Switch Mode

Chapter – 156.2

အင်အားကိုစမ်းသပ်ပြီး ကျောင်းတော်ထဲကိုဝင်ရောက်ခြင်း

အပိုင်း ၁၅၆•၂

” အင်အားကိုစမ်းသပ်ပြီ ကျောင်းတော်ထဲကို၀င်ရောက်ခြင်း ”
°°°
ဟို့ယွိဟောင်က ဘယ်၀ိညာဥ်စွမ်းရည်ကိုအသုံးပြုပြီးတော့မှ ခန္ဓာကိုယ်ကိုလဲ အားမဖြည့်ထားပါဘူး။ သူအားကိုးတဲ့တစ်ခုတည်သောအရာကတော့ သူ့ရဲ့ကိုယ်ပိုင်စွမ်းအားပါပဲ။ ဒါ့အပြင် ထန်မျိုးနွယ်ရဲ့ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးကို အနည်းငယ်အသုံးပြုထားပါတယ်။ ဒီလိုအင်အားတွက်ချက်မှုနဲ့ပတ်သက်ပြီ သူ့ကိုယ်သူကျေနပ်နေခဲ့တယ်။ ဒါက အရမ်းလဲမမြင့်သလို အရမ်းလဲမကြီးပါဘူး။ ဒီလိုနည်းနဲ့ သူလဲ အများကြီးအာရုံမစိုက်ခံရပဲ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ အကယ်၍ ရေခဲဧကရီရဲ့ သံချပ်ကာနဲ့ ထူးဆန်းကျောက်စိမ်းလက်ကိုသာ သုံးခဲ့မယ်ဆိုရင်တောင် ရလဒ်ကတော့ လုံး၀ကွာခြားလို့သွားမှာပါ။

အင်အားစမ်းသပ်မှုပြီသွားတဲ့အချိန်မှာတော့ နောက်ဆုံးအပိုင်းဆီကို ရောက်လာပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ အားလုံးက အမြန်နှုန်းကိုစမ်းသပ်ကြမှာပါ။ ဒီတိုင်းတာရေးနယ်မြေကတော့ တခြားဥစ္စာတွေထက်ပိုသေးငယ်ပါတယ်။ ဒါ့အပြင် လေးထောင့်ကျကျစင်မြင့်တစ်ခုရှိနေခဲ့ပြီ အတုံးဆယ်ခြောက်တုံးကို လေထဲမှာချိတ်ဆွဲလို့ထားခဲ့တယ်။ တစ်ခုချင်းဆီက လက်သီးဆုပ်အရွယ်ရှိတာပါ။ ဒီအတုံးတွေအားလုံးက အရောင်တောက်ပလို့နေခဲ့ပါတယ်။ အကယ်၍ သူတို့ကို ပြန်ပိတ်အောင်လုပ်မယ်ဆိုရင် သေချာပေါက်ရိုက်ထုတ်ပြစ်ရမှာပါ။ ဒီစမ်းသပ်ချက်က တစ်ခုကိုလွဲချော်သွားခဲ့မယ်ဆိုရင် အဆုံးသတ်သွားပါလိမ့်မယ်။

ဒီစမ်းသပ်ချက်က လူရဲ့စွမ်းရည်နဲ့ဘာမှမဆိုင်ပါဘူး။ ဘယ်လောက်အထိ ခပ်မြန်မြန်လှုပ်ရှားနိုင်မလဲ တုန့်ပြန်နိုင်မလဲဆိုတာကို စိတ်နဲ့ခန္ဓာပေါင်းစပ်မှုအပေါ်မူတည်ပြီ အကဲဖြတ်မှာပါ။

သူတို့တွေ ရောက်လာတဲ့အချိန်ကစပြီ ယဲ့ရှောင်ရှန်လဲ မောက်မာတဲ့ပုံစံမလုပ်၀ံ့တော့ပါဘူး။ အစောပိုင်းစမ်းသပ်ချက်နှစ်ခုနဲ့တင် သူကဟယ့်ချိုက်ထို့ရဲ့နောက်ဖက်မှာ ဘယ်လောက်အထိပြတ်ကျန်နေခဲ့ပြီလဲဆိုတာ သိနေခဲ့ရတယ်။ ဦးဆောင်နေတဲ့တစ်ခုတည်သောအရာကတော့ သူ့ရဲ့စွမ်းအားပါပဲ။ အကယ်၍ သူသာအနည်းငယ်အမှားလုပ်မိမယ်ဆိုရင်တောင် မျက်နှာပျက်စရာမရှိဘူးလို့ ထင်လာခဲ့ရတယ်။

နောက်ဆုံးစမ်းသပ်ချက်ကတော့ ဆော့ကစားနေတာမျိုးနဲ့တူနေခဲ့ပါတယ်။ အစပိုင်းမှာ ယဲ့ရှောင်ရှန်လဲ ဒီစမ်းသပ်ချက်ကြောင့် သိပ်ပြီအာရုံမများခဲ့ပါဘူး။ ဒါပေမယ့် သူ့ရဲ့အလေးမထားမှုကြောင့် ခပ်မြန်မြန်ပဲ တန်ကြေးကိုပေးဆပ်လိုက်ရပါပြီ။

စမ်းသပ်ချက်စပြီချိန်မှာပဲ ဒီအတုံးတွေက တစ်ခုပြီတစ်ခုမီးလင်းလာပါတော့တယ်။ တစ်စက္ကန့်ရဲ့သုံးပုံတစ်ပုံပတ်လည်မှာတင် ချက်ချင်းဆိုသလို အားလုံးနီးပါးက အရောင်တောက်နေခဲ့ပါပြီ။ အကယ်၍ အချိန်မပြည့်ခင်မှာ မှန်ကန်တဲ့အတုံးတွေကိုသူတို့တွေ ရိုက်လိုက်မယ်ဆိုရင်တော့ စမ်းသပ်ချက်ကဆက်ပြီရှိနေမှာပါ။

ယဲ့ရှောင်ရှန်လဲ ဒီအတုံးတွေတစ်ခုပြီတစ်ခု တောက်ပလာတာကို မြင်ချိန်မှာတော့ ယာယီမျက်လုံးပြူးလို့သွားခဲ့ပါတယ်။ သူ့အနေနဲ့နှစ်ခုတစ်စုံကိုသာ ရိုက်နိုင်လိုက်ပြီ နောက်တစ်ခုကိုရိုက်ဖို့အတွက် နှေးကွေးလို့နေခဲ့တယ်။ ဒီလိုနဲ့သူ့ရဲ့စမ်းသပ်ချက်က ပြီးဆုံးလို့သွားခဲ့ပါပြီ။

” တုန့်ပြန်မှုနှေးကွေးတယ် ”

မှတ်တမ်းတင်နေတဲ့ဆရာကတော့ ထအော်လိုက်ပါတယ်။ ယဲ့ရှောင်ရှန်ကတော့ လက်ရှိအချိန် တွင်းတူပြီတော့သာ ပုန်းနေချင်စိတ်ပေါ်သွားခဲ့တယ်။ ကျန်ရစ်တဲ့ကျောင်းသားတွေလဲ ယဲ့ရှောင်ရှန်အမှားကိုသင်ယူလိုက်ကြပြီ သတိကြီးကြီးထားနေခဲ့ရပါတယ်။ သူတို့တွေအားလုံးက အတွင်းနယ်မြေတပည့်သားတွေဖြစ်သလို သိုင်းပညာ၀ိညာဥ်အတတ်ပညာရှင်ကျောင်းတော်ကလဲ ဖြစ်ခဲ့ဖူးတာကြောင့် တုန့်ပြန်နိုင်စွမ်းက မဆိုးကြပါဘူး။

ဟယ့်ချိုက်ထို့ရဲ့ အလှည့်ကိုရောက်လာချိန်မှာတော့ သူလဲသူ့ရဲ့တုန့်ပြန်မှုမြန်ဆန်လွန်လှတဲ့ပုံစံကို စတင်ထုတ်ဖော်ပါတော့တယ်။ ငါးမိနစ်တိတိသူတောင့်ခံနိုင်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူအချိန်မီမရိုက်ချနိုင်တဲ့ အတုံးရှစ်တုံးသာကျန်ပါတော့တယ်။

ဟို့ယွိဟောင်ကတော့ နောက်ဆုံးမှာစမ်းသပ်ခံရမဲ့သူပါ။ သူလဲ ဒီစမ်းသပ်ချက်ဘယ်လိုလုပ်နေလဲဆိုတာကို အတော်လေးသိချင်နေခဲ့မိတယ်။ ဒါပေမယ့် အာရုံစိုက်ဖို့ခန့်မှန်းကို နားလည်လို့သွားခဲ့ပါပြီ။ တခြားသူတွေလဲ စမ်းသပ်နေတဲ့အချိန် သူ့ရဲ့တည်ဆောက်ပုံတွေတော်တော်များများကို သူကမှတ်သားလို့နေခဲ့တယ်။ ဒါကြောင့်လဲ အတော်လေးအင်အားကုန်ခမ်းနေခဲ့ပါပြီ။ ဒါကြောင့် ခပ်မြန်မြန်နှုတ်ထွက်ခဲ့လိုက်ရတယ်။ သူ့အနေနဲ့ အတုံးခြောက်တုံးကိုသာ မရိုက်ထုတ်နိုင်ခဲ့ပြီ ပြန်မျှအရှိန်နှုန်းနဲ့သာ အဆုံးသတ်လို့သွားခဲ့ပါတယ်။

” ကောင်းပြီ စမ်းသပ်ချက်က ပြီးဆုံးသွားပြီ အားလုံးရဲ့နားနေဆောင်ကိုခေါ်သွားပါလိမ့်မယ်…ကျောင်းတော်က အကုန်လုံးအတွက် အိပ်ယာရေချိုးခန်းပါပြီသားအခန်းတစ်ခန်းဆီကို စီစဥ်ပေးမှာပါ နောက်နှစ်နှစ်ခွဲလုံးလုံးဒီနေရာတွေမှာ နှစ်နှစ်သက်သက်နေဖို့လုပ်သင့်ပါတယ်…မနက်ဖြန်မှာကျောင်း၀တ်စုံတွေကို ပို့ပေးပါလိမ့်မယ် ”

ကျောင်းဆောင်နယ်မြေက သင်ကြားရေးနယ်မြေရဲ့အနောက်ဖက်မှာတည်ရှိနေခဲ့တာပါ။ အမျက်ဒေါသကျောင်းတော်ထက်ကို အများကြီးပိုကြီးပါတယ်။ ဒါ့အပြင် မြေပုံထဲမှာလဲ အသေးစိတ်မှတ်တမ်းတင်လို့ထားခဲ့ပြီ အားလုံးကိုရေးသားထားခဲ့တယ်။

ဟို့ယွိဟောင် စိတ်အ၀င်စားဆုံးနေရာကတော့ အထောက်အပံ့ပြုလေ့ကျင့်ရေးအခန်းပါပဲ။ ဒါပေမယ့် အဲ့ဒီနေရာကို အသုံးပြုဖို့အတွက် အတော်ကိုတန်ကြေးကြီးကြီးပေးရမှာပါ။

ဒါ့အပြင် အားလုံးကလဲ ခြောက်တန်းတွေရဲ့ အပေါ်အလွှာမှာတည်ရှိနေပါတယ်။ ဒီအလွှာက အတော်ကိုတိတ်ဆိတ်နေခဲ့ပြီ လင်းကျားယီပြောထားတဲ့အတိုင်း ကျယ်ပြန့်တဲ့အခန်းတွေကို ရရှိခဲ့တာပါ။ သူတို့ရဲ့အခန်းတွေက သိပ်ပြီမခမ်းနားပေမဲ့ အရမ်းကိုသပ်ရပ်ပြီသန့်ရှင်းလို့နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အခန်းတွေထက်အတော်လေးကိုကောင်းနေခဲ့တယ်။

လက်ရှိအချိန်မှာ ဟို့ယွိဟောင်အနေနဲ့ ဒါတွေအားလုံးကို အာရုံစိုက်နိုင်ဖို့စွမ်းအားမရှိတော့ပါဘူး။ သူအခန်းထဲကို၀င်၀င်ချင်ချက်ချင်းဆိုသလို အခန်းတံခါးကိုပိတ်ပြီတစ်ဖက်ကိုလျှောက်သွားပါတော့တယ်။ အဲ့ဒီနောက် နဖူးကနေ ရွှေရောင်အလင်းတန်းတွေဖြာထွက်လာတာကာ တတိယမျက်လုံးနဲ့ ဖြည်းဖြည်းချင်းပွင့်လာခဲ့တော့တယ်။

မျက်လုံးတစ်ခုကို ပိတ်ထားခဲ့ပြီတဲ့နောက် ကံကြမ္မာမျက်လုံးကိုအသုံးပြုရင်း သူရဲ့ပတ်ပတ်လည်မှာရှိတဲ့လောကကြီးကို စတင်ရှာဖွေပါတော့တယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုရင်း ကံကြမ္မာမျက်လုံးရဲ့ လွှမ်းမိုးမှုနဲ့အတူ ထောက်လှမ်းလိုက်ချိန်မှာတော့ သေးငယ်တဲ့ဖုန်မှုန့်လေးကအစထောက်လှမ်းမှုကနေ ပြေးမလွှတ်တော့ပါဘူး။

ဒီလုပ်ငန်းစဥ်က တစ်မိနစ်တိတိကြာမြင့်ခဲ့ပါတယ်။ သူ့ရဲ့ကံကြမ္မာမျက်လုံးက နောက်ဆုံးမှာပိတ်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ စိတ်ကျေနပ်မှုအပြည့်နဲ့ ခေါင်းညိတ်နေခဲ့တယ်။ နေလကျောင်းတော်က သူတို့တွေကိုစောင့်ကြည့်ဖို့ဘယ်ကိရိယာမှတပ်မထားခဲ့ပါဘူး။ ဒါကအတော်လေးကို ရက်ရောတဲ့ဆုံးဖြတ်ချက်တစ်ခုပါ။

သူလဲနောက်ထပ် နှောင့်နှေးစေလို့မရပါပဲ အခန်းမှာခပ်မြန်မြန်ထိုင်ချလိုက်ပါတော့တယ်။ အဲ့ဒီနောက် စာရွက်နဲ့ဘော့ပင်ကိုယူလိုက်ပြီ ချက်ချင်းဆိုသလိုသူမြင်ခဲ့ရတဲ့ ၀ိညာဥ်လက်နက်တွေကို အသေးစိတ်ရေးဆွဲတော့တယ်။ ဒါကဟို့ယွိဟောင်ရဲ့ အကြီးမားဆုံးတာ၀န်၀တ္တရားကြီးပါ။ ဖွဲ့စည်းတည်ဆောက်ပုံတွေ ဗျူဟာတွေအားလုံးကို မှတ်သားရပြီ ကျောင်းတော်ကိုတိုးတက်အောင်လုပ်ဖို့အတွက်ကူညီရပါလိမ့်မယ်။

၀ိညာဥ်လက်နက်တွေရဲ့ တည်ဆောက်မှုတွေက အတော်ကိုရှုပ်ထွေးတာကြောင့် သူမှတ်တမ်းတင်နေချိန်မှာ လုံး၀အမှားအယွင်းလုပ်လို့မရပါဘူး။ ၀ိညာဥ်ခန္ဓာကိုယ်စစ်ဆေးမှုစက်ကတော့ အားလုံးထဲမှာအဆင့်အမြင့်ဆုံးပါပဲ။ သူတို့တွေက အဆင့်ခြောက်အဆင့်ငါး၀ိညာဥ်လက်နက်တွေဖြစ်ကြပြီ နောက်ဆုံးတစ်ခုကတော့ တပ်ဆင်ရေးပါပဲ။ ဒါ့အပြင် တခြားနှစ်ခုထက်လဲပိုရိုးရှင်းနေခဲ့တယ်။ သူတို့ရဲ့ရှုပ်ထွေးတဲ့ဗျူဟာတွေအားလုံးကို ဟို့ယွိဟောင်က ကောင်းကောင်းမှတ်တမ်းတင်ထားခဲ့ပြီတဲ့နောက် နှစ်နာရီတိတိ ပြန်ပြီတော့တွက်ချက်ဖြစ်ပါတယ်။ ဟို့ယွိဟောင်လဲ နောက်ဆုံးမှာတော့ သူမှတ်တမ်းထင်ထားသမျှ အရာအားလုံးကို နက်နက်ရှိုင်းရှိုင်းနားလည်လာခဲ့တော့တယ်။ နောက်ဆုံးမှာတော့ ဒီကျောင်းတော်ရဲ့အကောင်းဆုံးတည်ဆောက်မှုတွေကို မမြင်ရသေးခင်မှာတောင် အတော်လေး တိုးတက်မှုကြီးမှန်းမြင်လိုက်ရတဲ့အတွက် သူသက်ပြင်းချလိုက်မိပါတယ်။

အမျက်ဒေါကျောင်းတော်နဲ့ နေလကျောင်းတော်ကြားမှာရှိတဲ့ ကြီးမားတဲ့ကွာခြားချက်ကို သူမြင်နေခဲ့ရပါပြီ။ အခုလက်ရှိအချိန်မှာ နက်ရှိုင်းတဲ့နားလည်မှုကို သူမရနိုင်သေးပေမဲ့ လောလောဆယ်ဆယ်မှာတော့ တပ်ဆင်ထာတဲ့၀ိညာဥ်လက်နက်သုံးခုထဲက တတိယတစ်ခုကိုသာ နားလည်နိုင်တဲ့အခြေအနေရှိနေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် သူက အဆင့်ခြောက်တောင်ရောက်နေခဲ့ပါပြီ။ ဒါတောင်မှတစ်ခုကိုပဲ နားလည်နိုင်တာပါ။

များပြားတဲ့၀ိညာဥ်စွမ်းအားပမာဏကြောင့်သာ သူပင်ပန်းနေပေမဲ့ အခုအချိန်အထ်ိ စာရေးဖို့အားထုတ်နိုင်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှတော့ သူတရားထိုင်ဖို့အတွက် အိပ်ရာပေါ်ကိုပြန်တက်လိုက်တယ်။

” အခြေအနေကဘယ်လိုလဲ ”

ကျန်းဟုန်ချန်က လင်းကျားယီကို မေးလာခဲ့တယ်။

” အားလုံးထဲမှာ အထူးချွန်ဆုံးကတော့ ဟယ့်ချိုက်ထို့ပါပဲ သူ့ရဲ့ခန္ဓာကိုယ်အင်အားက အဆင့်ခုနှစ်ဆယ်ကိုရောက်နေပါပြီ ဒါ့အပြင် သူ့ကိုယ်သူအစာအမျိုးအစား၀ိညာဥ်ပညာရှင်လဲပြောပါတယ်…သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ဆေးပြင်းလိပ်ကြီးဖြစ်လိမ့်မယ်..ခန္ဓာကိုယ်ကတော့၀ိညာဥ်ဘုရင်အဆင့်သာရှိသေးပေမဲ့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ရဲ့အင်အားအထိကို အားကောင်းနေပါပြီ ဒါ့အပြင် စမ်းသပ်ချက်သုံးခုစလုံးမှာ ပထမနေရာကိုသူရယူနိုင်ခဲ့တယ် ”

” ဟို့ယွိဟောင်ကရော ဘယ်လိုလဲ ”

” သူလဲထူးခြားပြီတော်ပါတယ်…ခန္ဓာကိုယ်စစ်ဆေးမှုမှာ သူ့ရဲ့အင်အားနဲ့ ကြံ့ကြံ့ခိုင်မှုတွေအားလုံးက အတော်လေးကို ထူးချွန်နေတယ်…တုန့်ပြန်မှုနှုန်းကတော့ ပုံမှန်ပါပဲ ဒါပေမယ့် သူ့ကိုသေချာကြည့်ပြီခဲ့ပါပြီ သူတမင်တကာလုပ်နေတဲ့ပုံတော့ မပေါ်ဘူး ”

” ဒါ့အပြင် သူ့မှာ၀ိညာဥ်အရ်ိုးက သုံးခုတိတိတောင်ရှိတယ်…ကျွန်တော်တို့ရဲ့၀ိညာဥ်ခန္ဓာကိုယ်စစ်ဆေးမှုပေါင်ချိန်စက်ကိုသူရဲ့ ၀ိညာဥ်အရ်ိုးတွေအားလုံးကို စစ်ဆေးကြည့်ဖို့လုပ်တဲ့အချိန်မှာ ကိန်းဂဏန်းတွေက ရုတ်တရက်ပြောင်းလဲလာတာပဲ ဒါကြောင့် ပြင်ပအရိုးရှိလိမ့်မယ်လို့ သံသယ၀င်မိတယ်…သူက၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်နဲ့ မတူပဲနဲ့ ပါရမီရှင်ရှိတဲ့လူတစ်ယောက်နဲ့တူနေတယ်…သူ့ရဲ့၀ိညာဥ်စွမ်းအားကလဲ အဆင့်လေးဆယ်ရောက်နေခဲ့ပြီ ဒါပေမယ့် အခုအချိန်မှာ လေးခုမြောက်စက်ကွင်းကို မရသေးလို့မတိုးတက်သေးဘူး….ဒါကသံသယ၀င်စရာပဲ ”

ကျန်းဟုန်ချန်က ပြုံးပြရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ဒါကပုံမှန်ပဲလေ ဟို့ယွိဟောင်က အမျက်ဒေါသကျောင်းတော်ရဲ့ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ဌာနဖက်ကနေလာတဲ့သူ သူက ဒီကိုလာပြီသင်ကြားရတယ်ဆိုတာ အရန်သက်သက်နဲ့ပဲ ဒါပေမယ့် သူ့ကိုအထင်သေးထားလို့မဖြစ်ဘူး..နောက်ဆုံးတော့လဲ သူကအကြီးအကဲမုရဲ့ အမွေဆက်ခံကိုယ်ပိုင်တပည့်သားပဲလေ ငါစုံစမ်းထားသလောက်အရဆိုရင် သူကမိဘမဲ့တစ်ယောက်ပဲ ဒါကြောင့် သူ့ရဲ့နောက်ခံအကြောင်းအရင်းက မရှင်းလင်းဘူး…လှုပ်ရှားမှုတွေအားလုံးကို သေချာလေ့လာထား အတန်းချိန်တစ်လျှောက်မှာ ဟယ့်ချိုက်ထို့ကိုအဓိကအာရုံစိုက်ကြည့်နေ ဟို့ယွိဟောင်ကို စောင့်ကြည့်ဖို့အတွက်တခြားတစ်ယောက်ကို ငါလွှတ်လိုက်မယ် ”

” ခန်းမသခင် ကျွန်တော်တို့အဲ့ဒါလုပ်လိုက်ရမလား ”

လင်းကျားယီက မေးလာခဲ့တယ်။

” မလိုသေးဘူး ပုံမှန်အခြေအနေပဲဆက်သွားလိုက် နေလကျောင်းတော်က ကိုယ်ရဲ့စကားတွေကိုပြန်ရုတ်သိမ်းလို့မရဘူးလေ သူတို့တွေသင်နိုင်တော့ရော ဘာဖြစ်လဲငါတို့ရဲ့ကျောင်းတော်တွေကြားမှာ ကွာခြားချက်အရမ်းကိုကြီးမားနေတယ်။ ဒါကိုဒီလိုကျောင်းသားတချို့ရောက်လာရုံနဲ့ ဘယ်လိုလုပ်အမီလိုက်နိုင်မှာလဲ ”

” သူတို့လဲ ငါတို့ရဲ့အဓိကလျှို့၀ှက်ချက်တွေကို လုံး၀သိနိုင်မှာမဟုတ်ဘူးလေ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်က ကျောင်းတော်တစ်ခုပဲရှိသေးတယ်..ဒါပေမယ့် ငါတို့ရဲ့အဓိကသုတေသနက နေလနိုင်ငံတော်ကြီးတစ်ခုလုံးဖြစ်နေတာ နဂါးနတ်ဘုရားသော့်လော့မုအန်က သေသွားပြီ ဒါကြောင့် ငါတို့ဒီတိုက်ကြီးကို နေလကျောင်းတော်ကနေ နှစ်နှစ်ဆယ်အတွင်းမှာအရယူနိုင်တော့မှာ သော့်လော့တိုက်ဆိုတာက နောင်တစ်ချိန်မှာ နတ်ဘုရားတိုက်လို့နာမည်တွင်းသွားစေရမယ် ”

သူဒါကိုပြောပြီချိန်မှာပဲ အရမ်းကိုစိတ်လှုပ်ရှားလာပါတော့တယ်။ လင်းကျားယီလဲ သူ့စကားတွေကို တလေးတစားနဲ့နားထောင်နေရင်း နောက်ကိုပြန်ဆုတ်လို့သွားခဲ့တယ်။

” ကျားယီ ခဏနေဦး ”

” ဟုတ်ကဲ့ပါခန်းမသခင် နောက်ထပ်ညွှန်ကြားစရာရှိပါသေးသလား ”

” အစီအစဥ်နံပါတ်တစ်က အခြေအနေဘယ်လိုရှိလဲ ”

” ဒါကအနည်းငယ် ပြဿနာရှိပါတယ်…အဓိပြဿနာကတော့ ဗျူဟာအခင်းအကျင်းအပေါ်မှာမူတည်နေပါတယ်…ကျွန်တော်တို့ရဲ့ဒီဇိုင်းအရဆိုရင် သော့်လော့တစ်ယောက်တောင်မှ အဲ့ဒီဗျူဟာရဲ့ပြင်းထန်တဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို ကြုံတွေ့ရပြီဆိုရင် ၀ိညာဥ်တစ်ခုလုံး ပျက်စီးသွားနိုင်လောက်တဲ့ အခြေအနေရှိလာပါလိမ့်မယ်…ကျွန်တော်တို့အနေနဲ့ စိတ်၀ိညာဥ်အမျိုးအစားသော့်လော့တစ်ယောက်ကို ရှာပြီမကြိုးစားကြည့်ဘူးဆိုရင် သုံးဆယ်ရာခိုင်နှုန်းအောင်မြင်မှုရှိပါလိမ့်မယ်..ခန်းမသခင် ”

သူပြောပြီတဲ့နောက် ဆက်ပြောဖို့အတွက် တွေဝေနေခဲ့ပါတယ်။

” ဘာပြောစရာရှိသေးလဲပြောလေ မင်းပြောချင်တာကိုမပြောလိုက်ရတော့မှ ငါအပြစ်တင်ရလိမ့်မယ် ”

” ခန်းမသခင် အစီအစဥ်နံပါတ်တစ်က အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ တိုးတက်နေတယ်လို့ ကျွန်တော်ထင်ခဲ့တာပါ ကျွန်တော်တို့ရဲ့ သုတေသနကအောင်မြင်ပေမဲ့ သင့်တော်လုံလောက်အောင်ကြီးမားတဲ့သတ္ထုတစ်ခုကို ကျွန်တော်တို့က မဖန်တီးနိုင်ပါဘူး…ဒါပေမယ့် ကျွန်တော်တို့လူသားအရင်းအမြစ်တွေ ပစ္စည်းအရင်းအမြစ်တွေနဲ့ ပိုက်ဆံတွေအများကြီးအကုန်အကျခံခဲ့ရပါပြီ ကျွန်တော်တို့ရဲ့အောင်မြင်မှုက အဆင့်ကိုနှိမ့်လိုက်မယ်ဆိုရင် ပိုပြီးမြင့်မားလာမယ်လို့ ထင်ပါတယ်…နောက်ဆုံးတော့လဲ ကြီးမားတဲ့အင်အားကြီးတစ်ခုကို ဖန်တီးရတာက ထိပ်တန်းအဆင့်စစ်အင်အားတစ်ခုကို ဖန်တီးရထားတာထက်ပိုပြီးကြောက်စရာကောင်းပါတယ် ”

ကျန်းဟုန်ချန်က မျက်မှောင်ကြုတ်ရင်း ပြန်ဖြေလာခဲ့တယ်။

” ငါအရင်တုန်းက ဒါကိုမတွေးဖူးဘူး ဒါပေမယ့် အကယ်၍ ငါတို့သာအဆင့်တွေကိုနှိမ့်လိုက်မယ်ဆိုရင်တောင် အောင်မြင်ဖို့အတွက်အခွင့်အရေးက အတော်ကိုနှိမ့်နေမှာပဲ အဓိကသော့ချက်က ဗျူဟာရဲ့ဒီဇိုင်းပေါ်မှာမူတည်နေတာ ဒါကြောင့်မလို့သာ တခြားဥစ္စာတွေအားလုံးကို အသေးစိတ်အာရုံစိုက်ဖို့အတွက် လုပ်နေခဲ့ရတာပဲ ဒါမှသာတခြားနေရာတွေမှာ အောင်မြင်လာနိုင်ချေမြင့်ရတာ ကြည့်ရတာငါတို့အလောကြီးသွားပုံပေါ်တယ်…အမိန့်ချလိုက် အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကို ရက်အနည်းငယ်လောက်နားခိုင်းစေ ငါတို့ရဲ့အစီအစဥ်နံပတ်တစ်အနာဂတ်အတွက်ကို သေချာပြန်စဥ်းစားရမယ်…သူတို့ရဲ့ဦးနှောက်တွေကို အလုပ်လုပ်ဖို့ထားထားလိုက် ”

” အကြံကောင်းရတဲ့ဘယ်သူမဆို ငါကိုချက်ချင်းသတင်းပို့ရမယ် “:

လင်းကျားယီလဲ ကျန်းဟုန်ချန်အကြံကိုနားထောင်တိုင်းသိတဲ့အတွက် ပျော်ရွှင်လို့သွားခဲ့ပါတယ်။

” ခန်းမသခင်က တကယ်ကိုပညာဉာဏ်ကြီးမားပါတယ် ”

” ငါခြေထောက်ကိုပဲ ပညာဉာဏ်ကြီးမားလိုက် ငါကအစီအစဥ်နံပါတ်တစ်အပေါ်မှာ အတော်လေးကို ဖိအားပေးထားတာ အရှင်မင်းကြီးကလဲ ငါ့ကိုဒီအကြောင်းမေးနေတာ ခဏခဏရှိနေပြီ ငါတို့တွေတစ်ခုခုကို မြန်မြန်အပ်မှဖြစ်မယ်…မဟုတ်ရင် သူသိပ်ပြီစိတ်ရှည်တော့မှာမဟုတ်ဘူး ”

အပိုင်း ၁၅၆•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset