Switch Mode

Chapter – 155

ဝိညာဉ်လက်နက်အတတ်ပညာရှင်တို့ရဲ့ လောကသစ်ကြီးတစ်ခု

အပိုင်း ၁၅၅

” ၀ိညာဥ်လက်နက်အတတ်ပညာရှင်တို့ရဲ့ လောကသစ်ကြီးတစ်ခု ”
°°°
ဟို့ယွိဟောင်ကတော့ အံကြိတ်လိုက်မိပါတယ်။ ဟယ့်ချိုက်ထို့ရဲ့ အကူအညီနဲ့သာ သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းထားနိုင်တာပါ။ အဲ့ဒီနောက် သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ဒီအလင်းအလွှာထဲမှာ ထည့်သွင်းလိုက်ပါတော့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက လေစီးကြောင်းထဲမှာသာ စီး၀င်သွားတာကို ခံစားလိုက်ရတာကြောင့် အဆုံးသတ်လို့သွားခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ သူမထိခိုက်ခင်အချိန်မှာ ဒီလိုစိတ်၀ိညာဥ်ထောက်လှမ်းမှုကို ရပ်တန့်နိုင်လိုက်ပါတယ်။

ပတ်ပတ်လည်မှာရှိသမျှအရာအားလုံးက ဝေ၀ါးလို့သွားခဲ့ပေမဲ့ ကျောင်းတော်ရဲ့တပည့်သားတွေကတော့ ဘာမှမခံစားလိုက်ရပါဘူး။ ငြိမ်သက်တဲ့အခန်းတစ်ခုထဲမှာ ရောက်နေသလိုအပြင်ဘက်ကလေတိုးသံကိုတောင် မကြားရပဲရှိနေခဲ့ပါတယ်။ တကယ်တော့သူတို့တွေလှုပ်ရှားနေသလားဆိုတာကိုတောင် မသိလိုက်ရတော့ပဲ ပတ်၀န်းကျင်ရှု့ခင်းတွေကို အနီးကပ်မြင်တွေ့နေရတဲ့အတိုင်းသာ ရှိနေခဲ့တယ်။

ဖန်းယွီအမူအရာကတော့ ပိုလို့တောင် ခက်ခဲတဲ့ပုံရှိလာခဲ့ပါပြီ။ ကျန်းဟုန်ချန်ဟန်ပြနေတာကို သူသိပါတယ်။ ဒါပေမယ့် ဒီပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်က တိုက်ကြီးတစ်ခုလုံးထဲမှာ အဆင့်အမြင့်ဆုံးတစ်ခုဆိုတာ သူရှင်းရှင်းလင်းလင်းနားလည်နေခဲ့တယ်။ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ သက်ရှိတွေကိုအသွင်တူတုပနိုင်တဲ့ ပုံသဏ္ဍာန်ကတကယ်ကို မြင့်မားတဲ့အဆင့်ရှိနေခဲ့ပါပြီ။ ဒါ့အပြင် ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်ထဲမှာတော့ ထည့်သုံးနိုင်နေခဲ့တယ်။ အမျက်ဒေါသကျောင်းတော်ကတော့ ဒီအကြောင်းကို လုံး၀မသိရသေးပါဘူး။

အကြီးအကဲရွှမ်ကတော့ အားလုံးကိုပျံသန်းရေးနဲ့ သယ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ကျန်းဟုန်ချန်ရဲ့ လုပ်ဆောင်မှုကတော့လုံး၀ကို အခြေအနေမတူတော့ပါဘူး။

ဟို့ယွိဟောင်လဲစတင်ပြီ စဥ်းစားနေခဲ့ရတော့တယ်။ ကျန်းဟုန်ချန်ရဲ့ နောက်​ကျောဖက်မှာရှိနေတဲ့ရွှေရောင်အလင်းတန်းအလွှာတွေက ဆက်ပြီတောက်ပနေဆဲပါ။ ဒါက၀ိညာဥ်လက်နက်ရဲ့အဓိကမူလအရင်းအမြစ်နဲ့ တူနေခဲ့ပါတယ်။ ဒါပေမယ့် ပတ်ပတ်လည်မှာရှိနေတဲ့ အလင်းအလွှာကရောဘာကြီးလဲ ဒါက၀ိညာဥ်လက်နက်ကို ၀ိညာဥ်စွမ်းအားနဲ့ဖန်တီးထားတဲ့အရာများလား သေချာပေါက် မဟုတ်နိုင်ပါဘူး။

ဟို့ယွိဟောင် လက်ဆန့်ပြီထိကြည့်လိုက်ချိန်မှာတော့ ချောမွေ့နေတဲ့အထိအတွေ့ကိုခံစားလိုက်ရပါတယ်။ ဘာနဲ့လုပ်ထားလဲဆိုတာသူမသိနိုင်ပေမဲ့ ဘယ်တုန်းကမှမမြင်ဖူးတဲ့အရာဆိုတာသေချာနေခဲ့တယ်။

မူလအခြေအနေမှာ ဟို့ယွိဟောင်လဲ ၀မ်သုန့်နဲ့ခွဲခွာမှုကြောင့် စိတ်ညစ်ကောင်းစိတ်ညစ်နိုင်ပေမဲ့ အခုအချိန်မှာတော့ ဒီလိုအံ့ဩစရာကောင်းတဲ့၀ိညာဥ်လက်နက်ကြောင့် အာရုံလွဲလို့သွားခဲ့ရတယ်။

လာမဲ့နှစ်နှစ်ခွဲအချိန်မှာ သူ့ကဒီ၀ိညာဥ်လက်နက်ကို ဖန်တီးပြုလုပ်တဲ့နေရာမှာ စပြီသင်ကြားရတော့မှာပါ။

” ကလေးတို့အဆင်ပြေကြရဲ့လား ”

ကျန်းဟုန်ချန်ရဲ့အသံက အလင်းတန်းအလွှာကနေ ထွက်ပေါ်လာခဲ့ပါတယ်။

ဖန်းယွီက ခေါင်းညိတ်ရင်းအထိတ်တလန့်နဲ့ ပြန်ဖြေလိုက်တယ်။

” ခန်းမသခင်ဟုန်ချန်ရဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်က တကယ်အထင်ကြီးစရာပါပဲ ကျောင်းတော်ရဲ့သုတေသနက ဒီလောက်အထိ မြင့်မားတဲ့အဆင့်ကိုရောက်နေပြီလို့ မမျှော်လင့်ထားခဲ့မိဘူး ”

” လေ့လာမှုဆိုတာဘယ်တော့မှအဆုံးမသတ်နိုင်ဘူးလေ ဒီအလင်းအလွှာထဲမှာ ငါမောင်းနင်းနေရင်း တစ်ပြိုင်နက်ထဲမသွားလာနိုင်သရွေ့တော့ သေချာကြီးမားတဲ့တိုးတက်မှုလို့ ဘယ်လိုတွေးလို့ရမှာလဲ ရိုးရိုးသားသားပြောရမယ်ဆိုရင် ဒီ၀ိညာဥ်လက်နက်က တန်ဖိုးကြီးတဲ့ပစ္စည်းတွေအများကြီးအသုံးချပြီ လုပ်ဆောင်ထားရပေမဲ့ တကယ်တော့ သုတေသနရည်ရွယ်ချက်နဲ့ပဲသူ့ကိုဖန်တီးထားခဲ့တာပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ရည်ရွယ်ချက်တစ်ခုကတော့ ၀ိညာဥ်စွမ်းအားကိုအများကြီးမသုံးပဲနဲ့လူတွေအများကြီးကိုသယ်ဆောင်နိုင်တဲ့ပျံသန်းရေး၀ိညာဥ်လက်နက်တစ်ခုကို ဖန်တီးဖို့ပဲ ဒါပေါ့ ငါတို့အခုကြိုးစားနေတုန်းပဲရှိသေးတယ်…ဒါမျိုးက ရေရှည်လုပ်မှဖြစ်မှာ ရေတိုနဲ့အောင်မြင်နိုင်တာမှမဟုတ်ပဲ ”

ဖန်းယွီလဲ သက်ပြင်းချရင်းပြောလာခဲ့တယ်။

” အနည်းဆုံးတော့ ကျောင်းတော်ကတကယ်ကိုမြင့်မားတဲ့ရည်မှန်းချက်ရှိနေတာပါပဲ အဲ့ဒီနေ့သာရောက်လာခဲ့မယ်ဆိုရင် လူတွေအများကြီးက တိုက်ကြီးတစ်လျှောက်မှာ လွယ်လွယ်ကူကူပျံသန်းရင်း ခရီးသွားလာနိုင်တော့မှာပဲ အရာအားလုံးကတော့ ပြောင်းလဲသွားလိမ့်မယ် ”

” ဒါကနှစ်တော်တော်ကြာကြာရင်း ဖြစ်လာမဲ့အရာတွေပဲ ဒါပေမယ့် ငါအသက်ရှင်လျက်ရှိနေတဲ့အချိန်မှာ မြင်ရမြင်ပါ့မလားလို့ စိုးရိမ်မိတယ်. ”

ဖန်းယွီလဲ သူဘယ်လိုနေရာမှာ ပြတ်ကျန်ခဲ့နေလဲဆိုတာကို မသိနိုင်ပါတော့ပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေအရကတော့ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က လုံး၀ကိုမြင့်မားတဲ့အဆင့်မှာရှိနေခဲ့ပါပြီ။

ဖန်းယွီအနေနဲ့ သေချာတာတစ်ခုတော့ရှိပါတယ်။ သူတို့ရဲ့ ကျောင်းတော်တွေကြားမှာရှိနေတဲ့ နည်းပညာကွာဟချက်က ၀ိညာဥ်ပညာရှင်တွေရဲ့ သင်ကြားမှုကွာခြားထက်တော့ပိုပြီးသေးငယ်တာအမှန်ပါ။

အကြီးအကဲမုက မဆုံးပါးခင်အချိန်ကာလမှာ ၀ိညာဥ်လက်နက်တွေကို လုံး၀ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက မှန်ကန်တဲ့ဆုံးဖြတ်ချက်ပါပဲ။ ဒါ့အပြင် အဲ့ဒီရည်ရွယ်ချက်ကို မိီအောင်လုပ်ဖို့အတွက်သူတို့မှာအခွင့်အ​ရေးကြီးက ရှိနေခဲ့ပါပြီ။

နေလနိုင်ငံတော်ရဲ့ မြို့တော်ကြီးကို နေလမြို့တော် သို့မဟုတ်ရင် တောက်ပရောင်စဥ်မြို့တော်လို့ခေါ်ပါတယ်။ နေလနိုင်ငံတော်ရဲ့ အဓိကအုပ်ချုပ်ရေးမြို့တော်ဖြစ်သလို စီးပွားရေးအရလဲ အချက်အခြာကျနေတဲ့နေရာကြီးလဲဖြစ်နေခဲ့တယ်။ မြို့တော်က အရမ်းကိုကြီးမားသလို အမျက်ဒေါသကျောင်းတော်သားတွေမျှော်လင့်ထားတာထက်ကို လုံး၀ကျော်လွန်နေခဲ့ပါတယ်။

ကျန်းဟုန်ချန်လဲ မြို့ထဲရောက်မှသာ အရှိန်လျှော့လိုက်ပါပြီ။ ဒီလိုအရှိန်လျှော့လိုက်မှသာ အားလုံးလဲ အောက်မှာဘာရှိနေလဲမြင်လိုက်ရပါတော့တယ်။

” ငါတို့တွေတောက်ပရောင်စဥ်မြို့တော်ဆီကို ရောက်လာပြီ အားလုံးပဲဒီနေရာမှာ နောက်နှစ်နှစ်ခွဲအထိနေကြရမှာပါ နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ် ”

” ဒီမြို့တော်က နေလနိုင်ငံတော်ရဲ့ ဂုဏ်ကျက်သရေပါပဲ ဒါကြောင့် ကြယ်တာရာလော့နိုင်ငံတော် ထျန်းဟွမ်နိုင်ငံတော်နဲ့ သုန့်လင်းနိုင်ငံတော်တို့ကိုပေါင်းလိုက်မယ်ဆိုရင်တောင် သေချာပေါက် တောက်ပရောင်စဥ်မြို့တော်ကြီးရဲ့အရွယ်အစားကို မမီနိုင်လောက်ဘူး ”

သူတို့တွေရောက်ရှိလာချိန်မှာညအချိန်ကို ကျရောက်နေခဲ့ပါပြီ။ ဒါပေမယ့် ဒီမြို့တော်ကြီးရဲ့ညအချိန်မြင်ကွင်းကပိုပြီးလန့်စရာကောင်းနေခဲ့ပါတယ်။ ဟို့ယွိဟောင် မြို့ကိုငုံ့ကြည့်လိုက်ချိန်မှာတော့ ပတ်ပတ်လည်နေရာအနှံ့အပြားမှာ အဆောက်အအုံတွေကိုတွေ့မြင်နေခဲ့ရပြီ မြို့ရဲ့အဆုံးသတ်ကိုမမြင်ရပါဘူး။ ဒါ့အပြင် အဆောက်အအုံတွေရဲ့အဓိကအဆောက်အဦးတွေအားလုံးက ငါးထပ်ဆောင်တွေဖြစ်နေခဲ့ကြသလို ဆယ်ထပ်အထပ်မြင့်တွေလဲ ရှိနေခဲ့ပါတယ်။ ဒါကအမျက်ဒေါသမြို့တော်နဲ့ ကြယ်တာရာလော့မြို့တော်တွေမှာတောင် တကယ်ကိုရှားပါးတဲ့ နေရာတွေကြီးပါပဲ။

ဒီမြို့တော်ကြီးကို ပိုပြီးအံ့ဩစရာကောင်းစေတာကတော့ အဆောက်အအုံတွေအများစုက လုံး၀ကိုမီးရောင်တွေထိန်ထိန်လင်းနေခဲ့ကြပြီ ညအချိန်မှာရှိတဲ့ ကြယ်တာရာတွေနဲ့ တစ်ထပ်ထဲကြနေခဲ့တာပါပဲ။

လမ်းမကြီးတွေနဲ့ လမ်းသွယ်လေးက အဆောက်အအုံတွေကြားမှာ မြွေလိုအသွင်နဲ့တည်ရှိနေခဲ့ကြသလို တချို့လမ်းအကျယ်ကြီးတွေကလဲ မီတာသုံးဆယ်ကျော်ကျယ်ပြန့်ပါတယ်။တောက်ပတဲ့အလင်းတန်းတွေထဲကနေ ၀ိညာဥ်စွမ်းအားတွေကို ဟို့ယွိဟောင်ခံစားနေခဲ့မိတယ်။

” ခန်းမသခင်ဟုန်ချန် ဘာကြောင့်များမြို့နံရံမရှိရတာလဲ ”

ဖန်းယွီလဲ စိတ်မထိန်းနိုင်ပဲ မေးလာခဲ့တယ်။

” ငါတို့မြို့မှာနံရံဆိုတာမလိုဘူး ”

ကျန်ဟုန်ချန်ရဲ့အသံက အရမ်းကိုအေးဆေးလို့နေခဲ့သလို သူကစိတ်ချလုံခြုံမှုအပြည့်လဲ ရှိနေခဲ့တယ်။ သူရဲ့စကားတွေက ရန်စနေတဲ့ပုံစံနဲ့တူပေမဲ့ တကယ်တော့နေလနိုင်ငံတော်ရဲ့ လျှို့၀ှက်ချက်ကိုလုံး၀မထုတ်ဖော်စေပဲ ခြိမ်းခြောက်နေပုံရတာပါ။

ကျန်းဟုန်ချန်က အားလုံးကို ခေါ်ဆောင်လာရင်တောင်ဖက်ဆီကို ပျံသန်းလို့လာခဲ့ပါတယ်။ သူတို့ပျံသန်းလာတဲ့လမ်းတစ်လျှောက်မှာတော့ ကြယ်တာရာတွေနဲ့ ရွှေရောင်အလင်းတန်းတွေက ကျန်းဟုန်ချန်ရဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်ကနေ အပြင်ကိုပြန့်ထွက်လို့လာခဲ့ပြီ ထူးခြားတဲ့ကြိမ်လုံးတွေကို ထုတ်လွှတ်နေခဲ့တာခံစားလိုက်မိတော့တယ်။

ဒါကဘာကြောင့် လုပ်နေမှန်းမသိပေမဲ့ အကြောင်းအရင်းတော့ရှိမှာပါ။ မကြာခင်မှာပဲ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားစည်းချက်ကို ရှာတွေ့လို့သွားခဲ့ပြီ ခပ်မြန်မြန် မှတ်တမ်းတင်လိုက်ပါတော့တယ်။

ကျန်းဟုန်ချန်ရဲ့စကားတွေက လုံး၀ကိုချဲ့ကားပြောဆိုနေတာ မဟုတ်ရပါဘူး။ သူတို့တွေ မြန်မြန်ဆန်ဆန်ပျံသန်းလာတာတောင် တောက်ပရောင်စဥ်မြို့တော်ကြီးရဲ့ တောင်ဖက်ကိုရောက်ဖို့အတွက် ဆယ်ငါးမိနစ်တိတိ အချိန်ယူလိုက်ရပါတယ်။ သူတို့တွေရဲ့ ရှိရှိသမျှမြို့တွေအားလုံးကိုပေါင်းမယ်ဆိုရင်တောင် သေချာပေါက် အောက်ဖက်မှာရှိတဲ့မြို့ကြီးရဲ့ တစ်၀က်ကိုမီမှာမဟုတ်မှန်း ဟို့ယွိဟောင်ရှင်းရှင်းလင်းလင်း နားလည်ခဲ့ရပါပြီ။

သူက ထျန်းဟွမ်နိုင်ငံတော်နဲ့ သု့န့်လင်းနိုင်ငံတော်တွေရဲ့ မြို့ကြီးတွေကို လူကိုယ်တိုင်မရောက်ဖူးပေမဲ့ သင်ကြားခဲ့သမျှပမာဏအရတွေဆိုရင်ဒီမြို့တော်ကြီးက ပိုကြီးနေမှန်းတော့ သိနေပါသေးတယ်။

သူတို့နဲ့ မနီးမဝေးရှိတဲ့နေရာမှာတော့ ရှစ်ထောင့်ပုံသဏ္ဍာန်နယ်မြေကြီးက အလင်းတန်းတွေကြားမှာ ပေါ်ထွက်လာခဲ့ပါတော့တယ်။ ဒီနယ်မြေက အလယ်အလတ်တန်းစားမြို့တစ်မြို့အရွယ်အစားရှိနေခဲ့ပြီ များပြားတဲ့ အဆောက်အအုံတွေလဲအပြည့်ပါပဲ။ ဒီနယ်မြေကြီးမှာတော့ မြေနေရာအလွတ်တွေ အများကြီးရှိနေပါသေးတယ်။ ကျန်းဟုန်ချန်က ဒီနေရာထဲမှာရှိတဲ့ လူတွေအားလုံးကို သတင်းပို့ထားပြီသားပါ။

အလင်းတန်းတွေ ပျောက်ကွယ်သွားချိန်မှာတော့ မှော်ဆန်တဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်တွေလဲ သူတို့ရှေ့မှာတင် ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွားပါတော့တယ်။

တချို့လူတွေက ရင်ပြင်ကျယ်ထဲမှာ သူတို့ရောက်လာတာကို စောင့်ဆိုင်းနေမှန်း တွေ့လိုက်ရတယ်။ ဒါ့အပြင် သူတို့ကိုလာပြီကြိုဆိုကြပါတယ်။ အဲ့ဒီလူတွေထဲမှာ ၀၀ဖိုက်ဖိုက်ခပ်ပုပုနဲ့လူတစ်ယောက်က ကျန်းဟုန်ချန်ရှေ့ကိုလျှောက်လာရင်း အရိုအသေပြုလိုက်တယ်။

” ခန်းမသခင် အားလုံးကိုစီစဥ်ပြီးပါပြီ ”

ကျန်းဟုန်ချန်က ပြုံးပြရင်းပြောလာခဲ့တယ်။

” အားလုံးကိုမိတ်ဆက်ပေးပါရစေ ဒါက နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ သင်ကြားရေးညွှန်ကြားရေးမှုး လင်းကျားယီပါ မင်းတို့အားလုံး သူ့ဆီကနေ နောက်နှစ်နှစ်ခွဲအထိ သင်ယူကြရလိမ့်မယ်…ကျားယီ ဒီကျောင်းသားတွေအားလုံးအတွက် သင့်တော်တဲ့အစီအစဥ်လေးတွေ လုပ်ထားလိုက် ဆရာဖန်းယွီကတော့ ငါနောက်လိုက်ခဲ့ပါ ”

သူပြောပြီတာနဲ့ ကျန်းဟုန်ချန်က ဖန်းယွီကို တခြားနေရာခေါ်သွားပါတော့တယ်။ ဖန်းယွီလဲ တစ်ချက်လေးမှလှည့်မကြည့်ပဲထွက်သွားခဲ့ပါပြီ။ ဒီအချိန်မှာတော့ သူတို့တွေရဲ့သင်ကြားမှုက စတင်ပါတော့မယ်။

လင်းကျားယီရဲ့ မျက်နှာက ကျန်းဟုန်ချန်လိုမျိုး လုံး၀င်းလို့နေခဲ့တယ်။ သူက အနည်းငယ်ပိုပြီးငယ်ရွယ်နေရုံတစ်ခုပါပဲ ညာဘက်လက်ကိုဝှေ့ရမ်းလိုက်ချိန်မှာတော့ အနောက်မှာရှိနေတဲ့လူတွေက အရှေ့ကို လျှောက်လာပါတော့တယ်။ အားလုံးကလင်ဗန်းကိုကိုင်လာကြသလို ကျောင်းသားတစ်ယောက်ချင်းဆီရဲ့အရှေ့မှာရပ်နေခဲ့ပါတယ်။

” အားလုံးကို ကျောင်းတော်ကနေ ကြိုဆိုလိုက်ပါတယ်… နောက်နှစ်နှစ်ခွဲအတွင်း တစ်ယောက်ချင်းဆီတိုင်းက နေလကျောင်းတော်ရဲ့ ကျောင်းသားတွေအဖြစ်သတ်မှတ်ခံထားရမှာပါ ဒီသင်ကြားမှုကို အောင်မြင်စေဖို့အတွက် အကောင်းဆုံးသင်ကြားမှုပတ်၀န်းကျင်ကို ဖန်တီးပေးပါလိမ့်မယ် ”

” ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမကလဲ တစ်ပတ်မှာနှစ်ရက်တိတိ ဖွင့်လစ်ပေးထားမှာပါ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ စမ်းသပ်ချက်တွေကို ပါ၀င်ဖြေရှင်းဖို့အတွက် အခွင့်အရေးရပါလိမ့်မယ်…အောင်မြင်နိုင်ပြီဆိုရင် ဒီသင်ကြားမှုမပြီးခင်အချိန်အတွင်မှာ ခန်းမရဲ့ကျောင်းတော်သားဖြစ်လာနိုငိပါတယ် ”

” လင်ဗန်းတွေထဲမှာ ကျောင်းတော်ရဲ့ မြေပုံနဲ့ ကျောင်းတော်ရဲ့စည်းမျဥ်းစာအုပ်တွေပါပါတယ်,,,ဒါ့အပြင် အခန်းတံခါးသော့တွေလဲပါနေမှာပါ အခုကအတော်လေးမှောင်နေပါပြီ ဒါကြောင့် မနက်ဖြန်မှာသင့်တော်တဲ့ ကျောင်း၀တ်စုံကိုရဖို့အတွက် ရိုးရှင်းတဲ့စမ်းသပ်ချက်ကလေးတွေကို လုပ်ရပါလိမ့်မယ်…ခန္ဓာကိုယ်အခြေအနေကို မှတ်တမ်းတင်ပြီးပြီဆိုရင် ရပါပြီ လိုတာတစ်ခုခုရှိလို့ကတော့ လာရှာလိုက်ပါ ”

အားလုံးလဲလိုအပ်တဲ့ပစ္စည်းတွေကို လက်ခံရရှိလိုက်ပါတယ်။ ယဲ့ရှောင်ရှန်ကတော့ အဓိကဦးဆောင်သူအဖြစ် အရှေ့မှာထွက်ပြီရပ်နေခဲ့တယ်။ ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်တို့ကတော့ သူ့နောက်မှာပါ။ ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်ကတော့ နောက်ဆုံးမှာရှိနေခဲ့ပြီ ဆရာတွေက သူတို့ကိုခေါ်သွားခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ ဒီလျှောက်လာတဲ့လမ်းတစ်လျှောက်မှာ ရလာခဲ့တဲ့မြေပုံကို ကြည့်ပြီ မှတ်သားနေခဲ့တယ်။ အမှောင်ထုဆိုတာက သူ့ရဲ့မြင်ကွင်းကိုမသက်ရောက်စေနိုင်ပါဘူး။ ဒီကျောင်းတော်က အမျက်ဒေါသကျောင်းတော်ထက် အများကြီးပိုပြီးတော့ကြီးမားပါတယ်။

မြေပုံမှာတော့ ကျောင်းတော်ရဲ့နယ်မြေသုံးခုကိုပြထားခဲ့ပါတယ်။ သင်ကြားရေးနယ်မြေ ကျောင်းသားဆောင်တွေနဲ့ စမ်းသပ်လေ့လာရေးနယ်မြေတွေပါ။ စမ်းသပ်လေ့လာရေးနယ်မြေတွေက ကျောင်းတော်ရဲ့သုံးပုံနှစ်ပုံကို အရယူထားခဲ့ပါတယ်။ ဒါ့အပြင် နေရာတော်တော်များများကလဲ ဒီစမ်းသပ်လေ့လာရေးနယ်မြေမှာသာရှိတာပါ။

ဟို့ယွိဟောင်လဲ ဒီနယ်မြေထဲမှာ များပြားလွန်တဲ့ အဆောက်အဦးတွေနဲ့ ပြည့်နှက်နေတာကို မှတ်သားလိုက်ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့အဓိကရည်ရွယ်ချက်တွေကိုတော့ မြေပုံပေါ်မှာရေးမထားပါဘူး။

စမ်းသပ်ရေးနယ်မြေရဲ့ အလယ်ဗဟိုမှာကတော့ ထူးခြားတဲ့နေရာတစ်ခုရှိပါတယ်။ အနီရောင်၀ိုင်ထားတဲ့နယ်မြေကိုတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်လို့ ပြထားခဲ့တယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကလဲ စမ်းသပ်ရေးနယ်မြေတွေထဲက တစ်ခုပါပဲ။ ဒီနေရာမှာရှိတဲ့လူတိုင်လဲ မကြာခင်အချိန်အတွင်းမှာနိုင်ငံတော်တစ်ခုလုံးဒီကျောင်းတော်က ဘယ်လောက်အထိအရေးကြီးလဲဆိုတာကို သိသွားကြပါတော့တယ်။

သင်ကြားရေးနယ်မြေရဲ့ ကျောင်းသားဆောင်တွေကတော့ အသေးစိတ်ဖော်ပြထားပါတယ်။ စုစုပေါင်းသင်ကြားရေးနယ်မြေဆယ်နှစ်ခုတိတိရှိပြီ အဆင့်ခြောက်ဆင့်ခွဲထားကာ အဆောက်အအုံနှစ်ခုဆီမှာတော့ အဆင့်တစ်ဆင့်အတွက် သင်ကြားပေးပါတယ်။ ဒါ့အပြင် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အမျက်ဒေါသကျောင်းတော်ထက်ကို များပြားတဲ့ကျောင်းသားတွေ လက်ခံနေခဲ့တာပါ။ အကြီးအကဲရွှမ်က မလာခင်အချိန်အတွင်းမှာ ကျောင်းသားတွေနဲ့ပတ်သက်ပြီတော့ အကျဥ်းချုပ်လေးရှင်းပြခဲ့ပါတယ်။

၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်အဆင့်ခြောက်ဆင့်က အသက်အရွယ်နဲ့ ကွာခြားထားတာမဟုတ်ပါဘူး။ ကျောင်းတော်ထဲကို ၀င်ရောက်ဖို့ဆိုရင် အနည်းဆုံး၀ိညာဥ်စက်ကွင်းတစ်ကွင်းရှိတဲ့အဆင့်တစ်ဆယ်၀ိညာဥ်ပညာရှင်ဖြစ်ရပါလိမ့်မယ်။ ဒါ့အပြင် အသက်ဆယ်နှစ်လဲ၀င်လို့မရပါဘူး။ ဒါပေမယ့် အသက်အရွယ်ဆိုတာက ကျောင်းတော်ထဲကို၀င်ရောက်ပြီတဲ့နောက် အရေးမကြီးတော့မှန်းဖြစ်သွားပါတော့တယ်။

ကျောင်းတော်ထဲမှာ သင့်တော်တဲ့အဆင့်ကို ကျော်ဖြတ်ပြီတာနဲ့ ပထမအတန်းနဲ့ ဒုတိယအတန်းကို ၀င်ရောက်နိုင်ပါတယ်။ ဒီစည်းမျဥ်းတွေက တတိယအတန်းကိုလဲ တက်နိုင်မှာဖြစ်သလို သင်ကြားရေးပတ်၀န်းကျင်မှာလဲ ပိုပြီးအေးအေးဆေးရှိနေခဲ့တယ်။

အမျက်ဒေါသကျောင်းတော်နဲ့ ယှဥ်လိုက်မယ်ဆိုရင် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်တွေရဲ့ အဆင့်သတ်မှတ်တဲ့ စမ်းသပ်ချက်တွေက ပိုပြီးချောင်ချောင်ချိချိရှိပါတယ်။

နေလကျောင်းတော်နဲ့ အမျက်ဒေါသကျောင်းတော်က စမ်းသပ်ချက်တွေက မတူညီကြပါဘူး။ ဘယ်လောက်အထိ ကွာခြားချက်က ရှိနိုင်မလဲဆိုတာကို မသိပဲဖြစ်နေခဲ့ပါတယ်။

သူတို့တွေက ကျောင်းတော်ရဲ့အချိုးတကွေ့မှာရှိနေခဲ့ပါပြီ။ အကယ်၍ လူတစ်ယောက်ကသာ အသက်ဆယ်နှစ်ရှစ်ပြည့်ပြီချိန်မှာ အဆင့်သုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်မဖြစ်နိုင်ဘူးဆိုရင် ကျောင်းတော်ကနေ ထွက်ခွာလို့ကိုယ်ဘာသာကိုယ်နေထိုင်ရမှာပါ။ ဒါပေမယ့် သူတို့ရဲ့ သတ်မှတ်ချက်တွေအတိုင်းရှင်သန်နေထိုင်နိုင်ပြီ အသက်နှစ်ဆယ်ငါးမှာအဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာခဲ့မယ်ဆိုရင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမထဲကို ၀င်ဖို့အတွက်အရည်အသွေးပြည့်သွားပါလိမ့်မယ်။ အသက်နှစ်ဆယ်ငါးမှာ အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်မလာရင်လဲ ထွက်ခွာရပါလိမ့်မယ်။

ဆရာတွေကတော့ ဟို့ယွိဟောင်နဲ့ ကျောင်းသားတွေကို ပထမအတန်းကျောင်းသားတွေရဲ့ အဆောင်ဆီခေါ်လာခဲ့ပါတယ်။

ဒီကျောင်းဆောင်ကြီးကတော့ အကြီးကြီးပါပဲ။ ကျယ်ပြန့်တဲ့၀ရံတာတွေက ဟိုအဝေးကြီးအထိမြင်နေခဲ့ရတယ်။ လင်းကျားယီက ရှိတဲ့ကျောင်းသားတွေကို သူတို့နဲ့အဆင့်တွေအကြောင်း ရှင်းပြပေးပါတယ်။ ဒါ့အပြင် ကျောင်းတော်ထဲမှာရှိတဲ့ အဆင့်တက်မှုပုံစံကိုလဲပြောပြခဲ့တယ်။

ပထမအတန်းမှာတော့ ကျောင်းသားအယောက်လေးဆယ်ပါတဲ့ အတန်းပေါင်းသုံးဆယ်နှစ်တန်းရှိပါတယ်။ ဒုတိယအတန်းကိုရောက်တာနဲ့ စုစုပေါင်းသို့မဟုတ် တစ်ပုံနီးပါးက ထုတ်ပယ်ခံရမှာပါ။ အဆင့်ခြောက်ကျောင်းသားတွေကတော့ အားလုံးအဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြီးပါပဲ။ သူတို့တွေကို အတန်းမခွဲထားတော့ပါဘူး။ အားလုံးကပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့စမ်းသပ်ချက်အတွင်း ပြင်ဆင်ကြရပါတယ်။

ကျောင်းဆောင်တစ်လျှောက်လုံးမှာ များပြားတဲ့၀ိညာဥ်လက်နက်တွေရှိနေတာကို ဟို့ယွိဟောင်သတိထားမိပါတယ်။ အားလုံးကလဲထူးခြားပြီ လှပလို့နေခဲ့တယ်။ တချို့တွေက သုံးလို့ရပေမဲ့ အများစုတော့မသုံးနိုင်ပါဘူး။

လင်းကျားယီက ပထမအလွှာရဲ့အဆုံးကိုရောက်ချိန်မှာတော့ အခန်းတစ်ခန်းရဲ့အရှေ့မှာရပ်လိုက်ပါတယ်။ အဲ့ဒီမှာတော့ တိုင်းတာရေးအခန်းဆိုတဲ့ ဆိုင်းဘုတ်ကြီးရှိနေခဲ့တယ်။

လင်းကျားယီက သူ့လည်ပင်းမှာရှိတဲ့ အဆောင်အယောင်တစ်ခုကို ဖြုတ်လိုက်ပြီ အရှေ့မှာရှိနေတဲ့ အ၀ိုင်းထဲကိုထည့်သွင်းလိုက်ပါတယ်။

တစ်တီတီအသံတွေက ထွက်ပေါ်လာပြီတဲ့နောက် သူ့တံခါးကြီးက နှစ်ဖက်စလုံးပွင့်ထွက်သွားပါတော့တယ်။ ဒီအခန်းကသိပ်ပြီမကြီးပါဘူး။ စတုရန်းမီတာတစ်ရာလောက်သာကျယ်၀န်းပြီအထဲမှာတော့ ကြီးမာတဲ့၀ိညာဥ်လက်နက်တွေရှိနေခဲ့တယ်။

တချို့ကြီးမားတဲ့ ၀ိညာဥ်လက်နက်တွေကို ပစ္စည်းတွေတင်ဖို့အတွက်အသုံးပြုတာပါ။ ဒါ့အပြင် နောက်ထပ်ပိုပြီးတော့ ထူးခြားတဲ့၀ိညာဥ်လက်နက်ကြီးတွေလဲ ရှိနေခဲ့ပါသေးတယ်။ ဒါပေမယ့် အများစုကတော့ အတော်ကိုအားကောင်းသန်မာတဲ့၀ိညာဥ်စွမ်းအားတွေကို ထုတ်လွှတ်လို့နေခဲ့တယ်။

လင်းကျားယီ လက်ခုပ်တီးလိုက်ချိန်မှာကတော့ အားလုံးကသူ့ဆီကို အာရုံပြန်ရောက်သွားပါတော့တယ်။

” ဒါကကျောင်းတော်ရဲ့ တိုင်းတာရေးအခန်းပါ ကျောင်းသားတွေအားလုံးက ခန္ဓာကိုယ်အတိုင်အတာကို ဒီအတန်းထဲမှာ လုပ်ဆောင်ရပါလိမ့်မယ်…မစိုးရိမ်နဲ့ ၀ိညာဥ်ခန္ဓာကိုယ်တိုင်းတာမှုက ခန္ဓာကိုယ်ကို မထိခိုက်စေဘူး..အခုအားလုံးပဲ ကိုယ်ရဲ့၀ိညာဥ်လက်နက်တွေအားလုံးကို ဘေးဖယ်ထားပြီ မနှောင့်ယှက်စေဖို့ထားထားရမယ်..မင်းရဲသိုလှောင်ရေးပစ္စည်းတွေအားလုံးကို မင်းတို့ရဲ့မိတ်ဆွေဆီ ကမ်းပေးထားလိုက် မင်းတို့ရဲ့ခန္ဓာကိုယ်ထဲမှာ တခြားဘာသတ္ထုမှမရှိပါစေနဲ့ ”

အပိုင်း ၁၅၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset