အပိုင်း ၁၅၆•၃
” စမ်းသပ်ချက်ကိုခံယူပြီ ကျောင်းတော်ထဲကို၀င်ရောက်ခြင်း ”
°°°
ဟို့ယွိဟောင်ရဲ့မျက်လုံးသုံးလုံးက ပွင့်နေခဲ့ကြပြီ နေထွက်လာတာကို ကြည့်နေခဲ့ပါတယ်။ သူလဲ အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လိုက်ချိန်မှာတော့ နှာခေါင်းနဲ့ ပါးစပ်ကနေ အဖြူရောင်အငွေ့တွေက ထွက်ပေါ်လာတော့တယ်။ အဲ့ဒီနောက် အငွေ့တွေက သူ့ခန္ဓာကိုယ်ပတ်လည်မှာ ပုံသဏ္ဍာန်ပေါ်လာခဲ့ပါပြီ။ သူအသက်ပြန်ရှုသွင်းလိုက်ချိန်မှာကတော့ မြူခိုတွေက အဖြူရောင်အငွေ့တွေအဖြစ် ပြောင်းလဲရင်းခန္ဓာကိုယ်ထဲကို ၀င်သွားပါတော့တယ်။
ဒီနေရာမှာဘာအပင်မှမရှိပေမဲ့ အသက်စွမ်းအားကတော့ အပြည့်ပါပဲ။
နာရီအနည်းငယ်ကြာအောင် တရားထိုင်ပြီတဲ့နောက် သူ့ရဲ့မောပန်းနွမ်းနယ်မှုက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ ထူးဆန်းကောင်းကင်နည်းလမ်းအပေါ်မှာ တိုးတက်လာခဲ့မှုက နှေးကွေးပေမဲ့ တည်ငြိမ်လို့နေခဲ့တယ်။
စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကိုရဖို့ သူအလောမကြီးပါဘူး။ သူ့မှာ၀ိညာဥ်စွမ်းရည်တွေက အလုံအလောက်ရှိနေခဲ့ပါပြီ။ ၀ိညာဥ်စွမ်းရည်တွေအကန့်အသတ်ရှိတဲ့ တခြား၀ိညာဥ်ပညာရှင်တွေနဲ့ သူမတူညီပါဘူး။ ပထမဆုံး၀ိညာဥ်စက်ကွင်းက အသုံး၀င်တဲ့စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်စွမ်းရည်လေးခုတိတိရောက်အောင်ကူညီပေးနေခဲ့တယ်။ ဒါ့အပြင် ကျောက်စိမ်းဧကရီဆီနေ ရတဲ့၀ိညာဥ်စွမ်းရည်ကတော့ နောက်နှစ်ခုထပ်ရှိပါသေးတယ်။ ၀ိညာဥ်အရိုးလေးခုဆီကနေလဲ ၀ိညာဥ်စွမ်းရည်နောက်ထပ်လေးခုရထားခဲ့တဲ့အတွက်၀ိညာဥ်သူတော်စင်တစ်ယောက်အတွက်တော့သူ့လောက်များနိုင်မှာမဟုတ်ပါဘူး။
အကယ်၍ သူ့ရဲ့ တတိယ၀ိညာဥ်စက်ကွင်းကို တိုးမြင့်ပြီကိုယ်ပိုင်၀ိညာဥ်စွမ်းအားကို တိုးတက်အောင်လုပ်လိုက််ဆိုရင် နောက်ထပ်စွမ်းရည်ကနေလဲ ထပ်ရရှိမှာပါ။ ဒါ့အပြင် တတိယ၀ိညာဥ်စက်ကွင်းကို ပေါင်းထည့်ပြီတဲ့နောက် ကံကောင်းမှသာ စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်တစ်ခုကို ရှာတွေ့နိုင်မယ်ဆိုတာသူနားလည်သွားခဲ့တယ်။ ဒါကြောင့်သာ သူအလောမကြီးတော့တာပါပဲ။ အဲ့ဒီနောက် အာရုံစိုက်ပြီတော့သာ တည်တည်ငြိမ်ငြိမ်နဲ့ ကျင့်ကြံနေခဲ့တယ်။ ၀ိညာဥ်လက်နက်တွေအပေါ် သူ့ရဲ့နားလည်သဘောပေါက်မှုက နောက်နှစ်နှစ်ခွဲအတွင်းမှာ တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်စွမ်းအားကိုလဲ မြင့်မားအောင်လုပ်ရဦးမှာပါ။ နေလကျောင်းတော်ရဲ့ သုတေသနပြုချက်တွေကိုလဲ သူခိုးရပါဦးမယ်။
အဲ့ဒီနောက် သုံးကြိမ်တိတိအသက်ပြင်းပြင်းရှုသွင်းလိုက်ပြီ ၀ိညာဥ်စွမ်းအားကို ထိန်းညှိလိုက်ပါတော့တယ်။ ခန္ဓာကိုယ်ဆီကနေ နွေးထွေးမှုထွက်ပေါ်လာတာကို ခံစားလိုက်မိပြီချိန်မှာတော့ ကံကြမ္မာမျက်လုံးကို သူပြန်ပိတ်လိုက်တော့တယ်။ စိတ်၀ိညာဥ်မျက်လုံးတွေရဲ့ အလင်းတန်းကလဲ ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူက အသက်ဆယ့်လေးနှစ်သာရှိသေးပေမဲ့ သူ့ရဲ့ရုပ်သွင်ကတော့ အတော်ကို ရင့်ကျက်တည်ငြိမ်ပုံစံပေါ်နေခဲ့တယ်။
နေလကျောင်းတော်ရဲ့ ကျောင်းသားဆောင်တစ်ခုချင်းဆီတိုင်းမှာ ထမင်းစားဆောင်တစ်ခုဆီတည်ရှိပါတယ်။ အတန်းပိုကြီးလေလေ အစားအသောက်တွေက ပိုပြီးကောင်းလေပါပဲ။ ဟို့ယွိဟောင်တို့ကတော့ လက်ရှိအချိန် ခြောက်တန်းတွေတက်ရောက်တဲ့ အဆောင်မှာနေနေခဲ့ရတာပါ။ ဒါကြောင့် သူတို့ရဲ့ ထမင်းစားဆောင်မှာ အစားအသောက်က အကောင်းဆုံးပါပဲ။
ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ရဲ့ အစားအသောက်တွေကိုတော့ ယှဥ်လို့မရနိုင်ပါဘူး။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့က လွန်ခဲ့တဲ့နှစ်နှစ်လုံးလုံး အမျက်ကျောင်းတော်မှာ စားကောင်းသောက်ဖွယ်တွေကို စားနေရခဲ့ရတာပါ။ ဒါကြောင့် နေလကျောင်းတော်ရဲ့ အစားအသောက်က သူတို့အတွက်တော့ တကယ်ကို အရသာမရှိဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့လဲ ဖန်းယွီနဲ့ ထမင်းစားဆောင်မှာ တွေ့မိခဲ့တယ်။
” မင်းတို့နှစ်ယောက် အခြေအနေဘယ်လိုလဲ ”
ဖန်းယွီက ပြုံးပြရင်းမေးလာခဲ့ပါတယ်။
” ကွာခြားချက်က အတော်လေးကြီးမားတယ် ”
” အကယ်၍ ကွာခြားချက်ရှိမနေဘူးဆိုရင်တောင် ငါတို့ဒီနေရာမှာရောက်နေမှာမဟုတ်ဘူးလေ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက် အရာအားလုံးက သင်ကြားဖို့အတွက်ထိုက်ထန်တယ်…ငါမနေ့တုန်းက ခန်းမသခင်နဲ့စကားပြောပြီးပြီ ငါတို့တွေးထားတာထက် သူတို့ကပိုပြီးတော့ စိတ်စေတနာကောင်းနေခဲ့တယ်…မင်းတို့အကောင်းဆုံးပဲ သင်ယူထား တခြားကိစ္စတွေကိုစိတ်မပူကြနဲ့ နေလကျောင်းတော်က ဒီနှစ် နှစ်နှစ်ခွဲအတွင်းမှာ မင်းတို့ကို ဘာပြဿနာမှတက်အောင်လုပ်မှာမဟုတ်ဘူး မင်းတို့ဘယ်လောက်သင်ယူနိုင်မလဲဆိုတာတော့ ကိုယ့်ကိုယ်တိုင်အပေါ်မူတည်နေလိမ့်မယ် ”
ဟို့ယွိဟောင်ကတော့ ဒီနေရာမှာလူများနေတဲ့အတွက် သူ၀ိညာဥ်လက်နက်သုံးခုအကြောင်းကို ထုတ်မပြောခဲ့ပါဘူး။ အခုလက်ရှိအချိန်မှာ သူမသိချင်ယောင်ဆောင်နေတာက ကောင်းပါလိမ့်မယ်။
နေလကျောင်းတော်ရဲ့ အခြေအနေက တကယ်ကိုကောင်းမွန်တာပါ။ သူတို့တွေမနက်စာစားပြီတာနဲ့ အခန်းကိုပြန်ပြီ နားချိန်မှာချက်ချင်းဆိုသလို ကျောင်း၀တ်စုံတွေက ရောက်ပြီသားဖြစ်နေခဲ့တယ်။
ဒါ့အပြင် ခြောက်တန်းကျောင်းဆောင်တွေရဲ့ ပထမအလွှာမှာ စုဝေးဖို့အတွက် သူတို့အားလုံးကိုလဲ အမှာစကားပါထားပါသေးတယ်။
ခြောက်တန်းတွေရဲ့သင်ကြားမှုက ပထမအဆင့်တွေရဲ့ သင်ကြားမှုနဲ့ တူညီနေတဲ့အကျယ်အ၀န်းကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ ဒါပေမယ့် ဒီနေရာမှာ ကျောင်းသားတွေက အတော်ကိုနည်းပါးပါတယ်။ ကျောင်းသားတွေအားလုံးကလဲ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြီးပါပဲ။ ဒါပေမယ့် သူတို့ကဘယ်လိုကြောင့်များ ကြီးမားတဲ့သင်ကြားရေးနယ်မြေတွေကို ပိုင်ဆိုင်ထားရတာလဲ။
သင်ကြားရေးဌာနရဲ့ ညွှန်ကြားရေးမှုး လင်းကျားယီကတော့ သူတို့အဆောင်ရောက်နေခဲ့ပါပြီ။ အဲ့ဒီနေရာမှာ အသက်အရွယ်အမျိုးမျိုး ဆရာဆယ်ယောက်တည်ရှိနေခဲ့ပါတယ်။
” အမျက်ဒေါသကျောင်းတော်ကကျောင်းသားတွေ မင်းတို့တွေ ဒီနေ့ကနေစပြီ ငါတို့ဆရာဆီကနေ သင်ယူရမယ်…အားလုံးပဲ နောက်နှစ်နှစ်ခွဲအတွင်းမှာ ဒီနေရာကို ကိုယ်အိမ်ကိုယ်ရာလိုသဘောထားမယ်လို့ မျှော်လင့်ပါတယ် ဒါ့အပြင် ၀ိညာဥ်လက်နက်တွေရဲ့ အသိပညာတိုးတက်မှုတွေကလဲ ပိုပြီး မြင့်မားလာစေဖို့အတွက် သင်ကြားသင်ယူမှုကို ဒီအတိုင်းရေးဆွဲသတ်မှတ်ပေးထားပါတယ် ”
” အားလုံးငါနောက်မှာရပ်နေတဲ့ ခြောက်တန်းသင်ကြားရေးဆရာဆယ်ယောက်နဲ့ သင်ကြားရမှာပါပဲ သူတို့တွေကကျောင်းတော်ထဲမှာအတော်ဆုံးဆရာတွေပါပဲ အားလုံးကအနည်းဆုံးအဆင့်ခုနှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေပါ…တစ်ယောက်ချင်းဆီတိုင်းမှာလဲ တာ၀န်သင်ကြားပေးတဲ့ ခြောက်တန်း တွေရှိပါတယ် ”
” ဒီခြောက်တန်းတွေအတွက် ဖွင့်ပေးထားတဲ့ စမ်းသပ်ရေးနယ်မြေကလဲ မင်းတို့အားလုံးအတွက် အမြဲတမ်းဖွင့်ပေးထားမှာပါ ပစ္စည်းတွေအားလုံးကလဲ ကျောင်းတော်ကနေ ဖြည့်စည်းပေးထားပါလိမ့်မယ်…ဒါပေါ့ အကယ်၍ ကိုယ်ဖန်တီးထားတဲ့ ၀ိညာဥ်လက်နက်ကို ပြန်ယူသွားချင်တယ်ဆိုရင်တော့ ကိုယ်ဖန်တီးတဲ့ ကုန်ကျစရိတ်ကို ပြန်ပးရပါ့မယ်…ဒါပေမယ့် စမ်းသပ်ဖို့အတွက် စမ်းသပ်ခကတော့လုံး၀ကို အခမဲ့ပါပဲ ”
” ပထမလမှာ အားလုံးဒီနေရာမှာ သင်ကြားရပါလိမ့်မယ်…အခြေခံခိုင်သွားပြီဆိုရင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမကနေ ရောက်လာနေတဲ့ဆရာတစ်ယောက်က အားလုံးကို ကြီးကြပ်ပြီစမ်းသပ်ပေးမှာပါ ဒီစမ်းသပ်ချက်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က သင်ကြားမှုနဲ့ လက်တွေ့စမ်းသပ်ချက်တွေကို ဘယ်နှစ်ကြိမ်လောက်ပါ၀င်ရမလဲဆိုတာကို အဆုံးအဖြတ်ပေးပါလိမ့်မယ်…အကောင်းဆုံးအောင်မြင်နိုင်မယ်ဆိုရင်တော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို တိုက်ရိုက်၀င်ပြီ သင်ကြားနိုင်မှာပါ အဆိုးဆုံးကတော့ ဆယ်ရက်မှာတစ်ခါ၀င်ရရုံပါပဲ ဒါ့အပြင် သင်ကြားရတဲ့ အချိန်တစ်လျှောက်လုံးမှာလဲ စမ်းသပ်ချက်တွေကို ဆက်တိုက်ဆိုသလို ဖြတ်ကျော်ဖို့အတွက် အခွင့်အရေးရှိရဦးမှာပါ ဒီစမ်းသပ်ချက်တွေရဲ့ ရလဒ်ကသာ ကျေနပ်စရာကောင်းမယ်ဆိုရင်တော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာနေရတဲ့ အချိန်ကလဲ ပိုပြီးတိုးမြင့်လာပါလိမ့်မယ် ”
” စည်းမျဥ်းစည်းကမ်းအရဆိုရင် ကျောင်းတော်ကနေဘယ်သူကိုမှ မလိုအပ်ပဲနဲ့ မထွက်ခွာစေချင်ပါဘူး…ဘာကြောင့်လဲဆိုတော့ ကျောင်းတော်ရဲ့ပြင်ပမှာ လူတိုင်းရဲ့လုံခြုံစိတ်ချရမှုကို အာမမခံပေးနိုင်လို့ပါ ကျောင်းပြောင်းလာတဲ့ကျောင်းသားတွေအနေနဲ့ အကယ်၍ မင်းတို့သာ တစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ငါတို့လဲ ကြီးမားတဲ့ပြစ်ဒဏ်ကို ခံယူရလိမ့်မယ်…ဒါကြောင့်သာ ကျောင်းတော်ကနေ အပြင်ကိုအပျော်ထွက်ချင်တယ်ဆိုရင် ထွက်ခွာဖို့အတွက် ငါကိုသတင်းလာပို့ရပါလိမ့်မယ်…ဒါ့အပြင် လျှောက်လွှာလဲတင်ရမယ်…ဒါတွေကတော့အကုန်ပါပဲ အကယ်၍ မေးစရာတစ်ခုခုရှိတယ်ဆိုရင် တာ၀န်ကျတဲ့ဆရာကို တိုက်ရိုက်မေးလို့ရတယ်…ဒါမှမဟုတ်ရင် ငါကိုလာရှာလိုက်ပါ ”
လင်းကျားယီက အနာဂတ်သင်ယူမှုလေးအကြောင်းကို အနည်းငယ်ရှင်းပြပေးပါတယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ စမ်းသပ်ချက်တော့ ဟို့ယွိဟောင်အတွက် အာရုံအစိုက်ရဆုံးကိစ္စဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူတို့တွေအားလုံးက မကြာခင်မှာ ခွဲခွာရတော့မှန်းသိနေခဲ့ပါတယ်။ ဒီဆရာဆယ်ယောက်က ကျောင်းသားတစ်ယောက်ချင်းဆီကို ခေါ်သွားမှာပါ။
” မျှမျှတတရှိစေဖို့အတွက် ဆရာတွေက မဲခွဲဆုံးဖြတ်ကြပါလိမ့်မယ်…မဲခွဲမှုက အခုပဲစတင်မှာပါ ”
ပြောပြီတာနဲ့ လင်းကျားယီက လင်ဗန်းတစ်ခုကိုယူလာပါတော့တယ်။ အဲ့ဒီအပေါ်မှာတော့ ခေါက်ထားတဲ့စာရွက်တွေရှိနေခဲ့တယ်။ ဆရာတွေက စာချသလိုမျိုး တစ်ယောက်တစ်ရွက်ဆီ ရွေးကြပါတယ်။
ပထမဆရာကတော့ ဆရာဆယ်ယောက်ထဲမှာ အငယ်ဆုံးပါပဲ။ သူက အသက်သုံးဆယ်အရွယ်၀န်းကျင်လောက်သာရှိပြီ ဖန်းယွီထက်တောင် ပိုငယ်မဲ့ပုံပေါ်နေခဲ့တယ်။
” ဟို့ယွိဟောင် ”
ဟို့ယွိဟောင်လဲ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူခပ်မြန်မြန်ပဲ အရှေ့ကိုထွက်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။
” ကျွန်တော်ရှိ ”
ဒီငယ်ရွယ်တဲ့ဆရာက အရမ်းကိုအေးစက်တဲ့ရုပ်သွင်ရှိပါတယ်။ ဟို့ယွိဟောင်ရဲ့ အဆင့်သုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆောင်အယောင်ကိုမြင်ချိန်မှာတော့ သူအေးစက်တဲ့လေသံနဲ့သာပြောလာခဲ့တယ်။
” ငါနောက်ကိုလိုက်ခဲ့ ”
သူပြောပြီတာနဲ့ ချက်ချင်းလှည့်ထွက်လို့သွားခဲ့တယ်။ တခြားဆရာတွေကိုတောင် စောင့်မနေခဲ့ပါဘူး။ ဟို့ယွိဟောင်လဲ သူ့နောက်ကိုလိုက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ခြောက်တန်းတွေရဲ့ သင်ကြားရေးနယ်မြေ ဒုတိယနေရာဆီကို သူရောက်လာခဲ့တယ်။
အရှေ့မှာရှိနေတဲ့ ဆရာရဲ့အသက်ကငယ်ရွယ်လွန်နေတဲ့အတွက် ဟို့ယွိဟောင်လဲ မျက်မှောင်ကြုတ်နေခဲ့ပါတယ်။ သူ့အသက်သုံးဆယ်အရွယ်သာရှိသေးပေမဲ့ အဆင့်ခုနှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ရှိတာက အံ့ဩစရာကောင်းနေခဲ့ပါပြီ။ ဒါပေမယ့် သူက ဒီလိုအသက်အရွယ်နဲ့ ရှိရှိသမျှအာရုံစိုက်မှုတွေအားလုံးကို ကျင့်ကြံမှုနဲ့ သုတေသနအပေါ်မှာ အာရုံစိုက်နေမယ်ဆိုရင် သူဘယ်လိုများ ကောင်းကောင်းသင်ကြားနိုင်မှာလဲ။ ဒါ့အပြင် ဒီဆရာက သူ့ကိုမနှစ်သက်မှန်း သိနေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောင်ကို မြင်မြင်ချင်မျက်မှောင်ကြုတ်လိုက်လို့ပါ။
” သူ့ဆီကနေ တစ်ခုခုသင်နိုင်မယ်လို့တော့ မျှော်လင့်တာပဲလေ ”
ဟို့ယွိဟောင်သက်ပြင်းချရင်းနဲ့ နှစ်နှစ်အသက်ပိုကြီးတဲ့ ဆရာတစ်ယောက်ကို ရှာတွေ့နိုင်ပါစေလို့ မျှော်လင့်နေခဲ့တယ်။
ဒီအသက်သုံးဆယ်အရွယ်လောက်ရှိတဲ့ ဆရာကတော့ သူ့ကျောင်းဆောင်ထဲကို ၀င်သွားခဲ့ပါတယ်။ ဒီကျောင်းဆောင်က ခြောက်လွှာမြင့်ပြီ ဟို့ယွိဟောင်ကို ငါးလွှာအထိ သူခေါ်လာခဲ့ရင်း စင်္ကြန်တစ်လျှောက်ဆီကို လှည့်ချသွားလိုက်တယ်။ အဲ့ဒီနောက် မီတာအနည်းငယ်လျှောက်လာပြီချိန်မှာတော့ ဆရာက အနည်းငယ်ရပ်တန့်လိုက်ပါပြီ။
အဲ့ဒီတံခါးပေါ်မှာကတော့ တတိယစမ်းသပ်ခန်းဆိုတဲ့ စာကိုရေးထားခဲ့ပါတယ်။
သူတို့တွေက အခုလက်ရှိအချိန်မှာ စမ်းသပ်ခန်းထဲကို ၀င်ရတာ့မှာလား။ ဟို့ယွိဟောင် ဒါကိုမြင်မြင်ချင် ချက်ချင်းဆိုသလို သံသယ၀င်လာပါတော့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာစာသင်ကြားဖို့ရောက်နေတဲ့အတွက်ကြောင့်မလို့ ဘယ်အရာကိုမှထိန်းချုပ်လို့မရနိုင်ပါဘူး။
ဒီဆရာငယ်ငယ်လေးကတော့ သူ့ရဲ့ နာမည်တံဆိပ်ပြားကို ထုတ်ယူလာပြီ တံခါးရှေ့မှာဝှေ့ရမ်းလိုက်ပါတော့တယ်။ ချက်ချင်းဆိုသလို အလင်းတစ်ချက်လက်လာခဲ့ပြီ တံခါးကပွင့်သွားခဲ့ပါပြီ။
” ၀င်လာခဲ့ ”
အဲ့ဒီငယ်ရွယ်တဲ့ဆရာရဲ့အသံက ရိုးရှင်းပြီမာကြောလို့နေခဲ့တယ်။ စမ်းသပ်ခန်းကတော့အတော်ကို ကျယ်၀န်းပြီ ကြီးမားပါတယ်။ ဖန်းယွီရဲ့ စမ်းသပ်ခန်းထက်တောင် အများကြီးပိုပြီးကြီးမားနေတဲ့အပြင် များပြားတဲ့သတ္ထုပစ္စည်းတွေကလဲ အစုံပါပဲ။ ဒါ့အပြင် ကြီးမားတဲ့စမ်းသပ်စားပွဲကြီးက သုံးဆယ်စတုရန်းမီတာလောက်ရှိတဲ့ စတုရန်းပုံကြီးပါ။ ဒါ့အပြင် ငွေဖြူရောင်မျက်နှာပြင်က အရမ်းကိုသန့်ရှင်းလို့နေခဲ့ပြီ ချောမွေ့တဲ့ခံစားချက်ကို ပေးစွမ်းလို့နေခဲ့တယ်။
ဒီစမ်းသပ်ခန်းက သူတို့အတွက် အလွတ်ထားထားတဲ့ပုံပါပဲ။ ဒီနေရာမှာဘယ်သူမှရှိမနေခဲ့ပါဘူး။ ဆရာကစိတ်မ၀င်စားတဲ့ပုံစံနဲ့ ပြောလာခဲ့တယ်။
” ငါနာမည်က ရွှမ်ကျင့်၀မ် အခုအချိန်ကနေစပြီ မင်းဆရာပဲ အမျက်ဒေါသကျောင်းတော်မှာ မင်းဘယ်လိုအဆင့်နဲ့ ၀င်ခွင့်ရလာလဲဆိုတာ ငါဂရုမစိုက်ဘူး …မင်းငါရဲ့စမ်းသပ်ချက်ကို အခုကနေစပြီ ပြန်ဖြေဆိုရလိမ့်မယ်…အကယ်၍ ငါရဲ့စမ်းသပ်ချက်ကို မဖြတ်ကျော်နိုင်ဘူးဆိုရင် ငါအချိန်တွေကိုလာဖြုန်းမနေနဲ့တော့ ကိုယ်ဘာသာကိုယ် ကြိုက်တဲ့နေရာမှာ သင်ယူလိုက်တော့ ”
ဟို့ဟွိဟောင် လန့်သွားခဲ့ပါတယ်။ ဒီလိုဆရာမျိုးက သူ့ကိုမသင်ချင်ဘူးလို့ ငြင်းပယ်လာမယ်လို့ဆိုတာ မထင်ထားခဲ့တာပါပဲ။ ဟို့ယွိဟောင်က စိတ်မထိန်းနိုင်ပဲ မေးလာခဲ့တယ်။
” ဆရာရွှမ် ဒီလိုမျိုးကျောင်းသားအပြောင်းအလဲနဲ့ သင်ကြားရတဲ့ဥစ္စာမှာ ကျန်တဲ့ဆရာတွေအားလုံးကရော ဆရာလိုပဲလား ”
အကယ်၍ အားလုံးသာဒီအတိုင်းဖြစ်မယ်ဆိုရင်တော့ သေချာပေါက် ပြဿနာတက်ပါလိမ့်မယ်။ သူက သူ့ဘာသာသူစာကြည့်တိုက်ထဲမှာသင်ကြားဖို့အတွက် ယုံကြည်ချက်အပြည့်ရှိပေမဲ့ ဖန်းယွီနဲ့ ပြန်ပြီဆွေးနွေးဖို့အတွက် အချိန်ယူရဦးမှာပါ သူတစ်ယောက်ထဲနဲ့ စဥ်းစားလို့ရက်ပေါင်းများစွာကြာအောင် နားမလည်နိုင်တဲ့ကိစ္စတွေလဲ ရှိနေပါသေးတယ်။ ဒါက ဆရာရဲ့အကူအညီနဲ့ဆိုရင် သေချာပေါက် ရှင်းရှင်းလင်းလင်းဖြေရှင်းသွားနိုင်လောက််တယ်။
ဟို့ယွိဟောင်ရဲ့အတွေးကိုတော့ ရွှမ်ကျင့်၀မ်က ဂရုစိုက်မနေခဲ့ပါဘူး။ သူအေးစက်စက်နဲ့သာ ပြန်ဖြေလာခဲ့တယ်။
” တခြားသူတွေဘယ်လိုလုပ်လဲ ငါဂရုမစိုက်ဘူး…ဒါကငါလုပ်တဲ့ပုံစံပဲ ငါရဲ့အချိန်စာရင်းတွေက အတော်လေးပြည့်နေတာ ဒါကြောင့် မတရားဘူးလို့ထင်ရင် လင်းကျားယီကိုသွားပြီတော့ ဆရာပြောင်းခိုင်းလိုက် ငါလဲတာ၀န်မယူချင်ဘူး…ဒီတော့ မင်းဘာရွေးချယ်လို့ရမလဲဆိုတာပဲ ငါပြောမယ် ”
ကျိုးယိရဲ့အေးစက်မှုနဲ့ ရွှမ်ကျင့်၀မ်ရဲ့အေးစက်မှုက အတူတူပဲလို့ ဟို့ယွိဟောင် တွေးလိုက်မိပါတယ်။ ဆရာကျိုးကလဲ အတော်ကိုစည်းကမ်းတင်းကြပ်ပြီ ကြောက်စရာကောင်းတဲ့သူပါ။ ဒါပေမယ့် ကျိူးယိရဲ့ လက်အောက်မှာသင်ကြားတာက အတော်လေး အကျင့်ဖြစ်သွားတဲ့အတွက် ဟို့ယွိဟောင်လဲ ထူးဆန်းတဲ့အကျင့်စရိုက်တွေနဲ့ဆရာတွေကို ကြုံရတာ ကျင့်သားရနေခဲ့ပါပြီ။ ဆရာတွေရဲ့ အကျင့်စရိုက်ဆိုတာက သူတို့ရဲ့အဆင့်အတန်းတွေကို ဖော်ပြနေတာပါပဲ။ ဒါ့အပြင် စမ်းသပ်ချက်ဆိုတာကလဲ ဘယ်လိုပဲဖြစ်ဖြစ် စမ်းသပ်ချက်တွေဖြစ်နေမှာပါ ဘာကြောင့်များသူကြောက်နေရမှာလဲ။
ဟို့ယွိဟောင်လဲ စိတ်ခံစားချက်တွေကို ပြန်ထိန်းလိုက်ပြီတဲ့နောက် ပြန်ဖြေလိုက်တယ်။
” စမ်းသပ်ချက်ကို လုပ်ဆောင်ချင်ပါတယ် ”
ရွှမ်ကျင့်၀မ်ကတော့ တည်ငြိမ်နေဆဲပါ။ ဒါပေမယ့် ထူးဆန်းတဲ့ပုံစံတော့ဖြစ်နေခဲ့တယ်။ သူကအနည်းငယ်အံ့ဩတဲ့ပုံစံနဲ့ကြည့်ပြီတဲ့နောက် သူကပြောလာခဲ့ပါတယ်။
” ကောင်းပြီ စမယ် မင်းရဲ့ရင်ဘတ်ပေါ်မှာရှိတဲ့ အဆောင်အယောင်အရဆိုရင် အဆင့်သုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်လို့ပြောတာပဲ ငါမင်းကို ဆယ့်ငါးမိနစ်အချိန်ပေးမယ်…ဒီထဲမှာရှိနေတဲ့ သတ္ထုတွေထဲက ဘယ်တစ်ခုကိုမဆို ကြိုက်တာယူပြီရင် ငါအတွက်အဆင့်သုံး၀ိညာဥ်လက်နက်ဗျူဟာတစ်ခုကို ထွင်းထုပေး မင်းရဲ့အဆင့်က ဘယ်လောက်နှိမ့်နေလဲဆိုတာ အရေးမကြီးဘူး အတွေးနဲ့ ဖန်တီးနိုင်စွမ်းပဲမူတည်တာ ဒါကပဲ ငါ့ကိုအထင်ကြီးစေနိုင်လိမ့်မယ်…ကောင်းပြီ စလိုက်တော့ ”
အဲ့ဒီနောက် ရွှမ်ကျင့်၀မ်က ဘေးဖယ်နေပါတော့တယ်။ သူက လက်ကိုခါရင်းနဲ့ စပြီအချိန်ကိုမှတ်နေခဲ့ပါပြီ။ ဆယ့်ငါးမိနစ်ဆိုတဲ့အချိန်က ထင်ထင်ရှားရှားပေါ်လာပြီတဲ့နောက် အဲ့ဒီအချိန်မှတ်မှုကို စားပွဲပေါ်တင်လိုက်ပါတော့တယ်။
ဟို့ယွိဟောင်ကလဲ အမြန်ဆုံးစပါတော့တယ် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ထဲကို ၀င်ရောက်ပြီတဲ့အချိန်ကထဲကစလို့ သူကအရမ်းကိုကြိုးစားအားထုတ်ထားခဲ့တဲ့သူပါ။ ဒါပေမယ့် နောက်ဆုံးတော့လဲ သူက အသက်ဆယ်လေးနှစ်အရွယ်သာဖြစ်ပါသေးတယ်။ များပြားလွန်လှတဲ့ တည်ဆောက်ပုံတွေက သူ့စိတ်ထဲမှာ ၀င်ရောက်လို့လာခဲ့ပြီ မောက်မာမှုကလဲ နှလုံးသားထဲကနေ ပေါ်ထွက်လို့လာပါတော့တယ်။ ရွှမ်ကျင့်၀မ်ရဲ့ ဒီလိုပုံစံမျိုးက သူ့ကို ပိုပြီးလှုပ်ရှားလာအောင် တွန်းအားပေးနေတာနဲ့ အတူတူပါပဲ။
အပိုင်း ၁၅၆•၃ ပြီး၏။