Switch Mode

Chapter – 152.2

ထန်မျိုးနွယ်ရဲ့အောင်မြင်မှုအတွက် အခြေအနေတွေပြောင်းလဲသတ်မှတ်ခြင်း

အပိုင်း ၁၅၂•၂

” ထန်မျိုးနွယ်ရဲ့အောင်မြင်မှုအတွက် အခြေအနေတွေပြောင်းလဲသတ်မှတ်ခြင်း ”
°°°
” ထန်မျိုးနွယ်က ဝိညာဉ်လက်နက်တွေရဲ့ အခြေအနေနဲ့အတူ ဒီနှစ်တွေမှာ ဆက်တိုက်ပြောင်းလဲလာခဲ့တယ်…မျိုးနွယ်စုထဲမှာရှိတဲ့ ပါရမီရှင်တွေကလဲ ဆက်တိုက်ပျောက်ကွယ်ကုန်တယ်…အဲ့ဒီနောက်ပိုင်းမှာ ဆက်တိုက်ပျက်စီးရင်းပြိုလဲလို့သွားခဲ့ပြီ အမျက်ဒေါသကျောင်းတော်ကတော့ တိုက်ကြီးထဲမှာဒီအတိုင်းသာကျန်ရစ်ခဲ့တယ်..ဒါကြောင့် ကျောင်းတော်အနေနဲ့ ထန်မျိုးနွယ်ကို ကယ်တင်ပေးဖို့အတွက် ဘာမှမလုပ်နိုင်ခဲ့ဘူး…ဒါပေမယ့် ထန်မျိုးနွယ်ဒီလိုပျက်စီးပြိုလဲသွားတာကို မြင်ရတာက ငါ့ကို တကယ်ပဲငါ့ကိုစိတ်ထိခိုက်စေတယ် …ပေ့ပေ့က ရှောင်ယာ့ကို ရှာတွေ့ခဲ့ပြီ ငါပြောခဲ့တဲ့အတွက် သူမျိုးနွယ်ထဲကိုဝင်ရောက်ခဲ့တယ် ”

” တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်ဝိညာဉ်လက်ရည်ယှဉ်ပြီတဲ့နောက် မင်းတို့အားလုံးက အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ဖြစ်လာခဲ့ပြီ ဒီနာမည်က မင်းတို့ရဲ့ဘ၀တစ်လျှောက်လုံးကျန်ရှိသွားမှာ ပထမမျိုးဆက်ရဲ့မိစ္ဆာခုနှစ်ဖော်အားလုံးက ထန်မျိုးနွယ်ကသူတွေကြီးပဲ ဒါကြောင့်သာ အဲ့ဒီအစဉ်လာတိုင်းဆက်သွားဖို့ ငါမျှော်လင့်မိတယ်…အမျက်ဒေါသက ထာဝရကျောင်းတော်တစ်ခုအဖြစ် တည်ရှိနေမှာ ဒါကြောင့် အရေးကြီးတဲ့အခြေအနေတစ်ခုဖြစ်မလာသေးသရွေ့ တိုက်ထဲမှာရှိတဲ့ကိစ္စတွေကို ၀င်ရောက်စွက်ဖက်လို့မရနိုင်ဘူး…ဒါပေမယ့် အကယ်၍ မင်းတို့အားလုံးသာ မျိုးနွယ်စုတစ်ခုထဲက ဖြစ်နေမယ်ဆိုရင် ငါလဲကန့်သတ်လို့မရတော့ဘူး…ထန်မျိုးနွယ်အနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းကလို ပြန်လည်မြင့်မားပြီ အင်အားကြီးလာဖို့ ငါမျှော်လင့်ပါတယ်. ”

” မင်းတို့အားလုံးက ပထမမျိုးဆက်ရဲ့မိစ္ဆာခုနှစ်ဖော်လိုမျိုး ပါရမီအရာမှာ မြင့်မားတယ်လို့ငါယုံကြည်တယ်…မျိုးနွယ်စုတစ်ခုကနေ မွေးဖွားလာတာကြောင့် ကန့်သတ်ခံရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်…ဒါပေမယ့် ကျန်းနန်နန်နဲ့အတူ ထန်မျိုးနွယ်ထဲ ၀င်ရောက်ဖို့တကယ်ပဲမျှော်လင့်မိပါတယ်…အကယ်၍ မင်းတို့ခုနှစ်ယောက်သာ အတူတူအလုပ်လုပ်ကြပြီ ထန်မျိုးနွယ်ကို ဖွံ့ဖြိုးတိုးတက်စေလိမ့်မယ်ဆိုရင် ခန္ဓာကိုယ်မျိုးနွယ်ကိုလဲ လွှမ်းမိုးမှုရှိလာအောင်လုပ်ဆောင်နိုင်အောင် ရှိလာလိမ့်မယ် ”

အကြီးအကဲမုရဲ့ အသက်ရှုသံတွေက ဒီစကားတွေကိုပြောနေချိန်မှာမြန်ဆန်လာခဲ့ပါပြီ။ သူ့ရဲ့မျက်နှာကလဲ ပုံမှန်နီရဲလို့လာပါတော့တယ်။ ရှုစန်းရှီနဲ့ ကျန်းနန်နန်ကို မျှော်လင့်တကြီးကြည့်နေခဲ့ပြီ သူတို့ရဲ့အဖြေကိုစောင့််ဆိုင်းနေခဲ့တယ်။

” ကျွန်မ၀င်ရောက်ဖို့ လိုလားဆန္ဒရှိပါတယ် ”

ကျန်းနန်နန်က အရင်ဆုံးပြောလာခဲ့တယ်။ သူမရဲ့မျက်ရည်ဝဲနေတဲ့မျက်လုံးတွေကခိုင်မာတဲ့စိတ်ဓာတ်အပြည့်နဲ့ပါ။

” အကြီးအကဲမုစိတ်ချပါ ထန်မျိုးနွယ်ကိုကျွန်မလိုလိုလားလား ၀င်ရောက်ပါ့မယ်..အကယ်၍ ကျွန်မမှတ်ထားတာသာမမှားဘူးဆိုရင် ပထမမျိုးဆက်ရဲ့ ဘိုးဘေးရှောင်ဟူကလဲ ကျွန်မနဲ့တူညီတဲ့သိုင်းပညာဝိညာဉ်ကို ပိုင်ဆိုင်ထားတယ်…သူ့ခြေရာအတိုင်းလိုက်ပြီ ထန်မျိုးနွယ်အရင်ကတိုင်းပြန်လည်အောင်မြင်လာအောင် ကူညီပါ့မယ် ”

ကျန်းနန်နန်ရဲ့စကားကိုကြားချိန်မှာ ပေ့ပေ့ကသက်ပြင်းချလိုက်မိတယ်။ ဘာကြောင့်လဲဆိုတော့ အကယ်၍ ကျန်းနန်နန်သာ မျိုးနွယ်စုထဲကို ၀င်ရောက်မယ်ဆိုရင် ရှုစန်းရှီကလဲ သူပါလိုက်ဝင်မယ်လို့ပြောထားဖူးတာကြောင့်ပါ။ ကျန်းနန်နန်က နောက်ဆုံးသဘောတူလိုက်ပါပြီ။ ဒါပေမယ့် ထန်ယာ့ကဘယ်ရောက်နေလဲ။

လက်ရှိအချိန် ထန်ယာ့က သူ့ဘ၀အခက်အခဲဆုံးအချိန်ကိုရောက်နေတယ်ဆိုတာ သူမှတ်မိပါသေးတယ်။ ဒါ့အပြင် အရင်တုန်းကလဲ အဲ့ဒီအချိန်လိုမျိုး တစ်ခေါက်ကြုံခဲ့ဖူးတယ်။ အကြီးအကဲမုရဲ့ညွှန်ကြားမှုအောက်မှာ သူက ထန်မျိုးနွယ်ထဲကိုဝင်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာ သူမနဲ့ ဆက်တိုက်ထိတွေ့နေထိုင်နေရင်း ထန်ယာ့ကိုနက်နက်ရှိုင်းရှိုင်းချစ်မြတ်နိုးသွားခဲ့မိတယ်။ ဒါပေမယ့် ထန်ယာ့က အခုလိုအရေးကြီးတဲ့အချိန်မှာ ပျောက်ကွယ်လို့သွားခဲ့ရပါပြီ။ လွန်ခဲ့တဲ့နှစ်ပိုင်းမှာလဲ သူအကြောင်းဘာဆိုဘာမှမကြားရခဲ့ပါဘူး။

” ကျွန်တော်လဲဝင်ရောက်ပါ့မယ် ”

ရှုစန်းရှီက သဘောတူလိုက်တယ်။ ကျန်းနန်နန်ကိုကြည့်ပြီ သူပြောလာခဲ့ပါတယ်။

” အကြီးအကဲမု ကျွန်တော်ရဲ့မိသားစုမျိုးနွယ်ကို ချည်နှောင်ထားတာတွေ ချိုးဖြတ်ပြီ ထန်မျိုးနွယ်ထဲကိုဝင်ရောက်ဖို့ဆန္ဒရှိပါတယ်…ထန်မျိုးနွယ်အရင်အတိုင်းပြန်ဖြစ်လာနိုင်အောင် ကျွန်တော်တို့ကြိုးစားမယ် ”

အကြီးအကဲမုက ညာဘက်လက်ကိုခပ်ဖွဖွဝှေ့ရမ်းလိုက်ပြီတဲ့နောက် သူ့ရဲ့နူးညံ့တဲ့အင်အားက လူအားလုံးကိုမတ်တပ်ရပ်သွားစေခဲ့ပါတယ်။

” ကောင်းပြီ ကောင်းပြီ ထန်မျိုးနွယ်အတွက် ကျောင်းတော်အနေနဲ့ နောက်ဆုံးမှာတစ်ခုခုလုပ်ပေးနိုင်ခဲ့ပြီလေ မင်းတို့အားလုံးကို ငါအပေါ်ကနေ ကြည့်နေပါ့မယ်…မင်းတို့အားလုံးအောင်မြင်လာမဲ့နေ့ကို စောင့်ဆိုင်းနေပါ့မယ်…ပေ့ပေ့ လာခဲ့ပါ ”

ပေ့ပေ့က အကြီးအကဲမုဆီကို ချက်ချင်းဆိုသလို ရောက်သွားခဲ့ပါတယ်။

” အပီကြီး ”

” မင်းကငါတို့မျိုးနွယ်ရဲ့ တစ်ယောက်တည်သောဆက်ခံသူပဲ မင်းရဲ့ မိဘတွေက အမျက်ဒေါသအစောင့်အရှောက်တာဝန်တွေကို လုပ်ဆောင်နေရင်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရတယ်…အဲ့ဒီဖြစ်ရပ်ကြောင့် ငါတကယ်ပဲ စိတ်နှလုံးအတော်ကြီးကို ထိခိုက်နာကျင်သွားခဲ့ရတယ်…မင်းရဲ့သွေးထဲမှာ အလင်းအမျိုးအစားသတ္တိတွေပိုင်ဆိုင်နေတာကို ငါမြင်ရတယ်…မင်းရဲ့သိုင်းပညာဝိညာဉ်က တစ်စိတ်တစ်ပိုင်းအဆင့်တက်တာသာရှိပေမဲ့ ငါတို့ရဲ့တောက်ပရောင်စဉ်မြင့်မားနဂါးကနေ ခွဲထွက်တဲ့အပြာရောင်လျှပ်စီးဧကရာဇ်နဂါးကို မင်းကရရှိထားတယ်…ဒါ့အပြင် မိသားစုရဲ့ အပြာရောင်နဂါးမိသားစုရဲ့ဆက်ခံသူ ယွိရှောင်ကန်ဆီကနေ ငါတို့တွေဆင်းသက်လာတာပဲ သူက ကျောင်းတော်ရဲ့ ဆရာသခင်တစ်ပါးလို့ပြောလို့ရနိုင်တယ်…နှစ်တွေထောင်ချီကြာပြီတဲ့နောက် ဒီသွေးကမပြောင်းလဲဘူး..ငါတို့ရဲ့မျိုးနွယ်နာမည်ကလဲ မပြောင်းလဲခဲ့ဘူး…မင်းရဲ့သိုင်းပညာဝိညာဉ်က စိတ်တစ်ပိုင်းတော့ အဆင့်တက်နေပြီ ဒါကအဆိုးရတဲ့ကိစ္စတော့မဟုတ်ဘူးလေ ငါကထွက်ခွာရတော့မယ်ဆိုတော့ မင်းရဲ့တောက်ပရောင်စဉ်မြင့်မားနဂါးကို တည်ငြိမ်အောင်လို့လုပ်ပေးခဲ့မယ်..အခုအချိန်ကနေစပြီ အကောင်းဆုံးကြိုးစားလို့ အပြာရောင်လျှပ်စီးဧကရာဇ်နဂါးရဲ့လမ်းကြောင်းကို လျှောက်လမ်းပေရော ”

အကြီးအကဲမုရဲ့ ပိန်ပါးတဲ့ညာဘက်လက်က ပေ့ပေ့ရဲ့ခေါင်းပေါ်ကိုခပ်ဖွဖွလေးပုတ်နေခဲ့ပါတယ်။ ချက်ချင်းဆိုသလို ခန်းမဆောင်ကြီးတစ်ခုလုံးက တောက်ပလို့သွားခဲ့ပါပြီ။ ကြီးမားပြင်းထန်တဲ့ရွှေရောင်အလင်းတန်းတွေကြီးက ချပ်လှပ်သွားရင်းပျောက်ကွယ်လို့သွားပါတော့တယ်။ ပေ့ပေ့ကတော့ နာနာကျင်ကျင်အော်ဟစ်ရင်းနဲ့ မြေပြင်ပေါ်ကိုလှဲကျလို့သွားခဲ့ပါပြီ။ သူတစ်ကိုယ်လုံးရွှေရောင်လျှပ်စီးတန်းတွေ ဖြတ်ပြေးလို့နေခဲ့သလို တစ်ကိုယ်လုံးကလဲ တောက်ပလို့နေပါတော့တယ်။

ဒါက ကန့်သတ်မဲ့သော့်လော့တစ်ယောက်ရဲ့အင်အားပါ သူ့ရဲ့အသက်က အဆုံးသတ်တော့မှာဖြစ်ပေမဲ့ ရှိတဲ့စွမ်းအားတွေနဲ့ ရွှေရောင်သစ်ပင်ကိုချိတ်ဆက်ထားပါတယ်။ ဒါကြောင့် ပေ့ပေ့ရဒ့သွေးသားတွေကိုတည်ငြိမ်အောင်စက္ကန့်ပိုင်းအတွင် လုပ်ဆောင်နိုင်ခဲ့တယ်။ ပေ့ပေ့ရဲ့ ဝိညာဉ်အဆင့်တက်နေတာက ဒီလိုနဲ့တည်ငြိမ်လို့သွားခဲ့ပါပြီ။ အကြီးအကဲမုပြောခဲ့သလိုပဲ အပြည့်အစုံပြောင်းလဲသွားပြီဆိုရင် အပြာရောင်လျှပ်စီးနဂါးဧကရာဇ်လုံးဝဖြစ်သွားမှာပါ။

အကြီးအကဲမုရဲ့မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့လို့သွားပါတော့တယ်။ သူ့လက်ကိုမြောက်ချင်ပေမဲ့ လုံးဝအားမရှိတော့တဲ့ပုံပါပဲ။ ပိုပိုပြီးအားနည်းလာတဲ့အသံနဲ့ သူပြောလာခဲ့တယ်။

” ယွိဟောင်နဲ့ ၀မ်သုန့် ဒီကိုလာခဲ့ ”

ယွိဟောင်ဒါကိုကြားချိန်မှာ အကြီးအကဲမုရဲ့ညာဘက်လက်ကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ပြောလာခဲ့တယ်။

” ဆရာ ဆရာ ”

” ကလေးမင်းဝမ်းမနည်းနဲ့ ငါရဲ့ဘ၀မှာတပည့်သားအနည်းငယ်ကိုပဲ လက်ခံခဲ့တယ်..ဒါပေမယ့် အခုလက်ရှိငါရဲ့ဘ၀မှာမင်းကိုတပည့်အဖြစ်လက်ခံခဲ့တာက ဂုဏ်အယူရဆုံးကိစ္စပဲ မင်းရဲ့အဆုံးစွန်းရေခဲက တခြားသူတွေထက် ကျင့်ကြံတာအရှိန်နှုန်းနှေးကွေးပေမဲ့ စိတ်မရှည်လေမဖြစ်လေနဲ့ ”

” အကယ်၍ အောင်မြင်ဖို့အလျင်လိုနေမယ်ဆိုရင် မောပန်းရုံပဲရှိလိမ့်မယ်…မင်းအများကြီးကြိုးစားခဲ့ပြီးပြီ ဒါကြောင့် အနားယူသင့်တဲ့အချိန်မှာအနားယူ နေလနိုင်ငံတော်ကို သုံးလအတွင်းမှာသွားရတော့မယ်..နောက်သုံးနှစ်လုံးလုံးက မင်းအတွက် အရမ်းကိုအရေးကြီးမှာ သူတို့တွေက အမျက်ဒေါသကျောင်းတော်ရဲ့ ဝိညာဉ်လက်နက်အတတ်ပညာရှင်ဘယ်လောက်အောင်မြင်မလဲဆိုတာကို အာရုံစိုက်နေကြတယ်…အဲ့ဒီအချိန်အတွင်းမှာ ကံကြမ္မာမျက်လုံးကိုမသုံးလိုက်လေနဲ့ မှတ်ထားသင့်တာတစ်ခုတော့ရှိလိမ့်မယ်…မင်းရဲ့ဘ၀တစ်ခုလုံးအန္တရာယ်ကျရောက်တဲ့အခြေအနေကို မရောက်သရွေ့ ကံကြမ္မာမျက်လုံးကိုမသုံးဖို့သတိထား ”

ဟို့ယွိဟောင် အခုအချိန်မှာ ဘာမှမပြောနိုင်တော့ပါဘူး။ သူ့ရဲ့မျက်ရည်စက်တွေက အကြီးအကဲမုရဲ့လက်ဖဝါးပေါ်ကို ဆက်တိုက်ကျရောက်လာပါတော့တယ်။

” ငါရဲ့အတွေ့အကြုံတွေနဲ့ လေ့လာထားသမျှအရာအားလုံးကို ပြောရမယ်ဆိုရင် မင်းဆီလွှဲပြောင်းပေးပြီ ဒါတွေကိုအကောင်းအထည်ဖော်မှဖြစ်မယ်…ဒါက အမျက်ဒေါသကျောင်းတော်နဲ့ ထန်မျိုးနွယ်အတွက် အကောင်းဆုံးမျှော်လင့်ချက်ပဲ ပေ့ပေ့နဲ့ ထန်ယာ့ကို ကူညီပြီထန်မျိုးနွယ်ကိုအောင်မြင်အောင် ပြန်လုပ်ပေးရမယ်..ထန်ယာ့အပေါ်မှာ ငါနတ်သင်္ကေတ တချို့ကိုထားခဲ့တယ်…သူ့သာ ကြီးကြီးမားမားအခက်အခဲကို တွေ့ကြုံရမယ်ဆိုရင် နတ်သခင်ကျေးဇူးရှင်တစ်ယောက်က သူ့ကိုကူညီပေးလိမ့်မယ်…ဒါကြောင့် အသက်ရှင်နေမှာတော့ အသေအချာပဲ ပေ့ပေ့ကိုကူညီပြီ သူ့ကိုရှာပေးပါ ”

” ဒါ့အပြင် သော့်လော့တိုက်ကို မတူညီတဲ့နိုင်ငံနဲ့ ဧကရာဇ်တွေက အုပ်စိုးလို့မရဘူးဆိုတာ ပြောပြရဦးမယ်…မင်းအနေနဲ့ နေလနိုင်ငံတော်ပုန်ကန်ထကြွမှာကို အများကြီးကြိုးစားပြီကာကွယ်ရမယ်…ဒါကငါရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲ ဝိညာဉ်စက်ကွင်းကိုးကွင်းရပြီ သော့်လော့ဖြစ်လာပြီဆိုရင် ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ သခင်ဖြစ်လာဖို့မျှော်လင့်ပါတယ် ”

” ဆရာကျွန်တော်အားလုံးကိုဖြစ်လာစေရမယ်လို့ ကတိပေးပါတယ် …စိတ်ချလက်ချအနားယူပါ ”

နောက်ဆုံးမှာတော့ ဟို့ယွိဟောင်အနေနဲ့ကြိုးစားပြီ ဒီစကားကိုပြောလာခဲ့ရပါတော့တယ်။

” အရူးလေး မင်းကတကယ်ကိုအရူးလေးပဲ မင်းဒါကိုမသိဘူးမလား ငါက အပြည့်အ၀ကြီးသေသွားမှာမဟုတ်ဘူးလေ မင်းတို့အားလုံးကြီးပြင်လာတာကို ဒီနေရာမှာရှိပြီ စောင့်ကြည့်နေဦးမှာ ကျောင်းတော်ရဲ့အောင်မြင်မှုဆက်တိုက်တည်မြဲနေတာကိုလဲ စောင့်ရှောက်ရဦးမှာ ကျောင်းတော်ကမကြာခင်အနာဂတ်မှာ အန္တရာယ်တွေကို ရင်ဆိုင်ရလိမ့်မယ်…ဒါကြောင့် မင်းထမ်းဆောင်ရမဲ့ တာဝန်ဝတ္တရားကလဲ တခြားသူတွေထက်ပိုကြီးမားတယ်…ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဉ်ကလဲ ဆက်ပြီရှိနေဦးမှာပဲ ကျောင်းတော်က မင်းကိုအများကြီးအထောက်အပံ့ပေးလိမ့်မယ်..ဆက်ကြိုးစားရင်း ဒီပြင်းထန်တဲ့လမ်းကို လျှောက်လမ်းပြီရှာဖွေလေရော့ ဒီလမ်းကအဆုံးသတ်မရှိနိုင်ဘူး ”

” ဟုတ်ကဲ့ပါဆရာ ”

ဟို့ယွိဟောင်က အကြီးအကဲမုရဲ့ လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပါတယ်။ အကြီးအကဲမုတကယ်ပဲ သက်တမ်းကုန်တော့မှာကို သူသိနေခဲ့ပါပြီ။ အကြီးအကဲမုက ၀မ်သုန့်ဘက်ကိုလှည့်လာခဲ့တယ်။

” ၀မ်သုန့် ငါကအမြဲတမ်းဘက်လိုက်တယ်လို့ မင်းထင်နေခဲ့တာမလား ”

၀မ်သုန့်က အံ့ဩသွားခဲ့ပေမဲ့ သူခေါင်းညိတ်လာခဲ့ပါတယ်။

” ဘာကြောင့်လဲဆိုတော့ ငါမင်းကိုရှင်းရှင်းလင်းလင်းမမြင်နိုင်လို့ပဲ မင်းဘာတွေကြုံတွေ့ခဲ့ရလဲ မင်းရဲ့အနာဂတ်ဘယ်လိုဖြစ်မယ်ဆိုတာကို ငါမမြင်နိုင်ဘူး…မင်းရဲ့ပါရမီက ယွိဟောင်ထက်နောက်မကျပေမဲ့ ငါမင်းကိုထိုးဖောက်ကြည့်ဖို့ကြိုးစားချိန်တိုင်း ငါ့ကိုတုန်ရီအောင်လုပ်နိုင်တဲ့ အရှိန်အ၀ါတွေကို အမြဲတမ်းခံစားရရှိနေတယ်…မင်းက လူသားတစ်ယောက်ဆိုတာ ငါအတည်ပြုပြီးပြီ သားရဲကောင်တစ်ယောက်မဟုတ်ဘူး….ဒါပေမယ့် လျှို့၀ှက်ချက်ဆိုတာက ထုတ်မပြောရမဲ့ကိစ္စပဲ ”

သူကြိုးကြိုးစားစားနဲ့ ဆက်ပြီတော့ပြောလာခဲ့ပါတယ်။

” မင်းနဲ့ယွိဟောင်ကြားမှာရှိတဲ့ ကိစ္စတွေကို ငါအခြေချပေးမယ်…ဒီနှစ်တွေမှာ မင်းအတွင်းနယ်မြေမှာလေ့ကျင့်ရမယ်…သူပြန်လာတာကိုစောင့်ဆိုင်း ”

” အမျက်ဒေါသရဲ့ဘိုးဘေးတို့ မုအန်လာပါပြီ ”

အကြီးအကဲမုက နောက်ဆုံးစကားကို အားစိုက်ထုတ်ပြီပြောပြီတဲ့နောက် ကြီးမားတဲ့ရွှေရောင်အလင်းတန်းကြီးက သူ့ခန္ဓာကိုယ်အပြင်ဘက်ကို ထိုးထွက်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ ချက်ချင်းနောက်ကိုဆုတ်လိုက်ကြပြီ အကြီးအကဲမုရဲ့ခန္ဓာကိုယ်ကတော့ သူထိုင်ခုံပေါ်ကနေ အပေါ်ကိုမြင့်တက်လို့သွားခဲ့တယ်။ ဒီအချိန်မှာပဲ ထူးခြားတဲ့မြင်ကွင်းက ဖြစ်ပေါ်လာခဲ့ပါပြီ။ အ၀ါရောင်တစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်သုံးကွင်း အနီရောင်သုံးကွင်းတို့က သူ့ခန္ဓာကိုယ်ပေါ်မှာပေါ်ထွက်လို့လာပါတော့တယ်။ အားကောင်းလွန်လှတဲ့ နဂါးအော်သံကလဲ လေထဲမှာပဲ့တင်ထပ်လို့သွားခဲ့ပါပြီ။

ပက်လယ်နတ်ဘုရားခန်းမဆောင်တစ်ခုလုံးက ရွှေရောင်တောက်ပသွားခဲ့သလို အလင်းတန်းကြီးကလဲ ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားပါတော့တယ်။ အမျက်ဒေါသမြို့တော်တောင်မှ ရွှေရောင်တွေဖြာထွက်သွားခဲ့ပါပြီ။

အကြီးအကဲမုရဲ့ ကွေးညွတ်နေခဲ့တဲ့ကျောကလဲ ဆန့်ထွက်လို့သွားခဲ့ပြီ သူ့ရဲ့အိုမင်းနေတဲ့မျက်နှာက ပိုမိုငယ်ရွယ်လို့လာကာ ပိန်ပါးပြီအားနည်းတဲ့ခန္ဓာကိုယ်ကလဲ တဖြည်းဖြည်းချင်း ပြန်လည်ပြည့်ဖြိုးလို့လာပါတော့တယ်။

မျက်၀န်းအကြည့်ကလဲ ပိုမိုတောက်ပလို့လာခဲ့ပြီ အရှေ့မှာရှိနေတဲ့သူတွေကို သူတိတ်တဆိတ်သာကြည့်နေခဲ့တယ်။ ညာဘက်လက်ကိုမရင်း ခပ်ဖွဖွလေးဝှေ့ရမ်းလိုက်ချိန်မှာတော့ သူ့ရဲ့အကြည့်က ဟို့ယွိဟောင်ဆီကို ကျရောက်လို့လာခဲ့ပါတော့တယ်။ သူ့ရဲ့အသံနောက်ထပ်ထွက်မလာတော့ပဲ သူ့ရဲ့နောက်ဆုံးတပည့်သားကိုသာ ချစ်ခင်မြတ်နိုးမှုအပြည့်နဲ့ သူစိုက်ကြည့်လို့နေခဲ့တယ်။

ရွှေရောင်အလင်းတန်းတွေက ပိုမိုတောက်ပလို့လာခဲ့သလို အကြီးအကဲမုက တစ်စထက်တစ်စပိုမိုနုပျိုလို့လာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ငယ်ရွယ်နုပျိုတဲ့လူငယ်လေးတစ်ယောက်အဖြစ်ကို သူပြောင်းလဲလို့သွားပါတော့တယ်။

အပိုင်း ၁၅၂•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset