အပိုင်း – ၁၈
ယဲ့ဖန်က သူ၏ ဘယ်ဘက်ဖြင့် ရှေးဟောင်းကြေးနီရောင်မီးအိမ်ကို ကိုင်ပြီးနောက် ချက်ချင်းလိုလို နောက်ဆုတ်လိုက်သည်။ ကျန်လက်တစ်ဖက်ကမူ ထိုကျောင်းသား၏ အကျီကော်လံကို ဆွဲကိုင်ပြီးနောက် မြေပြင်မှ အပေါ်သို့ မြှောက်တက်လုနီးပါ မြှောက်လိုက်သည်။
ဘေးဘက်တွင် ရှိသော ဖန်းပေါ်က အလွန်ဒေါသထွက်သွားသည်။ သူက အော်သည်။
“မင်း နှလုံးသားမဲ့တဲ့ မျိုးမစစ်ကောင်။ မင်းက ကျေးဇူးမသိတက်တဲ့ မျိုးမစစ်ဘဲ။ ငါတို့ ခုလေးတင် မင်းကို ကြေးနီရောင်မီးအိမ်နဲ့ မျှပေးထားတာကို မေ့သွားပြီလား။ မင်းရဲ့အသက်ကို ဘယ်သူက ကာကွယ်ပေးခဲ့တာလဲ။ မင်းကို ဘယ်သူက ဒီနေရာကို လုံလုံခြုံခြုံနဲ့ ရောက်အောင် လုပ်ပေးခဲ့တာဘဲ။ ”
ဖန်းပေါ်က လက်ဆန့်ပြီးနောက် ထိုကျောင်းသား၏ အင်္ကျီကော်လံကို လှမ်းဆွဲသည်။ သူက ယဇ် ပုလ္လင်ပေါ်က သူ့ကို တိုက်ရိုက်ပစ်ချ လိုက်ချင်သည်။ ထိုမြင်ကွင်းက အလွန်ဒေါသထွက်စေသော ကိစ္စဖြစ်သည်။
” အဟွတ်…”
ကျောင်းသား၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက လက်တစ်ဖက်ဖြင့် သူ့ကို ဖမ်းကိုင်ထားသော ယဲ့ဖန်း၏ လက်မှ ရုန်းကန်လိုက်သည်။ သို့သော် ယဲ့ဖန်း၏ လက်မှ မလွတ်မြောက်နိုင်ချေ။ ဖန်ပေါ်က သူကို လည်ပင်းမှ ဖမ်းမြှောက်လာသောအခါ သူက မေ့မြောလုနီးပါး ဖြစ်သွားသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်း၏ မျက်နှာထားက အမျိုးမျိုးဖြစ်နေသည်။ တချို့ကမူ ခပ်အေးအေး ဖြစ်နေကြသည်။ တချို့ကမူ တစ်စုံတစ်ယောက်က လှုပ်ရှားမည့် မျက်နှာထားဟန်များပြသည်။ ကံကောင်းစွာဖြင့် ပစ်မှတ်က ယဲ့ဖန်း ဖြစ်နေသည်။
“ကျေးဇူးမသိတက်တဲ့ မျိုးမစစ်။ မင်းမှာ အသိစိတ်ရော ရှိသေးရဲ့လား။ ယဲ့ဖန်းကသာ မင်းကို မကယ်ခဲ့ရင် မင်းအပြင်မှာ သေသွားတာ ကြာသွားလောက်ပြီ။
ဖန်းပေါ်က တွေးမိလေလေ ဒေါသထွက်လာလေလေ ဖြစ်လာသည်။ သူက နဂိုကတည်းက စိတ်ဆက်လွန်းသောသူ ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူကို ချက်ချင်း ဒီနေရာက လွှင့်ပစ်လိုက်ရုံပင်။ ယင်းက သူ၏ဒေါသကို မငြိမ်းစေနိုင်လောက်ဟု ခံစားရသည်။ ထို့ကြောင့် ဘယ်လက်ကိုမြှောက်ပြီး တစ်ဖက်လူ၏ ပါးကို လေးငါးကြိမ် ဖြတ်ရိုက်လိုက်သည်။
အနောက်က ကျောင်းသားတစ်ယောက် ရှေ့တက်လာပြီးနောက် ဖြောင်းဖြပေးရန် ကြိုးစားသည်။
” ငါတို့အားလုံးက လေးနှစ်တောင် အတန်းဖော်တွေ ဖြစ်ခဲ့ကြတာဘဲ။ ဒီလို မလုပ်ပါနဲ့ ဖန်းပေါ် လွှတ်ပေးလိုက်။”
ဖန်းပေါ်က ထိုကောင်လေးကို ကြည့်ကာ ပြေသည်။
” မင်းတို့ လွှတ်ပေးစေချင်တိုင်း ငါက လွှတ်ပေးရမယ်လို့ မင်းက ထင်နေလား။ ဒီကောင် ယဲ့ဖန်းကို သတ်ဖို့ကြိုးစားတာကို မင်း မမြင်ဘူးလား။ ယဲ့ဖန်းကသာ တုန့်ပြန်မှု မြန်လို့ မဟုတ်ရင် သူက ယဇ် ပုလ္လင်ပေါ်က ပြုတ်ကျသွားတာ ကြာလောက်ပြီ။ ငါတို့က ဘာလို့ ဒီလို ကြောက်စရာကောင်းတဲ့ အကျင့်ယုတ်ရဲ့ မျိုးမစစ်ကောင်ကို လွှတ်ပေးရမှာလဲ။ ”
” ငါတို့ အားလုံးက တစ်နေရာထဲက လာတာဘဲ။ တစ်လှေထဲစီး တစ်ခရီးထဲ သွားနေတာလည်း ဟုတ်တယ်။ ငါတို့ ကိစ္စတွေကို ဖြည်းဖြည်းချင်း ပြောလို့ရပါတယ်။ သူ့ကို အရင်ဆုံး လွတ်ပေးလိုက်ပါ။ ”
အခြားသော ကျောင်းသားတစ်ယောက်က ရှေ့သို့ရောက်လာကာ ပြန်ဖြေပြန်သည်။ ဖန်းပေါ်ကလည်း ထိုလူက လျိုယွမ်ကျစ်နှင့်အတူ ရပ်နေသော သူများထဲက တစ်ယောက်ဖြစ်ကြောင်း မြင်လိုက်သည်။ သူတို့က ယခုလို ခွဲနေသည့်တိုင်အောင် ထိုနှစ်ယောက်လုံးက တစ်လှေထဲစီးသမားများ ဖြစ်သည်။
ပို၍ဆိုးသည်မှာ သူဖမ်းထားသော ကျောင်းသားကလည်း သူတို့နှင့်အတူ ရှိနေသော ကျောင်းသားဖြစ်သည်။ သူတို့က ပေါင်းကြံထားသည်ဟု ပြောရအောင် သက်သေမရှိသော်လည်း ဖန်ပေါ်ကမူ အကျိုးဆက်ကို ဂရုမစိုက်ချေ။ သူကို ဆုံးဖြတ်ပြီးလေပြီ။ တစ်ဖက်သူက ထိုသို့ ကြံစည်ခြင်း သက်သေရှိ မရှိကို ဂရုမစိုက်တော့ချေ။
” မင်းတို့ ပြောတော့လွယ်တယ်။ တစ်စုံတစ်ယောက်ကသာ မင်းကို သတ်ချင်ရင် မင်းက ဒီလို တည်ငြိမ်နေနိုင်ဦးမှာလား။ ငါက မင်းကို ယဇ် ပုလ္လင်ပေါ်က တွန်းချပြီး ကြည့်မယ်လေ ဘယ်လိုလဲ။”
ဖန်းပေါ်က ပြောလေလေ ဒေါသထွက်လေ ဖြစ်လာသည်။ ထို့နောက် တဖျန်းဖျန်း အသံများနှင့် သူက ချင်လဲ့၏ ပါးကို ဆက်တိုက် ဖြတ်ရိုက်နေသည်။
“သူ့ကို မသတ်နဲ့။ ငါတို့တွေ သေချာ ပြောလို့ရနေတာဘဲ။ အရင်ဆုံး သူ့ကို ချလိုက်ပါဦ။ ငါတို့ သူကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာကို စဥ်းစားရအောင်။”
ကျောင်းသူတစ်ယောက်က ဝင်ပြောသည်။ သူမက လျိုယွမ်ကျစ်ကို ကြည့်လိုက်သည်။
ဒီဖြစ်စဥ် အတောအတွင်း လျိုယွမ်ကျစ်က အလွန်တည်ငြိမ်နေသည်။ သူက ရှေ့ဆက်ပြီး ဖြောင်းဖြခြင်း မပြုသလို ထင်မြင်ချက်ကိုလည်း မပေးနိုင်ချေ။ ထိုကိစ္စက ဘယ်သူမှ မပတ်သက်သလို ဒီတိုင်းသာ ပွဲကြည့်သူ လုပ်နေသည်။
ယဲ့ဖန်းက လူတိုင်း၏ မျက်နှာထားတိုင်းကို မြင်သည်။ သူက လျိုယွမ်ကျစ်ကို ထွက်လာအောင် မြှားနိုင်ကြောင်း မြင်သောအခါ ဖန်းပေါ်ကို တားပြီးပြောလိုက်သည်။
” လွတ်ပေးလိုက်ပါ။”
” ကောင်းပြီလေ။ အရင်လွတ်လိုက်။”
“ဟုတ်တယ် ဟုတ်တယ်။ သူကို လွှတ်ပေးလိုက်။ အတန်းဖော်ချင်းချင်း မဖြေရှင်းနိုင်စရာ မရှိပါဘူး။ အရင်ဆုံး လွှတ်ပေးလိုက်ပါ။”
ကျောင်းသားနှစ်ယောက်နှင့် ကျောင်းသူတစ်ယောက်ကလည်း ဝင်ပြောလာသည်။ တစ်ချိန်ထဲတွင်ပင် ယဲ့ဖန်းကိုယ်တိုင်က ဝင်ပြောလာသဖြင့် သူတို့အားလုံးကလည်း ဆက်လက်ပြီး ဖြောင်းဖြတော့သည်။
” ငါတို့ အခုချိန်ထိ ဘောင်မကျော် မသေးဘူးလို့ မင်းတို့ မထင်ဘူးလား။ ”
ဖန်းပေါ်က လျိုယွမ်ကျစ် နှင့်အတူရှိနေသော ကျောင်းသားကို ကြည့်ပြီးနောက် ပြောသည်။
သူက ယဲ့ဖန်းကိုတောင် သတ်မလို ဖြစ်ခဲ့တာ။ ဒါကို မင်းက သူ့အတွက် အကြောင်းပြချက်ပေး နေတုန်းဘဲလား။
သို့ရာတွင် ဖန်းပေါ်က ပြဿနာ ဆက်မရှာချေ။ ယဲ့ဖန်းက အချက်ပြကတည်းက သူက လွတ်ပေးလိုက်သည်။ သို့ရာတွင် ဖန်းပေါ်က လွတ်ပေးလိုက်ပြီး ယဲ့ဖန်းက မလွတ်ပေးခဲ့ချေ။ သူက ထိုကျောင်းသား၏ ကော်လံကို လက်တစ်ဖက်ဖြင့် ကိုင်ပြီးနောက် ကိုင်မြှောက်လုနီးပါး လုပ်လိုက်သည်။ သူက ယဇ် ပုလ္လင်၏ အစွန်းနားသို့ ရောက်သွားသည်။ တစ်ချက်ကြည့်ယုံဖြင့်ပင် သူက ကျောင်းသားကို လွတ်ချတော့မည့် ပုံစံနှင့် တူနေသည်။
လူတိုင်းက ကြောင်သွားသည်။ မည်သူကမှ ယဲ့ဖန်းက ထိုသို့လုပ်မည် မထင်ထားချေ။ တစ်ချိန်ထဲတွင်ပင် ယဲ့ဖန်း၏ အင်အားကိုလည်း အံ့ဩသွားရသည်။ သူတို့က မနေနိုင်ဘဲ ကျောင်းတွင်းရှိ ယဲ့ဖန်းနှင့် ပတ်သက်သော ပုံရိပ်များကို မှတ်မိသွားကြသည်။
ဘက်စ်စကပ်ဘောကွင်း ထဲတွင်ဆိုလျှင် သူ့ကို လူထွားကြီးဟုပင် နာမည်ပြောင်ခေါ်ကြသည်။ သူက ညင်သာသိမ်းမွှေ့ပြီး နူးညံ့ကာ အားနည်းသည့် ပုံစံထင်ရသော်လည်း သူ၏ ခန္ဓာကိုယ်ကမူ အလွန်အင်အားကြီးမားသည်။ သူ၏ ခွန်အားကလည်း မှင်တက်ဖွယ် ကောင်းသည်။ တစ်ဖက်မှ လူတစ်ယောက်ကို အကောင်တစ်ကောင်လို ကိုင်မြှောက်လိုက်ခြင်းအား ကြည့်ယုံဖြင့်ပင် သိနိုင်သည်။
” အရင်က ငါ မင်းရဲ့ အသက်ကို ကယ်ခဲ့တယ်။ အခုဘာလို့ ငါ့ကိုဒုက္ခ ပေးချင်ရတာလဲ။ ”
ယဲ့ဖန်းက ထိုကျောင်းသားကို လက်တစ်ဖက်ထဲဖြင့် ကိုင်မြှောက်လျက် နံရံအစွန်းနားသို့ တွန်းပို့ထားပြီးနောက် အချိန်မရွေး လွှတ်ချနိုင်ရန် ပြင်ဆင်ထားသည်။ တစ်ဖက်က အကာကွယ်လွှာတွင် ခြေတစ်လှမ်းလောက်သာ ဝေးကွာတော့ခြင်း ဖြစ်သည်။
ထိုကျောင်းသားက အလွန်ပင် ထိတ်လန့်သွားပြီး အော်သည်။
” ငါ့ကို မတွန်းချပါနဲ့။ ငါက ဝံပုလွေတစ်ကောင်ပါ။ ခွေးတစ်ကောင်ပါ။ ငါက လောဘကြောင့် ကန်းသွားတာပါ။ ငါအတွက် ဘာက ကောင်းမှန်း မသိခဲ့ပါဘူး။ ငါ့ကို လွှတ်ပေးပါ။ ငါ ထပ်ပြီး မလုပ်ရဲတော့ပါဘူး။ ”
ယဲ့ဖန်းက ပြုံးလိုက်သည်။ သူ၏သွားဖြူဖြူ များကပင် ပေါ်လာသည်။ သူက အလွန်တောက်ပကာ ကြည့်ကောင်းလွန်းသည်။
” လူတွေက ဘာဘဲလုပ်လုပ် သူတို့မှာ ရည်ရွယ်ချက်ရှိတယ်။ မင်း ဘာလို့ မပြောချင်ရတာလဲ။ မင်းက ဒီမုန်တိုင်းထဲလွင့်ပြီး ကောင်းကင်ထဲ မဖြတ်သန်းချင်ဘူးလို့ ငါ ယုံတယ်။ ”
ထိုသို့ပြောပြီးနောက် လက်တစ်ဖက်ဖြင့် ထပ်ဖိလိုက်ကာ ယဇ် ပုလ္လင် အပြင်သို့ တွန်းလိုက်သည်။
” ကယ်ကြပါ။”
ထိုကျောင်းသားက အသားကုန်အောင်သည်။ သူက အလွန်ကြောက်လန့် နေပြီဖြစ်သည်။
” ငါ့ကို ကယ်ပေးပါ။ ငါ ပြောမယ်။ ငါ ပြောမယ်။ အရာအားလုံး ပြောပြပါ့မယ်။”
ထိုသို့ လွတ်လပ်သော တိုင်းပြည်တစ်ခုမှ ပြည်သားတစ်ယောက်အနေဖြင့် သူအနေနှင့် ထိုသို့သော ထိတ်လန့်ခြောက်ခြားဖွယ် ကိစ္စမျိုးကို မကြုံဖူးခဲ့ချေ။
ထိုသို့သော ကျောင်းသားကို မြင်ရသည်မှာ လဲကျလုနီးပါး ဖြစ်နေသည်။ နီးကပ်လွန်းနေသော မုန်တိုင်းနှင့် မျက်နှာချင်း ဆိုင်ထားရသည်မှာ သူ၏မျက်နှာက အလွန်ဖြူဖျော့နေပြီး သွေးပင် မရှိတော့ချေ။
” ဒါက မဟုတ်သေးဘူး။ ယဲ့ဖန်း ဒါက အန္တရာယ်များလွန်းတယ်။”
” အရာအားလုံးကို ဆွေးနွေးလို့ ရနေတာဘဲ။ အတန်းဖော်ရဲ့ ရင်းနှီးမှုကို ဒီလိုနဲ့ ဖျက်ဆီးတော့မှာလား။ လူတစ်ယောက် ထပ်သေသွားရင် မကောင်းဘူးနော်။ ”
တူညီသော ကျောင်းသူ ကျောင်းသားများက သူ့ကို ဆက်လက်ပြီး ဖြောင့်ဖြနေကြသည်။ သူတို့က တဖြည်းဖြည်းဆိုသလို နီးကပ်လာသည်။
” ဝုန်း …။ ”
ဖန်းပေါ်က ရုတ်တရက် မဟာမိုးသောက်မုန်တိုင်းဘုရားကျောင်းထဲမှ သူ ကိုင်လာသည့် ကြေးနီရောင်ကျောက်ပြားကြီးကို ဗုန်းခနဲ ပစ်ချလိုက်သည်။ ထိုကြေးနီရောင် ကျောက်ပြားကြီးက လူ၏အရပ် တစ်ဝက်ခန့် မြင့်သည်။ သူက ထိုလူများကို စိုက်ကြည့်ပြီးနောက် နောက်ပြန်ဆုတ်သွားစေလိုက်သည်။
ယဲ့ဖန်းက တစ်ဖက်လည့်ကြည့်လိုက်ပြီး နွေးထွေးစွာ ပြုံးပြကာ ပြောသည်။
“ကောင်းပြီလေ သူက ငါ့ကို အကြောင်းပြချက် ပြောပြဖို့ ဆန္ဒရှိနေတယ်။ ဒီတော့ ငါဘာများ အမှားလုပ်မိလဲလို့ ကြားကြည့်ရအောင်။ ငါသူနဲ့လည်း ဘာရန်ငြိုးမှ မရှိဘူး။ ဒီတော့ မင်းတို့တွေ စိတ်အေးအေးထားကြပါ။ ”
သူက နောက်ပြန်လည့်ပြီးနောက် အစွန်နားသို့ တွန်းပို့ခံလိုက်ရသော ကျောင်းသားကို ကြည့်လိုက်သည်။ သို့သော် သူ့အကြည့်က ချက်ချင်း ခက်ထန်သွားသည်။ အခြားသူများကသာ ဘာမှမပြောလျှင် သူက တိုက်ရိုက်တွန်းချ ပစ်ရမည်ဆိုလျှင်လည်း ပြဿနာမရှိချေ။ ထိုစကားကို ယဲ့ဖန်းက မျက်လုံးဖြင့် ပို့လွှတ်လိုက်သည်။
” ငါ ရှေးဟောင်း ဂူ ဘုရားကျောင်းထဲမှ ဘာမှမရခဲ့ဘူး။ ငါ့မှာ နတ်ဘုရားရဲ့ ပစ္စည်းမရှိဘူး။ ငါ ခြိမ်းခြောက်သလို ခံစားရတယ်။ အဲ့ကြောင့် ငါ လောဘကြီးသွားတာပါ။ ငါက ဝံပုလွေကောင်ပါ။”
သူက ပြောပြီးနောက် ကိုယ့်ပါးစပ်ကို ဖျတ်ရိုက်သည်။
ယဲ့ဖန်းက မည်သည့်စကားမှမဆိုဘဲ တိုက်ရိုက်ပင် သူ့ကို တွန်းသည်။ သူ၏ ခန္ဓာကိုယ် တစ်ဝက်က ရုတ်တရက်ပင် လေထဲသို့ တွဲလျားဖြစ်သွားပြီး အလင်းအကာအကွယ်လွှာကိုပင် ထိလုနီးပါး ဖြစ်သွားသည်။
” မဟုတ်ဘူး။ ကယ်ကြပါ။”
ထိုကျောင်းသားက ကြောက်လန့်တကြီး အော်သည်။
” လီချန်းချင်က ငါ့ကို ဒီအကြံပေးတာဘဲ။”
ယဲ့ဖန်းက သူ့ကို ပြန်ဆွဲခေါ်သည်။ သူက သတ္တိကြောင်သော ပျော့ခွေနေသည့် လူများကို ဂရုမစိုက်ချေ။ ထိုကဲ့သို့သော လူမျိုးက ဘာမှလုပ်နိုင်မည်မဟုတ်ချေ။ သူ့ကို ခြိမ်းခြောက်နိုင်မည်လည်း မဟုတ်ချေ။ သူက လူတိုင်း၏ ရှေ့တွင် ထိုလူကိုသာ တွန်းချလိုက်လေရာ အခြားသော ကျောင်းသူကျောင်းသားများက သူ့ကို အမြင်ဆိုး ရှိသွားလိမ့်မည်။
သို့သော် သူတို့က အတန်းဖော် ဖြစ်နေလေသည်။ ထို့ကြောင့် အကျိုးအမြတ်က ဆုံးရှုံးမှုနှင့် ကာမိလိမ့်မည် မဟုတ်ချေ။ ယဲ့ဖန်းကလည်း တစ်ဖက်လူဆီမှ ရေသန့်ဗူးကို ယူလိုက်ပြီး ထိုလူ၏ ပုခုံးကို ဂုတ်ကဆွဲသည်။
” ငါတို့ အားလုံးက လေးနှစ်တာ အတန်းဖော်တွေ ဖြစ်ခဲ့တာ။ ငါတို့တွေ အနေနဲ့ ကြိုမမြင်နိုင်တဲ့ ကိစ္စတွေကိုတောင် တွေ့ကြုံခဲ့ရပြီးပြီ။ ဒီတော့ တစ်လှေထဲစီးတဲ့ သူတွေ အချင်းချင်း ကူညီတာ အကောင်းဆုံးဘဲ။”
” ဒါပေါ့ ဒါပေါ့”
ထိုကျောင်းသားက ပြန်လွတ်လပ်သွားသောအခါ သူလွတ်လပ်သွားပြီးသည့်တိုင်အောင် သူ၏ ခန္ဓာကိုယ်ကဆက်တိုက် တုန်ရီနေသေးသည်။ သူက တုန်ရီစွာပင် နောက်ဆုတ်သည်။ ထို့အချိန်တွင် ဖန်းပေါ်က အလွန်ဒေါသထွက်နေပြီးဖြစ်သည်။ သူက ကျောက်ပြားကြီးကို ကိုင်လျက် ရှေ့သို့တက်သွားပြီး လီကျန်းချင် အမည်ရသော ကျောင်းသားကို ရိုက်နှက်သည်။
” ဘန်း …။ ”
ဖန်းပေါ်က အရပ်ရှည်ပြီး သန်မာသည်။ သူက အလွန်အမင်း သန်မာသည်။ ကြေးနီရောင် ဘုတ်ပြားကြီးကို လက်ယမ်းပြီးနောက် လေဟာပြင်တွင် တစ်ဖက်လူကို မေ့မြောလုနီးပါး ရိုက်လိုက်နိုင်သည်။
” မင်းက ငါ့ကို ဆက်တိုက် ဆုံးမဩဝါဒတွေ ပြောနေတာ။ တကယ်တော့ မင်းက နောက်ကွယ်က ကောင်ကိုး။”
ဖန်းပေါ်က တစ်ဖက်သူ၏ ကိုယ်ပေါ်မှ ဘုတ်ပြားကို ဖိချထားပြီးသာ ပြောသည်။
” မင်းက လေးနှစ်တာ အတူရှိခဲ့တဲ့ အတန်းဖော်ကိုတောင် အကွက်ချရဲတယ်။ မင်းမှာ လူသားဆန်စိတ်ရော ရှိသေးရဲ့လား။ ”
သူက အလွန် ဒေါသထွက်နေသည်။ လီကျန်းချင်က လျိုယွမ်ကျစ်၏ နောက်လိုက်များထဲမှ တစ်ယောက်ဖြစ်သည်။ တစ်ဖက်သူက သူ့ကို ဖြောင်းဖြခဲ့သော သူလည်းဖြစ်သည်။
ယဲ့ဖန်းက အနားသို့ လျှောက်လာပြီးနောက် သဘာဝအလျှောက်ပင် လီချောင်းချင်၏ ကိုယ်ပေါ်မှ ရေသန့်ဗူး ကို ယူသည်။ ထို့နောက် ဖန်းပေါ်၏ လက်ထဲသို့ ထည့်ပေးသည်။
သူက ဒုတမြောက် ရေသန့်ဗူးကို ယူလိုက်သောအခါ လူတိုင်း၏ မျက်နှာထားများက ရှုပ်ထွေးသွားကြသည်။ သူတို့ကသာ မားစ်ဂြိုလ်ပေါ်မှ မလွတ်မြောက်နိုင်လျှင် အနည်းငယ်ခန့် ကြာပြီးနောက် သူတို့တွင်ရှိသော ရေများက အဖိုးအတန်ဆုံးဖြစ်လာလိမ့်မည်။
ယဲ့ဖန်းကလည်း လီယွမ်ကျစ်ကို မဖော်ထုတ်နိုင်သေးသည့်အတွက် နောင်တရသွားသည်။ တစ်ဖက်လူက နောက်ကွယ်မှ လူဖြစ်ကြောင်း သိနေသည့်တိုင်အောင် သူတို့တွင် သက်သေမရှိချေ။ ထို့ပြင် လူတိုင်း၏ အရှေ့တွင်လည်း ဆက်ဆွဲထုတ်နိုင်ဦးမည်လည်းမဟုတ်ချေ။
လီကျန်းချင်က အလွန်ပင် ခေါင်းမာသည်။ ဖန်းပေါ်က သူ့ကို သင်ခန်းစာပေးနေခြင်းကို ခွင့်ပြုထားလိုက်ပြီး စကားတစ်ခွန်းမှ မဟချေ။ သူက သွေးပူပြီး ပြောချင်သောစကားကို လျှောက်ပြောနေကြောင်းကိုသာ ဝန်ခံခဲ့သည်။
ဖန်းပေါ်က တစ်ဖက်သူကို ယဇ်ပုလ္လင်ပေါ်မှ ချက်ချင်း လွှင့်ပစ်လိုက်ချင်သည်။ သို့ရာတွင် သူက ဒေါသကို ဖိနှိပ်လိုက်သည်။ အခြားသော ကျောင်းသူကျောင်းသားများ၏ ခံစားချက်ကို ထည့်တွက်ရန် လိုအပ်နေသေးသည်။
သို့ရာတွင် သူတို့ကြားမှ ငြိမ်းချမ်းသော ဆက်ဆံရေးက ကြာရှည်တော့မည် မဟုတ်ချေ။
နောက်ထပ် ရှင်သန်ကျော်လွှားရမည့် ကပ်ဘေးတစ်ခုရှိနေလျှင် ထိုဆက်ဆံရေးက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားမည့် အရေးကိုသာ စိုးရိမ်နေမိသည်။ အချို့သူများကမူ အစကတည်းက သူတို့၏ နှလုံးသားကို မရပ်မနား လှုပ်ရှားထားခဲ့ခြင်းကြောင့် ဖြစ်သည်။
ယဲ့ဖန်းက ဒေါသမထွက်ဘဲ လီကျန်းချင်ကို ပြုံးပြကာ ကြည့်သည်။
” တစ်ခါတစ်လေ လူတွေက အရမ်း ရှုပ်ထွေးတယ်။ အချို့အရာတွေကို ထိန်းချုပ်လို့ မရဘူး။ ဒါပေမဲ့ နားလည်စိတ်ရှိတာ အကောင်းဆုံးဘဲ။ အခြားသူတွေ အသုံးချတာကို မခံနဲ့။”
ထိုသို့ပြောပြီးနောက် သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး လီကျန်းချင်၏ခါးကို လှမ်းကိုင်လိုက်သည်။ သူ၏ပစ်မှတ်က နွားသရေ ဗုံ ဖြစ်သည်။ လီကျန်းချင်က ထိုပစ္စည်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
” မင်း ဘာလုပ်တာလဲ။ ”
လီကျန်းချင်က ပြင်းပြင်းထန်ထန် ရုန်းကန်သည်။ ဖန်းပေါ်က ရိုက်လိုက်ခြင်းကြောင့် မပြောင်းလဲသော သူ၏ မျက်နှာထားကပင် ပြောင်းလဲလာသည်။ သူက စတင် ထိတ်လန့်လာသည်။ သူက အင်အားများကို သုံးက ထိုပစ္စည်းကို ကာကွယ်ထားသည်။
သို့ရာတွင် သူ၏အပေါ်ပိုင်း ခန္ဓာကိုယ်ကို ဖန်းပေါ် ၏ ကြေးနီရောင် ဘုတ်ပြားကြီးက ဖိချထားသေးရာ ခန္ဓာကိုယ် အင်အားအများစုက မသုံးနိုင်ချေ။
” ဗုန်း … ”
ရုတ်တရက် လီကျန်းချင်၏ ကိုယ်မှ နွားသရေဗုံက ဖျော့တော့သော မိုးခြိမ်းသံကို ထုတ်လွှင့်လိုက်ပြီး အစိမ်းရောင် အလင်းတန်းများက မိုးကြိုးများ ကခုန်နေသလို ထုတ်လွှင့်လာသည်။
ယင်းက မိုးကြိုးနတ်ဘုရား၏ နတ်ဘုံတမျှ တောက်ပနေပြီး ငြီးသံနဲ့တုန်ခါသံကိုပင် ထုတ်လွှင့်နေသေးသည်။ ထို့နောက် ပို၍ ကျယ်လောင်သော အသံများကို ထုတ်လွှင့်လာပြီး ခရမ်းရောင်အလင်းက လီကျန်းချင်ကို တဖြည်းဖြည်း ရစ်ခွေရာမှ လီကျန်းချင်ကို ကာကွယ်ပေးထားသည်။
ထိုနေရာက အလွန်တောက်ပပြီး ခမ်းနားလွန်းနေသည်မှာ ကြီးမားသော ခရမ်းရောင် ပိုးတုံးလုံးကြီးနှင့်ပင် တူသည်။ မျက်စိထဲတွင် တောက်ပသော အလင်းများကို လွှင့်ထုတ်နေလေပြီး ထိုယဇ်ပုလ္လင် တစ်ခုလုံကို တောက်ပနေလေသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းက အံ့ဩသွားကြသည်။ သူတို့၏ နားများကပင် အူထွက်လာသလို ခံစားရသည်။ တစ်ချို့သူများက ငြိမ်သက်အောင် မရပ်နိုင်ကြဘဲ လဲပြိုကျလုနီးပါး ဖြစ်သွားကြသည်။
တစ်ချိန်ထဲတွင် ဖန်းပေါ်၏ ဘုတ်ပြားကလည်း ထောင်ပေါင်းများစွာသော အလင်းများကို လွှင့်ထုတ်လာသည်။ ဗုံထိသံကဲ့သို့သော အသံများနှင့် အဖော်ပြုပြီး မိုးသောက်မုန်တိုင်းဂူဘုရားဟူသော စကာလုံးက ကောင်းကင်ပေါ်တွင် မြှောက်တက်သွားကာ ပူဇော်ရွတ်ဖတ်သံများကိုလည်း ထုတ်လွှင့်ပေးသည်။
ကြေးနီရောင် ဘုတ်ပြားမှ ထုတ်လွှင့်သော မှင်သက်ဖွယ်ကောင်းလွန်းသည့် အလင်းတန်းက ချက်ချင်းလိုလို ကြီးမားသော ခရမ်းရောင်ပိုးတုံးလုံးကို ဖိနှိပ်လိုက်နိုင်သည်။ ထိုနွားသရေဗုံမှ ထွက်လာသော အသံကပင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
တစ်ချိန်ထဲတွင် ယဲ့ဖန်း၏ လက်ထဲမှ ကြေးနီရောင်မီးအိမ်က ညင်သာသောအလင်းကို လွှင့်ထုတ်လာပြီး ချက်ချင်းပင် သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ မြင့်မြတ်ကာ သန့်စင်သော နတ်အလင်းက သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံပေးထားသည်။ သူက နတ်သံချပ်ကာကို ဝတ်ဆင်ထားသလို ဖြစ်လာသည်။
အလင်းတန်းက မျက်စိကျိန်းမတက် မတောက်ပချေ။ သို့သော် ညင်သာသိမ်မွှေ့သည်။ သို့ရာတွင် လူတိုင်းကမူ ထူးခြားသော ခံစားချက်ကို ရလိုက်ကြသည်။ အစစ်အမှန် နတ်ဘုရားတစ်ပါးက ထိုနေရာကို ရပ်နေသလိုမျိုး ခံစားချက်မျိုး ဖြစ်သည်။
မြင့်မြတ်ကာ သန့်စင်တောက်ပသည့် အလင်းတန်းက ယဲ့ဖန်း၏ ကိုယ်ပေါ် နတ်ဘုရားတစ်ပါး၏ အရှိန်အဝါများ လွှမ်းခြုံသလို ဖုံးလွမ်းသွားခြင်းဖြစ်သည်။ ယဲ့ဖန်းကိုပင် လူတိုင်းက ရိုကျိုးလာစေသလို ဖြစ်လာသည်။
နွားသရေဗုံက ထိုသို့ပင် ဖိနှိပ်ခံလိုက်ရပြီး ခရမ်းရောင် အလင်းကလည်း မှေးမှိန်သွားပြီး ပိုးတုံးလုံးကလည်း ပျောက်ကွယ်သွားသည်။ နွားသရေဗုံးက မှေးမှိန်ကာ ပျောက်ကွယ်သွားသည်။ ယဲ့ဖန်းက တည်ငြိမ်စွာဖြင့် လှမ်းယူလိုက်သည်။ သူက ယူလိုက်သည့်အချိန်တွင် မည်သည့်အရာကမှ သူ့ကို မတားနိုင်တော့ချ။
ထိုအချိန်တွင် သူက သက်ရှိနတ်ဘုရားလို ဖြစ်နေလေသည်။ မြင့်မြတ်သော အလင်းတန်းကို လွှင့်ထုတ်နေသော ကြေးနီရောင်မီးအိမ်ကြောင့် သူက အလွန်ပင် ခမ်းနားကြီးကျယ်မြင့်မြတ်နေသည်။
တစ်ချိန်ထဲတွင်ပင် ယခင်က ယဲ့ဖန်းနှင့် ဖန်းပေါ်ကို လျိုယွမ်ကျစ်၏ ဘေးမှကျောင်းသားကို လွှတ်ပေးရန် တောင်းဆိုသော လူအုပ်ကြီး၏ အနားမှကျောင်းသူတစ်ယောက်က သူမ၏ လက်ထဲမှ ပျက်စီးနေသော ခေါင်းလောင်းကို ကိုင်၍ အနားသို့ကပ်လာသည်။
” ယဲ့ဖန်း နင် လွန်လွန်းအားကြီးသွားပြီ။”
သိပ်မကြာခင် အခြားသော ကျောင်းသားတစ်ယောက်က ရှေ့တက်လာပြန်သည်။
” ငါတို့က စည်းစည်းလုံးလုံး နေသင့်တယ်။ ငါတို့က တစ်ဦးနဲ့တစ်ဦး ဒီလို ဒုက္ခပေးနေလို့ မရဘူး။ ပြီးတဲ့ကိစ္စတွေ ပြီးပါစေတော့။ မင်း အရမ်းကြီး မလွန်ကဲလာသင့်ဘူး။”
ထိုနှစ်ယောက်လုံးက လျိုယွမ်ကျစ် ဘက်မှလူဖြစ်ပြီး လီကျန်းချင်အတွက် ပြောပေးခြင်း ဖြစ်သည်။ သူတို့၏ ရပ်တည်မှုက ရှင်းလင်းသည်။
ထိုအချိန်တွင် သူတို့က ယဲ့ဖန်းကို နောက်တစ်ကြိမ် ပစ္စည်းတစ်ခုကို ရသွားစေသည်။ ထိုအချိန်တွင် တစ်ချိန်လုံး ငြိမ်တက်နေသော လျိုယွမ်ကျစ်ကပင် ရှေ့တက်လာသည်။ သူ၏လက်ထဲတွင် ဗာဂျာရာငရုတ်ကျည်ပွေ့က ရှိသည်။
“ယဲ့ဖန်း ပြီးတဲ့ကိစ္စတွေ ပြီးစေတော့။ သူက အခု မင်းကို မှားသွားတဲ့သူ ဆိုရင်တောင်မှ သူ့ကို ဒီလို အပြစ်မပေးသင့်ဘူး။ ဒါက သူ့ကို သေစေနိုင်တယ်။”
ယဲ့ဖန်း မမျှော်လင့်ထားသည်မှာ မည်သည့်အချိန်မှသာ ဝင်မပါခဲ့သော် ကျိုးရင်ကပင် ခရမ်းရွှေရောင်ရှိပြီး အနည်းငယ်မှေးမှိန်နေသည့် ခွက်ကြီးတစ်ခွက်ကို ကိုင်လျက် အနားသို့ကပ်လာကာ အကြံပေးသည်။
” ယဲ့ဖန်း … မင်း သူ့ရဲ့ ပစ္စည်းကို မယူသင့်ဘူး။ မင်းမှာ ကြေးနီရောင် မီးအိမ်ရှိနေပြီဘဲ။ နောက်ထပ် ပစ္စည်းတစ်ခုရှိတာက အသုံးမဝင်ပါဘူး။ သူကသာ အဲ့ဒီပစ္စည်းကို မရှိတော့ရင် ဘာမှန်းမသိတဲ့ အရာတစ်ခုရဲ့ သတ်ဖြတ်တာကို ခံရနိုင်တယ်။”
အပိုင်း (၁၈) ပြီး၏။