အပိုင်း ၁၅၀•၃
” ကြမ်းတမ်းတဲ့စိန်ခေါ်မှု ”
°°°
ဟို့ယွိဟောင်က သူ့ရဲ့လက်နှစ်ဖက်ကို အရှေ့မှာထုတ်ပြီ စက်၀ိုင်းပုံသဏ္ဍာန်၀ိုင်းလိုက်ပါတယ်။ စိတ်၀ိညာဥ်မျက်လုံးက စတင်တောက်ပလို့လာခဲ့ပါပြီ။ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကနေ မိုးကြိုးနဂါးလက်သည်းအားအနည်းဆုံးနေရာကို ရှာတွေ့လို့သွားပါတော့တယ်။ ဘယ်လက်လက်ကကြိုးကြာထိန်းချုပ်တဲ့လက်ဟန်ကို ဖန်တီးရင်းညာဘက်လက်ကတော့ နဂါးဖမ်းဆီးတဲ့လက်ကို ပြောင်းလဲလိုက်ပါတယ်။ အဲ့ဒီနောက် တွန်းအားနဲ့စွမ်းအားကို အသုံးပြုကာ နဂါးလက်သည်းကိုတစ်ဖက်ကနေတွန်းရင် တစ်ဖက်က ဆွဲလိုက်ပါတယ်။
ပေ့ပေ့ကတော့ ဟို့ယွိဟောင်ကို အံ့ဩနေတဲ့မျက်နှာနဲ့ကြည့်လာခဲ့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်က ဒီလက်သည်းကိုတားဆီးနိုင်ဖို့အတွက် အရှိန်အနည်းငယ်လိုနေသေးတာကို သူသိပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့ပုခုံးကို ဆွဲယူလိုက်ပြီတဲ့နောက် လက်ဖ၀ါးအလယ်ကိုခွကာ တန်ပြန်ကြိုးကြာထိန်းချုပ်ဖမ်းဆီးနည်းလမ်းကို အသုံးပြုလိုက်ပါတယ်။
ပေ့ပေ့က ဟို့ယွိဟောင်ထက် ကျင့်ကြံဆင့်ဆယ်ဆင့်မြင့်နေခဲ့တဲ့သူပါ။ ဒါ့အပြင် အားကောင်းတဲ့ဆွဲငင်စွမ်းအားက ဟို့ယွိဟောင်ကိုတုန်ရီသွားတဲ့အထိ ဆွဲငင်ပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့ စွမ်းအားအပြည့်အ၀ရှိနေမယ်ဆိုရင်တောင် ပေ့ပေ့ရဲ့ဒီတိုက်ခိုက်မှုကို ခုခံနိုင်ဖို့မလွယ်ကူခဲ့ပါဘူး။ ဒါ့အပြင် ကျင့်ကြံဆင့်အရလဲ ပေ့ပေ့ကို မယှဥ်နိုင်ပဲရှိနေခဲ့ပါတယ်။ ဒါကြောင့်သာ စိတ်၀ိညာဥ်ထိတ်လန့်မှုကို ရှိနေရင်တောင် ဒီတိုက်ခိုက်မှုတွေကို လက်ခံဖို့ခက်ခဲနေခဲ့တာပါပဲ။
ဟယ့်ချိုက်ထို့ကတော့ လက်ရှိအချိန်မှာ ကြောက်စရာကောင်းလှတဲ့အစွမ်းအစကို ထုတ်ဖော်ပြသနေခဲ့ပါပြီ။ အစောပိုင်းတိုက်ပွဲမှာ သူစွမ်းအားကုန်ဆုံးမှုက ဟို့ယွိဟောင်ထက် နည်းပါးခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် အင်အားအများကြီးအသုံးပြုဖို့ မလိုအပ်ခဲ့ပါဘူး။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားကလဲ ရှစ်ဆယ်ရာခိုင်နှုန်းအထက်ကို ရောက်နေခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်ခံတပ်က လက်ရှိအချိန်မှာတော့ အဖက်ဖက်ကနေ ကြမ်းတမ်းပြင်းထန်တဲ့ တိုက်ခိုက်မှုကိုစတင်ထုတ်လွှတ်နေပါပြီ။ ရှုစန်းရှီနဲ့ ကျန်းနန်နန်နှစ်ယောက်အနားကို ကပ်မလာနိုင်ပဲ နောက်ကိုဆုတ်နေရတဲ့အထိ သူဖိအားပေးနိုင်ခဲ့ပါတယ်။
ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်ခံတပ်အမြောက်က ကျန်းနန်နန်ရဲ့ အမြန်နှုန်းရှိတဲ့စွမ်းအားတွေအားလုံးကို အကြီးမားဆုံး ထိုးစစ်ဆင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သားရဲကောင်တွေကိုရင်ဆိုင်ရတုန်းက ရှိခဲ့တဲ့ကံတရားရဲ့ ကောင်းချီးပေးမှုက ကုန်ဆုံးသွားခဲ့ပြီဖြစ်တဲ့အပြင် ဒီကပ်သန့်ချက်ရှိတဲ့အစွမ်းအစကြောင့် ဟို့ယွိဟောင်လဲထပ်ပြီတော့ မသုံးနိုင်တော့ပါဘူး။
လက်ရှိအချိန်မှာ ပေ့ပေ့ရဲ့နဂါးလက်သည်းတွေကို ထိပ်တိုက်တွေ့ဖို့အတွက် ရွှေအိုရောင်အကြောက်တရားလက်သည်းတွေက နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လို့လာခဲ့ပြန်ပါတယ်။
သံသတ္ထုချင်ထိခတ်တဲ့ အသံကြီးက ထွက်ပေါ်လို့လာခဲ့ပြီ ပေ့ပေ့ရဲ့လက်မောင်းတစ်လျှောက်လုံးမှာလဲ စူးရှတဲ့နာကျင်မှုကို ခံစားလိုက်ရပါတယ်။ ဒါ့အပြင် ဒီလက်သည်းတွေက သူ့ကိုရူးသွပ်နဲ့အရှိန်နှုန်းနဲ့ တိုက်ခိုက်နေခဲ့တာပါ။ ဒါကြောင့် ပေ့ပေ့လဲ သူ့ရဲ့ကြီးမားတဲ့မိုးကြိုးတွေကိုထုတ်သုံးပြီ ခုခံရပါတော့တယ်။ ဟို့ယွိဟောင်က အဆင့်နှစ်၀ိညာဥ်အတားအဆီးကို တစ်ချိန်ထဲမှာ ထုတ်သုံးလိုက်ပါပြီ။
သူ့ရဲ့ဒီ၀ိညာဥ်အတားအဆီးက တခဏတာအတွင်းပြိုလဲလို့သွားခဲ့ပေမဲ့ မိုးကြိုးလျှပ်စီးတွေရဲ့ ထုံထိုင်စေတဲ့အင်အားကိုတော့ တားဆီးထားနိုင်ခဲ့ပါတယ်။ ရေခဲဧကရီရဲ့ သံချပ်ကာက ချက်ချင်းဆိုသလို ထွက်ပေါ်လို့လာခဲ့ပြီ သူ့ရဲ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းလို့သွားခဲ့ရင်း ဒီမိုးကြိုးတွေကိုကာကွယ်လိုက်ပါတယ်။ ဟို့ယွိဟောင်က နောက်ကိုလွှင့်ထွက်သွားခဲ့ပေမဲ့ ဒဏ်ရာမရခဲ့ပါဘူး။ ပေ့ပေ့ကတော့ သူ့လက်ကိုငုံ့ကြည့်ရင်းနဲ့ နားလည်လို့သွားခဲ့ပါတယ်။ အရမ်းကိုအထိတ်တလန့်ဖြစ်စေတာကတော့ သူ့ရဲ့ချွန်ထက်လွန်လှတဲ့လက်သည်းထိပ်ဖျားတွေ အက်ကွဲသွားခဲ့ရတာပါပဲ။ ဒီအက်ကွဲရာကသိပ်ပြီ မကြီးမားပေမဲ့ ဒီညာဘက်လက်မောင်းက နဂါးလက်သည်းကိုပိုင်ဆိုင်ထားတာကြောင့် တစ်ကိုယ်လုံးမှာ အမာဆုံးအရာပါ။ ဟို့ယွိဟောင်ရဲ့ညာဘက်လက်မှာရှိနေတဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်းကို သူချက်ချင်းအကြည့်ရောက်သွားပါတော့တယ်။
” ညီငယ်လေး အဲ့ဒါက ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့ ၀ိညာဥ်အရိုးလား ”
ပေ့ပေ့က အထိတ်တလန့်မေးလာခဲ့တယ်။
” တကယ်ကိုတော်တာပဲအစ်ကိုကြီး ”
ပေ့ပေ့က ဘယ်ဘက်လက်နဲ့ ဟို့ယွိဟောင်ကို လက်မထောင်ပြလိုက်ပါတယ်။
” မင်းလုပ်တာကောင်းတယ်…ဒါပေမယ့် ငါကတော့အစွမ်းကုန်တိုက်ခိုက်ရမှာပဲ ”
ဟို့ယွိဟောင်ရဲ့ ခြေထောက်အောက်မှာ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိနေတာကို သူသတိထားမိသားပါ။ သူညီငယ်ရဲ့ အစွမ်းအစကို ဘယ်တုန်းကမှအထင်မသေးခဲ့ဖူးပါဘူး။ ဒါကြောင့် ကောင်းကင်ပေါ်ကိုခုန်တက်သွားခဲ့ပြီ ပေ့ပေ့ရဲ့အရိုးအဆစ်က တဖျောက်ဖျောက်မြည်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်ကလဲ အရွယ်အစားကြီးမားလို့သွားခဲ့ပြီ မူလအခြေအနေထက် ခေါင်းတစ်လုံးပိုမြင့်သွားကာ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ကြွက်သားတွေကလဲ အရင်ကထက်ပိုပြီး ဖောင်းကြွလို့လာပါတော့တယ်။ မျက်လုံးအရောင်ကလဲ ခရမ်းပြာရောင်မြွေတွေလိုမျိုးအသွင်ကိုပြောင်းသွားခဲ့ပြီ တစ်ကိုယ်လုံးလျှပ်စီးတန်းတွေက ကွန်ယက်သဖွယ်လွှမ်းခြုံလို့သွားခဲ့တယ်။
တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ မိုးကြိုးဒေါသကလဲ အဆင့်တက်လို့သွားခဲ့ပါပြီ။ ပေ့ပေ့ဆီကနေ ကြီးမားတဲ့ဆွဲငင်အားကို ခံစားနေခဲ့ရပါတယ်။ ဒီသေးငယ်ပြီရှုပ်ထွေးလွန်လှတဲ့လျှပ်စီးကွန်ယက်က အရာအားလုံးကို စုပ်ယူရင်းဆွဲဖြဲပြစ်မဲ့ပုံပေါ်နေခဲ့ပါတယ်။ အဆုံးစွန်းရေခဲရဲ့စွမ်းအားတွေက လက်ရှိအချိန် ပေ့ပေ့ရဲ့ခန္ဓာကိုယ်ထဲကို ရောက်သွားရာကနေ လုံး၀ပယ်ဖြတ်ခံလိုက်ရပါပြီ။
အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်မျိုးဆက်သစ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ပေ့ပေ့က သူ့ရဲ့အဆင့်အတန်းနဲ့လိုက်ဖက်တဲ့အင်အားကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ လေထဲကနေ ဟို့ယွိဟောင်ကို ဆွဲယူလိုက်ခဲ့ပြီ နောက်ထပ်အင်အားတစ်ခုနဲ့ ထပ်မံတိုက်ခိုက်လိုက်တယ်။ ကြီးမားတဲ့ လျှပ်စီးတန်းကြီးက သုံးမိီတာရှည်လျားမှုနဲ့အတူ ဟို့ယွိဟောင်ဆီကိုရောက်ရှိလို့လာခဲ့ပါပြီ။
ဒီလျှပ်စီးတန်းလက်သည်းကြီးက အားကောင်းတဲ့၀ိညာဥ်စွမ်းအားနဲ့ ပူးပေါင်းလို့ထားခဲ့ပါတယ်။ အကယ်၍ ပေ့ပေ့သာ ကြိုးကြာထိန်းချုပ်နဂါးဖမ်းဆီးနည်းလမ်းနဲ့သာ ပူးပေါင်းအသုံးပြုမယ်ဆိုရင် ဒီဆွဲငင်အားကပိုကြီးမားမှာပါ။
ဟို့ယွိဟောင်အနေနဲ့ လက်ရှိအခြေအနေအရ ထွက်ပြေးလွှတ်မြောက်နိုင်မှာမဟုတ်တာကို သိနေခဲ့တာကြောင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲကနေ ရွှေရောင်အလင်းတန်းနှစ်ခုက တောက်ပလို့သွားခဲ့ပါပြီ။ ဒါကတော့ စိတ်၀ိညာဥ်ထိတ်လန့်မှုပါပဲ။
ပေ့ပေ့ရဲ့မျက်လုံးတွေကလဲ တစ်ချိန်ထဲမှာပဲ တောက်ပလာခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးထဲမှာခရမ်းရောင်အလင်းတန်းက ဖြတ်ပြေးလို့သွားခဲ့တယ်။ ဒါပေမယ့် ကွာခြားချက်ကတော့ ပေ့ပေ့ရဲ့မျက်လုံးတွေထဲမှာ လျှပ်စီးရေ၀ဲကြီးနှစ်ခုရှိနေခဲ့တာပါပဲ။
မမြင်ရတဲ့စိတ်၀ိညာဥ်စွမ်းအားက ပြင်းပြင်းထန်ထန် တိုက်ခိုက်မိကြပါတယ်။ ပေ့ပေ့ရဲ့ခေါင်းကတော့နောက်ကိုလှန်သွားခဲ့ပြီ သူ့ရဲ့အရှေ့ကိုပြေး၀င်လာနေတဲ့ လှုပ်ရှားမှုက တခဏတာတန့်သွားခဲ့တယ်။ ဒါပေမယ့် ကြီးကြီးမားမားတော့ ဒဏ်ရာမရသွားခဲ့ပါဘူး။ ဒါပေမယ့် သူကိုယ်တိုင်ကလဲ ခရမ်းရောင်နတ်ဆိုးမျက်လုံးကို ဘယ်လိုသုံးရမလဲသိတဲ့သူပါ။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့စွမ်းအားတွေနဲ့လဲ ကောင်းကောင်းရင်းနှီးပါတယ်။ သူညီငယ်ရဲ့နာမည်ကြီးအကွက်တွေကို သူဘယ်လိုလုပ်ရင်ဆိုင်ဖို့မပြင်ဆင်ထားပဲနေမှာလဲ။
ဒါပေမယ့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုအင်အားက ပေ့ပေ့ကို အံ့အားသင့်သွားစေခဲ့ပါတယ်။ သူ့ရဲ့အရှိန်အဟုန်က အနည်းငယ်ရပ်တန့်လို့သွားခဲ့ပေမဲ့ မိုးကြိုးဒေါသကတော့ မပြီးဆုံးသေးပါဘူး။ မိုးကြိုလက်သည်းတွေက ဟို့ယွိဟောင်ရဲ့အရှေ့ကို ရောက်ရှိလို့သွားခဲ့ပြီ ပြင်းထန်တဲ့ဆွဲငင်အားတစ်ခုနဲ့အတူ ဟို့ယွိဟောင်လဲ အနည်းငယ်ဟန်ချက်ပျက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ဒီအရှိန်အဟုန်က တိုက်ပွဲထဲမှာစတင်ပြီ အားသာချက်အပြည့်ဖြစ်ပေါ်လာတော့တယ်။
ဟို့ယွိဟောင်က လက်ရှိအချိန် လုံလောက်တဲ့၀ိညာဥ်စွမ်းအားမရှိတော့ပါဘူး။ ဒါကြောင့် ရေခဲရုပ်ထုနဲ့ ရေခဲဧကရီရဲ့ လွှမ်းခြုံမှုမျိုးလိုအရာတွေက လက်ရှိအချိန်မှာတောင် ထုတ်သုံးဖို့ခက်ခဲနေခဲ့ပါတယ်။ ကံကြမ္မာမျက်လုံးကိုလဲ မသုံးနိုင်တော့ပါဘူး။
သူ့ရဲ့တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့အစုလိုက်အပြုံလိုက် ချည့်နဲ့မှုက အင်မတန်ကိုအင်အားကြီးတဲ့ နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်ဖြစ်သလို ၀ိညာဥ်စွမ်းအားတွေလဲ အများကြီးကုန်ဆုံးစေနိုင်ပါတယ်။ ဒီအရာတွေအားလုံးက အရမ်းကိုအားကောင်းပေးမဲ့လဲ အခုလက်ရှိအချိန်မှာတော့ သုံးနိုင်တဲ့၀ိညာဥ်စွမ်းအားက များများစားစားရှိမနေခဲ့ပါဘူး။
ဟို့ယွိဟောင်အသက်ပြင်းပြင်းရှုသွင်းလိုက်ပါတယ်။ သူက ဒီတိုက်ခိုက်မှုကိုလုပ်ဖို့ ရွေးချယ်ချင်တိုင်း လူတိုင်ရဲ့မျှော်လင့်ထားနိုင်တဲ့အခြေအနေကို ကျော်လွန်ခဲ့တာပါ။ ဟုတ်ပါတယ် လက်ရှိအချိန် သူ့ခန္ဓာကိုယ်ပေါ်မှာ ဘယ်၀ိညာဥ်စွမ်းအားမှရှိမနေခဲ့ပဲ နဂါးလက်သည်းရဲ့ တိုက်ခိုက်မှုကို ခန္ဓာကိုယ်ကိုကွေးရင်း တိုက်ရိုက်ခုခံလိုက်ပါတယ်။
ပေ့ပေ့က စိတ်၀ိညာဥ်ထိတ်လန့်မှုရဲ့ အကျိုးသက်ရောက်မှုကြောင့် သူ့ရဲ့၀ိညာဥ်စွမ်းအားကိုအဝေးကနေ မထိန်းချုပ်နိုင်ပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်က စွမ်းအားမြင့်ထားတဲ့ မိုးကြိုးဒေါသနဲ့ ထိတွေ့လို့သွားခဲ့ပါတယ်။
ကြီးမားတဲ့လျှပ်စီးလက်သည်းကြီးက ဟို့ယွိဟောင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ယူလိုက်ရပါပြီ။ ဟို့ယွိဟောင်ရဲ့၀ိညာဥ်အကာအကွယ်ကလဲ အသက်၀င်လာခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို ပျက်စီးလို့သွားခဲ့ရတယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က အတော်ကို အခြေအနေဆိုးနေခဲ့ပါပြီ။ လျှပ်စီးတန်းတွေက သူ့တစ်ကိုယ်လုံးကိုလွှမ်းခြုံလို့နေခဲ့ပြီ ရေခဲဧကရီရဲ့သံချပ်ကာနဲ့အတူ တောက်ပလို့နေခဲ့ပါတယ်။ ဒီလျှပ်စီးတန်းကြောင့် ပေါက်ကွဲသွားတဲ့ရေခဲမြူခိုတွေက ကောင်းကင်ပေါ်အထိ ထိုးတက်လို့လာခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကလဲ လျှပ်စီးတန်းတွေရဲ့ဓာတ်လိုက်မှုကြောင့် ဆက်တိုက်ဆိုသလို တုန်ခါလို့နေခဲ့တယ်။ အဲ့ဒီနောက် တွန့်လိမ်နေရင်းနဲ့ မြေပြင်ပေါ်ကိုပြုတ်ကျလို့သွားခဲ့ပါပြီ။ ဒီတိုက်ခိုက်မှုစွမ်းအားက သူလုပ်ရမဲ့အရာကို ဆုံးဖြတ်လို့ထားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခုခံစစ်ကလဲ လုံး၀ကိုကျော်လွှားခံရတယ်။
ဟယ့်ချိုက်ထို့ကလဲ တစ်ဖက်မှာအခြေအနေမကောင်းနေခဲ့ပါဘူး။ သူ့ရဲ့၀ိညာဥ်လက်နက်ခံတပ်က ကျန်းနန်နန်ကို ခုခံတားနိုင်ခဲ့ပေမဲ့ ရှုစန်းရှီရဲ့ ကာကွယ်နိုင်စွမ်းက သူ့ကိုကောင်းကောင်းပြန်တိုက်ခိုက်နိုင်ပါတယ်။ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့က အရှေ့ကိုဆက်မတက်လာနိုင်ခဲ့ပေမဲ့ ၀ိညာဥ်ခံတပ်ကိုအသုံးပြုတာကလဲ ၀ိညာဥ်စွမ်းအားတွေအများကြီးကုန်ဆုံးစေခဲ့တယ်။
ရှုစန်းရှီက ကျန်းနန်နန်နဲ့အတူ အရှေ့ကိုပြန်ပြီပြေးတက်လာခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ဟယ့်ချိုက်ထို့ရဲ့ခန္ဓာကိုယ်ကိုရိုက်ထုတ်နိုင်ဖို့အခွင့်အရေးကို သူယူခဲ့ပါတော့တယ်။
ဟယ့်ချိုက်ထို့ရဲ့ရွေးချယ်မှုက အနည်းငယ်ထူးဆန်းပါတယ်။ သူလဲကျတော့မှာကိုသိသိချင် အဆင့်လေး၀ိညာဥ်အတားဆီးကို စတင်ထုတ်သုံးပြီ ၀ိညာဥ်လက်နက်ခံတပ်ကို ချက်ချင်းပြန်သိမ်းလိုက်ပါတော့တယ်။ သူ့ရဲ့၀ိညာဥ်လက်နက်တွေက အရမ်းကိုအားနည်းတာကြောင့် ဒီရွှမ်၀ူဒိုင်းကာကြီးနဲ့သာ ထုခံရမယ်ဆိုရင် တော်တော်များများပျက်စီးသွားနိုင်ပါတယ်။ သူဒါမျိုးကို ဘယ်လိုလုပ်အဖြစ်ခံနိုင်မှာလဲ။ နောက်ဆုံးတော့လဲ ဒါကအရည်အချင်းစစ်စာမေးပွဲတစ်ခုသာ ဖြစ်နေခဲ့တယ်။
ကျန်းနန်နန်ကလဲ ချက်ချင်းဆိုသလို ခုန်၀င်လာခဲ့ပါပြီီ။ ဟယ့်ချိုက်ထို့ရဲ့ပုခုံးပေါ်ကိုသူတက်လိုက်ချိန်မှာတော့ ဟို့ယွိဟောင်က နှစ်ဖက်ကိုမြောက်လိုက်ရင်း သူအရှုံးပေးချင်တဲ့ပုံစံပြလိုက်ပါတယ်။
ရှန်လင်းအယ်ကတော့ မျက်နှာအမူအရာဆူပုတ်လို့သွားခဲ့တယ်။ သူပြင်ဆင်ထားခဲ့တဲ့ ပြိုင်ပွဲက အကောင်းဆုံးရလဒ်ကို မရရှိခဲ့ပါဘူး။ ၀ိညာဥ်ပညာရှင်တွေက နောက်ဆုံးမှာတော့ ၀ိညာဥ်ပညာရှင်တွေပါပဲ။ အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ဆိုတာက အစကထဲက အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့တာပါ။ ဒါကြောင့် ရှိရှိသမျှစွမ်းအားတွေအားလုံးကို ထုတ်သုံးပြီတိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်တာပါပဲ။ ဒါပေမယ့် အဲ့ဒီကိစ္စကြောင့် ဟ်ို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်ရဲ့ တကယ်စွမ်းအားအစစ်အမှန်ကို မသိပဲဖြစ်နေခဲ့ရပါတယ်။
” ညီငယ်လေး အဆင်ပြေရဲ့လား ”
ပေ့ပေ့ကချက်ချင်းဆိုသလို ဟို့ယွိဟောင်ဆီကို ဇောက်ထိုးဆင်းချလာခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ မြေပြင်မှာ လိမ့်နေရင်းခုန်ထလိုက်ပြီ သူ့ရဲ့ညာဘက်လက်မှာရှိနေတဲ ရွှေအိုရောင်အကြောက်တရားလက်သည်းနဲ့ စတင်တိုက်ခိုက်တော့တယ်။ ဒီတိုက်ခိုက်ပေ့ပေ့ကို ဦးတည်နေတာမဟုတ်ပဲနဲ့ တခြားတစ်ဖက်ကို ဦးတည်နေခဲ့တာပါ။ အကြောက်တရားလက်သည်းကနေခရမ်းရွှေရောင်လှိုင်းတွေဖြစ်ပေါ်လို့လာခဲ့ပြီတဲ့နောက် ကောင်းကင်ပေါ်သုံးမီတာအထိကို အကြောက်တရားလက်သည်းက ထိုးတက်လို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျလို့လာခဲ့ရင်း မြေပြင်ပေါ်မှာ နက်ရှိုင်းတဲ့ချိုင့်ကွက်ကြီးငါခုက ဖြစ်ပေါ်လာခဲ့ပါပြီ။
” အစ်ကိုကြီးဒီလိုမျိုးဂရုမစိုက်ပဲနေလို့မရဘူးလေ ”
ဟို့ယွိဟောင်က သူခြေထောက်ကိုအားပြုရင်း ထရပ်ပြီပြောလာခဲ့ပါတယ်။ သူက လျှပ်စီးတန်းတွေကြောင့် တုန်ရီနေပုံပေါ်ပေမဲ့ လက်ရှိအချိန်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပုံမပေါ်ပါဘူး။ ရေခဲဧကရီသံချပ်ကာရဲ့ ခုခံနိုင်စွမ်းက အတော်ကိုကြောက်စရာကောင်းပါတယ်။ ပေ့ပေ့ရဲ့ထိန်းချုပ်မှုအောက်မှာရှိမနေတော့တဲ့ မိုးကြိုးလက်သည်းတွေက သူ့ကိုထုံထိုင်အောင် လုပ်နိုင်ခဲ့တာပါ။ ပေ့ပေ့က သူဒဏ်ရာရသွားပြီလို့ထင်ခဲ့တာကြောင့်သာ ဆက်တိုက်မတိုက်ခိုက်တော့ပါပဲ။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ဟို့ယွိဟောင်က တိုက်ပွဲမှာရှုံးနှိမ့်သွားခဲ့ပါတယ်။ အကယ်၍ ပေ့ပေ့သာ နောက်တစ်ကြိမ်တိုက်ခိုက်မယ်ဆိုရင် သူ့အသက်အန္တရာယ်ရှိလာနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့အပြုအမူကို အသုံးချရင်း ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သတိမလွှတ်ဖို့ လုပ်ပေးနိုင်ခဲ့တယ်။
ပေ့ပေ့ကတော့ တအံ့တဩဖြစ်နေဆဲပါ။
” ဒါက ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့ ပြီးပြည့်စုံတဲ့ပုံစံပေါ့ ကံကောင်းလိုက်တာပဲ ညီငယ်လေး ”
ရွှေအိုရောင်အကြောက်တရားလက်သည်းနဲ့ ပတ်သက်ပြီ ပေ့ပေ့ကရင်းနှီးပါတယ်။ ဒါ့အပြင် ၀ိညာဥ်အရိုးတွေနဲ့ အဆစ်တွေအကြောင်းတွေကိုလဲ သူသိထားခဲ့တယ်။ သူကိုယ်တိုင်လဲ ဒီလိုသင့်တော်တဲ့ ညာဘက်လက်မောင်းအရိုးတစ်ခုကိုအမြဲတမ်းလိုချင်နေခဲ့တာပါ ဒါပေမယ့် မရခဲ့ပါဘူး။
” ဒါကကျွန်တော်တို့ကြယ်တာရာသစ်တောထဲကိုသွားတဲ့အချိန် ရခဲ့တဲ့ အထဲကတစ်ခုပါပဲ ဒီတစ်ခေါက်၀ိညာဥ်သားရဲကောင်တွေနဲ့ အရည်အချင်းစစ်စာမေးပွဲမှာကျွန်တော်အသုံးပြုသွားတာတွေ များလွန်ပြီ ဒါကြောင့်သာမဟုတ်ရင် ကျွန်တော်ရဲ့ တတိယ၀ိညာဥ်စွမ်းရည်ကို အစ်ကိုကြီးစမ်းသပ်ကြည့်လို့ရမှာပဲ ”
အရည်အချင်းစစ်စာမေးပွဲကတော့ ပြီးသွားခဲ့ပါပြီ။ မျှော်လင့်ထားသလိုမဖြစ်ခဲ့ပေမဲ့ ရှန်လင်းအယ် ချင်းသောသော ဖန်းယွီတို့ကတော့ ဟို့ယွိဟောင်ရဲ့အရည်အချင်းကို လေးစားလို့သွားခဲ့ပါတယ်။
ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်က အကြံပြုနေခဲ့တာ အချိန်အတော်ကိုကြာနေခဲ့ပြီဖြစ်ပေမဲ့ ပထမဆုံးစမ်းသပ်မှုကိုအခုမှစတင်လုပ်ဆောင်ခဲ့တာပါ။ ဒီရလဒ်က မျှော်လင့်ထားတာလောက် မကြီးမားခဲ့ပေမဲ့ ရှန်လင်းအယ်ကတော့ စိတ်အခြေအနေပြန်ကောင်းလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့စွမ်းအားကို ကောင်းကောင်းထိန်းချုပ်အသုံးချမှုတွေက ဒီအစီအစဥ်ကိုအောင်မြင်နိုင်ဖို့ အဓိကသော့ချက်ဖြစ်လာခဲ့မှာပါ။
” ကောင်းပြီ မင်းတို့သုံးယောက်သွားလို့ရပြီ ”
ရှန်လင်းအယ်က ပေ့ပေ့တို့ကို မျက်နှာသေနဲ့သာ ပြောလိုက်ပါတယ်။
” ကျောင်းအုပ်ရှန် ကျွန်တော်တို့စာမေးပွဲရဲ့အခက်အခဲကို နည်းနည်းလောက်လျှော့ချပေးမယ်ဆိုရင်ကော မကောင်းဘူးလား ”
ရှုစန်းရှီက ပြောလာခဲ့ပါတယ်။
” ဘာလျှော့ပေးရမှာလဲ နင်တို့တွေအစွမ်းကုန်တိုက်ခိုက်ခဲ့ကြလို့လား ဒါကိုအရည်အချင်းစစ်စာမေးပွဲလို့ခေါ်လို့ရမှာလား ဒါကငါတို့ကို ဟန်ပြပြီတိုက်ခိုက်တဲ့တိုက်ကွက်တွေပဲလေ ထွက်သွား ငါ့ကိုဒေါသထွက်အောင်လာမလုပ်နဲ့ ”
ရှုစန်းရှီက ပေ့ပေ့ကို လှမ်းကြည့်ပါတယ်။ ဒါပေမယ့် ပေ့ပေ့ကတော့ သူ့ကိုမမြင်ချင်ယောင်သာဆောင်နေခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက သေဖော်သေဖက်ညှိချင်မှာလဲ။
” ညီငယ်လေး ငါတို့တွေအချိန်ရှိမယ်ဆိုရင် ညဘက်မှာတစ်ခေါက်လောက်တွေ့ကြရအောင် ”
ပေ့ပေ့က ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ကို ပြောလိုက်ပါတယ်။
ရှန်လင်းအယ်က အဲ့ဒီအချိန်မှာ ၀င်ပြောလာခဲ့တယ်။
” နင့်မှာဘယ်အချိန်ရှိမှာလဲ ငါပြောလိုက်မယ် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်က တရား၀င်စတင်နေပြီ ဒီတော့ မင်းတို့တွေကိုယ်ပိုင်အချိန်ဆိုတာရှိတော့မှာမဟုတ်ဘူး…အခုအချိန်ကနေစပြီ မင်းတို့ရဲ့အသက်တွေက အရမ်းကိုတန်ဖိုးရှိသွားပြီ ”
နောက်ဆုံးစကားကိုသူပြောတဲ့အချိန်မှာ အတော်ကို လေသံမြင့်ပြီပြောနေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးလဲ ဒီစကားကိုနားထောင်နေရင်းနဲ့တောင် နှလုံးသားတွေတုန်ရီလာခဲ့ကြတယ်။
ရှန်လင်းအယ်ရဲ့စကားတွေက တကယ်ကိုလိမ်ညာနေခဲ့တာမပါခဲ့ပါဘူး။ ဒီအရည်အချင်းစစ်စာမေးပွဲပြီးသွားပြီဆိုတာနဲ့ ကျောင်းအုပ်နှစ်ယောက်နဲ့ ဖန်းယွီတို့က သူတို့နှစ်ယောက်ကို ချက်ချင်းဆိုသလို ၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေထဲကို ခေါ်သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်ကို တရားထိုင်ဖို့အချိန်တောင်မပေးခဲ့ပါဘူး။ ၀ိညာဥ်စွမ်းအားတွေကို အမြန်ဆုံးပြန်ဖြည့်ခဲ့ပြီ နောက်ထပ်ဆရာအသစ်တစ်ယောက်ကို သင်ကြားဖို့ခေါ်လာခဲ့ပါတယ်။
အပိုင်း ၁၅၀•၃ ပြီး၏။