Switch Mode

Chapter – 145

နတ်ဘုရားမနှင့် ချိန်းတွေ့ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၄၅ – နတ်ဘုရားမနှင့် ချိန်းတွေ့ခြင်း

အနောက်နိုင်ငံက မျိုးစိတ်တွေက မြေကြီးကနေ မွေးဖွားလာတာလား .. ချူဖုန်းပို၍ စိတ်ဝင်စားလာသည်။ သူ ထိုသမိုင်းဝင်ဆေးခင်းကြီးကို တကယ်သွားလည်ချင်နေလေပြီ။

“အိုး ဒါနဲ့ .. ကျောင်းယုရော ဘယ်လိုလဲ..” ချူဖုန်း မေးလိုက်သည်။ ဤလူထံတွင် ပြဿနာရှိနေကြောင်း သူ အစောကြီးတကည်းက သိခဲ့သည်။ သူ အချိန်ကိုက် ချောင်းမြောင်းလုပ်ကြံခံရခြင်းမှာ သူ ရန်သူကို သတင်းပေါက်ကြားစေခဲ့သောကြောင့် ဖြစ်လိမ့်မည်။

သူသည် လုထုန် သူ့အားပေးခိုင်းလိုက်သည့် သန္ဓေပြောင်းအသီးကိုပင် ဖွက်ထားခဲ့သေးသည်။ သူသည် ဒေါင်းမျိုးနွယ်စုနှင့် ပန်တောင်မှ မျိုးဆက်များ ချူဖုန်းအား ရှင်းပစ်မည်ကို လိုချင်ခဲ့သည်။

“ငါတို့ သူ့ဆီက ကျန်တာတွေ ယူနေတယ်” လုထုန် ပြောလာသည်။

ကျောင်းယု၏ အဆုံးသတ်ကို ဆုံးဖြတ်ပြီးသွားလေပြီ။ သူ့တန်ဖိုးများ ကုန်သွားသည်နှင့် သူ အသတ်ခံရလိမ့်မည်။

ချူဖုန်း သီးသန့်ကျောက်တုံးခန်းထဲသို့ ပြန်သွားလိုက်ပြီး သူ့စိတ်ဝိညာဉ်ပညာကို လေ့ကျင့်လိုက်သည်။ သူ့ကိုယ်သူ ရွေ့လျားရန် ကြိုးစားလိုက်သည်။ အောင်မြင်ခဲ့သော်လည်း သူ ငြိမ်ငြိမ် မရပ်နိုင်သေး။

သူ အရှိန်တင်ရန် ကြိုးစားကြည့်လိုက်သည့်အချိန်တွင် သူ့ကိုယ်သူ လွင့်ထွက်အောင် လုပ်မိလုနီးပါးဖြစ်သွားသည်။

နှစ်ရက်လေ့ကျင့်ပြီး မရေမတွက်နိုင်အောင် စမ်းသပ်ပြီးသည့်နောက်တွင်တော့ သူ အရှုံးပေးလိုက်သည်။

သူ အရှိန်တင်ရန် ကြိုးစားလိုက်သည့်အချိန်တိုင်း အမြဲတမ်း တစ်ခုခုနှင့်တိုက်မိကာ ဒဏ်ရာရနေသည်။

ဤလမ်းကို လျှောက်၍မရသေး။

ချူဖုန်း သူ့လက်ထဲမှဓားကို အလေးချိန်ချိန်ကြည့်လိုက်သည်။ ဓားမှာ အတော်လေး ပေါ့ပါးနေသောကြောင့် သူ့စိတ်ဝိညာဉ်ဖြင့် ဤဓားကို ထိန်းချုပ်နေနိုင်ခြင်းပင်။

သူ့ခန္ဓာကိုယ်ကတော့ အတော်လေး လေးလံလှသည်။ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအင်များစွာကို အသုံးပြုရသောကြောင့် သူ မြေပြင်ပေါ်၌ ပြေးနေခြင်းက ပိုအကျိုးရှိလိမ့်မည်။

သူ မပျံသန်းနိုင်သော်လည်း လေထဲ ရပ်နေနိုင်သောကြောင့် သူ့ကို လေထဲတိုက်ခိုက်လာမည်ကို ကြောက်စရာမလိုတော့။ အရေးကြုံလာလျှင် သူ လေယာဉ်ပေါ်မှ ခုန်ချ၍ရသည်။

ချူဖုန်း ပစ္စည်းများကို ထုပ်ပိုးသိမ်းဆည်းလိုက်ပြီး ခွန်းလွန်တောင်သို့ သွားရန် ပြင်ဆင်လိုက်သည်။

လမ်းခရီးမှာ အတော်လေး ရှည်လျားလှသည်။ လုထုန်ကို သူ့အတွက် လေယာဉ်များ စီစဉ်ထားပြီးဖြစ်သည်။ နောက်နေ့မနက်တွင် သူ လေယာဉ်ဖြင့် တိဗက်သို့ လေယာဉ်စီးသွားမည်။

“နတ်ဆိုးဘုရင်ချူ .. ကျွန်မ ရွှမ်းထျန်ကို ရောက်လာပြီ..” ကျန်းလော့ရှန်း ချူဖုန်းကို ဖုန်းခေါ်လာသည်။

“မင်းအိမ်မှာနေပြီး ကိုယ်ဝန်ကို မစောင့်ရှောက်တော့ဘူးလား .. မင်းက ဘာလို့ ဒီကို ထပ်လာတာလဲ..” ချူဖုန်း ပြန်ဖြေလိုက်သည်။

‘ထပ်လာတယ်’ဆိုတာ ဘာပြောချင်တာလဲ.. အခြားလူသာ သူမကို ဤကဲ့သို့ လာပြောပါက သူမ ဤလူကို ချက်ချင်း ဘလော့ပစ်လိုက်မည်ပင်။

သို့သော် ယခုတော့ သူမ ဤလူထံမှ အကူအညီတောင်းစရာရှိသောကြောင့် ဤစကားများကို လျစ်လျူရှုလိုက်သည်။ “ကျွန်မတို့‌ နောက်ဆုံးတစ်ခေါက်က ပြောခဲ့တဲ့ကိစ္စကို ဆွေးနွေးဖို့လာတာ .. ကျွန်မတို့ ဘုရင်တစ်ဝက်အဆင့်သားရဲရဲ့ အသားနဲ့ သွေးတွေ လိုချင်တယ် .. ဘုရင်အစစ်သွေးရရင်တော့ ပိုကောင်းတာပေါ့..”

ချူဖုန်း ပန်တောင်အား သိမ်းပိုက်ခဲ့သည်ကို အားလုံးသိသည်။ ထို့ကြောင့် ဘောဓိသည် သားရဲဘုရင်၏ အသွေးအသားတို့ကို လေ့လာချင်နေကြသည်ပင်။

“ငါ့မှာ အချိန်မရှိတော့ဘူး .. ဒီလိုလုပ်ရအောင် .. ငါတို့ ဒီည တွေ့ရအောင် .. မင်း တကယ်ညှိနှိုင်းချင်တာဆိုရင် မင်း နည်းနည်းတော့ ရိုးသားရမှာ‌ပေါ့ .. ငါ့အချိန်တွေကို မဖြုန်းနဲ့” ချူဖုန်း ပြောလိုက်သည်။

ကျန်းလော့ရှန်း မျက်နှာထက်တွင် အနက်ရောင်မျဉ်းများ ပြည့်နှက်သွားသည်။ သူမ သည်းမခံနိုင်တော့။ သူမသည် နိုင်ငံ့နတ်ဘုရားမ နာမည်ရရှိထားသည့်သူပင်။ သူမ၏ ဆွဲဆောင်မှုမှာ ပြိုင်ဘက်ကင်းမဟုတ်လျှင်ပင် သူမကို လျစ်လျူရှုရလောက်သည်အထိတော့ မဟုတ်လောက်။

“နတ်ဆိုးဘုရင်ချူ .. စကားကို ဘယ်လိုဘယ်ပြောရမလဲဆိုတာ မသိတာလား .. ကျွန်မက ရှင့်ကို သေ‌လောက်အောင် တွေ့ချင်နေတာလို့ ထင်နေတာလား..” ကျန်းလော့ရှန်း အံကြိတ်၍ ပြောလိုက်သည်။

သူမ ခေါ်လိုက်သည်နှင့် လူများစွာ အပြေးအလွှား ရောက်လာမည်ဖြစ်သော်လည်း ဤလူကတော့ သူမကို ဤကဲ့သို့ လာဆက်ဆံနေသည်။

‘စိတ်အေးအေးထား .. သူ့ကို လေလိုပဲသဘောထားလိုက်’ ကျန်းလော့ရှန်း ဆဲဆိုချင်သည့်စိတ်များကို ထိန်းချုပ်ထားလိုက်သည်။

ချူဖုန်း ‌ခြောက်ကပ်ကပ် ရယ်မောလိုက်ကာ “ငါ မနက်ဖြန်မနက်စောစော ခရီးသွားစရာရှိလို့ လုပ်စရာတွေ အများကြီးရှိသေးတယ် .. ပြီးတော့ မင်းနဲ့အတူရှိလိုက်တိုင်း ငါက သိုးသားမစားပဲ သိုးသားနံ့စွဲကုန်တာလေ .. ပေးလိုက်ရတာနဲ့ ပြန်ရတာက မတန်ဘူး”

“ရှင် ဘာပြောချင်တာလဲ…” ကျန်းလော့ရှန်း၏အသ့မှာ ရှစ်ဆင့်လောက် မြင့်တက်သွားသည်။

ယခုအချိန်တွင် သူမသည် ထိုင်ခုံပေါ်၌ သက်တောင့်သက်သာထိုင်နေပြီး စားပွဲခုံပေါ်သို့ ခြေထောက်ဆန့်တန်းထားသည်ပင်။ သူမပုံစံမှာ ပုံမှန်နတ်ဘုရားပုံစံနှင့် လားလားမျှမသက်ဆိုင်။

“ဘာမှမဟုတ်ပါဘူး .. ဒီနေ့ည ငါ့ကို သိုးသားဝယ်ကျွေးဖို့ မမေ့နဲ့..”

“သွားသေလိုက်လေ လူရမ်းကားကောင်..” ကျန်းလော့ရှန်း ဖုန်းမှတစ်ဆင့် အော်ဟစ်လိုက်သည်။ သို့သော် သူမ ဖုန်းမချရသေးခင်မှာပင် တစ်ဖက်လူမှ ဖုန်းချသွားပြီဖြစ်ကြောင်း သူမ တွေ့လိုက်ရသည်။

“အရှက်မရှိတဲ့ နတ်ဆိုးဘုရင်ချူ..” ကျန်းလော့ရှန်း စိတ်တိုလာပြီး တစ်ခုခုကို ဖျက်ဆီးပစ်ချင်လာသည်။ သူမသည် စားပွဲပေါ်မှ အလှဆင်ပစ္စည်းများကို ကန်ချပစ်လုနီးပါးပင်။

“လော့ရှန်း နင်က ၂၂ ပဲ ရှိသေးတာလေ .. သွေးဆုံးတဲ့အရွယ်မဟုတ်သေးဘူး .. နင်က ဘာတွေကို အဲဒီလောက်ထိ စိတ်တိုနေတာလဲ..” ရှားချန်းယု အခန်းထဲ ဝင်လာပြီး သူမသူငယ်ချင်းကို လှောင်ရယ်လိုက်သည်။

ပုံမှန်ဆိုလျှင် ကျန်းလော့ရှန်းသည် ဤကဲ့သို့မဟုတ်။ သူမ ခံစားချက်များအား ပြသသည်မှာ ရှားပါးလှပြီး သူမ မျက်နှာထက်၌ အမြဲတမ်း အပြုံးတစ်ခု ရှိနေမည်ပင်။

“စာသင်သားတစ်ယောက်က မှန်နေရင်တောင် စစ်သားတစ်ယောက်ကို မနိုင်နိုင်ဘူး .. ငါကဘာလို့ ဒီနတ်ဆိုးဘုရင်ချူနဲ့ အလုပ်လုပ်နေရတာလဲ .. သူက ဘယ်လိုလူမျိုးလဲဆိုတာ နင် မသိတာလည်းမဟုတ်ဘူး .. နင့်ရဲ့ ဘလိုင်းဒိတ်တုန်းက ငါတို့ ဒေါသထွက်လွန်းလို့ သေမလိုတောင် ဖြစ်ခဲ့တာလေ” ကျန်းလော့ရှန်း မျက်နှာထက်၌ မကျေနပ်မှုကို အပြည့်ရေးသားထားသည်။

“အဲဒီအကြောင်း မပြောနဲ့တော့..” ရှားချန်းယု ဖြတ်ပြောလိုက်သည်။ ထိုဘလိုင်းဒိတ်မှာ ရှက်စရာကောင်းလှသည်။

“အမ် .. လော့ရှန်း တစ်ခုခုတော့ မှားနေတယ် .. ဘောဓိအဖွဲ့မှာ လူတွေအများကြီးရှိတာကို နတ်ဆိုးဘုရင်ချူနဲ့တွေ့ဖို့ ဘာလို့ နင့်ကို စီစဉ်ပေးတာလဲ .. သူတို့တွေက နင်တို့နှစ်ယောက်ကို တမင်သက်သက်ချိတ်ပေးနေတာလို့ ထင်လား..” ရှားချန်းယု သံသယဝင်သည့်အသံဖြင့် မေးလိုက်သည်။

“မကောင်းတဲ့သူငယ်ချင်း .. နင် ဘာတွေ လာပြောနေတာလဲ..” ကျန်းလော့ရှန်း သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“လော့ရှန်း နင်က အမြဲတမ်း ထက်မြက်ပြီး လုပ်နိုင်စွမ်းရှိတယ် .. အဲဒီလူတွေက အမြဲတမ်း နင့်လက်ခုပ်ထဲမှာပဲရှိတာ .. အခုတလော နင်ဘာဖြစ်နေတာလဲ .. အိုး .. ငါသိပြီ .. နင် သာမန်ဘဝကို ကြိုက်သွားတာလို့တော့ ငါ့ကို မပြောနဲ့နော်.. ဟား ဟား..” ရှားချန်းယု သူ့သူငယ်ချင်းကို စနောက်ပြီး ရယ်မောလိုက်သည်။

“ဒီလိုမျိုး ရယ်စရာကောင်းတာကို နင်ပဲ စဉ်းစားမိလိမ့်မယ် .. ငါ အမြဲတမ်း သူ့ကို ရိုက်နှက်ချင်နေတာ .. ဒါပေမဲ့ အခုတော့ ရိုက်နိုင်မယ့်အခွင့်အရေးမရှိတော့ဘူး .. နင်က ငါ့ကို အဲဒီလောက်တောင် စချင်နေတာဆိုတော့ ဒီနေ့ည ညစာစားပွဲကို နင်လည်း လိုက်ရမယ် .. အဲဒီအချိန်ကျရင် ငါ ကြားလူလို နေပေးမယ်” ကျန်းလော့ရှန်း ဒေါသတကြီး ပြောလိုက်သည်။

“နင် ငါ့ကို သတ်လိုက်ရင်တောင် ငါမသွားဘူး..” ရှားချန်းယု ရေရွတ်လိုက်သည်။

သို့သော် နောက်ဆုံးတွင်တော့ သူမ ဆွဲခေါ်ခံလာလိုက်ရသည်ပင်။ သူတို့ ချီလင်းတာဝါသို့ အတူတကွ ရောက်ရှိလာကြသည်။

ဤနေရာကို ကျန်းလော့ရှန်း ရွေးခဲ့ခြင်းဖြစ်ပြီး ချူဖုန်းလည်း ဘာမှမပြောခဲ့။

ပုံမှန်ဆိုလျှင် လူများသည် ခမ်းနားသည့်သီးသန့်ခန်းများကို ကြိုတင်မှာထားပြီး သူမ ရောက်လာမည်ကို စောင့်ဆိုင်းနေတတ်ကြသည်။ သို့သော် ယနေ့တော့ ဆန့်ကျင်ဘက်ဖြစ်နေသည်။

မိန်းကလေးနှစ်ဦး အရင်ရောက်လာကာ အခန်းထဲထိုင် လက်ဖက်ရည်သောက်ပြီး ချူဖုန်း ရောက်လာမည်ကို စောင့်ဆိုင်းနေကြရလေသည်။

“ဒီကောင်က ဘာလို့အခုထိ မရောက်သေးတာလဲ..” ရှားချန်းယု မကျေမနပ်ပြောလိုက်သည်။

“ချူဖုန်း ရှင်ဘယ်မှာလဲ .. ဘာ .. ရှင်မေ့သွားလို့ .. ရှင်..” ကျန်းလော့ရှန်း၏မျက်နှာကြီး မည်းမှောင်လာသည်။

“သူ မေ့သွားလို့ ဟုတ်လား..” ရှားချန်းယု အော်ဟစ်လိုက်သည်။

“သူ အခု အမြန်လာနေပြီတဲ့..” ကျန်းလော့ရှန်း ပြောလိုက်သည်။

ချူဖုန်း တကယ်ကို မေ့သွားခြင်းပင်။ သူ၏စိတ်ဝိညာဉ်ပညာအသစ်အား လေ့လာဆန်းစစ်နေရသောကြောင့်ပင်။ သူ ပစ္စည်းမျိုးစုံကို ထိန်းချုပ်ရန် ကြိုးစားခဲ့ပြီး အတော်လေးလည်း တိုးတက်ခဲ့သည်။

ယခုအချိန်တွင် သူ့ခွန်အားမှာ အဆင့်တစ်ခုထိသို့ တိုးတက်လာပြီဖြစ်သည်။

“ဒီခွန်အားနဲ့ဆိုရင် အနောက်နိုင်ငံသွားတဲ့အချိန်မှာ ငါ ကိုယ့်ကိုကိုယ်ပိုပြီး အားကိုးနိုင်လိမ့်မယ်” ချူဖုန်း ရေရွတ်လိုက်သည်။

ထို့နောက်တော့ သူ ချိန်းထားသည့်နေရာသို့ အပြေးလေး သွားလိုက်သည်။ သူ အတော်လေး စိတ်မကောင်းဖြစ်မိ‌သည်။ သို့သော်လည်း သူ တမင်သက်သက်လုပ်နေခြင်းမဟုတ်။ လေ့ကျင့်ရေး၌ သူ စိတ်နှစ်မိသွားသောကြောင့်ပင်။

ကျန်းလော့ရှန်း ဘိုကင်တင်ထားသည့် စားသောက်ဆိုင်မှာ တကယ်ကို ခမ်းနားလှသည်။ အရသာထူးခြားရုံသာမက ပါဝင်ပစ္စည်းများသည်လည်း တောတောင်များမှ ရလာခြင်းပင်။

ဤစားသောက်ဆိုင်သည် စကိုင်းတာဝါ ၈၈ လွှာမှ စားသောက်ဆိုင်နှင့် ယှဉ်နိုင်သည်ပင်။

ကျန်းလော့ရှန်းသည် အတော်လေး ဖုံးကွယ်ခဲ့သော်လည်း ပါးစပ်စည်းမစောင့်သည့် ဝန်ထမ်းတစ်ဦးကြောင့် သူမ ရှိနေသည်ကို လူများ သိသွားကြသည်။

“နတ်ဘုရားမ ကျန်း .. မင်္ဂလာပါ .. ကျွန်တော်က ကျန်းဖုန်အဖွဲ့က လျိုထော်ပါ”

ခဏကြာပြီးနောက် ချောမောလှသည့် လူငယ်တစ်ဦး လျှောက်လာကာ သူမကို နှုတ်ဆက်လာပြီး နာမည်ကဒ်ကို ပေးလာလေသည်။

ရှားချန်းယု အံ့အားသင့်သွားရသည်။ ဤအဖွဲ့အစည်းကို သူမ သိသည်ပင်။ ဤလျိုထော်သည်လည်း ဘုတ်အဖွဲ့ဝင်များထဲမှ တစ်ဦးပင်ဖြစ်သည်။

“မင်္ဂလာပါ ခေါင်းဆောင်လျို .. ဒါပေမဲ့ ကျွန်မက လူတစ်ယောက်ကို စောင့်နေတာ” ကျန်းလော့ရှန်း ပြန်ဖြေလိုက်သည်။

သူ့အဆင့်နှင့် မဖိတ်ခေါ်သည့်သူအနား ကပ်တွယ်နေမည်မဟုတ်ပင်။ လျိုထော်သည် ချက်ချင်းပင် ထထွက်သွားလိုက်လေသည်။

သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ အချိန်တိုအတွင်း သူမကို လာနှုတ်ဆက်သည့် အဖွဲ့ ၄ ဖွဲ့၊ ၅ ဖွဲ့ခန့် ရောက်လာသည်။ ဒီသောက်ချူဖုန်းက အရမ်းကို နောက်ကျနေပြီ..

အထူးသဖြင့် အချို့ဧည့်သည်များသည် ထွက်မသွားပဲ သူမတို့အနား၌သာ ကပ်တွယ်နေသည်။ ဤလူအများစုတွင် ထူးခြားသည့်နောက်ခံများ ရှိနေသည်ပင်။

ထိုလူများထဲတွင် ဒိမ်ဒီအဖွဲ့၊ မူမိသားစုမှ လူတစ်ယောက်လည်း ပါနေသည်။ ထိုလူနာမည်မှာ မူကျွောပင်။ သူမသည် ကျန်းလော့ရှန်းထက် အဆင့်မနိမ့်သည့်သူတစ်ဦးပင်။

တကယ်တမ်းတွင် မူကျွောမှာ မပျော်မရွှင်ဖြစ်နေရသည်။ သူသည် ချူဖုန်း၏ဆုတ်ယုတ်မှုကို မျက်မြင်ကိုယ်တွေ့တွေ့ချင်သောကြောင့် မူထျန်းနှင့်အတူ ရွှမ်းထျန်မြို့သို့ ရောက်လာခဲ့သော်လည်း ချူဖုန်းမှာ ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်နေလေပြီ။

မူထျန်းသည် လွန်ခဲ့သည့် နှစ် ၂၀ ကတည်းက သန္ဓေပြောင်းလူသား ဖြစ်ခဲ့သောကြောင့် သူ့စွမ်းအားမှာ ပြိုင်ဘက်ကင်းပင်။ သို့သော် သူ ချူဖုန်းကို ဘာမှဘာမှမလုပ်သောကြောင့် မူကျွော ရှုပ်ထွေးကာ မကျေမနပ်ဖြစ်ခဲ့ရသည်။

ယနေ့ည ညစာလာစားရင်း ကျန်းလော့ရှန်းနှင့် အမှတ်မထင် တွေ့ခဲ့ခြင်းပင်။ ထို့ကြောင့် သူ ဤနေရာသို့ ချက်ချင်းရောက်လာခဲ့ခြင်းဖြစ်သည်။ ပထမအကြောင်းရင်းမှာ နိုင်ငံ့နတ်ဘုရားမ၏ ဆွဲဆောင်မှုကြောင့်ဖြစ်ပြီး အခြားအကြောင်းရင်းမှာ နတ်ဘုရားမကျန်းနှင့် ချူဖုန်းကြားတွင် ဆက်ဆံရေးတစ်ချို့ ရှိနေသောကြောင့် ဤအခွင့်အရေးကို အသုံးချကာ သူ ချူဖုန်းကို ပြန်လည်တိုက်ခိုက်ချင်သည်။

သူနှင့်ကျန်းလော့ရှန်းကြား ကောလဟာလတစ်ချို့ လုပ်လိုက်နိုင်လျှင်ပင် သူ သတင်းသမားများကို စိတ်ဝင်စားစရာကောင်းသည့် ဆောင်းပါးအချို့ ရေးခိုင်းလိုက်မည်။

ပြီးလျှင် သူ ဒိမ်ဒီဇီဝအုပ်စုထဲ သွားပုန်းနေလိုက်မည်။ ကောလဟာလများဖြေရှင်းရန်အတွက်နှင့် ချူဖုန်း ဒိမ်ဒီထဲသို့ လိုက်လာစရာအကြောင်းမရှိ။

ထိုကဲ့သို့သောအကြံမျိုးဖြင့် မူကျွော ကျန်းလော့ရှန်းနား လျှောက်လာလိုက်သည်။

ကံမကောင်းစွာဖြင့် ကျန်းလော့ရှန်းသည် သူ့ကို လုံးဝစိတ်မဝင်စား။

မူကျွော စည်းမကျော်ရဲ။ သို့သော် သူသည် ထွက်မသွားပဲ ထိုနေရာ၌သာ ရပ်နေလေသည်။ ထို့ကြောင့် အခြားလူများလည်း ထွက်မသွားတော့ပဲ စားပွဲနား၌ ရစ်သီရစ်သီ လုပ်နေကြတော့သည်။

“အမ် .. ဒီနားမှာဘာလို့ ဒီလောက် လူစည်နေတာလဲ.. အိုး .. အလှလေးပဲ..”

ထိုအချိန်တွင် လူတစ်စု လမ်းလျှောက်ဝင်လာကာ သူတို့သီးသန့်ခန်းထဲသို့ သွားတော့မည့်အချိန်တွင် သူတို့ ကျန်းလော့ရှန်းနှင့် မူကျွောကို တွေ့လိုက်ရသည်။

“သူတို့တွေကို ရင်းနှီးနေသလိုပဲ .. အိုး .. အဲဒါက လူသားမျိုးနွယ်စုက နိုင်ငံ့နတ်ဘုရား,မဟုတ်ဘူးလား .. အပြင်လောကမှ သူက ပိုပြီးတော့တောင်‌ ချောသေးတယ်”

သူတို့အုပ်စု ခြေလှမ်းများ ရပ်တန့်သွားလေ၏။ ဤလူများမှာ သားရဲမျိုးနွယ်စုများဖြစ်ပြီး ဟူရှန်း၊ လုချင်နှင့် ရှုန်းခွန်ကဲ့သို့ သူတို့ရင်းနှီးသည့်မျက်နှာများလည်း ပါဝင်သည်။

ထိုထဲတွင် ရှုန်းခွန်သည် တစ်ကိုယ်လုံးကို ပတ်တီးစည်းထားရသည်။ အဘယ်ကြောင့်ဆိုသော် သူ့အဖိုးသည် နွားနတ်ဆိုးကို မျက်နှာလုပ်ရန်အတွက် သူ့အား ကောင်းကောင်းရိုက်နှက်ဆုံးမထားသည်ပင်။

ရှုန်းခွန် အလွန်အမင်း ဒေါသထွက်နေရသည်ပင်။ အစပိုင်းတွင် သူ့အဘိုးအား သူ့အတွက် တရားမျှတမှုရှာပေးရန် တိုင်တန်းခဲ့ခြင်းဖြစ်သော်လည်း သူ ထင်ထားသလို ဖြစ်မလာခဲ့။ ထို့ကြောင့် အိမ်မှထွက်လာပြီး သူ့သူငယ်ချင်းများနှင့် လာတွေ့ခြင်းပင်။

ယနေ့မှာ သူ့ကိုကြိုဆိုသည့်ပါတီဖြစ်သောကြောင့် သူတို့ စကိုင်းတာဝါကို ရှောင်ခဲ့ကြသည်။ ထိုနေရာအကြောင်းကို သူ စဉ်းပင် မစဉ်းစားချင်တော့။

“အဲဒီအမျိုးသမီးနဲ့ မရှုပ်နဲ့ .. သူက ဟိုလူနဲ့ ဆက်ဆံရေးတွေရှိတယ်လို့ကြားတယ်..” တစ်စုံတစ်ယောက် တီးတိုးပြောလိုက်သည်။

“ကျစ် .. အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ .. အဲဒါတွေက ကောလဟာလတွေပဲ .. တကယ်တမ်းက ကျန်းလော့ရှန်းက အဲဒီကောင်ကို အမြဲတမ်း ရိုက်ချင်နေခဲ့တာ .. သူ အဲဒီလိုမျိုးရိုက်နိုင်တဲ့ စွမ်းအားမရှိလို့သာ” အခြားတစ်ယောက်မှ ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ် ဒါက ဘယ်သူ့ကိုမှ ထိခိုက်စေမှာမဟုတ်ဘူး .. ဒီတစ်လော ငါ အရမ်းစိတ်တိုနေရတာ .. ငါ့ စိတ်ဖိစီးမှုတွေကို လျော့ချပစ်ဖို့လိုနေပြီ ..” ရှုန်းခွန် ပြောလိုက်သည်။ သူသည် တစ်ကိုယ်လုံး ပတ်တီးအပြည့်ဖြစ်သော်လည်း သူ့ထံ၌ အင်အားကြီးသည့်အော်ရာမျိုး ရှိနေဆဲပင်။

အခြားသူငယ်ချင်းများမှာ သူ့ကို ဖြောင်းဖျချင်နေသော်လည်း သူ ထွက်သွားပြီဖြစ်သောကြောင့် သူ့နောက် လိုက်သွားရန်သာ တတ်နိုင်တော့သည်။

“နတ်ဘုရားကျန်း .. တိုက်ဆိုင်လိုက်တာ .. ကျွန်တော်တို့ နတ်ဘုရားမကို တကယ် လေးစားနေကြရတာ .. နတ်ဘုရားမက ပြီးပြည့်စုံလွန်းတယ်..”

ရှုန်းခွန် အနီးသို့ရောက်သည်အထိ လျှောက်သွားလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“မင်းတို့ ဘယ်သူတွေလဲ..” မူကျွော မပျော်မရွှင် ပြောလိုက်သည်။ မသိသည့်လူအချို့ ဝင်လာပြီး သူ့နေရာကို လုယူနေကြသည်။

“ဒီနိမ့်ကျတဲ့လူက ရှုန်းခွန်ပါ .. ခင်ဗျား မကျေနပ်တာရှိလို့လား..” ရှုန်းခွန် သူ့ကို ခြိမ်းခြောက်လိုက်သည်။

“အဲဒီတော့ မင်းက အဲဒီရှုန်းခွန်ပေါ့..” မူကျွော ပြန်ဖြေလိုက်သည်။ ရှုန်းခွန် မည်သူဖြစ်သည်ကို သိသည်နှင့် မူကျွော ပြုံးလိုက်ပြီး ရှုန်းခွန်အား ဖော်ရွေစွာ နှုတ်ဆက်လိုက်သည်။

“ဖြန်း..” ရှုန်းခွန် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သည်။ ရုတ်တရက်ဆန်သည့် တိုက်ခိုက်မှုကြောင့် မူကျွော လွင့်ထွက်သွားလေသည်။

“မင်းက ဘာကိုရယ်နေတာလဲ … အပျက်ကောင်လေး” ရှုန်းခွန် မေးလိုက်သည်။

“မင်း..” မူကျွော ဒေါသထွက်သွားရသည်။

“ဘာလဲ .. မင်း မကျေနပ်ဘူးလား..” ရှုန်းခွန် လျှောက်လာကာ သူ့ရင်ဘတ်ကို တက်နင်းလိုက်သည်။ “အပျက်ကောင်လေး .. မင်းကငါ့ကို ဟာသလုပ်ရဲတယ်ပေါ့..”

ဖြစ်နိုင်လျှင် မူကျွော ဤဝက်ဝံကို တစ်စစီဖြစ်အောင် လုပ်ပစ်လိုက်ချင်မိသည်။ သူသည် အကြောင်းရင်းမရှိပဲ တိုက်ခိုက်ခံနေရသည်။

ဖုန်း ဖုန်း ဖုန်း..

ရှုန်းခွန်မှာ ပြတ်သားကာ အညှာအတာ ကင်းမဲ့လှသည်။ သူသည် မူကျွောကို စကားပြောခွင့်မပေးပဲ ဆက်တိုက်ပင် ဖိနင်းပစ်နေလေ၏။

မူကျွောပါးစပ်တွင် သွေးများ ပြည့်နေပြီး ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီဖြစ်သည်။ သို့သော် သူ ရှုန်းခွန်၏ပြိုင်ဘက်မဟုတ်။ သူ မတ်တပ်ပင် ပြန်မရပ်နိုင်သေး။

အခန်းထဲမှ အခြားလူများကတော့ တိတ်တဆိတ်ပင် စောင့်ကြည့်နေကြလေသည်။

ထို့နောက် ရွှေရောင်ဆံပင်နှင့်အတော်လေး ချောမောလှသည့် ဟူရှန်း ရောက်လာသည်။ ယခုအချိန်သည် အခြေအနေကို ထိန်းသိမ်းသင့်သည့်အချိန်ရောက်လာပြီဟု သူ ဆုံးဖြတ်လိုက်သည်။

သူသည် ဆံပင်ရှည်ကို ဝေ့ရမ်းကာ အပြုံးတစ်ခုဖြင့် ကျန်းလော့ရှန်းအား စကားပြောလိုက်သည်။ “မစ္စရှန်း .. သူ့ကို အပြစ်မမြင်ပါနဲ့ .. ဒီညီလေးက အရမ်းကို ဒဲ့တိုးဆန်လို့ပါ .. သူက တကယ်တော့ လူကောင်းတစ်ယောက်ပါ..”

“မင်းဖင်ကို ကောင်းလိုက်ပါလား” အခန်းအပြင်ဘက်မှ မူကျွော ရေရွတ်လိုက်သည်။ ရှုန်းခွန်မှာ သူ့ကို ကန်နေဆဲပင်။

“ကျွန်တော်တို့အားလုံး မစ္စကျင်းကို အရမ်းလေးစားတာပါ .. ကျွန်တော်တို့ အခွင့်ကြုံလို့ တွေ့ကြရပြီဆိုတော့ ဒီက မမလေးနှစ်ယောက် ကျွန်တော်နဲ့ အခန်းပေါင်းချင်မလားလို့ သိချင်မိပါတယ်” ဟူရှန်းသည် ယဉ်ကျေးစွာပြုံးလိုက်ပြီးနောက် ဖော်ရွေစွာ ဖိတ်ခေါ်လိုက်လေသည်။

“ရပါတယ် .. ကျွန်မစောင့်နေတဲ့လူကလည်း အရမ်းအရေးမကြီးပါဘူး .. သွားကြစို့..” ကျန်းလော့ရှန်း ပြုံး၍ ပြောလိုက်သည်။

အပိုင်း ၁၄၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset