင်းထန်ထန် လှုပ်ခက်လာကြောင်း ခံစားလိုက်ရသည်။ ထို့နောက် အလွန်အမင်းကြောက်စရာကောင်းသော အရှိန်အဝါတစ်ခုက မီတာထောင်ပေါင်းများစွာအကွာမှ ဝင်ရောက်လာသည်။ ပြင်းထန်လွန်းသဖြင့် ကောင်းကင်နှင့် မြေပြင်ကိုပင် ဖုံးလွမ်းနိုင်စွမ်း ရှိလေသည်။
အပြင်ဘက်တွင် သဲမုန်တိုင်းက တိုက်ခိုက်နေသေး၏။ လူတိုင်းက ကြောက်စရာကောင်းလွန်းသည့် မီးအိမ်လို မျက်လုံးကြီးကလည်း သူတို့ကို လှမ်းကြည့်ကြောင်း မြင်နေရသည်။ ထိုနေရာတွင်သာ မီးတောင်ရှိနေလျှင် ချက်ချင်းလိုလို ပေါက်ကွဲသွားပြီး အရာအားလုံးက ပျက်စီးသွားလောက်သည်။ ထိုအသံက ကြောက်စရာကောင်းလွန်းသည်။
” ဒါက ပြိုကျသွားတဲ့ မဟာမိုးသောက်မုန်တိုင်း ဂူ ဘုရားကျောင်းမဟုတ်လား။ ကြောက်စရာကောင်းတဲ့ တစ်ခုခုတော့ ဖြစ်လာတော့မယ်။ ”
ထိုသို့သာဆိုလျှင် နတ်ဘုရားများ ချန်ရစ်ထားခဲ့သော အမွေအနစ်ပစ္စည်းများက ပိုင်ဆိုင်ထားသော လူများကသာအသုံးမပြုဘဲ အသုံးမပြုနိုင်လောက်နော့ချေ။
” ငါ သိပြီ။ ဒီ မိကျောင်းလိုလို အကောင်က ဘာလဲ ငါသိပြီ။”
ကျောင်းသူတစ်ယောက်က ရုတ်တရက် ဝင်ပြောသည်။
တိဗက်နယ်မြေတွင် ဗုဒ္ဓဘာသာ၀င်များ များပြားသည်။ လူတိုင်းနီးပါးကလည်း ယုံကြည်ကြသည်။ ထိုကျောင်းသူကလည်း တိဗက်ဘက်သို့ သွားရောက်လည်ပတ်ဖူးခဲ့လေရာ ဗုဒ္ဓဘာသာနှင့် အမွေအနစ်ပေါင်းများစွာကို လေ့လာခဲ့ဖူးသည်။
ထိုအရာများတွင်လည်း ကျော့ဟန် ဂူ ဘုရားကျောင်းပါဝင်ခဲ့သည်။ ထို့ကြောင့် တိဗက်အိုကြီးတစ်ယောက်ထံမှ ဒဏ္ဍာရီများကို သိခဲ့ရသည်။
ပြောကြသည်မှာ မဟာမိုးသောက် မုန်တိုင်း ဂူ ဘုရား ကျောင်းက ဗုဒ္ဓ သီတင်းသုံးရာ နေရာဖြစ်ပြီး သန့်စင်သော နေရာမျိုးလည်း မဟုတ်ချေ။
ထို့အစား မရေမတွက်နိုင်သော ပြိုင်ဘက်ကင်း မိစ္ဆာပေါင်းများစွာကို ပိတ်လှောင်ထားခဲ့သော နေရာလည်းဖြစ်သည်။ ထိုအကောင်များထဲတွင် ပထမဦးဆုံး ဖိနှိပ်ခဲ့သော အကောင်က မိကျောင်းဘိုး​​ဘေး ဖြစ်သည်။ သူက ရှေးဟောင်း နတ်မိကျောင်းဖြစ်ပြီး အဆုံးအစမဲ့သော စွမ်းအင်များကို ပိုင်ဆိုင်သည်။ သို့တိုင်အောင် ဗုဒ္ဓ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။
” နင်ပြောတဲ့အတိုင်းဆိုရင် ဒီဘုရားကျောင်းရဲ့ အောက်မှာ နတ်ဆိုးတွေ အများကြီးရှိတယ်ပေါ့။”
” ဒါက တိဗက်အိုကြီး ပြောခဲ့တဲ့ အတိုင်းဘဲ။”
လူတိုင်းက ကျောချမ်းသွားကြသည်။ ထိုအတိုင်းသာ ဖြစ်နေလျှင် ထိုမိကျောင်းဘိုးဘေးက ဂူဘုရားကျောင်းအောက်တွင် ရှိနေနိုင်သည်။ ထို့ပြင် ရုပ်ဆိုးကာ အကြည်းတန်သည့် သတ္တဝါများကလည်း သူ၏ ဆက်ခံသူများ ဖြစ်လောက်သည်။
ယဲ့ဖန်းက မျက်မှာင်ကြုံ့ပြီး ပြောသည်။
” ငါလည်း ရှေးဟောင်းကျမ်းစာမှာ မှတ်တမ်းတချို့ မြင်ဖူးတယ်။ ”
ပြောရလျှင် ထိုမိကျောင်းအမျိုးအစားအကောင်တွင် ပြစ်ချက်က မရှိချေ။ ခန္ဓာကိုယ်ကလည်း စိန်လိုမာကျောပြီး ကောင်းကင်တွင်အနှံ့ ပျံ့နှံ့နိုင်ကာ မြေအောက်တွင်လည်း ဝင်တိုးနိုင်သည်။ သွေးသားများကိုလည်း အလွယ်တကူ ထိုးဖောက်နိုင်သည့် နတ်မိကျောင်း ဖြစ်သည်။
ကျိုးရင်ကလည်း ခေါင်းငြိမ့်ကာ ပြောသည်။
” ဟုတ်တယ် ငါလည်း အလားတူ ကျမ်းစာထဲမှာ ဖတ်ဖူးတာဘဲ။”
ဗုဒ္ဓ မှတ်တမ်းများနဲ့ သက်ဆိုင်သော အကြောင်းများကို ပြောရမည်ဆိုလျှင် နတ်မိကျောင်းဘိုးဘေးကို ဗုဒ္ဓက ဖိနှိပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဆက်ခံသူများက ထိုလောကတွင် ဘယ်သောအခုမှ ပေါ်မလာတော့ချေ။
လူတိုင်းက အစစ်အမှန်မဟုတ်ဟု ခဲစားနေရသည်။ သို့သော် ဒဏ္ဍာရီများက အတိတ်၏ ပုံပြင်အဖြစ်သာ သတ်မှတ်ခဲ့သော်လည်း ယခုမူ ကိုယ်တိုင်မျက်စိဖြင့် ကြုံတွေ့နေရသည်။ ဖြစ်ရပ်က မှင်သက်ဖွယ်ကောင်းပြီး ကြောက်စရာကောင်းလွန်းသည်။
“အဲ့ဒီ တိဗက်အိုကြီး ပြောတဲ့အတိုင်းဆို နတ်မိကျောင်းက ဘုရားကျောင်းရဲ့ ပထမအဆင့်မှာ ပိတ်ခံထားရတာ။ ဆိုလိုတာက ဒုတိယအဆင့် တတိယအဆင့်တွေ ရှိနေသေးတယ်။…”
ကျောင်းသူက တုန်ရီသော လေသံဖြင့်ပြောသည်။
မည်သူကမှ စကားပြန်မဖြေကြချေ။ မိကျောင်းဘိုးဘေးကသာ အမှန်တကယ် ထွက်ပေါ်လာမည်ဆိုလျှင် သူတို့အားလုံးကို သုတ်သင်ရန် လုပ်လောက်သည်။
ထို့ပြင် ပွက်လောရိုက်နေသော အသံများက ထပ်မံ ထွက်ပေါ်လာသေးသည်။ ငါးရောင်ခြယ် ယဇ် ပုလ္လင်၏ အပြင်ဘက်တွင်လည်း သေးငယ်သော မိကျောင်းလေးများက ထောင်ပေါင်းများစွာ ရှိနေပြီး အကောင်းဆုံး တိုးဝင်ရန် ကြိုးစားနေကြသည်။
” ဘုန်း … ”
ရုတ်တရက် ငါးရောင်ခြယ် ယဇ်ပုလ္လင်က လှုပ်ခါသွားပြီး အရောင်ငါးရောင်ရှိသည့် ရှေးဟောင်းသင်္ကေတ အလင်းများက ကောင်းကင်သို့ တက်သွားသည်။ တောက်ပလွန်းသော ကြယ်တာရာ အလင်းတန်းများကဲ့သို့ ​ဖြစ်နေသည်။ ထို့ပြင် ရှစ်ထောင့် ထိုက်ချိပုံစုံခွက်က ပေါ်လာတော့မည့် ပုံစံဖြစ်လာသည်။
ထိုလက္ခဏာက လမ်းကြောင်းပွင့်တော့မည် ဆိုသော လက္ခဏာဖြစ်သည်။
သို့ရာတွင် တစ်ချိန်ထဲတွင်ပင် ကြောက်စရာကောင်းသော အသံကလည်း ဘုရားကျောင်းဘက်မှ ထွက်လာနေသေးပြန်သည်။
မီးအိမ်ကဲ့သို့သော မျက်လုံးကြီးတစ်စုံကလည်း လေထဲတွင် မြှောက်တက် နေသည်။ သူက မြေအောက် နန်းတော်ထဲမှ အချုပ်အနှောင် အတားအဆီးများကို လွတ်မြောက်အောင် ကြိုးစွားပြီး ထွက်လာရန် ပြင်ဆင်နေသည်နှင့် တူသည်။
ထိုနေရာမှ ထွက်လာနိုင်ပြီးလျှင် သူက မားစ်ပေါ်မှ လွတ်မြောက်သွားပေလိမ့်မည်။ ထိုအရာက လူတိုင်းတွေးနေသော အရာဖြစ်သည်။ လူပေါင်းများစွာက ဆုတောင်းနေကြသည်။
ရှေးခေတ်လမ်းကြောင်းက ပေါ်ထွက်လာရန် မျှော်လင့်နေကြသည်။ သူတို့က စကြာဝဠာကြီးထဲတွင် ထာဝရနေသွားရမည် ဆိုလျှင်ပင် အနည်းဆုံး ဒီနေရာတွင် မနေရလျှင် အကောင်းဆုံးဖြစ်သည်။

အပိုင်း ၂၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset