Switch Mode

Chapter – 153.3

နှလုံးသားချင်းရင်းနှီးတဲ့သူငယ်ချင်းတွေ ခွဲခွာကြခြင်း

အပိုင်း ၁၅၃•၃

” နှလုံးသားချင်ရင်းနှီးတဲ့သူငယ်ချင်းတွေ ခွဲခွာကြခြင်း ”
°°°
၀မ်သုန့်က သူ့ကိုအလေးအနက်ကြည့်နေခဲ့ပါတယ်။ တစ်စုံတစ်ရာတွေတောနေပုံပေါ်ပေမဲ့ တွေဝေလို့နေခဲ့တယ်။ ဒါပေမယ့် သူဆက်ပြီပြောမလာခဲ့ပါဘူး။

ဟို့ယွိဟောင်က အပြင်ဘက်ရာသီဥတုကိုကြည့်ရင်းပြောလာခဲ့ပါတယ်။

” အချိန်မစောတော့ဘူး နားလိုက်ကြရအောင် ငါမနက်ဖြန်စောစောမှသွားရမှာ ဒီနေ့ညတော့ မလေ့ကျင့်ပဲနေရအောင် ငါဒီမှာပဲအိပ်လိုက်မယ်…ဒီလိုမျိုးအတူတူမအိပ်တာ အတော်ကြာပြီ ”

၀မ်သုန့်ရဲ့မျက်နှာက နီရဲလို့နေခဲ့ပါပြီ။

” ဘယ်သူမင်းနဲ့အတူတူအိပ်မှာလဲ ထွက်သွားစမ်း ”

” ဘာလဲမင်းစိတ်မကြည်ဘူးလား ငါတို့တွေလွန်ခဲ့တဲ့သုံးနှစ်လုံးလုံးအခန်းတစ်ခန်းထဲမှာ အတူတူနေလာခဲ့တာလေ ဘာပဲပြောပြောငါထွက်သွားမှာမဟုတ်ဘူး…မင်းအိပ်ချင်ရင်း ကြမ်းပြင်မှာအိပ်လိုက် ”

သူပြောပြီတာနဲ့ ၀မ်သုန့်ရဲ့အိပ်ရာပေါ်ကိုခုန်တက်ပြီ တစ်ချက်လေးတောင်မရွေ့တော့ပဲ ရှိနေခဲ့ပါတယ်။

၀မ်သုန့်ကတော့ သူ့ရဲ့ဒီပုံစံကိုကြည့်ရင်းနဲ့ ရယ်ချင်လာခဲ့တယ်။

” ဘာဖြစ်လို့ အဲ့ဒီလောက်တောင် အရှက်မရှိဖြစ်နေရတာလဲ ”

” ငါဒီမှာအိပ်တာကို မအိပ်စေချင်ဘူးလား ပထမဆုံးအကြိမ်တုန်းက ငါတို့တွေ ဖိနပ်မချွတ်ပဲနဲ့ အိပ်ပျော်သွားတာတောင် မှတ်မိသေးတယ်…မင်းကဒီလောက်နှစ်တွေအကြာကြီးကြာနေတာတောင် အိပ်ရာပေါ်ကို ဖိနပ်မစီးတဲ့ကောင်ဖြစ်နေတုန်းပဲလား ”

” ငါအသန့်အရှင်းကြိုက်တာက မင်းနဲ့ဘာဆိုင်လဲ ”

” ငါမင်းကို အမြဲတမ်းတလေးတစားရှိခဲ့တာလေ လာစမ်းပါ နေရာနည်းနည်းချန်ထားပေးတယ် “,

သူပြောရင်းနဲ့ ဟို့ယွိဟောင်က ဘေးမှာရှိနေတဲ့အိပ်ရာနေရာကျဥ်းကျဥ်းလေးကို ပုတ်ပြလိုက်ပါတယ်။

၀မ်သုန့်မျက်နှာနီနေတာကိုဟို့ယွိဟောင်က သတိမထားမိပါဘူး။ ရာသီဥတုက မှောင်နေပြီဖြစ်သလို အခန်းထဲကလဲ အလင်းရောင်သိပ်မရှိတဲ့အတွက်ပါ။

အဲ့ဒီနောက် ဟို့ယွိဟောင်က သူလုပ်ထားတဲ့အဆင့်တစ်၀ိညာဥ်လက်နက်မီးအိမ်လေးကို ထုတ်ယူလာခဲ့ပါတယ်။ ဒီလိုထုတ်ပြီတဲ့နောက် ဘေးမှာရှိတဲ့ အိပ်ရာခုံပေါ်ကိုတင်လိုက်ပါပြီ။

ဟို့ယွိဟောင်ကတော့ နှစ်ယောက်စလုံးကို စောင်ခြုံပေးဖို့လုပ်ပါတယ်။

” ဘာလုပ်နေတာလဲ ”

၀မ်သုန့်က အလန့်တကြားထထိုင်လိုက်တယ်။

” ငါ့မှာနောက်ထပ် စောင်တွေအများကြီးပဲ နောက်တစ်ထည်သွားယူလိုက်မယ် ”

ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ကို ပြန်ဆွဲရင်းနဲ့ ဖိထားခဲ့ပါတယ်။

” အဲ့ဒီလောက်ကြီးအထိ အသန့်ရှင်းကြိုက်ပြီ အလိုလိုက်ခံချင်မနေနဲ့ ဒီနေတော့အိပ်ရာတစ်ခုထဲမှာ အတူတူအိပ်ရအောင် ငါကနောက်နှစ်နှစ်ခွဲတောင်မှ မင်းနဲ့မတွေ့ရပဲနေမှာ တစ်ညလောက်တော့ အေးအေးဆေးဆေးစကားပြောကြတာပေါ့ ”

အခန်းတစ်ခုလုံးက မှောင်နေခဲ့ပါတယ်။ ဒါ့အပြင် နှစ်ယောက်စလုံးက အိပ်ရာတစ်ခုထဲမှာကြပ်ကြပ်သပ်သပ်ရှိနေကြပြီ ၀မ်သုန့်ကတော့ အခုလက်ရှိအချိန်မှာ ကျောကိုဖြန့်ရင်း ခန္ဓာကိုယ်ကိုကျုံ့ထားခဲ့ပါတယ်။ တခဏတာကြာပြီတဲ့နောက်မှသာ သူခန္ဓာကိုယ်က အေးအေးဆေးဆေးလေးပြန်ဖြစ်သွားတော့တယ်။

” ၀မ်သုန့် မင်းက အခုအသက်ဆယ်လေးနှစ်ဖြစ်နေပြီ ဒီအချိန်အတွင်းမှာ ငါမင်းရဲ့မွေးနေ့ကို အတူတူမကျင်းပဖြစ်ခဲ့ဘူး…တကယ်နှမြောစရာပဲ ငါဒီရက်ပိုင်းမှာ လုံး၀ကိုရူးသွပ်နေခဲ့မိတယ် ”

ဟို့ယွိဟောင်စိတ်လွှတ်နေတဲ့ကာလတစ်လျှောက်မှာ ၀မ်သုန့်ရဲ့မွေးနေ့က ပြီးဆုံးသွားခဲ့ပါပြီ။

” မှတ်မိသေးတယ်ပေါ့ အစ်ကိုကြီးတွေ အစ်မကြီးတွေအားလုံးက ငါနဲ့အတူတူ မွေးနေ့ကိုဖြတ်သန်းခဲ့တာဆရာတူအစ်ကိုကြီးတွေအားလုံးလာခဲ့ကြတယ်…မလာတာမင်းတစ်ယောက်ပဲရှိတယ် ”

ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့က ထန်မျိုးနွယ်ကို၀င်ရောက်ပြီးပြီဖြစ်တဲ့အတွက် သူတို့က အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲမှာ အဆင့်ဆင့်ပါ၀င်ပြီသားဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့အသက်အရွယ်အတိုင်း အဆင့်တွေကို ခေါ်ဝေါ်ဖို့အတွက် ပေ့ပေ့က သတ်မှတ်ပေးခဲ့တယ်။

ပေ့ပေ့ကအားလုံးထဲမှာ အသက်အကြီးဆုံးပါပဲ။ ဟယ့်ချိုက်ထို့ကဒုတိယဖြစ်ပြီ အဲ့ဒီနောက်မှတော့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့က ရှိနေခဲ့တယ်။ ရှောင်းရှောင်းကတော့ ၀မ်သုန့်အတွက် ငါးယောက်မြောက်ဆရာတူအစ်မကြီးဖြစ်မှာပါ အငယ်ဆုံးနှစ်ယောက်ကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ပါပဲ ဟို့ယွိဟောင်က ခြောက်ယောက်မြောက်အသက်ကြီးဆုံးဖြစ်ပြီ ၀မ်သုန့်ကတော့ အငယ်ဆုံးပါ။

” မင်းဘာလက်ဆောင်လိုချင်လဲ ”

ဟို့ယွိဟောင်က စိတ်မကောင်းတဲ့လေသံနဲ့မေးလာခဲ့ပါတယ်။ ၀မ်သုန့်ကတော့ ခေါင်းသာခါနေခဲ့တယ်။

” ငါလိုချင်တာရှိရင် မင်းပေးနိုင်မှာလား ”

ဒါပေမယ့် သူတစ်စုံတစ်ရာကိုသတိထားမိသွားပုံနဲ့ ရုတ်တရက်ပြောလာခဲ့ပါတယ်။

” အရင်ဆုံးငါအဲ့ဒီလက်ဆောင်ကို ပေးနိုင်မပေးနိုင်ဆိုတာ ကြည့်ကြသေးတာပေါ့ ”

၀မ်သုန့်က ဟို့ယွိဟောင်ဘက်ကို လှည့်လာခဲ့ပါတယ်။ ၀မ်သုန့်က လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့နှာခေါင်းနားကို ကပ်နေပြီဖြစ်တဲ့အတွက်ကြောင့် ကလေးတစ်ယောက်လိုမျိုးမွှေးပျံ့တဲ့ နို့အနံ့ကဟို့ယွိဟောင်နှာခေါင်းထဲကို ၀င်ရောက်လာခဲ့တယ်။ ဟို့ယွိဟောင်ကတော့ တက်ကြွတဲ့လူငယ်လေးတစ်ယောက်ရဲ့အငွေ့အသက်မျိုးကို ပိုင်ဆိုင်တဲ့သူပါ။

” ဒါပေါ့ သေချာပေါက် မင်းလုပ်နိုင်တဲ့ကိစ္စပဲ ယွိဟောင် မင်းပြန်လာတဲ့အချိန်မှာ မင်းရဲ့အသက်ကဆယ်ခုနှစ်ပြည့်ခါနီးဖြစ်သွာလိမ့်မယ်..သေချာပေါက် မငယ်ရွယ်လောက်တော့ဘူး အဲ့ဒီအချိန်မှာ ပြန်လာပြီဆိုရင် ကတိတစ်ခုတော့ပေးရမယ်…အဲ့ဒီကတိကို ဒီနှစ်ရဲ့မွေးနေ့လက်ဆောင်အဖြစ် ထားလိုက်တော့ ”

” ဘာကြောင့် အဲ့ဒီလောက် လျှို့၀ှက်နေရတာလဲ မင်းကမွေးနေ့ဆိုတာ လက်ဆောင်ကြီးရဖို့ပဲတွေးနေတာလား ”

” မင်းငါ့ကိုမေ့သွားလဲဘယ်လိုလုပ်မလဲ နေစမ်းပါဦး ဒီလိုမျိုးကိစ္စတစ်ခုထဲတောင်းဆိုတာက တအားကြီးအလွှတ်ပေးရာမရောက်ဘူးလား မင်းကငါရဲ့ဆယ်ငါးနှစ်နဲ့ ဆယ်ခြောက်နှစ်မြောက်မွေးနေ့တွေကိုလဲ လွှတ်ဦးမှာ မွေးနေ့ကသုံးခုတောင်လွှတ်သွားမှာ ဒီတော့ငါကိုသုံးခုတိတိ အကြွေးတင်လိမ့်မယ်…မစိုးရိမ်ပါနဲ့ ဒီသုံးခုစလုံးကို သေချာပေါက် ငါကိုလက်ဆောင်ပြန်ပေးဖို့ အဆင်ပြေမှာပါ မြန်မြန်လက်သန်ချင်းချိတ်ပြီ ကတိပေးရအောင် ”

သူပြောပြီတာနဲ့ ဘယ်ဘက်လက်ကိုဆန့်ထုတ်ရင်း ဟို့ယွိဟောင်ရဲ့အရှေ့မှာ ဝှေ့ရမ်းလို့နေပါတော့တယ်။ အခန်းကမှောင်မဲနေပေမဲ့ ဟို့ယွိဟောင်ကိုတော့ ရှင်းရှင်းလင်းလင်းမြင်နေရဆဲပါ။

” မင်းကတကယ်ကို ဂန္တ၀င်မြောက်တဲ့အနိုင်ကျင့်လူကြီးပဲ ငါအခုထိတောင် သဘောမတူရသေးဘူးကို ”

” ဒီတော့ သဘောတူမှာလား မတူဘူးလား ”

၀မ်သုန့်ကတော့ လုံး၀ကိုလက်မလျှော့ပါဘူး။

” နှစ်နှစ်ခွဲတောင်ရှိမှတော့ မင်းဒီလိုမျိုးသေးငယ်တဲ့ တောင်းဆိုချက်လေးကိုတောင် သဘောမတူနိုင်ဘူးလား ”

၀မ်သုန့်က ပြောလာခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်ရဲ့ စိတ်ကလဲပြန်ပျော့သွားခဲ့ပါပြီ။

” ကောင်းပြီ ငါကတိပေးတယ် ငါတို့ကဒီလိုရင်းနှီးနေတဲ့ညီနောင်တွေပဲ အခုကိစ္စသုံးခုမပြောနဲ့ ကိစ္စအခုသုံးရာသုံးဆယ်ဆိုရင်တောင် ကိစ္စမရှိဘူး…ငါလုပ်နိုင်မဲ့ကိစ္စဆိုတာရှိရင်အဆင်ပြေတယ်.ကျေနပ်ပြီလား ”

” ဒါဆိုရင် လက်သန်ချင်းချိတ်မယ်လေ ”

၀မ်သုန့်ကတော့ ပျော်သွားခဲ့ပါတယ်။ နောက်ဆုံးမှာ ဟို့ယွိဟောင်လဲ သူ့ရဲ့ညာဘက်လက်သန်ကို ဆန့်ထုတ်ပေးလိုက်ပါပြီ။ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်က အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းကို နူးညံ့ပျော့ပျောင်းနေတာ သူသတိထားမိပါတယ်။

” သတိထားစမ်း ”

ဟို့ယွိဟောင်က သူနှုတ်ခမ်းတွေကိုတွန့်လာရင်း ပြောလာခဲ့တယ်။

” မင်းကတော်တော်လေးကို ပျော့တာပဲ ငါခန္ဓာကိုယ်ကိုကြည့်လိုက်ပါဦး ဘယ်လောက်တောင် သန်မာလိုက်သလဲ ”

” ဘာတွေအဓိပ္ပါယ်မရှိပြောနေပြန်တာလဲ ”

၀မ်သုန့်က ဒေါသတကြီးထရပ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ကိုဟို့ယွိဟောင်က ခပ်မြန်မြန်ပဲ ပြန်ဆွဲချလိုက်ပါတယ်။

” ဆော့မနေနဲ့တော့ ကတိပြုချင်တယ်လို့ပြောတယ်မလား နောက်ပိုင်းဆိုရင် ငါသဘောတူမှာမဟုတ်ဘူး ”

၀မ်သုန့်ကြည့်ရတာ ဒီကိစ္စသုံးခုအတွက် အတော်ကိုစိတ်အားထက်သန်နေပုံပါပဲ။ နောက်ဆုံးမှာတော့ သူခေါင်းမာတာတွေကိုလဲ နောက်ချလိုက်ပြီ ကတိပြုထားတာကို ပြီးအောင်လုပ်လိုက်ပါတယ်။

” ကတိပေးထားတာကို မမေ့နဲ့နော် မင်းလုံး၀မေ့လို့မရဘူး….ဘယ်လိုပဲဖြစ်ဖြစ်လုံး၀မေ့ပြစ်လို့မရဘူး နားလည်ရဲ့လား ”

၀မ်သုန့်က ခြိမ်းခြောက်တဲ့လေသံနဲ့ ပြောလာခဲ့ပါတယ်။

” ကောင်းပြီ ကောင်းပြီ မင်းအခုအသက်ဆယ့်လေးနှစ်ရှိနေပြီ ဘာဖြစ်လို့ကလေးတစ်ယောက်လိုမျိုး ပြုမှုနေတာလဲ ငါလိုမျိုးရင့်ရင့်ကျက်ကျက်နေစမ်းပါ ”

ဟို့ယွိဟောင်က လက်ရှိအချိန်မှာ သူ့ကိုယ်သူဂုဏ်ဖော်နေခဲ့ပါတယ်။

၀မ်သုန့်ကတော့ လက်နှစ်ဖက်ကိုနောက်ပြစ်လို့ထားခဲ့ရင်း စိတ်ပျက်လက်ပျက်နဲ့ ပြောလာခဲ့တယ်။

” ရင့်ကျက်တယ်ဟုတ်လား မင်းကဒီလိုမျိုးကိစ္စကြုံပြီတဲ့နောက် အရင်ဆုံးပြိုလဲသွားတဲ့သူလေ သုံးလလုံးလုံးရူးသွပ်ပြီစိတ်လွှတ်နေတာဘယ်သူလဲ ဟုတ်သား အကြီးအကဲရွှမ်က မင်းကိုပုံမှန်ပြန်ဖြစ်လာအောင် ဘာတွေလုပ်လိုက်လဲ မပြောရသေးဘူး သူမင်းကိုရိုးရိုးရှင်းရှင်းလေး နှစ်သိမ့်လိုက်တယ်လို့ငါမထင်ဘူး ”

ဟို့ယွိဟောင်က ပြန်မဖြေပဲရှိနေခဲ့ပါတယ်။

” ငါ့ကိုပြောပြစမ်းပါ မဟုတ်ရင်တော့ ငါလက်ပါလာရင်း အဆိုးမဆိုနဲ့ ”

” ငါမင်းကိုကြောက်နေရမှာလား အကယ်၍ မင်းငါကိုရိုက်နိုင်မယ်ဆိုရင် မင်းကိုပြောပြမယ်လေ ”

၀မ်သုန့်က တကယ်တော့မလုပ်ခဲ့ပါဘူး။ ဒီလိုနီးကပ်တဲ့အခြေအနေမျိုးမှာဟို့ယွိဟောင်ကို ရိုက်မထုတ်နိုင်မှန်း သူသိနေခဲ့ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ရင်း ပြန်လှည့်လာခဲ့တယ်။

” ထာလိုက်တော့ မပြောရင်လဲနေ ”

အခန်းက ပြန်လည်တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ အသက်ရှုသံကလွဲပြီ ဘာအသံမှမကြားရတော့ပါဘူး။ ဒါပေမယ့် တစ်ဖက်နဲ့တစ်ဖက် နိုးနေခဲ့မှန်းတော့ သိနေခဲ့ပါတယ်။ အပြင်ဘက်လရောင်က ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်ကို ဖြည်းဖြည်းချင်း ဖြာကျလို့နေခဲ့တယ်။

” ယွိဟောင် ”

” ဘာဖြစ်လို့လဲ ”

၀မ်သုန့်ရဲ့အသံက အနည်းငယ်ကြမ်းတမ်းလို့နေခဲ့တယ်။

” ငါစိတ်ပြောင်းလိုက်ပြီ ကတိပေးထားတဲ့ကိစ္စသုံးခုထဲမှာ တစ်ခုကိုအရင်လုပ်ပေးရမယ် ”

” အဲ့ဒါဘာလဲ ”

ဟို့ယွိဟောင်ရဲ့အသံက အရင်လိုတည်ငြိမ်မနေတော့ပါဘူး။

” နေလကျောင်းတော်ကို ရောက်တဲ့အချိန် မင်းရဲ့ခန္ဓာကိုယ်ကို သေချာဂရုစိုက်ရမယ်…အရမ်းပြင်းပြင်းထန်ထန်ကြီး မလေ့ကျင့်နဲ့ ဆရာတွေနဲ့ကျောင်းကဘယ်လောက်ပဲ မျှော်လင့်ချက်ထားပါစေ မင်းကအသက်ဆယ်လေးနှစ်ပဲရှိသေးတာ…ကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေကလဲ များနေပြီ အကယ်၍ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ပြိုလဲသွားလိမ့်မယ် ”

ဟို့ယွိဟောင်က တခဏတာတိတ်ဆိတ်နေပြီတဲ့နောက် သက်ပြင်းချလိုက်ပါတယ်။

” ၀မ်သုန့် ငါတို့ဒီအခြေအနေအထိ ရောက်လာပြီဆိုတော့ နောက်ဆုတ်လို့မရတော့ဘူးလေ ကျောင်းတော်က ငါတို့ကို မွေးမြူးစောင့်ရှောက်ဖို့အတွက် ပိုက်ဆံတွေလဲ အကုန်ခံထားလဲမဟုတ်ဘူး…ဒီနှစ်နှစ်အတွင်းမှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ငါနဲ့ဒုတိယအစ်ကိုကြီးကို လေ့ကျင့်ဖို့အတွက် အများကြီးစိတ်ရောလူပါ မြုပ်နှံခဲ့ကြတယ်…ငါတို့လဲ ညွှန်ကြားပြသမှုတွေကိုကြည့်ရပြီးပြီ ”

” ဒီတိုက်ကြီးက ငြိမ်ငြိမ်ချမ်းချမ်းရှိနေတော့မှာမဟုတ်ဘူးဆိုတာကို ဆရာပြောခဲ့တာ မှတ်မိသေးလား ဒီလောကကြီးရဲ့ကံကြမ္မာဆိုတဲ့အကြောင်းကိုတော့ ငါအစတုန်းက မယုံကြည်ခဲ့ဘူး ဒါပေမယ့် ကံကြမ္မာမျက်လုံးကိုရပြီတဲ့နောက် စတင်ပြီယုံကြည်လာခဲ့တယ် ”

” မင်းငါနဲ့ရှောင်းရှောင်းသုံးယောက်စလုံးက အမြွှာသိုင်းပညာ၀ိညာဥ်တွေကို ပိုင်ဆိုင်ထားတယ်…ဒါကလုံး၀ကို မွေးရာပါစွမ်းအားပဲ ငါတို့ရဲ့ ကံကြမ္မာက ဒီလိုအခြေအနေမျိုးနဲ့ ကောင်းချီးပေးတာကိုရှောင်ရှားလို့ရမယ်များထင်နေတာလား အကယ်၍ ငါတို့ရှောင်ဖို့ကြိုးစားခဲ့မယ်ဆိုရင် ငါတို့ရဲ့တစ်ဘ၀လုံးတာသာမန်အဖြစ်ပဲ ဆက်နေသွားရလိမ့်မယ်…ငါအဲ့ဒီလိုသာမန်ဘ၀နဲ့မနေချင်ဘူး ”

” ငါရဲ့ရည်မှန်းချက်တွေက ဒီနှစ်တွေမှာမပြောင်းလဲခဲ့ဘူးလေ ဒါပေမယ့် အရင်တုန်းကလိုမရူးမိုက်ချင်တော့ဘူး အနည်းဆုံးတော့ ငါရဲ့လက်စားချေမှုမှာ အပြစ်ကင်းစေတဲ့လူတွေကို မထိခိုက်စေရဘူးဆိုတာ နားလည်ပြီးပြီ ”

” အဆုံးသတ်မှာ ငါရဲ့ရန်သူကနှစ်ယောက်ပဲရှိတယ်…တစ်ယောက်က ကျားဖြူမြို့စားမင်းရဲ့ဇနီးသည် နောက်တစ်ယောက်က ငါရဲ့အဖေကျားဖြူမြို့စားမင်းပဲ ဆရာတစ်ချိန်တုန်းက ပြောခဲ့ဖူးတယ်…လူသားတွေအားလုံးက မွေးရာပါဗီစအရမ်းကြင်နာကြတယ်တဲ့ ထိုက်ဟွပင်းက ပြစ်ချက်တွေရှိကောင်းရှိပေမဲ့သူ့ရဲ့ဒီလိုဖြစ်သွားခဲ့တဲ့ ပုံစံက ကျားဖြူမြို့စားမင်းရဲ့ ဇနီးသည်မွေးမြူးစောင့်ရှောက်တဲ့နေရာမှာ ပြစ်ချက်ရှိသွားတာဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်..ဒါ့အပြင် သူကသွန်သင်ဆုံးမမှုကနေဖြစ်လာတဲ့ ဖြစ်ရပ်ပဲ သူ့ကိုလက်စားချေချင်တုန်းဖြစ်ပေမဲ့ သူ့ကိုမသတ်ချင်တော့ဘူး နောက်ဆုံးတော့လဲ သူနဲ့ငါနဲ့ သွေးရင်သားရင်တွေပဲလေ ငါနဲ့ထိုက်ယွဲ့ဟန်လိုပဲ ”

” ဆရာဆုံးပါးသွားပြီတဲ့နောက် ဘာကြောင့်အဲ့ဒီလိုပြောင်းလဲသွားရလဲဆိုတာ မင်းနားလည်ရဲ့လား ဆရာကငါအတွက် အဖေတစ်ယောက်နဲ့တူတယ်…ငါရဲ့ဘ၀မှာမွေးကထဲကစလို့ သွန်သင်ညွှန်ပြပေးမဲ့ အဖေလိုလူတစ်ယောက်အမြဲတမ်းလိုချင်ခဲ့တာ ”

” ဆရာကငါ့ကိုအရာအားလုံးသင်ပေးခဲ့တဲ့အပြင် ငါ့ရဲ့ အတွင်းပိုင်းစိတ်အစွန်းရောက်မှုတွေကို ဖြေရှင်းပေးခဲ့တဲ့လူပဲ ငါရဲ့စိတ်ကိုလဲ ပြုပြင်ပေးတဲ့အပြင် ညွှန်ကြားမှုတွေလဲ အများကြီးလုပ်ပေးခဲ့တယ်…မစိုးရိမ်နဲ့ အနာဂတ်မှာငါပြင်းပြင်းထန်ထန်တွေ ဘာမှမလုပ်ဘူး..အကောင်းဆုံးကြိုးစားပြီတော့ အလုပ်လုပ်မယ်..ငါတို့တွေက အသက်ဆယ်လေးနှစ်ရှိနေပြီ ကလေးတွေမဟုတ်ကြတော့ဘူး…လူငယ်တွေဖြစ်နေကြပြီ ငါတို့နှစ်ယောက်စလုံးကြိုးစားမှရမယ်…ငါရဲ့အနောက်မှာသိပ်ပြီပြတ်ကျန်မခဲ့နဲ့ ”

ဟို့ယွိဟောင်ရဲ့စကားတွေကို ၀မ်သုန့်က လေးလေးနက်နက်နားထောင်နေခဲ့တယ်။ သူ့စိတ်ထဲမှာလဲ ထိတ်လန့်နေခဲ့တယ်။ ဟို့ယွိဟောင်က တကယ်ကိုရင့်ကျက်လို့နေခဲ့ပါပြီ။ အရင်ကထက်ပိုပြီးတော့လဲ ကျိုးကြောင်းဆီလျော်နိုင်စွမ်းနဲ့ ပြည့်၀လာခဲ့ပါတယ်။

ဒီတစ်ညတာကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကုန်ဆုံးလို့သွားခဲ့ပြန်ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ဘယ်အချိန်အိပ်ပျော်လို့အိပ်ပျော်သွားမှန်တောင် မသိပါဘူး။ ညတစ်လျှောက်လုံးတော်တော်လေးစကားပြောခဲ့မှန်တော့ မှတ်မိခဲ့ပါတယ်။

အပိုင်း ၁၅၃•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset