Switch Mode

Chapter – 7

လွယ်ကူစွာ အဆင့်တက်ခြင်း

Chapter – 7 လွယ်ကူစွာ အဆင့်တက်ခြင်း

ရွက်နီသစ်တောသည် လှပသော မေပယ်ပင်များဖြင့် ပြည့်နေပြီး အဆင့် ၅မွန်းစတားများ ကျက်စားနေရာ နေရာတစ်ခု ဖြစ်သည်။ အဆင့်၃အောက် ကစားသူများအတွက် ရွက်နီသစ်တောက တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။ အဆင့်၁ကို ရောက်ရှိနေသည့် ရှီဖုန်းတောင်မှ ထိုအဆင့်၅ မွန်းစတားများ၏ ပြိုင်ဘက် မဖြစ်နိုင်သေးချေ။

သို့သော်လည်း ရှီဖုန်းက ရွက်နီသစ်တောထဲသို့ ပြေးဝင်နေပြီး တဖြည်းဖြည်း သစ်တော၏ အတွင်းပိုင်းထဲသို့ ရောက်လာသည်။

အဆင့်၅ တောဝံပုလွေများက တောအုပ်ထဲတွင် သွားလာနေကြ၏။ ယခုအချိန်တွင် ရှီဖုန်းက အဆင့်၁သာ ရှိသေးသည့်အတွက် မွန်းစတာများ၏ အနားသို့ မကပ်ရဲပေ။ အနားသို့ အရမ်းကပ်လိုက်လျှင် သူတို့က သူ့အား အနံခံမိသွားနိုင်သည်။

အဆင့် ၅ တောဝံပုလွေ၏ သွေးမှာ 400HP ရှိသည့်အပြင် မြင့်မားသည့် တိုက်ခိုက်မှုစွမ်းအားလည်း ရှိ၏။ 120HPသာ ရှိသည့် ရှီဖုန်း၏ သွေးသည် သူတို့အတွက် ၂ချက်စာသာ ရှိသည်။

ထို့ကြောင့် ရှီဖုန်းက သူတို့အား ရှောင်ရှားပြီး ခရီးဆက်နေရသည်။

ရှီဖုန်းသည် တောဝံပုလွေများအပြင် ချစ်စရာကောင်းသော ဝက်ဝံပေါက်စများနှင့်လည်း ကြုံရသေး၏။ ဝက်ဝံပေါက်စများသည် မြက်ခင်းပေါ်တွင် ဟိုစမ်း၊ဒီစမ်း သွားလိုက်၊ ချော်လဲလိုက်ဖြင့် ကြည့်ရသည်မှာ အလွန်ချစ်စရာကောင်း၏။ သို့သော်လည်း သူတို့က အဆင့် ၅ မွန်းစတားများဖြစ်သောကြောင့် ကစားသမားများက သူတို့ကို မုန်းတီးကြသည်။ အကြောင်းရင်းမှာ သူတို့၏ HP နှင့် ခုခံမှုက အလွန်မြင့်မားသည့်အတွက် သူတို့ကို တိုက်ခိုက်ရသည်မှာ အလွန်ပင်ပန်းသောကြောင့် ဖြစ်သည်။

ရှီဖုန်းက သစ်ပင်တစ်ပင်ကို အသုံးပြုပြီး ဝက်ဝံပေါက်စလေးတစ်ကောင်ကို ကျော်သွားရန် လုပ်နေစဉ်တွင် သူ့နောက်မှ ဝံပုလွေအူသံကို ကြားလိုက်ရသည်။

“သေစမ်း… ဝံပုလွေတွင်းဟ… “ ရှီဖုန်း၏ ပါးစပ်မှ လွတ်ခနဲ ထွက်သွား၏။

ယခင်ဘဝတုန်းက ကစားသမားများသည် ရွက်နီတောသို့ အုပ်စုဖွဲ့ပြီး လာကြသည်။ ထိုအချိန်က ကစားသမားများသည် အဆင့်၄ သို့မဟုတ် အဆင့်၅ သို့ ရောက်ရှိနေကြ၏။ အကြောင်းရင်းမှာ မွန်းစတားများကို သတ်ရန်အပြင် မွန်းစတားများထံမှ ကျသည့် ပစ္စည်းများက အလွန်ကောင်းပြီး များပြားခြင်းကြောင့် ဖြစ်သည်။ စကေးစာအုပ်၊ သားရေဖြင့် ပြုလုပ်ထားသော ပစ္စည်းများနှင့် လက်နက်ကိရိယာများ အပြင် ဆေးပင်များနှင့် သတ္တုရိုင်းများကိုပါ မွန်းစတားများထံမှ ရရှိနိုင်သည်။ သို့သော်လည်း အမှားတစ်ခု ကျူးလွန်မိလိုက်ရုံဖြင့် အဖွဲ့တစ်ခုလုံး အသတ်ခံရနိုင်သည့် အန္တရာယ်မျိုးလည်း ရှိ၏။ ထိုအန္တရာယ်များထဲမှ တစ်ခုသည် ဝံပုလွေတွင်းများ ဖြစ်သည်။

ဝံပုလွေတွင်းများက ဖုံးကွယ်ထားသည့်အတွက် သာမန်ဆိုလျှင် သတိပြုမိရန် ခက်ခဲ၏။ ကစားသမားများက ဂရုတစိုက် သတိမထားမိလျှင် ဝံပုလွေများက တစ်ကောင်ပြီးတစ်ကောင် ကစားသမားများအပေါ်သို့ ခုန်အုပ်သွားကြလိမ့်မည်ဖြစ်သည်။ ဝံပုလွေတွင်း၌ မွန်းစတား(သားရဲ)အရေအတွက် နည်းပါက ၃ကောင်မှ ၅ကောင်အထိ ရှိနိုင်ပြီး များပါက ၆ကောင်မှ ၈ကောင်အထိ ရှိနိုင်သည်။

ယခု ရှီဖုန်း ကံဆိုးလေပြီ။ သားရဲတွင်းမှ တောဝံပုလွေ၇ကောင်က တစ်ပြိုင်နက်တည်း ထွက်လာသည်။

ဝံပုလွေများ၏ အမြန်နှုန်းက မြန်သည်ဆိုသော်လည်း ရှီဖုန်း၏ အမြန်နှုန်းကလည်း နှေးမနေပေ။ သူက စွမ်းရည်အမှတ်များအားလုံးကို သွက်လက်မှုတွင် ပေါင်းထည့်ထားခဲ့သဖြင့် လက်ရှိသူ၏ ရွေ့လျားမှုနှုန်းက ၆မှတ်အထိ ရှိနေလေပြီ။ သို့သော်လည်း သူက အဆင့်၁ ကစားသမားတစ်ယောက် ဖြစ်နေသဖြင့် သူက အလွန် လျင်မြန်သည် ဆိုလျှင်တောင်မှ တောဝံပုလွေများ၏ အမြန်နှုန်းထက် နိမ့်ကျနေဆဲ ဖြစ်သည်။

ဝံပုလွေများက သူ့ကို မီလာသောအခါ ရှီဖုန်းက မြေဆွဲအားလွတ်မြောက်ခြင်းစကေးကို အသုံးပြုလိုက်သည်။

ချက်ချင်း ဆိုသလိုပင် သူ၏ခန္ဓာကိုယ်က ငှက်မွေးကဲ့သို့ ပေါ့ပါးလာသည်ဟု ခံစားမိလိုက်သည်။ သူ၏အမြန်နှုန်းက ချက်ချင်း တိုးလာပြီး ဝံပုလွေများကို နောက်တွင် ချန်ထားနိုင်ခဲ့လေသည်။ ဝံပုလွေများက သူတို့၏ နယ်မြေထက်ကျော်ပြီး ဆက်မလိုက်ကြတော့ပေ။

၁၀မိနစ်ကျော်ကြာပြီးနောက်တွင် ရှီဖုန်းက တောင်တန်းများရှိရာသို့ ရောက်လာသည်။ သူ ရောက်ရှိနေသည့် နေရာသည် မီတာ၁၀၀ကျော်သည့် တောင်တန်းများ အများအပြား ရှိနေသော ရွက်နီသစ်တော၏ အလယ်တွင် ဖြစ်သည်။ တောင်ထပ်များတွင် မြူများနှင့် တိမ်များက ဝန်းရံနေပြီး အင်မော်တယ်နယ်မြေတစ်ခုဟုပင် ထင်မှတ်ရနိုင်သည်။

“နောက်ဆုံးတော့ ရောက်လာပြီပဲ… “

တောင်များကို လိုက်ကြည့်ရင်း ရေတံခွန်တစ်ခုကို တွေ့သောအခါ သူက ရေတံခွန်ဆီသို့ လျှောက်သွားလိုက်သည်။

ယခင်ဘဝက ဤနေရာသို့ လာရောက်ကြသည့် ကစားသမားများသည် များသောအားဖြင့် အဆင့်၂၀ကျော်များ ဖြစ်သဖြင့် သူတို့၏အရည်အချင်းကလည်း တော်တော်မြင့်၏။ သူတို့က အဆင့်နိမ့်နေသည့် အချိန်မှာတောင် သူတို့လုပ်နိုင်တာထက် ပိုလုပ်ကြသည့်အပြင် နတ်ဘုရားနယ်မြေထဲမှ မရေမတွက်နိုင်တဲ့ နေရာများကိုသွားပြီး စူးစမ်းရှာဖွေကြသည်။ ရွက်နီသစ်တော၏ အလယ်ပိုင်းဒေသသည် ကျော်ကြားသောနေရာတစ်ခုဖြစ်သဖြင့် ရှဲဒိုးအဖွဲ့အစည်းက လုပ်ကြံသတ်ဖြတ်သူ အဖွဲ့သေးတစ်ဖွဲ့ကို ဤနေရာအကြောင်း စုံစမ်းရန် လွှတ်ခဲ့ဖူး၏။

သူတို့က ဤနေရာတွင် ရှားပါးသည့် သတ္ထုရိုင်းများ၊ ဆေးပင်များနှင့် ရတနာသေတ္တာများ ရှိသည့် ရတနာတောင်ကြီးကို တွေ့လိမ့်မယ်လို့ မထင်မိခဲ့ကြချေ။ တောင်ထိပ်တစ်ခုတွင်လည်း လျှို့ဝှက်ငွေရတနာသေတ္တာတစ်လုံးကို တွေ့ခဲ့ကြသည်။

နတ်ဘုရားမြေ၏ တောအုပ်များထဲတွင် လျှို့ဝှက်နေရာများ အများကြီးရှိပြီး ထိုနေရာများတွင် ရတနာသေတ္တာများလည်း ရှိတတ်သည်။ ရတနာသေတ္တာများသည် ကြေးပြားမှ မဟူရာရွှေအဆင့် လက်နက်များထိ ရရှိနိုင်သည်။

ရတနာသေတ္တာများကို သာမန်၊ ကြေး၊ ထူးခြားသံ၊ လျှို့ဝှက်ငွေ၊ ရွှေစင်နှင့် မဟူရာရွှေ ဆိုပြီး အမျိုးအစား ခွဲခြားထား၏။ သို့သော်လည်း သာမန်ရတနာသေတ္တာမှ ရရှိသည့် ပစ္စည်းတစ်ခုသည် လက်ရွေးစင်သားရဲတစ်ကောင်မှ ကျသည့်ပစ္စည်းနှင့်တောင် ယှဉ်နိုင်သည်။ ထို့ကြောင့် လျှို့ဝှက်ငွေသေတ္တာမှ ပစ္စည်းဆိုလျှင် ပြောစရာတောင် မလိုချေ။

ထိုလျှို့ဝှက်ငွေ ရတနာသေတ္တာကြောင့် ရှဲဒိုးက အဖြူရောင်မြစ်မြို့တွင်‌ ကျော်ကြားလာခဲ့ပြီး ဂိမ်းအစပိုင်းတွင် အကျိုးအမြတ်များ ပိုမို ရရှိလာခဲ့သည်။

လက်နက်ကိရိယာများအပြင် လျှို့ဝှက်ငွေသေတ္တာမှ ဆေးဖော်စပ်နည်းနှင့် ပန်းပဲပညာရပ်တစ်ခုလည်း ရခဲ့သေး၏။

နတ်ဘုရားနယ်မြေတွင် ဆေးဖော်စပ်နည်းများ ချပေးသည့် နှုန်းသည် တစ်သောင်းပုံ ပုံလျှင် တစ်ပုံစာတောင် မရှိသည့်အပြင် ပန်းပဲပညာရပ် ကျသည့် နှုန်းထက်ပင် ပို၍ နည်းနေသေးသည်။ တစ်ယောက်ယောက်ကသာ ကစားသမားများ လိုအပ်သည့် ကြေးအဆင့်လက်နက်များကို ပြုလုပ်ရောင်းချနိုင်လျှင် ပန်းပဲပညာသည် ထိုကစားသမားအတွက် ငွေလုပ်စက်တစ်လုံး ဖြစ်လာပေလိမ့်မည်။

ရှီဖုန်းသည် ၁၀ရက်အတွင်း ခရက်ဒစ် ၁၆၀၀၀ရှာရန်မှာ ထိုပန်းပဲပညာရပ်ပေါ်တွင် မှီခိုထား၏။ ထို့ကြောင့် သူက ပန်းပဲပညာရပ်ကို ရှဲဒိုးအဖွဲ့အတွက် ချန်ထားပေခဲ့လိမ့်မည် မဟုတ်ပေ။ သို့သော်လည်း သွက်လက်မှု၄၀ မရှိသေးသည့် ကစားသမားများအနေဖြင့် လျှို့ဝှက်အခြေခံစကေး(ပျံသန်းခြေလှမ်း)ကို အသုံးပြုနိုင်သေးမှာ မဟုတ်ပေ။ ထိုစကေးမရှိလျှင် တောင်ပေါ်သို့ တက်ရန်မှာ တွယ်တက်ရန်မှလွဲ၍ တခြားနည်းလမ်း မရှိချေ။

ရှီဖုန်းသည် သွက်လက်မှု အမှတ်၄၀ မပြည့်သေးသော်လည်း မြေဆွဲအားလက်စွပ် ရှိသည့်အတွက် မြေဆွဲအားလွတ်မြောက်ခြင်းစကေးကို အသုံးပြုပြီး တောင်ပေါ်သို့ တွယ်တက်နိုင်သေး၏။

ရှီဖုန်းက မြေဆွဲအားလွတ်မြောက်ခြင်းစကေးကို အသုံးပြုပြီး တောင်ပေါ်သို့ လွယ်ကူစွာ တက်သွားရာ တစ်စက္ကန့်ပင် မကြာသေးသည့်အချိန်အတွင်း ရှီဖုန်းက ၅မီတာအကွာသို့ ရောက်သွား၏။

မြေဆွဲအားလွတ်မြောက်ခြင်းက အချိန်ပြည့်ရန် ၅စက္ကန့်သာ ကျန်တော့သည့်အချိန်တွင် နားရန်အတွက် နေရာလွတ်တစ်ခုကို တွေ့လိုက်ရသည်။

သို့သော်လည်း ရှီဖုန်း ထိုင်ပြီး မကြာမီတွင် ကျောက်နံရံက ရုတ်တရက် တုန်ခါလာပြီး ကျောက်ဘီလူးတစ်ကောင် ထွက်ပေါ်လာသည်။

ကျောက်ဘီလူး (သာမန်အဆင့်)

အဆင့် ၅

HP 550

“ဒါကြီးက မြန်လှချည်လား… “

ရှီဖုန်းသည် ကျောက်ဘီလူးကြီးကို မြင်လိုက်ကတည်းက အသင့်ပြင်ထားသည့်အတွက် သူက ပေါက်ကွဲဘယ်ရီသီးများကို ချက်ချင်း ထုတ်ပြီး ကျောက်ဘီလူးကြီးရဲ့ ခြေထောက်ကို လှမ်းပစ်လိုက်ရာ စေးကပ်သော လိမ္မော်ရောင်အရည်များက မြေပြင်ပေါ်မှာ ပျံ့နှံ့သွား၏။

အဆင့်ငါး ကျောက်ဘီလူးကြီးမှာ အလွန်မြင့်မားသည့် တိုက်ခိုက်မှုစွမ်းအား၊ HPနဲ့ ခုခံမှုများရှိသည်။ သို့သော်လည်း တိုက်ခိုက်မှုနှင့် တုန့်ပြန်မှုကလည်း နှေးကွေးသည့်အပြင် ခန္ဓာကိုယ်လှည့်နိုင်စွမ်းက ပိုတောင် နိမ့်သေး၏။ ကစားသမားတစ်ယောက်က ကျောက်ဘီလူးကို တိုက်ခိုက်ရန် သွက်လက်မှုအမှတ် နှစ်ဆယ်ပဲ လိုအပ်သည်။ ထို့ကြောင့် ဤကဲ့သို့ သားရဲမျိုးကို လုပ်ကြံသတ်ဖြတ်သူများက အလွန် သဘောကျကြ၏။ အကြောင်းရင်းမှာ သူတို့က ဤကဲ့သို့ သားရဲများကို သွေးတစ်စက်ပင် မကျဘဲ သတ်ဖြတ်နိုင်ခြင်းကြောင့် ဖြစ်သည်။

ရှီဖုန်းတွင် သွက်လက်မှု အမှတ်၂၀ မပြည့်သေးသော်လည်း ပေါက်ကွဲဘယ်ရီသီးများ ရှိ၏။ ဘယ်ရီသီးတစ်လုံးက ထိမှန်သွားသည့်နေရာ ၃*‌၃ကိုက် ပတ်ချာလည်အတွင်းတွင် ရွေ့လျားမှု ၃၀ရာခိုင်နှုန်းနှင့် ခန္ဓာကိုယ်လှည့်ပတ်နိုင်မှု ၇၀ရာခိုင်နှုန်းကို အချိန်၁မိနစ်တိတိပြည့်သည်အထိ လျှော့ချပေးနိုင်စွမ်း ရှိသည်။

ကျောက်ဘီလူးကြီး၏ အမြန်နှုန်းက ဘယ်ရီသီးများနှင့် ထိမှန်ပြီးနောက်တွင် သိသိသာသာ လျော့ကျသွား၏။

ရှီဖုန်းက ဓားကို ဆွဲထုတ်၍ ကျောက်ဘီလူး၏နောက်သို့ ပြေးသွားကာ ဓားဖြင့် ခုတ်ချလိုက်သည်။

ကျောက်ဘီလူး၏ ဦးခေါင်းထက်တွင် -၃ ပေါ်လာ၏။ လျှော့သွားသော ၃မှတ်သည် စုစုပေါင်း HP 550 ယှဉ်လျှင် ပြောပလောက်ပသည့် ပမာဏ မဟုတ်ပေ။ ကျောက်ဘီလူး၏ HPက ၅စက္ကန့်တိုင်းတွင် ၁ရာခိုင်နှုန်း ပြန်ရ၏။ ထို့ကြောင့် ၅စက္ကန့်တိုင်းတွင် 5.5HP ပြန်ရသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ကျောက်ဘီလူးကို ၁စက္ကန့်အတွင်း သတ်နိုင်ရန်မှု သူ့အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။

ကျောက်ဘီလူးကြီးက ရှီဖုန်းတိုက်ခိုက်တဲ့အချိန်တွင် ခန္ဓာကိုယ်ကို လှည့်ရန် ကြိုးစားသော်လည်း သူ့၏လှည့်သည့်နှုန်းက နှေးလွန်းနေသည်။ ယခု ခန္ဓာကိုယ်လှည့်နှုန်းက ၇၀%ရာခိုင်နှုန်း လျှော့ခံထားရသောကြောင့် ပို၍ ‌နှေးကွေးနေလေသည်။ ရှီဖုန်းက နောက်ထပ် ၂ချက် ဆက်တိုက် ခုတ်ပိုင်းလိုက်ရာ -3, -3, -6 အတွဲလိုက် ပေါ်လာသည်။

ခုတ်ချက်၏ သက်ရောက်မှုသည် အဆင့်ကွာခြားမှုကြောင့် တိုက်ခိုက်မှုစွမ်းအားကို အများကြီး မပေးနိုင်ချေ။ သို့သော်လည်း ကျောက်ဘီလူးသည် သူ့ထက် အဆင့်လေးဆင့် ပိုမြင့်သောကြောင့် စကေးကျွမ်းကျင်မှုအမှတ်များ ပေး၏။ ဓားသမား၏ ရှိပြီးသား စွမ်းရည်ထဲက တစ်ခုဖြစ်သည့် ခုတ်ချက်စကေး၏ ကျွမ်းကျင်မှုအမှတ်က တစ်ခါသုံးလိုက်နှင့် သုံးမှတ်တိုးလာလေသည်။

ဤနေရာသည် စကေးကျွမ်းကျင်မှု တိုးတက်ရန်အတွက် အလွန်သင့်တော်သည့် နေရာတစ်ခု ဖြစ်ပေသည်။

ထို့နောက်တွင် ကျောက်ဘီလူးကြီးက ရှီဖုန်းကို ရင်ဆိုင်ရန် နောက်သို့ လှည့်လာသည်။ သို့သော်လည်း ရှီဖုန်းက သူ့ကို အခွင့်အရေးမပေးဘဲ နောက်သို့ နောက်တစ်ကြိမ် ရောက်အောင်သွားကာ တိုက်ခိုက်လိုက်သည်။

“မိုးကြိုးလျှပ်စီး… “

ပထမဆုံးဓားအလင်းတစ်ချက်က ကျောက်ဘီလူး၏ သွေးကို ၄မှတ်၊ နောက်ထပ်တစ်ချက်က ၅မှတ်၊ နောက်ဆုံးတစ်ချက်ကတော့ ၇မှတ် နုတ်သွား၏။

မိုးကြိုးလျှပ်စီးဓားချက်သုံးချက်က ကျောက်ဘီလူးကို ထိပြီးနောက်မှာတော့ မိုးကြိုးလျှပ်စီး၏ ကျွမ်းကျင်မှုအမှတ်က ၃မှတ် တိုးသွား၏။

နောက်ထပ် သာမန် ဓားချက်များကလည်း ကျရောက်လာပြန်သည်။

အတွဲလိုက်ထိခိုက်မှု -4 -4 -4 ဆက်တိုက်ပေါ်လာသည်။ နောက်ဆက်တွဲတိုက်ခိုက်မှုများအတွက် +၁သာ တိုးလာသော်လည်း အချိန်က ၁၅စက္ကန့်ဖြစ်သဖြင့် ကျောက်တုံးဘီလူးကို သတ်ဖြတ်ရန်အတွက် အချိန်ပိုမြန်လာစေသည်။ ယခု ကျောက်ဘီလူးကို ၁မိနစ်ဖြင့် သတ်ဖြတ်ရန်မှာ ဖြစ်နိုင်သွားသည့်အတွက် ပေါက်ကွဲဘယ်ရီသီးများကို ထပ်မကုန်စေနိုင်တော့ပေ။

ကျောက်ဘီလူးက မြင့်မားသည့် HP နှင့် တိုက်ခိုက်မှုစွမ်းအားများ ရှိသော်လည်း လှုပ်ရှားရာတွင် နှေးနေသောကြောင့် ရှီဖုန်းကို ဘာမှ ပြန်မလုပ်နိုင်ဘဲ ရှီဖုန်းကို EXP နှင့် ကျွမ်းကျင်မှုအမှတ်များ ပေးသည့် ရုပ်ထုတစ်ခုအလား ဖြစ်နေလေသည်။

စကေးများကို အသုံးပြုတိုင်း စကေးကျွမ်းကျင်မှုအမှတ်က တိုးမလာနိုင်ပေ။ အဆင့်တူ မွန်းစတားများပေါ်တွင် စကေးသုံးပါက အမှတ်တစ်မှတ် တိုးလာနိုင်ချေ ၂၀ရာခိုင်နှုန်းသာ ရှိ၏။ မွန်းစတားက အဆင့် ၁ဆင့် ပိုမြင့်လျှင် ၄၀ရာခိုင်နှုန်း၊ ၂ဆင့် မြင့်လျှင် ၇၀ရာခိုင်နှုန်း၊ ၃ဆင့် မြင့်လျှင် ၁၀၀ ရာခိုင်နှုန်း၊ ၄ဆင့်မြင့်လျှင် ၁၅၀ရာခိုင်နှုန်းနှင့် ၅ဆင့် မြင့်လျှင် ၂၀၀ အထိ တိုးနိုင်သည်။ ၂၀၀ရာခိုင်နှုန်းသည် အမြင့်ဆုံး တိုးလာနိုင်ချေဖြစ်သည်။

အခု ရှီဖုန်းက အဆင့်၅ ကျောက်ဘီလူးကို သတ်လိုက်သဖြင့် ကျွမ်းကျင်မှုအမှတ်က ချက်ချင်း ထောင်တက်သွား၏။

တစ်မိနစ်မပြည့်သေးခင်မှာတင် ကျောက်ဘီလူးက မြေပေါ်သို့ လဲကျသွားသည်။

System: အဆင့်၅ ကျောက်ဘီလူးသေဆုံး သွားပါပြီ။ အဆင့်ကွာခြားချက် ၄။ EXP ၄၀၀ရာခိုင်နှုန်း တိုးသည့်အတွက် EXP 120 ရရှိပါသည်။

ရှီဖုန်း၏ EXPတန်းက အတော်ကို မြင့်တက်သွားသော်လည်း အဆင့် ၂သို့ ရောက်ရန် EXP 880 လိုနေသေး၏။ အဲ့ဒါက နောက်ထပ် ကျောက်ဘီလူးရှစ်ကောင် သတ်ရမယ်လို့ ဆိုလိုခြင်း ဖြစ်သည်။

ရွက်နီသစ်တော၏ အလယ်ပိုင်းဒေသမှ တောင်တန်းများက အဆင့်တက်ရန်နှင့် ရတနာများ ရှာရန် အကောင်းဆုံးနေရာများ ဖြစ်သည်။ သို့သော်လည်း ကစားသမားများက ဤနေရာကို ၂လအကြာမှသာ ရှာတွေ့သွားကြပေလိမ့်မည်။

ကျောက်ဘီလူးကို သတ်ပြီးနောက်တွင် ရှီဖုန်းက ကြေးအဆင့် လက်နက်များတွင် ပြုလုပ်သည့် ကြေးသတ္တုရိုင်းတစ်တုံးကို ရလိုက်သည်။ ထို့အပြင် ကျောက်တုံးမာအစိတ်အပိုင်းတစ်ခုကိုလည်း ရလိုက်၏။ ထို့နောက် ရှီဖုန်းက မြေပြင်တွင် ရှာကြည့်လိုက်သောအခါ ဝိညာဉ်၁၀၀ပန်းဟု ခေါ်သော ရှားပါးသည့်‌ဆေးပင်ကတစ်ပင်ကိုလည်း တွေ့လိုက်သည်။ ထိုဆေးပင်ကို HP ပြန်လည်ဖြည့်တင်းပေးသည့် ဆေးပုလင်းများတွင် အသုံးပြုနိုင်သည်။

ရှီဖုန်းက ဆေးပင်ကို ယူရန် အနားသို့ တိုးကပ်သွားသည့်အချိန်တွင် နောက်ထပ်ကျောက်ဘီလူးတစ်ကောင် ရောက်လာရာ ရှီဖုန်းက နောက်ထပ် ပေါက်ကွဲဘယ်ရီသီးတစ်လုံးဖြင့် ပစ်လိုက်သည်။

“မိုးကြိုးလျှပ်စီး… “

“ခုတ်ချက်… “

နောက်ထပ်အချိန်တိုအတွင်းမှာပင် 120EXP ၊ ကျောက်တုံးမာအစိတ်အပိုင်းတစ်ခုနှင့် ကျွမ်းကျင်မှုအမှတ် တော်တော်များများကို ရရှိလိုက်သည်။

မြေဆွဲအားလက်စွပ်ကို ပြန်လည်အသုံးပြုနိုင်သည့်အချိန်ကို ရောက်လာသဖြင့် ရှီဖုန်းက မြေဆွဲအားလွတ်မြောက်ခြင်းကို အသုံးပြုကာ အပေါ်သို့ ဆက်ပြီး တက်သွားလိုက်သည်။

တောင်ပေါ်သို့ တက်ရင်း ရှီဖုန်းက ကျောက်ဘီလူးများကို သတ်ပြီး ရှားပါးဆေးပင်များကို ရှာဖွေခဲ့သည်။

နောက်ထပ် ၈ကောင်မြောက် ကျောက်ဘီလူး လဲကျသွားသည့်အချိန်တွင် ရှီဖုန်းက အဆင့်၂ သို့ ရောက်သွားပြီး အခမဲ့စွမ်းရည်အမှတ်၄မှတ်ကို သွက်လက်မှုတွင် ပေါင်းထည့်လိုက်ပြန်သည်။ ထိုအခါ သွက်လက်မှုက ၁၆မှတ်ဖြစ်သွားပြီး အခြေခံစကေး(လျင်မြန်မှုနှင့်သွက်လက်မှု)ကို ဖွင့်ရန်အတွက် ၄မှတ်သာ လိုတော့၏။ ခုတ်ချက်၏ ကျွမ်းကျင်မှုအမှတ်ကလည်း ၃၀၀အထိ ရောက်ကာ အဆင့် ၂သို့ ရောက်သွားပြီး နောက်တစ်ဆင့်တက်ရန် အမှတ်၆၀၀သာ လိုတော့သည်။ အဆင့်၂ကို ရောက်သွားသည့်အတွက် ပြန်လည်အသုံးပြုရန်ကြာချိန်ကလည်း ၁စက္ကန့် လျော့သွားလေသည်။

တခြားကစားသမားများသာ ရှီဖုန်း၏ အဆင့်တက်နှုန်းကို မြင်လျှင် ရူးသွားနိုင်သည်။ သူတို့အတွက် အဆင့် သုညမှ အဆင့်၁သို့ တက်ရန် နာရီအနည်းငယ် ကြာပြီး အဆင့်၂သို့ တက်ရန် ၇နာရီ သို့မဟုတ် ၈နာရီခန့် ကြာနေချိန်တွင် ရှီဖုန်းက အဆင့်၂သို့ တက်ရန် မိနစ်၂၀တောင် မကြာခဲ့ပေ။

ရှီဖုန်းက သေသွားသည့် ကျောက်ဘီလူးဆီသို့ သွားပြီး ပစ္စည်းများ ရှာကြည့်လိုက်သည်။

“ကြည့်ရတာ ငါ့ကံက မဆိုးဘူးပဲ… လက်နက်တွေတောင် ကျလာတယ်… “

ရှီဖုန်းက ရလာသည့် ချပ်ဝတ်အင်္ကျီကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်သွား၏။

ခမ်းနားသော ရှပ်အင်္ကျီ (သာမန်အဆင့်)

အဆင့် ၄

ခုခံမှု +၃

Mana +၁၀

သက်တမ်း ၂၀/၂၀

နတ်ဘုရားနယ်မြေက ဖွင့်ဖွင့်ချင်းကာလဖြစ်သဖြင့် လက်နက်ကိရိယာများ ကျသည့်နှုန်းက အလွန်နည်းပါး၏။ ထို့ကြောင့် သာမန်အဆင့် လက်နက်ကိရိယာတစ်ခု ကျသည်ကပင် အလွန်ရှားနေလေသည်။ အထူးသဖြင့် သာမန် အဆင့်၄ အင်္ကျီမျိုးဖြစ်သည်။ ထိုအင်္ကျီကိုသာ ရောင်းချလျှင် တခြားသူများက ဈေးကြီးပေးဝယ်မှာ ကျိန်းသေလှသည်။

ရှီဖုန်းက အင်္ကျီကို သူ၏အိတ်ထဲသို့ ထည့်လိုက်ပြီး အပေါ်သို့ ဆက်တက်ရန် ပြင်လိုက်သည့်အချိန်တွင် သူနှင့် မဝေးသည့်နေရာမှ ဂူတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။

ရှီဖုန်းက ထိုဂူဆီသို့ သွားကာ အထဲသို့ လျှောက်ဝင်လာသည့်အချိန်တွင် သူ၏နှလုံးက တဒုန်းဒုန်း ခုန်ပေါက်လာသည်။

ဂူထဲတွင် အိပ်ပျော်နေသည့် ဧရာမကျောက်ဘီလူးကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ ကျောက်ဘီလူးကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို သာမန်မီးခိုးရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း မဟုတ်ဘဲ ငွေရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ရှရူး (အထူးလက်ရွေးစင်)

အဆင့်ခြောက်

HP 900

အထူးလက်ရွေးစင်များက သာမန်လက်ရွေးစင်များထက် အလွန်သန်မာပြီး သာမန်လက်ရွေးစင် မွန်းစတားတစ်ကောင်က အဆင့်တူ ၆ယောက်တစ်ဖွဲ့ကို သတ်နိုင်သည့်အချိန်တွင် အထူးလက်ရွေးစင် မွန်းစတားက အဆင့်တူ ၁၂ယောက်ပင် မကဘဲ ၁၅ယောက်ခန့်ထိတောင်မှ သတ်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် ကျောက်ဘီလူးရှရူးကို သတ်ချင်လျှင် အဆင့်၆ ကစား၁၅ယောက်ခန့် လိုအပ်သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ရှီဖုန်းကတော့ တွေဝေခြင်း မရှိဘဲ ရှေ့သို့ တိုးသွားကာ မိုးကြိုးလျှပ်စီးစကေးကို အသုံးပြုလိုက်သည်။ ဓားအလင်းများက မိုးကြိုးဓားအလင်းများက တစ်ချက်ပြီးတစ်ချက် ကျောက်ဘီလူးရှရူး၏ ခန္ဓာကိုယ်ကို ထိမှန်သွား၏။

ထိခိုက်မှု -1 -2 -3 က ကျောက်ဘီလူးရှရူး၏ ခေါင်းပေါ်တွင် ပေါ်လာသည်။

အပိုင်း ၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset