အပိုင်း ၁၅၃•၂
” နှလုံးသားချင်ရင်းနှီးတဲ့သူငယ်ချင်းတွေကို ခွဲခွာကြခြင်း ”
°°°
အကြီးအကဲရွှမ်က ဘေးဘက်ထိုင်ခုံမှာထိုင်နေရင်း ဟို့ယွိဟောင်ကိုငြိမ်ငြိမ်သက်သက်လေးကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် သူပြောလာခဲ့တယ်။
” ငတုံးလေး ငါမင်းရဲ့ခေါင်းမာတာကိုတော့ မနိုင်နိုင်ပါဘူး ကြည့်ရတာ မင်းကိုအသိပေးမှရတော့မယ် ”
သုံးရက်တာအချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ၀မ်သုန့်ကတော့ သူ့ရဲ့အခန်းထဲမှာ တစ်ယောက်ထဲထိုင်နေခဲ့ပါတယ်။ အတွင်းနယ်မြေရဲ့ တရား၀င်တပည့််သားမဖြစ်သေးပေမဲ့ ပင်လယ်နတ်ဘုရားခန်းမဆောင်မှာပဲ သူက တစ်ချိန်လုံးလေ့ကျင့်နေခဲ့တာပါ။ ဒါ့အပြင် သူ့ကိုလဲလမ်းညွှန်ပေးတဲ့ဆရာက အကြီးအကဲမုကနေ အကြီးအကဲရွှမ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ သူက ရှောင်းရှောင်းနဲ့အတူ သင်ကြားလို့နေခဲ့ပါတယ်။ အကြီးအကဲရွှမ်က နောက်နှစ်စာသင်ချိန်စတာနဲ့ အတွင်းနယ်မြေစစ်ဆေးမှုကို ဖြေဆိုနိုင်မဲ့အကြောင်း ပြောလာခဲ့တယ်။ ဒါဆိုရင် သူတို့လဲ အတွင်းနယ်မြေကို တိုက်ရိုက်၀င်လို့ရပါပြီ။ ရှောင်းရှောင်းလဲအတူတူပါပဲ။ သူတို့နှစ်ယောက်စလုံးက ၀ိညာဥ်ဘိုးဘေးတွေ ဖြစ်နေခဲ့တာကြောင့် အကြီးအကဲမုနဲ့ အကြီးအကဲရွှမ်တို့ သူ့ကိုတိုက်ရိုက်သင်ကြားပေးနေတာဖြစ်မယ်ဆိုရင်တောင် စာမေးပွဲကို ကျော်လို့မရပါဘူး။ အကြီးအကဲနှစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကို အလဟာသမဖြစ်စေဖို့အတွက် သေချာပေါက် စာမေးပွဲကိုအောင်မြင်အောင်ဖြေဆိုပြီ ၀င်ရောက်ပါလိမ့်မယ်။
” ယွိဟောင်က သွားတော့မှာလား ၀မ်သုန့်ရဲ့နှလုံးသားထဲမှာ ခါးသီးမှုကို ခံစားလာခဲ့ရပါတယ်။ ဟို့ယွိဟောင်က သုံးလလုံးလုံးပြောင်းလဲသွားတဲ့ပုံစံကြောင့် အထိခိုက်ရဆုံးသူက သူပါ။ ဟို့ယွိဟောင်က လုံး၀ကို ချိတ်ပိတ်ထားတဲ့လူတစ်ယောက်အတိုင်း ပြုမှုလို့နေခဲ့တယ်။ အတူတူလေ့ကျင့်တဲ့အချိန်ကလွဲလို့ တခြားအချိန်တွေမှာမမြင်ရပါဘူး။ ရက်တွေကုန်ဆုံးလာတာနဲ့အမျှ ဟို့ယွိဟောင်ရဲ့ စိတ်ပိုင်ဆိုင်ရာအခြေအနေပိုတင်းမာလာတာကိုသူခံစားမိပါတယ်။ ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားအရမ်းကိုသန်မာနေတာကြောင့်သာ မဟုတ်ရင် သူအစောကြီးကထဲက ပြိုလဲနေလောက်ပါပြီ။ တကယ်ကိုသူစိတ်အားတင်းထားတာ များလွန်နေခဲ့ပါတယ်။
၀မ်သုန့်လဲ သူ့ကိုစကားပြောဖို့ကြိုးစားခဲ့ပေမဲ့ ဟို့ယွိဟောင်ကတော့ နားမထောင်ခဲ့ပါဘူး။ သူတို့စကားပြောတာများသွားမယ်ဆိုရင်လဲ ဟို့ယွိဟောင်က ချက်ချင်းဆိုသလို မျက်ရည်တွေတစ်သွင်သွင်စီးကျရင်း ဆရာဆိုတဲ့စကားကိုပြောကာ သတိလစ်သွားပါလိမ့်မယ်။
၀မ်သုန့်နဲ့ ဟို့ယွိဟောင်အစွမ်းတွေ အများကြီးတိုးတက်လာတာကို ခံစားမိပါတယ်။ ဒီသုံးလလုံးလုံးမနားမနေလေ့ကျင့်မှုက သူ့ရဲ့၀ိညာဥ်စွမ်းအားကို အများကြီးတိုးတက်စေခဲ့ပါပြီ။ အဆင့်လေးဆယ်မှာ သူရပ်နေပေမဲ့ အင်အားတိုးလာတာကတော့ သိသိသာသာကြီးပါပဲ။ ၀ိညာဥ်စက်ကွင်းလေးကွင်းမြောက်ကို ရမယ်ဆိုရင် သူလုံး၀ကို အဆင့်ခုန်ပြန်ပြီတက်သွားမှာပါ။
အရင်တုန်းက သူကတိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဖြစ်ခဲ့ပြီ ဟို့ယွိဟောင်ကတော့ ထိန်းချုပ်ရေးပညာရှင်ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်မှုနည်းလမ်းတွေက ပိုမိုကြောက်စရာကောင်းနေခဲ့ပါပြီ။ အကယ်၍ သူတို့အခုတိုက်ခိုက်ကြမယ်ဆိုရင် ဟို့ယွိဟောင်ကို နိုင်နိုင်ပါ့မလားဆိုတာ၀မ်သုန့် မသေချာတော့ပါဘူး။ ဟို့ယွိဟောင် ၀ိညာဥ်လက်နက်တွေကို သုံးမဲ့အခြေအနေအပေါ်မူတည်ပြီ ထည့်သွင်းစဥ်းစားရပါဦးမယ်။ လွန်ခဲ့တဲ့နှစ်မှာ ၀မ်သုန့်ရဲ့အစွမ်းအစတွေကလဲ အများကြီးတိုတက်လို့လာခဲ့တယ်။
” သူမနက်ဖြန်သွားတော့မယ်လို့ကြားတယ် အကြီးအကဲရွှမ်က သူ့ကိုသုံးရက်လုံးလုံးခေါ်ထားတာ တကယ်ပဲ ခန္ဓာကိုယ်က ပြန်ကောင်းနိုင်ပါ့မလား အကယ်၍ သူထွက်သွားပြီးပြီဆိုရင် ငါတို့သုံးနှစ်လုံးလုံးမတွေ့ပဲ နေကြရမှာ ”
ဒီကိစ္စကိုတွေးပြီချိန်မှာပဲ ၀မ်သုန့်ရဲ့နှုတ်ခမ်းတွေက တင်းမာလို့သွားခဲ့ပါတော့တယ်။ သူ့ရဲ့စိတ်တွေက ပိုမိုပူပန်းလို့လာခဲ့ပါပြီ။
အကြီးအကဲမုရဲ့ သေဆုံးမှုကလဲသူ့ကိုနာကျင်စေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ထပ်ပိုမို ထိန်းချုပ်နိုင်စွမ်းမြင့်မားသလို သူတို့နှစ်ယောက်ရဲ့ နောက်ခံအခြေအနေကလဲ မတူညီကြပါဘူး။ ဟို့ယွိဟောင်လိုမျိုး သံယောဇဥ်အရမ်းတွယ်နေတဲ့သူမဟုတ်တာကြောင့် ဒီလိုမျိုးပြိုလဲမှုကြီးကို မခံစားရတာပါ။ ဒါပေမယ့် သူက ဟို့ယွိဟောင်နဲ့ ဒီနှစ်ပိုင်းမှာအတော်ကို ရင်းနှီးနီးကပ်ခဲ့ပါတယ်။
ဟို့ယွိဟောင်နဲ့အတူတူ နေလကျောင်းတော်ကိုသွားဖို့အတွက်တောင်းဆိုခဲ့ပေမဲ့ သူကိုငြင်းပယ်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အရမ်းကိုရိုးရှင်းခဲ့တယ်။ သူတို့နှစ်ယောက်စလုံးက အကြီးအကဲမုရဲ့ အတွင်းတပည့်သားတွေဖြစ်တာကြောင့် တစ်ယောက်ယောက်ကတော့ ကျောင်းတော်မှာ နေကိုနေမှဖြစ်မယ်ဆိုတဲ့ အကြောင်းအရင်းကြောင့်ပါပဲ။ အရေးပေါ်ကိစ္စတစ်ခုခုဖြစ်လာခဲ့သည်ရှိသော် ဟို့ယွိဟောင်သာတစ်ခုခုဖြစ်သွားခဲ့ရင်း အနည်းဆုံး၀မ်သုန့်ကတော့ ကျောင်းတော်မှာရှိနေမှရမှာပါ။ ၀မ်သုန့်နဲ့ ရှောင်းရှောင်နှစ်ယောက်က ဟို့ယွိဟောင်လောက်မွေးရာပါ ပါရမီမကောင်းကြပေမဲ့ သူတို့က အမြွှာသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူတွေပါပဲ။ အကယ်၍ ယွိဟောင်သာတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ကျောင်းတော်ရဲ့အနာဂတ်က သယ်ဆောင်ရမှာပါ။ ဒါ့အပြင် ၀မ်သုန့်က ၀ိညာဥ်လက်နက်တွေကိုသိပ်ပြီ အသုံးမပြုတတ်ပါဘူး။
” ဒေါက် ဒေါက် ဒေါက် ”
တံခါးခေါက်သံက ဆက်တိုက်ပေါ်လာခဲ့တာကြောင့် ၀မ်သုန့်လဲ အတွေးလွန်နေရာကနေ ပြတ်သွားခဲ့ပါတယ်။
” ဘယ်သူလဲ ”
” ငါပါ ”
ရင်းနှီးတဲ့အသံကိုကြားချိန်မှာတော့ ၀မ်သုန့်ကရပ်တန့်လို့သွားပါတော့တယ်။ အဲ့ဒီနောက် သူတံခါးဆီကို ဖွင့်လိုက်ပါပြီ။ ဟို့ယွိဟောင်ကတော့ အပြင်မှာရပ်နေခဲ့တယ်။ သူ့ရဲ့မျက်လုံးတွေက ကြည်လင်နေခဲ့ပြီ စိတ်ပင်ပန်းမှုတွေနဲ့ ၀မ်းနည်းမှုတွေတော်တော်များများက ပျောက်ဆုံးလို့နေခဲ့ပါပြီ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ရင်းနှီးနေတာကြောင့် ဒီလိုအပြောင်းအလဲတွေကို ချက်ချင်းခံစားလိုက်မိပါတယ်။
” မင်းသေရာကနေရှင်လာတာလား ”
၀မ်သုန့်က မေးလိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ ရယ်သာရယ်နေခဲ့တယ်။
” ငါအားနည်းတယ်လို့ထင်တာပဲ ”
” မင်းဘယ်လိုလုပ်လိုက်တာလဲ ”
” အကြီးအကဲရွှမ် ကူညီပေးလို့ပေါ့ ”
” ငါတော်တော်များများကို ဖြတ်ကျော်ခဲ့ပြီးပြီ သေသွားတဲ့သူတစ်ယောက်က ပြန်လာပြီမရှင်သန်နိုင်ဘူးလေ အကယ်၍ ငါသာဒီအတိုင်းဆက်သွားမယ်ဆိုရင် ဆရာရဲ့မျှော်လင့်ချက်ကို မဖြည့်စည်းနိုင်ခင်အချိန်မှာ ပြိုလဲသွားလိမ့်မယ်…အကယ်၍ ဒီလိုသာဖြစ်မယ်ဆိုရင် ဒီအရာလေးအေးအေးချမ်းချမ်းအနားယူနိုင်မှာမဟုတ်ဘူး ”
” ဒါကိုမင်းဘယ်လိုများ အခုမှနားလည်သွားရတာလဲ ငါမင်းကိုသုံးလလုံးလုံးနားချနေတာတောင် မင်းဘက်ကဘာမှတုန့်ပြန်မှုမရခဲ့ဘူးလေ ”
သူပြောရင်နဲ့ ပိုပြီးဒေါသထွက်လာခဲ့ပါပြီ။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ ရင်ဘတ်ကိုသူဆွဲခေါ်လိုက်ရင်း အခန်းထဲကိုဆွဲခေါ်လာခဲ့ပြီ တံခါးကိုဆောင့်ပိတ်လိုက်တော့တယ်။
” ငြင်းငြင်းသာသာလေးလုပ် ငါကမနက်ဖြန်သွားရတော့မှာ အနည်းဆုံးထင်ကောင်းမြင်ကောင်းပေးသင့်တယ်မဟုတ်လား ”
ထွက်သွားတော့မယ်ဆိုတဲ့စကားကို ကြားတာနဲ့ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်က တုန်ရီလို့သွားပြန်ပါတယ်။ ဟို့ယွိဟောင်က တကယ်ပဲ မနက်ဖြန်သွားရတော့မှာပါ။ သူ့ရဲ့စိတ်ပြန်ကောင်းသွားတာနဲ့ တကယ်ကို ထွက်ခွာရပါတော့မယ်။
” ဒါဆိုရင် နှုတ်ဆက်ဖို့လာတာလား ”
၀မ်သုန့်ရဲ့အသံက တုန်ရီလာခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ ခေါင်းညိတ်လို့နေခဲ့တယ်။
” ငါမနက်ဖြန်သွားတော့မှာ ဒီတစ်ခေါက်ခရီးစဥ်က အရမ်းကိုအရေးကြီးလွန်တယ်…ငါကအရမ်းကိုအရေးကြီးတဲ့ကိစ္စသွားလုပ်ဖို့အတွက် နှစ်နှစ်ခွဲအထိ ထွက်ခွာရမှာ ဒီအချိန်အတွင်းမှာ လုံး၀ပြန်လာလို့ရမှာမဟုတ်ဘူး ”
၀မ်သုန့်က အခုအချိန်မှာ နည်းနည်းဒေါသထွက်လာခဲ့ပါတယ်။
” အကြီးအကဲရွှမ်ကို သွားပြောပြီ ငါပါအတူတူလိုက်လာခဲ့မယ်…ငါတို့မှာသိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်လေးခုရှိတာပဲ မင်းသာငါနဲ့ရှိနေမယ်ဆိုရင် သေချာပေါက် လုံခြုံမှာပါ ”
ဟို့ယွိဟောင်က ၀မ်သုန့်ကို ခေါင်းခါပြပါတယ်။
” အသုံးမ၀င်ဘူး…အကြီးအကဲရွှမ်က စိတ်ပြောင်းမှာမဟုတ်ဘူး…ဒါ့အပြင် မင်းက၀ိညာဥ်လက်နက်မလိုနေဘူးလေ ငါတို့နဲ့အတူတူသွားတာက မင်းရဲ့အနာဂတ်ကျင့်ကြံမှုကိုထိခိုက်စေလိမ့်မယ် ….နှစ်နှစ်ခွဲဆိုတဲ့အချိန်က မျက်တောင်တစ်ခတ်အတွင်းကုန်သွားမှာပါ ဒါ့အပြင် ငါတို့ကသက်တူရွယ်တူတွေထဲမှာ အတော်ဆုံးအထူးချွန်ဆုံးသူတွေဖြစ်နေပြီးပြီ ကျောင်းရဲ့အတွင်းနဲ့ အပြင်က ဘာမှမတူဘူး ”
” နေလကျောင်းတော်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြီးအပြည့်ရှိနေတာ သူတို့မှာသော့်လော့တွေလုံး၀အပြည့်ရှိနေတယ်…မင်းနဲ့ငါပေါင်းလိုက်မယ်ဆိုရင်တောင် ဒိသော့်လော့တွေထက်တောင် သာလွန်နေမှာမလား အကယ်၍ မင်းသာသွားမယ်ဆိုရင် သူတို့ရဲ့ကျင့်ကြံဆင့်ကို နှေးကွေးအောင်လုပ်တာပဲဖြစ်လိမ့်မယ်…ဒီမှာနေတာက အကောင်းဆုံးရွေးချယ်မှုပါပဲ ဒါ့အပြင် မင်းရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ကို ဆက်ပြီစောင့်ကြည့်ထားနိုင်သေးတယ်လေ ဒီသုံးနှစ်အချိန်အတွင်းမှာ သူကငါတို့အတွက်အသန်မာဆုံးပြိုင်ဘက်ဖြစ်လာလိမ့်မယ်…ကံတရားကအမြဲတမ်း ငါတို့ဘက်မှာရှိမနေနိုင်ဘူး…အရင်ပြိုင်ပွဲမှာသူတို့က ၀ိညာဥ်စက်ကွင်းငါးကွင်းတောင် ရကုန်ကြပြီးပြီ အကယ်၍ သူတို့နဲ့နောက်တစ်ကြိမ် ရင်ဆိုင်ရမယ်ဆိုရင် သူတို့က ငါတို့ကိုပိုပြီးပြဿနာဖြစ်စေမှာပဲ ”
” ဒါပေမယ့် နှစ်နှစ်ခွဲအချိန်မှာ ငါက ”
၀မ်သုန့်က မကျေနပ်သေးပါဘူး။ ဟို့ယွိဟောင်ကတော့ပြုံးပြရင်း ၀မ်သုန့်ရဲ့ပုခုံးကိုကိုင်ကာ ဆက်ပြောလာခဲ့တယ်။
” ၀မ်သုန့် ဒီနှစ်ပိုင်းတွေမှာ မင်းပိုပိုပြီးတော့ မိန်းမသားဆန်လာတယ်…ဘာလဲငါကိုဒီလိုထွက်သွားရမှာမမြင်ရက်တော့ဘူးလား ”
” အပိုတွေပြောမနေနဲ့ မင်းကသာအဲ့ဒီလိုဖြစ်နေတာ ”
၀မ်သုန့်က ဟို့ယွိဟောင်ရဲ့လက်တွေကိုတွန်းထုတ်လိုက်ရင်း အော်လာခဲ့ပါတယ်။
” လာမဲ့နှစ်နှစ်ခွဲအချိန်မှာ မင်းတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို သွားမယ်ဆိုရင် ဒီနှစ်တွေမှာမင်းငါ့နောက်ကိုပြတ်ကျခဲ့မှာစိုးရိမ်လို့ပါ မင်းရဲ့ကျင့်ကြံဆင့်က အခုအချိန်မှာ အရမ်းကိုနှေးကွေးလို့လာပြီ ငါသာမရှိဘူးဆိုရင် မင်းပိုပြီးတော့နှေးလာမှာပေါ့ ”
” ကောင်းပြီ ဟန်ဆောင်မနေနဲ့တော့ ငါထွက်သွားမှာမကြည့်ရက်ဘူးလို့ပြောလိုက် ဆင်ခြင်တွေပေးမနေနဲ့ ငါလဲဒီလိုမျိုးထွက်သွားရမှာမသွားချင်ပါဘူးလေ ”
ဟို့ယွိဟောင်ရဲ့စကားတွေက ၀မ်သုန့်ကိုအရှိုက်ထိသွားစေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေက နီရဲလို့လာခဲ့ပါပြီ။ အဲ့ဒီနောက် ဟို့ယွိဟောင်ဆီကို ရုတ်တရက်တိုး၀င်ရင်း ဖက်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ကလဲ ပြန်ပြီဖက်လာခဲ့တယ်။ အဲ့ဒီနောက် ၀မ်သုန့်ခန္ဓာကိုယ်က အရင်ကထပ်ပိုပြီးနူးညံ့လာတာကို သူခံစားမိခဲ့ပါတယ်။ နှစ်ယောက်စလုံးက လက်ရှိအချိန်မှာ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို မထုတ်လွှတ်ကြပါဘူး။ အကယ်၍ သူတို့အကြာကြီးဖက်ထားမယ်ဆိုရင် သိုင်းပညာ၀ိညာဥ်စွမ်းရည်ထွက်လာနိုင်တဲ့အတွက် အချိန်အကြာကြီး ဒီလိုနေလို့မရပါဘူး။ မကြာခင်မှာပဲ ထူးဆန်းတဲ့ခံစားချက်တွေက စတင်ဖြစ်ပေါ်လို့လာပါတော့တယ်။
” မဟုတ်ဘူး ငါက အမျိုးသမီးတွေကိုပဲ သဘောကျတာ ”
ဟို့ယွိဟောင်ရဲ့စိတ်ထဲမှာလှပတဲ့အသွင်တစ်ခုက ပေါ်လာခဲ့ပါတယ်။ နှစ်နှစ်တာကုန်ဆုံးလို့သွားခဲ့ပေမဲ့ အဲ့ဒီအချိန်တုန်းက ပေါင်းစည်းစွမ်းရည်ကနေ ထွက်ပေါ်လာတဲ့မိန်းမလှလေးကို သူမမေ့နိုင်သေးပါဘူး။
အဲ့ဒီအမျိုးသမီးက ၀မ်သုန့်နဲ့တူညီပေမဲ့ အရမ်းကိုလှပလွန်ပါတယ်။ သူ့ရဲ့ရုပ်သွင်ကို မမေ့နိုင်ခဲ့တာက သူတင်မကပဲ အောက်ဖက်က ရှိရှိသမျှပြိုင်ပွဲ၀င်တွေအားလုံးလဲ အတူတူပါပဲ။ အမျိုးသားအားလုံးရဲ့အိပ်မက်လို့ပြောလို့ရမယ်ဆိုရင်တော့ လွန်ရာမကြပါဘူး။
” ယွိဟောင် ငါတို့တစ်ယောက်နဲ့တစ်ယောက် ခင်လာတာအချိန်ဘယ်လောက်ကြာပြီလဲ ”
၀မ်သုန့်က နောင်တရတဲ့အသံနဲ့ ပြောလာခဲ့ပါတယ်။
” သုံးနှစ်ရှိပြီ ငါတို့အပြင်နယ်မြေမှာသာ ဆက်နေဦးမယ်ဆိုရင် ဒီနှစ်အဆုံးမှာ စတုတ္ထတန်းကိုတက်ရတော့မှာ ”
၀မ်သုန့်လဲ ခေါင်းညိတ်နေခဲ့ပါတယ်။ ဒါပေမယ့် သူဖက်ထားတာကို လွှတ်ဖို့စိတ်ကူးရှိသေးပုံမပေါ်ပါဘူး။
” ဟုတ်တယ် သုံးနှစ်ရှိပြီ ဒီသုံးနှစ်မှာ ငါအိမ်ပြန်တဲ့ကျောင်းပိတ်ရက်တွေကလွဲပြီ မင်းနဲ့အတူအမြဲတမ်းရှိနေခဲ့တာ…ဒါပေမယ့် မင်းက အခုငါနဲ့နှစ်နှစ်ခွဲတောင် ခွဲရတော့မယ်…ဒီနှစ်နှစ်ခွဲကြာပြီတဲ့နောက် ငါတို့တွေဘယ်လိုဖြစ်ကုန်ကြမှာလဲ ”
” ဒီလိုပဲဆက်ပြီဖက်ထားဖြစ်ဦးမှာလား ”
” မင်းကတော့လေ ”
၀မ်သုန့်က ရုတ်တရက်ဆိုသလို လွှတ်လိုက်ပြီတဲ့နောက် တွန်းထုတ်လိုက်ပါတယ်။
” ငါအဲ့ဒီအကြောင်းပြောနေတာမဟုတ်ဘူးမင်းသိမှာပါ ”
” ၀မ်သုန့် ငါတို့ရဲ့ ညီနောင်ဆက်ဆံရေးက ပြောင်းလဲမှာမဟုတ်ဘူး…နှစ်နှစ်ခွဲပဲကြာကြာ နှစ်နှစ်ဆယ်ပဲကြာကြာ တစ်ခေါက်ညီနောင်ဖြစ်ခဲ့ဘူးရင် အမြဲတမ်းညီနောင်ပဲ ငါတို့ရဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းစွမ်းရည်ကို စတင်ဖန်တီးလိုက်တဲ့အချိန်ကစလို့ ကံကြမ္မာကသတ်မှတ်ပေးလိုက်တဲ့ ညီနောင်တွေဖြစ်သွားပြီ ငါတို့ရဲ့ကံကြမ္မာတွေက အမြဲတမ်းထာ၀ရချိတ်ဆက်နေကြမှာပဲ ”
အပိုင်း ၁၅၃• ၂ ပြီး၏။