Switch Mode

Chapter – 158.1

အစ်မကြီး ကျွီးကျင့်

.

အပိုင်း ၁၅၈•၁

” အစ်မကြီး ကျွီးကျင့် ”
°°°
ရွှမ်ကျင့်၀မ်က ဆက်ပြီပြောလာခဲ့ပါတယ်။ ဒါပေမယ့် ငါတို့ရဲ့သုတေသနတွေနဲ့ ၀ိညာဥ်လက်နက်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်မှုက လုံး၀ကိုရပ်တန့်နေတယ်..အကြောင်းအရင်းကတော့ရှင်းပါတယ်။ ၀ိညာဥ်ပညာရှင်တွေဆိုတဲ့အဲ့ဒီရပ်တန့်စေတဲ့အကြောင်းအရင်း ဖြစ်နေတာကြောင့်ပဲ။

” ဒါကြောင့်မလို့ ၀ိညာဥ်လက်နက်တွေကို စတင်ပြီ အာရုံစူးစိုက်ဖို့နဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့ရည်ရွယ်ချက် အသုံးပြုဖို့ဆိုတာက ဒီကိစ္စမှာပြဿနာဖြစ်နေတာ ဘာကြောင့်လဲဆိုရင် ၀ိညာဥ်စွမ်းအားက သူတို့ကိုအသက်သွင်ဖို့လိုအပ်တယ်လေ လွန်ခဲ့တဲ့နှစ်ထောင်ချီအတွင်းမှာ သုတေသနတွေအားလုံးက ဒီအချက်ကိုပဲအာရုံစိုက်နေခဲ့ကြတယ်…သူတို့တွေက တစ်လောကလုံးမှာ ၀ိညာဥ်ပညာရှင်တွေကိုပဲ ၀ိညာဥ်လက်နက်တွေအသုံးပြုလို့ရအောင် လုပ်နေခဲ့ကြတာ ဒါကြောင့်မလို့ လူသားတိုင်းက ၀ိညာဥ်လက်နက်ကိုကျယ်ကျယ်ပြန့်ပြန့်မသုံးနိုင်ကြသေးဘူး…၀ိညာဥ်ပညာရှင်တွေဆိုတာက လူသားတွေကြားမှာ ထူးခြားနေတဲ့သူတွေပဲ ဒါပေမယ့် သူတို့ကလူနည်းစုလေ သာမန်ပြည်သူတွေအားလုံးက သူတို့ထက်အရေအတွက်ပိုပြီး သာလွန်တယ် ”

” အကယ်၍ ၀ိညာဥ်လက်နက်တွေကသာ သာမန်ပြည်သူတွေရဲ့ နေ့စဥ်ဘ၀မှာမ၀င်ရောက်နိုင်ဘူးဆိုရင် လူသားမျိုးနွယ်ဆက်ပြီမတိုးတက်ရမယ်ဆိုတဲ့ အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မှာမဟုတ်ဘူး..ဒါ့အပြင် ငါတို့မျိုးဆက်တွေရဲ့ ကန့်သတ်ထားတဲ့ စည်းမျဥ်းတွေကိုလဲ ကျော်လွန်နိုင်မှာမဟုတ်ဘူး ”

၀ိညာဥ်လက်နက်တွေက ပိုပြီးသန်မာလေလေ ပိုအားကောင်းတဲ့၀ိညာဥ်ပညာရှင်တွေကို လိုအပ်တယ်ပဲ ဒီခေတ်နောက်ကျနေတဲ့အတွေးအခေါ်ကြီးက ၀ိညာဥ်လက်နက်တွေရဲ့သုတေသနကို လုံး၀ရပ်တန့်သွားစေတယ်။ ငါတို့ရဲ့လက်ရှိသုတေသနအားပြုချက်က ဘယ်လိုဖြစ်နေလဲဆိုရင် ဘယ်လိုလုပ်ပြီဖန်တီးမယ်ဆိုရင် သာမန်ပြည်သူတွေက ၀ိညာဥ်လက်နက်တွေကိုအသုံးပြုနိုင်မလဲ ဒါကြောင့်သာ မင်းအခုဖန်တီးလိုက်တဲ့၀ိညာဥ်လက်နက်ကို ငါမြင်တဲ့အချိန်မှာ အရမ်းကိုအံ့အားသင့်သွားခဲ့မိတာ ”

” မင်းက ဒီပြဿနာကို အပြည့်အ၀မဖြေရှင်းရသေးပေမဲ့ ၀ိညာဥ်လက်နက်ကို အားသွင်းလို့ရတဲ့ပုံစံအဖြစ် ပြောင်းလဲနိုင်ပြီးပြီ ဒါကိုအားသွင်းပြီရင် သာမန်ပြည်သူတွေအတွက် ၀ိညာဥ်လက်နက်တစ်ခုကို ဖန်တီးပေးလို့ရနိုင်တယ်…ဒါက ငါအဓိကအာရုံအစိုက်ဆုံးအရာပဲ မင်း၀ိညာဥ်လက်နက်ရဲ့အင်အားကို ငါအာရုံမစိုက်ဘူး ”

” နောက်တစ်နည်းပြောရမယ်ဆိုရင် ဒီ၀ိညာဥ်လက်နက်ရဲ့ အရေးကြီးဆုံးနည်းပညာက သူ့ရဲ့ဂိီယာတွေနဲ့ခလုတ်တွေကို အသုံးပြုပြီး သွင်ထားတဲ့အားနဲ့ ၀ိညာဥ်စွမ်းအားကို အသုံးမပြုပဲတိုက်ခိုက်တာပဲ ဒါကြောင့် မင်းအနေနဲ့ ပြည်သူတွေအားလုံး ၀ိညာဥ်လက်နက်ကို အသုံးပြုလာနိုင်ဖို့အတွက် ဆက်ပြီတော့ရှာဖွေသင့်တယ်…ငါ့ကိုစိတ်လှုပ်ရှားစေချင်တယ်ဆိုရင် ဒီလိုသာလုပ်လေ ဒါ့အပြင် ပိုပြီးတော့အောင်မြင်တဲ့ဥပမာတွေက လက်ရှိအချိန်မှာ ကန့်သတ်ခံထားရတဲ့ ရွေ့လျား၀ိညာဥ်လက်နက်တွေဖြစ်နေတယ်…ဒီရွေ့လျား၀ိညာဥ်လက်နက်တွေရဲ့ တစ်ခုတည်သောပြဿနာက စျေးကြီးလွန်တာပဲ ပုံရိပ်ယောင်အစစ်အမှန်ခန်းမတောင်မှ အဆင့်မြင့်တဲ့ရွေ့လျား၀ိညာဥ်လက်နက်တွေကို မထုတ်လုပ်နိုင်သလောက်နီးပါးဖြစ်နေပြီ အခုလက်ရှိအချိန်မှာ နေလနိုင်ငံတော်ရဲ့ ကျောင်းတော်ကြီးတစ်ခုလုံးနဲ့ တစ်နိုင်ငံလုံးမှာတောင် ရွေ့လျား၀ိညာဥ်လက်နက်တွေကို အဓိကထုတ်လုပ်တဲ့နေရာက တစ်ခုပဲရှိသေးတယ် ”

ရွှမ်ကျင့်၀မ်က သူစကားပြောမှားသွားတာကို နားလည်သွားခဲ့ပါတယ်။ ဒါကြောင့် သူကြိုးစားပြီရယ်မောရင် ပြောလာခဲ့တယ်။

” နောက်ဆုံးစကားကိုမကြားလိုက်သလိုမှတ်လိုက်တော့ ”

ဟို့ယွိဟောင်လဲ ပြုံးပြနေခဲ့ပေမဲ့ ဘာမှမပြောခဲ့ပါဘူး။ ရွှမ်ကျင့်၀မ်ရှင်းပြနေတာကိုသာ နားထောင်နေခဲ့တယ်။ ရွှမ်ကျင့်၀မ်ရဲ့စိတ်၀င်စားမှုက အခုလက်ရှိအချိန်မှာ လုံး၀ကိုထွက်ပေါ်လာခဲ့ပါပြီ။ သူက ၀ိညာဥ်လက်နက်တွေအပေါ် သူ့ရဲ့နားလည်ထားသမျှနဲ့ အသိပညာတွေအားလုံးကို အိတ်သွန်ဖာမှောက်ချပြပေးခဲ့ပါတယ်။ ဒါ့အပြင် စည်းမျဥ်းတွေနဲ့ နည်းလမ်းဥပဒေသတွေကိုပါ ရှင်းပြနေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ခြောက်သွားတဲ့ရေမြုပ်တစ်ခုလိုမျိုး ဒီသတင်းအချက်အလက်တွေကို ဆက်တိုက်စုပ်ယူနေခဲ့ရပါတယ်။ သူ့ရဲ့စိတ်ထဲမှာ ရှိသမျှအရာအားလုံးကို မှတ်သားထားပြီ တိကျအောင်လုပ်ဖို့အတွက် ကြိုးစားနေခဲ့ရတယ်။

ရွှမ်ကျင့်၀မ်ရဲ့ ၀ိညာဥ်လက်နက်တွေအပေါ်မှာလုပ်ထားတဲ့သုတေသနတွေက ဟို့ယွိဟောင်ကိုတကယ်ပဲ ထိတ်လန့်လာစေခဲ့ပါတယ်။ သူက အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ပါ။ ဒါပေမယ့် ဖန်းယွီရဲ့ပုံစံနဲ့ လုံး၀ကိုမတူပါဘူး။ ဖန်းယွီရဲ့ပုံစံက အရမ်းကိုတည်ငြိမ်ပါတယ်။ ဟို့ယွိဟောင်ရဲ့ အခြေခံကသူ့ရဲ့ညွှန်ကြားမှုတွေအောက်မှာ ဒီလောက်အထိ ခိုင်မာလာခဲ့တာပါ။

ရွှမ်ကျင့်၀မ်ကတော့ လုံး၀ကိုဆန့်ကျင်ဖက်ပါပဲ။ သူ့ရဲ့စိတ်က မိုးကောင်ကင်အထိ အရှိန်အဟုန်ပြင်းပြင်းနဲ့ထိုးတက်နေတဲ့စက်ကိရိယာတစ်ခုလိုမျိုးအရမ်းကိုရဲရင့်ပြီ စိတ်ကူးစိတ်တမ်းကောင်းမွန်ပါတယ်။ ဒါ့အပြင် တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ စိတ်ကူးအသစ်တွေအမြဲတမ်းပြည့်နှက်နေတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ပါပဲ။ သူ့ရဲ့သုတေသနတော်တော်များများက စစ်တပ်နဲ့မသက်ဆိုင်ပဲ ဟို့ယွိဟောင်ကို အသိအမြင်အသစ်ပွင့်စေတဲ့ နည်းလမ်းအသစ်တွေကြီးသာ ဖြစ်နေခဲ့တယ်။ တချို့အရာတွေကိုတော့ အခုအချိန်အထိ သူနားမလည်သေးသလို တချို့ကိစ္စတွေကိုလဲ နားလည်နိုင်တဲ့အခြေအနေမှာ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ ကြားရသမျှအရာအားလုံးကိုတော့ တတ်နိုင်သလောက်ကြိုးစားပြီ မှတ်သားနေခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ရှင်းလင်းချက်လို့ ​ပြောလို့မရပေမဲ့ အနည်းဆုံးတော့ သူ့ရဲ့ရှေ့မှာ ရှင်းလင်းတဲ့လမ်းတစ်ခုကို မြင်နေခဲ့ရပါပြီ။

ဒါက၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ သင်ရိုးညွှန်တန်းတစ်ခုလိုပါပဲ။ ကျောင်းတော်နှစ်ခုရဲ့ကွာခြားချက်ကတော့ လုံး၀ကိုခြားနားလို့နေခဲ့ပါပြီ။

ဟို့ယွိဟောင် အမျက်ဒေါသကျောင်းတော်မှာ သင်ရတဲ့ပုံစံကတော့ ၀ိညာဥ်လက်နက်ဗျူဟာအခင်းအကျင်းတွေကို လုံး၀အတိအကျမှတ်မိအောင် လုပ်ဆောင်တာပါပဲ။ ဒါပေမယ့် ရွှမ်ကျင့်၀မ်ကတော့ သူ့အတွက် ဒီလိုမျိုးပုံတူတစ်ခုမှထုတ်မပေးပဲနဲ့ ၀ိညာဥ်လက်နက်တွေရဲ့ တည်ဆောက်ရတဲ့ပုံစံစိတ်ကူးစိတ်တမ်းတွေကိုသာ အဓိကရှင်းပြလို့နေခဲ့တယ်။

ရွှမ်ကျင့်၀မ်ရဲ့စကားအရ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဆရာတစ်ယောက်က သူတို့ရဲ့တပည့်သားတွေကို စည်းမျဥ်းစည်းကမ်းတွေအသေမှတ်ထားဖို့ ဘယ်တော့မှမလုပ်သင့်ပါဘူး။ ၀ိညာဥ်လက်နက်အတတ်ပညာရှင် ဆရာတွေကသူတို့ရဲ့ကျောင်းသားတွေကို နည်းလမ်းတွေသာသင်ကြားပေးသင့်ပါတယ်။ ကျောင်းသားက ဒီအသိပညာတွေကို နားလည်ပြီခိုင်မာတဲ့အခြေခံရတာနဲ့ သူတို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်တီထွင်ဖန်တီးနိုင်စွမ်းတွေကို အသုံးပြုပြီး ကိုယ်ပိုင်လက်နက်တွေကို ဖန်တီးသင့်တယ်။

ဒါကြောင့်သာ ရွှမ်ကျင့်၀မ်အနေနဲ့ ဒီတစ်ခေါက်ဟို့ယွိဟောင်ရဲ့ တီထွင်ဖန်တီးမှုကို အတော်လေးအံ့ဩခဲ့တာပါ။

ဟို့ယွိဟောင်အနေနဲ့ ရွှမ်ကျင့်၀မ်ရဲ့ညွှန်ကြားမှုအောက်မှာရှိရှိသမျှအသိပညာတွေအားလုံးက အသစ်ပြန်စရင်းသင်ကြားနေရတာကိုသာခံစားမိပါတော့တယ်။ သူ့ရဲ့ဦးနှောက်က အခုလက်ရှိအချိန်မှာ အတော်ကို အသစ်ကပြန်စနေပြီ အချိန်တိုင်းမှာမေးခွန်းကိုပြန်မေးနေခဲ့ရတယ်။ ရွှမ်ကျင့်၀မ်ကတော့ ချက်ချင်းဆိုသလို ပြန်ဖြေလိုက်ပါတယ်။ တစ်နာရီအချိန်က ဒီအတိုင်းကုန်ဆုံးလို့သွားခဲ့ပါပြီ ရွှမ်ကျင့်၀မ်က သူမောပန်းလာတဲ့အထိကို ဆက်တိုက်သင်ကြားပို့ချပေးနေခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ စစချင်တုန်းကလို လုံး၀တက်ကြွနေခဲ့တာပါ။ အဓိကအားဖြင့်သူကတော့ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်နေလို့ပါပဲ။

ရုတ်တရက်ဆိုသလို လက်တွေ့စမ်းသပ်ခန်းအခန်းတံခါးကပွင့်လာခဲ့ပြီ ဟို့ယွိဟောင်ရဲ့ အာရုံစူးစိုက်မှုကလဲ တခဏတာပြန့်လွှင့်သွားကာတံခါးကိုကြည့်မိပါတော့တယ်။

တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူအကြည့်မခွာန်ိုင်တော့ပါဘူး။

အဲ့ဒီနေရာမှာရပ်နေတဲ့အမျိုးသမီးငယ်လေးတစ်ယောက်ရှိပါတယ်။ သူမက အိပ်ချင်နေသလိုရီဝေတဲ့မျက်ရည်တွေကို ပိုင်ဆိုင်ထားပေမဲ့ သူ့ရဲ့အလှတရားက ဟို့ယွိဟောင်ကိုပိုပြီးတော့ အာရုံစိုက်စေတာပါ။

ဒီအမျိုးသမီးငယ်လေးက ရှည်လျားနက်မှောင်တဲ့ဆံကေသာတွေကို ပိုင်ဆိုင်ထားပါတယ်။ အသက်ဆယ်ခုနှစ် ဆယ်ရှစ်နှစ်အရွယ်ရှိပြီ သူ့ရဲ့ကြီးမားတဲ့မျက်လုံး၀ိုင်း၀ိုင်းတွေက ကြယ်တာရာနဂါးငွေ့တန်းကြီးတစ်ခုလိုမျိုး တောက်ပနေခဲ့တယ်။ သူ့ရဲ့အသားအရေကတော့ တကယ်အံ့ဩလောက်စရာပါပဲ။ ချွေးပေါက်တစ်ခုကိုမှ မမြင်ရအောင်နူးညံ့ပြီချောမွေ့နေတဲ့အပြင် သူ့ပါးကိုသွားညစ်မယ်ဆိုရင်တောင် ရေတွေထွက်လာတော့မဲ့အတိုင်း ကြည်လင်လို့နေခဲ့ပါတယ်။

တခြားသူတွေလိုပဲ ကျောင်း၀တ်စုံကို၀တ်ထားပေမဲ့ သူ့ရဲ့ဆွဲဆောင်မှုကို ကျောင်း၀တ်စုံက မပယ်ဖျက်နိုင်ခဲ့ပါဘူး။ ကျန်းနန်နန်လောက်မလှပေမဲ့ သူ့ရဲ့ပျင်းရိပြီသဘာ၀ကျကျချစ်စရာကောင်းနေတဲ့ပုံစံက ဟို့ယွိဟောင်ရဲ့အာရုံကို ဖမ်းစားလိုက်ပါတယ်။

” ဆရာစောစောရောက်နေတာပဲ ထူးဆန်းလိုက်တာ ”

အဲ့ဒီကောင်မလေးကတော့ ဟို့ယွိဟောင်ကိုမမြင်တဲ့အတိုင်း ရွှမ်ကျင့်၀မ်ကိုသာ ပျင်းပျင်းရိရိနဲ့ပြောလာခဲ့တယ်။ သူက အေးအေးဆေးဆေးလျှောက်လာရင်းနဲ့ စမ်းသပ်ခန်းစားပွဲဘေးမှာထိုင်ချလိုက်ပါပြီ။ သူနောက်ထပ် ဆက်အိပ်ချင်နေပုံပါပဲ။

ရွှမ်ကျင့်၀မ်ကတော့ ချောင်းသာဟန့်နေခဲ့တယ်။

” ကျွီးကျင့်ရေ အိပ်မနေနဲ့တော့ ဒီမှာလူသစ်ရောက်နေပြီ ”

ကျွီးကျင့်လို့အခေါ်ခံရတဲ့ကောင်မလေးက အခုအချိန်အထိ လှဲနေတုန်းပါ။ သူက ညာဘက်လက်ကို ပျင်းပျင်းရိရိဝှေ့ရမ်းရင်းနဲ့ ယင်ကောင်ကိုမောင်းတဲ့အတိုင်းရှိနေခဲ့တယ်။

” စကားမပြောပါနဲ့တော့ နည်းနည်းလောက်အိပ်ပါရစေဦး ညလင်းဇီးတွေကိုမီးရှို့လိုက်တဲ့အချိန်တုန်းက ညမှာဘာလုပ်နေလဲဆိုတာ သိမှာပါ ”

သူမရဲ့ချောမွေ့ပြီ ပိုးသားလိုနူးညံ့နေတဲ့အသံက လူတွေရဲ့နှလုံးသားကို တုန်လှုပ်စေနိုင်ပါတယ်။

ရွှမ်ကျင့်၀မ်ကတော့ စိတ်ညစ်နေတဲ့ပုံစံနဲ့သာပြောလာခဲ့တယ်။

” ထားလိုက်တော့ သူ့ကိုစိတ်ထဲမထားနဲ့ သူကဒီအတိုင်းပဲ နာမည်ကတော့ ကျွီးကျင့်လို့ခေါ်တယ်…ငါတပည့်တွေထဲကတစ်ယောက်အခုအချိန်ကနေစပြီ သူ့ကို အစ်မကြီးလို့ခေါ်လို့ရတယ်…ဒါမှမဟုတ်ရင်လဲ နာမည်တပ်ပြီခေါ်ပေါ့ အရင်ညတုန်းက ၀ိညာဥ်လက်နက်သုတေသနကို သူအာရုံစိုက်နေတာ ဒါ့အပြင် စမ်းသပ်ချက်တစ်ခုချင်းဆီတိုင်းကလဲ ညသန်ခေါင်အထိလုပ်ရတယ်…ဒါကြောင့် အခုဒီအချိန်မှသာ အိပ်ရာနိုးလာတာပဲ ငါမှာတပည့်သားလေးယောက်ပဲ ကျန်တဲ့သုံးယောက်က အခုလက်ရှိအချိန်မှာ အတွေ့အကြုံယူဖို့ထွက်သွားကြတယ်…သူတို့တွေရဲ့ရက်ပိုင်းအတွင်းပြန်လာကြမှာပါ ”

” အတွေ့အကြုံတဲ့လား ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက အပြင်မှာအတွေ့အကြုံရှာရတာလား ဘယ်လိုအတွေ့အကြုံမျိုးပါလိမ့် ”

” ဒါပေါ့ သူတို့တွေသေချာပေါက် အတွေ့အကြုံရှာဖို့လိုတယ်….စမ်းသပ်ခန်းမှာပဲ စမ်းသပ်တယ်ဆိုတာကမလုံလောက်ဘူး ဒါ့အပြင် တချို့သုတေသနတွေက ပြင်ပလက်တွေဘ၀မှာစမ်းသပ်ကြည့်မှတိုးတက်နိုင်တာ ဒါ့အပြင် ရလဒ်လဲပိုကောင်းနိုင်တယ်..ငါသူတို့ကို အစောပိုင်းတုန်းက ၀ိညာဥ်လက်နက်တချို့ဖန်တီးထုတ်လုပ်ဖို့အတွက် ညွှန်ကြားပြီးပြီ ဒါကြောင့် သူတို့၀ိညာဥ်လက်နက်တွေကိုယူသွားပြီ အပြင်မှာစမ်းသပ်တာပဲ မင်းလဲအဲ့ဒီနေ့တွေရောက်လာပြီဆိုရင် သူတို့လိုပဲလုပ်ရမှာ ”

” မင်းမှာ၀ိညာဥ်စွမ်းအားက အဆင့်လေးဆယ်ရှိနေပြီဆိုတော့ လေးခုမြောက်၀ိညာဥ်စက်ကွင်းကို အမြန်ဆုံးသွားရှာသင့်တယ်…၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက သူတို့ရဲ့၀ိညာဥ်စွမ်းအားကြောင့်သာ အရှေ့ကိုဆက်ပြီမတက်နိုင်ရတဲ့ကိစ္စက ငါတော်တော်လေးမကျေနပ်တဲ့ကိစ္စပဲ အင်အားကြီးတဲ့၀ိညာဥ်လက်နက်တွေအားလုံးက အင်အားကြီးတဲ့၀ိညာဥ်ပညာရှင်တွေကို အမြဲတမ်းကိုလိုအပ်နေတယ် ”

” ကျွန်တော်က နောက်ထပ်၀ိညာဥ်စက်ကွင်းတစ်ခုကိုရယူဖို့ အတွက် နှောင့်နှေးနေတာမဟုတ်ပါဘူး…ဒါပေမယ့် သင့်တော်တဲ့စိတ်၀ိညာဥ်အမျိုးအစားသားရဲကောင်က ရှားပါးလွန်တယ်..ဒီလိုဖြစ်မယ်ဆိုရင် ကျွန်တော်လဲသိပ်ပြီ အချိန်မဆွဲတော့ပါဘူး ”

” ရှားပါးတယ်ဆိုတာက မရှိဘူးမျိုးသုန်းသွားပြီလို့ ပြောချင်တာမှမဟုတ်ပဲ နေလနိုင်ငံတော်တစ်လျှောက်လုံးမှာ အရည်အသွေးကောင်းတဲ့၀ိညာဥ်သားရဲကောင်တွေက မဟာကြယ်တာရာသစ်တောထက်တောင် ပိုပြီးများသေးတယ်..ဒါ့အပြင် မတူညီတဲ့သားရဲကောင်တွေဆိုတာကလဲ အများကြီးရှိတယ်….ငါမင်းနဲ့အတူလိုက်ပြီ သင့်တော်တဲ့၀ိညာဥ်စက်ကွင်းတစ်ကွင်းကို ရှာပေးလို့ရတယ်…မင်းသာသင့်တော်တဲ့၀ိညာဥ်သားရဲကောင်ကိုတွေ့အောင်ရှာ ”

” ကျေးဇူးတင်ပါတယ် ဆရာရွှမ် ”

ဟို့ယွိဟောင်တကယ်ကိုပဲ လေးလေးနက်နက်ကျေးဇူးတင်နေခဲ့ပါတယ်။ ရွှမ်ကျင့်၀မ်ကို သင့်တော်တဲ့၀ိညာဥ်သားရဲကောင်မရှိနိုင်ဘူးမရှာနိုင်ဘူးလို့ပြောလို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီဆရာရဲ့စိတ်ကောင်းစေတနာကိုတော့ သူအသိအမှတ်ပြုရပါဦးမယ်။

ရွှမ်ကျင့်၀မ်က အဲ့ဒီအချိန်မှာ လှမ်းကြည့်ရင်းပြောလာခဲ့တယ်။

” ကောင်းပြီ သိပ်ပြီတော့ မစောတော့ဘူး…ငါတို့ဒီနေ့လောက်ပဲတော်လိုက်တော့မယ်…အခုအချိန် မင်းဘာသာမင်းသွားပြီ တွေးတောတာကကောင်းလိမ့်မယ်…ငါက မင်းကိုစည်းမျဥ်းတွေပဲ သင်ပေးမှာ ကျန်ရစ်တဲ့တီထွင်မှုကတော့ မင်းကိုယ်တိုင်ပဲ လုပ်ရလိမ့်မယ် ”

” ဟုတ်ကဲ့ပါ ”

ရွှမ်ကျင့်၀မ်ကတော့ ကျွီးကျင့်ရဲ့ဘေးကို ရုတ်တရက်လျှောက်သွားရင်းနဲ့ အော်လိုက်ပါတော့တယ်။

” အစာစားဖို့အချိန်တန်ပြီ ”

” အားဟုတ်ပြီသွားကြမယ်လေ မဟုတ်ရင် ပုဇွန်ခွက်ကြော်တွေကုန်သွားလိမ့်မယ် ”

အဲ့ဒီအိပ်ငိုက်နေပုံရသေးတဲ့မိန်းကလေးက ချက်ချင်းဆိုသလို ခုန်ထရင်းနဲ့ စမ်းသပ်ခန်းအပြင်ကို ပြေးထွက်လို့သွားပါတော့တယ်။ သူက လေပြင်းညင်တစ်ခုလိုမျိုးပဲ ဟို့ယွိဟောင်ကို ဖြတ်တိုက်လို့သွားခဲ့တာပါ။ ဟို့ယွိဟောင်ကတော့ သူမကို ပါးစပ်အဟောင်သားနဲ့သာ ကြည့်နေခဲ့ပါတော့တယ်။

ရွှမ်ကျင့်၀မ်ကတော့ ဒါကိုမြင်ချိန်မှာ ရယ်သာရယ်နေခဲ့တယ်။ မကြာခင်မှာပဲ ကျွီးကျင့်က ခြေဆောင့်ရင်းနဲ့ အခန်းထဲကိုပြန်၀င်လာခဲ့ပါပြီ။ သူ့လက်ထဲမှာအ၀ါရောင်အလုံးလေးတစ်လုံးကို ကိုင်လာရင်း ရွှမ်ကျင့်၀မ်ကိုပြောနေခဲ့တယ်။

” နောက်တစ်ခေါက် လိမ်ပြန်ပြီ နောက်တစ်ခေါက် လိမ်ပြန်ပြီ တကယ်ငါနင်ကိုသတ်တော့မယ် ”

အဲ့ဒီနောက် အ၀ါရောင်အလုံးတွေကို တစ်လုံးပြီတစ်လုံး သူပြစ်လွှတ်ပါတော့တယ်။

ရွှမ်ကျင့်၀မ်က အစပိုင်းမှာ နည်းနည်းပါးပါးဖမ်းန်ိုင်ပေမဲ့ မကြာခင်မှာပဲ သူမဖမ်းနိုင်တဲ့အခြေအနေရောက်လာပါတော့တယ်။

” ယွိဟောင် ငါကိုကူပါဦး ”

အခုအချိန်မှာတော့ ကျွီးကျင့်လေထဲမှာ ကောင်းကောင်းလက်မြောက်နေတာကို ဟို့ယွိဟောင်မြင်နေခဲ့ရပါတယ်။ သူက လိမ္မော်ရောင်အလုံးတွေကို ပြစ်လွှတ်နေခဲ့တာပါ။ တစ်ခုချင်းဆီတိုင်းကလဲ မှည့်နေတဲ့အသီးတွေနဲ့ တူညီနေခဲ့တယ်။ သူမကအစာ၀ိညာဥ်ပညာရှင်တစ်ယောက်ဖြစ်နိုင်သလို လိမ္မော်သီးနဲ့တူတဲ့ပစ္စည်းကလဲ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ဖြစ်နိုင်ပါတယ်။

ဟို့ယွိဟောင်ရဲ့လှုပ်ရှားမှုက ရွှမ်ကျင့်၀မ်နဲ့မတူညီပါဘူး။ သူတို့နှစ်ယောက်စလုံးက သိုင်းပညာ၀ိညာဥ်တွေကို မထုတ်လွှတ်ထားပဲ ရှိနေခဲ့တယ်။ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို မရေမတွက်နိုင်တဲ့လက်တွေပေါက်လာတဲ့ပုံစံမျိုးနဲ့ ရှိရှိသမျှလိမ္မော်သီးတွေအားလုံးကို သူဖမ်းပါတော့တယ်။ သူ့လက်ကနေ ဘယ်လိမ္မော်သီးတစ်လုံးမှ လွှတ်မသွားခဲ့ပါဘူး။ အဲ့ဒီနောက် လိမ္မော်သီးတွေကို ဖမ်းရင်းဘေးဖက်မှာရှ်ိတဲ့မြေပြင်ပေါ်ကို ရိုးရိုးရှင်းရှင်းနဲ့ချထားခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တခြားတစ်ယောက်အခန်းထဲမှာရှိနေတာကို ကျွီးကျင့်ကနားလည်သွားခဲ့ပါပြီ။ ဒါကြောင့် သူမေးလာပါတော့တယ်။

” နင်ဘယ်သူလဲ ဘယ်ကရောက်လာတာလဲ ”

ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်အနားလျှောက်လာရင်း ရှင်းပြပါတယ်။

” ဒါမင်းရဲ့ဆရာတူမောင်ငယ်လေးအသစ်ပဲ ငါဒီနေ့ကစပြီ သူ့ကိုစသင်ကြားတော့မှာ ”

အပိုင်း ၁၅၈•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset