Switch Mode

Chapter – 19

အပိုင်း – ၁၉

“အခု ဘာတွေဖြစ်သွားလဲ ဆိုတာကို မင်းတို့အားလုံး မြင်လိုက်တာဘဲ။ လူတိုင်းကလည်း ဘာဖြစ်မှန်း သေချာသိကြတယ်။”
ယဲ့ဖန်းက ဘယ်လက်ဖြင့် ကြေးနီရောင်မီးအိမ်ကို ကိုင်ထားပြီး ညာလက်ဖြင့် ပျက်စီးနေသော နွားသရေဗုံကို ကိုင်ထားသည်။ သူက နောက်မဆုတ်ချေ။ သို့သော် ရှေ့သို့ခြေလမ်း အနည်းငယ်ပင် လှမ်းလိုက်သေးသည်။ သူက ပြောသည်။
” ငါက ဒါကိုယူပြီးကတည်းက ပြန်ပေးဖို့က မဖြစ်နိုင်တော့ဘူး။ ”
ကြေးနီရောင်မီးအိမ်မှ ထုတ်လွှင့်လိုက်သော နတ်ဘုရားဆန်သည့် အလင်းတန်းက နေမင်းလောက် မျက်စိကျိန်းမတက် တောက်ပနိုင်သခြင်း မရှိသလို လမင်းလိုလည်း နူ့ညံ့သည့် အလင်းကို လွှင့်ထုတ်ပေးနိုင်သည်။
ထိုအရာက မြင့်မြတ်သော နတ်သက်တန့်ရောင်စဥ် အလင်းတန်းလိုလို တွေ့မြင်ရမတတ် ကြည်လင်ကာ ခမ်းနားသော အရှိန်အဝါအပြည့်နှင့် ဖြစ်သည်။
ထိုအရှိန်အဝါက ယဲ့ဖန်းနဲ့ လိုက်ဖက်သည်။ သူနဲ့ ထိုအလင်းရောင်က ကောင်းကင်က ပြင်ဆင်ပြီး ကိုယ်တိုင်းချုပ်ထားသလိုမျိုး တသားထဲ ဖြစ်နေလေသည်။ ထိုနည်းအားဖြင့် သူ့ကို တစ်ခြားသူများက သဘောကျစိတ် ဖြစ်လာသည်။ သူက အမတ နတ်ဝတ်စုံကို ဝတ်ဆင်ထားသလို ဖြစ်နေသည်။
ညာဘက်လက်တွင် ကိုင်ထားသော နွားဗုံက ပျက်စီးနေပြီး အရောင်အဝါ ပျောက်ဆုံးနေသည့်တိုင်အောင် လူအုပ်ကလည်း ယခုလေးတွင် ပြသွားခဲ့သော နတ်စွမ်းအားကို မြင်လိုက်ပြီးသား ဖြစ်သည်။ ခရမ်းရောင် လျှပ်စီးများက ထွက်ပေါ်လာနိုင်စေပြီး မိုးခြိမ်းသံကိုလည်း ထုတ်ဖော်ပေးနိုင်သည်။ ယဲ့ဖန်း၏ လက်ထဲတွင် ကိုင်ထားသော ထိုအရာက ကြောက်စရာ အလွန်ကောင်းသည်။
” လီကျန်းချင်က စကားကို အဆင်ခြင်မဲ့ ပြောခဲ့ပြီး အခြားသူအပေါ် မြှောက်ပေးသလို ဖြစ်သွားခဲ့တယ် .. ။ ဒီကိစ္စက တကယ်ကို သဘောမကျစရာဘဲ။ ဒါပေမဲ့ ယဲ့ဖန်း မင်းက သူ့ရဲ့ အသက်ကယ် ပစ္စည်းကို ယူသွားတာကတော့ လွန်လွန်းအားကြီးသွားပြီ။ ”
လျိုယွမ်ကျစ်က ရှေ့တက်လာသည်။ သူ၏ လက်ထဲတွင်လည်း ဗာဂျာရာ ငရုတ်ကျည်ပွေ့ကို ကိုင်ထားသည်။ ထိုအရာက မျက်စိကျိန်းလျက် တောက်ပနေပြီး လေးလံကာ သိပ်သည်းသည့် ခံစားချက်ကို ပေးသည်။ အရှိန်အဝါက အလွန်ထောင်လွှားသည်။
သူ၏ ဘေးနားတွင်လည်း အမျိုးသားတစ်ယောက် အမျိုးသမီးတစ်ယောက်ရှိသည်။ နှစ်ယောက်စလုံးကလည်း ဖန်းပေါ်ကို မလှုပ်ရှားနိုင်အောင် အစကတည်းက တားဆီးထားသည်။ ထိုတခဏတွင်လည်း သူတို့က လျိုယွမ်ကျစ်နှင့်အတူ ရှေ့သို့တက်လာကြသည်။
” ယဲ့ဖန်း နင် အရမ်းဒေါသထွက်နေမှန်း ငါ သိပါတယ်။ ဒီလိုကိစ္စတွေ ဖြစ်ပြီးတဲ့နောက်မှာ လူတိုင်းက ဒေါသ ထွက်ကြမှာဘဲ။ ဒါပေမဲ့ ငါတို့ ပိုပြီးသည်းခံသင့်တယ်။”
ထိုကျောင်းသူက တည်ငြိမ်စွာ ပြောသည်။ သူမက အကြောင်းပြချက် မှန်ကန်စွာ ပေးနိုင်ပြီး ရိုးသားမှန်ကန် ဖြောင့်မတ်လွန်းသူအလား ထင်ရသည်။ သူမက ဘက်မလိုက်သလို လူတစ်ယောက်လို ဆက်ပြောလိုက်သည်။
“ငါတို့အားလုံး သူ့ရဲ့ အသက်ကယ်အဆောင်ကို ဒီလိုအခြေနေမျိုးမှာ ယူသွားတာက ဘာဖြစ်လာနိုင်သလဲ သိထားကြတာဘဲ … နင် အရမ်းမလွန်ပါနဲ့။”
သူမ၏ လက်ထိပ်တွင် အရောင်လျော့ကျနေပြီဖြစ်သော ကြေးနီရောင်ခေါင်းလောင်း ရှိသည်။ ဖုန်ပေါင်းများစွာက ထိုခေါင်းလောင်းကို နှစ်ပေါင်းများစွာ အုပ်ထားလေပြီး မည်သည့်အလင်းမှ မရှိတော့ချေ။
ထို့ကြောင့် သာမန်ဆန်နေသော်လည်း အာရုံအစိုက်နိုင်ဆုံး ဖြစ်နေသည်။ သူမက စကားပြောချိန်တွင် သူမ၏ သွယ်လျားသောလက်က သတိလက်လွတ်လှုပ်ရှားသွားပြီး အလင်းတန်းများကို ထွက်လာစေပြန်သည်။
လျိုယွမ်ကျစ်၏ တစ်ဖက်မှ ကျောင်းသားကလည်း ဝင်ပြောသည်။
” ငါတို့အားလုံးမှာ ခွင့်လွှတ်ပေးနိုင်တဲ့ နှလုံးသားတွေ ထားသင့်တယ်။ ငါတို့အားလုံး လေးနှစ်လုံးလုံး အတူရှိလာခဲ့ကြတာဘဲ။ တစ်ချိန်ထဲမှာ မမြင်ရတဲ့ ကိစ္စတွေနဲ့ အလှဲအပြောင်းတွေလဲ ကြုံတွေနေကြရသေးတယ်။ ဒီတော့ တစ်လှေစီးသူ အချင်းချင်း ကူညီသင့်တယ်။ ဒီလို မပျော်ရွှင်တဲ့ ကိစ္စတွေကို မေ့ထားလိုက်ပြီး တယောက်နဲ့တယောက် ဒုက္ခမပေးကြရအောင်။ ယဲ့ဖန်း သူ့ရဲ့ အသက်ကယ်ပစ္စည်းကို ပြန်ပေးလိုက် .. ။ မင်းလည်း သူ့ကို မသေစေချင်ဘူး ဟုတ်လား။
သူ၏ ညာလက်ထဲတွင် ကိုင်ထားသော အရာက သံချေးတက်နေပြီဖြစ်သော အမွှေးတိုင်ခွက်ဖြစ်သည်။ လက်တစ်ဝါးစာ အရွယ်အစားရှိနေသည်။ ဘေးနားနံရံများကလည်း ကျိုးပဲ့နေပြီး ရိုးရှင်းကာ သာမန်ဆန်လွန်းသည်။
သူတို့သုံးယောက်က တူတူ ရပ်နေကြသည်။ ပို၍ဆိုးသည်မှာ သူတို့သုံးယောက်လုံးက ဂူဘုရားကျောင်းထဲမှ ပစ္စည်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် လက်ထဲတွင် တစ်ယောက်တစ်ခု ကိုင်ထားကြရာ သူတို့၏ စကားများက အလေးချိန် ပိုစီးနေသည်။
” ရှိန်း … ”
ဖန်းပေါ်က ချက်ချင်းလိုလို ရှေ့တက်လာပြီးနောက် သူ၏ မဟာမိုးသောက် မုန်တိုင်း ဂူဘုရား ဆိုသောဘုတ်ပြားလေးကို ပစ်ချကာပြောသည်။
” မင်းတို့ရဲ့ စကားလုံးတွေက အဆိုတော်တွေထက်တောင် နားထောင်ရကောင်းနေသေးတယ်။ မင်းတို့ရဲ့ အမှန်ကို အမှားဖြစ်အောင် ပြောတတ်တဲ့ စွမ်းရည်က တကယ်ကို အဆင့်မြင့်တယ်လို့ ငါ ပြောရမယ်။ အစပိုင်းကတည်းက ဘာဖြစ်ခဲ့လဲဆိုတာကို မင်းတို့နားလည်ထားပြီးသားပဲ .. ။ ဘယ်သူက ပိုပြီး ​ဖြောင့်မတ်သင့်တယ် ဆိုတာကို မင်းတို့က ပိုပြီးနားလည် ထားသင့်တယ်လို့ ထင်တယ်။ လီကျန်းချင်နဲ့ အခြားသူတွေက ယဲ့ဖန်းကို ဒုက္ခပေးဖို့ ကြိုးစားနေတာ ရှင်းလင်းနေတာဘဲ။ ဒါကို ဘယ်လိုများ ယဲ့ဖန်းက မစဥ်းစား မတွေးတော်တဲ့သူ ဖြစ်သွားရတာလဲ။ ဘယ်လို တွေးတောပြီးပြောနေခဲ့တာလဲ။ အဆုံးမှာတော့ ယဲ့ဖန်းကဘဲ မှားနေပြီပေါ့လေ ဟုတ်လား။ တစ်စုံတစ်ယောက်က သူကို သတ်ချင်တယ်။ ဒီတော့ ယဲ့ဖန်းက အဲ့ဒီလူ မှီခိုနေတဲ့အရာကို ယူလိုက်တယ်။ ဒါက ဘာများမှာနေလို့လဲ။ မင်း ပြောသလိုဆို ယဲ့ဖန်းကဘဲ ဗီလိန်ကောင်လိုလို ဖြစ်နေပြီ။ လီကျန်းချင်က ဘာမှ မမှားခဲ့ဘူးပေါ့လေ။ ဖြောင့်မတ်သလို ဟန်ဆောင်မနေ စမ်းပါနဲ့။ ငါ ရွံတယ်။”
ထိုအချိန်တွင် ဖန်းပေါ်၏ကိုယ်မှ တောက်ပနေသော အလင်းက မပျောက်ကွယ်သေးချေ။ ခမ်းနားသော မဟာမိုးသောက်မုန်တိုင်းဂူဘုရားဆိုသော စာသားကလည်း သူ၏ ခေါင်းအထက်တွင် တောက်ပကာ လွင့်မြောနေသေးသည်။ မိုးခြိမ်းသံလိုမျိုး ဗုဒ္ဓ၏ တရားရွတ်ဖတ်သံများကလည်း ထွက်ပေါ်လာနေသေးပေသည်။ ထိုအသံများကိုလည်း လူတိုင်းက ကြားနိုင်သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်က တောက်ပသော နေမင်းတစ်စင်းလို အလွန်အမင်း ခမ်းနားလွန်းနေသည်။
ထိုစကားများကို ပြောပြီးနောက် အမျိုးသားနှင့် အမျိုးသမီး၏ မျက်နှာအမူအရာက ပျက်ယွင်းသွားသည်။
” ငါတို့က ယဲ့ဖန်းက မှားတယ်လို့ မပြောပါဘူး။ ယဲ့ဖန်းက ငါတို့ရဲ့ ရင်းနှီးမှုကို ထောက်ထားပြီး လီဖန်းချင်ရဲ့ ပစ္စည်းကို မယူသွားဖို့ဘဲ မျှော်လင့်တာပါ။ ဒါက သူ့အတွက် သေရေးရှင်ရေးသမျှ အရေးပါတယ်။ ”
ထိုစကားက အရေးကြီးသောအချက်ကို သွယ်ဝိုက်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ သူတို့က ယဲ့ဖန်းက ယစ်ပုလ္လင်ပေါ်က အတွန်းချခံရ လုနီးပါးဖြစ်ပြီး မုန်တိုင်းကြောင့် လွှင့်ထွက်သွားမည့် စကားကို ချန်လပ်ထားခဲ့ပြီး ယဲ့ဖန်း၏ ယူဆောင်မှုကသာ အခြားသူ၏ အသက်ကိုယူနေခြင်း ဖြစ်ကြောင်းပြောနေခြင်းဖြစ်သည်။
စကားများကို နားထောင်ပြီးနောက် ယဲ့ဖန်းက တည်ငြိမ်စွာ ပြုံးလိုက်ကာ ​ပြောသည်။
” တကယ်တော့ မင်းတို့ စိုးရိမ်ဖို့ မလိုပါဘူး။ ငါကလည်း မင်းတို့နဲ့ မငြင်းချင်ဘူး။”
သူ၏ တစ်ကိုယ်လုံးကို ခမ်းနားသော အလင်းက လွှမ်းခြုံထားနေသေးပြီး ဝေဝါးကာ မြင့်မြတ်ခမ်းနားသည့် အရှိန်အဝါမျိုးကို ထုတ်ပေးနေသေးသည်။ သူ၏ ပတ်ဝန်းကျင် တစ်ခုလုံးက လူတိုင်းကလည်း ငြိမ်သက်အေးချမ်းပြီး ငြိမ်းအေးသွားစေသော ခံစားချက်မျိုးကို ရစေသည်။
“ဒါပေမဲ့ ငါ မင်းတို့ရဲ့စကားကို အမှန်ပြင်ပေးရမယ်။ လီကျန်းချင်နဲ့ အခြားသူတွေကဘဲ ငါ့ကို သတ်ဖို့ကြိုးစားခဲ့တာ။ ငါက မင်းတို့ပြောသလို သူ့ရဲ့အသက်ကို ယူချင်တာမဟုတ်ဘူး။ ဒီကိစ္စက ထင်သလောက် မဆိုးပါဘူး။”
ယဲ့ဖန်းက လျိုယွမ်ကျစ်ကို တစ်ချက်ကြည့်ပြီးနောက် ပြောသည်။
” ငါတို့တွေထဲမှာ ပစ္စည်းတွေ မရခဲ့တဲ့သူတွေ ရှိနေတာဘဲ။ ဒါမဲ့ သူတို့အသက်ရှင်နေသေးတာဘဲ မဟုတ်ဘူးလား။ ဘာလို့လဲ။ ဘာလို့လဲဆိုတော့ သိပ်မကြာခင်ကမှ စိတ်သဘောထား ကြီးမြတ်တဲ့သူတွေက သူတို့ရဲ့လက်ထဲက ​ပစ္စည်းတွေကို ဝေမျှကိုင်တွယ်ခိုင်းပေးလို့ဘဲ။ ငါက လီကျန်းချင် နွားသရေဗုံကို ဘာလို့ ယူသွားလဲဆိုတော့ သူ့ကို မှီခိုစရာ ပစ္စည်းမရှိစေချင်လို့ဘဲ။ သူက တစ်ခြားသူတွေကို လွှတ်ပြီး ငါ့ရဲ့ပစ္စည်းကို ခိုးခိုင်းတယ်။ သူက အခြားသူတွေကို ဒီလို ထပ်လုပ်နိုင်တယ်။ မင်းတို့တွေ သူ့ရဲ့ လုံခြုံရေးကို မစိုးရိမ်ပါနဲ့။ ငါတို့အားလုံးက အတန်းဖော်တွေဘဲ။ ငါတို့အားလုံး ကိုယ့်ရဲ့လက်ထဲက ပစ္စည်းကို အတူဝေမျှသုံး ရမှာပေါ့ မဟုတ်ဘူးလား။”
” ဒါမှ သူလည်း လုံခြုံလိမ့်မယ်။ ဒါပေါ့ မင်းတို့တွေကသာ မင်းတို့ရဲ့ ကြေးနီ ခေါင်းလောင်း၊ အမွှေးတိုင်ခွက်နဲ့ ဗာဂျာရာ ငရုတ်ကျည်ပွေ့တွေကို သူနဲ့မမျှပေးချင်ရင်လည်း သူ့ကို ငါ့ဘေးပို့လိုက် ငါက ဆက်ခံရေးကို တန်ဖိုးထားပါတယ်။”
ယဲ့ဖန်းက ကိစ္စ၏ ဇစ်မြစ်ကို ထုတ်ပြောလိုက်ပြီး လိုရင်းကို တိုက်ရိုက်ပြောသည်။ ထို့နောက် သူက ပစ္စည်းများကို မျှဝေသောအကြောင်းကို ထည့်ပြောလိုက်၏။ လူတိုင်းက သိပ်မကြာခင်ကမှ ကပ်ဘေးက လွတ်မြောက်အောင် သူက လူအများကို ထိုသို့ကိုင်တွယ်မျှဝေပေးမည် ဆိုသော ကိစ္စကို သတိရသွားကြသည်။ ထိုသို့ဖြင့် သူက လျိုယွမ်ကျစ်တို့၏ စကားများကို ပိတ်လိုက်နိုင်သည်။ အားလုံးက ဆွံ့အသွားကြသည်။
အရှေ့ဆုံးတွင် ရပ်နေသော ကျိုးရင်က ယဲ့ဖန်းကို ပစ္စည်း မယူသင့်ကြောင်းပြောသော်လည်း ကိစ္စတစ်ခုလုံးကို နားထောင်ကြည့်ပြီးနောက်တွင် ထင်မြင်ချက်ကို မပေးလာတော့ချေ။ ထိုအခါမှသာ သူက ဆက်ပြောလာတော့သည်။
” လီကျန်းချင်က တကယ်ကို မှားတယ်။ ဒါကြောင့် သူ့ကို ဒီလိုအပြစ်ပေးတာက မမှားပါဘူး။ ဒါပေမဲ့ ယဲ့ဖန်း မင်း နှစ်ခုလုံးကိုင်ထားတာကတော့ ဖြုန်းတီးလွန်းရာ မကျဘူးလား။ ဒီမှာလည်း ပစ္စည်းတစ်ခုမှ မပိုင်ဆိုင်ထားတဲ့ ကျောင်းသူကျောင်းသားတွေ ရှိနေသေးတယ်။”
ကျိုးရင်၏ မိသားစုက နောက်ခံရှိသည်။ ထို့ပြင် သူကဘယ်တော့အခါမှ မမောက်မာတက်ချေ။ သူက ပညာတတ် တစ်ယောက်ဖြစ်သလို စကားပြောရတာလည်း လွယ်သည်။
ထို့ကြောင့် သူက ပြဿနာ အရင်းအမြစ်ကို ပြောပြလာသောအခါ ဖန်းပေါ်က မျက်မှောင်ကြုံ့သော်လည်း ပြန်မငြင်းလိုက်ချေ။
“ငါကလည်း ငါရဲ့လက်ထဲက ကြေးနီရောင်မီးအိမ်ကို လူတိုင်းနှင့် ​မျှဝေဖို့ ဆန္ဒရှိပါတယ်။ အခု ငါက နွားသရေဗုံကို ယူလိုက်တယ်။ ဒါပေါ့ ဒီနယ်ပယ် အတွက်လည်း ငါ သေချာစဥ်းစားထားတာပေါ့။ ”
ယဲ့ဖန်းက ပြုံးပြီးနောက် သူ၏နောက်က ကျောင်းသားတစ်ယောက်ကို လက်ယမ်းပြသည်။
” ငါ ဒါကို ကျန်းကျစ်လင်ကို ပေးလိုက်မယ်။ အန္တရာယ်ရှိလာခဲ့ရင် အခြားသူတွေနဲ့ မင်းဘေးက လူတွေနဲ့ မျှဝေဖို့မမေ့နဲ့။”
ကျန်းကျစ်လင် အမည်ရသော ကျောင်းသားက ယဲ့ဖန်းနှင့် ဖန်းပေါ့တို့ အနားတွင် ရပ်နေခြင်းဖြစ်သည်။ သူတို့၏ ဆက်ဆံရေးက အရင်ထဲက ဘက်စ်စကပ်ဘော ကစားခင်ထဲက ရင်းနှီးခဲ့ခြင်း ဖြစ်သည်။ သူတို့က အခြားသူများထက် ပို၍ ရင်းနှီးသည်။ သူသ ဖန်းပေါ်နှင့်အတူ ရှေ့မထွက်ရပ်ခဲ့သော်လည်း ယဲ့ဖန်းဘက်မှ ဖြစ်ကြောင်း ရှင်းနေသည်။
ယဲ့ဖန်း၏ ဆုံးဖြတ်ချက်က ရုတ်တရက်ဆန်သည်။ ကျိုးရင်၏ နှုတ်ခမ်းက ငိုက်ကျသွားသော်လည်း စကားဆက်မပြောတော့ချေ။
လျိုယွမ်ကျစ်က ချက်ချင်း မျက်မှောင်ကြုံ့သည်။ သူ၏ဘေးဘက်မှ ကျောင်းသူတစ်ယောက်ကို လက်ညှိုးထိုးပြီး လှမ်းပြောသည်။
” ဒီနေရာမှာ ဂူဘုရားကျောင်းထဲမှာ ပစ္စည်းတွေရခဲ့တဲ့ ကျောင်းသားတွေ အများကြီးရှိတယ်။ ဒီလိုဆိုမှ ဘာပစ္စည်းမှ မပိုင်ဆိုင်ထားတဲ့ ကျောင်းသူတွေလည်း ရှိနေတာဘဲ မဟုတ်လား။ ဒီတော့ မင်း ကျောင်းသူကိုဘဲ ပေးသင့်တယ်လို့ ထင်တယ်။”
သူက ထိုသို့ပြောပြီးနောက် အနောက်ဘက်မှ ကျောင်းသူတစ်ယောက်ကို မျက်နှာရိပ် မျက်နှာကဲပြသည်။
ဖန်းပေါ်၏ မျက်နှာအမူအရာက ထစ်ငေါ့သလို ဖြစ်သွားပြီး ပြောသည်။
” အတန်းဖော်ကြားမှာ ကွာခြားချက် ဘယ်လိုရှိမှာလဲ။ နတ်ဘုရားတွေရဲ့ ပစ္စည်း အမွေအနစ်တွေကို ပိုင်ဆိုင်ထားရတဲ့ လူတိုင်းက အခြားသူတွေကို မျှဝေရမှာဘဲလေ။ ဒီတော့ ဘယ်သူ့ကိုပေးတယ်ဆိုတာ အရေးမကြီးပါဘူး။ မင်းက အခြားသူကို ကူညီချင်တာလား။”
ပိုင်ပိုင်နိုင်နိုင် စကားလုံးများကို ရွေးချယ်ကာ လစ်လျူရှုရန် ရွေးချယ်ပြီးနောက် တိုက်ခိုက်ရန် အာရုံစိုက်ထားသော်လည်း ဖန်းပေါ်က သူ့ဆေးသူ ပြန်ကျွေးလိုက်သည်။ မျက်နှာတွင် လှောင်ပြောင်သော အမူအရာမျိုးဖြင့် ရှိနေသော ကျောင်းသူက ဒေါသထွက်သွားရသည်။ သူမ၏ မျက်နှာက စိမ်းပြာရောင် သန်းလာကာပြောသည်။
” နင် ငါ့ရဲ့ ငါ့ရဲ့ဆိုလိုရင်းကို နားလည်မှု လွှဲနေတာဘဲ။”
ကျန်းကျစ်လင်က သဘာဝအလျှောက်ပင် အရှေ့သို့ တက်လာပြီး ယဲ့ဖန်းလက်ထဲမှ နွားသရေဗုံကို လှမ်းယူသည်။ ဤနေရာအတွင်းမှ မည်သူကမှ မည်သည့်စကားမှ ဆိုစရာ မလိုလောက်အောင် အချင်းချင်း နားလည်နိုင်ကြသည်။ ယဲ့ဖန်းက လျိုယွမ်ကျစ်တို့ကို လစ်လျူရှုလိုက်ပြီးနောက် ကျိုးရင်ကို ပြောသည်။
” ကျိုးရင် မင်း ဘယ်လိုထင်လဲ။”
” ငါ့မှာ ဘာထင်မြင်ချက်မှ မရှိဘူး။ ငါတို့အခု ဒုက္ခရောက်နေကြတယ်။ အချင်းချင်း ကူညီရမယ်။ ဒီတော့ နောက်ထပ် စိတ်ပျက်စရာကောင်းတဲ့အရာတွေ ဆက်မဖြစ်ရင် အကောင်းဆုံးဘဲ။”
ကျိုးရင်က ထိုစကားလုံးများကို တည်ငြိမ်စွာ ပြောပြီးနောက် ဆက်မပြောတော့ချေ။ ပတ်ဝန်းကျင်ရှိ ကျောင်းသူကျောင်းသားများကလည်း ဖြစ်ရပ်အားလုံးကို မြင်သောအခါ တူညီသော အတွေ့ကြုံကို ရလိုက်ကြသည်။ အရာအားလုံးက ငြိမ်းချမ်းနေသည်ဟု ထင်ရသော်လည်း မမြင်ရသော ကတောက်ကစ အခြေနေများက ရှိနေသေးသည် ဖြစ်သည်။ အရာအားလုံးကို ယဲ့ဖန်းက ခပ်အေးအေးဖြေရှင်းသွားသည်။
ထိုအချက်ပင် ယဲ့ဖန်းက ယခင်က ကျောင်းသားဘဝတွင်ပင် ပြောရဆိုရလွယ်ပြီး အမြဲတစေ အေးအေးချမ်းချမ်းနေတက်သူ ဖြစ်ကြောင်း သတိရသွားသည်။ သို့သော် သူ၏စွမ်းရည်ကို ပြရမည့် အချိန်ရောက်လာလျှင်လည်း သူက သတိလက်လွတ် မနေတ်ချေ။ သူက ဘယ်သောအခါမှ ပြဿနာမဖြစ်စေခဲ့ချေ။ သို့သော် ပြဿနာများကပင် သူ့ကိုလာရှာရန် ကြောက်လန့်တက်ကြသည်။
ဖန်းပေါ်က မိုးသောက်မုန်တိုင်း ဂူ ဘုရားကျောင်းကြေးနီရောင် ကျောက်ပြားကြီးကို ပြန်ကိုင်လျက် လျိုယွမ်ကျစ်တို့ဘက်ကို ကြည့်ကာ လှမ်းပြောလိုက်သည်။
” ယဲ့ဖန်းက အခြားသူတွေ သူ့ကို လာလုပ်တဲ့ကိစ္စကို ဂရုမစိုက်ပေမဲ့ ငါ ပြောရမဲ့ စကားတွေရှိတယ်။ ကောင်းကင်က လူတွေ ဘာလုပ်လဲဆိုတာကို ကြည့်နေတယ်။ ဒီလိုအခြေနေမျိုးမှာ ငါတို့နတ်ဘုရားတွေ ရှိတာကို မငြင်းနိုင်တော့ဘူး မဟုတ်လား။ ဒီတော့ လူတွေက ပိုပြီးတော့ ဖြောင့်မတ်မှန်ကန်နေသင့်တယ်။ နေ့အလင်းရောင်ကို မမြင်နိုင်လောက်တဲ့ အရာမျိုးတွေ မလုပ်မိစေနဲ့။”
ထိုစကားက သူ၏ရှေ့ရှိ အချို့သော မျက်နှာများကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။ ဘယ်သူကမှ စကား ပြန်မပြောကြတော့ချေ။ အကြောင်းမှာ သူပြောသောစကားက အကျိုးအကြောင်း သင့်လျော်နေသည်။
လျိုယွမ်ကျစ်က တည်ငြိမ်နေသော ရှေးဟောင်းရေတွင်းအလား ရှက်ရွံ့သွားသော မျက်နှာထားပင်မရှိဘဲ ခေါင်းလှန်ကြည့်ကာ ပြောသည်။
” စကားပြောတာ ကောင်းလိုက်တာ။ ငါတို့တွေ အနာဂတ်မှာ ဒီလိုမဖြစ်အောင် ရှောင်ရှားရမှာပေါ့။”
လင်းကျားနှင့် ဝမ်ကျစ်ဝမ်တို့က အနောက်ဘက်တွင် ရပ်နေခြင်းဖြစ်သည်။ အားလုံးက တည်ငြိမ်စွာ နေနေကြပြီး မည်သည့်စကားမျှ မပြောလာ​ကြချေ။ သူတို့က သူတို့၏ ထင်မြင်ချက်ကိုလည်း မပေးကြချေ။
ယခုမူ သူတို့က တစ်ယောက်ပြီးတစ်ယောက် ထပြောလာလေပြီ။
“မသာမယာ ဖြစ်စေတဲ့ အခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ ငါတို့ ကောင်းကောင်းဆွေးနွေးဖို့ လိုအပ်တယ်။
” အခုဘဲ ငါတို့တွေ ဂူဘုရားကျောင်းက ပစ္စည်းတွေ ပိုင်ဆိုင်ထားတဲ့သူတွေက အခြားသူကို ဘယ်လိုကူညီသင့်သလဲဆိုတာကို ဆုံးဖြတ်ခဲ့တယ်။ တယောက်ကို လူ ဘယ်လောက်များများ ကူညီသင့်သလဲဆိုတာကို ရောဘဲ။”
လီရှောင်းမန်က အစမှအဆုံး မည်သည့်စကားမှ မ​ပြောတော့ချေ။ သိပ်မဝေးသောနေရာမှ ယဲ့ဖန်းက ကြည့်နေပြီး သူက အရာအားလုံးကို တည်ငြိမ်စွာ ဖြေရှင်းနိုင်ကြောင်း မြင်နေရသည်။ သူမ၏ မျက်ဝန်းများက တည်ငြိမ်နေသည်။ သူမက မည်သည့်အရာကိုမှ ထုတ်ဖော် မပြောချေ။ ထို့ပြင် ကူလည်း မကူညီခဲ့ချေ။
သူမ၏ ဘေးမှ ခါသဲ့၏ မန်းဒရင်း ( နိုင်ငံစုံသုံး တရုတ်စကား ) အပေါ် နားလည်နိုင်စွမ်းက အလွန်သာမန်ကျသည် ဖြစ်ကြောင်းကို သူမက ယခုမှ နားလည်သွားသည်။ ထိုနိုင်ငံခြားသားကမူ လျှို့ဝှက်စွာဖြင့် ဆွံ့အနေသည်။
” ဘန်း …။ ”
ရုတ်တရက် ကွဲအက်သွားသော အသံက ထွက်လာသည်။ လူတိုင်းက အံ့ဩသွားသည်။ အလင်းကာက ထိုးဖောက်ခံလိုက်ရပြီး တစ်စုံတစ်ရာက ထိုးဖောက်ဝင်ရောက်လာသည်။ လူတိုင်းကမူ အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ထိုအခါ အလွန်အမင်း လျင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာသော အနက်ရောင်အလင်း တစ်ခုကိုသာ မြင်လိုက်ရသည်။ ထို့နောက် ထိတ်လန့်သံနှင့်အတူ ကျောင်းသားတစ်ယောက်၏ နဖူးထက်ကို ဝင်ဖောက်သွားသည်။ သွေးများက ချက်ချင်းပန်းထွက်သွားပြီး မျက်လုံးအပြူးသား​ ဖြစ်သွားသည်။ သူက ထိုသို့ဖြင့် မြေပြင်ပေါ် ပက်လက်လှန် လဲကျသွားတော့သည်။ ထို့နောက် အသံမထွက်နိုင်တော့ချေ။
အလင်းကာကြောင့်သာ မဟုတ်လျှင် ထိုကြောက်သရာကောင်းသော အရာက တိတ်တဆိတ်သာ လှုပ်ရှားသွားပေမည်။ ထိုကြောင့် ဘယ်သူကမှလည်း သတိမထားမိကြချေ။ ထိုသို့​ဖြင့် လူအနည်းစုက ချက်ချင်း တိုက်ခိုက်ခံလိုက်ရပြီး သေသွားလောက်လေပြီ။ ထို့ပြင် လူတိုင်းက ကျောစိမ့်သွားကြသည်။
အမှောင်ထုထဲတွင် ပုန်းအောင်းနေသော အနက်ရောင်အလင်းကို တွေးကြည့်မိသောအခါ လူတိုင်းက ထိတ်လန့်သွားကြသည်။ ထိုအရာမျိုးကို လှမ်းမြင်ရန် ခက်ခဲလွန်းလှသည်။
ထိုအနက်ရောင် အရိပ်ကြီးက မြင်းရထားပိုင်ရှင်နှင့် တူသည်။
ထို့နောက် ကြောက်လန့်တကြား အော်ဟစ်သံများက ဆက်တိုက် ထွက်ပေါ်လာပြီး ယဇ် ပုလ္လင်တစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။ နတ်ဘုရား၏ အမွေအနစ်ကို မပိုင်ဆိုင်ထားသောလူများက လျိုယွမ်ကျစ်၊ ကျိုးရင်၊ ဝမ်ကျစ်ဝမ်တို့ထံ ခုန်အုပ်လာသည်။ သူတို့က ပစ္စည်းများကို လှမ်းကိုင်ကြပြီး မလွှတ်ပေးချင်ကြတော့ချေ။
” ဝေါင်း … ”
ရုတ်တရက် မုန်တိုင်းထဲမှ အရိုးစိမ့်တက်လောက်စေသော အော်သံကြီးက ထွက်ပေါ်လာသည်။ မြေကမ္ဘာကွဲအက်သွားသလို ကျယ်လောင်သော အသံကြီးက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် သဲမုန်တိုင်းကိုပင် ဖိနှိပ်လိုက်နိုင်သည်။
” ဒါက ဂူဘုရားကျောင်းဘက်က အသံဘဲ။ ”
ထိုအခါ လူတိုင်း၏ မျက်နှာက ဖြူဖျော့သွားကြသည်။ သူတို့က အသံလာရာဘက်ကို ပြောနိုင်သည်။ သူတို့က မိုးသောက်မုန်တိုင်း ဂူ ဘုရားကျောင်း ဖြစ်သည်။
” ဂူ ဘုရားကျောင်းက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ ဂူ ဘုရားကျောင်းအောက်မှာ တစ်ခုခုများ ရှိနေတာလား။ ”
ဖန်းပေါ်က ထိုသို့ပြောလိုက်သည်နှင့် လူတိုင်း၏ ဦးခေါင်းခွံက ကျိန်းစပ်သွားကြပြီး အလွန်ထိတ်လန့်သွားကြသည်။

အပိုင်း (၁၉) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset