Switch Mode

Chapter – 151.2

ပြင်းထန်သင်ကြားခြင်း

အပိုင်း ၁၅၁•၂

” ပြင်းထန်သင်ကြားခြင်း ”
°°°
လုရှောင်းရှောင်းက သူ့ရဲ့လက်ကောက်၀တ်ကို မြောက်လိုက်ပြီ ဟယ့်ချိုက်ထို့ရဲ့ မေးရိုးတွေကိုပြန်ပိတ်လိုက်ပါတယ်။ ဒီအတိုင်းပဲ အဲ့ဒီနံစော်စော်က မြိုချခံလိုက်ရပါပြီ။ ဟယ့်ချိုက်ထို့ရဲ့မျက်နှာက အမဲကနေအဖြူကိုပြောင်းသွားပြီ အဖြူကနေအစိမ်းကိုပြောင်းပါတယ်။ အဲ့ဒီနောက် အစိမ်းရောင်ကနေခရမ်းရောင်ပြောင်းသွားခဲ့ပြီ သူသတိလစ်လို့သွားပါတော့တယ်။

တစ်နေ့လုံးလုံးများပြားတဲ့သင်ခန်းစာတွေကို သင်ကြားရတာက သူ့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုမောပန်းစေပါတယ်။ ဒါကြောင့် ဒီလိုစိတ်ပိုင်းဆိုင်ရာနှိပ့်စက်တဲ့အတွေ့အ​ကြုံတွေကို နောက်ထပ် သည်းမခံနိုင်တော့ပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်က သဘာ၀အတိုင်းတုန့်ပြန်ရင်းနဲ့ ဒီအတိုင်းမြေပြင်ပေါ်ကို ပြုတ်ကျလို့သွားပါတော့တယ်။ လုရှောင်းရှောင်းကတော့ မျက်မှောင်ကြုတ်ရင်းနဲ့သာ ပြောနေခဲ့တယ်။

” အသုံးမကျလိုက်တာ ”

အဲ့ဒီနောက် လက်ဖြောက်တီးလိုက်ချိန်မှာတော့ ဟို့ယွိဟောင်က ပြန်လှုပ်ရှားသွားနိုင်ပါပြီ။ အဲ့ဒီနောက် သူဒေါသတကြီးနဲ့ ထအော်ပါတော့တယ်။

” ကိုယ့်ဘာသာကိုယ်စားကြည့်လေ ဒါကလူတွေစားလို့ရတဲ့အရာမဟုတ်ဘူး ”

သူဒီလက်ဖက်ရည်ခွက်ကို ခွဲပြစ်တော့မလိုလုပ်ရင်းနဲ့ ပြောပါတော့တယ်။

လုရှောင်းရှောင်းက လက်ကောက်၀တ်ကိုမြောက်ရင်း ဟို့ယွိဟောာင်ရဲ့လက်ကိုဖမ်းကာ အေးစက်မှုအပြည့်နဲ့ပြောလာခဲ့ပါတယ်။

” တကယ်စားချင်ပေမဲ့ မစားနိုင်ဘူးဒီကောင်တွေက အရသာမကောင်းပေမဲ့ ဆေးကောင်းဆိုတာအမြဲခါးတယ်မလား ကျောင်းတော်က နင်တို့ကိုအဆိပ်ခတ်မယ်ထင်နေလား နင်တို့နှစ်ယောက်အတွက်နဲ့ ကျောင်းတော်ကနေ အကုန်ခံထားရတာ အများကြီးပဲ ဒါတောင်စားမကောင်းတဲ့တစ်ခုခုကိုစားရတာနဲ့တင် အဲ့ဒီလောက် ခါးခါးသီးသီးဖြစ်ဦးမှာလား ကျောင်းတော်ရဲ့ပါရမီရှင်ထူးခြားတဲ့သူတွေလို့ ပြောရမှာတောင် လွန်နေပြီ နင်တို့ကိုဒါစားဖို့ဖိအားမပေးတော့ဘူး…မစားချင်ရင်ထွက်သွားလိုက်တော့ ဒါပေမယ့် နောက်ထပ် ရွေးချယ်ထားတဲ့ အစားအသောက်တွေကို ရှင်းပြဖို့အတွက်မျှော်လင့်မနေနဲ့တော့ ဒီတော့နင်မှာရွေးချယ်စရာနှစ်ခုရှိတယ်..ဒီသံပခြုပ်ကိုစားမလား ဒါမှမဟုတ် ငါရဲ့မျက်နှာကို အဲ့ဒီသံပခြုပ်နဲ့ပြစ်ပေါက်မလား အခွင့်အရေးပေးမယ် ”

လုရှောင်းရှောင်းက သူ့ကိုပြောရင်းကနေ နောက်တစ်လှမ်းပြန်ဆုတ်သွားခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ သူ့လက်ထဲမှာရှိနေတဲ့ရေနွေးခွက်ကိုကြည့်ရင်း တည်ငြိမ်လွန်လှတဲ့ လုရှောင်းရှောင်းကို တစ်ချက်ပြန်ကြည့်လိုက်တယ်။ အဲ့ဒီနောက် အသက်ပြင်းပြင်းရှုသွင်းရင်း သံပခြုပ်ကိုအားတင်းပြီ မြိုချလိုက်ပါပြီ။

ဒီညှီးလွန်လှတဲ့အနံက တစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားတာ ခံစားလိုက်ရပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်မှာရှိရှိသမျှ ချွေးပေါက်တွေပွင့်သွားပြီတဲ့နောက် ပင်လယ်အနံ့တွေက သူ့တစ်ကိုယ်လုံးကို တုန်ရီလာစေတဲ့အထိ ဖုံးလွှမ်းလို့သွားပါတော့တယ်။ အံကြိတ်ရင်းနဲ့ အန်ချင်လာတဲ့ခံစားချက်ကို ထိန်းထားရင်းတုန်ရီမှုကို ခံစားနေခဲ့ရပါတယ်။ အကြိမ်တစ်ရာလောက် အန်ထုတ်မယ်ဆိုရင်တောင် ဒီအညှီးနံ့ကြီးက ပျောက်သွားမှာမဟုတ်ဘူးလို့ သူခံစားနေခဲ့ရတယ်။

ဒီလိုတုန်လှုပ်မှုက စက္ကန့်နှစ်ဆယ်လောက်တိတိကြာမြင့်ခဲ့ပါတယ်။ အဲ့ဒီနောက် ငါးညှီးနံ့တွေလဲ ပျောက်သွားခဲ့ပြီ လေအေးအေးတွေက သူ့ဦးနှောက်ထဲကို စီးဆင်းလို့လာတော့တယ်။

မူလမူးဝေနေပြီ ပင်ပန်းနေတဲ့ စိတ်နဲ့ဦးနှောက်အခြေအနေကလဲ လက်ရှိအချိန်မှာ ရေအေးအေးနဲ့ ရေလောင်းချိုးလိုက်ရသလိုမျိုး လန်ဆန်းလို့သွားခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတက်ကြွပြီ လှုပ်ရှားလာတာကို ခံစားမိရုံတင်မက အာရုံခံနိုင်စွမ်းတွေကိုလဲ ပြန်လည်ရရှိလာခဲ့ပါပြီ။

စိတ်၀ိညာဥ်ကလဲ ချောမွေ့လာခဲ့ပြီ စိတ်ခံစားချက်တွေကလဲ တည်ငြိမ်လို့သွားပါတော့တယ်။ ဒါ့အပြင် ဒုတိယစိတ်၀်ိညာဥ်ပင်လယ်ရဲ့ ပြန်လည်ကောင်းမွန်မှုကလဲ အတော်ကိုမြန်ဆန်းလာမှန်းသူသတိထားလိုက်မိတယ်။ စိတ်ပင်ပန်းမှုတွေအားလုံးက တော်တော်ကြီးကို ပျောက်သွားခဲ့တာပါ။

” တောင်းပန်ပါတယ်ဆရာလု မှားသွားပါတယ် ”

ဟို့ယွိဟောင်လေးစားမှုအပြည့်နဲ့ ဦးညွတ်လိုက်ပါတယ်။ ဒီပစ္စည်းရဲ့အံ့ဩစရာကောင်းတဲ့အစွမ်းသတ္တိကြောင့်သာ ဒီလိုလုပ်ခဲ့တာမဟုတ်ပါဘူး။ လုရှောင်းရှောင်းပြောတဲ့ကိစ္စကြောင့်ပါပဲ။

ကျောင်းတော်ကသူ့တို့အတွက် အများကြီးအကုန်ကျခံထားခဲ့တာပါ။ သူ့အနေနဲ့ အခုလောက်သင်ကြားမှုနဲ့တင် စိတ်ဖိစီးနေလို့ဘယ်လိုဖြစ်မှာလဲ အကယ်၍ ဒီလောက်နဲ့သာ ပြိုလဲနေမယ်ဆိုရင် ကျောင်းတော်ရဲ့အာရုံစိုက်မှုနဲ့ အရင်းအမြစ်တွေကို သုံးဖြုန်းဖို့ထိုက်တန်မှာလား။

လုရှောင်းရှောင်းက ဟယ့်ချိုက်ထို့ကို နိုးလိုက်ပါတယ်။ ဟယ့်ချိုက်ထို့ကလဲ ခန္ဓာကိုယ်အပြောင်းအလဲတွေကို ခံစားမိပါပြီ။ သန့်စင်သွားပြီ လန်းဆန်းတဲ့ခံစားချက်က သတိလစ်နေတဲ့သူကိုတောင် ခပ်မြန်မြန်နိုးလာစေခဲ့တယ်။

” ဒုတိယဟင်းလျာကတော့ ပျိုနီပန်းကျောက်ပုဇွန်းပဲ ဒါကလဲ အစိမ်းစားရင်းအကောင်းဆုံးဖြစ်လိမ့်မယ်…ဒါပေမယ့် သတ်ပြီမှလဲ စားလို့ရတယ်…ဒါပေမယ့် အစိမ်းစားဖို့ကမလိုဘူး…ငါပြင်ဆင်ထားပြီးပြီ ချက်ချင်းစားလို့ရတယ် ”

သူပြောရင်းနဲ့ ရွှေရောင်ဟင်းပွဲနှစ်ခုက ထုတ်ယူလာပါတော့တယ်။ ရွှေဖြူရောင်ပန်ကန်ပြားပေါ်မှာ လက်ဖ၀ါးအရွယ်ကျောက်ပုဇွန်းတွေက ရှိနေခဲ့တယ်။ ဒီကျောက်ပုဇွန်းတွေက မမြင်ရတဲ့အင်အားတစ်ခုနဲ့ ဖိနှိမ့်ခံထားရသလိုမျိုးရုန်းကန်ဖို့ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမယ့် သူတို့တွေက ပန်ကန်ပြားကနေမထွက်နိုင်ပါဘူး။

လုရှောင်းရှောင်းရဲ့လက်ထဲမှာ သေးငယ်တဲ့ငွေရောင်ဓားတစ်လက်က ပေါ်လာခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့လဲ ရက်စက်တဲ့မြင်ကွင်းကို ကြုံတွေ့ရတော့တယ်။ သူတို့ရဲ့အမြင်အရတော့ ဒီအသက်ရှင်နေဆဲဖြစ်တဲ့ ကျောက်ပုဇွန်းနှစ်ကောင်က အခွံကနေပြီ အခွံခွဲခံလိုက်ရသလို ခန္ဓာကိုယ်တွေကလဲ အစိတ်စိတ်အမွှာမွှာဖြတ်ခံလိုက်ရပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့ရှေ့မှာရှိနေတဲ့ ပန်ကန်ပြားပေါ်ကိုအဲ့ဒီကျောက်ပုဇွန်းတွေက ရောက်ချလာတော့တယ်။

” အခုချက်ချင်းစားလိုက် အရမ်းအရသာရှိလိမ့်မယ် ”

ဟို့ယွိဟောင်ကတော့ အတွေ့အကြုံရပြိီသား သူမတွေဝေတော့ပဲ ခရင်းကိုကိုင်ရင်း ပုဇွန်းကိုပါးစပ်ထဲထိုးထည့်လိုက်ပါတော့တယ်။

ကျောက်ပုဇွန်းရဲ့ နူးညံ့တဲ့အသားက ပန်းရောင်သန်းနေခဲ့သလို အသားကလဲချိုမြလွန်ပြီ ပါးစပ်ထဲမှာအရည်ပျော်သွားခဲ့ပါတယ်။ ချက်ချင်းဆိုသလို အစာအိမ်ထဲကိုလျှောကနဲစီးဆင်းသွားပါပြီ။

အစောပိုင်းစားလိုက်ရတဲ့ သံပခြုပ်က သူ့ရဲ့အရသာခံမှုတွေအားလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုရင် ဒီကျောက်ပုဇွန်းကတော့ မိုးကောင်းကင်ကနေပေးတဲ့ အံ့ဖွယ်ရာဟင်းလျာပါပဲ။ နွေးထွေးတဲ့ခံစားချက်က တစ်ကိုယ်လုံးကို ပြန့်နှံ့လို့သွားခဲ့ပြီ ခန္ဓာကိုယ်ရဲ့မောပန်းမှုတွေကလဲ ပြေပျောက်လို့သွားပါတော့တယ်။

ဟယ့်ချိုက်ထို့ကတော့ အနည်းငယ်တွေဝေနေခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူလဲစားလိုက်တော့တယ်။ သူတို့တွေအရသာရှိရှိစားလိုက်ရသလို ပင်ပန်းမှုတွေကလဲ သိပ်ရှိတော့မဲ့ပုံမပေါ်ပါဘူး။ မကြာခင်မှာပဲ ကျောက်ပုဇွန်းနှစ်ကောင်က ကုန်သွားခဲ့ပါပြီ။

” အစောပိုင်းသံပခြုပ်က သုန့်လင်းနိုင်ငံတော်ကနေ နည်းနည်းပဲထုတ်လုပ်တယ်…သူ့ကို၀ိညာဥ်သားရဲကောင်လို့သတ်မှတ်လို့မရဘူး…ဒါပေမယ့် အရသာရှိတဲ့အစားအသောက်တော်တော်များများက ၀ိညာဥ်သားရဲကောင်တွေပဲလေ ဒီ၀ိညာဥ်သားရဲကောင်တွေဆိုတာက ငါတို့စားသောက်ပြီတဲ့အချိန်မှာ သူတို့ရဲ့အသိပညာကို ရရှိနိုင်တယ်။ ဒါ့အပြင် သူတို့ကိုစားသုံးရင်း ကျင့်ကြံမှုကလဲ ချောချောမွေ့မွေ့နဲ့အထောက်အကူဖြစ်လိမ့်မယ်…ဒဏ္ဍာရီထဲမှာ ပြောတာကတော့ စိတ်၀ိညာဥ်ဆွဲဆောင်မှုသံပခြုပ်အကောင်တစ်ရာကိုစားတဲ့ ၀ိညာဥ်သားရဲကောင်က နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ရဲ့ အသိဉာဏ်ကို အလွယ်တကူပိုင်ဆိုင်နိုင်တယ်တဲ့ လူသား၀ိညာဥ်ပညာရှင်တွေအတွက်တော့ ဒီသံပခြုပ်တွေက ၀ိညာဥ်ကိုအားဖြည့်စေပြီ သင်ကြားသင်ယူနိုင်စွမ်းကို တိုးမြင့်စေလိမ့်မယ်….ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် စိတ်၀ိညာဥ်နွမ်းနယ်မောပန်းမှုကို သက်သာစေရုံတင်မက မှတ်ဉာဏ်ကိုလဲ တိုးမြင့်လာစေလိမ့်မယ်…ဒါ​ကြောင့် အလုပ်လဲပိုကြိုးစားနိုင်တာပေါ့ ”

” ယှဥ်ပြီပြောရမယ်ဆိုရင် ဒီပျိုနီပန်းကျောက်ပုဇွန်းက လှပပြီအရောင်အဆင်းတောက်ပစွာပျိုနီပန်းနဲ့တူတဲ့အပြင် သူကထိပ်တန်းပါ၀င်ပစ္စည်းဖြစ်ပေမဲ့ တကယ်တမ်းသူ့တန်ဖိုးက သံပခြုပ်နဲ့ယှဥ်လို့မရဘူး…သန့်စင်ပြီအာဟာရပြည့်တဲ့ ဓာတ်သဘောသဘာ၀တွေ ပါ၀င်နေတဲ့အတွက် မင်းတို့ခန္ဓာကိုယ်အင်အားကိုအများကြီးတိုးမြင့်စေနိုင်လိမ့်မယ်…အခုအချိန်ကနေစပြီ တစ်ရက်ကိုတစ်ကောင်းစားရမယ်…ဒါပေမယ့် လက်ရှိအချိန်ငါဆီမှာ သံပခြုပ်က ဆယ်ကောင်ပဲရှိတယ်…ဒီတော့မင်းတို့တွေ ကံကောင်းတယ်လို့ပဲပြောရမှာပေါ့ ”

သူတို့စားသောက်ပြီတဲ့အချိန်မှာပဲ ဆရာလုက ကျောက်ပုဇွန်းအခွံအားလုံးကို အရှင်လတ်လတ်အကောင်အတိုင်း ပုံစံဖြစ်အောင်ပြန်စီးလိုက်ပါတော့တယ်။ ဒီဆရာကလုံး၀ကို ပြီးပြည့်စုံမှုနှစ်သက်တဲ့သူပါပဲ။

” တတိယဟင်းလျာကတော့ ”

ဆက်တိုက်ဆိုသလို ဟင်းလျာတွေကရောက်ရှိလို့လာခဲ့ပြီ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့တို့လဲ ရှင်းပြခံရပါတော့တယ်။ သူတို့နှစ်ယောက်က ပထမစစချင်မှာ အတော်ကိုကျင့်သားမရကြပေမဲ့ ခပ်မြန်မြန်ပဲ လိုက်လာနိုင်ပါတယ်။

အရာအားလုံးက တည့်ခင်းဧည့်ခံလို့ကောင်းတာမဟုတ်သလို စားလို့ကောင်းတာလဲမဟုတ်ခဲ့ပါဘူး။ တချို့ဟင်းလျာတွေကတော့ အရသာအရမ်းကို ဆိုး၀ါးလွန်တာကြောင့် မျက်စိမှိတ်ပြီတော့သာ မြိုချရပါတယ်။ သူတို့အနေနဲ့ အများကြီးစားနေခဲ့တာတောင် ပြည့်အည့်တဲ့ခံစားချက်ကို မရခဲ့ပါဘူး။ စိတ်၀ိညာဥ်ကလဲ တက်ကြွလို့နေခဲ့ပြီ ခန္ဓာကိုယ်ကလဲ အမြန်ဆုံးပြန်အားကောင်းနေခဲ့ပါတယ်။

” မတူညီတဲ့နေရာတွေက မတူညီတဲ့အစားအသောက်တွေကို ထုတ်လုပ်တယ်…ရှားပါးတဲ့အစားအသောက်တွေအားလုံးက စျေးကြီးတာတော့မဟုတ်ဘူး…ဒါကြောင့် အခက်တွေ့တဲ့အခြေအနေရောက်ရင်း အစားအသောက်ကိုအသုံးပြုပြီး အင်အားကိုပြန်လည်မြင့်တင်ဖို့လိုလိမ့်မယ်…ဒါကြောင့်သာ အာဟာရနဲ့ ပတ်သက်တဲ့အသိပညာတွေက အရေးကြီးတာပေါ့ နင်တို့တွေမှတ်မိလိမ့်မယ်လို့ မျှော်လင့်ပါတယ်..ကောင်းပြီ မနက်ဖြန်ညနေပြန်လာခဲ့ကြ ”

” ကျေးဇူးတင်ပါတယ်ဆရာလု ”

သူတို့တွေအစောပိုင်းတုန်းက ဒေါသထွက်နေခဲ့ပေမဲ့ အခုအချိန်မှာတော့ လိမ်လိမ်မာမာကျေကျေနပ်နပ်လေးဖြစ်သွားခဲ့ပါပြီ။ ကျောင်းတော်ရဲ့အရည်အချင်းရှိတဲ့ဆရာတွေက သူတို့ရဲ့အစွမ်းအစကို တစ်ဆင့်ပြီတစ်ဆင့်ထုတ်ပြနေခဲ့ပါတယ်။

အထူးပြင်ဆင်ထားတဲ့ စားသောက်ဆောင်ကနေ ပြန်လာပြီချိန်မှာတော့ ဖန်းယွီက အပြင်မှာစောင့်နေပါတော့တယ်။

” မင်းတို့တွေ အားပြန်ပြည့်လောက်ပြီထင်တယ်…နောက်ထပ် ငါနဲ့တစ်နာရီလေ့ကျင့်ရမယ်…ပြီရင်း မင်းတို့သင်ကြားရသမျှအရာအားလုံးကို ပြန်သုံးသပ်ဖို့အတွက်ပို့ပေးမယ်…မင်းတို့ကိုပြောပြဖို့မေ့သွားတာတစ်ခုရှိတယ်…ထိပ်တန်းအစားအသောက်တွေအများကြီးကို စားသောက်ပြီတဲ့အချိန်မှာ တရားထိုင်ရတာအတော်ကိုခက်လိမ့်မယ်…ဒီတော့ မင်းတို့အနေနဲ့ ဒီနေ့သင်ထားသမျှအရာအားလုံးကို ကျေညှက်အောင်လို့လုပ်လာခဲ့ ဒါဆိုရင်မနက်ဖြန်သင်မဲ့ သင်ခန်းစာတွေအတွက် ပိုလွယ်သွားလိမ့်မယ်. ”

ဖန်းယွီချဲ့ကားပြောနေတာမဟုတ်မှန်းလက်တွေ့ကျကျသိလာခဲ့ရပါတယ်။ ဟို့ယွိဟောင်ဘယ်လောက်ပဲကြိုးစားပါစေ ပင်လယ်နတ်ဘုရားခန်းမဆောင်ကို သူပြန်ရောက်တာတောင် လုံး၀တရားမထိုင်နိုင်တော့ပါဘူး။ နောက်ဆုံးမှာတော့ တစ်နာရီတိတိ ဒီနေ့သင်ကြားခဲ့သမျှအရာအားလုံးကို ပြန်လည်စဥ်းစားသုံးသပ်ရင်း ၀မ်သုန့်နဲ့ ညနက်မှသာ လေ့ကျင့်ရင်းကုန်ဆုံးခဲ့ရပါတော့တယ်။

လက်ရှိအချိန်သူ့ရဲ့ဘ၀က မနားရတဲ့အခြေအနေကိုရောက်သွားခဲ့ပါပြီ။ အပြင်နယ်မြေမှာ လေ့ကျင့်ရတဲ့အချိန်အားလုံးက အရမ်းကိုစိတ်ဖိစီးမှုများပါတယ်။ များပြားတဲ့အချက်အလက်တွေ အသိပညာတွေကို နေ့စဥ်နေ့တိုင်းသင်ယူရင်အဆက်မပြတ်ဦးနှောက်ထဲထည့်နေရပါတယ်။ ဟယ့်ချိုက်ထို့ကတော့ ပိုအခြေအနေမကောင်းပါဘူး။ တစ်ပတ်မှာခုနှစ်ရက်လုံးလုံးများပြားလွန်တဲ့သင်ကြားမှုတွေထဲမှာ နစ်မြုပ်ခံလိုက်ရတာပါ။

အကြီးအကဲမုရဲ့သင်ကြားမှုကတော့ မတူညီပါဘူး။ သူ့တို့ကိုဘယ်အရာမှအတင်းအကြပ်လုပ်ဖို့မပြောသလို ဘေးကနေညွှန်ကြားမှုကိုသာအာရုံစိုက်ပါတယ်။ အချိန်အများစုမှာ အကြီးအကဲမုက သူတို့ကိုရိုးရှင်းတဲ့ ရှင်းပြမှုလေးတွေလုပ်ပေးပြီ ဟို့ယွိဟောင်ကို သူ့ဘာသာသူစဥ်းစားခိုင်းခဲ့တယ်။

အကြီးအကဲမုရဲ့ အစီအစဥ်ကတော့ရှင်းပါတယ်။ ကိုယ့်ကိုယ်တိုင်နားလည်တဲ့အရာကသာ အကောင်းဆုံးဖြစ်မှာပါ။ ဒါမှသာဒီနားလည်သဘောပေါက်မှုက ကိုယ့်အတွက်ဖြစ်လာပါလိမ့်မယ်။ အကြီးအကဲမုက နှစ်ပေါင်းနှစ်ရာအထိ ပညာတွေကိုစုဆောင်းတတ်သူဖြစ်တာကြောင့် သူ့ရဲ့လွှမ်းမိုးမှုက ဟို့ယွိဟောင်ကိုအများကြီးမသက်ရောက်စေပဲနဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ တိုးတက်လာစေမှုကိုတောင် ဦးတည်နေခဲ့တယ်။

များပြားတဲ့သင်ကြားမှုတွေနဲ့အတူ စိတ်ဖိစီးစရာကောင်းတဲ့အ​ချိန်တွေက မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးလို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်ကလဲ အဖက်ဖက်ကနေ တိုးတက်လာနေသလို နှစ်စဥ်နှစ်တိုင်းသူဘယ်လောက်အထိ တိုးတက်နေလဲဆိုတာကို ခံစားနေခဲ့ရတယ်။

သူနဲ့ဟယ့်ချိုက်ထို့အတွက် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကနေ ရက်ပတ်တစ်ခုချင်းဆီတိုင်းမှာ စာမေးပွဲတွေကို စစ်နေခဲ့ပါတယ်။ အရည်အချင်းစစ်တဲ့သူတွေက သူတို့ရဲ့အစွမ်းအစကိုပိုမိုရင်းနှီးလာတာကြောင့် စမ်းသပ်ချက်တွေကလဲ ပိုအသေးစိတ်ကျလာပြီ အတော်လေးကို စူးစူးစိုက်စိုက်ရှိလာခဲ့တယ်။

ဒါကြောင့် ကျောင်းသားနှစ်ယောက်အတွက်တော့ အချိန်တစ်ခုချင်းဆီတိုင်းက နှိပ့်စက်ခံနေခဲ့ရသလိုပါပဲ။ ဒါပေမယ့် သူတို့ရဲ့တစ်ပတ်ချင်းဆီတိုးတက်မှုတွေကလဲ ဒီစမ်းသပ်ချက်တွေကြောင့်သာ ပိုပြီးထူးခြားနေခဲ့တာပါ။ ကြိုးစားအားထုတ်မှုရဲ့ တစ်ခုချင်းဆီတိုင်းက ဒီစမ်းသပ်ချက်တွေကိုဖြတ်ကျော်ပြီတိုင်းပိုမိုထင်ရှားလာခဲ့ပါတယ်။ ဒါ့အပြင် စာမေးပွဲတစ်ခုချင်းဆီတိုင်းကလဲ အရင်တစ်ပတ်ကဘာသင်ခဲ့ရလဲဆိုတာ အဓိကအားစိုက်ထားတာပါ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ ဩဇာအရှိန်အ၀ါကသူတို့နှစ်ယောက်မှာဘယ်လောက်အထိ ကြိုးကြိုးစားစားအာရုံစိုက်ထားလဲဆိုတာကို သိသာစေနေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားကတော့ အမြန်ဆုံးနှုန်းနဲ့ တိုးတက်လို့နေခဲ့ပါတော့တယ်။ ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကတော့ အရင်ကထက်ပိုပြီး မြန်မြန်ဆန်ဆန်ကျယ်ပြန့်လို့လာခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားကလဲ ပိုမိုသိပ့်သည်းလို့လာပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ချိတ်ပိတ်စည်းဆယ်ခုထဲမှာ ပထမဆုံးတစ်ခုကတော့ ဟို့ယွိဟောင်အတွက် လုံး၀ကိုပွင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်အထဲမှာရှိနေတဲ့ ကျယ်ပြန့်တဲ့စိတ်၀ိညာဥ်စွမ်းအားတချို့တစ်၀က်ကို သူစုပ်ယူလာနိုင်ခဲ့တယ်။

အပိုင်း ၁၅၁•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset