အပိုင်း ၁၅၆•၁
” စစ်ဆေးမှုကိုခံယူပြီ ကျောင်းတော်ထဲကို ၀င်ရောက်ခြင်း ”
°°°
ဟို့ယွိဟောင်လဲ ခေါင်းညိတ်ရင်းနဲ့ သက်သောက်သက်သာဖြစ်အောင် ပြင်ဆင်လိုက်ပါတယ်။ သူစိတ်ဆုံးဖြတ်ပြီးသားပါ။ အကယ်၍ သူတို့ကသာ ဟို့ယွိဟောင်ကို သိုသိုသိပ်သိပ်မနေခိုင်းစေချင်ဘူးဆိုရင်လဲ စစ်မှန်တဲ့တောက်ပမှုကို ထုတ်ပြပါလိမ့်မယ်။
သူ့ရဲ့ မျက်လုံးထဲမှာရှိတဲ့ရွှေရောင်အလင်းတန်းက မှိန်ဖျော့သွားခဲ့ပါပြီ။ ဒီ၀ိညာဥ်ခန္ဓာကိုယ်တိုင်းတာရေးပေါင်ချိန်စက်ကြီးကို အနီးကပ်အသေးစိတ်လေ့လာပြီတဲ့နောက် ဟို့ယွိဟောင်လဲ ဖွဲ့စည်းတည်ဆောက်မှုတစ်ခုလုံးကို စိတ်ထဲမှာမှတ်တမ်းတင်ထားလိုက်ပါတော့တယ်။ ဒါ့အပြင် သူ့ရဲ့ဗျူဟာအချက်အခြာကို ဘယ်လိုဖွံ့ဖြိုးအောင်လုပ်ရမလဲဆိုတာကိုပါ မှတ်သားလိုက်တာပါ။
ဟို့ယွိဟောင်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ဒုတိယချိတ်ပိတ်စည်းထဲမှာရှိတဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကို စတင်စုပ်ယူပြီတဲ့နောက် သူ့ရဲ့ကျင့်ကြံဆင့်ကလဲ တိုးမြင့်လာခဲ့ပါပြီ။ အကြီးအကဲရွှမ်တောင် ဒီသတင်းအချက်အလက်တွေကို သတိမထားမိသေးပေမဲ့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက သူ့ရဲ့ ဧရိယာကိုကျယ်ပြန့်စေရုံတင်မက အသေးစိတ်အချက်အလက်တွေကိုပါ ပိုပြီးတော့ တိုးတက်လာစေခဲ့ပါတယ်။ သူ့ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် အဆင့်ခြောက်၀ိညာဥ်လက်နက်တစ်ခုကိုတောင် စိတ်၀ိညာဥ်ထောက်လှမ်းမှုမသုံးပဲနဲ့ ကောင်းကောင်းမှတ်သားနိုင်နေပါပြီ။ ဒါက ဖွဲ့စည်းတည်ဆောက်ပုံတင်မက ဗျူဟာအချက်အခြာတွေကို မှတ်သားနိုင်မှာပါ။
ဒါကြောင့်သာ သူ့ရဲ့ဦးနှောက်က နေလကျောင်းတော်ကိုလာတဲ့လမ်းတစ်လျှောက်မှာ သေချာပေါက် သေစေနိုင်လောက်တဲ့လက်နက်ကြီးဖြစ်လာတော့မှာပါ။ ဒီအသေးစိတ်မှတ်တမ်းတင်မှုတွေအားလုံးက နောင်တစ်ချိန်မှာ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ဖွံ့ဖြိုးတိုးတက်ဖို့အထောက်အကူဖြစ်လာစေပါလိမ့်မယ်။ ဒီနေ့သူ့အတွက် ပထမဆုံးပစ်မှတ်ကတော့ ၀ိညာဥ်ခန္ဓာကိုယ်တိုင်းတာရေးပေါင်ချိန်စက်ကြီးပါပဲ။
ဟို့ယွိဟောင်လဲ ဒီပစ္စည်းက အဆင့်ခြောက်၀ိညာဥ်လက်နက်ဆိုတာ ကြည့်ရုံနဲ့သိနေခဲ့ပါပြီ။ ပြဿနာဘာမှရှာမတွေ့နိုင်သလို အသေးစိတ်အချက်အလက်တွေကိုလဲ သူအပြည့်အ၀မှတ်တမ်းတင်ပြီသားဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီနောက် တိုင်းတာရေးပေါင်ချိန်စက်ထဲကို ၀င်ရပ်လိုက်ချိန်မှာ ဘယ်ဒီဗျူဟာအချက်အလက်တွေအားလုံးကို မှတ်တမ်းတင်နေတာက ပြီးဆုံးလို့သွားပါတော့တယ်။
ဒါပေမယ့် အချက်အလက်တွေက ရှုပ်ထွေးလွန်တာကြောင့် အချိန်ကြာရှည်မှတ်မိဖို့အတွက် ခက်ခဲလွန်နေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ အများဆုံးနှစ်နာရီသာ မှတ်သားထားနိုင်မှာဖြစ်ပြီ ပြီရင်တော့ မေ့ပျောက်သွားမှာပါ။ အကယ်၍ ဒီမှတ်သားထားသမျှအရာအားလုံးကို အမြန်ဆုံးလက်နဲ့ချဆွဲနိုင်သည်ဖြစ်စေ ခိုင်မာအောင်လုပ်နိုင်မယ်ဆိုရင်ဖြစ်စေ ပိုပြီးကောင်းပါလိမ့်မယ်။
ဒီလိုနည်းနဲ့ ဟို့ယွိဟောင် စိတ်၀ိညာဥ်စွမ်းအားရဲ့ဆယ်ရာခိုင်နှုန်းက ကုန်ဆုံးလို့သွားခဲ့ပါပြီ။
ဒီပေါင်ချိန်စက်ကြီးကနေ အဖြူရောင်အလင်းတန်းတွေ ထွက်ပေါ်လို့လာခဲ့ပြီတဲ့နောက် သူ့ကိုခေါင်းအစခြေအဆုံးစတင်စစ်ဆေးပါတော့တယ်။ ဟို့ယွိဟောင်လဲ စိတ်၀ိညာဥ်စွမ်းအားကို ပြန်သိမ်းလိုက်ရင်း မျက်မှောင်ကြုတ်နေခဲ့တယ်။
” ခန္ဓာကိုယ်အင်အားအဆင့်ခြောက်ဆယ်နှစ် ခန္ဓာကိုယ်ကြံ့ခိုင်မှုအဆင့်ခြောက်ဆယ်ရှစ် ၀ိညာဥ်စွမ်းအားလှည့်ပတ်မှု အဆင့်လေးဆယ် အရပ်တစ်ဒသာမရှစ်မီတာ အလေးချိန် ခုနှစ်ဆယ်နဲ့နှစ်ကီလို ဘယ်ဘက်လက်မောင်းအင်အား အသက်ဆယ့်လေး ဘယ်ဘက်လက်မောင်းရိုးနဲ့ ညာဘက်လက်မောင်းအရိုးထည့်သွင်းထား နောက်ဆုံးတွက်ချက်မှု ”
အရှေ့မှာပေါ်လာခဲ့တဲ့ အစဥ်လိုက်အရေအတွက်က ရှိရှိသမျှလူတွေအားလုံးနီးပါးကို ထိတ်လန့်သွားစေခဲ့ပါတယ်။ တိုင်းတာရေးအခန်းတစ်ခုလုံးက အပ်ကျသံမကြားလောက်အောင် တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ ၀ိညာဥ်ဘုရင်တစ်ယောက်ဖြစ်တဲ့ ဟယ့်ချိုက်ထို့တောင်မှ မျက်လုံးအပြူးသားဖြစ်သွားခဲ့ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ အသက်နဲ့အဆင့်လေးဆယ်စွမ်းအားကို မြင်ပြီချိန်မှာလူတိုင်းက မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။
သူ့ရဲ့၀ိညာဥ်စွမ်းအားက ဘယ်လိုလုပ်အဆင့်လေးဆယ်ဖြစ်နေတာလဲ သူက အခုအချိန်မှာ ၀ိညာဥ်စက်ကွင်းလေးကွင်း၀ိညာဥ်ဘိုးဘေးတောင်မဖြစ်သေးပါဘူး။ ဟို့ယွိဟောင်က ၀ိညာဥ်အကြီးအကဲသာဖြစ်ပါဦးမယ်။ ဒါ့အပြင် သူ့လို၀ိညာဥ်အကြီးအကဲတစ်ယောက်က ကျန်ရစ်တဲ့အတိုင်အတာတွေထဲမှာ အဆင့်ခြောက်ဆယ်ထက်ကို ကျော်လွန်နေခဲ့တာပါ။ တခြားသူတွေကတော့ ဟယ့်ချိုက်ထို့ရဲ့ ခန္ဓာကိုယ်အင်အားကိုမယှဥ်နိုင်တာကလွဲပြီ တခြားအရာတွေအားလုံးကလုံး၀ကိုညီမျှလို့နေခဲ့တယ်။ အရေးကြီးဆုံးကတော့ သူမှာ၀ိညာဥ်အရိုးသုံးခုတောင်ရှိနေခဲ့တာပါ။ ဒါကဟယ့်ချိုက်ထို့အတွက်တောင် ပိုများပါသေးတယ်။
” တီ တီ တီ ”
ထူးခြားတဲ့အသံတွေက ၀ိညာဥ်ခန္ဓာကိုယ်ပေါင်ချိန်စက်ကနေ ထွက်ပေါ်လာပါတော့တယ်။ မှတ်တမ်းတင်တဲ့အရာကို လုပ်ဆောင်နေတဲ့ဆရာကတော့ မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။
” ကိန်းဂဏန်းတွေက ကြီးလွန်အားကြီးတယ်…ဒါကြောင့် ပေါင်ချိန်စက်က အခုလက်ရှိအခြေနေအရ အမှားအယွင်းဖြစ်သွားပြီ မိစ္ဆာပဲ ဒီကောင်ကတော့မိစ္ဆာကောင်ပဲ ”
သူ ဟို့ယွိဟောင်ကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်ချိန်မှာတော့ အထိတ်တလန့်ဖြစ်နေရုံတင်မက ကြောက်ပါကြောက်နေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ အေးအေးဆေးဆေးသာရှိနေခဲ့တယ်။ အဲ့ဒီနောက် ပေါင်ချိန်စက်ကနေထွက်လာပြီ အေးဆေးသာပြောလိုက်တယ်။
” ကျွန်တော်က အမျက်ဒေါသကျောင်းတော်ကလာတဲ့သူ အမျက်ဒေါသကျောင်းတော်မှာ နောက်ထပ်နာမည်တစ်ခုရှိတယ်…မိစ္ဆာတွေရဲ့ကျောင်းတော်တဲ့ ကျွန်တော်တို့ရဲ့ကျောင်းဆောင်တွေက မိစ္ဆာတွေကိုသာမွေးမြူးတယ်…သာမန်လူတွေကို မမွေးမြူးဘူး…ချီးမွမ်းတဲ့အတွက်ကျေးဇူးတင်ပါတယ် ”
ယဲ့ရှောင်ရှန်ကလဲ ဟို့ယွိဟောင်ပြန်လာတာကိုကြည့်ရင်း အံ့အားသင့်နေခဲ့မိပါတယ်။
” သေချာပေါက် နောက်ထပ်ထိပ်သီးတိုင်းတာမှုတစ်ခုလဲရှိရဦးမယ်တဲ့ အဲ့ဒါကမောက်မာတဲ့တိုင်းတာမှုပဲ ”
လင်းကျားယီကတော့ တံတွေးကိုမြိုချရင်း ဟို့ယွိဟောင်ကိုကြည့်ပြီ လန့်နေခဲ့ပါတယ်။ သူဘာပြောရမှန်းတောင်မသိတော့ပါဘူး။
ကျောင်းတော်ရဲ့နံပါတ်တစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာ သင်ကြားရေးညွှန်ကြားရေးမှုးလုပ်လာတဲ့သက်တမ်းတစ်လျှောက် ပါရမီရှင်ကျောင်းသားတွေကို သူအများကြီးမြင်ဖူးခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်အခြေအနေက မြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံးတစ်ခုပါပဲ။ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့တောင်မှ သူ့ကိုမယှဥ်နိုင်ပါဘူး။
ဒါပေမယ့် သူ့ရဲ့အသက်အရွယ်မှာ ရှောင်ဟုန်ချန်ရော မုန့်ဟုန်ချန်ရော ၀ိညာဥ်အင်အားက ပိုပြီးမြင့်ကြပါတယ်။ ခန္ဓာကိုယ်အင်အားကိုတော့ ဘယ်သူမှယှဥ်နိုင်မှာမဟုတ်ပါဘူး။ ကံကောင်းစွာနဲ့ပဲ ဟို့ယွိဟောင်ရဲ့ အင်အားကနှိမ့်ကျနေခဲ့ပါသေးတယ်။ အသက်ဆယ်လေးနှစ်အရွယ်၀ိညာဥ်ဘုရင်တစ်ယောက်ကိုမြင်ရမယ်ဆိုရင်တောင် နှမြောစရာကောင်းမှာပါ။ လင်းကျားယီလဲ သူ့ကိုယ်သူတည်ငြိမ်အောင် ပြန်ထိန်းလိုက်ရင်း ဟို့ယွိဟောင်ကို ခေါင်းညိတ်ပြလိုက်ပါတယ်။
” မိတ်ဆွေလေးမင်းရဲ့ခန္ဓာကိုယ်က တကယ်ကိုသန်မာတာပဲ တကယ်အမျက်ဒေါသကျောင်းတော်ကလူပီသပါပေတယ် ”
သူချီးမွမ်းလိုက်ပြီတဲ့နောက် ခေါင်းညိတ်နေခဲ့တယ်။ အရင်တုန်းက ဟို့ယွိဟောင်ဆိုတာ သူ့အာရုံထဲမှာအာရုံစိုက်စရာမဟုတ်ခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့အဆင့်သုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆောင်အယောင်ကို ကြည့်ရင်းနဲ့ သူသက်ပြင်းချလိုက်မိပါတယ်။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆင့်အတန်းကတော့ ပုံမှန်ဖြစ်နေဆဲပါ။
လင်းကျားယီက ပြောလာခဲ့ပါတယ်။
” ကောင်းပြီ နောက်ထပ် စမ်းသပ်ချက်နှစ်ခုရှိသေးတယ်…ငါတို့မှာအချိန်သိပ်မကျန်သေးဘူး…ဒီတော့မြန်မြန်သွားကြတာပေါ့ ဒုတိယစမ်းသပ်ချက်ကို မိတ်ဆက်ပေးပါရစေ ကိုယ်ရဲ့အင်အားကို စမ်းသပ်မှာဘယ်၀ိညာဥ်လက်နက်ကိုမှ အသုံးပြုခွင့်မရှိဘူး ..၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီး ကိုယ်ရဲ့ခန္ဓာကိုယ်အင်အားကိုလဲ အသုံးပြုလို့ရနိုင်တယ်…အင်အားဆိုတာက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်အတွက် အရေးကြီးတဲ့ကိစ္စပဲ ဒါ့အပြင် ကြီးမားတဲ့အရွယ်အစားနဲ့ ၀ိညာဥ်လက်နက်တွေကို ထိန်းချုပ်နိုင်ဖို့အတွက်လဲ အဆင်ပြေစေတယ် ”
၀ိညာဥ်အင်အားတိုင်းတာရေးပေါင်ချိန်စက်ကတော့ မူလပထမထက်ပိုပြီးကြီးမားပါတယ်။ ဒါ့အပြင်အခန်းရဲ့ဆယ်ရာခိုင်နှုန်းအထိကို သူကနေရာယူထားခဲ့တာပါ။ အထဲမှာကတော့ သရေပြားတစ်ခုနဲ့ကာရန်ထားခဲ့တဲ့ ထိုးစရာနေရာတစ်ခုရှိနေခဲ့တယ်။ ဒီနေရာက လေးထောက်ကျကျပုံသဏ္ဍာန်ရှိနေခဲ့ပါတယ်။
ဒီပစ္စည်းကိုဘာနဲ့ပြုလုပ်ထားလဲဆိုတာ အမျက်ဒေါသကျောင်းတော်ရဲ့ ဘယ်သူမှမခန့်မှန်းနိုင်ကြပါဘူး။ အင်အားစမ်းသပ်မှုကတော့ အရမ်းကိုရိုးရှင်းပါတယ်။ အစွမ်းကုန်အားထုတ်ရင်းနဲ့ ဒီထိုးစရာနေရာကိုထိုးချပြစ်ရုံပါပဲ။ တွက်ချက်မှုတွေအားလုံးကို ၀ိညာဥ်အင်အားအဆင့်နဲ့ သတ်မှတ်ပြီဖော်ပြပေးမှာပါ ဒါ့အပြင် နေလကျောင်းတော်ရဲ့ တွက်ချက်မှုအရလဲ ဖြစ်ပေါ်လာပါလိမ့်မယ်။
” ၀ုန်း ”
” ၀ုန်း ”
တစ်၀ုန်း၀ုန်းမြည်သံတွေက ဆက်တိုက်ထွက်ပေါ်လို့နေခဲ့ပါတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသားတွေက ဒီစမ်းသပ်ချက်ကို ပိုပြီးအားစိုက်နိုင်ခဲ့ကြတယ်။ နောက်ဆုံးတော့လဲ သူတို့အားလုံးက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကသူတွေပါ။ ဒါကြောင့် ၀ိညာဥ်စွမ်းအားကိုရော ကိုယ်ရဲ့အင်အားကိုပါ တိုးတက်အောင်လုပ်ဖို့အာရုံပိုပြီးစိုက်ထားခဲ့ကြပါတယ်။ သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေအားလုံးကလဲ ၀ိညာဥ်စွမ်းအားကိုတိုးတက်ဖို့အတွက် အဓိကတည်ဆောက်လို့ထားတာပါ။ ဒါပေမယ့် ယဲ့ရှောင်ရှန်အပါအ၀င် ဘယ်သူကမှ အဆင့်ခြောက်ဆယ်အထက်ကို မရောက်နိုင်ကြပါဘူး။
အဲ့ဒီနောက် ဟယ့်ချိုက်ထို့ရဲ့အလှည့်ကိုရောက်လာခဲ့ပြန်ပါပြီ။
ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်တို့လဲ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေခဲ့ကြတယ်။ သူတို့ရဲ့အတွေးတွေကို ဘယ်သူမှမသိနိုင်ခဲ့ပါဘူး။
ဟယ့်ချိုက်ထို့က တိုင်းတာရေးနေရာဆီကိုရောက်လာရင်း အသက်ပြင်းပြင်းရှုသွင်းကာ လက်သီးနဲ့ထိုးချပြစ်ဖို့ပြင်လိုက်ပါတယ်။ အားလုံးက သူထိုးချတော့မလိုပြင်လိုက်နေချိန်မှာပဲ သူရုတ်တရက်အော်လိုက်ပါတယ်။
” ဒီဖေဖေကြီးမှာ ဆေးပြင်းလိပ်ကြီးရှိတယ် ”
” ဗန်း ”
ယဲ့ရှောင်ရှန်က ခြေချော်ရင်းနဲ့ ကြမ်းပြင်ပေါ်ကိုလှဲကျလို့သွားခဲ့ပါတယ်။ သူ့ရဲ့ခေါင်းက ပေါင်ချိန်စက်ကြီးနဲ့ သွားတိုက်မိခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ရဲ့ ပါးစပ်ထဲမှာ ကြီးမားတဲ့ဆေးပြင်းလိပ်ကြီးရုတ်တရက်ပေါ်တာကို မြင်ချိန်မှာတော့ အားလုံးလဲမျက်လုံးအပြူးသားဖြစ်နေခဲ့ကြပါပြီ။ သူကတော့ အေးအေးဆေးဆေး ဆေးပြင်းလိပ်ကြီးကိုမီးညှိရင်းဖွာနေခဲ့တယ်။
အင်အားကိုတိုးမြင့်စေတဲ့ဆေးပြင်းလိပ်ကြီးက ဟယ့်ချိုက်ထို့ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ပါပဲ။
” ကျောင်းသားလေ ကျောင်းတော်ထဲမှာ ဆေးလိပ်သောက်လို့မရဘူး ”
ဆရာကသူ့ကိုသတိပေးဖို့ကြိုးစားခဲ့ပေမဲ့ ဟယ့်ချိုက်ထို့က သူ့ကိုအကြည့်စူးစူးနဲ့သာ ပြန်ကြည့်လိုက်ပါတယ်။ အဲ့ဒီနောက် ဘယ်ဘက်ခြေထောက်ကို ရှေ့ထုတ်ပြီညာဘက်လက်သီးကို အားပြုရင်ထိုးချပြစ်လိုက်တော့တယ်။
ကြီးမားတဲ့တုန်ခါမှုကြီးဖြစ်ပေါ်လာပြီတဲ့နောက် အခန်းတစ်ခုလုံးလဲ ဒီလက်သီးရဲ့အင်အားကြောင့် တုန်ရီလို့သွားပါတော့တယ်။ ခပ်မြန်မြန်ပဲ ပေါင်ချိန်စက်ပေါ်မှာ ဖော်ပြနေတဲ့ဂဏန်းတွေက ပြောင်းလဲလို့နေခဲ့ပါပြီ။ မူလအခြေအနေထက်ကို သုံးလက်မလောက်အပေါ်တက်သွားခဲ့ပါတယ်။
” အင်အားအဆင့်ခုနှစ်ဆယ် ”
မှတ်တမ်းတင်နေတဲ့ဆရာကတော့ ဒီအရေအတွက်ကိုထုတ်ပြောရင်းနဲ့ တအံ့တဩဖြစ်နေခဲ့တယ်။ ဒီအင်အားရဲ့မှတ်တမ်းက အခုလက်ရှိပေါင်ချိန်စက်ရဲ့အမြင့်ဆုံးမှတ်တမ်းတင်နိုင်တဲ့ပမာဏပါပဲ။ ဒါ့အပြင် အင်အားအမျိုးအစား၀ိညာဥ်ပညာရှင်ကသာ အဆင့်ခုနှစ်ဆယ်ကန့်သတ်ချက်ကို ထိရောက်နိုင်ပါလိမ့်မယ်။
ဟယ့်ချိုက်ထို့ကတော့ သူ့လက်သီးကိုခါရင်းနဲ့ ပြန်ခုန်ထွက်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဆေးပြင်းလိပ်ကြီးကို ပါးစပ်ကနေပြန်ထုတ်ရင်းနဲ့ မီးသတ်နေခဲ့တယ်။
သူ့ကိုသတိပေးခဲ့တဲ့ဆရာကို သူလှမ်းပြောလိုက်ပါတယ်။
” ကျောင်းတော်ရဲ့ စည်းမျဥ်းတွေကိုတမင်တကာချိုးဖောက်တာ မဟုတ်ပါဘူး…ကျွန်တော်က အစာအမျိုးအစား၀ိညာဥ်ပညာရှင်ပါ ဒီဆေးပြင်းလိပ်က ကျွန်တော်ရဲ့သိုင်းပညာ၀ိညာဥ်ပါပဲ ဆရာ ကျွန်တော်ရဲ့ဆေးပြင်းလိပ်ကြီးကို သောက်ကြည့်ချင်လား ဒါမှမဟုတ်ရင် ဆေးလိပ်အလုံးထုပ်ကြီးကိုရော စမ်းကြည့်မလား ”
ပြောပြီတဲ့နောက် လက်ကိုခါလိုက်ချိန်မှာ ဆေးလိပ်တွေတစ်လိပ်ပြီတစ်လိပ် ထွက်လာပါတော့တယ်။
ဆရာကတော့ ခပ်မြန်မြန်ပဲ သူကိုငြင်းနေခဲ့တယ်။ ဟယ့်ချိုက်ထို့ရဲ့အင်အားကြောင့် အခုအထိသူ့လန့်နေဆဲပါ။ ညွှန်ကြားရေးမှုးလင်းကျားယီ သိထားသလောက်အရဆိုရင် သူကလွဲပြီဒီအခန်းထဲမှာတခြားဘယ်သူကမှ အဲ့ဒီပေါင်ချိန်စက်ကို အဆုံးစွန်အထိရောက်အောင် ရိုက်မထုတ်ပြစ်နိုင်ပါဘူး။
ဟယ့်ချိုက်ထို့ရဲ့အင်အားက ၀ိညာဥ်သားရဲကောင်တစ်ကောင်နဲ့ တောင် ယှဥ်လို့ရနေပါပြီ။ အဆင့်ငါးဆယ်၀ိညာဥ်စွမ်းအားက ဒီလောက်ကြီးမားတဲ့အင်အားကို ထုတ်လွှတ်နိုင်ပုံအရ တိုက်ခိုက်ရေးအမျိုးအစား၀ိညာဥ်ဘုရင်တွေလောက်သာ တတ်နိုင်ပါလိမ့်မယ်။
ဟို့ယွိဟောင်ကတော့ နောက်ဆုံးအနေနဲ့ စမ်းသပ်ချက်ကိုစစ်ဆေးတဲ့သူပါ။ ဒါ့အပြင် အခုလက်ရှိအချိန်မှာ သူအများကြီးတွေးဖို့လဲလိုပါတယ်။ အစွမ်းကုန်တိုက်ခိုက်ရရင်ရော ကောင်းမလား ဒါမှမဟုတ်ရင် အင်အားကိုဖုံးကွယ်ထားရမှာလား။
ပေါင်ချိန်စက်ကတော့ သူ့ရဲ့ခန္ဓာကိုယ်လိုမျိုး စစ်ဆေးတာမဟုတ်ပါဘူး။ သူ့အသက်အရွယ်နဲ့ဆိုရင် သူအများကြီးမထိုးနိုင်ဘူးဆို ရင်တောင် ဘယ်သူမှမထင်မသေးကြမှန်း သိနေခဲ့တယ်။ ဒါပေမယ့် အစောပိုင်းစမ်းသပ်ချက်ကြောင့် သူ့ရဲ့အင်အားတချို့က ပေါ်ထွက်သွားခဲ့ပါပြီ။ အကယ်၍ အင်အားကိုအများကြီးဖုံးကွယ်ဖို့ကြိုးစားနေခဲ့မယ်ဆိုရင်လဲ သံသယ၀င်ခံရနိုင်ပါတယ်။ တခဏတာတွေတောပြီတဲ့နောက် ဟို့ယွိဟောင်လဲ ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့ရတယ်။
သူအသက်ပြင်းပြင်းရှုသွင်းလိုက်ရင်း တိုင်းတာရေးစက်ပေါ်ကိုတက်သွားခဲ့ပါပြီ။ အဲ့ဒီနောက်ညာဘက်လက်ကိုဖြည်းဖြည်းချင်းမြောက်လိုက်ပြီတဲ့နောက် ခပ်စစထိုးချပြစ်တော့မဲ့ပုံစံ လုပ်နေခဲ့တယ်။
နေလကျောင်းတော်ရဲ့ဆရာကတော့ အတော်လေးကို အာရုံစိုက်ပါတယ်။ နောက်ဆုံးတော့လဲ အစောပိုင်းစမ်းသပ်ချက်တွေကြောင့် အတော်လေးလန့်နေခဲ့တာပါ။
ဟို့ယွိဟောင်က နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီတဲ့နောက် လေတွေအားလုံးကို အဆုပ်ထဲရှုသွင်းလိုက်တဲ့ပုံသဏ္ဍာန်ဟန်ဆောင်ရင်းနဲ့ ခြေထောက်တစ်ဖက်ကိုရှေ့ထုတ်ကာ ထိုးချလိုက်ပါတယ်။
ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုက ဟယ့်ချိုက်ထို့ထက်ဆိုင်ရင်အများကြီးပိုပြီးညင်သာနေခဲ့တယ်။ ဒါ့အပြင် ကျောင်းသားတွေအားလုံးထက်လဲ အနူးညံ့ဆုံးပါပဲ။
” အင်အားအဆင့်ငါးဆယ်ငါး ”
တာ၀န်ကျတဲ့ဆရာကတော့ မှတ်တမ်းတင်နေခဲ့ရင်း နောက်ထပ်လန့်စရာမှတ်တမ်းတစ်ခုကို အော်လိုက်ပြန်ပါပြီ။
ဟို့ယွိဟောင်က အဆင့်ငါးဆယ်ငါးရပေမဲ့ တကယ်တော့ ပြန်မျှအခြေအနေလောက်သာရှိတာပါ။ ဒါပေမယ့် သူက အသက်ဆယ်လေးနှစ်သာရှိပါသေးတယ်။ ဒီအသက်ဆယ်လေးနှစ်နဲ့တင် သူမတူအောင်ထူးခြားတဲ့ရလဒ်ကိုရနေခဲ့ပါပြီ။ ဒါ့အပြင် တခြားသူတွေလိုမျိုး အင်းအားကိုမြင့်တင်ပေးတဲ့နည်းလမ်းကိုတစ်ခုမှမသုံးခဲ့ပါဘူး။ သူက တစ်ပေအကွာကနေရပ်ရင်းနဲ့ ဒီလောက်ကောင်းတဲ့အင်အားကို ထုတ်သုံးခဲ့တာပါ။ သူ့ရဲ့တိုက်ခိုက်မှုက အသံအများကြီးမထွက်ပေမဲ့ ကောင်းမွန်တဲ့ကိုယ်ခံနည်းလမ်းကို ဖော်ပြလို့နေခဲ့တယ်။ ဒါ့အပြင် အင်အားကိုလဲ တစ်ချက်လေးမှ အလဟာသမဖြစ်စေပါဘူး။
အပိုင်း ၁၅၆•၁ ပြီး၏။