Switch Mode

Chapter – 153.1

နှလုံးသားချင်းရင်းနှီးတဲ့သူငယ်ချင်းများကနေ ခွဲခွာခြင်း

အပိုင်း ၁၅၃•၁

” နှလုံးသားချင်ရင်းနှီးတဲ့သူငယ်ချင်းများကနေ ခွဲခွာခြင်း ”
°°°
လက်ရှိအခြေအနေတွေအားလုံးအတွက် ဟို့ယွိဟောင်ကို စိတ်ပူနေကြပါတယ်။ အကြီးအကဲရွှမ်တောင်မှ သူ့ကိုဖြောင်းဖျဖို့ကြိုးစားခဲ့ပေမဲ့ ဟို့ယွိဟောင်က ရှိသမျှစိတ်ခံစားချက်တွေအားလုံးကို ချိတ်ပိတ်လို့ထားခဲ့ပြီ ကျင့်ကြံမှုမှသာ ရူးရူးသွပ်သွပ်မြုပ်နှံထားတာကို တွေ့ရှိခဲ့ရတယ်။ ဒါပေမယ့် ဒီအချိန်ကာလအတွင်းမှာ ဟို့ယွိဟောင်ရဲ့တိုးတက်မှုကတော့ ဘယ်သူမှငြင်းလို့မရနိုင်ပါဘူး။ သူက တည်ငြိမ်ပြီအေးစက်နေခဲ့သလို သူ့ခန္ဓာကိုယ်ကို ၀ိညာဥ်လက်နက်တစ်ခုလိုမျိုး အသုံးချရင်း မနားမနေကြိုးစားအားထုတ်လို့နေခဲ့ပါတယ်။

ဆရာတွေအားလုံးက သူ့ကိုအနားယူဖို့အတွက် အကြံပြုကြပေမဲ့ သူကတော့လုံး၀နားမထောင်ခဲ့ပါဘူး။ အချိန်တိုင်းမှာမနားမနေလေ့ကျင့်ချင်နေတာကြောင့် ဘယ်သူကမှသူ့ကိုဖြောင်းဖျလို့မရပဲရှိနေခဲ့ပါတယ်။

°°°
မရေမတွက်နိုင်တဲ့ ရွှေရောင်အလင်းတန်းတွေက ကောင်းကင်ပေါ်မှာဖြာကျလို့လာခဲ့ပြီ ဟို့ယွိဟောင်ရဲ့အရှေ့မှာရှိနေခဲ့တဲ့ တောင်ကျောက်ဆောင်ကြီးတစ်ခုက အက်ကွဲလို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်လဲ သူ့ရဲ့ကိုယ်ပိုင်ဖန်တီးထားတဲ့ ၀ိညာဥ်လက်နက်ကို ဘေးဖယ်လိုက်ပါပြီ။

အောင်မြင်သွားခဲ့ပြီ ဒါကသူအောင်အောင်မြင်မြင်ဖန်တီးလိုက်နိုင်တဲ့ ပထမဆုံးသောအဆင့်ခြောက်၀ိညာဥ်လက်နက်ပါ။ ဒါကိုအသုံးပြုချိန်မှာထိန်းချုပ်ဖို့အတွက် ကံကြမ္မာမျက်လုံးကို သုံးရပေမဲ့ သူအောင်မြင်ခဲ့ပါပြီ။

” ဟို့ယွိဟောင် ”

အကြီးအကဲရွှမ်ရဲ့အသံကို သူကြားလိုက်ရပါတယ်။ ဟို့ယွိဟောင်လဲ ရပ်တန့်လိုက်ပြီ လှည့်ကြည့်လိုက်ချိန်မှာတော့ အကြီးအကဲရွှမ်ကို မြင်လိုက်ရပါတယ်။ သူလဲ တလေးတစားနဲ့အရိုအသေပြုလိုက်ပါတယ်။

” ငါနောက်ကိုလိုက်ခဲ့ ပင်လယ်နတ်ဘုရာခန်းမဆောင်ကိုသွားမယ် ”

ဟို့ယွိဟောင်လဲ ဘာတွေဘယ်လိုဖြစ်နေလဲ မသိတော့ပါဘူး။

” ဒါပေမယ့် ကျွန်တော်လေ့ကျင့်ဖို့လိုသေးတယ်…ကျွန်တော်မပြီးသေးတဲ့အတန်းစာမေးပွဲဆယ်နှစ်ကြိမ်တောင်ရှိပါသေးတယ် ”

” ဒါကအမိန့်ပဲ အကြီးအကဲမုရဲ့ဆန္ဒကို ဒီလိုလုပ်နေရုံနဲ့ မင်းဖြည့်စည်းပေးနိုင်မယ်ထင်နေလား အချိန်သုံးလ ဒီသုံးလလုံးလုံးမင်းရူးသွပ်နေခဲ့တာ ဒီအတိုင်းဆက်သွားမယ်ဆိုရင် မင်းရဲ့စိတ်နဲ့ခန္ဓာကိုယ်က ပြိုလဲသွားလိမ့်မယ်…အကြီးအကဲမုရဲ့ဆန္ဒကိုလဲ ဖြည့်စည်းပေးနိုင်မှာမဟုတ်ဘူး…မင်းသေမှာကို ငါထိုင်ကြည့်နေရမှာလား ဒါ့အပြင် အခုလက်ရှိအချိန် မင်းလုပ်ဖို့လိုတဲ့အရေးကြီးအရာရှိနေတယ်…ဒီတော့အခုပုံစံနဲ့ မင်းဆက်ပြီလေ့ကျင့်လို့မရဘူး ”
အကြီးအကဲရွှမ် ဒေါသတကြီးနဲ့ ပြောလာခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ တစ်ကိုယ်လုံးတုန်ရီလို့သွားခဲ့ပြီတဲ့နောက် သူဖြည်းဖြည်းချင်းလှည့်ရင်း လျှောက်လာခဲ့ပါတယ်။ သူ့ရဲ့နှုတ်ခမ်းကတော့ ဆက်တိုက်ဆိုသလို ပြောနေခဲ့တယ်။

” ငါလေ့ကျင့်ချင်တယ် ငါလေ့ကျင့်ချင်တယ် ”

သူပြောရင်းနဲ့ သူ့ရဲ့အရှိန်နှုန်းက ပိုမိုမြန်ဆန်လာခဲ့ပါပြီ။

အကြီးအကဲရွှမ်ရဲ့မျက်လုံးထဲမှာကတော့ နာကျင်တဲ့အကြည့်တစ်ချက်က ဖြတ်ပြေးလို့သွားခဲ့ပါတယ်။ တကယ်ကို စိတ်ခံစားချက်ပြင်းထန်လွန်တဲ့ ကလေးပါလား အပေါ်ယံမှာသူက ဟို့ယွိဟောင်ကို မာကြောနေခဲ့ပေမဲ့ ဒီနာကျင်မှုကို ဘယ်လိုလုပ်မမြင်ပဲနေမှာလဲ။ အကြီးအကဲမုကိုယ်စား သူဂုဏ်ယူနေမိသလို ဒီလိုတပည့်ကောင်းရှိတဲ့အတွက်လဲ မနာလိုဖြစ်မိပါတယ်။

အကြီးအကဲရွှမ်က ဟို့ယွိဟောင်အနောက်ကို ရောက်လာခဲ့ပြီ သူ့ကိုဆွဲခေါ်ရင်းပျောက်ကွယ်လို့သွားခဲ့ပါပြီ။ အကြီးအကဲရွှမ်က လုံး၀အပြတ်အသတ်အားသာနေခဲ့ပေမဲ့ ဟိုယွိဟောင်ကလဲ ချက်ချင်းဆိုသလို ပြန်လည်တုန့်ပြန်နိုင်ပါတယ်။ သူ့ရဲ့ခြေထောက်က အရှေ့ကိုတိုးသွားခဲ့ပြီ ပြင်းထန်တဲ့အဖြူရောင်အလင်းတန်းက တစ်ကိုယ်လုံးကိုဖုံးလွှမ်းရင်း တောက်ပလို့လာပါတယ်။

ဘယ်ဘက်ခြေဖျားလေးတွေကို အဓိကဗဟိုပြုရင်း သူ့ခန္ဓာကိုယ်က တစ်ပတ်လည်ထွက်လို့သွားပါတော့တယ်။ ဒါ့အပြင် အကြီးအကဲရွှမ်ဆီကို ရှည်လျားတဲ့ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက ထိုးထွက်လို့လာခဲ့ပါပြီ။ ဒါကအသိစိတ်ကနေ အလိုအလောက်တုန့်ပြန်နိုင်တဲ့ တိုက်ခိုက်မှုပါပဲ။

သူ့ရဲ့လက်သည်းတွေက လွန်ခဲ့တဲ့နှစ်တွေမှာ ပိုမိုပြီသန်မာလာခဲ့သလို အခုလက်ရှိအချိန်မှာ သူ့နဲ့တစ်သားထဲဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် ရွှေရောင်ရေခဲအစိုင်အခဲတွေက လက်သည်းတွေပေါ်မှာရှိနေခဲ့တာကြောင့် ဟို့ယွိဟောင်ပေါင်းစပ်တာအောင်မြင်သွားပြီမှန်း သိသာနေခဲ့တယ်။ ဒီလုံး၀မတူညီတဲ့ ၀ိညာဥ်စွမ်းရည်နှစ်ခုက တစ်ခုက၀ိညာဥ်အရိုးကလာတာဖြစ်ပြီ တစ်ခုက၀ိညာဥ်စက်ကွင်းကနေရတာပါ။ အဆုံးစွန်းရေခဲနဲ့ သံသတ္ထုပေါင်းစပ်ထားတာပါပဲ။

ရေခဲဧကရီရဲ့ ဆူးချွန်ကို အကြောက်တရားလက်သည်းနဲ့ပေါင်းစည်းလိုက်တဲ့အင်အားက သူတို့ရဲ့စွမ်းအားကို အပြည့်အ၀ပေါင်းစပ်လို့သွားစေခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ပြောင်းလဲမှုဖြစ်ပြီတဲ့နောက် အားလုံးက အကြီးအကဲရွှမ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေခဲ့တယ်။

ဟို့ယွိဟောင်က ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်လာဖို့ အလောမကြီးပေမဲ့ အခုလက်ရှိအချိန်မှာ ဒီလိုဖြစ်ပေမဲ့ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ထဲက ဘယ်သူမှသူကိုအနိုင်မယူနိုင်ကြပါဘူး။

ပေ့ပေ့ရဲ့ တောက်ပရောင်စဥ်မြင့်မြတ်နဂါးရော ရှုစန်းရှီရဲ့ နိုးထလာတဲ့ရွှမ်၀ူလိပ်နတ်နှစ်ခုက သူ့ကိုဖိနှိမ့်နိုင်ရုံလောက်သာ အများဆုံးတတ်နိုင်ပါတယ်။

ဒါက ဟို့ယွိဟောင် ဘယ်၀ိညာဥ်လက်နက်ကိုမှသုံးမထားတဲ့ အခြေအနေပါပဲ။ ပေ့ပေ့နဲ့ ရှုစန်းရှီတို့နှစ်ယောက်စလုံးက ၀ိညာဥ်ဘုရင်တွေဖြစ်ကြသလို အနှိမ့်ပိုင်း၀ိညာဥ်ဧကရာဇ်တွေကိုလဲ တိုက်ခိုက်နိုင်တဲ့အစွမ်းအစရှိပါတယ်။ အစောပိုင်းစမ်းသပ်မှုပြီတဲ့နောက် ဟို့ယွိဟောင်က အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်လာပြီလို့ သတ်မှတ်လို့ရနိုင်သလို သူက၀ိညာဥ်ဧကရာဇ်တစ်ယောက်နဲ့ တူညီနေတဲ့အစွမ်းအစရှိနေမှာပါ။

ဟို့ယွိဟောင် ၀ိညာဥ်စက်ကွင်းလေးကွင်းမြောက်ကိုရသွားခဲ့မယ်ဆိုရင် သူ့ရဲ့အင်အားတွေက ပေ့ပေ့ ရှုစန်းရှီတို့နဲ့အဆင့်တူဖြစ်သွားလိမ့်မယ်။ အမှန်တကယ်မှာတော့ သူက အားလုံးထက်ကိုနည်းနည်းပိုသာနေခဲ့ပါသေးတယ်။ ၀မ်သုန့်နဲ့ ယှဥ်မယ်ဆိုရင်တောင် ပိုသာနေခဲ့တာပါ။ သိုင်းပညာ၀ိညာဥ်မှာရော ၀ိညာဥ်လက်နက်ဌာနမှာရော သူ့ရဲ့စွမ်းအားတွေကဖြည်းဖြည်းချင်းမြင့်တက်လာနေခဲ့ပါတယ်။

အကြီးအကဲရွှမ်ကတော့ အကြောက်တရားလက်သည်းတွေနဲ့မြင်ချိန်မှာအော်ဟစ်လိုက်ပြီ သူ့ရဲ့ပုခုံးကိုခါချလိုက်ပါတယ်။ အ၀ါရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်အပြင်ဘက်ဆီကို ပြန့်ထွက်လို့လာခဲ့ပါပြီ။ ဒီအ၀ါရောင်အလွှာပေါ်လာပြီးပြီချင်မှာတင် အကြီးအကဲရွှမ်ရဲ့ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ်ကို ဝေ၀ါးသွားပါတော့တယ်။

အကြောက်တရားလက်သည်းတွေရဲ့ တစ်ချွင်ချွင်မြည်သံတွေက အ၀ါရောင်အလင်းတန်းကို ထိတွေ့ချိန်မှာထွက်ပေါ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ နောက်ဆုံးမှာတော့ သူဘာလုပ်မိသွားမှန်း သတိပြန်၀င်သွားပြီတဲ့နောက် လှုပ်ရှားနေတာတွေကို ရပ်တန့်လိုက်ပါပြီ။

ရွှေအိုရောင်အကြောက်တရားလက်သည်းတွေကလဲ ခပ်မြန်မြန်ပျောက်ကွယ်လို့သွားခဲ့ပါတယ်။ ဒါပေမယ့် အကြီးအကဲရွှမ်ကတော့ သူ့ညာလက်ကိုအသုံးပြုရင်း ဟို့ယွိဟောင်ရဲ့လည်ပင်းကို ရိုက်ချပြစ်လိုက်ပါတယ်။ ရေခဲဧကရီရဲ့ သံချပ်ကာကို ၀တ်ဆင်ထားတာတောင် အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကို သတိလစ်အောင်တော့ရိုက်နိုင်ဆဲပါ။ အဲ့ဒီနောက် ညာလက်ကိုအသုံးပြုရင်း ဆွဲခေါ်လို့သွားပါတော့တယ်။

” ဒီကလေးနားဖို့လိုနေပြီ လွန်ခဲ့တဲ့သုံးလလုံးလုံး အတော်ခက်ခဲခဲ့တယ်တဲ့ ”

တခဏတာကြာပြီတဲ့နောက် အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကို ပင်လယ်နတ်ဘုရားခန်းမဆောင်ဆီပြန်ခေါ်လို့သွားပါတော့တယ်။ သူလဲ ခန်းမသခင်အဖြစ် အောင်အောင်မြင်မြင်ဆက်ခံနိုင်ပြီဖြစ်ပေမဲ့ အကြီးအကဲမုရဲ့မူလအခန်းကို မပြောင်းရွေ့ခဲ့ပါဘူး။ သူ့အခန်းနဲ့သူသာနေခဲ့ပါတယ်။

အဲ့ဒီအခန်းထဲမှာတော့ လူနှစ်ယောက်ရှိနေခဲ့ပါတယ်။ ဖန်းယွီနဲ့ ဟယ့်ချိုက်ထို့ပါ ဟယ့်ချိုက်ထို့ရဲ့အခြေအနေကတော့ အများကြီးပိုပြီးကောင်းလာပါပြီ။ သူ့ရဲ့ကြွက်သားတွေက ချင်းသောသောနဲ့ တစ်ပုံစံထဲပါပဲ။ ညိုမှောင်တဲ့အသားအရေးကလဲ တောက်ပလို့နေခဲ့ပြီ အရင်တုန်းကအတိုင်းပုံစံပေါ်နေခဲ့ပါတယ်။ အရင်နှစ်တွေထက်တော့ ပိုပြီးရင့်ကျက်တည်ငြိမ်လာခဲ့တာအမှန်ပါ။

ဟို့ယွိဟောင်လိုပဲ လွန်ခဲ့တဲ့နှစ်မှာသူအများကြီးကြိုးစားခဲ့သလိုသူလမ်းကိုလဲ ဖြည်းဖြည်းချင်းရှာတွေ့သွားခဲ့ပါပြီ။ ဒီလမ်းစဥ်က သူ့ကိုဖျက်ဆီးမှုရဲ့မူလအစဆိုတဲ့နာမည်ရစေတဲ့အထိ အဆုံးသတ်လမ်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။ အကြီးအကဲရွှမ်က ဟို့ယွိဟောင်ကို ပြစ်တင်လိုက်ပြီတဲ့နောက် စိတ်ငြိမ်ဆေးတချို့ပေးလိုက်ပါတယ်။

” အကြီးအကဲရွှမ် ယွိဟောင်ဘယ်လိုလဲ ”

ဖန်းယွီက မေးလာခဲ့တယ်။

” သူစိတ်အခြေအနေက တင်းမာလွန်နေတယ်…အကြီးအကဲမုသေသွားတာက သူ့အတွက်တော့ တကယ်ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်စေခဲ့တာပဲ ဒါပေမယ့် ကျော်လွှားနိုင်မယ်လို့ယုံကြည်ပါတယ်…လွန်ခဲ့တဲ့သုံးလမှာ သူ့ကိုယ်သူကျင့်ကြံမှုထဲ နှစ်မြုပ်ပြီ ထုံထိုင်အောင်လုပ်နေခဲ့တာ နားခိုင်းမှဖြစ်မယ်…သုံးရက်အတွင်းထွက်ခွာဖို့အတွက်ပြင်ဆင်ရမယ်…ရှောင်ကျဲ့က ကိုယ်တိုင်မင်းတို့ကိုဦးဆောင်ပြီ ထျန်းဟွမ်နိုင်ငံတော်ရဲ့ မေဘယ်သစ်ရွက်မြို့တော်အထိကို လိုက်ပါပို့ဆောင်လိမ့်မယ်…သူကိုယ်တိုင်လဲစောင့်ရှောက်ပေးမှာ ဒါ့အပြင် နေလကျောင်းတော်ရဲ့ တပည့်သားတွေကိုလဲ သူပြန်ခေါ်လာလိမ့်မယ်…ဖန်းယွီဒီတာ၀န်ကြီးကို မင်းလက်ထဲအပ်ရတော့မှာပဲ ”

” အကြီးအကဲရွှမ် ယွိဟောင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေကို တိုးတက်အောင်လုပ်ဖို့ကျွန်တော်တို့မလုပ်တော့ဘူးလား ”

” သူ့ကို သိုသိုသိပ်သိပ်ပဲ နေပါစေ ငါတို့တွေသူ့ကို၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်လာအောင်လုပ်ဖို့ အလျင်လိုစရာမလိုဘူးလေ…သူ့ကိုပိုပြီးအထင်သေးလေကောင်းလေပဲ အရေးကြီးဆုံးကတော့ ငါတို့ကျောင်းတော်သားတွေအနေနဲ့ ပိုပြီးသင်ကြားရမယ်…ပိုပြီးမြင်တွေ့ရမယ်..နည်းနည်းပြောပြီ နည်းနည်းပဲအစွမ်းပြ မှတ်ထားရမယ်..ငါတို့ သူတို့ရဲ့အဓိကအသိပညာတွေကို ကောင်းကောင်းရယူနိုင်မလား မရယူနိုင်ဘူးဆိုတာက မင်းတို့အပေါ်ပဲ မူတည်နေလိမ့်မယ်..နားလည်ရဲ့လား ”

” နားလည်ပါပြီ အကယ်၍ လွန်ခဲ့တဲ့သုံးနှစ်မှာ သူ့အတွက် သင့်တော်တဲ့၀ိညာဥ်သားရဲကောင်ကို ရှာတွေ့ခဲ့မယ်ဆိုရင် ၀ိညာဥ်စက်ကွင်းတစ်ကွင်းထည့်ခိုင်းပါ့မယ်…မဟုတ်ရင်တော့ နေလကျောင်းတော်မှာ တတ်နိုင်သလောက်သိုသိုသိပ်သိပ်ပဲနေပါ့မယ် ”

” ပုံရိပ်ယောင်အစစ်အမှန်ခန်းမကလဲ ငါတို့လိုပဲ ငါတို့ရဲ့အဓိကအသိပညာတွေကို ရရှိစေဖို့အတွက် သူတို့ခန်းမကိုဖွင့်လစ်ပေးတာ ငါတို့ရဲ့အတွင်းနယ်မြေကိုလဲဒီလိုပဲ ဒါ့အပြင် သူတို့က မင်းဘာသင်ကြားနိုင်လဲဆိုတာကို ကန့်သတ်ဖို့အတွက် ကြိုးစားကြမှာမဟုတ်ဘူး…သူတို့တွေက မင်းတို့နားလည်နိုင်တာထက် ပိုပြီးကျော်လွန်နေတဲ့ မြင့်မားတဲ့အသိပညာတွေကို ခွဲထုတ်ပြစ်လိမ့်မယ်…အကယ်၍ သူတို့မင်းကိုဘာတွေသင်ပေးလဲ နားမလည်ဘူးဆိုရင်တောင် နောက်ပိုင်းမှာအသုံးချဖို့အတွက် သေချာမှတ်တမ်းတင်ထားမှဖြစ်မယ်…သူတို့က မင်းကိုစိုးရိမ်နေကြမှာပဲ ချိုက်ထို့နဲ့ ယွိဟောင်ကို အကာအကွယ်အပြည့်ရှိဖို့အတွက် မင်းကိုအဓိကဦးစားပေးတာ၀န်အဖြစ် စေလွှတ်ထားတယ်ဆိုတာ မှတ်ထားနော် ”

” ဟုတ်ကဲ့ပါ ”

အကြီးအကဲရွှမ်က အိပ်ရာပေါ်မှာလဲလှောင်နေတဲ့ ဟို့ယွိဟောင်ကိုကြည့်ရင်းပြောလာခဲ့ပါတယ်။

” အကြီးအကဲမုရဲ့ သေဆုံးမှုက နေလကျောင်းတော်ရဲ့စိတ်ကိုပြောင်းလဲပြစ်လိုက်တယ်…ငါတို့ရဲ့ကျောင်းသားတွေကို အရင်လွှတ်ပြီ သူတို့ကသုံးလအတွင်း သူတို့ကျောင်းသားတွေကို ပြန်ပို့ပေးလိမ့်မယ်…နောက်တစ်ခေါက် တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမစခင်အချိန်လောက်မှာ ဒီအလဲအလှယ်သင်ကြားမှုက ပြီးမှာပဲ ”

” ဒီတစ်ကြိမ်မှာ ငါတို့ကမြို့တော်ကိုရွေးချယ်ခွင့်ရတယ်လို့ကြားတယ်…နေလကျောင်းတော်က အရမ်းကိုနှိမ့်ချပေးထားတယ်…ငါတို့အနေနဲ့ အဆင့်တစ်ဆယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ရဖို့အတွက် အတော်လေးအရေးကြီးနေပြီ နှစ်ဖက်ကျောင်းတော်က ကျောင်းသားဆယ်ယောက်ဆီကို ပို့လွှတ်ကြတယ်…နေလကျောင်းတော်မှာ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်စလုံး လာကြလိမ့်မယ်…ငါတို့ဘက်မှာ အကြီးအကဲမုက ယွိဟောင်ကိုပို့ဖို့အတွက် သဘောတူပြီးပြီ တခြားကျောင်းသားရှစ်ယောက်ကတော့ ယွိဟောင် ဟယ့်ချိုက်တို့အပြင် သေချာဂရုစိုက်ပြီရွေးချယ်မှဖြစ်မယ်…ချိုက်ထို့မင်းက ပုံရိပ်ယောင်အစစ်အမှန်ခန်းမမှာ အထူးချွန်ဆုံးဖြစ်အောင်ကြိုးစားပြီ သူတို့ရဲ့အာရုံစိုက်မှုကို အရယူထား ငါဘာပြောချင်နေလဲနားလည်တယ်ဟုတ် ”

ဟယ့်ချိုက်ထို့က ချက်ချင်းခေါင်းညိတ်လိုက်ပါတယ်။

” အကြီးအကဲရွှမ် ကျွန်တော်နားလည်ပါတယ် ..တခြားကျောင်းသားရှစ်ယောက်က ကျွန်တော်နဲ့ယွိဟောင်ကိုကာကွယ်ဖို့အတွက်ရှိနေခဲ့တာ ယွိဟောင်အတွက် ကာကွယ်ဖို့ပါ အကယ်၍ သူ့ကိုသိုသိုသိပ်သိပ်နေချင်တယ်ဆိုရင် မြင့်မြင့်မားမားရှိနေရမယ် ”

” ဟုတ်ပြီ သွားပြီအရင်ဆုံးပြင်ဆင်လိုက်တော့ ယွိဟောင်ကိုသုံးရက်အတွင်းမှာ မင်းလဲအတူတူပြင်ဆင်ပြီ ပို့လွှတ်ရမယ်. ”

ဖန်းယွီက ခေါင်းညိတ်လိုက်ပေမဲ့ ဟို့ယွိဟောင်ကို စိတ်ပူနေဆဲပါပဲ။ ဒီကလေး သုံးရက်အတွင်းမှာ ပြန်ကောင်းနိုင်ပါ့မလား ဟို့ယွိဟောင် ဒီသုံးလအတွင်းမှာ ကြိုးစားနေခဲ့လဲဆိုတာကို သူအသိဆုံးဖြစ်နေခဲ့ပါတယ်။ ဒီကလေးရဲ့စိတ်က အတော်ကိုပြိုလဲလို့နေခဲ့ပြီ ဆက်တိုက်ကြိုးစားနေခဲ့ရတယ်။ ဖန်းယွီလဲ ဟယ့်ချ်ိုက်ထို့နဲ့အတူထွက်ခွာသွားခဲ့သလို ဟို့ယွိဟောင်နဲ့ အကြီးအကဲရွှမ်ကို အခန်းထဲမှာချန်ထားခဲ့ပါပြီ။

အပိုင်း ၁၅၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset