.အပိုင်း ၁၅၇•၁
” လက်၀ါးခြင်းရိုက်ပြီ ကျမ်းသစ္စာကျိန်ခြင်း ”
°°°°
သူ့အရှေ့မှာရှိနေတဲ့ သတ္ထုပစ္စည်းဆီကို လျှောက်လာခဲ့ပါတယ်။ အားလုံးကိုတောင် သေချာကြည့်မနေခဲ့ပါဘူး။ ချက်ချင်းဆိုသလို စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုရင်း စိတ်ထဲမှာရှိသမျှအရာအားလုံးကို အကဲဖြတ်ပါတော့တယ်။ အဲ့ဒီနောက် ညာလက်ကိုမြောက်ရင်း သူ့ရဲ့လက်ချောင်းထိပ်က ရွှေရောင်ဓားသွားငါးခုကို အပြင်ထိုးထွက်လာစေခဲ့တယ်။ လက်ကိုခပ်ဖွဖွဝှေ့ရမ်းပြီတဲ့နောက် ထောင့်စွန်းမှာရှိနေတဲ့ ငွေရောင်တောက်တောက်သတ္ထုကို ဖြတ်ချလိုက်ပါပြီ။ အဲ့ဒီနောက် ဘယ်လက်ကိုမြောက်လိုက်ရင်း ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးနည်းလမ်းကို အသုံးပြုကာ ဒီသတ္ထုကို ဆွဲယူလိုက်တော့တယ်။ အဲ့ဒီနောက်လက်သည်းတွေကို ပြန်သိမ်းလိုက်ချိန်မှာကတော့ လက်နှစ်ဖက်စလုံးမှာ စိန်ပွင့်လိုမျိုးရေခဲတွေက ပေါ်လာခဲ့ပါပြီ။ လက်နှစ်ဖက်ကို ပေါင်းစည်းလိုက်ရင်း ဒီသတ္ထုကိုဖြည်းဖြည်းချင်းပုံဖော်ပါတော့တယ်။
အမှောင်ထုအကြောက်တရားလက်သည်းတွေကို မြင်မြင်ချင်မှာတော့ ရွှမ်ကျင့်၀မ်အနေနဲ့ အံ့အားသင့်သွားခဲ့ပါတယ်။ သူက အသက်သုံးဆယ်ကျော်နေပြီဖြစ်သလို ၀ိညာဥ်လက်နက်တွေအပေါ်မှာ စိတ်ရောလူပါမြုပ်နှံထားတာကလဲ အဆင့်နှစ်ဆယ်ကျော်ခဲ့ပါပြီ။ ဒါကြောင့် ဟို့ယွိဟောင်က ဘယ်၀ိညာဥ်လက်နက်ကိုအသုံးမပြုနေမှန်း သူရှင်းရှင်းလင်းလင်းမြင်နေခဲ့ရတယ်။
ဒါ့အပြင် ဟို့ယွိဟောင် ရွေးချယ်လိုက်တဲ့သတ္ထုကလဲ အတော်ကိုမာကြောတဲ့ တိုင်တည်နီရန်ပါ။ အရမ်းကိုရှားပါးလွန်တဲ့အပြင် နေလနိုင်ငံတော်ကသာ ထုတ်လုပ်နိုင်ပါတယ်။ တိုင်တည်နီရန်ကိုသုံးလိုက်တဲ့အချိန်မှာ ရွှမ်ကျင့်၀မ် ပထမဆုံးတွေးမိတာကတော့ ဒီကလေးအမှားလုပ်ပြီဆိုတာပါပဲ။
ဒါပေမယ့် ဓားသွားတွေက ချက်ချင်းထွက်လာပြီ ငွေဖြူရောင်တိုင်တည်နီရံကို အေးအေးဆေးဆေးလေးခုတ်ချလိုက်ပြီ ဘာအသံမှထွက်မလာချိန်မှာတော့ သူ့ရဲ့ဒီအတွေးက ပြောင်းလဲလို့သွားပါတော့တယ်။ သူ့မျက်စိရှေ့မှာမြင်နေရတဲ့ အဲ့ဒီဓားသွားတွေရဲ့မာကျောမှုနဲ့ ထက်မြက်မှုကို ခပ်မြန်မြန်ပဲ ဦးနှောက်သုံးရင်း အဖြေရှာနေခဲ့တယ်။
ရွှမ်ကျင့်၀မ်က နောက်ထပ်မြင်နေရတဲ့အရာတွေက ထိတ်လန့်လာစေခဲ့ပါတယ်။ တစ်ချွင်ချွင်မြည်သံတွေက ဟို့ယွိဟောင်ရဲ့လက်ဖ၀ါးတွေကြားထဲမှာ ထွက်ပေါ်လို့နေခဲ့ပြီ သူ့ရဲ့လက်ကြားတွေထဲကနေ မှုန့်ညှက်တဲ့ငွေရောင်လေးတွေက ဖြည်းဖြည်းချင်းဆိုသလို စီးကျလို့နေနေခဲ့တာပါ။ ဒါ့အပြင် စိန်ပွင့်တွေနဲ့တူညီနေတဲ့ရေခဲတွေက အရမ်းကိုတောက်ပလို့နေခဲ့ပြီ ခန်းမဆောင်တစ်ခုလုံးထဲမှာ အလင်းပြန်လို့နေခဲ့ပါတယ်။
ဟို့ယွိဟောင်က ရွှမ်ကျင့်၀မ်ကိုတစ်ချက်လေးတောင် မကြည့်ပဲနဲ့ စမ်းသပ်ခန်းစားပွဲပေါ်ကို ရောက်လာတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်ကိုယ်ဟန်ကလဲ အနည်းငယ် ပြောင်းလဲသွားခဲ့ပါပြီ။ ရွှမ်ကျင့်၀မ်အနေနဲ့လဲ ဟို့ယွိဟောင်သွင်မတူအောင် ထူးခြားတဲ့အာရုံစူးစိုက်မှုနဲ့ တည်ငြိမ်မှုကို သတိထားမိပါတော့တယ်။ သူ့ရဲ့လက်ထဲမှာ ရှိနေတဲ့ ငွေဖြူရောင်အလင်းလုံးလေးက လိုင်ချီးလုံးလေးအရွယ်ရှိနေခဲ့တာပါ။
ဒီကောင်က လက်ကိုသုံးပြီ တိုက်တည်နီရန်ကို အလုံးလေးဖြစ်အောင် လုံးလိုက်တာလား။ ရွှမ်ကျင့်၀မ် နောက်တစ်ကြိမ် လန့်သွားခဲ့ပါတယ်။ လင်းကျားယီဆီကနေ ဟို့ယွိဟောင်ရဲ့ အသေးစိတ်၀င်ခွင့်တွေအကြောင်းကို သူမမှတ်မိခဲ့ပါဘူး။ ဒါကြောင့် ဒီဆယ့်ငါးနှစ် ဆယ်ခြောက်အရွယ်လူငယ်ရဲ့အစွမ်းအစက ဘယ်လိုရှိမလဲဆိုတာ တွေးတောင်မတွေးမိခဲ့တာအမှန်ပါ။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေကို သူမြင်တောင်မမြင်ရပဲနဲ့ တကယ်တမ်းတော့ ဟို့ယွိဟောင်က ၀ိညာဥ်စွမ်းရည်နှစ်ခုတိတိကို သုံးပြီးခဲ့ပါပြီ။
နောက်ဆုံးမှာတော့ ဟို့ယွိဟောင်ရဲ့ အပြုအမူကြောင့် ရွှမ်ကျင့်၀မ်လဲ အာရုံစိုက်လာပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်သုံးပြနေတဲ့ အစွမ်းအစတွေအားလုံးက ၀ိညာဥ်ပညာရှင်တွေရဲ့ အစွမ်းအစတွေဆိုတာ သူ့ကိုယ်သူပြန်ပြီသတိပေးနေခဲ့ရတယ်။ ဒါ့အပြင် ဟို့ယွိဟောင်က လောကနံပါတ်တစ်ကျောင်းတော်ကနေလာတာပါ။ အမျက်ဒေါသကျောင်းတော်ကနေ လာတဲ့သူဖြစ်တာကြောင့် သူ့ရဲ့အစွမ်းအစတွေက အဲ့ဒီလောက်ကြီးလဲ အံ့ဩစရာမကောင်းဘူး။ ဒါကြောင့် သူ့အနေနဲ့ လျှို့၀ှက်လက်နက်အတတ်ပညာရှင်အစွမ်းအစတွေကို သေချာစမ်းသပ်ရလိမ့်မယ်။
ဟို့ယွိဟောင်လဲ ရွှမ်ကျင့်၀မ် အတွေးလွန်နေတဲ့အချိန်မှာအေးအေးဆေးဆေးအလုပ်လုပ်နေခဲ့ပါတယ်။ သူ့ရဲ့လက်ထဲမှာတော့ ငွေဖြူရောင်ထွင်းထုရေးဓားက ပေါ်လာခဲ့ပါပြီ။ ဒါကတော့ သက်စောင့်ဓားမဟုတ်ပါဘူး။ သာမန်ထွင်းထုရေးဓားတစ်လက်ပါပဲ။ဓားရဲ့အပေါ်မှာကတော့ စိန်မှုန်တွေရှိနေခဲ့ပြီ များပြားတဲ့သတ္ထုတွေကို ကောင်းကောင်းထွင်းထုနိုင်ပါတယ်။ ကောင်းတကာအကောင်းဆုံးတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အရမ်းကိုမာကြောတဲ့ သတ္ထုတွေကိုထွင်းထုမယ်ဆိုရင်တော့ ကျိုးသွားနိုင်ပါတယ်။
ဟို့ယွိဟောင်ရဲ့ ဘယ်ဘက်လက်ကတော့ ငွေဖြူရောင်အလုံးလေးကို ဖြည်းဖြည်းချင်းလှည့်နေခဲ့ပြီ ညာဘက်လက်ကတော့ ဓားကိုကိုင်ရင်း ထွင်းထုနေခဲ့ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုတွေက အရမ်းကို မြန်ဆန်နေခဲ့တယ်။ အနည်းဆုံးတော့ ရွှမ်ကျင့်၀မ်ရဲ့ အမြင်ကအတော်ကိုမြန်နေခဲ့တာပါ။ သူ့ရဲ့ဓားတစ်ချက်လှုပ်လိုက်မှုက လှပတဲ့အက်ကွဲကြောင်းတစ်ခုကို ဖြစ်လာစေခဲ့ပြီ နောက်ထပ်မနားတမ်းဆက်တိုက်လှုပ်ရှားနေပါတော့တယ်။ ချက်ချင်းဆိုသလို သတ္ထုအလုံးရဲ့မျက်နှာပြင်ပေါ်မှာ အက်ကြောင်းရာတွေက ပေါ်လာခဲ့ပါပြီ။
ရွှမ်ကျင့်၀မ်လဲ ဟို့ယွိဟောင်ကို ဂရုတစိုက်နဲ့ ကြည့်နေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ အရမ်းကိုမြန်ဆန်းတဲ့ အရှိန်နှုန်းနဲ့ လုပ်နေခဲ့တာပါ။ မကြာခင်အချိန်အတွင်းမှာပဲ သတ္ထုလုံးရဲ့မျက်နှာပြင်ပေါ်မှာ ရှုပ်ထွေးတဲ့ပုံသဏ္ဍာန်တွေက ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် ရွှမ်ကျင့်၀မ်ကတော့ မျက်မှောင်ကြုတ်ရင်းနဲ့ သူ့ဘာသာသူပြောနေခဲ့တယ်။
” ထိုးဖောက်တယ် အရှိန်မြင့်တယ် အရှိန်မြင့်တယ် အရှိန်မြင့်တယ် အရှိန်မြင့်တယ် အရှိန်မြင့်တယ် အရှိန်မြင့်တယ် အရှိန်မြင့်တယ် ခုနှစ်ခုတိတိသေးငယ်တဲ့ ကိုယ်ထဲမှာထည့်ပေးနိုင်တာက အတော်ထူးချွန်နေပြီ ဒါပေမယ့် မင်းဘာလို့အရှိန်ခြောက်ခုကိုတောင် လုပ်နေတာလဲ အကယ်၍ ဒါကို၀ိညာဥ်ရှပ်ပြေးမှာ သုံးမယ်ဆိုရင် တစ်ခုထဲသုံးရုံနဲ့တင် မင်းရဲ့နောက်ကျောက နှစ်ခြမ်းကွဲထွက်သွားလိမ့်မယ်…တိုင်တည်နီရန်က မာကြောပြီ ကြံ့ခိုင်တယ်…ဒါပေမယ့် ခုနှစ်ခုအခင်းအကျင်းက ဒီလောက်အရွယ်အစားလေးနဲ့ ထည့်ထားပြီ အရှိန်နှုန်းခြောက်ဆမြင့်ထားတာ အရမ်းကိုလွန်သွားပြီ ဒါကို မင်းတစ်ခေါက်ပဲသုံးနိုင်တယ်…တစ်ခေါက်သုံးပြီ ဖျက်ဆီးတာက အတော်လေးနှမြောစရာကောင်းတယ်မထင်ဘူးလား ”
ရွှမ်ကျင့်၀မ်ရဲ့အသံက မနူးညံ့ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်လဲ သူ့ကိုအာရုံမစိုက်ပဲ ရှိနေခဲ့တယ်။ တိုင်တည်နီရန်အလုံးလေးကတော့ သူလက်ထဲမှာဆက်တိုက်လှည့်ပတ်နေဆဲပါ။ သေးငယ်ပါးလွှားတဲ့အမှုန့်ကတော့ အပေါ်မှာဆက်တိုက်ဆိုသလိုပြန်ကျဲနေခဲ့ပါပြီ။
လက်ရှိအချိန်မှာတော့ ရွှမ်ကျင့်၀မ်က ဟို့ယွိဟောင်အပေါ်ကို အာရုံစိုက်လာပါတော့တယ်။ ဒီကလေးရဲ့အခြေခံက တော်တော်လေးကောင်းမွန်တယ်ဆိုတာကို သူသိနေခဲ့တယ်။ အဆင့်သုံး၀ိညာဥ်လက်နက်သာဖြစ်ပေမဲ့လဲ အခင်းအကျင်းတွေအများကြီးကို ထည့်သွင်းနိုင်တာက အဆင့်လေးနဲ့တောင် ညီနေခဲ့ပါပြီ။ ဒါ့အပြင် သူ့လက်တွေကလဲ အတော်ကို တည်ငြိမ်နေခဲ့ပြီ လှုပ်ရှားမှုနဲ့လဲ အရမ်းကိုစည်းချက်ကျကျရှိနေခဲ့တယ်။
သူ့ကိုပိုပြီးအထင်ကြီးစေတဲ့ အရာကတော့ ကြောက်စရာကောင်းလောက်အောင် မြန်နေခဲ့ပေမဲ့ အမှားတစ်ခုမှမလုပ်တာပါပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒီလိုဗျူဟာမျိုးကို ဟို့ယွိဟောင်ဖန်တီးတာ ပထမဆုံးအကြိမ်မှန်း သိနိုင်နေခဲ့တယ်။ ဒါ့အပြင် ဗျူဟာဖန်တီးတယ်ဆိုတာက ၀ိညာဥ်လက်နက်တစ်ခုရဲ့နှလုံးသားနဲ့ အသက်၀ိညာဥ်ကို ဖန်တီးတာပါပဲ။ အမှားရှိလို့လုံး၀မရပါဘူး။ သေးငယ်တဲ့အမှားလေးတစ်ခုထဲနဲ့တင် လုံး၀ကို ပျက်စီးသွားနိုင်ပါတယ်။
ငါးမိနစ်အတွင်းမှာတင် ဟို့ယွိဟောင်က သူ့ရဲ့အဓိကဗျူဟာကို ဖန်တီးပြီးသွားခဲ့ပါပြီ။ ဒီသတ္ထုလုံးလေးရဲ့အပေါ်မှာရှိနေတဲ့ အမှုန့်တွေကို လေနဲ့မှုတ်ထုတ်ရင်းအပြီးသတ်လိုက်ပါတော့တယ်။
အစောပိုင်းတုန်းက သာမန်တိုင်တည်နီရန်အလုံးလေးသာ ဖြစ်နေခဲ့ပေမဲ့အခုလက်ရှိအချိန်မှာတော့ အရမ်းကိုအသေးစိတ်ကျကျထွင်းထုတာနဲ့ အနုပညာလက်ရာတစ်ခုဖြစ်နေခဲ့ပါပြီ။ ထောင့်လိုက်နဲ့ အလျားလိုက်လှိုင်းတွေအားလုံးက မြွေတွေလိုအသွင်မျိုးနဲ့ လှည့်ပတ်လို့နေခဲ့ပြီ ကြောက်စရာကောင်းတဲ့ သုံးဖက်မြေပုံစံကိုဖော်ပြလို့နေခဲ့တယ်။
” ဆရာရွှမ် ပြီးပြီ ”
ဟို့ယွိဟောင်က ဗျူဟာလေးကို သူ့ရဲ့လက်ထဲမှာခပ်ဖွဖွထည့်ထားခဲ့ပါတယ်။
” ဘာမှအထင်ကြီးစရာမရှိဘူးပဲ ဒီလိုအဆုံးစွန်းရှုပ်ထွေးတဲ့ဗျူဟာကို ဖန်တီးနိုင်တာကို ဖန်တီးဖို့ကောင်းတယ်လို့ထင်နေတာလား ”
ဟို့ယွိဟောင်ကတော့အချိန်ကိုကြည့်ရင်း ပြောလာခဲ့တယ်။
” ဆရာရွှမ် အချိန်နည်နည်းကျန်သေးတယ်လေ ခွင့်ပြုမယ်ဆိုရင် ၀ိညာဥ်လက်နက်တစ်ခုလုံးကို ထွင်းထုပြီဖော်ပြပေးလို့ရပါတယ်…ဒီ၀ိညာဥ်လက်နက်ရဲ့ ခိုင်မာမှုက ဗျူဟာနဲ့သိပ်ပြီမသက်ဆိုင်ဘူး ”
ရွှမ်ကျင့်၀မ်လဲ သူ့ကိုအထိတ်တလန့်ကြည့်ရင်း ပြောလာခဲ့တယ်။
” ကောင်းပြီ ပြလိုက်စမ်းပါ အဲဒီလောက်ကြီး ဖန်တီးမှုကောင်းတယ်ဆိုရင် မင်းကိုသတ်မှတ်ချိန်ထက် မြင့်ပေးလိုက်မယ် ”
လက်ရှိအချိန်မှာတော့ အမျက်ဒေါသကျောင်းတော်ရဲ့ ဒီလူငယ်လေးကို သူအတော်လေးစိတ်၀င်စားနေခဲ့ပါပြီ။
” ကောင်းပါပြီဆရာ ”
ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို သတ္ထုပုံဆီကို ပြန်သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာတိုင်တည်နီရန်ကို မရွေးတော့ပဲ သံကိုသာရွေးလာခဲ့တယ်။ ဒါကတော့ ပုံမှန်အဖြစ်ဆုံးသတ္ထုပါပဲဒီလိုပုံမှန်အဖြစ်ဆုံးသတ္ထုက အသုံးပြုတာရှားပါးပြီ အခွံအဖြစ်တောင် သိပ်မသုံးကြပါဘူး။ သံဆိုတာက ပုံသွင်းဖို့အတွက်ပဲ အဓိကသုံးတာပါ။ လူတွေက ဒီလိုပစ္စည်းမျိုးတွေကို အသုံးပြုရင်း တိုက်ခိုက်တာရှားပါးပါတယ်။
နောက်တစ်ကြိမ် အကြောက်တရားလက်သည်းတွေက ထပ်မံပေါ်ထွက်လာရင်း သံတုံးတွေကိုခုတ်ပြစ်ပါတော့တယ်။ ရွှမ်ကျင့်၀မ်အနေနဲ့ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်လက်နက်ဖန်တီးတဲ့နေရာက အတော်လေးထူးခြားပြီ ပြိုင်ဘက်ကင်းနေတာကို သတိထားမိခဲ့တယ်။
ဟို့ယွိဟောင်က သူ့ရဲ့ လက်တွေကိုအသုံးပြုရင်း သတ္ထုကိုအပိုင်းပိုင်းဖြစ်အောင် ခွဲပြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် သံတွေကိုလိုအလောက်ရှိရာပုံစံအတိုင်းသွင်တော့တယ်။ တိုင်တည်ဝနီရန်လိုမာကြောတဲ့ အဲ့ဒီအရာကိုတောင် အလုံးလေးတစ်လုံးဖြစ်အောင် လုံးနိုင်တယ်ဆိုရင် သံနဲ့ဘာလုပ်နိုင်မလဲဆိုတာက ပြောစရာတောင်မလိုပါဘူး။ အဲ့ဒီနောက် ထွင်းထုရေးဓားကိုအသုံးပြုရင်း သံတွေအားလုံးကို သူလိုချင်တဲ့ပုံစံရအောင် ပြောင်းပါတော့တယ်။
ဗျူဟာကိုဖန်တီးတဲ့အချိန်မှာ ဟို့ယွိဟောင်ရဲ့ အရှိန်နှုန်းက မြန်တယ်လို့ပြောရမယ်ဆိုရင် အခုလက်ရှိသူလုပ်နေတဲ့ အရှိန်နှုန်းကတော့ ကြောက်စရာကောင်းအောင်မြန်တယ်လို့ ပြောရမှာပါပဲ။ရွှမ်ကျင့်၀မ်ရဲ့ မျက်လုံးနဲ့တောင်မှ သူ့ရဲ့လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပဲ ရှိနေခဲ့တယ်။
ဟို့ယွိဟောင်က ခန္ဓာကိုယ်ကိုအမျိုးမျိုးလှုပ်ရှားနေခဲ့ရင်း ရွှမ်ကျင့်၀မ်ကိုမမြင်နိုင်တဲ့ အထိကို မြန်မြန်ဆန်ဆန်အလုပ်လုပ်နေခဲ့ပါတယ်။
ရွှမ်ကျင့်၀မ်တောင်မှ သူထိုင်နေတဲ့ပုံသဏ္ဍာန်ကိုပြောင်းလဲရင်းနဲ့ ကြည့်ဖို့ကိုအာရုံစိုက်နေခဲ့ရပါပြီ။ များပြားတဲ့သတ္ထုအပိုင်းအစတွေက ခပ်မြန်မြန်ပေါင်းစပ်လို့သွားခဲ့ပြီ လက်ရှိအချိန် ဟို့ယွိဟောင်ဘာတွေလုပ်နေခဲ့လဲဆိုတာကို ရွှမ်ကျင့်၀မ်အနေနဲ့ တစ်သက်လုံးမြင်ခွင့်မရတော့မှာစိုးရိမ်တဲ့အတိုင်း အာရုံစူးစိုက်လို့နေခဲ့တယ်။
ရွှမ်ကျင့်၀မ်လဲ ဖြည်းဖြည်းချင်းဆိုသလို သဲလွန်စရလာခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်က လက်ရှိအချိန်မှာ သတ္ထုတွေကို အသုံးပြုရင်းအခွံလုပ်နေခဲ့ရုံတင်မကပဲ မျက်နှာပြင်ပေါ်မှာပါ တစ်စုံတစ်ရာထွင်းထုနေတဲ့ပုံပေါ်နေခဲ့တယ်။ ဖြည်းဖြည်းချင်းဆိုသလို မြားပုံသဏ္ဍာန်သတ္ထုချောင်းတွေက တစ်ခုနဲ့တစ်ခု ပေါင်းစပ်သွားပါတော့တယ်။
သတ္ထုတွေရဲ့ တချွင်ချွင်မြည်သံတွေကိုကြားလိုက်ရပြီတဲ့နောက် တစ်ပေကျော်လောက်ရှိတဲ့ သံသေတ္တာလေးတစ်လုံးက ပေါ်လာခဲ့ပါပြီ။ ဒီသံသေတ္တာလေးက သုံးမီတာကျော်ကျယ်ပြန့်ပြီ နှစ်မီတာကျော်မြင့်မားပါတယ်။ ဟို့ယွိဟောင် အစောပိုင်းတုန်းက ဖန်တီးခဲ့တဲ့ဗျူဟာကလဲ အထဲမှာပေါင်းစပ်ပြီးသားဖြစ်နေခဲ့တယ်။ သူ့မှာ သူမတူအောင်ထူးခြားတဲ့မှတ်ဉာဏ်တွေရှိပေမဲ့ လက်ရှိအချိန်မှာ ရွှမ်ကျင့်၀မ်က ဘာမှသိပ်မမှတ်မိနိုင်ပါဘူး။ ဟို့ယွိဟောင်က တမင်တကာအရှိန်နှုန်းကို မြင့်ထားတဲ့အပြင် သူကဘာမှမမြင်နိုင်အောင်ပိတ်ထားခဲ့တယ်။ ဟို့ယွိဟောင်ရဲ့၀ိညာဥ်လက်နက်က အရမ်းကို အနုစိတ်ပြီလှပနေတာကို ရွှမ်ကျင့်၀မ်လဲ ခံစားမိပါတယ်။ အထူးသဖြင့် သံကနေလုပ်ထားတဲ့အခွံကြောင့်ပါ။ ဒါကဘယ်လိုအစွမ်းကိုပေးနိုင်မလဲဆိုတာအတော်လေးကို သိချင်နေခဲ့ပါပြီ။
” မင်းပြီးပြီလား ”
ရွှမ်ကျင့်၀မ်က မေးလာခဲ့တယ်။ ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်းနဲ့ အဲ့ဒီမျက်နှာပြင်ပေါ်ကို ညာဘက်လက်နဲ့ဖိချလိုက်ပါတယ်။ နောက်ဆုံးပြင်ဆင်မှုတွေကို သူလုပ်ပြီခဲ့ပါပြီ။
” ကောင်းပြီလေ ဒါကဘာလုပ်နိုင်မလဲဆိုတာ ပြကြည့်ကြည့်စမ်း ”
ရွှမ်ကျင့်၀မ်က ပြောလာခဲ့တယ်။ ဟို့ယွိဟောင်ကတော့ သူ့စကားတွေနဲ့ အချိန်မဖြုန်းနေတော့ပါဘူး။ ခပ်မြန်မြန်ပဲ ၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေဖက်ကို ရွေ့သွားပါတော့တယ်။ ကြီးမားတဲ့ စမ်းသပ်ခံတိုင်းမှာ ၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေရှိနေခဲ့ပြီ ပြီးပြည့်စုံတဲ့၀ိညာဥ်လက်နက်တွေကို စမ်းသပ်ဖို့အတွက် အသုံးပြုလေ့ရှိပါတယ်။ ဒီနေရာကသိပ်ပြီ မကျယ်တဲ့အတွက် ကြီးမားတဲ့၀ိညာဥ်လက်နက်တွေကိုတော့ အသုံးပြုလို့မရပါဘူး။
ဟို့ယွိဟောင်က လေးထောင့်ကျကျသစ်သားလေးကို မြောက်လိုက်ပြီအဝေးမီတာငါးဆယ်မှာရှိတဲ့နံရံကို ညွှန်လိုက်ပါတယ်။ အဲ့ဒီနောက် လက်ချောင်းလေးတွေကို ဖိနှိမ့်လိုက်ချိန်မှာတော့ တစ်၀ုန်း၀ုန်းမြည်သံကိုသာ ကြားလိုက်ရတယ်။
ချက်ချင်းဆိုသလို နားစည်ကွဲအက်မတတ်ပေါက်ကွဲသံတွေက ငါးဆယ်မီတာအကွာမှာဖြစ်ပေါ်လာပါတော့တယ်။ သတ္ထုအမှုန့်တွေက နံရံကိုဖောက်ထွက်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့လက်ထဲမှာရှိတဲ့ သတ္ထုသေတ္တာလေးကတော့ အော်မြည်ရင်းနဲ့ အပိုင်းပိုင်းအစစဖြစ်သွားပါတော့တယ်။
ဟို့ယွိဟောင်က သူ့ရဲ့လက်ကိုခပ်မြန်မြန်လှုပ်ရှားလိုက်ပြီ ပေါက်ကွဲသွားတဲ့၀ိညာဥ်လက်နက်တွေထဲကို လက်မြောက်လိုက်ကာထူးဆန်းကျောက်စိမ်းလက်နဲ့အတူ သတ္ထုအလုံးလေးကို ဖမ်းယူလိုက်ပါတော့တယ်။
ဟို့ယွိဟောင် ဘာလုပ်လိုက်လဲဆိုတာကို အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ မဟုတ်သေးရင်တော့ နားလည်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ရွှမ်ကျင့်၀မ်က အဆင့်လေးအထက်ကို အများကြီးမြင့်နေတဲ့သူပါ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက သူ့ကိုထူးခြားတဲ့အထောက်အပံ့တွေပေးထားခဲ့သလို သူက ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့သုတေသနပြုအကြံပေးတွေထဲက တစ်ယောက်ပါပဲ။ ဒါ့အပြင် နေလကျောင်းတော်ရဲ့ ထူးခြားတဲ့ဆရာတစ်ယောက်ဖြစ်နေခဲ့သလို အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ပါ။ ဟို့ယွိဟောင်ဘာလုပ်လိုက်လဲဆိုတာကို သူ့ထက်ပိုသိမဲ့သူဆိုတာ မရှိနိုင်သလောက်ပါပဲ။
အပိုင်း ၁၅၇•၁ ပြီး၏။