Switch Mode

Chapter – 154.2

ငါသွားတော့မယ် မငိုပါနဲ့

အပိုင်း ၁၅၄•၂

” ငါသွားပါတော့မယ် မငိုပါနဲ့ ”
°°°
ဟို့ယွိဟောင်လဲ ချက်ချင်းဆိုသလို မုန့်ဟုန်ချန်နဲ့ ရှောင်ဟုန်ချန်ကို တွေ့လိုက်ရတယ်။ ဒါကသူတို့နဲ့ အတော်ကိုရင်းနှီးတဲ့သူတွေပါ။ သူတို့နှစ်ယောက်စလုံးက လက်ရှိအချိန် အသက်ဆယ်ခုနှစ်ရှိနေခဲ့ပါပြီ။ ဒါ့အပြင် အရွယ်ရောက်ပြီသူတွေနဲ့လဲ သိပ်မကွာခြားတော့ပါဘူး။ နေလကျောင်းတော်ရဲ့ အရှေ့ဆုံးအုပ်စုမှာရပ်နေခဲ့ကြပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကို မျက်လုံးပြူးသွားစေတဲ့အရာကတော့ ကျန်းဟုန်ချန်လဲ ရောက်လာတာပါ။

အဓိကဦးဆောင်လာတဲ့ ဆရာကတော့ ဆရာမာပါပဲ။ ဒါ့အပြင် ပြိုင်ပွဲမှာအတူတူရှိခဲ့ဖူးတဲ့ဆရာဖြစ်နေခဲ့တယ်။ အဲ့ဒီဆရာက မာယုလုံရဲ့ အဘိုးအရင်းခေါက်ခေါက်ကြီးပါ ဒါ့အပြင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ အဓိကအကြီးအကဲတွေထဲက တစ်ယောက်ဖြစ်နေခဲ့ပါတယ်။

နေလကျောင်းတော်ဖက်က ဒီတစ်ကြိမ်မှာလုံး၀စိတ်ဆုံးဖြတ်ချက်ချထားပြီပုံပါပဲ။ ဟုန်ချန်မောင်နှမတွေကို ပို့လိုက်ရုံတင်မကပဲ ပြိုင်ပွဲတုန်းက အကြိုအဖွဲ့ထဲမှာ ရှိနေတဲ့လူသုံးယောက်ကိုပါ ဟို့ယွိဟောင်တွေ့လိုက်ရတယ်။ ကျန်းဟုန်ချန်ကတော့ အေးအေးဆေးဆေးဖြစ်နေပုံပါပဲ။

နှစ်ဖက်က မေဘယ်သစ်ရွက်မြို့တော်ရဲ့ အဓိကရင်ပြင်ကျယ်ကြီးမှာတွေ့ဆုံခဲ့ကြပါတယ်။ ဟုန်ချန်မောင်နှမကလဲ အုပ်စုရဲ့နောက်ဆုံးမှာရပ်နေတဲ့ ဟို့ယွိဟောင်ကိုချက်ချင်းဆိုသလို သတိထားမိခဲ့ကြတယ်။ ရှောင်ဟုန်ချန်က ဟို့ယွိဟောင်ရဲ့အဆင့်သုံးအဆောင်အယောင်ကိုမြင်ချိန်မှာ နှုတ်ခမ်းကိုတင်းတင်စေ့ထားရင်း ရန်စတဲ့အကြည့်နဲ့ကြည့်နေခဲ့ပါတယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကိုအရေးကြီးတဲ့တိုက်ပွဲမှာ ရှုံးနှိမ့်လိုက်ရတာကြောင့် ဟုန်ချန်မောင်နှမနှစ်ယောက်ကလဲ မကျေနပ်ကြပါဘူး။ ဒါကကျင့်ကြံဆင့်ကြောင့်ဟို့ယွိဟောင်နဲ့ ၀မ်သုန့်အပေါ် သူတို့နားလည်တာက မလုံလောက်သေးတာကြောင့် သူတို့ရှုံးနှိမ့်ခဲ့ရတယ်လို့ ယုံကြည်ခဲ့တယ်။ ဒါ့အပြင် အဲ့ဒီအချိန်မှာ ရှောင်ဟုန်ချန်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားခဲ့တာပါ။

ရှောင်ဟုန်ချန်က ဟို့ယွိဟောင်ကို သူနဲ့အဆင့်တူလို့ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ သူ့ရဲ့အဓိကပစ်မှတ်ကတော့ မာရှောင်ထောင့်နဲ့ ထိုက်ယွဲ့ဟန်တို့လို ၀ိညာဥ်ဧကရာဇ်တွေသာ ဖြစ်နေခဲ့တယ်။

ကျန်းဟုန်ချန်က ရန်ရှောင်ကျဲ့ကို ပြောလာခဲ့ပါတယ်။

” ဂါရ၀ပြုပါတယ် ကျောင်းအုပ်ရန် ဒီနေ့ကိုယ်တိုင်လာရောက်မယ်လို့ မထင်ထားဘူး ကြည့်ရတာ ကျောင်းတော်ကဒီကျောင်းပြောင်းသင်ကြားမှုကို အတော်လေးအလေးအနက်ထားပုံပဲ ”

ရန်ရှောင်ကျဲ့ဆိုတာ ဘယ်သူလူမျိုးလဲ သူက ကျန်းဟုန်ချန်လိုမျိုး အတွက်အချက်ကောင်းတဲ့သူပါ။ သူကပြုံးပြုံးလေးနဲ့သာ ပြန်ဖြေပါတယ်။

” ခန်းမသခင်ဟုန်ချန်လဲ ကိုယ်တိုင်လာတာမဟုတ်ပါလား အရင်တစ်ခေါက်တုန်းက အမျက်ဒေါသကျောင်းတော်ကို ဧည့်သည်အနေနဲ့လာရောက်တဲ့အချိန်မှာ ကောင်းကောင်းမကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ် ”

ရန်ရှောင်ကျဲ့က ကျန်းဟုန်ချန်ကို အတော်လေးအမြင်ကပ်ပါတယ်။ သူ့မှာတိကျတဲ့သက်သေအထောက်အထားမရှိပေမဲ့ မာရှောင်ထောင့် ပျောက်သွားရတဲ့အဓိက နောက်ကွယ်တရားခံက ကျန်းဟုန်ချန်ဆိုတာ သူသိနေခဲ့တယ်။

ကျန်းဟုန်ချန်ကတော့ မျက်နှာအကြောတွေအနည်းငယ်တော့ တွန့်သွားခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲမှာ သူကြုံခဲ့တဲ့ကိစ္စတွေက အခုအထိ မှတ်မှတ်ထင်ထင်ရှိနေဆဲပါ။ ဒါ့အပြင် အဆင့်လေး၀ိညာဥ်လက်နက်ကိုလဲ သူအလုခံလိုက်ရပါတယ်။ ဒီလိုလက်နက်ကို အမျက်ဒေါသကျောင်းတော်ဆီ ပေးလိုက်ရတာပါ။ သူယူလာခဲ့တဲ့ အလိုအလောက်အသက်၀င်လာမဲ့ အဆင့်ကိုး၀ိညာဥ်လက်နက်တွေကိုလဲ အမျက်ဒေါသကျောင်းတော်က အကုန်လုံးဖျက်ဆီးပြစ်လိုက်ပါတယ်။ သူအများကြီးအဆုံးအရှုံးကြုံခဲ့ရတာပါ။ ရန်ရှောင်ကျဲ့ကတော့ သူ့ရဲ့ ဒဏ်ရာတွေကို ဆားလာဖြူးနေတာပါပဲ။

” အကြီးအကဲမု ဆုံးပါးသွားပြီလို့ ကြားသိလိုက်ရပါတယ်… တကယ်ကို ထပ်တူ၀မ်းနည်းမိပါတယ်…အရင်တစ်ခေါက်တွေ့တုန်းက နောက်ဆုံးအကြိမ်ဖြစ်သွားတာ နှမြောစရာပဲ သူက ငါမြင်ဖူးသမျှထဲမှာ သော့်လော့တွေအားလုံးထဲမှာ အသန်မာဆုံးနဲ့ အလေးစားရဆုံးသော့်လော့ပါပဲ ”

ရန်ရှောင်ကျဲ့ကတော့ ဒီစကားတွေကိုအေးစက်စက်နဲ့သာ လက်ခံနေခဲ့တယ်။ အကြီးအကဲမုရဲ့ သေဆုံးမှုက သူ့အတွက်ကိုရိုက်ခတ်မှုအကြီးကြီးဖြစ်ခဲ့တာပါ။

” ခန်းမသခင်ဟုန်ချန် အရေးမကြီးတဲ့ကိစ္စတွေကို မပြောရအောင် ငါတို့တွေကဒါကိုအစောပိုင်းကထဲက သဘောတူပြီသားဖြစ်မှတော့ ငါတို့ကျောင်းသားတွေကို လဲလှယ်ကြတာပေါ့ ငါက အမျက်ဒေါသကျောင်းတော်ရဲ့ သိုင်းပညာ၀ိညာဥ်အတတ်ပညာရှင်ကျောင်းတော်ကို ကိုယ်စားပြုပြီး မင်းရဲ့ကျောင်းသားတွေကို ကျောင်းပြောင်းသင်ကြားမှုအတွက် လက်ခံပါတယ် ”

ရန်ရှောင်ကျဲ့ရဲ့စကားတွေကိုကြားချိန်မှာတော့ ကျန်းဟုန်ချန်ရဲ့ အမူအရာကမှောင်မဲလို့သွားခဲ့ပြီ သူပြန်ဖြေလာခဲ့တယ်။

” ကောင်းပါပြီ ”

” ကျောင်းအုပ်ရန်ရှောင်ကျဲ့ကဒီလောက်တောင် မှီခိုအားထားရတဲ့ လူတစ်ယောက်ဆိုတာမသိခဲ့ဘူး…ငါကျောင်းသားတွေကို ကောင်းကောင်းဂရုစိုက်မယ်လို့ မျှော်လင့်ပါတယ် ”

ရန်ရှောင်ကျဲ့က ရယ်မောရင်းနဲ့ ပြောလာခဲ့တယ်။

” အနည်းဆုံတော့ သူတို့တွေအမျက်ဒေါသကျောင်းတော်မှာ သင်ကြားရသမျှအရာအားလုံးက အသုံး၀င်စေရမယ်လို့ အာမခံနိုင်တယ်…အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းနယ်မြေက သူတို့အတွက် ဖွင့်ထားပေးမှာပါ ခန်းမသခင်ဟုန်ချန်လဲ ဒီအလဲအလှယ်သင်ယူမှုမှာ ငါတို့နဲ့ထပ်တူစိတ်ရင်းကိုပြသနိုင်မယ်လို့ မျှော်လင့်ပါတယ် ”

ကျန်းဟုန်ချန်ကလဲ ရယ်မောရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။

” ဒါပေါ့ မင်းရဲ့ထိပ်တန်းကျောင်းသားတွေအားလုံးက ပုံရိပ်ယောင်အစ်အမှန်ခန်းမရဲ့ အကောင်းဆုံးညွှန်ကြားမှုတွေကို ရရှိမှာပါ ”

ရန်ရှောင်ကျဲ့လဲ ပြုံးပြရင်းပြန်ဖြေလာခဲ့တယ်။

” ဒီလိုဖြစ်ပြီဆိုမှတော့ ကတိပြုပြတာပေါ့ ”

သူညာဘက်လက်ကိုမြောက်လိုက်ပါတယ်။ ကျန်းဟုန်ချန်လဲ ဘယ်ဘက်လက်ကိုမြောက်ရင်း သူတို့နှစ်ယောက်ကလက်၀ါးချက်ရိိုက်လိုက်ကြတယ်။ ရယ်မောရင်း လက်ပြန်ခွာလိုက်ကြပါတယ်။ သူတို့စိတ်ထဲဘာတွေတွေးနေခဲ့လဲဆိုတာ သူတို့ကလွဲပြီ ဘာမှမသိနိုင်ပါဘူး။

နှစ်ဖက်စလုံးရဲ့ ကျောင်းသားတွေက ဆရာတွေရဲ့ညွှန်ကြားမှုအောက်မှာရှိနေခဲ့မှာပါ။ ရှောင်ဟုန်ချန်နဲ့ ဟို့ယွိဟောင်တို့ကတော့ တစ်ဖက်နဲ့တစ်ဖက်ကို ပွတ်တိုက်ရင်းဖြတ်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ရှောင်ဟုန်ချန်ပြောတာကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။

” နောက်ထပ်ပြိုင်ပွဲမှာ မင်းကိုကြေမွသွားတဲ့အထိ ရိုက်ပြစ်မှာက ငါပဲဖြစ်လိမ့်မယ် ”

ဟို့ယွိဟောင်ကတော့ လှောင်ပြုံးပြုံးလိုက်ပါတယ်။

” ကြောက်လိုက်တာ အရမ်းပဲ ”

သူတို့တွေမျက်စောင်းထိုးလိုက်ကြပြီတဲ့နောက် ဖြတ်သွားကြပါတော့တယ်။ ဒါပေမယ့် ရှောင်ဟုန်ချန်နဲ့ မတူတာကတော့ မုန့်ဟုန်ချန်က အခြေအနေကောင်းနေပုံပါပဲ။ သူကဒီလိုဖြစ်နေတာဟို့ယွိဟောင်အတွက်တော့ အံ့ဩစရာကောင်းနေခဲ့တယ်။ ပြုံးလဲပြုံးနေခဲ့သလို ဟို့ယွိဟောင်ကိုမြင်ချိန်မှာ ခေါင်းလဲတစ်ချက်တောင်ညိတ်ပြလိုက်ပါသေးတယ်။ သူ့ရဲ့အကြည့်ကြောင့် ဟို့ယွိဟောင်လဲ အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့ရတယ်။ ဒါပေမယ့် တကယ်တော့ သူညီမဘာတွေတွေးနေလဲဆိုတာ ရှောင်ဟုန်ချန်တောင်မသိပါဘူး။ မုန့်ဟုန်ချန်ကတော့ ပြုံးနေခဲ့ရင်း မျက်နှာကတောင်နီရဲလို့နေခဲ့ပါတယ်။ အဝေးနေရာကိုလှမ်းကြည့်နေရင်း သူ့ဘာသာသူတွေးနေခဲ့တယ်။ သူက ဒီတစ်ခေါက်ကျောင်းသားအပြောင်းအလဲသင်ယူမှုမှာ ပါမလာဘူးဆိုတော့ ကျောင်းတော်ထဲမှာသူရှိနေမှာမလား အခုသူဘယ်လိုဖြစ်နေပြီလဲဆိုတာ ငါသိချင်လိုက်တာ အရင်ထက်ပိုပြီး ချောလာမှာတော့ငါသေချာတယ်။ ငါသူ့ကိုခဏနေရင်းတွေ့ရတော့မယ်။ အဲ့ဒီပန်းရောင်နဲ့ အပြာရောင်ရောထားတဲ့ မျက်လုံးတွေက တကယ်လှတာပဲ။

ရန်ရှောင်ကျဲ့နဲ့ ကျန်းဟုန်ချန်ကလွဲပြီ ကျန်တဲ့ကျောင်းတော်သားတွေအားလုံးက နေရာလဲလိုက်ကြပါပြီ။

” ခန်းမသခင်ဟုန်ချန် ဒါဆိုရင် နှုတ်ဆက်ပါရစေ ”

” ကျောင်းအုပ်ရန်လဲ ဂရုစိုက်ပါ ”

သူတို့တွေမျက်လုံးချင်ဆုံပြီတဲ့နောက် ရန်ရှောင်ကျဲ့က လေထဲကိုခုန်တက်သွားပါတော့တယ်။ သူက ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်ကို သုံးစရာတောင်မလိုပါဘူး။ လေထဲမှာမြင်သာတဲ့ လှေကားထစ်တွေရှိနေတဲ့အတိုင်း အေးအေးဆေးဆေးနဲ့သူကတက်သွားပါတော့တယ်။

ဆရာမာရဲ့ ဦးဆောင်မှုအောက်မှာ နေလကျောင်းတော်သားတွေအားလုံးက ပျံသန်းရေး၀ိညာဥ်လက်နက်ကို ထုတ်ယူလာပြီ စတင်အသက်သွင်းကြပါတော့တယ်။ ရန်ရှောင်ကျဲ့လေထဲမှာ အေးအေးဆေးဆေးလေး လမ်းလျှောက်နေတာကိုကြည့်ရင်း သူတို့တွေလန့်နေခဲ့ကြတာတော့အမှန်ပါ။ ထူးကဲသာလွန်သော့်လော့တစ်ယောက်ရဲ့ စွမ်းအားမျိုးက ဒီလိုမျိုးလား။

ကျန်းဟုန်ချန်ကတော့ အလောတကြီးထွက်မသွားခဲ့ပါဘူး။ ရန်ရှောင်ကျဲ့သူကျောင်းသားတွေနဲ့ ထွက်သွားတာကိုသာကြည့်ရင်း သူပြုံးနေခဲ့ပါတယ်။

သူလဲသော့်လော့ဖြစ်တာကြောင့် အေးအေးဆေးဆေးပျံနိုင်ပါတယ်။ ဒါပေမယ့် ရန်ရှောင်ကျဲ့လုပ်သလိုတော့မလုပ်နိုင်ပါဘူး။ နောက်ဆုံးတော့လဲ ရန်ရှောင်ကျဲ့က ၀ိညာဥ်စွမ်းအားတစ်ခုကိုမှမသုံးပဲ အေးအေးဆေးဆေးနေခဲ့တာပါ။ အကြီးအကဲမုသေဆုံးသွားခဲ့ပေမဲ့ အမျက်ဒေါသကျောင်းတော်က နောက်ထပ်အင်အားရှင်တွေ ရှိနေဆဲပါပဲ။

ကျန်းဟုန်ချန်လဲ အံကြိတ်ပြီတဲ့နောက် ပြန်လှည့်လာခဲ့ပါတယ်။ ဖန်းယွီနဲ့ ကျောင်းသားတွေကိုကြည့်ရင်း သူပြောလာခဲ့တယ်။

” မိတ်ဆွေလေးတို့သွားကြမယ် ငါကပုံရိပ်ယောင်အစစ်အမှန်ခန်းမသခင် ကျန်းဟုန်ချန်ပဲ နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ကိုယ်စားပြုပြီး မင်းတို့အားလုံးကို လာကြိုတဲ့သူ ”

ကျန်းဟုန်ချန်လဲ ပြောပြီတာနဲ့လေထဲကိုခုန်တက်လို့သွားပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်အနောက်ဖက်မှာတော့ ရွှေရောင်အလင်းတန်းနှစ်ခုက ထွက်ပေါ်လို့လာတယ်။

ဒါကပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တစ်ခုဖြစ်နေမှန်း ဟို့ယွိဟောင်သေချာသတိထားကြည့်ရင်းနဲ့ တွေ့မြင်လိုက်ရပါပြီ။ အရမ်းကိုသေးငယ်တဲ့ အတောင်ပံတစ်စုံလိုမျိုး နူးညံ့ပြီပါးလွှာနေခဲ့တဲ့ ၀ိညာဥ်လက်နက်တစ်ခုပါ။ ဒီအတောင်ပံတွေက သတ္ထုနဲ့ပြုလုပ်ထားတဲ့ပုံမပေါ်ပါဘူး။ ရွှေရောင်အလင်းတန်းနဲ့ အတောင်ပံတွေက ၀ိညာဥ်စွမ်းအားတစ်ခုကိုမှ မထုတ်ဖော်ထားပဲရှိနေခဲ့တယ်။ ကျန်းဟုန်ချန် အတောင်ပံတွေကို ခတ်လိုက်ချိန်မှာတော့ အေးအေးဆေးဆေးလေထဲမှာပျံ၀ဲနေခဲ့ပါပြီ။

၀ိညဥ်လက်နက်တွေကို များသောအားဖြင့်သတ္ထုတွေနဲ့ ပြုလုပ်ကြပါတယ်။ ဒါပေမယ့် ဘယ်သတ္ထုမျိုးက ဒီလိုနူးညံ့နေမှာလဲ များသောအားဖြင့် သတ္ထုအများစုဆိုတာ မာကြောပြီကြွပ်ဆပ်နေမှာပါ။ ကျန်းဟုန်ချန်ကတော့ နူးညံ့ပြီပျော့ပြောင်းတဲ့ ၀ိညာဥ်လက်နက်တစ်ခုကို ထုတ်သုံးနေခဲ့ပါတယ်။

ဖန်းယွီကိုယ်တိုင်လဲ အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဖြစ်ပေမဲ့ သူထိတ်လန့်တာက ဟို့ယွိဟောင်ထက်ကို ပိုပြီးကြီးနေခဲ့တယ်။ လေထဲကိုပျံသန်းလာရင်း သူ့ဘာသာသူပြောနေခဲ့ပါတယ်။

” ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ၀ိညာဥ်လက်နက်ဓာတ်သဘောဖွဲ့စည်းပုံတွေကို သုတေသနပြုတာက တကယ်အဲ့ဒီလောက်အဆင့်အထိကို ရောက်နေပြီလား ”

လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနကလဲ အများကြီးတိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်ကျောင်းတော်နဲ့ယှဥ်လိုက်မယ်ဆိုရင် အများကြီးအရည်အသွေးကွာခြားနေတာကို သူခံစားမိတယ်။ ၀ိညာဥ်လက်နက်တွေ ပိုပြီးတော့တိုးတက်လာလေလေ ဒီကွာခြားချက်က ကြီးမားလာလေပါပဲ။

ဟို့ယွိဟောင်လဲ စိတ်မထိန်းနိုင်ပဲ မေးလာခဲ့တယ်။

” ဆရာပြောတဲ့၀ိညာဥ်လက်နက်တွေဓာတ်သဘောဆိုတာအဲ့ဒါဘာကြီးလဲ ခန္ဓာကိုယ်နဲ့တွဲစပ်ထားတဲ့အရာမျိုးကို ပြောချင်တာလား ”

” ဒါကသက်ရှိတစ်ခုကို ၀ိညာဥ်လက်နက်နဲ့ ပုံစံတူအောင် တုပလိုက်တာပဲ အဲ့ဒီနောက်မှာ ၀ိညာဥ်လက်နက်တွေက အဲ့ဒီသတ္တ၀ါရဲ့ထူးခြားတဲ့၀ိသေနလက္ခာဏာတချို့ကို တုပပြီတော့ပုံစံပြောင်းလဲလိမ့်မယ် ”

ကျန်းဟုန်ချန်က ဖန်းယွီစကား​ပြောတဲ့အသံကို ကြားနေခဲ့ပါတယ်။ ဒါကြောင့် သူချက်ချင်းလှမ်းပြောလိုက်တယ်။

” ကလေးတို့ငါတို့မြန်မြန်သွားဖို့လိုတယ်…မဟုတ်ရင် မမှောင်ခင်ကျောင်းကိုပြန်ရောက်မှာမဟုတ်ဘူး ”

သူပြောပြီတဲ့နောက် သူ့ရဲ့နောက်ကျောဖက်မှာရှိတဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်က ပိုမိုတောက်ပလာခဲ့ပါပြီ။ ကောင်းကင်ကနေဆင်းသက်လာနေတဲ့ ရွှေရောင်အလင်းတန်းအတိုင်း အရောင်အားလုံးကို ဒီအလင်းတန်းက လွှမ်းခြုံလိုက်ပါတော့တယ်။

ကျောင်းသားတချို့က တအံ့တဩနဲ့မသွားချင်ဘူးပြောဖို့လုပ်ချင်ပေမဲ့ ဖန်းယွီက တားလိုက်ပါတယ်။ အဲ့ဒီနောက် အားလုံးက အပေါ်ကိုစတင်ပြီ တက်လာခဲ့ကြပါပြီ။ ကျန်းဟုန်ချန်က သူ့ရဲ့ပျံသန်းရေး၀ိညာဥ်လက်နက်ကို အစတစ်ထောင်အထိ ကျယ်ပြန့်အောင်ချဲ့လိုက်မှန်း သူတို့တွေမြင်လိုက်ရပါတော့တယ်။ အဲ့ဒီနောက် ဒီအလင်းတန်းအလွှာက သူတို့အားလုံးကို လွှမ်းခြုံသွားတော့တယ်။ နောက်ဆုံးမှာတော့ ကျန်းဟုန်ချန်ရဲ့ နောက်ကျောမှာရှိတဲ့ အတောက်ပံကြီးအောက်ကို သူတို့ရောက်သွားခဲ့ပါပြီ။ ဒီအတောင်ပံကြီးတွေက ဆယ်မီတာကျော်အထိကို ကျယ်ပြန့်လို့နေခဲ့ရင်း ခပ်ဖွဖွလေးလှုပ်ရှားလို့နေခဲ့ပါတယ်။

ကျန်းဟုန်ချန်က သူတို့ဖက်ကိုလှည့်ရင်းပြုံးပြလိုက်တယ်။ ဒီရွှေရောင်အလင်းတန်းက ပိုမိုတောက်ပလို့လာခဲ့ပြီတဲ့နောက် ပတ်၀န်းကျင်အခြေအနေတွေတောင်မှ ချက်ချင်းဆိုသလို ဝေ၀ါးလို့သွားခဲ့ပါတော့တယ်။

အပိုင်း ၁၅၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset