အပိုင်း ၁၅၂•၁
” ထန်မျိုးနွယ်ရဲ့ အောင်မြင်မှုအတွက် အဆင့်ပြန်လည်သတ်မှတ်ခြင်း ”
°°°
” ကလေးတို့ မငိုကြနဲ့ ”
အကြီးအကဲမုက ခပ်ယဲ့ယဲ့လေးပြုံးနေခဲ့ပြီ သူ့ရဲ့မျက်နှာကလဲ သွေးရောင်ပြန်လွှမ်းလာခဲ့ပါတယ်။ အခုအချိန်မှာတော့ အနည်းငယ်အင်အားပြည့်လာပုံပါပဲ။
” ဆရာ ”
ဟို့ယွိဟောင်က ဒူးထောက်လိုက်ပြီ နောက်ထပ်စိတ်ခံစားချက်တွေကို မထိန်းနိုင်တော့ပဲ အသံပျောက်တဲ့အထိကို ငိုကြွေးနေပါတော့တယ်။ ၀မ်သုန့်လဲ ဒူးထောက်ချလိုက်ပြီ ကျန်ရစ်တဲ့မိစ္ဆာခုနှစ်ဖော်တင်မကရှိသမျှလူတိုင်းနီးပါးက ဒူးထောက်နေကြပါပြီ။ အဲ့ဒီထဲမှာ ပေ့ပေ့ကတော့ သနားစရာကောင်းလောက်အောင် သည်းသည်းထန်ထန်ငိုကြွေးနေခဲ့တာပါ။ သူ့ရဲ့ငိုကြွေးမှုက တခြားသူတွေကိုတောင် တအံ့တဩဖြစ်စေခဲ့ပါတယ်။ အားလုံးကလဲ စိတ်မကောင်းတဲ့ပုံစံပေါ်နေခဲ့ကြတယ်။ ဒူးထောက်နေတဲ့ ရန်ရှောင်ကျဲ့နဲ့ ချိုက်မိန်အယ်တို့လဲ မျက်ရည်တွေစီးကျနေခဲ့ပါပြီ။
” အပြီးကြီး ”
ဒါကသွေးရင်းသားရင်းဘိုးဘေးတွေကို ခေါ်တဲ့အသုံးအနှုန်းပါ။ အဖေ အဘိုး အဘေးပြီတဲ့အချိန်မှာတော့ အပြီးလာပါတယ်။ ပေ့ပေ့နဲ့ အကြီးအကဲမုတို့ဒီလိုဆက်နွယ်နေကြမယ်လို့ ဘယ်သူမှမသိခဲ့ပါဘူး။ အကြီးအကဲမုကတော့ ဒူးထောက်နေသူတွေကိုကြည့်ရင်း ပြောလာခဲ့တယ်။
” ကလေးတို့ဘာများ၀မ်းနည်းစရာလိိုလို့လဲ ငါကအသက်နှစ်ရာနီးပါးနေခဲ့ပြီးပြီ ငါသက်တမ်းကအတော်ကိုရှည်လွန်တယ်လေ ဒီလောက်အသက်အရှည်ကြီးနေရတာက ပျော်စရာကောင်းတဲ့ကိစ္စပဲမလား ”
” ဒီသက်တမ်းတစ်လျှောက်မှာ ကျောင်းတော်အတွက်ပဲ အချိန်အများကြီးကုန်ဆုံးခဲ့တယ်…မင်းတို့ကလေးတွေ ဖြည်းဖြည်းချင်းအရွယ်ရောက်လာတာကို ကြည့်ရတာက ငါအတွက် အကောင်းဆုံးဂုဏ်ယူစရာပါပဲ လူငယ်လေးတွေကိုကြည့်ရင်း အရင်တုန်းက နုပျိုခဲ့တဲ့အချိန်တွေကို ပြန်ခံစားမိတယ်..ဒီနေ့ငါပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်ခွာဖို့မျှော်လင့်ပါတယ်…အမျက်ဒေါသကျောင်းတော်နဲ့ မင်းတို့အားလုံးကို ငြိမ်ငြိမ်ချမ်းချမ်းမြင်ရမှသာ အနားယူနိုင်မှာ ”
အကြီးအကဲမုရဲ့စကားတွေကိုကြားချိန်မှာ ဟို့ယွိဟောင်ကတော့ တစ်အီအီနဲ့ပိုပိုပြီးတော့ ငိုကြွေးလာပါတယ်။ အကြီးအကဲမု လွန်ခဲ့တဲ့နှစ်မှာသူ့ကို ညွှန်ကြားပြသပေးခဲ့သမျှအရာအားလုံးကို သူရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပါ။ အကြီးအကဲမုက ဆရာဖန်းယွီနဲ့ယှဥ်လိုက်မယ်ဆိုရင် အများကြီးချစ်ခင်ကြင်နာတတ်တဲ့ဆရာတစ်ယောက်ဖြစ်ခဲ့တယ်။ အကြီးအကဲမုရဲ့ နွေးထွေးကြင်နာမှုတွေကြောင့် သူတကယ်ပဲအများကြီးနွေးထွေးခဲ့ရပါတယ်။ အကြီးအကဲမုကိုလဲ စိတ်မပျက်စေရပဲ ကိုယ်ပိုင်ဖန်တီးထားတဲ့ လျှို့၀ှက်နည်းလမ်းတွေကိုထန်မျိုးနွယ်ရဲ့ လျှို့၀ှက်နည်းလမ်းတွေနဲ့ ပေါင်းစည်းရင်း သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုလဲ တိုးတက်အောင်လုပ်နိုင်ခဲ့တယ်။ ဒါ့အပြင် လွန်ခဲ့တဲ့နှစ်မှာ ၀ိညာဥ်စွမ်းအားက သိသိသာသာတိုးတက်မလာခဲ့ပေမဲ့ ဒိီမျိုးစေ့ရဲ့ပါရမီရှင်ဖြစ်ဖို့တော့ အခြေခံခိုင်ခဲ့ပါပြီ။
” ရှောင်ရွှမ် ငါထွက်ခွာတော့မယ်..ဒါပေမယ့် မင်းအတွက် ငါညွှန်ကြားစရာတွေတော့ရှိသေးတယ် ”
အကြီးအကဲရွှမ်က အကြီးအကဲမုဘေးကို ချက်ချင်းအပြေးရောက်လာခဲ့ပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်တောင်မှ ၀မ်းနည်းလွန်လို့တုန်ရီနေခဲ့ပါတယ်။
” ရှောင်ရွှမ် မင်းလဲမငယ်တော့ဘူး အဲ့ဒီတော့ အရမ်းကြီးစိတ်ထိခိုက်မနေနဲ့ ငါကအပြည့်အ၀ကြီးသေဆုံးသွားတာတော့မဟုတ်ဘူးလေ ငါသေသွားမယ်ဆိုရင်တောင် ကျောင်းတော်ကို ထာ၀ရကာကွယ်ပေးမှာပဲ နားထောင်နော် ရှောင်ရွှမ် မင်းကငါရဲ့ ပင်လယ်နတ်ဘုရာခန်းမဆောင်သခင်နေရာကို ဆက်ခံရမယ်…အရာအားလုံးက မင်းနဲ့အတူတူရှိနေလိမ့်မယ်…အားလုံးပဲငါမရှိတဲ့နောက်မှာလဲ သူ့ကို ငါနဲ့ထပ်တူပဲ အရိုအသေပြုကြရမယ်..ဟုတ်ပြီလား ”
” အမိန့်အတိုင်းပါ ”
အကြီးအကဲတွေအားလုံးက တလေးတစားနဲ့ ပြန်ဖြေကြပါတယ်။
” အကြီးအကဲမု ကျွန်တော် ”
အကြီးအကဲရွှမ်က အနည်းငယ်စိုးရိမ်ပူပန်းလာခဲ့ပါတယ်။
” မင်းကတခါတလေမှာ စိတ်လောလွန်ပေမဲ့ ကျောင်းတော်အတွက် ရေရှည်ကိုမျှော်တွေးပေးနိုင်ပြီ ကြိုးစားချင်စိတ်လဲရှိတယ်…ဒီကျောင်းတော်မှာငါနေရာကိုဆက်ခံဖို့ မင်းထက်ပိုပြီးသင့်တော်တဲ့သူမရှိတော့ဘူး…ဒါ့အပြင် ငါနဲ့နှစ်တွေအများကြီးအတူတူရှိလာခဲ့ပြီသူဖြစ်မှတော့ အများကြီးလဲ အကျိုးရှိခဲ့မှာပါ လက်ရှိအချိန် ကိုယ်ရဲ့ခံစားချက်တွေကို ဘယ်လိုကောင်းကောင်းထိန်းချုပ်ရမလဲဆိုတာ သင်ယူဖို့ပဲလိုတော့တယ်…လက်ရှိအချိန်မင်းရဲ့အစွမ်းအစနဲ့ဆိုရင် သုပုစီးတောင်မင်းကို အနိုင်ယူနိုင်မှာမဟုတ်ဘူး…ငါထွက်ခွာသွားပြီရင်း မင်းသာပင်လယ်နတ်ဘုရားခန်းမဆောင်မှာရှိနေသရွေ့ သူဘာမှလုပ်၀ံ့မယ်လို့ မထင်ဘူး ”
သေခြင်းတရားရဲ့ရှေ့မှောက်မှာတောင် ကျားတစ်ကောင်ရဲ့အငွေ့အသက်က ထင်ထင်ရှားရှားရှိနေဆဲပါ။ အကြီးအကဲမုက အသက်ငင်နေတဲ့အချိန်ကာလရောက်နေပေမဲ့ သူ့ရဲ့စကားတွေက အရမ်းကိုစွမ်းအားကြီးလှပါတယ်။
အကြီးအကဲရွှမ်က မျက်ရည်တွေပြည့်နေပြီဖြစ်သလို စကားလဲနောက်ထပ်မပြောနိုင်တော့ပါဘူး။ တခြားအကြီးအကဲတွေအားလုံးကလဲ အကြီးအကဲမုပြောတာကို လက်ခံကြပါတယ်။ အကြီးအကဲရွှမ်က တကယ်ပဲ ကျောင်းတော်မှာဒုတိယမြောက်အသန်မာဆုံးသူပါ။ ဒီနေရာကိုဆက်ခံဖို့လဲ အသင့်တော်ဆုံးပါပဲ။
” ရှောင်ကျဲ့နဲ့ မိန်အယ် လာခဲ့ကြ ”
” ဆရာ ”
ရန်ရှောင်ကျဲ့နဲ့ ချိုက်မိန်အယ်နှစ်ယောက်စလုံးက အရှေ့ကိုဒူးထောက်လျက်သားရောက်လာခဲ့ပါတယ်။
” ရှောင်ကျဲ့ ငါကမင်းကိုအစိုးရိမ်ပဲ မင်းက အများကြီးတွေးတောနိုင်စွမ်းမရှိဘူး…ငါမင်းကိုပြောင်းလဲစေဖို့ အချိန်ဆယ်နှစ်ပေးမယ်…အဲ့ဒါပြီရင်း ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ပထမအလွှာမှာ နက်ရှိုင်းတဲ့တရားထိုင်မှုကို မင်းလုပ်ရမယ်…ငါရဲ့ စမ်းသပ်ချက်ကို မင်း မဖြတ်ကျော်နိုင်သေးဘူးဆိုရင် ကျောင်းအုပ်နေရာကို နှုတ်ထွက်လိုက်တော့ ”
ရန်ရှောင်ကျဲ့က တုန်ရီလို့သွားခဲ့ပေမဲ့ ပြန်မပြော၀ံ့ပါဘူး။ သူတလေးတစားနဲ့သာ ပြန်ဖြေလိုက်ပါတယ်။
” ကောင်းပါပြီဆရာ ”
” မိန်အယ် ”
” ဟုတ်ကဲ့ပါဆရာ ”
ချိုက်မိန်အယ်က လက်ထောက်ကျောင်းအုပ်ပါ သူ့မရဲ့ဩဇာအရှိန်အ၀ါကကျောင်းတော်ထဲမှာ အတော်ကိုကြီးမားပါတယ်။ ဒါပေမယ့် အကြီးအကဲမုရဲ့အရှေ့မှာကတော့ ကလေးမလေးတစ်ယောက်လိုပါပဲ။ အကြီးအကဲမုက သူ့ကိုစကားပြောဆိုတဲ့အချိန်မှာ အများကြီးပိုပြီးညင်သာပါတယ်။
” ဒီနှစ်တွေမှာ ကျောင်းတော်အတွက် မင်းအများကြီးစွမ်းဆောင်ခဲ့တယ်…အကယ်၍ ဆယ်နှစ်အချိန်အတွင်းမှာ ရှောင်ကျဲ့သာငါရဲ့စမ်းသပ်ချက်ကို မအောင်မြင်နိုင်ဘူးဆိုရင် မင်းပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ၀င်ရောက်ပြီ သူ့ရဲ့ကျောင်းအုပ်ရာထူးကို ဆက်ခံရမယ်…ဒါ့အပြင် လဲ့ရွှမ်ကတော့ သိုင်းပညာ၀ိညာဥ်အတတ်ပညာရှင်ကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်အဖြစ် ရာထူးတိုးခံရပြီ ပင်လယ်နတ်ဘုရားခန်းမဆောင်ကို ၀င်ရောက်ရမယ် ”
” ဆရာမသေပါနဲ့ ”
ချိုက်မိန်အယ်က သနားစရာကောင်းလောက်အောင် ပြောနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူခေါင်းတောင်မမော့နိုင်တော့ပါဘူး။
အကြီးအကဲမုကတော့ သူ့ရဲ့ခေါင်းကိုဖွဖွလေးပုတ်ပေးနေရင်းနဲ့ ရန်ရှောင်ကျဲ့ကို ပြောလာခဲ့တယ်။
” ရှောင်ကျဲ့ ငါမင်းကိုဘယ်လောက်အထိ တင်းကြပ်နေရလဲဆိုတာ နားလည်မှာပါ ဆယ်နှစ်ဆိုတဲ့အချိန်က မကြာရှည်ပါဘူး…ဒီအချိန်ကိုကောင်းကောင်းအသုံးပြုလိုက်ပါ နားလည်ရဲ့လား ”
ရန်ရှောင်ကျဲ့က တစ်စုံတစ်ရာကိုနားလည်သွားပုံပါပဲ။ အကြီးအကဲမုကို သူစိုက်ကြည့်နေရင်း သူ့ရဲ့မျက်လုံးက မျက်ရည်တွေကိုသုတ်ကာ လုံး၀ကိုတည်ငြိမ်လို့သွားပါတော့တယ်။
” ဆရာကျွန်တော်နားလည်ပါတယ် ကျွန်တော်ဆရာကို စိတ်မပျက်စေရပါဘူး…ဆရာထွက်ခွာသွားပြီတဲ့နောက်မှာ ကျောင်းတော်ကလုံး၀မကျရှုံးစေရဘူး ”
” ကောင်းပြီ နောက်ဆုံးတော့ မင်းနားလည်သွားပုံပဲ မိန်အယ်ကို တစ်ဖက်ခေါ်လိုက်ပါဦး ငါမှာအချိန်သိပ်မကျန်တော့ဘူး ”
သူမထွက်သွားခင်အချိန်မှာပြောစရာတွေအများကြီးရှိနေဆဲပါ။ ရန်ရှောင်ကျဲ့လဲ အကြီးအကဲမုပြောတာကိုကြားချိန်မှာ ချိုက်မိန်အယ်ကို ခပ်မြန်မြန်ပဲဆွဲပြီခေါ်လိုက်ပါတော့တယ်။
” လင်းအယ်နဲ့ သောသောလာခဲ့ကြ ”
ရှန်လင်းအယ်က ချိုက်မိန်အယ်နီးပါးငိုကြွေးထားတာကြောင့် စကားတောင်ကောင်းကောင်းမပြောနိုင်ပါဘူး။
” လင်းအယ် မင်းရဲ့အကြီးမားဆုံးပြစ်ချက်ကဘာလဲသိရဲ့လား ”
ရှန်လင်းအယ်က တရှုံ့ရှုံ့ငိုရင်းနဲ့သာ ကြည့်နေခဲ့ပါတယ်။
” မင်းကအရမ်းကို တဲ့တိုးဆန်လွန်ပြီ စိတ်ခံစားချက်များလွန်တာပဲ အကယ်၍ မင်းသာအမျိုးသားတစ်ယောက်ဖြစ်မယ်ဆိုရင် ရှောင်ကျဲ့နေရာမင်းကိုအပ်လိုက်ပြီ ကျောင်းတော်ရဲ့အကြီးမားဆုံး တာ၀န်၀တ္တရားတွေအားလုံး မင်းလက်ထဲမှာစိတ်ချလက်ချထားခဲ့မိမှာပဲ ဒါပေမယ့် မင်းကအမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့် ဒီပြစ်ချက်က အများကြီးပိုပြီးကြီးမားသွားလိမ့်မယ်…မင်းရဲ့စိတ်ပိုင်ဆိုင်ရာတွယ်ညှိမှုတွေက ကိုယ့်ကိုကိုယ်မတိုးတက်အောင်လို့ တားဆီးနေတယ်…မဟုတ်ရင် မင်းရဲ့အောင်မြင်မှုတွေအားလုံးက ရှောင်ကျဲ့ထက်ကိုသာလွန်ပြီးသွားပြီ ထူးကဲသာလွန်သော့်လော့ဖြစ်ဖို့အတွက် အဲ့ဒီအတားအဆီးမှာ ရပ်တန့်နေတော့မှာမဟုတ်ဘူး ”
” ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို မင်းတို့နှစ်ယောက်လက်ထဲမှာထားခဲ့ဖို့ ငါစိတ်ချပါတယ်…မင်းတို့က ပွင့်လင်းမြင်သာမှုရှိပြီ အတော်လေးကို စဥ်းစားတွေးတောတတ်တဲ့သူတွေပဲ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ တိုးတက်မှုက မင်းတို့နှစ်ယောက်အပေါ်မှာပဲ မူတည်နေတယ်..၀ိညာဥ်ပညာရှင်တွေရဲ့ အနာဂတ်က ၀ိညာဥ်လက်နက်တွေနဲ့ နက်နက်ရှိုင်းရှိုင်းချိတ်ဆက်သွားလိမ့်မယ်..ဒီလမ်းက ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ငါမသေချာပေမဲ့ မင်းတို့တွေဒီလျှို့၀ှက်ချက်ကို ရှာတွေ့ကြမှာပါ ”
” ငါသွားပြီတဲ့နောက် ဖန်းယွီကို ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ လက်ထောက်ကျောင်းအုပ်အဖြစ် ရာထူးတိုးပေးလိုက် ကျောင်းတော်ကနေ အဆင့်ကိုး၀ိညာဥ်လက်နက်အတတ်ပညာရှင်ကို ဆယ်နှစ်အတွင်းမွေးထုတ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်…သုံးလအတွင်းမှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမရဲ့ ခန်းမသခင်နဲ့ငါ သဘောတူထားတဲ့အချိန်ရောက်တော့မယ်…ဖန်းယွီက အဲ့ဒီအုပ်စုကိုဦးဆောင် ပေါ်တင်ကြီးတစ်ဖက်ခန်းမကနေ ဘာမှမကြံစည်၀ံ့ဘူးလို့ ငါထင်ပါတယ် ”
” ပို့လိုက်မဲ့ကျောင်းသားတွေကို သေချာလေးသင်ယူပါစေ သူပို့လာမဲ့ကျောင်းသားတွေကိုလဲ သူတို့အစွမ်းအစအတိုင်းသင်ယူပါစေ သူတို့အတွက်ဘာအတားအဆီးမှမဖြစ်စေနဲ့ သူတို့ကျောင်းတော်က အမြဲတမ်းပွင့်လင်းမြင်သာမှုရှိတယ်…အကယ်၍ သူတို့သာ ကောင်းကောင်းစွမ်းဆောင်နိုင်မယ်ဆိုရင် သင်ကြားဖို့အတွက် အခွင့်ရေးကောင်းကောင်းပေးရမယ်…ငါတို့တွေဘာလှည့်ကွက်မှလုပ်လို့မရဘူး…မင်းနဲ့ ရှောင်ကျဲ့ ဒါကိုကောင်းကောင်းရင်ဆိုင်နိုင်မယ်လို့ ယုံကြည့်ပါတယ် ”
ရှန်လင်းအယ်က ဆက်တိုက်ခေါင်းညိတ်နေခဲ့တယ်။ ချင်းသောသောကတော့ သူ့ကိုဘေးကနေ တွဲပေးထားရင်း အကြီးအကဲမုရဲ့စကားတွေကို တလေးတစားနာခံနေခဲ့ပါတယ်။
” ဒါက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့သခင်အနေနဲ့ ငါရဲ့နောက်ဆုံးအမိန့်ပဲ ”
အကြီးအကဲတွေအားလုံးက ဒါကိုကြားချိန်မှာ အရှေ့ကိုတက်လာခဲ့ပြီ ဒူးတစ်ဖက်ထောက်ချလိုက်ပါတယ်။ အကြီးအကဲမုရဲ့အသံကပင်လယ်နတ်ဘုရားခန်းမဆောင်တစ်ခွင်ကို လွှမ်းခြုံလို့သွားခဲ့ပြီ ခန်းမရဲ့အပြင်အထိပြန့်နှံ့လို့သွားခဲ့ပါပြီ။
” ဒီနေ့ကနေစပြီ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က အစွမ်းကုန်တိုးတက်လာစေရမယ်…သိုင်းပညာ၀ိညာဥ်ကျောင်းတော်နဲ့ လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့နှစ်ခုကြားက ချိတ်ဆက်မှုကလဲ သန်မာလာစေရမယ်..၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ကုန်ကျနေတဲ့ ကုန်ကျစရိတ်ကို အမျက်ဒေါသမြို့တော်ရဲ့ ၀င်ငွေတစ်၀က်ကနေ သုံးစွဲခွင့်ပြုမယ်…အကယ်၍ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်သာ တစ်နှစ်မှာအဆင့်တစ်ဆယ်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကို မွေးထုတ်ပေးနိုင်မယ်ဆိုရင် အဲ့ဒီလူက ငါရဲ့ပင်လယ်နတ်ဘုရားခန်းမဆောင်သခင်နေရာကို ဆက်ခံမဲ့သူဖြစ်လာလိမ့်မယ် ”
” အမိန့်အတိုင်းပါ ”
အကြီးအကဲတွေအားလုံးက တလေးတစားနဲ့ သဘောတူလိုက်ကြပါတယ်။ အဲ့ဒီနောက် သူစကားပြောရတာ အတော်မောသွားတဲ့ပုံစံနဲ့ မျက်လုံးတွေကိုပိတ်လိုက်ပါပြီ။
” ပေ့ပေ့ ဟယ့်ချ်ိုက်ထို့ ရှုစန်းရှီ ကျန်းနန်နန် ရှောင်းရှောင်း ဟို့ယွိဟောင် ၀မ်သုန့်မင်းတို့ခုနှစ်ယောက်မတ်တပ်ရပ်လိုက်ကြပါ ”
လက်ရှိအချိန်မှာ ဟို့ယွိဟောင်ရဲ့မျက်နှာကတော့ ဖြူဖျော့လို့နေခဲ့ပါပြီ။ မတ်မတ်ရပ်နိုင်ဖို့အတွက် ၀မ်သုန့်က သူ့ကိုတွဲပေးထားရပါတယ်။ အကြီးအကဲမုက သူတို့ကိုကြည့်လိုက်ပြီတဲ့နောက် ရှုစန်းရှီနဲ့ ကျန်းနန်နန်ကို ပြောလာခဲ့တယ်။
” စန်းရှီနဲ့ နန်နန် ငါမင်းတို့ကိုတောင်းဆိုစရာတစ်ခုရှိပါတယ်. ”
အကြီးအကဲမုရဲ့စကားက သူတို့ကိုထိတ်လန့်သွားစေခဲ့ပါတယ်။ တောင်းဆိုတယ်ဆိုတာက သူရဲ့အဆင့်အတန်းအရ သိပ်ပြီပြောလေ့ရှိတဲ့အရာမဟုတ်ပါဘူး။ ဒါ့အပြင် သူမဆုံးပါးခင် ဒီစကားကိုပြောတာက ကလေးနှစ်ယောက်အတွက် ကြီးမားတဲ့ဖိအားကို ဖြစ်လာစေခဲ့ပါတယ်။ ရှုစန်းရှီရဲ့အသံကတောင် တုန်ရီလို့နေခဲ့တယ်။
” အကြီးအကဲမု ကျွန်တော်တို့ကိုညွှန်ကြားပါ အကယ်၍ ကျွန်တော်တို့လုပ်နိုင်မယ်ဆိုရင် ဘာမဆိုလုပ်ဖို့အသင့်ပါပဲ ”
” ဒါက ပုဂ္ဂိုလ်ရေးအရ တောင်းဆိုချက်ပါပဲ မင်းတို့နှစ်ယောက်အနေနဲ့ ကျန်ရစ်တဲ့ညီအစ်ကိုမောင်နှမတွေမျိုးလို ထန်မျိုးနွယ်ကို ၀င်ရောက်ဖို့ငါမျှော်လင့်ပါတယ် ”
ရှုစန်းရှီ ဒါကိုကြားချိန်မှာ မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒါမျိုးကို သူမမျှော်လင့်ထားပါဘူး။
” လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းတုန်းက ထန်မျိုးနွယ်ကြီးတစ်ခုလုံးက အင်မတန်ကိုစည်ပင်ကြွယ်၀ခဲ့တယ်..ထန်မျိုးနွယ်ရဲ့ဘိုးဘေးထန်စန်းတောင်မရှိခဲ့ဘူးဆိုရင် အမျက်ဒေါသကျောင်းတော်ကလဲ ဒီနှစ်ပိုင်းတွေမှာဒီလောက်အထိ တိုးတက်နိုင်ခဲ့မှာမဟုတ်ဘူး ”
အပိုင်း ၁၅၂•၁ ပြီး၏။