Switch Mode

Chapter – 152.3

ထန်မျိုးနွယ်ရဲ့ အောင်မြင်မှုအတွက် နေရာပြန်လည်သတ်မှတ်ခြင်း

အပိုင်း ၁၅၂•၃

” ထန်မျိုးနွယ်ရဲ့ အောင်မြင်မှုအတွက် နေရာ​ပြန်လည်သတ်မှတ်ခြင်း ”
°°°
အကြီးအကဲမုရဲ့ငယ်ရွယ်နုပျိုတဲ့ပုံစံက ပေ့ပေ့နဲ့အံ့ဩစရာကောင်းလောက်အောင် တူညီလို့နေခဲ့ပါတယ်။ ဒါပေမယ့် ပိုပြီးတော့တက်ကြွတောက်ပတဲ့ပုံစံရှိနေခဲ့တယ်။ အကြီးအကဲမုရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်းချင်းရွှေရောင်ပြောင်းသွားပြီတဲ့နောက် သူ့ရဲ့ခေါင်းကနေခြေဖျားအထိ ရွှေရောင်နဂါးအကြေးခွံတွေက စတင်ပြီဖြစ်ပေါ်လာပါတော့တယ်။

အကြီးအကဲမုက ခြေလက်တွေကိုမြောက်လိုက်ချိန်မှာတော့ ကြီးမားတောက်ပတဲ့ရွှေရောင်အလင်းတန်းက ကြက်သွေးရောင်အလင်းတန်းအသွင်ကို ပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒီနောက် လိမ္မော်ရွှေရောင် ခရမ်းရွှေရောင် အပြာရွှေရောင်နဲ့ နောက်ဆုံးမှာတော့ မဲနယ်အရောင်ကိုပြောင်းလဲလို့သွားခဲ့ပြီ ရွှေဖြူရောင်အပြည့်အစုံဖြစ်သွားခဲ့ပါတယ်။

အကြီးအကဲမုက ရယ်မောရင်းနဂါးဟိန်းသံတစ်ချက်ကို ထုတ်လွှတ်ပြီတဲ့နောက် ခန္ဓာကိုယ်ကတုန်ခါလို့သွားပါတယ်။ အဲ့ဒီနောက် နဂါးဖြူအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပြီ ခန်းမထဲမှာ သူပျောက်ကွယ်သွားခဲ့ပါပြီ။

အဝေးကနေတောင်ကြီးမားတဲ့နဂါးဖြူကြီးက ကောင်းကင်မှာရှိနေတာကို ထင်ထင်ရှားရှားမြင်နေခဲ့ရပါတယ်။ နေမင်းရဲ့ရောင်ခြည်တောင်မှ ဒီနဂါးရဲ့အလင်းတန်းတွေကြောင့် မှိန်ဖျော့သွားသလိုပါပဲ။

ကျယ်လောင်တဲ့နဂါးဟိန်းသံက ကောင်းကင်မှာပဲ့တင်ထပ်နေဆဲဖြစ်သလို ရွှေရောင်အလင်းတန်းတွေကလဲ ရွှေရောင်သမုဒ္ဒရာကြီးတစ်ခုအဖြစ် ဖန်တီးလို့နေခဲ့ပါတယ်။

ကြောက်စရာကောင်းတဲ့အရှိန်အ၀ါတွေ အပြင်ကိုပြန့်ထွက်လာပြီတဲ့နောက် ရွှေရောင်အလင်းတန်းက အောက်ဖက်ကိုပြန်ထိုးဆင်းလာနေရင်း ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ဖုံးလွှမ်းသွားခဲ့ပါတယ်။

ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲမှာ ရှိနေတဲ့သက်ရှိတွေအားလုံးက ရွှေရောင်မြူခိုတွေနဲ့ ဖုံးလွှမ်းခံလိုက်ရပါပြီ။ သန့်စင်တဲ့အလင်းစွမ်းအားက သူ့တစ်ကိုယ်လုံးကို သန့်စင်ပေးလိုက်မှန်း ခံစားလိုက်ရပါတယ်။ ၀ိညာဥ်စွမ်းအားတွေကလဲ ဖိနှိမ့်ခံထားရကနေ မြင့်တက်လို့လာပြီ ကျင့်ကြံမှုတွေလဲ တိုးမြင့်လို့လာခဲ့ပါတယ်။

ရန်ရှောင်ကျဲ့ရဲ့အသံက ခပ်မြန်မြန်ပဲ ထွက်ပေါ်လာခဲ့ပါတယ်။

” အားလုံးပဲ တင်ပလ္လင်ခွေချိတ်ထိုင်ရင်း တရားထိုင်ကြမယ် ”

သူက ၀မ်းနည်းပူးဆွေးနေပေမဲ့ အခုလက်ရှိအချိန်မှာကတော့ လုံး၀အမိန့်ပေးနေတဲ့အသံပေါ်နေခဲ့ပါတယ်။ ဒါက အကြီးအကဲမုအနေနဲ့ ကျောင်းတော်ကိုပေးတဲ့နောက်ဆုံးသောလက်ဆောင်ပါပဲ။

အားလုံးလဲစတင်ပြီ ၀ိညာဥ်စွမ်းအားကို လှည့်ပတ်ရင်းတရားထိုင်ကြပါတော့တယ်။

ဟို့ယွိဟောင်ကတော့ သူများနဲ့မတူပဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အပေါ်မှာရှိတဲ့နဂါးကြီးကိုသာ ပြေးထွက်ပြီကြည့်နေခဲ့ပါတယ်။ အဝေးကနေထွက်ပေါ်နေတဲ့ပုံရိပ်ကြီးကိုကြည့်ရင်း ဟို့ယွိဟောင်က အရမ်းကို၀မ်းနည်းနေခဲ့မိတယ်။

” ဆရာ ဆရာ ”

ဒါပေမယ့် သူ့အသံကအပြင်ကိုမထွက်လာခဲ့ပါဘူး။ နှုတ်ခမ်းဖျားမှာတင် ပျောက်ကွယ်လို့သွားခဲ့တယ်။

အဖြူရောင်နဂါးကြီးက သူ့ကိုကောင်းကင်ပေါ်ကနေ မြင်နေပုံပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်ကြီးကို ဝှေ့ရမ်းရင်း တောင်ဖက်စွန်းစွန်းဆီကို ထွက်ခွာလို့သွားခဲ့ပြီ ကြယ်တာရာသစ်တောဆီကို သူကထွက်သွားခဲ့တာပါ။

နောက်ထပ် နဂါးအော်သံတစ်သံလဲ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ကြောက်စရာကောင်းတဲ့နဂါးဟိန်းသံကြီးက အနီးအနားပတ်ပတ်လည်ရဲ့ တိမ်တွေအားလုံးကိုတောင်ပြိုကွဲသွားစေခဲ့တယ်။

°°°°
မဟာကြယ်တာရာသစ်တောအတွင်းနယ်မြေ ထိပ်တန်းသားရဲကောင်တို့ရဲ့ ကန့်သတ်နယ်မြေဗဟိုချက်မှာတော့ အသန်မာဆုံးသားရဲကောင်ကြီးက ခေါင်းကိုဖြည်းဖြည်းချင်း မော့ကြည့်နေခဲ့ပါတယ်။ သူက မြောက်ဖက်အရပ်ကိုအလေးအနက်အာရုံစိုက်နေခဲ့တာပါ။ အမှောင်ထုရဲ့အင်အားတွေက ရုတ်တရက်မြင့်တက်လို့လာခဲ့ပြီ လေနဲ့ပေါင်းစည်းရင်းနဂါးအသွင်ကို ပြောင်းသွားပါတော့တယ်။ နဂါးတစ်ကောင်ရဲ့ အော်သံလဲထွက်ပေါ်လာခဲ့ပေမဲ့ ခပ်မြန်မြန်ပဲ ပျောက်ကွယ်လို့သွားခဲ့ပါတယ်။

အမှောင်ထုရဲ့ အရှိန်အ၀ါက ကန့်သတ်နယ်မြေတစ်ခွင်ကို ဖုံးလွှမ်းလို့သွားခဲ့ပြီ တောက်ပရောင်စဥ်နဂါးရဲ့ အလင်းတန်းတွေအားလုံးကိုမက အော်သံကိုပါ တားဆီးလိုက်ပါတယ်။

ကန့်သတ်နယ်မြေရဲ့အလယ်မှာတော့ လူတစ်ယောက်က အေးအေးဆေးဆေးရှိနေခဲ့ပါတယ်။ အဲဒီလူက ဒူးတစ်ဖက်ကိုထောက်ထားခဲ့ပြီ ရွှေရောင်ဆံပင်တွေကတော့ ကျောဖက်မှာ၀ဲကျလို့နေခဲ့တယ်။ သူ့ခန္ဓာကိုယ်က သုံးမီတာကျော်မြင့်မားတဲ့အပြင် ဆွဲဆောင်မှုရှိပြီ တင်းမာပြတ်သားလွန်တဲ့ရုပ်ရည်က မဖော်ပြနိုင်လောက်တဲ့ ဩဇာအရှိန်အ၀ါတွေကို ပိုင်ဆိုင်ထားသလိုပါပဲ။ သူက ဒူးထောက်နေပေမဲ့ ဘယ်၀ိညာဥ်သားရဲကောင်ကမှ သူ့ကိုအထင်မသေး၀ံ့ကြပါဘူး။

” သခင်ကြီးနောက်ဆုံးတော့နိုးလာပြီလား ”

ရွှေရောင်ဆံပင်နဲ့လူက တလေးတစားနဲ့ပြောနေခဲ့ပါတယ်။

” တိထျန်း ငါက အဲ့ဒီတောက်ပရောင်စဥ်မြင့်မားနဂါးရဲ့အရှိန်အ၀ါကြောင့် အိပ်စက်နေတာကို ခဏတာအဆုံးသတ်လိုက်တာ တကယ်တော့ အနားယူနေတာ အပြည့်အ၀မပြီးသေးဘူး..မှတ်ထားလိုက် ငါအိပ်စက်နေတဲ့အချိန်အတွင်း အမျက်ဒေါသကျောင်းတော်ကိုသွားပြီ ရန်မရှာမိစေနဲ့ ”

တိထျန်းဆိုတာ ဧကရာဇ်သားရဲကောင်ကို အကြီးအကဲရွှမ်ဖမ်းမိတဲ့အချိန်တုန်းက ရှောက်ရှိလာခဲ့ဖူးတဲ့အင်အားကြီးသူပါပဲလား။ သူက အခုလူသားအသွင်ရှိနေခဲ့ပါတယ်။

” သခင်ကြီး သူကငါတို့ကို ခြိမ်းခြောက်နေတာပါ ငါတို့ကသူ့ကိုကြောက်နေမှာလား ”

တိထျန်းကတော့ မကျေမနပ်ဖြစ်နေပုံပါပဲ။ သူတစ်ကိုယ်လုံးရွှေရောင်အလင်းတန်းတွေက ဖြာထွက်လာခဲ့ပါတယ်။

” မဟုတ်ဘူး…ကန့်သတ်လွန်နေတဲ့သော့်လော့တစ်ယောက်ထဲနဲ့ မဟာကြယ်တာရာသစ်တောကြီးတစ်ခုလုံးကို ထိတ်လန့်အောင်လို့ ဘယ်လိုလုပ်နိုင်မှာလဲ ဒါပေမယ့် အရေးကြီးတဲ့ကိစ္စကတော့ အမျက်ဒေါသကျောင်းတော်က ဒီနေရာနဲ့ ချိတ်ဆပ်နေတယ်…ငါရဲ့စကားတွေကိုမှတ်ထား ငါရဲ့ကျင့်ကြံမှုက အ​ရေးကြီးတဲ့အချိန်ကိုရောက်နေပြီ နှစ်ပေါင်းတစ်သောင်းအတွင်းမှာ ငါပြန်လည်နိုးထလာလိမ့်မယ်…အဲ့ဒီအချိန်မှာ လူသားတွေရဲ့အုပ်ချုပ်မှုကလဲ အဆုံးသတ်ပြီပဲ ”

” ကောင်းပါပြီ ”

ကောင်းကင်ဧကရာဇ်တိထျန်းက တလေးတစားပြန်ဖြေလိုက်ပါတယ်။ ဒါပေမယ့် မျက်လုံးထဲမှာကတော့ ဓားသွားလိုအကြည့်တွေက စူးစူးရှရှထွက်ပေါ်နေခဲ့တယ်။

” နှစ်ပေါင်းတစ်သောင်းဆိုတာက ကြာရှည်လွန်တယ်…အခွင့်အရေးကို အခုပဲအမိအရယူရမယ် ”

အမှောင်ထုရဲ့ အင်အားတွေက ပျောက်ကွယ်လို့သွားခဲ့ပြီ အရာအားလုံးလဲ ပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီ။ တိထျန်းကတော့ အမျက်ဒေါသကျောင်းတော်ရှိရာဘက်ကို ရပ်ကြည့်နေခဲ့ပါတယ်။

°°°°
တောင်ပရောင်စဥ်မြင့်မြတ်နဂါးက တောင်ဖက်အရပ်ဆီကိုကြည့်နေရာကနေ အောက်ဖက်မှာရှိတဲ့ ဟို့ယွိဟောင်ဆီကို ပြန်လှည့်လာခဲ့ပြီတဲ့နောက် ပင်လယ်နတ်ဘုရားခန်းမဆောင်ဆီကို ထိုးဆင်းလာခဲ့ပါတယ်။ ဒီအချိန်မှာ ပင်လယ်နတ်ဘုရားခန်းမဆောင်တစ်ခုလုံးက ရွှေရောင်ဖြာထွက်နေခဲ့တာပါ။ အသံတစ်သံမှမထွက်တဲ့အပြင် ကြီးမားတဲ့အဖြူရောင်နဂါးကြီးက ကောင်းကင်ကအလင်းတန်းတွေနဲ့အတူတူ ပျောက်ကွယ်လို့သွားပါတော့တယ်။

အကြီးအကဲမုရဲ့အသံကတော့ ဟို့ယွိဟောင်ရဲ့နားထဲမှာ ကြားယောင်လာခဲ့ပါပြီ။

” ကလေး ငါမင်းကိုနောက်ဆုံးလက်ဆောင်တစ်ခုပေးမယ် ”

သူရှေ့မှာရွှေရောင်အလင်းတန်းအပိုင်းတွေကိုသာ မြင်တွေ့နေခဲ့ရပြီတဲ့နောက် ပြင်းထန်လွန်လှတဲ့ ၀မ်းနည်းမှုကြောင့် သတိလစ်မေ့မြောသွားပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ကို အပူလှိုင်းတွေက ခပ်မြန်မြန်ပဲ သိမ်းပိုက်ပြီကြီးစိုးလို့လာခဲ့တယ်။

မရေမတွက်နိုင်တဲ့ ရွှေရောင်အလင်းတန်းတွေက ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ စုစည်းပြီတဲ့နောက် ၀င်ပေါက်မှာကြီးမားတဲ့ရွှေရောင်ပုံရိပ်ကြီးက ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒီပုံရိပ်ကြီးကတော့ တောက်ပတဲ့သစ်ပင်တစ်ပင်ပါပဲ။ မီတာတစ်ရာကျော်မြင့်မားတဲ့ အဲ့ဒီသစ်ပင်ကြီးက အပြင်ကိုအကိုင်အခက်တွေအများကြီးဖြာထွက်နေခဲ့ပြီ ခန်းမဆောင်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းနဲ့ ဖုံးအုပ်လိုက်ပါတော့တယ်။ ဒီပုံရိပ်ယောင်နဂါးပျောက်ကွယ်သွားပြီတဲ့နောက် အလင်းတန်းအရှိန်အ၀ါတွေကလဲ ဖြည်းဖြည်းချင်းမှိန်ဖျော့လို့လာခဲ့ပြီ သစ်ပင်ရဲ့ပုံစံကလဲ ကျုံ့၀င်လာကာ နောက်ဆုံးမှာတော့ ပျောက်ကွယ်လို့သွားပါတော့တယ်။

အားလုံးကပုံမှန်အတိုင်း ဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် ဒီပုံမှန်ဖြစ်တဲ့အခြေအနေတွေထဲမှာ တစ်စုံတစ်ရာကတော့ ပျောက်ဆုံးနေခဲ့ပါတယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ခန်းမသခင်ကန့်သတ်မဲ့သော့်လော့နဂါးနတ်ဘုရားသော့်လော့ဖြစ်သူ အသန်မာဆုံးသော တောက်ပရောင်စဥ်မြင့်မြတ်နဂါးအကြီးအကဲမုက ပျောက်ဆုံးလို့သွားခဲ့ပါပြီ။

အကြီးအကဲမု ကွယ်လွန်သွားပြီတဲ့နောက် အမျက်ဒေါသကျောင်းတော်ရဲ့ ကြီးမားတဲ့ထောက်တိုင်ကြီးတစ်တိုင်က ပြိုလဲသွားတော့မှာပါ။ ပင်လယ်နတ်ဘုရားကျွန်းပေါ်မှာတော့ ၀မ်းပမ်းတနည်းငိုကြွေးနေတာသာ ကျန်ရှိပါတော့တယ်။

ဟို့ယွိဟောင် သတိပြန်ရလာချိန်မှာတော့ သူက ခန်းမဆောင်ရဲ့အခန်းတစ်ခုထဲမှာ ရောက်နေခဲ့ပါပြီ။ အကြီးအကဲမုက သူ့ကိုဘယ်လိုကောင်းကောင်းသင်ကြားပေးခဲ့လဲဆိုတာကို ချက်ချင်းဆိုသလို ပြန်ပြီတွေးတောမိလိုက်ပါတယ်။ လက်ရှိအချိန် ၀မ်သုန့်ကလဲ သူ့ရဲ့ဘေးနားမှာ အိပ်ပျော်နေခဲ့တယ်။ ဒါပေမယ့် မျက်နှာပေါ်ကတော့ မျက်ရည်စီးကြောင်းနှစ်ကြောင်းက ရှိနေဆဲပါပဲ။ သတိပြန်၀င်၀င်လာချင်မှာပဲ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က တုန်ရီလို့သွားကာ မျက်ရည်တွေစီးကျလို့လာခဲ့ပါတယ်။

” ဆရာထွက်ခွာသွားပြီ ဆရာဒီလိုလန့်စရာကောင်းတဲ့ပုံစံနဲ့ ထွက်ခွာသွားပြီပဲ ”

ဟို့ယွိဟောင်က ငိုကြွေးရင်းနဲ့ ၀မ်သုန့်ကိုနိုးလိုက်မိပါတယ်။ သူတို့နှစ်ယောက်လဲအတူတူဖက်ပြီတော့ ငိုကြွေးကြပြန်ပါပြီ။ ဆယ်ငါးမိနစ်ကျော်ကြာတဲ့အထိ ငိုကြွေးနေပြီတဲ့နောက်မှသာ တည်ငြိမ်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်က အရင်အပြင်ကိုခုန်ထွက်လိုက်ပါတယ်။

” ဆရာက ဘယ်လိုလုပ်ဒီလိုမျိုးဆုံးပါးသွားရတာလဲ ဒါကအဆုံးသတ်သွားတာလား ”

၀မ်သုန့်ကတော့ ခေါင်းငုံ့နေရင်းပြောလာခဲ့ပါတယ်။

” ဆရာကအလင်းစွမ်းအားအဖြစ် ပြောင်းလဲသွားပြီ ရွှေသစ်ပင်နဲ့ ပေါင်းစပ်သွားတာ သူက လုံး၀ကြီးသေသွားတာတော့မဟုတ်ဘူး…ပြောခဲ့သလိုပဲ သူကအမြဲတမ်းငါတို့ကိုစောင့်ကြည့်နေတယ်…သူ့ရဲ့အင်အားတွေက ရွှေသစ်ပင်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီ ”

ဟို့ယွိဟောင် ခေါင်းညိတ်လို့နေခဲ့ပါတယ်။

” ဟုတ်တယ် ဆရာကမသေသေးဘူး…သူသေမှာမဟုတ်ဘူး သူဆက်ပြီအသက်ရှင်ရမှာပဲ ခန္ဓာကိုယ်ပြောင်းသွားရုံတင်ပြောင်းသွားတာ ”

ဟို့ယွိဟောင် ခပ်မြန်မြန်ပဲ ဒူးထောက်ရင်းနဲ့ သုံးကြိမ်သုံးခါတိတိဦးတိုက်ပြီကန်တော့လိုက်ပါတယ်။

” ဆရာကိုကျွန်တော်စိတ်မပျက်စေရဘူး အမျက်ဒေါသကျောင်းတော်က ကျွန်တော်အိမ်ပဲ အမြဲတမ်းကျွန်တော်ရဲ့အိမ်ဖြစ်နေမှာ ကျောင်းတော်အတွက် ထန်မျိုးနွယ်အတွက် ကျွန်တော်ရှိရှိသမျှအရာအားလုံးကို ပုံအောပြီကြိုးစားမယ် ”

ဟို့ယွိဟောင်က ပြောပြီတဲ့နောက် ရုတ်တရက်ထရပ်လိုက်ပါတယ်။ ၀မ်သုန့်ရဲ့လက်ကိုဆွဲပြီတဲ့နောက် သူစိတ်အားထက်သန်မှုအပြည့်နဲ့ ပြောလာတော့တယ်။

” ၀မ်သုန့် စပြီလေ့ကျင့်ရအောင် ငါတို့ဆရာကို စိတ်ပျက်စေလို့မဖြစ်ဘူး ”

ဟို့ယွိဟောင်တစ်ခုခုဖြစ်နေမှန်း ၀မ်သုန့်သိပါတယ်။ ဒါပေမယ့် အခုလက်ရှိအချိန်မှာ ဒါကိုဘယ်လိုလုပ်ပြောလို့ထွက်မှာလဲ ဟို့ယွိဟောင်ရဲ့စိတ်ကိုသူနားလည်တဲ့အပြင် သူ့ရဲ့နောက်ခံအကြောင်းကိုလဲ သိနေခဲ့တဲ့အတွက် ဒီနာကျင်မှုတွေလျော့ပါးသွားအောင် လုပ်ဖို့သာ ဆုံးဖြတ်လိုက်တယ်။

၀မ်သုန့်လဲ ခေါင်းညိတ်ရင်းနဲ့ သူတို့လက်တွေထိလိုက်ချိန်မှာ အင်အားက စတင်ထွက်ပေါ်လာခဲ့ပါပြီ။ ဒါပေမယ့် သူတို့စတင်ချိန်မှာပဲ ဟို့ယွိဟောင်က ငိုကြွေးပါတော့တယ်။ သူဒါကိုမထိန်းချုပ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့၀ိညာဥ်စွမ်းအားက အဆင့်လေးဆယ်ရဲ့တစ်၀က်မှာရှိနေတာကို ခံစားမိလို့ပါ။ အကြီးအကဲမု မဆုံးပါးခင်တုန်းက ဘာပြောခဲ့လဲသူမှတ်မိပါတယ်။ ဒါက အကြီးအကဲမု သူ့ကိုနောက်ဆုံးပေးထားတဲ့လက်ဆောင်ပါပဲ။ အဆင့်လေးဆယ်ကိုရောက်ဖို့ဆိုရင် အနည်းဆုံးသုံးလကနေ နှစ်၀က်လောက်အထိ ထပ်ပြီတော့သူကျင့်ကြံရဦးမှာပါ။ ဒါပေမယ့် အခုတော့အကြီးအကဲမုရဲ့အကူအညီနဲ့ အဆင့်လေးဆယ်ကို ချက်ချင်းရောက်သွားခဲ့ပါတယ်။

၀မ်သုန့်လဲ ဒီအပြောင်းအလဲတွေကို ခံစားမိတဲ့အတွက် ပြောလာခဲ့တယ်။

” ယွိဟောင် ငါတို့ဒါကိုစိတ်ထဲသေချာမှတ်ထား ဆရာကငါတို့ကိုစောင့်ကြည့်နေတာ သူ့ကိုစိတ်မပျက်စေဘူးမလား ဒါဆိုရင် စပြီလေ့ကျင့်ကြစို့ ”

ဟို့ယွိဟောင် နောက်တစ်ကြိမ် စိတ်ပိုင်ဆိုင်ရာပြောင်းလဲမှုဖြစ်မှာကို သူစိုးရိမ်မိပါတယ်။ ဟောင်သုန့်စွမ်းအားက ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကို ၀င်ရောက်လို့လာခဲ့ရင်း၀မ်သုန့်ရဲ့ညွှန်ကြားမှုနဲ့အတူ စတင်လှည့်ပတ်ပါပြီ။

ဟို့ယွိဟောင်က နောက်ထပ်ဘာမှမပြောနိုင်တော့ပါဘူး။ ၀မ်သုန့်နဲ့သာ အတူတူလေ့ကျင့်နေခဲ့ရင်း တိတ်ဆိတ်လို့နေခဲ့ပါတော့တယ်။

ဒီနောက်သုံးလမှာ ဟို့ယွိဟောင်က အရူးတစ်ယောက်လိုမျိုး လုပ်ဆောင်နေခဲ့ပါတယ်။ ဒီရူးသွပ်မှုက ကျင့်ကြံမှုအတွက် အများကြီးအကျ်ိုးရှိစေခဲ့တယ်။ သုံးလတာအချိန်မှာ ရှိသမျှစွမ်းအင်တွေအားလုံးကို အသုံးပြုရင်း သူ့ရဲ့အစွမ်းအစတွေကို တိုးတက်အောင်သာအာရုံစိုက်နေခဲ့ပါတယ်။ လေးခုမြောက်၀ိညာဥ်စက်ကွင်းကို ရယူဖို့လဲ ဂရုမစိုက်တော့ပါဘူး။ သူက တရားထိုင်နေတာမဟုတ်ရင် အမြဲတမ်း၀ိညာဥ်လက်နက်ဖန်တီးမှုကိုသာ တိုးတက်အောင်လုပ်ဖို့ကြိုးစားနေခဲ့တယ်။ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေနဲ့ ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေကိုလဲ နေ့စဥ်နေ့တိုင်းပြင်းပြင်းထန်ထန်လေ့ကျင့်နေပါသေးတယ်။ သူက တစ်ရက်တစ်ရက်ဘာစကားမှမပြောပဲနဲ့ စကားပြောလိုက်ရင်း နှောင့်နှေးသွားမှာကို စိုးရိမ်နေတဲ့အတိုင်းသာရူးရူးသွပ်သွပ်လေ့ကျင့်ခဲ့ပါတော့တယ်။

အပိုင်း ၁၅၂•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset