အပိုင်း – ၁၇
“အဲ့ဒါက ဘာလဲဆိုတာကို မင်း မြင်လိုက်လား။ ”
ဖန်းပေါ်က ဝင်မေးသည်။ သူကိုယ်တိုင်ကလည်း အဲ့ဒီရဲ့ အရင်းအမြစ်ကို ရှာတွေ့ချင်နေသည်။ သူက ပုံမှန်အားဖြင့် လွတ်လွတ်လပ်လပ် နေတတ်သော်လည်း ဒီလိုအရေးကြီးသော အချိန်မျိုးတွင် အလွန်တည်ငြိမ်တက်သည်။
“ငါ ဘာမှ မတွေ့ခဲ့ရဘူး။ ငါ ခံစားရတာက ငါ့ခန္ဓာကိုယ်ကို ကြောက်စရာကောင်းတဲ့ အရှိန်အဝါ တစ်ခုက လွှမ်းခြုံလိုက်တယ် ဆိုတာဘဲ။ နောက်တော့ ခေါင်းလောင်းက စတုန်ခါလာတော့တာ။ ”
ထိုအချိန်တွင် ဝမ်ကျစ်ဝမ်၏ တစ်ကိုယ်လုံးကို ရွှေရောင်အလင်းက လွှမ်းခြုံနေသေးသည်။ သို့သော် သူကမူ ကြောက်လန့်မှုကိုသာ ခံစားနေရသည်။
ထိုစကားများ ကြားပြီးနောက် ဘုရားကျောင်းထဲမှ ပစ္စည်းများ ပိုင်ဆိုင်ထားခဲ့သော လူတိုင်းကမူ သူတို့၏ လက်ထဲမှ ပစ္စည်းများကို ခပ်တင်းတင်း ဆုပ်ကိုင်ထားကြသည်။ ထိုအရာများက ထူးခြားကြောင်း သက်သေပြပြီးသား ဖြစ်သည်။ ထိုပစ္စည်းများကို နတ်ဘုရားများက အသုံးပြုခဲ့လောက်သည်။
ခေါင်းလောင်းကျိုးလေးက တုန်ခါနေခြင်းမှ ရပ်တန့်သွားပြီးနောက် သာယာသော ခေါင်းလောင်သံကလည်း ပျောက်ကွယ်သွားသည်။ တောက်လောင်နေသော ရွှေရောင်မီးတောက်ကလည်း ပျောက်ကွယ်သွားပြီး နဂိုတိုင်း ပြန်ဖြစ်သွားသည်။
” သွားကြစို့။ ငါတို့ ဒီနေရာက အမြန်ဆုံး ထွက်သွားရမယ်။”
ယဲ့ဖန်းက လက်ထဲတွင် ကြေးနီရောင်မီးအိမ်ကို ကိုင်ထားပြီး နတ်မီးရောင်ကို လွှင့်ထုတ်လျက် ငါးရောင်ခြယ် ယဇ်ပုလ္လင်ထံသို့ ဦးတည်သည်။
လူတိုင်းကလည်း အနောက်မှ အနီးကပ် လိုက်ကြသည်။ ဤကျယ်ပြောသော ကောင်းကင်နန်းတော် အပျက်စီးနယ်မြေ တောက်လျှောက်တွင် မိစ္ဆာ၊ နတ်ဆိုးများက ရှိနေလောက်သည်။ သူတို့က ဒီနေရာတွင် နောက်ထပ် ဆက်နေသမျှ အန္တရာယ်က ပိုများပေလိမ့်မည်။
” အား”
နောက်ထပ် အော်ဟစ်သံက ထွက်ပေါ်လာပြန်သည်။ သူတို့က ထိုနေရာ၏ အဆုံးသို့ ရောက်သွားချိန်တွင် ကျောင်းသားတစ်ယောက်က ကျောပေးလျက် လဲကျသွားသည်။ သူ၏ နဖူးအလယ်ကြားတွင်လည်း လက်တစ်ညှိုးစာ အရွယ်စားရှိသည့် အပေါက်တစ်ခု ရှိနေပြန်သည်။
လတ်ဆက်သော သွေးများကလည်း အထဲမှ စိမ့်ထွက်လာပြီး သူကလည်း တည်ငြိမ်သော ပုံစံဖြင့် သေသွားသည်။ သူက ထာဝရ တည်မြဲမည့် နောင်တနှင့် သေဆုံးသွားခြင်း ဖြစ်သည်။ သူ၏မျက်လုံးက ပြူးကျယ်နေပြီး မသေခင်က ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို တွေ့လိုက်ရသလိုမျိုး သူ၏မျက်နှာ အမူအရာက အလွန်ခြောက်ခြားဖွယ် ကောင်းလွန်းနေသည်။
ထိုတခဏတွင်ပင် လူတိုင်းက ကြောက်လန့်သွားကြသည်။ နောက်ထပ် ကျောင်းသားတစ်ယောက်က သေသွားပြန်လေပြီ။ သူတို့က ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်သည်။ ထို့ပြင် ဘာမှလည်း မလုပ်နိုင်ချေ။ မည်သူက သတ်သွားကြောင်းကိုပင် မသိရသေးချေ။
သေရေးရှင်ရေး အခြေနေက တွေးရလွယ်သော်လည်း ကိုယ်တိုင်ကြုံတွေ့ရသော အခါမှသာ မည်မျှခါးသီးကြောင်း သိလိုက်ရပေလိမ့်မည်။ ထိုအတန်းဖော်များက သူတို့၏ နောက်ဆုံးစကားကိုပင် ပြောရန် မတက်နိုင်ဘဲ သေဆုံးသွားခဲ့ရသည်။
ထိုအခြေအနေက လက်ခံရန် ခက်ခဲလွန်းသည်။ ကျောင်းသူ အများစုကမူ ပို၍လဲကျလုနီးပါး ဖြစ်နေကြလေသည်။ သူတို့က စတင်ပြီး တိတ်တဆိတ်သာ ငိုနေကြသည်။ သူတို့အနေနှင့် ယခင်က ထိုသို့ခြောက်ခြားဖွယ်ကောင်းသော အခြေနေမျိုးကို မမြင်ဖူးကြချေ။
” သွားစို့။”
သူတို့က မရပ်တန့်ဘဲ ရှေ့သို့ဆက်သွား ကြသည်။ ရပ်တန့်၍လည်း မရချေ။ သူတို့က အမြန်ဆုံး ငါးရောင်ခြယ် ယဇ်ပုလ္လင် ပေါ်သို့ရောက်ရန် လိုအပ်သည်။ သူတို့က ထိုအပျက်စီးနယ်မြေမှ နောက်ဆုံးတွင် လွတ်မြောက်သွားကြသည့်တိုင်အောင် အသက်နှစ်သက်ကို စတေးပေးခဲ့ရသည်။ သူတို့ ဘယ်တော့မှ ထိုလူများကို ပြန်တွေ့နိုင်တော့မည် မဟုတ်ချေ။
အချိန်တန်ကြာသွားပြီးနောက် ပြန်လှည့်ကြည့်မိလိုက်သောအခါ ကြောက်စရာကောင်းသော နတ်ဆိုးများကဲ့သို့ ပြောင်းသွားသော မြင်ကွင်းများကို မြင်လိုက်ရသည်။ ကောင်းကင်အောက်တွင် သူတို့က ထင်ရှားနေပြီး လူတိုင်း၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်စေသည်။
သို့ရာတွင် သူတို့က အသက်ပြင်းပြင်းမရှူခင် အော်သံပြင်းပြင်း သုံးသံက ဆက်တိုက် ထွက်ပေါ်လာပြန်သည်။ ကျောင်းသားနှစ်ယောက်နှင့် ကျောင်းသူတစ်ယောက်က မြေပြင်ပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။ သူတို့ ဒဏ်ရာများကလည်း နဖူးတွင်သာ ရှိနေသေးပြီး တူညီသောပုံစံဖြင့် အံ့အားသင့်ပြီး ကြောက်လန့်လွန်းသော မျက်နှာထားနှင့်ပင် သေဆုံးသွားကြခြင်း ဖြစ်နေပြန်သည်။
မြေပြင်တွင် သွေးများက နီရဲနေသည်။ ထိုသို့ဖြင့် သူတို့၏ အတန်းဖော်သုံးယောက်က သေဆုံးသွားခဲ့ပြန်သည်။ သူတို့၏ မျက်လုံးများက ပြူးထွက်နေပြီး အမူရာများကလည်း ထိတ်လန့်မှု ကြီးစိုးနေပြန်သည်။ အချိန်တိုအတွင်းတွင် ငါးယောက်က သေဆုံးသွားလေပြီ။
ထိုအချက်က လူတိုင်းကို ဝမ်းနည်းစေပြီး သူတို့၏ ဦးခေါင်းခွံများကလည်း ကျိန်းစပ်သွားကြသည်။ ဖြစ်နိုင်သည်မှာ သူတို့က နောက်ထပ် သေရမည့်သူများ ဖြစ်နိုင်သည်။ မည်သူမဆို သူတို့၏အသက်က မည်သည့်အချိန်တွင် အဆုံးသတ်မည် ဖြစ်ကြောင်း မသေချာတော့ချေ။
“ဟူး…ဟူး”
ကျောင်းသူတစ်ယောက်က စိတ်ပိုင်းရာ ပြိုလဲကျနီးပါး ဖြစ်နေသည်။ သူမက အော်ငိုကာ ပြောသည်။
” သေသွားတဲ့သူတွေက ဘုရားကျောင်းထဲက ပစ္စည်းမရခဲ့တဲ့ လူတွေဘဲ။ အမည်မသိရတဲ့ မိစ္ဆာတစ်ကောင်က အနီးအနားမှာ ရှိနေလောက်တယ်။ ငါတို့ကသာ နတ်ဘုရားတွေ ချန်ရစ်ထားခဲ့တဲ့ ပစ္စည်းတွေကို မကိုင်နိုင်ခဲ့ရင် ငါတို့သေမှာက အနှေးနဲ့အမြန်။”
ထိုအချက်က သေချာသော အချက်ဖြစ်သည်။ သေသွားသော ငါးယောက်လုံးက ပစ္စည်းမပိုင်ဆိုင်ထားသောသူများ ဖြစ်နေသည်။ ဝမ်ကျစ်ဝမ်က တိုက်ခိုက်ခံရသည့်တိုင်အောင် လုံခြုံခဲ့သည်။ သို့သော် ခေါင်းလောင်းသံက သက်သေဖြစ်သည်။
“ငါတို့ကို ကယ်ပါ။ ”
ပစ္စည်းမရှိသော လူများအားလုံးက ထိတ်လန့်ခြောက်ခြား သွားကြသည်။ ထိုသူများက အကူအညီတောင်းရန် စတင်ပြောဆိုကြသည်။
” ငါတို့ကို ကယ်ပါ။”
သို့ရာတွင် မည်သူကမှ သူတို့၏ အသက်ကယ်ပစ္စည်းများကို အရေးကြီးသောအချိန်တွင် မပေးလိုကြချေ။ ထို့ပြင် တစ်ချို့သူများကမူ မရပ်တန့်ဘဲ လှည့်ပင်မကြည့်ဘဲ ရှေ့ဆက်သွားကြသည်။ သူတို့က ငါးရောင်ခြယ်ယစ်ပုလ္လင်ထံ ခြေလှမ်းကျဲကြီးများဖြင့် သွားသည်။ အတန်းဖော်များကြားမှ ဆက်ဆံရေးက အဖိုးတန်သော်လည်း သေရေးရှင်ရေး အခြေနေတွင် လူအများစုက ကိုယ့်ကိုကိုယ် ကာကွယ်ရန်သာ အေးစက်စွာ ရွေးချယ်ရပေလိမ့်မည်။
လူသားများကြားက ဆက်ဆံရေးသည် လူသားများအကြားမှ သဘာဝမှာ ဒီလိုအခြေနေမျိုးတွင် စမ်းသပ်ခံခြင်း ဖြစ်သည်။
” ငါကို ကယ်ပါ။ တောင်းပန်ပါတယ်။ ”
စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေသော ကျောင်းသူတစ်ယောက်က အော်ရင်း ပြေးလာသည်။ သူမက အလွန်ခြောက်ခြားပြီး သနားစဖွယ်ကောင်းနေသည်။ သူမ၏ ဖိနပ်ကလည်း ကျွတ်သွားလေပြီ။ သို့သော် သူမက ကူကယ်ရမဲ့နေသည်။ ထိုအချိန်တွင် ကြောက်လန့်မှုကသာ ကြီးစိုးနေတော့သည်။
ယဲ့ဖန်းက လှမ်းအော်လိုက်သည်။
” ငါတို့ ဘုရားကျောင်းထဲက ရှာတွေ့ထားတဲ့ ပစ္စည်းတွေကို အခြားသူတွေနဲ့ မျှဝေလို့ရတယ်။”
ဖန်းပေါ်ကလည်း ယဲ့ဖန်း၏ အနားတွင် အမြဲတစေနေသည်။ သူက သူ၏နားတွင် ရပ်လျက်ဘဲ ဝင်အော်လိုက်သည်။
” ဟုတ်တယ် ငါတို့ ရှာတွေ့ထားတဲ့ ပစ္စည်းတွေကို နှစ်ယောက် သုံးယောက်လောက်နဲ့ ခွဲပြီး ကိုင်လို့ရတာဘဲ။”
လူအများစုက လှမ်းကြည့်လာကြပြီး တုန့်ဆိုင်းနေလိုက်ပြီး လူတစ်ယောက်ကပြောသည်။
” တကယ်လို့ ဒီပစ္စည်းတွေက အသုံးမဝင်တော့ရင် ဘယ်လိုလုပ်မလဲ။ သူတို့က တစ်ယောက်ကိုဘဲ ကာကွယ်ပေးနိုင်ရင် မူရင်းပိုင်ရှင်က ဒုက္ခမများသွားနိုင်ဘူးလား။ ”
သူ၏စကားက ထွက်လာသည်။ လူအများစုက ချက်ချင်းလိုလို တုန်လှုပ်သွားကြသည်။ နှစ်ယောက်ဆိုလျှင် အရှိန်နှုန်းပင်မြင့်ကာ နောက်သို့လှည့်မကြည့်ဘဲပြေးသေးသည်။
” ကျေးဇူးတင်ပါတယ် ယဲ့ဖန်း။”
ဖိနပ်ပင် ကျွတ်ကျကျန်ရစ်ခဲ့သော သနားစရာကောင်းသည့် ကျောင်းသူလေး၏ မျက်နှာက မျက်ရည်များ စိုရွှဲနေသည်။ သို့သော် သူမက ယဲ့ဖန်း၏ အနားသို့လာသည်။ သူမ၏ မျက်နှာတွင် အလွန်အမင်း ကျေးဇူးတင်းသော အမူအရာက ရှိနေသေးသည်။ ပါးပေါ်သို့ မျက်ရည်များက စီးကျနေသေးသည်။
ထိုမြင်ကွင်းက လူအများကို သူမအား သနားလာစေသည်။ သူမက သိမ်ငယ်သောလက်ကို ဆန့်တန်းလိုက်သည်။ သို့သော် သူမက ရှေးဟောင်းမီးအိမ်နှင့် ခြေတစ်လှမ်းသာ ဝေးကွာလာသော အခြေနေတွင် အမူအရာက ရုတ်တရက် အေးခဲသွားသည်။ ထို့နောက် သူမ၏မျက်လုံးများက အသက်မဲ့သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဖြစ်ပျက်မှုက ရုတ်တရက်ဆန်လွန်းသည်။ ယဲ့ဖန်းကလည်း သူမ၏ မျက်ဝန်းက အရောင်လျော့သွားခြင်းအား မြင်လိုက်ရသည်။ သူမ၏ မျက်နှာတွင် သနားစဖွယ်ကောင်းပြီး လှပသော ပုံပန်းသွင်ပြင်က ရှိနေပြီး မျက်ရည်များက စိုရွှဲနေသည်။
သို့သော် ယခုလေးတွင် ပေါ်ခဲ့သည့် ရိုးရှင်းစင်ကြယ်သည့် အပြုံးက ချက်ချင်းပင် အေးခဲသွားသည်။ ထိုမြင်ကွင်းက လူတိုင်းကို မသက်မသာ ဖြစ်စေသည်။
ယဲ့ဖန်းက သူမကို ကူညီရန် ကြိုးစားချင်နေခဲ့သည်။ သို့သော် အဆုံးတွင် လက်တစ်ကမ်းသာ ဝေးကွာသောအချိန်တွင် ပြန်နောက်ဆုတ်လိုက်ရသည်။ ထိုကျောင်းသူ၏ ခေါင်းကိုလည်း အဖောက်ခံထားလိုက်ရသည်။
ဤတစ်ကြိမ်တွင် သူမ အဖောက်ခံထားသောနေရာက နဖူးတွင် မဟုတ်တော့ဘဲ ခေါင်းနောက်ဘက်ပိုင်း ဖြစ်နေသည်။ သွေးများကလည်း ထိုနေရာမှ စီးကျလာလေသည်။ သူမက ခြေတစ်လှမ်းသာ ဝေးကွာတော့သော်လည်း ယဲ့ဖန်း၏ အရှေ့တွင် သေဆုံးသွားခဲ့ရသည်။ ထိုအေးခဲသွားသော အပြုံးက ယဲ့ဖန်း၏ မျက်လုံးထဲ စွဲထင်နေသည်။ သူက ဖြည်းညင်းစွာပင် နောက်ဆုပ်လိုက်ပြီး အလောင်းကို ချန်ထားရစ်ခဲ့လိုက်သည်။
“အဲ့တာက ဘာလဲ။”
လူအများစုက ထိုအကြောင်းအရာကိုသာ မြင်မိကြသည်။
သေခြင်းတရားက အလွန်နီးကပ်နေသောအခါ လူတိုင်းက အလွန်ခြောက်ခြားနေကြသည်။ ချက်ချင်းလိုလို ယဲ့ဖန်းနှင့် ဖန်းပေါ်ကို လူသုံးယောက် လေးယောက်က ဝိုင်းလာကြသည်။ သူတို့က စိတ်မရှည်စွာဖြင့် ရှေးဟောင်းမီးအိမ်နှင့် ကြေးနီရောင်ဘုတ်ပြားကို လှမ်းဆွဲလိုကြသည်။ သူတို့ကသာ တိုက်ခိုက်ပြီး ရယူရမည်ဆိုလျှင်ပင် သူတို့အတွက် အကာအကွယ်ကို ရအောင်ယူလိုကြသည်။
“မင်းတို့က ဘာလုပ်တာလဲ။”
ဖန်းပေါ်က သူတို့ကို ကြည့်ပြီး အော်သည်။
” ငါတို့က ငါတို့ရဲ့ပစ္စည်းကိုလည်း မင်းတို့နဲ့ မျှဝေပေးဖို့ ဆန္ဒရှိတယ်။ ဒါက မင်းတို့ကို ကယ်စေမှာ။ ငါတို့က ကိုယ့်အသက်ကို အလျော့ပေးပြီး မင်းတို့ကို ဒီပစ္စည်းတွေ အလကားပေးလိုက်မှာ မဟုတ်ဘူး။ ”
သူ၏ ခန္ဓာကိုယ်က နဂိုထဲက မြင့်မားကာ ထောင်ထောင်မောင်းမောင်း ဖြစ်ပြီးသားဖြစ်သည်။
ထို့ကြောင့် သူက လူတိုင်းကို ငုံ့ကြည်နိုင်သည်။ ထို့ပြင် သူ့တွင် သဘာဝလျှောက်ပင် ကြောက်စရာကောင်းလောက်အောင် အားအင်မျိုးကို ပိုင်ဆိုင်ထားလေသည်။
ထို့ကြောင့် လုချင်သော လူတိုင်းက ချက်ချင်းရပ်လိုက်ကြပြီး ကိုးယို့ကားယားဖြင့် တစ်လှမ်းချင်းတိုးလာကြသည်။ သူတို့၏ လက်ကိုသာ ထုတ်ပြီး ကြေးနီရောင်ဘုတ်ပြားနှင့် ရှေးဟောင်းမီးအိမ်ပေါ်သို့ တင်ကြသည်။
ဒီနေရာတွင် အချ်န်ဖြုန်းနေရန် မဖြစ်ချေ။ လူတိုင်းက ခပ်မြန်မြန် ပြေးကြသည်။ ထိုအချိန်တွင် အနားမယူရ ဆိုသောခံစားချက်မျိုးက ပျံ့နှံ့နေသည်။ တစ်ခြားသူများ၏ မျက်လုံးက လောင်ကျွမ်းနေသည်။ သူတို့က ဗုဒ္ဓရတနာများကို ခိုးယူချင်ကြသည်။
ထိုဗုဒ္ဓရတနာများကို ပိုင်ဆိုင်ထားသော သူများကလည်း သတိအနေအထားဖြင့် နေနေရသည်။ ထို့အပြင် အခြားသူများနှင့် မျှဝေမိသည့်အတွက်လည်း နောင်တရနေကြသည်။
“ငါတို့က တစ်နေရာထဲက လာတာ။ ငါတို့က လေးနှစ်တောင် အတန်းဖော် ဖြစ်ခဲ့ကြတယ်။ မင်းတို့ တစ်ဘဝလုံး အရှက်နဲ့ မနေထိုင်သွားချင်ရင် တစ်ဘဝလုံး နောင်တမရချင်ရင် ဒီနေ့ ရွေးချယ်မှု မမှားစေနဲ့။ ”
ယဲ့ဖန်းက လှမ်းအော်သည်။ သူ၏အသံက ဖန်းပေါ်၏ အသံထက်ပင် ပို၍ပင် လွှမ်းမိုးနိုင်စွမ်း ရှိသေးသည်။ ထို့ကြောင့် လူတိုင်းက စိတ်အေးသွားကြသည်။
” ဘုန်း …။ ”
လီယွမ်ကျစ်၏ ကိုယ်က မိုးကြိုးအလင်းတန်း သိန်းကျော်ဖြင့် ပေါက်ကွဲသွားသည်။ လျှပ်စီးများက လေထဲတွင် ကခုန်နေပြီး မိုးကြိုးနတ်ဘုရား တစ်ပါးက လောကသို့ ဆင်းသက်လာသည်နှင့်ပင် တူနေသေးသည်။
ထိုလျှပ်စီးများက သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံနေသည်။ ထိုအလင်းများက တဖြည်းဖြည်း လက်နေလေပြီး ပတ်ဝန်းကျင်ကို အလင်းပေးလာသည်။ လက်ထဲမှာ ဖွာကျလာရာ ငရုတ်ကျည်ပွေ့ကလည်း ပို၍ပင် ခမ်းနားတောက်ပလာကာ မူရင်းပျက်စီးနေသော ငရုတ်ကျည်ပွေ့ နှင့် ကွဲထွက်သွားသည်။
လျိုယွမ်ကျစ်က မိုးကြိုးလျှပ်စီးများနှင့် လိမ်ယှက်ကာ ပြင်ဆင်ထားသော ဒိုင်းကာတစ်ခုကို ဝတ်ဆင်ထားသူ ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက ကြောက်မက်ဖွယ်သော အရှိန်အဝါအပြည့်ကို လွှင့်ထုတ်နေပြီး မိုးကြိုးအလင်းတန်းများက ခန္ဓာကိုယ်တစ်ခုလုံးကို လည့်ပတ်နေသည်။ သူကား ရိုးရှင်စွာဖြင့် ပြောရလျှင် နတ်ဘုရားတစ်ပါးနှင့်တူသည်။
” အခုလေးတွင် ငါလည်း ဖော်ပြဖို့ ခက်ခဲတဲ့ အရာတစ်ခုနဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်။ ”
သူတို့က ထိုစကားကိုသာ ပြောသည်။ ထို့နောက် စကားဆက်မပြောတော့ချေ။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းက ယဲ့ဖန်းကို တစ်ချက်ကြည့်သည်။ သို့သော် ရှေးဟောင်းကြေးနီရောင် မီးအိမ်ကို မြင်သောအခါ သူ၏ ထက်ရှသော မျက်ဝန်းထဲမှ အလင်းက ချက်ချင်း ကျပျောက် သွားသည်။
လျိုယွမ်ကျစ်၏ ကိုယ်ပေါ်ရှိ လျှပ်စီးက ပျောက်ကွယ်သွားပြီး ဤအချိန်တွင် သူ၏လက်ထဲရှိ ဘာဂျာရာ ငရုတ်ကျည်ပွေ့ကလည်း ချက်ချင်း ပြန်မှိန်သွားသည်။ ထိုပစ္စည်းကို နတ်ဘုရားတစ်ပါးက အသုံးပြုခဲ့သည်မှာ သေချာသည်။
ထိုငရုတ်ကျည်ပွေ့၏ အင်အားက လူတိုင်းကို အံ့ဩသွားစေခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် လူတိုင်းက တိတ်ဆိတ်နေကြပြီး နောက်ဆုံးတွင် သူတို့က ရောင်စုံ ယဇ်ပုလ္လင်၏ အရှေ့နားသို့ ရောက်သွားသည်။ ကံကောင်းစွာဖြင့် နောက်ထပ် မည်သူမှ မသေတော့ချေ။ ထို့အချက်က လူတိုင်းကို စိတ်အေးစေသည်။
ရောင်စုံ ယဇ် ပုလ္လင်ပေါ်တွင် ကြီးမားသော နဂါးကိုးကောင်၏ အလောင်းနှင့် ရှေးဟောင်းကြေးနီရောင်အခေါင်းကြီးက ငြိမ်သက်စွာ ရှိနေသေးသည်။ ယခင်ကအတိုင်း မှင်သက်ဖွယ်ကောင်းနေသေးသည်။
” ဒါက…”
ယဇ်ပုလ္လင်ပေါ်သို့ရောက်ချိန် လူတိုင်းက အံ့ဩသွားရပြန်သည်။ ရောင်စုံ ယဇ်ပုလ္လင်က ဝေဝါးသော အလင်းကို လွှင့်ထုတ်နေပြီး အရပ်မျက်နှာ အနှံ့မှ ဖျော့တော့သော အလင်းဖွားများကလည်း စုစည်းရောက်ရှိနေကြပြီး ကျောက်တုံးများထဲသို့ ဝင်ရောက်နေကြသည်။
ကောင်းကင်ကို လွှမ်းခြုံသော အလင်းအကာအကွယ်များကလည်း ပျောက်ကွယ်သွားလေပြီ။ ရောင်စုံ ယဇ်ပုလ္လင်နှင့် အချို့သော လျှို့ဝှက်ဆန်းကျယ်သည့် စွမ်းအင်များကြောင့် ထိုသို့ပြောင်းလဲသွားကြောင်း ဖြစ်လောက်သည်။
လူတိုင်းက အစပိုင်းတွင် အံ့ဩသွားကြပြီးနောက် ပျော်ရွှင်သွားကြပြန်သည်။ ရောင်စုံ ယဇ် ပုလ္လင်ကသာ တောက်ပပြီးလျှင် ထိုက်တောင်နီးတူ သူတို့ကလည်း ကြယ်စင်များကဲ့သို့ တစ်ဖန်ဝင်ရောက် လာနိုင်မည့်လမ်းကြောင်းဖွင့်သွားလောက်သည်။
သို့ရာတွင် ဒီတစ်ချိန်တွင်မူ အရင်းအမြစ်က ကျောက်တုံးစာအုပ် မဟုတ်ဘဲ ဝေဝါးသော ကြီးမားသည့် အလင်းရောင်သာ ဖြစ်နေသည်။
ထိုအလင်းကာကွယ်လွှာက အရည်ပျော်ကျသွားပြီး အပြင်ဘက်တွင် မိုးခြိမ်းသံ ကဲ့သို့သော ကျယ်လောင်သည့် အသံများနှင့်အတူ မိုးကြိုးမုန်တိုင်းများက တိုက်ခက်လာသည်။ ကမ္ဘာမြေ တစ်ခုလုံးကပင် တုန်ရီလာသည်။ အလင်းကာကွယ်လွှာက မှေးမှိန်သွားသည့်အခါ လူတိုင်းက ယဇ် ပုလ္လင်ပေါ်သို့ တွားသွားကာ တက်လိုက်ကြသဖြင့် အရာအားလုံးကို စိုးရိမ်တကြီး မြင်နိုင်လိုက်လေသည်။
အမှောင်ထုက အမည်မသိတဲ့ ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုက လူတိုင်း၏ နှလုံးသားထဲ တွင်ရှိသော အရိပ်မဲတစ်ခု ကဲ့သို့ဖြစ်နေသည်။ အချိန်တစ်ခု ကြာသည်အထိ ပေါ်မလာခဲ့သော်လည်း ဒီနေရာက မထွက်သွားသမျှ ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်နေသေးသည်။ လူတိုင်း၏ မားစ်ပေါ်မှ ထွက်ပြေးလိုစိတ်က ပြင်းထန်လာသည်။
ထိုဖြစ်ရပ်က နာရီဝက်ကျော် ကြာသွားသည်။ အလင်းကာကွယ်လွှာကလည်း အပြည့်အဝ ပျောက်ကွယ်သွားပြီး အချိန်တွင် ရောင်စုံ ယဇ်ပုလ္လင် တစ်ခုထဲကိုသာ ဖုံးကွယ်ပေးထားတော့သည်။
ထို့နောက် ချက်ချင်းပင် မိုင်ထောင်ချီမှ မီတာနှစ်ရာပင် မကျန်ရစ်တော့ချေ။ တဖြည်းဖြည်းချင်း အောက်သို့ ကပ်လုနီးပါး ဖြစ်လာခဲ့သည်။ လျှို့ဝှက်ဆန်းကျယ်သော စွမ်းအင်များ အားလုံးကိုလည်း ရောင်စုံယဇ် ပုလ္လင်က ဆွဲစုပ်ယူသွားသော် ဖန်းပေါ်က အသံကို တိုးပြီးနောက် ယဲ့ဖန်း၏ အနားနား ကပ်ခါ တီးတိုးပြောသည်။
” လျိုယွမ်ကျစ်ရဲ့ မျက်လုံးက ငါတို့ဘက်ကို ခဏခဏ ရောက်လာတယ်။ ကြည့်ရတာ ဒီကောင် တစ်ခုခုကို အစီအစဥ်ချနေတာဘဲ။ သူ့ကို ငါတို့ ဂရုစိုက်ရမယ်။”
ဖန်းပေါ်က အမြင်စူးရှလေရာ ချက်ချင်းလိုလို သိလိုက်သည်။
” မစိုးရိမ်နဲ့။ ငါ သိတယ်။ ”
ယဲ့ဖန်းကလည်း လျိုယွမ်ကျစ်ကို ကြည့်လိုက်ပြီး နွေးထွေးစွာ ပြုံးပြလိုက်သည်။
လျိုယွမ်ကျစ်ကလည်း တည်ငြိမ်စွာပင် ရင်းနှီးကျွမ်းဝင်သော ပုံစံနှင့် ခေါင်းတစ်ချက် ပြန်ငြိမ့်ပြသည်။ သူ၏ဘေးနားတွင် လူနှစ်ယောက်ရှိနေပြီး တစ်ယောက်က ယဲ့ဖန်း၏ ကြေးနီရောင်မီးအိမ် အကူအညီဖြင့် လုံလုံခြုံခြုံ ရောက်လာသောသူ ဖြစ်သည်။ ထို့ကြောင့် သူက ယဲ့ဖန်းကို ကျေးဇူးတင်လိုက်သည်။
ထိုဖြစ်ရပ်က ဖန်းပေါ်ကို မကျေမနပ် ဖြစ်စေသည်။ သူက လေသံတိုးတိုးဖြင့် လှမ်းအော်သည်။
“ဒီကျေးဇူးမသိတက်တဲ့ကောင် … သူက ကျောင်းတုန်းကလည်း လျိုယွမ်ကျစ်၏ ဘေးနားမှာဘဲ။ အခုလည်း ငါတို့က သူရဲ့အသက်ကို ကာကွယ်ပေးထားခဲ့ပေမဲ့ လျိုယွမ်ကျစ်နှင့် ဆက်နေနေပြန်ပြီ။”
နာရီဝက်ခန့် ကြာပြီးနောက် အပြင်ဘက်ရှိ ဝေဝါးသော အလင်းအကာက အပြည့်အဝ ကျုံ့သွားပြီး ရောင်စုံစင်မြင့်ပေါ်သို့ ထိကပ်လုနီးပါး ဖြစ်လာသည်။ မည်သူမဆို အပြင်ဘက်ရှိ မုန်တိုင်း၏ ကြောက်စရာကောင်းမှုကို ခံစားမိနိုင်သည်။
” ဝူး ဝူး”
လေပြင်းက အော်ငြီးသံများကဲ့သို့ တိုက်ခက်လာပြီး သဲနှင့်ကျောက်စရစ်ခဲများကလည်း အလင်းအကာအကွယ်လွှာကို ထိမှန်လာကာ မိုးခြိမ်းသံ ကဲ့သို့သော အသံများက ထွက်ပေါ်လာသည်။
အချို့သော သဲနှင့်ကျောက်စရစ်ခဲများက အကာအကွယ်လွှာထဲသို့ပင် ဖောက်ဝင်သွားကြသည်။ ထို့ကြောင့် အကာကွယ်လွှာက မည်မျှအားနည်းနေပြီဖြစ်ကြောင်း သိနိုင်သည်။ အချိန်မရွေး ပျောက်ကွယ်သွားလောက်သည်။
လူတိုင်းက အံ့ဩသွားကြပြီး ခပ်မြန်မြန် နောက်ဆုတ်ကြသည်။ သူတို့ကသာ ယဇ် ပုလ္လင်ပေါ်မှ ပြုတ်ကျသွားလျှင် မုန်တိုင်းကြောင့် လွှင့်ထွက်သွားလောက်သည်။
ထိုအချိန်တွင် ဖန်းပေါ်က ကျစ်စင်မြူလွင်အကြောင်းကို ပြောသော ကျောင်းသားတစ်ယောက်က လျိုယွမ်ကျစ်၏ ဘယ်ဘက်မှ ထွက်လာ၏။
သူက ယဲ့ဖန်း၏ လက်ထဲမှ ကြေးနီရောင်မီးအိမ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ခြေထောက် တစ်ဖက်ကမူ ယဲ့ဖန်းကို ကန်ထုတ်သည်။ ၄င်းက မီးအိမ်ကို လုလျက် သူ့ကို ရောင်စုံ ယဇ်ပုလ္လင်ပေါ်မှ တွန်းချရန် ကြံစည်သည်။
အပိုင်း (၁၇) ပြီး၏။