အပိုင်း ၁၅၁•၁
” အပြင်းအထန်သင်ကြားခြင်း ”
°°°
ဒီဆရာက အတော်ကိုကျော့ရှင်းသန့်ရပ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုတောင် သူ့မှာရှိနေခဲ့တယ်။ ဘယ်လိုပဲဖြစ်ပါစေ သူ့ရဲ့မျက်နှာကတော့ မုတ်ဆိတ်မွေးတွေ ပသိုင်းမွေးတွေအပြည့်နဲ့ပါ။ ရုပ်ရည်သွင်ပြင်က မြင်ရတာ မလိုက်မဖက်တော့ဖြစ်နေခဲ့ပါတယ်။
အဲ့ဒီအချိန်မှာပဲ ရှန်လင်းအယ်က ပြောလာခဲ့တယ်။
” မင်းတို့နှစ်ယောက်ကို မိတ်ဆက်ပေးမယ်…ဒါက မင်းတို့ကို ရုပ်ဖျက်ပညာနဲ့ ပုန်းကွယ်မဲ့ပညာသင်ပေးမဲ့ဆရာပဲ ဆရာကောင်းရှန်လို့ခေါ်တယ်…သူ့ဆီကနေ သင်ကြားကြ ”
ဟယ့်ချိုက်ထို့က သနားစရာကောင်းတဲ့လေသံနဲ့ပြောလာခဲ့ပါတယ်။
” ကျောင်းအုပ်ရှန် ကျွန်တော်တို့ သင်ခန်းစာမစခင် ခဏလောက်နားလို့မရဘူးလား ဒါဆိုရင် စာသင်တာပိုပြီးတော့ အထောက်အကူဖြစ်မှာပါ ကျွန်တော်တို့တွေ ၀ိညာဥ်စွမ်းအားအများကြီးကို ခုနကမှကုန်ထားခဲ့တာလေ ”
ရှန်လင်းအယ်က လက်ဖြောက်တီးလိုက်ပါတယ်။
” နင်ဒီလိုငြိီးငြူးနေတာ နောက်ဆုံးအကြိမ်ပဲဖြစ်ပါစေ အခုဖြတ်သန်းရမဲ့အချိန်တစ်မိနစ်ချင်းဆီက တန်ဖိုးကြီးတယ်.. ဒီပညာရပ်တွေကို သင်ကြားဖို့လဲ ဘာ၀ိညာဥ်စွမ်းအားမှလိုမနေဘူး…ဆရာကောင်းစလိုက်တော့ ဖန်းယွီဒီကလေးနှစ်ယောက်ကို သေချာစောင့်ကြည့် သူတို့နည်းနည်းလေးအချောင်ခိုတာတွေ့ရင်တော့လား ”
ကောင်းရှန်ကတော့ သူတို့နှစ်ယောက်ရှေ့ကို ကျက်သရေရှိရှိညင်ညင်သာသာလေးနဲ့ လျှောက်လမ်းခဲ့ပါတယ်။ အဲ့ဒီနောက် သူနူးညံ့တဲ့လေသံနဲ့ ပြောလာခဲ့တယ်။
” ငါရဲ့တပည့်နှစ်ယောက် ဒီနေ့ကနေစပြီ နောက်တစ်နှစ်တိတိ ပညာရပ်တွေကို သင်ကြားရမယ်…ယွိဟောင်မင်းကတော့ ရုပ်ဖျက်တဲ့ပညာကို အချိန်နည်းနည်းလျှော့ပြီ ပုန်းကွယ်တဲ့ပညာရပ်ကို အဓိကအချိန်ပြည့်သင်ကြားရလိမ့်မယ်…ဒါ့အပြင် တစ်လကိုစုစုပေါင်း သင်ခန်းစာလေးခုသင်ရမယ်. ”
ဆရာရဲ့ အရမ်းကိုချိုကြည်ပြီ နူးညံ့လွန်တဲ့အသံက ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးကို ကြက်သီးမွေးညင်းထသွားစေခဲ့ပါတယ်။ ဆရာကောင်းစကားပြောတာကို နားထောင်မဲ့အစား ၀ိညာဥ်သားရဲကောင်အပုံလိုက်ကြီးနဲ့ တိုက်ခိုက်ဖို့ကို သူတို့ရွေးချယ်ချင်ပါတယ်။
ဖန်းယွီတောင်မှ ဒီဆရာရဲ့စကားပြောသံကိုကြားချိန်မှာ မျက်နှာကြောတွေတွန့်နေခဲ့တယ်။ အကယ်၍ ဆရာကောင်းရဲ့ ထူးချွန်လွန်လှတဲ့ ရုပ်ဖျက်ပညာနဲ့ ပုန်းကွယ်တဲ့ပညာရပ်ကြောင့်သာ မဟုတ်ဘူးဆိုရင် သေချာပေါက်မျက်နှာကိုဖြတ်ရိုက်ပြီသား ဖြစ်နေလောက်ပါပြီ။ ဒီအချိန်မှာပဲ ရှန်လင်းအယ်နဲ့ ချင်းသောသောတို့ကတော့ ပြန်သွားကြပြီဖြစ်ပါတယ်။
ကောင်းရှန်ကတော့ အမျိုးသမီးတစ်ယောက်လို နူးနူးညံ့ညံ့နဲ့ရယ်နေရင်း ရုတ်တရက်ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပါတယ်။ သူတစ်ပတ်ပြန်လှည့်လာချိန်မှာတော့ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံး မျက်လုံးအပြူးသားဖြစ်သွားရပါပြီ။ ကောင်းရှန်ရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ ကြီးမားတဲ့မုတ်ဆိတ်မွေးပသိုင်းမွေးတွေက ပျောက်ကွယ်လို့သွားခဲ့ပြီ ချောမောနူးညံ့တဲ့မျက်နှာက ပေါ်လာခဲ့ပါတယ်။ ဒီရုပ်သွင်က သူ့ခန္ဓာကိုယ်နဲ့ ပိုပြီးလိုက်ဖက်ညီနေခဲ့တယ်။
ကောင်းရှန်က သူ့ရဲ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ပုတ်လိုက်ချိန်မှာကတော့ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းရှန်ရဲ့ မူလပြားချပ်နေတဲ့ရင်ဘတ်ပေါ်မှာ လုံး၀င်းတဲ့ရင်သားပုံစံအမို့အမောက်တွေက ပေါ်ထွက်လာခဲ့လို့ပါ။
အဲ့ဒီနောက် သူ့ရဲ့တင်ပါးကိုပုတ်လိုက်ချိန်မှာလဲ ချက်ချင်းဆိုသလို လုံး၀င်းတဲ့ တင်ပါးကပေါ်လာပါတော့တယ်။ လုံး၀ကို ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သွားခဲ့ပါပြီ။
” ဘယ်လိုလဲ အံ့ဩစရာကောင်းလွန်တယ်မလား ”
ကောင်းရှန်ကတော့ ဒီလိုအပြောင်းအလဲတွေကို လုပ်ပြရင်းနဲ့ ကြောက်လန့်နေတဲ့ကလေးနှစ်ယောက်ကို ပြောလာခဲ့တယ်။ သူ့ရဲ့မူလနူးညံ့ချိုသာတဲ့အသံက လက်ရှိအချိန်မှာ လုံး၀ကိုဩဇာပြည့်လွန်တဲ့အမျိုးသားအဖြစ်ကို ပြောင်းလဲသွားပါပြီ။ လှပတဲ့အမျိုးသမီးခန္ဓာကိုယ်နဲ့ ဒီလိုမျိုးနက်ရှိုင်းတဲ့အမျိုးသားအသံက ဟို့ယွိဟောင်တို့နှစ်ယောက်ရဲ့ နှလုံးသားကိုတောင် ပြုတ်ထွက်မတတ်ဖြစ်သွားစေခဲ့ပါတယ်။ သူတို့တွေလန့်လွန်တာကြောင့် ဘာပြောရမှန်းတောင်မသိတောာ့ပါဘူး။ ဒါပေမယ့် ဆရာအပေါ်မှာထားရှိတဲ့ အထင်ကြီးမှုကတော့ မြင့်တက်လို့သွားပါတော့တယ်။
” အမျိုးသားကနေ အမျိုးသမီးအသွင်ကို ပြောင်းလဲတာက ဘာကွာဟချက်မှရှိနေလို့မရဘူးနော် ဒါက အရမ်းကိုအဆင့်မြင့်တဲ့ အခြေအနေပဲ အသွင်ပြောင်းတဲ့ပညာရပ်က လူတစ်ယောက်ကိုဘယ်လိုအရာမဆို ဖြစ်သွားအောင်ပြောင်းလဲလို့ရတယ်…တခါတလေမှာ မင်းကိုယ်မင်း ၀ိညာဥ်သားရဲကောင်အဖြစ်တောင် ပြောင်းလဲလို့ရနိုင်တယ်…ဒီနေ့မင်းတို့ကိုလှည့်စားမှုနည်းလမ်းတချို့ပဲ ပြောပြမယ်…ဥပမာအားဖြင့် ငါအခုလုပ်လိုက်သလို ငါရဲ့ရင်သားနဲ့ တင်ပါးကို ဘယ်လိုအရွယ်အစားပြောင်းလိုက်သလဲဆိုတာပေါ့ ”
အဲ့ဒီအချိန်မှာ ဖန်းယွီကတော့ တခြားနေရာကိုပြေးဖို့ပြင်နေခဲ့ပါပြီ။
” ငါလေကောင်းလေသန့်လေးသွားရှုလိုက်ဦးမယ်ဆရာကောင်း ”
ပြောပြီတာနဲ့ တစ်ချက်လေးတောင်မတွေဝေပဲ သူလှည့်ထွက်သွားပါတော့တယ်။
ကောင်းရှန်ရဲ့အပြုံးက ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့အတွက်တော့ အရမ်းကိုကြောက်စရာကောင်းနေခဲ့တယ်။ နေ့လည်စာစားချိန်မတိုင်ခင်အထိ ဒီကလေးနှစ်ယောက်ကို သူနည်းမျိုးစုံနဲ့ ပညာပြပါတော့တယ်။ စမ်းသပ်ရေးနယ်မြေကနေ သူတို့အပြင်ကိုရောက်လာချိန်မှာတော့ သူတို့ရဲ့မျက်လုံးတွေကိုတောင် အရင်လိုတောက်ပမှုမျိုးရှိမနေတော့ပါဘူး။ ဆရာကောင်းရဲ့ ထူးချွန်ထက်မြက်မှုက သူမတူအောင်ထူးခြားတယ်ဆိုတာထက်ကို ကျော်လွန်နေခဲ့ပါတယ်။ အစကနေအဆုံးအထိ ဆရာရဲ့တကယ်အသံအစစ်အမှန်က ဘယ်လိုအသံလဲဆိုတာ သူတို့မသိနိုင်သလို တကယ်ရုပ်သွင်အစစ်အမှန်ကလဲ ဘယ်လိုလဲဆိုတာ သူတို့မသိကြပါဘူး။
ကောင်းရှန်က တစ်နာရီအတွင်းမှာများပြားလွန်လှတဲ့ အသွင်ပြောင်းမှုတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ဆယ့်တစ်ကြိမ်တိတိရုပ်သွင်ပြောင်းလဲခဲ့ပြီ ပြောင်းလဲမှုတစ်ခုချင်းဆီတိုင်းကလဲ လုံး၀ကိုတစ်ရာရာခိုင်နှုန်းမတူညီအောင် ဖြစ်နေခဲ့တယ်။ ဒါ့အပြင် အရှိန်နှုန်းကလဲ မြန်ဆန်လွန်လှပါတယ်။
ဖုံးကွယ် ပုန်းကွယ်တဲ့ပညာရပ်နဲ့ အသွင်ပြောင်းတဲ့ပညာရပ်ကို သင်ကြားရမှာပါ။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးက သင်ခန်းစာတစ်ခုထဲမှာတင် များပြားတဲ့အသိပညာတွေကို ထိုးထည့်ခံလိုက်ရပါတယ်။
ဆရာကောင်းက သူ့ရဲ့ခန္ဓာကိုယ်တွေကို အမျိုးမျိုးထိန်းညှိပေးပြီတဲ့နောက် ခန္ဓာကိုယ်အသွင်ပြောင်းလဲမှုရဲ့ တကယ်စစ်မှန်တဲ့ပုံစံကိုထုတ်ဖော်ပေးခဲ့ပါတယ်။ ကောင်းရှန်က တစ်ပတ်မှာစာသင်ကြားချိန်တစ်ချိန်ထဲကိုယူတာပါ။ ဒါပေမယ့် ဒီသင်ခန်းစာသင်ကြားမှုကနေ ဘယ်လောက်အထိ အကျိုးရှိလဲဆိုတာကို ကောင်းကောင်းသိစေခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့စမ်းသပ်ချက်ကို ဟို့ယွိဟောင်တို့မဖြတ်ကျော်နိုင်ဘူးဆိုရင် မုတ်ဆိတ်မွေးအပြည့်နဲ့ နူးညံ့တဲ့အမျိုးသားအသွင်ကို ပြန်ပြောင်းပြီ ဒီကလေးနှစ်ယောက်ကို ဖက်ရင်းနဲ့အမျက်ဒေါသရင်ပြင်ကျယ်ဆီမှာ လျှောက်သွားတဲ့အပြစ်ဒဏ်ကိုပေးမယ်လို့တောင် ပြောထားခဲ့ပါသေးတယ်။ လှပတဲ့ခန္ဓာကိုယ်မုတ်ဆိတ်မွေးအပြည့်နဲ့ အမျိုးသမီးတစ်ယောက်လိုအသံတွေက ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့အတွက် အိပ်မက်ဆိုးလိုပါပဲ။ ဒါကြောင့် ထမင်းစားချိန်ပြီတာနဲ့ ချက်ချင်းဆိုသလို သူတို့ကိုယ်သူတို့ပြင်ဆင်ရင်း နောက်ထပ်သင်ကြားဖို့ကို စတင်ရပါတော့တယ်။
မနက်မှာသင်ကြားထားသမျှအရာအားလုံးကို ပြန်လည်နားလည်စေဖို့အတွက် မိနစ်သုံးဆယ်ပြန်လည်စဥ်းစားသုံးသပ်ချိန်ရမယ်လို့ပြောခဲ့တယ်။ ဒါ့အပြင် နေ့လည်မှာလဲ နောက်ထပ်ဆက်တိုက်သင်ကြားမှုတွေဆီကိုခေါ်သွားပါသေးတယ်။ ဒိီသင်ကြားမှုတွေကတော့ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေအတွက် လိုအပ်တဲ့သင်ကြားမှုတွေပါပဲ။
အသိပညာရပ်တွေကို အရှိန်မြင့်ပြီသင်ကြားမှုက အရင်ထက်အများကြီးပိုမြန်ဆန်လာခဲ့ပါတယ်။ အထူးသဖြင့်ဟို့ယွိဟောင်အတွက်ပါပဲ။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ကြားက နှစ်နှစ်ကွာခြားချက်တောင် ဖန်းယွီထပ်မတွက်တော့ပါဘူး။ သူ့ရဲ့သင်ခန်းစာတွေအားလုံးကလဲ အဆင့်သုံး၀ိညာဥ်လက်နက်သင်ခန်းစာတွေသာ ဖြစ်နေခဲ့တယ်။ ဒါ့အပြင် သတင်းအချက်အလက်တွေကလဲ မနက်ကသင်လိုက်တဲ့ပညာရပ်နဲ့ထပ်တူများပြားလွန်လှပါတယ်။ သူတို့ရဲ့ခေါင်းတွေကတော့ လက်ရှိအချိန်မှာ မီးတောက်မတတ်ဖြစ်နေခဲ့ပါပြီ။
အဲ့ဒီနေ့ပြီးသွားတာနဲ့ ဟို့ယွိဟောင်က ဘယ်လောက်ပဲစိတ်၀ိညာဥ်အားကောင်းတဲ့ပညာရှင်ပဲဖြစ်နေပါစေ သူ့ရဲ့စိတ်တစ်ခုလုံး အင်မတန်ကိုရှုပ်ထွေးပြီ ထုံထိုင်နေရပါတော့တယ်။ များပြားတဲ့အရာတွေကို သင်ကြားနေရသလိုလက်တွေ့သင်ခန်းစာတွေကိုလဲ လုပ်ဆောင်ရဦးမှာပါ။ မနက်ဖြန်မှာ၀ိညာဥ်လက်နက်တွေကို ထုတ်လုပ်ရဦးမဲ့အပြင် နောက်ထပ်သင်ခန်းစာတွေအများကြီးကိုလဲ နောက်ထပ်သင်ရပါဦးမယ်…သူ့စိတ်ရဲ့ပင်ပန်းမှုက ခန္ဓာကိုယ်ရဲ့ပင်ပန်းမှုထက်ကို အများကြီးကျော်လွန်လို့နေခဲ့ပါပြီ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကနေ အထူးပြင်ဆင်ပေးထားတဲ့ ထမင်းစားဆောင်ကို သူတို့ရောက်ချိန်မှာတော့ နှစ်ယောက်စလုံးအချိန်မရွေးမေ့လဲသွားတော့မဲ့ပုံစံဖြစ်နေခဲ့ကြပါတယ်။
ဒါပေမယ့် ညစာစားပြီတဲ့အချိန်မှာကတော့ အတော်လေးကို ကျေကျေနပ်နပ်ဖြစ်သွားပါတော့တယ်။ တစ်ခေါက်ကျွေးမွေးတဲ့အစားအသောက်တွေက အရမ်းကိုအရသာရှိလွန်ပြီ များပြားလွန်လို့ပါ။ ညစာကစားပွဲတစ်ခုလုံးပြည့်နေခဲ့သလို သူတို့နှစ်ယောက်လဲ စိတ်ကြိုက်စားနိုင်အောင် သေချာချက်ပြုတ်ပေးထားတာလဲ ဖြစ်ပါတယ်။ အရင်တုန်းက မမြင်ဖူးခဲ့တဲ့စားကောင်းသောက်ကောင်းတွေနဲ့ ပြည့်နေရုံတင်မက မွှေးပျံ့လွန်တဲ့အနံ့ကလဲ သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ပိုပြီးတော့ ဆာလောင်လာစေခဲ့တယ်။
ဒါပေမယ့် ဒီစိတ်လှုပ်ရှားမှုက သိပ်ကြာကြာမခံပါဘူး။ သူတို့ရဲ့စားသောက်နေထိုင်မှုအတွက် တာ၀န်ရှိတဲ့ဆရာက သူတို့ဆီချက်ချင်းရောက်လာခဲ့ပြီ ဘယ်အရာကိုဘယ်လိုစားသောက်ရမလဲဆို လာရောက်သင်ကြားပါတော့တယ်။ ဟုတ်ပါတယ် သူတို့ကိုဘယ်လိုစားသောက်ရမလဲ လာသင်ကြားတာပါ။ ဒီစားသောက်မှုကရော ညွှန်ကြားဖို့လိုအပ်ရဲ့လား ဒါကကလေးနှစ်ယောက်ရဲ့စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့အတွေးပါပဲ။ သူတို့ရှေ့မှာရှိတဲ့သူကတော့ အသက်သုံးဆယ်အရွယ်အမျိုးသမီးတစ်ယောက်ပါပဲ။ အဖြူရောင်စားဖိုမှုူးဦးထုပ်ဆောင်ကို၀တ်ထားခဲ့ပြီ သပ်ရပ်သန့်ရှင်းတဲ့ စားဖိုမှုူး၀တ်ရုံကို ၀တ်ဆင်ထားရုံတင်မက အတော်ကို ကျော့ရှင်းသပ်ရပ်ပြီ လှပတဲ့အမျိုးသမီးတစ်ယောက်ပါ။
” မင်းတို့ရှေ့မှာမြင်နေရတဲ့အစားအသောက်တွေက သာမန်မဟုတ်ဘူး…ဒါအထူးရွေးချယ်ထားတာပဲ ဟုတ်သား ငါကိုယ်ငါမိတ်ဆက်ရဦးမယ်…ငါရဲ့နာမည်က လုရှောင်းရှောင်းကျောင်းတော်ရဲ့နံပါတ်တစ်အစားအသောက်ပညာရှင်ပဲ ရှားပါးတဲ့အစားအသောက်တွေနဲ့ ပါ၀င်ပစ္စည်းတွေကို လိုက်ဖက်ညီအောင် တွဲဖက်တဲ့နေရာမှာအထူးပြုပြီး လေ့ကျင့်ထားတယ်…ဒါ့အပြင် မတူညီတဲ့ပစ္စည်းတွေအားလုံးကို တန်ဖိုးကြီးတဲ့ပါ၀င်ပစ္စည်းတွေနဲ့ မပျက်စီးအောင်ဘယ်လိုလုပ်ရမလဲဆိုတာ သိထားမှဖြစ်မယ်…အကယ်လို့ထိပ်တန်းပစ္စည်းတွေအားလုံးကို တစ်ပြိုင်နက်ထဲသုံးချင်တယ်ဆိုရင် သေချာပေါက်တိကျတဲ့အစဥ်တိုင်းလိုက်နာပြီ ချက်ပြုတ်ရမယ်…မဟုတ်ရင် သူတို့ရဲ့အာဟာရတန်ဖိုးက အကျ်ိုးရှိတော့မှာမဟုတ်ဘူး…ဒီနေ့ကနေစပြီ မင်းတို့ရဲ့ညစာအတွက်ငါကတာ၀န်ယူပေးရမယ်…မင်းတို့စားသောက်တဲ့အချိန်မှာ ငါရဲ့ညွှန်ကြားချက်အတိုင်းစားသောက်ရမယ်…ဒါ့အပြင် ဒီစားသောက်ပုံနေထိုင်မှုပုံစံက မင်းတို့အတွက်မဖြစ်မနေလုပ်ရမဲ့ သင်ခန်းစာပဲ အားလုံးသင်ကြားပေးဖို့တော့ မလိုအပ်ဘူး…ဒါပေမယ့် သင်သမျှအားလုံးကို အကျိုးရှိအောင်တော့ဖြစ်အောင်လုပ်ရမယ် ”
” မင်းတို့ရှေ့မှာရှိတဲ့ ရေနွေးကြမ်းခွက်ကို ယူလိုက်ကြ ဒါကသုန့်လင်းနိုင်ငံတော်ရဲ့ အရှေ့ကမ်းရိုးတန်းကနေထုတ်ယူထားတဲ့ စိတ်၀ိညာဥ်ဆွဲဆောင်မှု သံပခြုပ်ရဲ့ရေနွေးပဲ အရမ်းကိုထူးခြားတဲ့ ပင်လယ်စာလဲဖြစ်တယ်…သူ့ရဲ့အရသာကို ထိန်းသိမ်းဖို့နဲ့ အာဟာရတွေအားလုံးကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ဖို့ အတွက် ပင်လယ်ထဲကနေ ထုတ်ယူပြီးပြီချင်မှာ အမြန်ဆုံးသယ်ယူပို့ဆောင်ပေးလို့ရတယ်…ဒါကိုတစ်ဇွန်းခပ်ပြီ ချက်ချင်စား ဒါကပထမဆုံးအစားအသောက်ပဲ စားနေတဲ့အချိန်မှာသူ့ရဲ့အာနိသင်တွေကို ရှင်းပြပေးမယ် ”
ဟို့ယွိဟောင်သူ့ရှေ့မှာရှိနေတဲ့ ရေနွေးပန်ကန်ကို ယူပြီတော့ဖွင့်လိုက်ပါတော့တယ်။ စူးရှတဲ့ငါးညှီးနံ့က သူ့ရဲ့မျက်နှာတစ်ခုလုံးကို လာပြီရိုက်ခတ်လိုက်တယ်။ ဒါကိုဘယ်လိုလုပ်စကားနဲ့ဖော်ပြလို့ရမှာလဲ။ ဒီအနံ့က ငါးခြောက်လိုနံနေတဲ့အပြင် လွန်ခဲ့တဲ့ဆယ်ရက်လုံးလုံးကို ပူနွေးစိုစွတ်တဲ့ပတ်၀န်းကျင်မှာအချဥ်ဖောက်ခံထားရတဲ့အတွက် အတော်ကိုအနံ့ပြင်းနေခဲ့ပါတယ်။
ဟယ့်ချိုက်ထို့ရဲ့ မူလညိုနေတဲ့အသားအရေတောင် အခုအချိန်မှာ ဖြူဖျော့သွားသလိုပါပဲ။ ဟို့ယွိဟောင်က ဒီအချိန်မှာပဲ အထိတ်တလန့်ပြောလာခဲ့တယ်။
” ဒါကြီးကဘာလို့လှုပ်နေတာလဲ ”
” သေချာပေါက်လှုပ်တာပေါ့ ငတုံးရဲ့ သူ့ရဲ့မူလအာဟာရဓာတ်ကို ထိန်းသိမ်းထားဖို့အတွက်လဲ လတ်လတ်ဆတ်ဆတ်ရှိမှရမယ်လို့ပြောထားတယ်မလား ဒီတော့အစိမ်းစားရမယ်…ငါတို့သတ်ပြီမှစားမယ်ဆိုရင် သူ့ရဲ့အစာအာဟာရဓာတ်တွေကဆုံးရှုံးသွားရမယ်…ဒါကရှားပါးတဲ့ထိပ်တန်းအဆင့်အစာအစားပဲ သူက ၀ိညာဥ်စွမ်းအားကို မြင့်တင်ပေးနိုင်တယ်…တစ်ကောင်ချင်းဆီတိုင်းက အရမ်းကိုစျေးကြီးတဲ့အပြင် ရှားပါးဖို့လဲခက်တယ်…ကျောင်းတော်ကြောင့်သာမဟုတ်ဘူးဆိုရင် ဒါမျိုးကိုနင်တို့စားခွင့်ရမယ်များထင်နေတာလား မြို့တော်ကြီးမှာရောင်းမယ်ဆိုရင် ငါတို့အမျက်ဒေါသမြို့တော်ထဲမှာ သွား၀ယ်မယ်ဆိုရင်တောင် သေချာပေါက် တစ်ကောင်ကို၀ိညာဥ်ရွှေပြားတစ်ထောင်တန်တယ်..စားပြီးတာနဲ့ ထူးခြားတဲ့အာနိသင်ကို ခံစားရမှာ မြန်မြန်စားလိုက် ဒီကောင်သေသွားတဲ့အထိ စောင့်ရမယ် ”
အဲ့ဒီနောက် ညှီးနံ့နံနေတဲ့ဥစ္စာကြီးကိုအစိမ်းလိုက်စားရဦးမယ်။ ပြီးတော့လဲအရှင်ကြီး ဟို့ယွိဟောင်ရဲ့ အစာအိမ်တစ်ခုလုံပြောင်းဆန်လာပါတော့တယ်။ သူ့ရဲ့မျက်နှာကလဲ သရဲတွေ့သလိုဖြူဖျော့နေခဲ့ပါပြီ။
ဒီကလေးနှစ်ယောက်တစ်ချက်မှမလှုပ်တာကို မြင်ချိန်မှာ လုရှောင်းရှောင်းရဲ့မျက်နှာက အေးစက်လို့သွားပါတော့တယ်။ ညာဘက်လက်ချောင်းတွေကိုအသုံးပြုရင်း လက်ကိုမြောက်လိုက်ချိန်မှာကတော့ ကျောင်းတော်ရဲ့နံပါတ်တစ်အစာအာဟာရအတတ်ပညာရှင်က ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့သော့်လော့တစ်ယောက်ဖြစ်နေတာကို သူတို့မြင်လိုက်ရပါတော့တယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ကို မလွှတ်နိုင်တော့အထိ ထိန်းထားပြီ ပတ်ပတ်လည်မှာရှိသမျှအရာအားလုံးကို သူထိန်းချုပ်ထားနိုင်မှန်း ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားရပါပြီ။ ဒီနှစ်ယောက်အခုအချိန်မှာတော့ အဖမ်းခံလိုက်ရတာပါ။ လုရှောင်းရှောင်းက သူတို့အရှေ့ကိုပုံမှန်အတိုင်းရောက်လာရင်း ဇွန်းနဲ့သံပခြုပ်ကိုခပ်ယူကာ ဟယ့်ချိုက်ထို့ရဲ့မေးစေ့ကိုဆွဲရင်း ပါးစပ်ကိုအတင်းအကြပ်ဖွင့်စေပြီ လောင်းချလိုက်ပါတော့တယ်။
ဒီအစိမ်းရောင်နံစော်နေတဲ့ ညှီးစို့စို့အရာကတော့ ချက်ချင်းဆိုသလို ပါးစပ်ထဲရောက်ချလာပါတော့တယ်။ လုရှောင်းရှောင်းက အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့ လှုပ်ရှားလို့နေခဲ့ပြီ ဟယ့်ချ်ိုက်ထို့ရဲ့ပါးစပ်ထဲကို သွပ်ထည့်နေတော့တယ်။ ဟယ့်ချိုက်ထို့ကတော့ သူ့ရဲ့ပါးစပ်တစ်ခုလုံးအဲ့ဒီနံနံစော်စော် စိုစိုစွတ်စွတ် ချော်ကျိချော်ကျိ နဲ့အရာကြီးလှုပ်စိလှုပ်စိနဲ့ရောက်လာတာကြောင့် အင်မတန်ကိုသည်းမခံနိုင် ဖြစ်နေခဲ့ပါတော့တယ်။
အပိုင်း ၁၅၁•၁ ပြီး၏။