Switch Mode

Chapter – 157.3

လက်ဝါးရိုက်ပြီး ကျမ်းသစ္စာကျိန်ဆိုခြင်း

အပိုင်း ၁၅၇•၃

” လက်၀ါးရိုက်ပြီ ကျမ်းသစ္စာကျိန်ဆိုခြင်း ”
°°°
ဟို့ယွိဟောင်အနေနဲ့ ဒီလောက်အထိ ရိုးသားပြီတဲ့တိုးပြောလာမယ်လို့ ရွှမ်ကျင့်၀မ် ထင်မှမထားခဲ့ပါဘူး။ သူလဲ ဟို့ယွိဟောင်ကို ခေါင်းအစခြေအဆုံးပြန်ကြည့်ရင်း အံ့ဩနေခဲ့မိပါတယ်။ အဲ့ဒီနောက် ခေါင်းစောင်းရင်းနဲ့ ပြောလာခဲ့တယ်။

” တကယ်ကိုအင်အားကြီးတဲ့ စိတ်၀ိညာဥ်အမျိုးအစား သိုင်းပညာ၀ိညာဥ်ပဲ ငါရဲ့နောက်ဆုံးမေးခွန်းကတော့ ငါရဲ့တပည့်သားအဖြစ်နဲ့ နေချင်လား မင်းငါ့ကိုဆရာအဖြစ် လက်ခံမလား ငါရဲ့မျှော်လင့်ချက်ကတော့ မင်းအမျက်ဒေါသကျောင်းတော်ကနေ ထွက်ခွာပြီ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ၀င်ရောက်လာဖို့ပဲ ဒီစကားပြောရတာ အရမ်းလွန်တယ်လို့ထင်ရပေမဲ့ မင်းပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ထဲကို ၀င်ခွင့်စာမေးပွဲမရှိပဲ တိုက်ရိုက်၀င်ခွင့်ရအောင် အာမခံပေးနိုင်တယ် ”

” ငါရှိရှိသမျှအရာအားလုံးကို ပုံအောပေးပြီ မင်းကိုသင်ကြားပေးမယ်…ထိပ်တန်း၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာအောင် ကြီးကြပ်ပေးရုံတင်မကဘူး အရေးကြီးဆုံးသုတေသနတွေထဲမှာတောင် မင်းကိုထည့်ပေးမယ်…ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ဘယ်နေရာမှာပဲကြည့်ကြည့် ၀ိညာဥ်လက်နက်သုတေသနမှာ လူတွေအားလုံးထက် နှစ်အများကြီးလိုက်မမီနိုင်တဲ့အခြေအနေမှာ မင်းရောက်နေပြီဆိုတာ ငါအာမခံနိုင်တယ် ”

” ဒီတစ်ခေါက် မြို့တော်ကိုလာတဲ့ခရီးစဥ်မှာ ဆရာပြောတာတွေအားလုံးအမှန်တွေဆိုတာကို ကျွန်တော်နားလည်ခဲ့ပါတယ်….ဒါ့အပြင် နှစ်ပေါင်းဒါဇင်ချီပြီနဲ့လဲ လိုက်မမီနိုင်တဲ့အခြေအနေကို ရောက်နေပြီဆိုတာက ပြန်မျှတွက်ချက်မှုပါပဲ ဒါပေမယ့် အကယ်၍ တစ်နေ့ကိုသာရောက်လာခဲ့မယ်ဆိုရင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ နည်းပညာတွေနဲ့ ၀ိညာဥ်လက်နက်တွေက အင်အားအကြီးဆုံး၀ိညာဥ်ပညာရှင်တွေကို မကြောက်ပဲနေမလားဆိုတာ ကျွန်တော်သိချင်ပါတယ်..နေလနိုင်ငံတော်ကရော အခုလိုမျိုးဆက်ပြီတော့ တည်ငြိမ်နိုင်ဦးမလား ငြိမ်းချမ်းနိုင်ဦးမလား ”

ရွှမ်ကျင့်၀မ်က မျက်မှောင်ကြုတ်ပြီ စိတ်မရှည်လက်မရှည်နဲ့ဖြေလာခဲ့တယ်။

” ဒါက ငါတို့လိုသုတေသနပြုတဲ့သူတွေ စိုးရိမ်နေရမဲ့ကိစ္စမဟုတ်ဘူးလေ ဘယ်လိုမျိုးတန်ဖိုးရှိပြီ အတွင်းကျကျအသုံးပြုလို့ရမဲ့ မြင့်မြတ်တဲ့၀ိညာဥ်လက်နက်တွေကို ဖန်တီးနိုင်မလားဆိုတာကိုပဲ အာရုံစိုက်ရမယ် ”

ဟို့ယွိဟောင်လဲ သက်ပြင်းချလိုက်ပါတယ်။

” ဘာကြောင့်လဲဆိုတော့ ဒါကဆရာရဲ့နိုင်ငံဖြစ်နေလို့လေ ဒါပေမယ့် ကျွန်တော်နိုင်ငံမှမဟုတ်တာ ကျွန်တော်က ကျွန်တော်ရဲ့၀ိညာဥ်လက်နက်တွေအပေါ်ထားတဲ့ စိတ်အားထက်သန်မှုကြောင့် သူများတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေပျက်စီးရမှာမလိုလားဘူး နိုင်ငံတွေကြားမှာ ပဠိပက္ခဖြစ်အောင်လဲ လောင်စာမလုပ်ပေးချင်ဘူး ”

ရွှမ်ကျင့်၀မ်က ပြောလာခဲ့တယ်။

” မင်းကကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးလွန်နေတာပဲ စစ်ပွဲတစ်ခုကိုမင်းကိုယ်တိုင်မဖြစ်အောင်တားဆီးနိုင်မယ်လို့ ထင်နေတာလား ”

” ကျွန်တော်က စစ်ပွဲတစ်ခုကို တားနိုင်ဖို့အင်အားမကြီးပေမဲ့ ကျွန်တော်ရဲ့အစွမ်းအစတွေကိုတော့ ရန်သူနိုင်ငံဆီမပေးနိုင်ဘူး..ခွင့်လွှတ်ပေးပါ ဆရာက ကျွန်တော်ရဲ့ဆရာဖြစ်နေပါပြီ ဒီတော့ ကျွန်တော်ကို ညွှန်ကြားပြသပေးဖို့အတွက် မျှော်လင့်ပါတယ် ”

ရွှမ်ကျင့်၀မ်ရဲ့မျက်နှာက မည်းမှောင်နေခဲ့ပေမဲ့ နောက်ဆုံးတော့လဲ ဒီအမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းပြောင်းကျောင်းသားက သူ့ရဲ့အရည်အသွေးစမ်းသပ်ချက်ကို တုန်လှုပ်စေမှန်းတော့ လက်ခံလိုက်ရပါပြီ။

ဒီကောင်လေးက ၀ိညာဥ်လက်နက်တွေ သုတေသနပြုတဲ့နေရာမှာ သိပ်ပြီအတွေ့အကြုံမရှိသေးပေမဲ့လဲ အခြေခံကခိုင်လွန်နေသလို သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကလဲ အများကြီးအထင်ကြီးစရာကောင်းနေခဲ့တယ်။ ဒါ့အပြင် စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်ရှိနေတာက အရမ်းကိုထူးခြားတဲ့အချက်ပါပဲ။

ရွှမ်ကျင့်၀မ်က သက်ပြင်းချလိုက်ပါတယ်။

” နှမြောစရာကောင်းလိုက်တာ ဒါပေမယ့် ငါလဲ မင်းဆရာလုပ်ချင်ပါသေးတယ်…လက်ရှိအချိန်မှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ အ​ရေးကြီးဆုံးသတင်းအချက်အလက်တွေကိုတော့ မျှဝေမပေးနိုင်ဘူး..ဒါပေမယ့် မင်းရဲ့သုတေသနတွေကို အလဲအလှယ်လုပ်ချင်တယ်ဆိုရင်တော့ ငါတို့ညှိနိုင်လို့ရပါတယ် ”

အဲ့ဒီနောက် သူသွားတွေပေါ်တဲ့အထိ ပြုံးပြရင်းပြောလာခဲ့တယ်။

” ဒီနေရာကနေ ထွက်သွားဖို့စဥ်းစားဖူးလား ဆရာရွှမ် ”

ဟို့ယွိဟောင်က မေးလာခဲ့တယ်။ ရွှမ်ကျင့်၀မ်လဲ လန့်သွားပြီခေါင်းခါလိုက်ပါတယ်။

” မတွေးဖူးပါဘူး ဘာဖြစ်လို့ငါကသွားရမှာလဲ ငါကတစ်ဘ၀တာလုံးထိပ်တန်းအဆင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်ခဲ့တာဟိုကလေးဘ၀ထဲကပဲ အခုသာမန်ပြည်သူတွေအားလုံး၀ိညာဥ်လက်နက်တွေကို ကောင်းကောင်းသုံးစေချင်တယ်…ဒါဆိုရင် ငါလဲသူတို့ဘ၀ကိုတစ်သက်တာလုံး ပြောင်းလဲပေးနိုင်ပြီ တစ်လောကလုံးကိုလဲ ပြောင်းလဲပေးနိုင်လိမ့်မယ်…တိုက်ကြီးတစ်ခုလုံးမှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမကပဲ ငါရဲ့ သုတေသနအတွက်လုံလောက်တဲ့၀င်ကြေးကို ထုတ်ပေးနိုင်တာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ငါ့ကိုဘာမှသိပ်မသင်ပေးပေမဲ့ ငါတို့မှာအကောင်းဆုံးသုတေသနတွေရှိတယ်လေ အမျက်ဒေါသကျောင်းတော်က သာလွန်တဲ့၀ိညာဥ်ပညာရှင်တွေကို မွေးထုတ်ပေးနိုင်ပေမဲ့ ၀ိညာဥ်လက်နက်တွေကို လေ့လာတဲ့နေရာမှာ သူတို့ကအများကြီးနောက်ကျနေသေးတယ် ”

” ဆရာကိုအမျက်ဒေါသကျောင်းတော်ဆီ၀င်ရောက်ဖို့ ကျွန်တော်မဲဆွယ်တာမဟုတ်ပါဘူး ..ကျွန်တော်ရဲ့ သုတေသနရနိုင်တဲ့တစ်ခုတည်သောနည်းလမ်းက ကျွန်တော်မျိုးနွယ်ကို၀င်ရောက်ဖို့ဆိုတာ ပြောချင်လို့ပါ ကျွန်တော်ရဲ့သုတေသနတွေအားလုံးက ကျွန်တော်တို့မျိုးနွယ်အတွက် အဓိကဖန်တီးထားတာပါပဲ တကယ်တော့ ကျွန်တော်ကိုယ်တိုင်လဲ မပိုင်ဘူးလေ ”

” မင်းမှာမျိုးနွယ်ရှိတာလား ဘာမျိုးနွယ်လဲ ”

ရွှမ်ကျင့်၀မ်က မျက်လုံးအပြူးသားဖြစ်သွားရင်းနဲ့ မေးလာမိပါတယ်။

” ထန်မျိုးနွယ်ပါ ဆရာကြားဖူးလာတော့မသိဘူး ”

” လက်နက်ပုန်းတွေကို ဖန်တီးခဲ့တဲ့ထန်မျိုးနွယ်လား အဲ့ဒီထန်မျိုးနွယ်က ထျန်းဟွမ် နိုင်ငံတော်ရဲ့ဟိုအရှေးခေတ်မှာတည်ရှိခဲ့တာမလား ”

” ဆရာလဲ ထျန်းဟွမ်နိုင်ငံတော်အကြောင်းကို သိတယ်လား ”

ဟို့ယွိဟောင် ခေါင်းညိတ်ရင်းနဲ့ ပြောလာခဲ့တယ်။

” သိတာပေါ့ ငါကထျန်းဟွမ်နိုင်ငံတော်ကလူပဲလေ ဒါပေမယ့် ငါရဲ့မိဘတွေက နေလနိုင်ငံတော်ကို ရွေ့ပြောင်းပြီနေထိုင်ကြတဲ့သူတွေ ”

ဟို့ယွိဟောင်က ပိုပြီးတော့တောင် စိတ်လှုပ်ရှားလာခဲ့ပါတယ်။

” ဒါဆိုရင် ဆရာရော ထန်မျိုးနွယ်ထဲ၀င်ချင်လား ”

ရွှမ်ကျင့်၀မ်က အေးစက်တဲ့လေသံနဲ့သာ​မေးလာခဲ့တယ်။

” မင်းက ငါးကြင်ဆီနဲ့ ငါးကြင်ပြန်ကြော်နေတာလား ဒါမှမဟုတ်ငါကိုလှည့်စားချင်နေတာလား ငါသိထားသလောက်အရဆိုရင် ထန်မျိုးနွယ်က​မရှိတော့ဘူး နောက်ဆုံးကျန်တဲ့သူတွေအားလုံးကလဲ အရမ်းကိုအားနည်းလွန်တယ်…မင်းက ငါ့ကိုလုံလောက်တဲ့သုတေသနကုန်ကြစရိတ်နဲ့ ပစ္စည်းတွေထောက်ပံ့ပေးနိုင်မလား ”

ဟို့ယွိဟောင်လဲ ဒီဆရာရဲ့စိတ်မရှည်တဲ့အသံကို ကြားနေခဲ့ရပါတယ်။ သူလဲ ချက်ချင်းဆိုသလို ဒေါသထွက်သွားပေမဲ့ အဲ့ဒီဒေါသကို ခပ်မြန်မြန်ပဲ အသက်ရှုသွင်းရှုထုတ်လုပ်ရင်း ငြိမ်သတ်လိုက်တယ်။ ထန်မျိုးနွယ်က လက်ရှိအချိန်မှာ အတော်လေးကျဆင်းနေကို သူသိပါတယ်။ ဒါကြောင့် ရွှမ်ကျင့်၀မ်လိုလူမျိုးကို ဆွဲဆောင်ဖို့ဆိုတာ မလွယ်ကူပါဘူး။

” ဟုတ်ပါတယ် ထန်မျိုးနွယ်က လက်ရှိအချိန်မှာဆရာလို ထိပ်တန်း၀ိညာဥ်လက်နက်အတတ်ပညာရှင်ကို မဖိတ်ခေါ်နိုင်သေးဘူး ..ဒါပေမယ့် လောင်းကြေးထပ်ကြည့်ရအောင် အကယ်၍ ထန်မျိုးနွယ်သာ ဆယ်နှစ်အတွင်းမှာ နောက်တစ်ကြိမ်ထပ်ပြီတော့ မြင့်မားတိုးတက်လာခဲ့မယ်ဆိုရင် ဆရာအတွက်လုံလောက်တဲ့ ငွေကြေးနဲ့အထောက်အပံ့တွေကို ပေးလာနိုင်ခဲ့မယ်ဆိုရင် ဆရာ၀င်ရောက်မှာလား ”

” ငါပြောနေတာတွေကို မင်းနားမလည်သေးဘူးပဲ ငါက ပိုက်ဆံအကြောင်းကို ဂရုမစိုက်ဘူး…၀ိညာဥ်လက်နက်တွေရဲ့ ခိုင်မာတဲ့လောကကလွဲပြီ ကျန်တဲ့ကိစ္စတွေကို ဂရုမစိုက်ဘူး…ဒါ့အပြင် မင်းငါ့ကိုအစောပိုင်းတုန်းကပြခဲ့တဲ့ သုတေသနအရာမျိုးကလွဲလို့ ဘယ်အရာကမှငါ့ကို စိတ်အာရုံမဖမ်းစားနိုင်ဘူး..ဒီလိုဆိုရင်ကော ဘယ်လိုလဲ အကယ်၍ မင်းသာဒီလိုမျိုး သုတေသနဆယ်ခုတိတိထုတ်ပေးနိုင်မယ်ဆိုရင် ငါထန်မျိုးနွယ်ကို ၀င်ရောက်မယ် ”

ဟို့ယွိဟောင်လဲ ညာဘက်လက်ကိုမြောက်ရင်း ရွှမ်ကျင့်၀မ်ရဲ့အရှေ့မှာ ထောင်ထားလိုက်ပါတယ်။

” မင်းဘာလုပ်နေတာလဲ ”

ရွှမ်ကျင့်၀မ်က မေးလာခဲ့တယ်။

” ကတိတစ်ခုဆိုတာ ထိန်းသိမ်းရမယ်လေ ကျွန်တော်တို့လက်၀ါးချင်းရိုက်ရင်း ကျမ်းသစ္စာတစ်ခုကျိန်ကြတာပေါ့ ”

ရွှမ်ကျင့်၀မ်က ရယ်မောရင်းပြောလာခဲ့တယ်။

” ဒီလိုမျိုးတူညီတဲ့ သုတေသနတွေကို ဖန်တီးဖို့ဆိုတာ လွယ်ကူတယ်များမှတ်နေလား မင်းတစ်ခုရတာနဲ့တင် ကံကောင်းနေပြီလို့ ပြောလို့ရနိုင်ပါတယ်…တချို့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက တဘ၀တာလုံးမှာ တစ်ခုတောင်မထုတ်လုပ်နိုင်ဘူး..မတူညီတဲ့နယ်ပယ်တွေဆို ပိုလို့တောင်ဆိုးဦးမယ် ”

ဟို့ယွိဟောင်ကတော့ တလက်လက်တောက်ပနေတဲ့မျက်၀န်းတွေနဲ့ ပြောလာခဲ့တယ်။

” ဆရာရွှမ် အောင်မြင်အောင်လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုတာ ကျွန်တော်ရဲ့ပြဿနာပါ ကျွန်တော်မေးချင်တာတစ်ခုပဲရှိတယ်…အကယ်၍ ကျွန်တော်အောင်မြင်ခဲ့မယ်ဆိုရင် ဆရာရဲ့စကားတွေကို ဆရာတည်မှာလား ”

ရွှမ်ကျင့်၀မ်ရဲ့ တောက်ပတဲ့အကြည့်က ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပြီ အသံကိုနှိမ့်လိုက်ရင်း ပြောလာခဲ့တယ်။

” အကယ်၍ မင်းအောင်မြင်နိုင်မယ်ဆိုရင် ၀ိညာဥ်လက်နက် သုတေသနတစ်ခုချင်းဆီတိုင်းက မတူညီပဲထူးခြားနေပါစေ ငါထန်မျိုးနွယ်ထဲကို ၀င်ခဲ့မယ် ”

” ဖြတ် ဖြတ် ဖြတ် ”

လက်၀ါးရိုက်သံသုံးချက်က ထွက်ပေါ်လို့လာပါတော့တယ်။

ရွှမ်ကျင့်၀မ်အနေနဲ့ ဒီလက်၀ါးရိုက်ချက်သုံးခုရိုက်ပြီချိန်မှာ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေ အနည်းငယ်ပြောင်းလဲသွားတာကိုပြောနိုင်နေပါတယ်။ ဟို့ယွိဟောင်က သူ့မျက်လုံးထဲမှာ ကလေးတစ်ယောက်နဲ့မတူတော့ပါဘူး။ ဒါဟာသလုပ်နေတာ မဟုတ်မှန်ရှင်းရှင်းလင်းလင်းသိပါတယ်။ ဟို့ယွိဟောင်က စိတ်ဆုံးဖြတ်ချက်အပြည့်နဲ့ ယုံကြည်မှုက အံ့ဩစရာကောင်းနေတာအမှန်ပါ။

” ကောင်းပြီ ဒါဆိုရင် သင်ခန်းစာကို စကြရအောင် မင်းကိုဒီနေ့စိတ်ချမ်းသာအောင်သင်ကြားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…ဒါပေမယ့် မင်းအနေနဲ့ ဒီသုတေသနတွေကို ဖန်တီးဖို့အချိန်အများကြီးယူလို့မရဘူး…ငါလဲတအားအိုသွားရင် ငါရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်လာအောင်လို့ ဖန်တီးနိုင်တော့မှာမဟုတ်ဘူးလေ ”

ရွှမ်ကျင့်၀မ်က ၀ိညာဥ်လက်နက်တွေအကြောင်း အရမ်းကိုစိတ်အားထက်သန်ပြီ ခေါင်းမာပါတယ်။ ဒါပေမယ့် သူက အသိဉာဏ်ကင်းမဲ့နေတဲ့လူတစ်ယောက်လဲမဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့သုတေသနတွေက စိတ်လှုပ်ရှားစေပေမဲ့ အကြပ်အတည်စိုက်နေတဲ့အထဲကို ဆွဲမသွင်နိုင်တာတော့မှာအမှန်ပါ။

” ဒါဆိုရင် ကျွန်တော်တို့စတင်ပြီ သင်ကြားရအောင် ဆရာရွှမ် ကျွန်တော်စမ်းသပ်တာလဲအောင်ပြီဆိုတော့ အခုဆရာတပည့်ဖြစ်သွားပါပြီ ”

” ကောင်းပြီ စကြမယ် ..မင်းရဲ့အခြေခံက အတော်ခိုင်မာတာကိုငါသတိထားမိတယ်…မင်းကပြိုင်ဘက်ကင်းတဲ့စိတ်၀ိညာဥ်အမျိုးအစား သိုင်းပညာ၀ိညာဥ်ပညာရှင်ပဲ ဒါကြောင့် နောက်ထပ်လက်နက်တွေကို ထွင်ထုတဲ့နည်းလမ်းတွေအကြောင်း မပြောခင်မှာ ငါစည်းမျဥ်းတွေနဲ့ စည်းကမ်းတွေကို ပိုပြီးဆွေးနွေးချင်တယ်..မင်းရဲ့စည်းမျဥ်းစည်းကမ်းတွေကသာ မှန်ကန်မယ်ဆိုရင် နက်နက်ရှိုင်းရှိုင်းလေ့လာမယ်ဆိုရင်တောင် မှန်ကန်တဲ့လမ်းကနေသွင်းသွားမှာမဟုတ်ဘူး ”

” ကဲဟုတ်ပြီ ငါကိုပြောပြ ၀ိညာဥ်လက်နက်တစ်ခုဆိုတာဘာလဲ ”

ရွှမ်ကျင့်၀မ်ရဲ့မျက်နှာက အင်မတန်ကိုလေးနက်ပြီ တည်ငြိမ်နေခဲ့ပါတယ်။

” ၀ိညာဥ်ပညာရှင်ရဲ့ ၀ိညာဥ်စွမ်းအားနဲ့တိုက်ရိုက်အသုံးပြုလို့ရတဲ့ ၀ိညာဥ်လက်နက်တွေရှိတယ်…သူတို့တွေကို လက်နက်အဖြစ်အသုံးပြုနိုင်တယ်…ဒါမှမဟုတ်ရင် လူတစ်ယောက်ရဲ့ ​နေ့စဥ်ဘ၀နဲ့ အလုပ်ခွင်မှာအထောက်အကူပြုဖို့အတွက် သုံးလို့ရတဲ့လက်နက်တွေရှိတယ် ”

ဒါကတော့ စံပြအဖြစ်ပါပဲ ၀ိညာဥ်လက်နက်တွေကို ဘယ်လိုထွင်ထုရမလဲဆိုတာ စတင်သင်ကြားလာချိန်ကထဲက သိလာခဲ့တဲ့အရာပါ ဒါပေမယ့် ရွှမ်ကျင့်၀မ်ကတော့ စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပါတယ်။

” အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်တွေအပေါ်မှာထားရှိတဲ့ အမြင်နဲ့ရှု့ထောင့်က အတော်ကိုခေတ်နောက်ပြန်ဆွဲနေတာပဲ ငါမင်းကို အတွေးအခေါ်အသစ်သင်ပေးမယ်…မင်းသေချာမှတ်ထား ၀ိညာဥ်လက်နက်တွေဆိုတာဘာလဲ ၀ိညာဥ်လက်နက်တွေဆိုတာက ၀ိညာဥ်ပညာရှင်တွေနဲ့ဘာမှမဆိုင်ဘူး…၀ိညာဥ်လက်နက်တွေရဲ့တည်ရှိမှုနဲ့တိုးတက်မှုဆိုတာက လူအဖွဲ့အစည်းတစ်ခုလုံးရဲ့ တိုးတက်မှုကို အထောက်အကူပြုပေးနေတာပဲ ”

” ဒါကြောင့် ၀ိညာဥ်လက်နက်တွေကို တိုးတက်အောင်သုတေသနပြုပြီ ဖွံ့ဖြိုးအောင်လုပ်တာက လူသားတွေအားလုံးရဲ့ ဖွံ့ဖြိုးမှုကိုရှေ့ရှု့နေတယ်…ဒါကြောင့် လူသားတွေအနေနဲ့လဲ ပိုမိုသန်မာလာပြီ အားကောင်းလာတဲ့တည်ရှိမှုအဖြစ်ကို ရောက်ရှိလိမ့်မယ်..ငါအမြဲတမ်းယုံကြည်နေခဲ့တာရှိတယ်…မဝေးတော့တဲ့အနာဂတ်တစ်နေ့မှာ လူသားမျိုးနွယ်တွေအားလုံးက ၀ိညာဥ်လက်နက်ကိုအသုံးပြုပြီ တခြားမျိုးစိတ်တွေအားလုံးကို အနိုင်ယူနိုင်လိမ့်မယ်…ငါတို့လောကကနေမဟုတ်ပဲ တခြားလောကတွေကိုတောင် သွားနိုင်သေးတယ် ”

” လက်ရှိအချိန်မှာ ငါတို့ရဲ့ အမြင်တွေဆိုတာက သိပ်ပြီတော့မကျယ်ပြန့်သေးဘူး ဒါပေမယ့် လူသားတွေဆိုတာက အမြဲတမ်းတိုးတက်နေတဲ့သူတွေပဲလေ ဆက်တိုက်ဖွံ့ဖြိုးနေရုံတင်မက ၀ိညာဥ်လက်နက်တွေရဲ့ တိုးတက်မှုကလဲ ဒီအပေါ်မှာတိုက်ရိုက်သက်ရောက်နေတယ်..မင်းယုံကြည်လား အဲ့ဒီတစ်နေ့မှာလူသားတွေက ၀ိညာဥ်စွမ်းအားတစ်မျှင်ကိုတောင် သုံးစရာမလိုပဲနဲ့ ၀ိညာဥ်လက်နက်တွေကိုအသုံးပြုပြီး အမဲလိုက်နိုင်မဲ့နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်တွေကို သတ်ဖြတ်နိုင်လိမ့်မယ် ”

ရွှမ်ကျင့်၀မ် ​ပြောသမျှအရာအားလုံးကို တစ်လုံးမကျန်မှတ်မိနေအောင် အာရုံစိုက်ထားခဲ့မိပါတယ်။ ရွှမ်ကျင့်၀မ် အစွမ်းအစအပေါ် သူ့ရဲ့အမြင်ကြည်မှုက လက်ရှိအချိန်မှာ ဟို့ယွိဟောင်အပေါ် ရွှမ်ကျင့်၀မ် စစချင်အမြင်ပြောင်းသွားတုန်းကအခြေအနေနဲ့ အတူတူပါပဲ။

ရွှမ်ကျင့်၀မ်ကတော့ ၀ိညာဥ်လက်နက်တွေအပေါ် ဟို့ယွိဟောင်ရဲ့နားလည်မှုနဲ့ သဘောပေါက်မှုတွေအားလုံးကို ရိုးရှင်းတဲ့ စကားတချို့နဲ့တင် ပြောင်းပြန်လှန်ပြစ်နိုင်ပါတယ်။ ဒါကသူတို့ရဲ့အဆင့်အတန်းကွာခြားချက်က အဲ့ဒီလိုဖြစ်နေတာပါ။

” လူသားတွေရဲ့ ဆင့်ကဲတိုးတက်လာမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက လွန်ခဲ့တဲ့နှစ်ထောင်ချီအတွင်းမှာ အရမ်းကိုနှေးကွေးခဲ့တယ်…ဒါ့အပြင် သော့်လော့တိုက်ရဲ့ ဒီလိုမျိုးဖွံ့ဖြိုးတိုးတက်မှုတွေက နေလတိုက်နဲ့စတင်ပြီ မတိုက်မိခဲ့ဘူးဆိုရင် လုံး၀ပိုပြီးနှေးကွေးလိမ့်မယ်လို့ ငါယုံကြည်တယ် ”

” အခုလက်ရှိအချိန်မှာတောင် သော့်လော့တိုက်ရဲ့ အခြေစိုက်နိုင်ငံသုံးခုက ၀ိညာဥ်လက်နက်တွေကို အလေးအနက်မထားကြသေးဘူး…ထိပ်တန်းအဆင့်၀ိညာဥ်ပညာရှင်တွေကို ထည့်မတွက်သေးနဲ့ နေလနိုင်ငံတော်တစ်ခုထဲကပဲ ဒီတိုက်ကြီးသုံးခုစလုံးကို ၀ိညာဥ်လက်နက်တွေအသုံးပြုပြီး စုစည်းအောင်လုပ်နိုင်မယ်လို့ဆိုတာ သေချာတယ်..ငါပြောလဲပြော၀ံ့တယ်…ဒါ့အပြင် လူသားတွေရဲ့ လူနေမှုဘ၀ကလဲ အပြောင်းအလဲကြီးဖြစ်ဖို့အတွက် အတော်ကိုရေချိန်မြင့်နေပြီ ”

ရွှမ်ကျင့်၀မ်ရဲ့စကားတွေက ဘယ်သူမှပြန်ပြီ မတုန့်ပြန်နိုင်လောက်တဲ့အထိ အားကောင်းလို့နေခဲ့ပါတယ်။

အပိုင်း ၁၅၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset