Switch Mode

Chapter – 154.1

ငါသွားတော့မယ် မငိုပါနဲ့

အပိုင်း ၁၅၄•၁

” ငါသွားတော့မယ် မငိုပါနဲ့ ”
°°°
၀မ်သုန့် နိုးလာချိန်မှာတော့ နေမြင့်နေခဲ့ပါပြီ။ သူမနေ့ညက အိပ်တာနောက်ကျပေမဲ့ သူအရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်။ ညပေါင်းများစွာလေ့ကျင့်မှုနဲ့သာ အချိန်ကုန်နေခဲ့တာကြောင့် ဒီလိုမျိုးအနားယူလိုက်တဲ့အတွက် အတော်လေးကို သက်သောက်သက်သာအိပ်မောကျသွားခဲ့ပါတယ်။

တစ်နေ့လုံးအိပ်ရာထဲကနေမထွက်ပဲ အပျင်းတစ်နေချင်ပေမဲ့ အချိန်က ဘယ်အချိန်လောက်ရှိနေပြီလဲ သူရုတ်တရက်သတိရသွားခဲ့တယ်။ အစောပိုင်းတုန်းက သက်သောက်သက်သာရှိနေတဲ့ခံစားချက်ကို ကြောက်စရာကောင်းတဲ့စိတ်ခံစားချက်မုန်တိုင်းက ဖျက်ဆီးလို့သွားခဲ့ပါပြီ။ သူလဲ အပျင်းဆန့်နေတဲ့နေရာကနေ ခုန်ထလိုက်မိပါတော့တယ်။ အိပ်ရာပေါ်မှာကတော့ သူတစ်ယောက်ထဲရှိနေခဲ့ပြီ တခြားတစ်ဖက်မှာတော့ ဘယ်သူမှရှိမနေခဲ့ပါဘူး။ အဲ့ဒီအစား အဖြူရောင်စာလွှာလေးတစ်ရွက်ကသာ ကျန်ရှိနေခဲ့တယ်။

၀မ်သုန့် ဆွဲယူပြီဖတ်လိုက်ချိန်မှာတော့ စာတစ်ကြောင်းသာရှိပါတယ်။ ငါသွားပြီ မငိုနဲ့ ပြန်လာတာကိုစောင့်နေ။

” ဒီကောင်စုတ်ကတော့လေ ”

၀မ်သုန့်လဲ ချက်ချင်းခုန်ထရင်း အ၀တ်အစားတောင်ကြယ်သီးကိုပြီးအောင်မတပ်နိုင်ပဲ ပြတင်းပေါက်ကနေ ခုန်ချသွားပါတော့တယ်။ သူ့ရဲ့နောက်ကျောဖက်မှာ အတောင်ပံတွေက ပေါ်လာခဲ့ပြီ တောက်ပတဲ့နေရောင်ခြည်က အတောင်ပံတွေပေါ်ကို ဖြာကျလာခဲ့တယ်။ အတောင်ကိုခပ်ပြင်းပြင်းခတ်ရင်းနဲ့ ကျောင်းတော်ရဲ့အဓိကတံခါးဆီကို အမြန်ဆုံးပျံသွားခဲ့ပါပြီ။

°°°
ဟို့ယွိဟောင်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးတောင်ပြုံးနေခဲ့ပါသေးတယ်။ သူက အခုအချိန်မှာ စတုတ္ထမြောက်၀ိညာဥ်စက်ကွင်းကို မရသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့အဆင့်လေးဆယ်၀ိညာဥ်စွမ်းအားနဲ့ ပျံသန်းရေးအမျိုးအစား၀ိညာဥ်လက်နက်တစ်ခုကို သုံးနေနိုင်ပါပြီ။

မနက်တုန်းက ၀မ်သုန့်အရမ်းကို နှစ်နှစ်ခြိုက်ခြိုက်အိပ်နေခဲ့တဲ့အတွက် ဟို့ယွိဟောင်လဲ သူ့ကိုမနိုးခဲ့ပါဘူး။ နှုတ်ဆက်ရမှာကိုသူလဲ စိုးရိမ်နေခဲ့မိတယ်။ ဒီအတိုင်းလေးသွားတာက ပိုပြီးကောင်းမမှာလား ဒါကြောင့် အရင်ညတုန်းကလဲ နှုတ်ဆက်ထားခဲ့တဲ့အတွက် စာတစ်စောင်သာချန်ထားခဲ့ပါတယ်။

အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ရဲ့ တခြားလူလေးယောက်ကလဲ သူ့နဲ့ ဟယ့်ချိုက်ထို့ကိုလိုက်ပို့ခဲ့ပါတယ်။ ၀မ်သုန့်မလာတဲ့အတွက်ကြောင့်မလို့ အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့ပေမဲ့ ဟို့ယွိဟောင်ကတော့ ၀မ်သုန့်အခန်းထဲမှာငိုပြီ ကျန်ရစ်ခဲ့တယ်လို့သာ စနှောက်ခဲ့တယ်။

ဟို့ယွိဟောင်လဲ အမျက်ဒေါသကျောင်းတော်ဖက်ကို တစ်ချက်လှည့်ကြည့်မိလိုက်ပါတယ်။ စိတ်ထဲမှာတော့ သူဒီလိုပြောနေခဲ့တယ်။ ကျောင်းတော်နဲ့ ၀မ်သုန့်ရေ ငါသွားတော့မယ် မစိုးရိမ်နဲ့ မင်းအပေါ်မှာ ငါလုပ်ပေးရမဲ့ကိစ္စနှစ်ခုကို ငါမြဲမြဲမှတ်ထားမယ်။

သူကအသက်ဆယ်တစ်နှစ်အရွယ်မှာကျောင်းတော်ကိုရောက်လာခဲ့တာပါ။ အခုတော့ဆယ်လေးနှစ်အရွယ်ရှိနေခဲ့ပါပြီ။ သူ့ရဲ့စိတ်ထားက လုံး၀ပြောင်းလဲသွားပြီဖြစ်ခဲ့သလို ဒီသုံးနှစ်တာကာလတစ်လျှောက် ကြုံတွေ့ခဲ့ရတာတွေကို ပြန်လည်စဥ်းစားမိရင်း အတော်လေးကို ထုံထိုင်လို့နေပါတော့တယ်။ ဒီလိုအခြေအနေနဲ့ ဆက်သွားမယ်ဆိုရင် နှစ်နှစ်ခွဲကဘယ်လိုများ ဖြစ်လာမှာလဲ။

နောက်နှစ်နှစ်ခွဲကြာပြီတဲ့နောက်မှာ သူ့ရဲ့အခြေအနေကရော ဘယ်လိုများဖြစ်လာတော့မလဲ နေလကျောင်းတော်ကနေပြန်ရောက်လာခဲ့မယ်ဆိုရင် သူဘယ်လိုများပြောင်းလဲသွားမလဲ အရာအားလုံးက မသိရနိုင်သေးပါဘူး။

အကြီးအကဲမုက သူ့ကိုနေလကျောင်းတော်ဆီမပို့ပေးဘူးလို့ ငြင်းပယ်ခဲ့မယ်ဆိုရင်တောင် သူကအဲ့ဒီအခွင့်အရေးအတွက် တိုက်ခိုက်ဖို့တွေးထားခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ၀ိညာဥ်လက်နက်အကြောင်းတွေကိုပိုမိုသင်ကြားလာရင်း စိတ်၀င်စားမှုကလဲ မြင့်မားလာခဲ့ပါပြီ။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်နဲ့ နေလကျောင်းတော်ကြားမှာရှိတဲ့ ၀ိညာဥ်လက်နက်တွေရဲ့အဆင့်အတန်းကွာခြားမှုကိုလဲ သူစတင်သိရှိလာခဲ့တယ်။ မာရှောင်ထောင့်ရဲ့သိုင်းပညာ၀ိညာဥ်ကို အသွင်ပြောင်းအောင်လုပ်နိုင်တဲ့ ပြန်လည်ရှင်သန်ထမြောက်မှုဓားက အမျက်ဒေါသကျောင်းတော်ရဲ့ ဆရာတွေအတူတူပေါင်းစည်းပြီအလုပ်လုပ်ကြမယ်ဆိုရင်တောင် ဖန်တီးဖို့ဖြစ်နိုင်တဲ့အရာမဟုတ်ပါဘူး။

ကွာခြားချက်က ရရှိနိုင်တဲ့အရည်အချင်းအရင်းအမြစ်တွေတင်မကပဲ ၀ိညာဥ်လက်နက်တွေအပေါ်မှာထားရှိတဲ့အတွေးအခေါ်သဘောတရားတွေပါ ပါ၀င်နေခဲ့တယ်။ ဒါ့အပြင် များပြားတဲ့သုတေသနပြုချက်တွေအများကြီးကလဲ အဓိကအကြောင်းအရင်းတွေထဲမှာ ပါနေခဲ့ပါသေးတယ်။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့က ၀ိညာဥ်လက်နက်တွေကို ဖန်တီးဖို့အတူတူသင်ယူခဲ့ကြပေမဲ့ ရွေးချယ်တဲ့လမ်းကတော့ ကွာခြားပါတယ်။ ဟို့ယွိဟောင်က အနီးကပ်တိုက်ခိုက်ရေးကို အဓိကအားပြုထားခဲ့ပြီ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်တဲ့ ၀ိညာဥ်လက်နက်တွေကို သူကဖန်တီးသူပါ။ ဟယ့်ချိုက်ထို့ကတော့ အထိုင်ကျနေတဲ့၀ိညာဥ်လက်နက်တွေနဲ့ ရွေ့လျားလို့ရတဲ့၀ိညာဥ်လက်နက်တွေကို အဓိကအသုံးပြုပါတယ်။ ရွေ့လျားလို့ရတဲ့၀ိညာဥ်အမြောက်တွေကတော့ ကြယ်အလင်းလေလံအိမ်မှာ သူတို့၀ယ်ယူခဲ့တဲ့ပစ္စည်းမျိုးပါ။

အကြီးအကဲမု တစ်ချိန်တုန်းက ပြောခဲ့ဖူးပါတယ်။ နေလတော်၀င်နိုင်ငံတော်ထဲကို အခြေအနေကြည့်ဖို့အတွက် သူတစ်ချိန်တုန်းက ထိုးဖောက်ပြီ၀င်သွားခဲ့ဖူးတယ်။ နောင်လာမဲ့နှစ်ထောင်ချီအတွင်းမှာ ရွေ့လျား၀ိညာဥ်လက်နက်တွေက ကမ္ဘာလောကမှာအသန်မာဆုံး၀ိညာဥ်လက်နက်တွေ ဖြစ်လာကောင်းဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွေ့လျား၀ိညာဥ်လက်နက်တွေက သူတို့ရဲ့အရွယ်အစားဘယ်လိုပဲဖြစ်ပါစေ အဓိကဗျူဟာကို ပြောင်းလဲရုံနဲ့ ဘယ်လက်နက်မျိုးမဆိုပေါင်းစည်းနိုင်လို့ပါ။ ဒါ့အပြင် အကန့်အသတ်မရှိပဲနဲ့လဲ အသုံးပြုနိုင်ပါတယ်။

ဟယ့်ချိုက်ထို့လဲ သူ့ရဲ့၀ိညာဥ်အပေါ်မှာရှိနေတဲ့ပါရမီက ဟို့ယွိဟောင်ကို မယှဥ်နိုင်မှန်းနားလည်သွားပြီချိန်မှာတော့ တစ်နေရာထဲကိုသာအာရုံစိုက်ဖို့အတွက် ရွေးချယ်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်လဲ ရွေ့လျား၀ိညာဥ်လက်နက်တွေဖန်တီးဖို့ကိစ္စကို လက်လျှော့လိုက်ပြီ သူကိုယ်တိုင်ကလဲ အနီးကပ်လက်နက်တွေကိုသာ အဓိကအားစိုက်ထုတ်တော့တယ်။ နှစ်ဖက်စလုံးက ကိုယ်ရဲ့ဦးတည်ရာအတွက်ကို လျှောက်လမ်းနေခဲ့ကြတာပါ။

တစ်နှစ်ခွဲကြာပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးက ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်အတွက် တိုးတက်မှုတွေရှိလာခဲ့ပါပြီ။ ဒီတိုးတက်မှုက ကျင့်ကြံဆင့်တွေမဟုတ်ပဲ အသိပညာအပိုင်းတွေအများကြီးနဲ့လဲ သက်ဆိုင်နေခဲ့တယ်။ သူတို့သင်ကြားခဲ့တဲ့အရာတွေအားလုံးကို သေချာ​ကျေညှက်အောင်လုပ်ဖို့အတွက် အချိန်တော့ကျန်နေပါသေးတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ အစီအစဥ်အရ ဒီနှစ်နှစ်ခွဲအချိန်ဆိုတာ ရှိရှိသမျှအသိပညာတွေအားလုံးကို ကျေညှက်အောင်လုပ်ပြီထုတ်သုံးဖို့အချိန်ပါပဲ။

ရန်ရှောင်ကျဲ့က ဒီအချိန်မှာ အမျက်ဒေါသကျောင်းတော်ရဲ့ အုပ်စုကိုဦးဆောင်လာပါတယ်။ ဒါ့အပြင် ဟယ့်ချိုက်ထို့ ဖန်းယွီနဲ့ တခြားထူးချွန်တဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ ပါရမီရှင်ရှစ်ယောက်တိတိ ဒီခရီးစဥ်မှာပါနေခဲ့တယ်။ တခြားသူတွေအားလုံးက အတွင်းနယ်မြေကသူတွေကြီးပါပဲ။

၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ အတွင်းတပည့်သားကျောင်းသားတွေက သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ကို မမှီပေမဲ့ သူတို့လဲအတော်ကို ထူးချွန်ကြပါတယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်ကျောင်းသားတွေက မူလအချိန်မှာ သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးနယ်မြေကလူတွေကြီးပါပဲ။ သူတို့တွေက သူမတူအောင်ထူးခြားတဲ့ပါရမီရှင်ရှိမှန်း သက်သေပြပြီမှသာ ဒီအခြေအနေအထိ ရောက်လာခဲ့ကြတာပါ။

၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ အတွင်းနယ်မြေတပည့်သားတွေက ဒီအချိန်မှာ ရွေးချယ်လာတာအနည်းဆုံး ၀ိညာဥ်ဘုရင်တွေကြီးပဲဖြစ်ပါတယ်။ သူတို့တွေအားလုံးက အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆင့်ဆိုတာ အနည်းဆုံးဖြစ်သလို နေလကျောင်းတော်မှာတောင် အတော်လေးထူးချွန်တဲ့သူတွေလို့ ပြောနိုင်ပါတယ်။ ဒါပေါ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို အမျက်ဒေါသကျောင်းတော်ကတော့ ၀ိညာဥ်လက်နက်အပိုင်းမှာ မယှဥ်နိုင်ပါဘူး။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်ကလဲ သူတို့အုပ်စုထဲကို ပြန်ပြီတော့ ၀င်သွားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ရဲ့ ရင်ဘတ်ပေါ်မှာကတော့ အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆောင်အယောင်ရှိနေခဲ့တယ်။ ဒါက သူတို့ရဲ့ ဖန်တီးတဲ့လက်နက်တွေနဲ့ အဆင့်အလိုက်ခွဲခြားထားတာပါ။ အားလုံးက ကြယ်ပုံသဏ္ဍာန်လေးတွေရှိကြပြီ အဆင့်တစ်ကနေ အဆင့်သုံးအထိကို အပြာရောင်ကြယ်ပွင့်လေးတွေဖြစ်ပါတယ်။ ဒါ့အပြင် စိန်နဲ့ထွင်းထုထားတဲ့ ကြယ်ပွင့်လေးတွေပုံသဏ္ဍာန်နဲ့ သူတို့ကို ခွဲခြားကြတယ်။ အဆင့်လေးကနေ အဆင့်ခြောက်အထိကတော့ ခရမ်းရောင်အဆောင်အယောင်ဖြစ်ပြီ အဆင့်ခုနှစ်နဲ့ ရှစ်ကတော့ အနက်ရောင်ပါ။ အဆင့်ကိုးကတော့ အနီရောင်ဖြစ်ပါတယ်။ ဘယ်တုန်းကမှမရှိခဲ့ဖူးတဲ့ အဆင့်တစ်ဆယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကိုတော့ အခုအချိန်အထိ အဆောင်အယောင်မဖန်တီးပေးရသေးပါဘူး။

ဟို့ယွိဟောင်ရဲ့အဆောင်အယောင်က အပြာရောင်ဖြစ်ပြီ အပေါ်မှာတော့ စိန်ပွင့်သုံးပွင့်ရှိနေခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကတော့ ခရမ်းရောင်ဖြစ်ပြီ စိန်ပွင့်ခြောက်ပွင့်ရှိနေခဲ့တယ်။ သူတို့ကြားမှာရှိတဲ့ ကွာခြားချက်ကို ထင်ရှားအောင်ပြနေတာပါပဲ။

ဟယ့်ချိုက်ထို့တစ်ယောက်ထဲသာ ဟို့ယွိဟောင်က သူနဲ့မတိမ်းမယိမ်းလက်ရည်ရှိမှန်းသိနိုင်ပါတယ်။ ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားက အပြည့်အ၀အားမကောင်းသေးလို့သာ ဒီလိုမျိုးကြယ်ပွင့်တွေကို လျှော့ချပေးထားရတာပါ။ ဒါ့အပြင် ဟယ့်ချိုက်ထို့ကိုယ်တိုင်ကလဲ ဟို့ယွိဟောင်ဖန်တီးပေးထားတဲ့ ၀ိညာဥ်လက်နက်တချို့ကို သယ်ဆောင်လာပါသေးတယ်။

လွန်ခဲ့တဲ့လတုန်းကလဲ ဟယ့်ချိုက်ထို့က ၀ိညာဥ်ကျင့်ကြံဆင့်ကို အဆင့်ငါးဆယ်အထိ ရောက်ရှိနိုင်ခဲ့တယ်။ ဒါ့အပြင် ငါးခုမြောက်၀ိညာဥ်စက်ကွင်းကို ရရှိပြီ ၀ိညာဥ်ဘုရင်ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်အဆောင်အယောင်က ဟန်ပြသက်သက်မဟုတ်ပါဘူး။

ဟို့ယွိဟောင်က ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိတဲ့ အဆင့်သုံးအဖြစ် ၀တ်ဆင်ထားတာက သင့်တော်ပါတယ်။ နောက်ဆုံးတော့လဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရဲ့ ၀ိညာဥ်စွမ်းအားက သူ့ရဲ့ထုတ်လုပ်တဲ့၀ိညာဥ်လက်နက်တွေကို အသုံးချနိုင်မလားဆိုတဲ့ကိစ္စနဲ့ တိုက်ရိုက်ဆက်နွယ်နေခဲ့တယ်။

°°°
အမျက်ဒေါသကျောင်းတော်က ထျန်းဟွမ်နိုင်ငံတော်ရဲ့ အရှေ့တောင်ဘက်က တည်ရှိတာပါ။ မေဘယ်သစ်ရွက်မြို့တော်ကတော့ ထျန်းဟွမ်နိုင်ငံတော်ရဲ့ အနောက်တောင်ဖက်မှာ တည်ရှိတာကြောင့် အနောက်ဖက်နယ်မြေတွေကနေတစ်ဆင့် ဖြတ်သန်းသွားလာရပါတယ်။ ဒါ့အပြင် အမျက်ဒေါသကျောင်းတော်နဲ့ ကြယ်တာရာလော့နိုင်ငံတော်ကို ပျံသန်းရတဲ့အကွာအဝေးထက်ကို နှစ်ဆမကပိုပြီးတော့ကျယ်ပြန့်နေခဲ့တယ်။

ကျောင်းသားတွေက ၀ိညာဥ်စွမ်းအားသိပ်ပြီ မကောင်းသေးတာကြောင့် နှစ်နာရီခြားတစ်ခါ နားချိန်ရပါတယ်။ ရန်ရှောင်ကျဲ့ကတော့ အကြီးအကဲရွှမ်သယ်ဆောင်သလိုမျိုး အားလုံးကိုမသယ်ဆောင်ခဲ့ပါဘူး။ ဒါကြောင့် နေ့လည်ပိုင်းအချိန်မှသာ သူတို့သွားလိုရာနေရာကိုရောက်ရှိခဲ့တယ်။

ကြယ်တာရာလော့နိုင်ငံတော်ရဲ့ အနောက်ဖက်ပိုင်းမှာရှိနေခဲ့တဲ့ မေဘယ်သစ်ရွက်မြို့တော်က နေလနိုင်ငံတော်ရဲ့ နယ်စပ်နဲ့အတော်ကိုနီးကပ်နေခဲ့ပါတယ်။ ဒါ့အပြင် များပြားတဲ့စစ်သည်အင်အားကို အပြည့်ဖြည့်ထားခဲ့ပြီ တစ်ချိန်ထဲမှာပဲ အဓိကအရေးပါတဲ့ ကုန်သွယ်မြို့တော်ကြီးအဖြစ်တည်ရှိနေခဲ့တယ်။ အမျက်ဒေါသမြို့တော်လောက်တော့ မစည်းပင်ပေမဲ့ အရွယ်အစားကတော့သိပ်ပြီမကွာလောက်ခဲ့ပါဘူး။

မြို့ထဲကို၀င်ပြီတာနဲ့ ရန်ရှောင်ကျဲ့က သူကျောင်းသားတွေကို တည်ခိုဆောင်တစ်ခုဆီ ခေါ်လာပါတော့တယ်။

အတွင်းနယ်မြေရဲ့တပည့်သားရှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ကောင်းကောင်းသိကြတဲ့သူတွေပါ။ ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်က အတော်လေးငယ်ရွယ်ကြသလို သူတို့တွေ ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ထဲကို ၀င်ရောက်ပြီတဲ့နောက် ကျောင်းတော်ကလဲ သူတို့သတင်းအကြောင်းကိုလျှို့၀ှက်ချက်အဖြစ် ကျောင်းတော်ကထားရှိခဲ့ပါတယ်။ ဒါကြောင့် အတွင်းနယ်မြေတပည့်သားတွေအကြောင်းကို သိပ်မသိခဲ့ပါဘူး။ ဒါပေမယ့် ဟယ့်ချိုက်ထို့ရဲ့ အဆင့်ခြောက်အဆောင်အယောင်က သူတို့အာရုံကိုဖမ်းစားခဲ့တယ်။ ဟယ့်ချ်ိုက်ထို့က အတွင်းနယ်မြေကို မ၀င်ရသေးသလိုသူကအသက်ဆယ်ခုနှစ်သာရှိပါသေးတယ်။

အတွင်းနယ်မြေထဲမှာ ဟယ့်ချိုက်ထို့အပြင် အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ရှိသလို သူက အားလုံးရဲ့ခေါင်းဆောင်ပါပဲ။ ရန်ရှောင်ကျဲ့အနားယူဖို့ကြော်ငြာလိုက်ပြီချိန်မှာတော့ ဒီလူက ဟို့ယွိဟောင်နဲ့ ဟယ့််ချိုက်ထို့ကို သူတို့နဲ့အတူတူလာဖို့အတွက် လက်ဟန်ပြလိုက်ပါတယ်။

သူတို့နှစ်ယောက်လဲအရှေ့ကိုလျှောက်လာခဲ့ကြတယ်။

” အစ်ကိုကြီးဘာများညွှန်ကြားချင်ပါသလဲ ”

သူတို့နှစ်ယောက်စလုံးက အရိုအသေပြုလိုက်တယ်။ သူတို့နှစ်ယောက်ကိုကြည့်ရင်း သဘောကျသွားပုံရတဲ့ အဲ့ဒီအစ်ကိုကြီးကတော့ ပြုံးပြလာရင်းပြောလာခဲ့တယ်။

” မင်းတို့နှစ်ယောက်ကအရမ်းကြီးဓလေ့ထုံထမ်းတွေ အရမ်းကြီးလိုက်နာနေစရာမလိုပါဘူး…ငါတို့အားလုံးက တစ်ကျောင်းထဲကပဲလေ အတွင်းနယ်မြေထဲမှာ မင်းတို့ကို တစ်ခါမှမတွေ့ဖူးတာတစ်ခုပဲ မင်းတို့နှစ်ယောက်က အတော်လေးပါရမီရှိကြတဲ့ပုံပေါ်တယ်…ဒီနေရာကို အကြောင်းကြောင့်သင်ယူဖို့အတွက် ရောက်လာပြီဆိုမှတော့ သေချာပေါက် အရည်အချင်းရှိကြလို့ပဲပေါ့ ချိုက်ထို့ မင်းကဆရာဖန်းယွီရဲ့တပည့်သားဆိုတာငါသိတယ်…ဪဟုတ်သား ငါရဲ့နာမည်က ယဲ့ရှောင်ရှန် ငါ့ကိုအစ်ကိုကြီးရှန်လို့ခေါ်လို့ရတယ် ”

” အစ်ကိုကြီးရှန် ဟုတ်ကဲ့ပါ ”

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးလဲ လေးလေးစားစားပြန်ဖြေကြပါတယ်။ ယဲ့ရှောင်ရှန်ကတော့ ခေါင်းသာညိတ်နေခဲ့တယ်။

” ခေါင်းမပါတဲ့မြွေတစ်ကောင်က မလှုပ်ရှားနိုင်ဘူး ငါတို့အားလုံးက အမျက်​ဒေါသရဲ့လူတွေကြီးပဲ ဒါကတန်ဖိုးကြီးတဲ့အခွင့်အရေးဆိုမှတော့ ငါတို့အားလုံးမှာ အရေးကြီးတဲ့တာ၀န်၀တ္တရားတွေ ရှိနေတယ်…အကယ်၍ မင်းတို့လိုအပ်တာတစ်ခုခုရှိတယ်ဆိုရင် ငါကိုလာပြီရှာလိုက်ပါ ”

ဟယ့်ချိုက်ထို့ကတော့ ပြုံးပြရင်းနဲ့သာ ပြန်ဖြေလိုက်ပါတယ်။

” အစ်ကိုကြီးရှန်ကို ကျေးဇူးတင်ပါတယ် အကယ်၍ ကျွန်တော်တို့လုပ်စရာတစ်ခုခုရှိတယ်ဆိုရင် အချိန်မရွေးညွှန်ကြားပါ ”

ဟယ့်ချိုက်ထို့က သူ့ရဲ့ခေါင်းဆောင်ရာထူးကို အရင်တုန်းကလုယူသွားမှာ ယဲ့ရှောင်ရှန်က ထိတ်လန့်နေခဲ့မိပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတခဏတာပြောပြီတဲ့နောက် သူစိတ်သက်သာရာရသွားခဲ့တယ်။ ဒါကြောင့် ဟယ့်ချိုက်ထို့အတွက်လဲ ခက်ခဲအောင်သူမလုပ်တော့ပါဘူး။ နောက်ဆုံးတော့လဲ ဟယ့်ချိုက်ထို့က သူနဲ့အဆင့်တူတဲ့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့သလို ဖန်းယွီရဲ့ အမွေဆက်ခံရမဲ့တပည့်သားပါ။ သူ့ရဲ့ခေါင်းဆောင်ရာထူးမထိခိုက်ဘူးဆိုရင် ဟယ့်ချိုက်ထို့ရဲ့ အဆင်ပြေပြေနေနိုင်ပါတယ်။

” ငါကမင်းတို့နှစ်ယောက်ကို ညွှန်ကြားနိုင်တဲ့အခြေအနေမှာ ရှိနေတယ်လို့မထင်ပါဘူး ညီနောင်ဟယ့် ငါတို့တအားကြီ ဓလေ့ထုံထမ်းတွေကို လိုက်နာနေစရာမလိုဘူး..ဒီခရီးအရှည်ကြီးတစ်လျှောက်မှာမင်းတို့တွေကောင်းကောင်းနားသင့်တယ်. ”

သူပြောပြီတဲ့နောက် ထွက်ခွာသွားပါတော့တယ်။

ဟယ့်ချိုက်ထို့ကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြုံးနေခဲ့ကြပြီ အခန်းထဲကိုပြန်လာခဲ့တော့တယ်။

°°°
အမျက်ဒေါသကျောင်းတော်က ဒုတိယမနက်မှာ ချက်ချင်းဆိုသလို ထုတ်ပိုးရင်းနဲ့ ထွက်ခွာဖို့ပြင်ပါတယ်။ ရန်ရှောင်ကျဲ့နဲ့ ဖန်းယွီနောက်ကိုလိုက်ပြီ မေဘယ်သစ်ရွက်မြို့တော်ရဲ့အလယ်ရင်ပြင်ကျယ်ကြီးဆီကို သူတို့ရောက်လာခဲ့ကြတယ်။

အပိုင်း ၁၅၄•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset