အပိုင် ၁၅၇•၂
” လက်၀ါးခြင်းရိုက်ပြီ ကျမ်းသစ္စာကျိန်ခြင်း ”
°°°
ရွှမ်ကျင့်၀မ်ရဲ့ မျက်လုံးတွေက ညကောင်ကင်ရဲ့ကြယ်တာရာတွေလိုမျိုး တောက်ပလာခဲ့ပါတယ်။ သူချက်ချင်းဆိုသလို မှတ်ချက်ပြုလိုက်ပါပြီ။
” အဆင့်လေး၀ိညာဥ်လက်နက်နာမည်တွေကို မသိရသေးဘူး သူရဲ့မူလပစ္စည်းတွေကိုသာ ကောင်းကောင်းသုံးနိုင်မယ်ဆိုရင် တိုက်ခိုက်နိုင်စွမ်းက အဆင့်ငါး၀ိညာဥ်လက်နက်နီးပါးလောက်ရှိမှာမဟုတ်ဘူး…တိတိကျကျပြောရမယ်ဆိုရင် ရွေ့လျား၀ိညာဥ်လက်နက်တစ်ခုအဖြစ်တောင် သတ်မှတ်လို့ရနိုင်တယ်…သူကအဆုံးစွန်းကြီးမားတဲ့ပေါက်ကွဲမှုလဲ ရှိမနေခဲ့ဘူး…ဒါ့အပြင် သူ့ကိုကာကွယ်နိုင်ဖို့အတွက်ရှိရင် ၀ိညာဥ်အတားအဆီးတွေက အတော်ကိုကြိုးစားအားထုတ်လိမ့်မယ်…ဒါ့အပြင် ခက်ခက်ခဲခဲကာကွယ်ရမှာ အရှိန်နှုန်းကလဲ ၀ိညာဥ်အလင်းတန်းကို ယှဥ်နိုင်တယ်..ဒါ့အပြင် အင်အားကလဲ ထူးခြားပြီသာလွန်တယ်.”
” ဒီ၀ိညာဥ်လက်နက်ထဲမှာ အကောင်းမွန်ဆုံးနဲ့ အထူးချွန်ဆုံးကတော့ သူ့ရဲ့ဆွဲဆန့်နိုင်စွမ်းပဲ နေစမ်းပါဦး မင်းအဲ့ဒီလိုပြစ်လွှတ်လိုက်တဲ့အချိန် ၀ိညာဥ်လက်နက်ရဲ့ခလုတ်တစ်ခုထဲကိုပဲ နှိပ်လိုက်တယ်..ဒါ့အပြင် ၀ိညာဥ်စွမ်းအားတစ်ခုထဲကိုမှ မထည့်ထားဘူး…ငါနားလည်မိပြီ..မင်းက ၀ိညာဥ်စွမ်းအားကို ပေါင်းစည်းဖို့အတွက် အင်အားအပြည့်ရှိတဲ့ အခင်းအကျင်းအသုံးပြုထားတာပဲ ၀ိညာဥ်လက်နက်တစ်ခုလုံးကို အသက်သွင်းဖို့ဆိုရင်အထဲမှာဗျူဟာတစ်ခုလုံးက ထူးခြားလိုက်တာ တကယ်ထူးခြားလိုက်တဲ့အစီအစဥ်ပဲ သာမန်လူတွေတောင်မှ ဒီ၀ိညာဥ်လက်နက်ကို အပြည့်အ၀အားသွင်းပြီ အသုံးပြုလောက်တယ်…ဒါပေမယ့် ဘယ်လိုကြောင့်များ ဒီလိုအားသွင်းတဲ့စနစ်ကအရမ်းသေးနေရတာလဲ အခွံမှာတစ်ခုခုရှိနေတယ်..ဒါ့အပြင် ငါနားမလည်နိုင်တဲ့ ပစ္စည်းတွေကို မင်းထည့်ထားတယ်မလား ”
ရွှမ်ကျင့်၀မ်ရဲ့ သုံးသပ်ချက်ကိုကြားချိန်မှာ ဟို့ယွိဟောင်လဲ လန့်သွားခဲ့ပါတယ်။ တကယ်တော့ သူပြောတာအားလုံးက တစ်ခုမှမလွဲပါဘူး။ အခွံထဲမှာ သူထည့်ထားတာတွေရှိနေခဲ့တယ်။ အခွံရဲ့ တည်ဆောက်မှုကသာ အထဲမှာရှိနေတဲ့ဗျူဟာနဲ့ တစ်ပုံစံထဲတူနေခဲ့ပြီ အများကြီးအားဖြည့်ပေးနိုင်တာပါ။ အရေးကြီးဆုံးကတော့ အလယ်မှာရှိနေတဲ့ဗျူဟာမဟုတ်ပဲ အခွံကိုယ်တိုင်ပါပဲ။ ဒါကလဲ ဟို့ယွိဟောင်ရဲ့ လျှို့၀ှက်ချက်ဖြစ်နေခဲ့တယ်။
ဒီ၀ိညာဥ်လက်နက်ရဲ့နာမည်က လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းကျော်တုန်းကတော့ တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ အဲ့ဒါကတော့ ကျုးကော်နတ်လေးမြားပါ ထန်စန်း ထန်မျိုးနွယ်ကိုတည်ထောင်ခဲ့တဲ့အဲ့ဒီလူက ဒီပစ္စည်းကို တီထွင်ခဲ့တဲ့သူပါပဲ။ ဒါပေမယ့် လက်ရှိသူအသုံးပြုနေတဲ့ အရာကတော့ ကျူးကော်နတ်လေးမြားရဲ့ အဓိကဇစ်မြစ်နဲ့အချက်အခြာတွေကို ၀ိညာဥ်လက်နက်နဲ့ပေါင်းစည်းလိုက်တာပါ။
မူလတည်ဆောက်ပုံကို ဟို့ယွိဟောင်အစောကထဲက သိထားပေမဲ့ သူ့ရဲ့တည်ဆောက်ပုံကို အပြည်အ၀လေ့လာဖို့အတွက် နှစ်၀က်ကြာအောင်အချိန်ယူခဲ့ရပါတယ်။ ဖန်းယွီတောင်မှ ဒီ၀ိညာဥ်လက်နက်ရဲ့ တကယ်တည်ဆောက်မှုအစစ်ကို မသိသေးပါဘူး။ ဒါက ထန်မျိုးနွယ်ရဲ့ပထမဆုံးတီထွင်ခဲ့တဲ့ ၀ိညာဥ်လက်နက်ဖြစ်ပါတယ်။
ရွှမ်ကျင့်၀မ် ပြောလိုက်သလိုပါပဲ အင်အားကကြောက်စရာမကောင်းပေမဲ့ သာမန်လူတွေတောင်အသုံးပြုနိုင်တယ်ဆိုတဲ့အချက်နဲ့တင် ထူးခြားတဲ့၀ိသေနလက္ခာဏာတွေက နေလကျောင်းတော်အနေနဲ့ အချိန်အကြာကြီးလေ့လာနေခဲ့ရတဲ့အရာတွေပါပဲ။
နေလနိုင်ငံတော်ရဲ့ နံပါတ်တစ်လေ့လာမှုကတော့ သာမန်လူတွေ၀ိညာဥ်လက်နက်ကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတဲ့အဓိကအကြောင်းအရင်းပါ။ သူတို့ရဲ့ဒီသုတေသနပြုမှုက တော်၀င်ညီလာခံရဲ့ တပည့်သားတွေတင်မကပဲ တခြားထူးချွန်တဲ့သူတွေအထိကို အရေးပါအရာရောက်နေခဲ့တယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာထက်ကို ပိုပြီးတော့အာရုံစိုက်နေရတဲ့အကြောင်းအရင်းပါ။
ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်ရဲ့လက်ကိုဆွဲယူရင်း ပြောလာခဲ့တယ်။
” ငါ့ကိုအခုပြောပြ မင်းဒါကိုဘယ်လိုလုပ်လိုက်တာလဲ ဒါကိုအထင်ကြီးစရာကောင်းတဲ့ ၀ိညာဥ်လက်နက်ကို မင်းဘယ်လိုဖန်တီးလိုက်လဲ ဟာမဟုတ်ဘူး..ငါအလောကြီးသွားတယ် ငါ့ကိုဒီနည်းပညာရောင်းလိုက် မင်းရဲ့သုတေသနကို ငါကိုရောင်းလိုက် စိတ်ကြိုက်စျေးကိုဆို ဒါဆိုရင်ဘယ်လိုလဲ ”
ရွှမ်ကျင့်၀မ်ရဲ့ စိတ်အားထက်သန်မှုကို မြင်ချိန်မှာတော့ ဟို့ယွိဟောင်ရဲ့ သူ့အပေါ်အမြင်ကလဲ အနည်းငယ်ကောင်းမွန်လို့လာခဲ့ပါတယ်။ ရွှမ်ကျင့်၀မ်က သုတေသနအတွက်ဆိုရင်ရှိရှိသမျှအရာအားလုံးကို ပုံအောပေးမဲ့သူဆိုတာ သူခံစားမိတယ်။ ဒါ့အပြင် ဒီလိုလူမျိုးတွေက များသောအားဖြင့် အရမ်းကိုသန့်စင်ပါတယ်။ သူတို့မှာကောက်ကျစ်တဲ့စိတ်သဘောလဲရှိလေ့ရှိထမဖြစ်ပါဘူး။
” ဆရာရွှမ် ကျွန်တော်ကဆရာဆီကနေ သင်ကြားဖို့ရောက်ရှိနေတာပါ ကျွန်တော်အောင်မြင်သွားပြီလား ”
” မင်းအောင်ပြီ ငါ့ကိုဒီ၀ိညာဥ်လက်နက်ရောင်းမလား တော်၀င်တပည့်သားတွေကတောင် ဒီပြဿနာကိုဖြေရှင်းဖို့အတွက် မလုပ်န်ိုင်သေးဘူး…သေချာပေါက် စိတ်ကူးစိတ်တမ်းကောင်းတွေ ရမှာပဲနေပါဦး ငါမင်းရဲ့နာမည်ကိုတောင် မသိရသေးဘူး ”
” ကျွန်တော်နာမည်ဟို့ယွိဟောင်ပါ ”
” ကောင်းပြီ ကောင်းပြီ ဟို့ယွိဟောင် ငါ့ကိုပြောမင်းရဲ့သုတေသနတွေကို ရောင်းမလား ”
ဟို့ယွိဟောင်က ခေါင်းခါနေခဲ့ပါတယ်။
” ဆရာရွှမ် ကျွန်တော်မရောင်းနိုင်ဘူး…နေလကျောင်းတော်နဲ့ ကျွန်တော်တို့ကျောင်းတော်ကြားကပြိုင်ပွဲတွေကို ကောင်းကောင်းသိမှာပါ ဒါ့အပြင် ကျောင်းတော်က နေလနိုင်ငံတော်ရဲ့ လက်အောက်မှာရှိနေတယ်…အကယ်၍ သာမန်လူတွေကသာ ဒီလို၀ိညာဥ်လက်နက်တွေကို ကောင်းကောင်းသုံးလာနိုင်နေပြီ စစ်တပ်ကိုဆန့်ကျင်လာမယ်ဆိုရင် ဘယ်လောက်ကြောက်စရာကောင်းမလဲဆိုတာ နားလည်နိုင်ပါလိမ့်မယ် ”
” ဒီတော့မင်းမရောင်ဘူးပေါ့ ”
ရွှမ်ကျင့်၀မ်က မျက်မှောင်ကြုတ်ရင်းပြောနေခဲ့တယ်။
” ဟုတ်တယ် လုံး၀မရောင်းဘူး ဆရာကတကယ်ကြီးအဲ့လောက်တောင် ခေါင်းမကောင်းတော့တာလား ဒီသုတေသနတွေကိုယူပြီဆရာကစစ်ပွဲတွေ ပဠိပက္ခတွေကိုဖန်တီးမလို့လား အထောက်အကူအဖြစ်နဲ့ လုပ်မယ်ဆိုရင်တောင် ကျွန်တော်က ကြယ်တာရာလော့နိုင်ငံတော်ကလူ ကျွန်တော်ရဲ့သုတေသနတွေကို ဘယ်လိုလုပ်နေလနိုင်ငံတော်ဆီရောင်းလို့ဘယ်ဖြစ်မလဲ ”
ဟို့ယွိဟောင်ကတော့ လုံး၀ကို ပြတ်ပြတ်သားသားငြင်းပယ်နေခဲ့တယ်။ ရွှမ်ကျင့်၀မ်ကတော့ အမူအရာပြောင်းသွားရင်းနဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” မင်းရဲ့သုတေသနတွေကြောင့် ငါမင်းကိုတစ်ခုခုလုပ်မှာမစိုးရိမ်ဘူးလား ”
ဟို့ယွိဟောင်က ပြုံးပြရင်းပြန်ဖြေလာခဲ့တယ်။
” အကယ်၍ ဆရာမှာသာဒီလိုအကြံတွေရှိနေမယ်ဆိုရင် ကျွန်တော်ကိုပြောတောင်ပြောနေမှာမဟုတ်ဘူး…ဒါ့အပြင် အမျက်ဒေါသကျောင်းတော်က တခြားသူတွေအလွယ်လေးအနိုင်ကျင့်လို့ရမဲ့သူမျိုးမဟုတ်ဘူးလေ ဆရာရဲ့ကျင့်ကြံဆင့်က ကျွန်တော်ထက်အများကြီးမြင့်နေမယ်ဆိုရင်တောင် ဒီလိုအကာအကွယ်မျိုးမှာ ဆရာကိုအလဲထိုးနိုင်ဖို့ကျွန်တော်မှာ ဆယ်ရာခိုင်နှုန်းအခွင့်အရေးရှိတယ်လို့ပြောမယ်ဆိုရင် ယုံမှာလား ”
ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်တွေးထားသလိုမျိုး ဒေါသထွက်မသွားခဲ့ပါဘူး။ အဲ့ဒီအစား လုံး၀ကိုစစ်မှန်တဲ့ပုံစံမျိုးနဲ့ ရှိနေခဲ့တယ်။
” ကောင်းပြီလေ ဒါဆိုရင်ပြောပြ မင်းရဲ့ဒီသုတေသနတွေကို ငါနဲ့ဆက်ပြီတော့ ရှာဖွေချင်လား ငါသိသမျှအရာအားလုံးကို မင်းဆီသင်ကြားပေးမယ်ဆိုရင်ကော ဘယ်လိုလဲ ငါရဲ့ကိုယ်ပိုင်သုတေသနတွေအားလုံးကိုပါ မင်းရဲ့သုတေသနနဲ့ ပြန်လဲမယ်လေ ဒါ့အပြင် မင်းသိထားရမဲ့အရာတစ်ခုရှိတယ်…ငါရဲ့နောက်ဆုံးတွေ့ရှိချက်သုတေသနဆိုတာက အရမ်းကိုအထင်ကြီးစရာကောင်းတယ်…အဲ့ဒီထဲကတစ်ခုဆိုရင် ၀ိညာဥ်လက်နက်တွေကို အဝေးကြီးကနေထိန်းချုပ်နိုင်တဲ့အစွမ်းအစပဲ ဒါကိုငါပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲမှာပဲ သွားပြီတော့စမ်းသပ်လို့ရတယ်…အခုတော့အဆင့်ရှစ်၀ိညာဥ်လက်နက်ပဲရှိသေးပေမဲ့ လူတွေကတော့ အဆင့်ရှစ်၀ိညာဥ်လက်နက်တွေထဲမှာ အဆင့်ကိုးလောက်ကို ရောက်လာနိုင်တယ်လို့ ပြောနေပြီးပြီ ”
ဟို့ယွိဟောင်ကတော့ အေးအေးဆေးဆေးခေါင်းခါနေပါတယ်။ အကယ်၍ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ခန်းမသခင်ကျန်းဟုန်ချန်က ရွှမ်ကျင့်၀မ်ရဲ့ဒီစကားတွေကိုကြားမယ်ဆိုရင် သွေးအန်ပြီတော့တောင် သေသွားနိုင်လောက်ပါတယ်။
” မင်းနားမလည်ဘူးလား ”
ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်အနေနဲ့ လုံး၀ကိုပြဿနာမဟုတ်မှန်း နားလည်လာချိန်မှာ သူပိုပြီးတော့ ဒေါသထွက်လာပါတယ်။
” ကျွန်တော်တကယ်ပဲ နားမလည်နိုင်ဘူး…ဒါပေမယ့် ဆရာရဲ့သုတေသနတွေက နိုင်ငံအတွက်ပိုပြီးသင့်တော်တယ်…ဒါ့အပြင် ကိုယ်ပိုင်သုံးဖို့အတွက် အဆင်မပြေဘူးဆိုတာ ကျွန်တော်ပြောနိုင်တယ်…ဒါပေမယ့် ကျွန်တော်က စစ်သားတစ်ယောက်မဟုတ်ဘူး.. မှတ်သားနိုင်တဲ့စွမ်းရည်တွေနဲ့ ဒီလိုအာရုံစူးစိုက်နိုင်တဲ့စွမ်းရည်မှာတော့ ကျွန်တော်က သူများတွေကထက်သာတယ်…စမ်းကြည့်မလား ”
ဟို့ယွိဟောင်က စကားပြောနေချိန်မှာပဲ သူ့ရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ပါတယ်။ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းက အပြင်ကိုဖြာထွက်လာခဲ့ပြီ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ရွှမ်ကျင့်၀မ်ရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာတော့တယ်။
သုံးဖက်မြေပုံရိပ်တွေက ရွှမ်ကျင့်၀မ်ရဲ့စိတ်ထဲကို ချက်ချင်း၀င်ရောက်လာခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလို့လာခဲ့ပြီ ပတ်ပတ်လည်မီတာငါးရာအတွင်းမှာ ရှိသမျှအရာအားလုံးကို ဦးနှောက်ထဲမှာရှင်းရှင်းလင်းလင်းမြင်နိုင်ရမယ်ခံစားမိလိုက်ပါတော့တယ်။ ဒီစမ်းသပ်ခန်းကြီးအပါအ၀င် ရှိရှိသမျှအရာအားလုံးကို သူမြင်နေရတဲ့ထောက်လှမ်းနိုင်စွမ်းက အရမ်းကိုအံ့ဩစရာကောင်းနေခဲ့တယ်။
ဟို့ယွိဟောင်လဲ သူ့ကိုအချိန်အကြာကြီးတွေ့ကြုံခွင့်မပေးလိုက်ပါဘူး။ ၀ိညာဥ်စွမ်းရည်ကို ခပ်မြန်မြန်ပဲ သူပြန်သိမ်းလိုက်ပါတယ်။ အဲ့ဒီနောက် ရွှမ်ကျင့်၀မ်ကိုအေးအေးဆေးဆေးသာ ပြန်ကြည့်နေခဲ့တယ်။ သူ့ရဲ့ဒီအစွမ်းအစတွေကို ထုတ်ပြတယ်ဆိုတာက ဆရာရွှမ်နဲ့ အပေးအယူလုပ်နိုင်မယ်လို့ ထင်ထားမိလို့ပါ။ ဒါ့အပြင် ဒီတိုးတက်မှုကလဲ ကျောင်းတော်အတွက်ကော ထန်မျိုးနွယ်အတွက်ကော အများကြီးအသုံး၀င်ပါလိမ့်မယ်။
ရွှမ်ကျင့်၀မ်ကတော့ ဟို့ယွိဟောင်ကိုကြည့်ရင်း စကားဆက်မပြောနိုင်တော့တဲ့ပုံစံနဲ့ပဲ သူကိုမျက်လုံးအ၀ိုင်းသားကြီးနဲ့ ဒီအတိုင်းသာကြည့်နေခဲ့ပါတယ်။
” မဖြစ်နိုင်လိုက်တာ မင်းကစိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်လား မင်းအစောပိုင်းတုန်းက ၀ိညာဥ်လက်နက်တွေကို ထွင်ထုနေတဲ့၀ိညာဥ်စွမ်းရည်ကိုကြည့်မယ်ဆိုရင် မင်းက ”
” အဲ့ဒါကလျှို့၀ှက်ချက်မဟုတ်ဘူးလေ ကျွန်တော်က အမြွှာသိုင်းပညာ၀ိညာဥ်ရှိတယ်…တစ်ခုကတိုက်ခိုက်ရေးအမျိုးအစား တစ်ခုကစိတ်၀ိညာဥ်ထိန်းချုပ်ရေးအမျိုးအစား ကျောင်းတော်ကနေပေးထားတဲ့မှတ်တမ်းထဲမှာ ဒီအကြောင်းတွေကို သိသင့်သလောက်ပြောထားမှာပါ ”
တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲအတွေ့အကြုံကြောင့် ဒီအရာတွေက ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ပြီသား ဖြစ်နေခဲ့မှာပါ။ ဒါ့အပြင် နေလကျောင်းတော်ကလဲ သူ့ကိုနှစ်နှစ်လုံးလုံးအလွှတ်ပေးမှာမဟုတ်ဘူး။ သေချာပေါက် စောင့်ကြည့်နေခဲ့မှာပါ။
ဟို့ယွိဟောင်က စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်တာကြောင့် သူ့ရဲ့အာရုံစူးစိုက်နိုင်စွမ်းက အရမ်းကိုတိကျသလိုအသိစိတ်ကလဲ အင်မတန်ကို ကောင်းမွန်ပါတယ်။ ဆရာရွှမ်က ကောက်ကျစ်တဲ့အကြံသူ့မှာမရှိမှန်း သူကောင်းကောင်းနားလည်ပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ အကြံအညံကိုရယူဖို့အတွက် သူရှာဖွေလေ့လာရမဲ့အရာကိုတောင် လဲချင်နေပါတယ်။
” စိတ်၀ိညာဥ်အမျိုးအစားနဲ့ တိုက်ခိုက်ရေးတဲ့လား ”
ရွှမ်ကျင့်၀မ်ရဲ့မျက်လုံးတွေက ပိုပြီးတော့ တောက်ပလာခဲ့ပြန်ပါတယ်။ ဟို့ယွိဟောင်ရဲ့ပုခုံးကိုဆွဲယူရင် သူပြေလာခဲ့တယ်။
” အမြွှာသိုင်းပညာ၀ိညာဥ်ရှိတဲ့၀ိညာဥ်ပညာရှင်တစ်ယောက် ဒါ့အပြင် တစ်ခုကစိတ်အမျိုးအစားပဲ တကယ်ကိုကောင်ကင်ကချီးမြင့်ထားတဲ့ ကောင်းချီးမင်္ဂလာပဲ ကောင်းလိုက်တာ ကောင်းလိုက်တာ ”
” အရမ်းကြီးစိတ်မလှုပ်ရှားပါနဲ့ဆရာ ကျွန်တော်ကို အရင်လွှတ်ပါဦး ”
ရွှမ်ကျင့်၀မ်ကတော့ စိတ်လှုပ်ရှားလွန်လို့ မျက်နှာတွေတောင် နီရဲနေခဲ့ပါပြီ။
” စိတ်၀ိညာဥ်အမျိုးအစားတဲ့ မင်းကတကယ်ကို အမျက်ဒေါသကျောင်းတော်ရဲ့ကိုယ်စားပြုပီသလိုက်တာ မင်းမှာတကယ်စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်ရှိနေတာပဲ ယွိဟောင် မင်းရဲ့၀ိညာဥ်စွမ်းအားက ဘယ်လောက်အဆင့်လဲ ”
ဟို့ယွိဟောင်ကို လက်ခံတာကသိပ်ပြီမရိုးရှင်းနိုင်ပါဘူး။ လက်ရှိအချိန်မှာ တခဏတာသာ စကားပြောပြီရုံနဲ့တင် နာမည်ခေါ်တဲ့ပုံစံက ပြောင်းသွားခဲ့ပါပြီ။
” အဆင့်လေးဆယ်ပါ ဒါပေမယ့် ကျွန်တော်ရဲ့စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်က အခုလက်ရှိအချိန်မှာ အဓိကဖြစ်နေတဲ့အတွက် စိတ်၀ိညာဥ်အမျိုးအစားတွေက အရမ်းကိုနည်းပါးပြီ ရှားပါးလွန်လို့ ကျွန်တော်လဲ လေးခုမြောက်၀ိညာဥ်စက်ကွင်းကိုမရသေးတဲ့အတွက် ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ၀ိညာဥ်အကြီးအကဲဖြစ်နေဆဲပါပဲ။
ဟို့ယွိဟောင်က အသေးစိတ်ရှင်းပြလိုက်ပါတယ်။ ဒီအတွေးတွေက ရွှမ်ကျင့်၀မ်ရဲ့မီးလိုတောက်ပနေတဲ့မျက်နှာကို မြင်ချိန်မှာထွက်ပေါ်လာခဲ့တာပါ။
ရွှမ်ကျင့်၀မ်ကတော့ မျက်မှောင်ကြုတ်ရင်း ပြောလာခဲ့တယ်။
” အဆင့်လေးဆယ်လား ဒါကနှိမ့်လွန်နေတယ်…အကယ်၍ မင်းမှာအနည်းဆုံး၀ိညာဥ်စက်ကွင်းခြောက်ကွင်းသာရှိမယ်ဆိုရင် ငါတို့သွားလို့ရပြီ ”
ဟို့ယွိဟောင် တခဏတာကြောင်အလို့သွားခဲ့ပါတယ်။ ဒါပေမယ့် သူဒီအချိန်မှာ သတိပေးလိုက်ရတော့တယ်။
” ဆရာကျွန်တော်ဆယ့်လေးနှစ်ပဲရှိသေးတာ အသက်နှစ်ဆယ်လေးမဟုတ်ဘူး ”
” အားဟုတ်သား ငါမေ့သွားလို့ မင်းရဲ့အရည်အချင်းတွေအကြောင်း ငါရဲ့အသိအမှတ်ပြုမှုကို ရသွားပြီ ဒီစိတ်၀ိညာဥ်ထောက်လှမ်းမှုတစ်ခုထဲနဲ့တင် ငါမင်းကိုတပည့်သားအဖြစ်လက်ခံလိုက်တယ်…အကယ်၍ မင်း၀ိညာဥ်လက်နက်ကို တစ်ခုမှမထိဘူးရင်တောင် ထိပ်တန်းအဆင့် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာအောင် သင်ကြားပေးဖို့ငါယုံကြည်ချက်အပြည့်ရှိတယ်…ငါမင်းကိုနည်းနည်းပဲမေးစရာထပ်ရှိမယ်ယွိဟောင် ”
ဟို့ယွိဟောင် ခေါင်းညိတ်လိုက်ပါတယ်။ ပထမဆုံးအနေနဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့နယ်မြေကို မင်းထိန်းချုပ်နိုင်လား အတိအကျပြောရမယ်ဆိုရင် တိကျအောင်လုပ်ဖို့အတွက် မင်းသူ့ရဲ့သက်ရောက်တဲ့နယ်မြေကို လျှော့ချနိုင်လား ”
” ကျွန်တော်ကိုယ်ကျွန်တော်သုံးမယ်ဆိုရင်တော့ ရနိုင်ပါတယ်…ဒါပေမယ့် သူများတွေနဲ့ မျှဝေနေတဲ့အချိန်မှာတော့ မလုပ်နိုင်ဘူး ”
” ဒါတောင်အထင်ကြီးစရာကောင်းနေပြီ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေက ကိုယ့်ဘာသာကိုယ်ကြိုးစားပြီပဲ သေချာလေ့ကျင့်ရင်း သုတေသနပြုကြရတယ်…အင်အားတစ်ခုထဲကိုပဲ အားကိုးပြီ ပစ္စည်းတွေကိုဖန်တီးနေလို့မရဘူး….အင်အားဆိုတာက အထောက်အကူတစ်ခုပဲ ဒုတိယမေးခွန်းကတော့ မင်းရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ပစ္စည်းတစ်ခုထဲအထိကို နက်နက်ရှိုင်းရှိုင်း၀င်ပြီ အထဲမှာရှိတဲ့ ပစ္စည်းတွေကို ပြောင်းလဲတာကြည့်နိုင်သလား ”
” ကြည့်လို့တော့ရတယ်…ဒါပေမယ့် အဆင့်တစ်ခုအထိပဲ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် အရမ်းရှုပ်ထွေးတဲ့အရာတွေကို အတွင်းအနက်ရှိုင်းဆုံးအထိ ကျွန်တော်ကြည့်လို့မရဘူး…ဒါပေမယ့် လူခန္ဓာကိုယ်ဆိုရင်တော့ ပြဿနာမရှိဘူးလေ ပုံမှန်အခြေအနေတွေမှာ ကျွန်တော်က လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ၀ိညာဥ်စွမ်းအားအပြောင်းအလဲကိုကြည့်လို့ရတယ် ”
အပိုင်း ၁၅၇•၂ ပြီး၏။