Switch Mode

Chapter – 150.2

ပြင်းထန်တဲ့စိန်ခေါ်မှု

အပိုင်း ၁၅၀•၂

” ပြင်းထန်တဲ့စိန်ခေါ်မှု ”
°°°
ဟို့ယွိဟောင်က အဝေးပြစ်တိုက်ခိုက်မှုအသုံးပြုနိုင်တဲ့ ၀ိညာဥ်သားရဲကောင်နှစ်ကောင်ကို နောက်ထပ် မတိုက်ခိုက်နိုင်တော့ပါဘူး။ ဒါကြောင့် နောက်ထပ်ဆေးပြင်းလိပ်နှစ်လိပ်ကို ထုတ်ယူရင်းပါးစပ်ထဲကိုထည့်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ခပ်မြန်မြန်ပဲ မီးညှိရင်းရှုသွင်းရှုထုတ်ဖို့လုပ်နေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ နို့ပုလင်းတွေကိုထုတ်ယူလိုက်ပြီ ၀ိညာဥ်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်ပါပြီ။

ဟယ့်ချိုက်ထို့က စိတ်မပျက်သွားခဲ့ပါဘူး။ အခုလက်ရှိအချိန်မှာ အရင်ကလိုတစ်ရာရာခိုင်နှုန်းအပြည့်အ၀တိကျမှုမရှိတော့ပေမဲ့ ကံကြမ္မာအလင်းတန်းရဲ့ ကောင်းချီးပေးမှုအောက်မှာ သူ့ရဲကံတရားကရှိနေဆဲပါ။ ဒါကြောင့် ကျန်ရစ်တဲ့၀ိညာဥ်သားရဲကောင်နှစ်ကောင်ကို သူတိုက်ခိုက်ပါတော့တယ်။ ဒီသားရဲကောင်တွေကလဲ အင်အားချည့်နဲ့မှုကြောင့် အခုအချိန်အထိ အားနည်းနေစေဆဲပါ။

တိုက်ပွဲကတော့ ဆက်သွားနေခဲ့ပါတယ်။ ကုန်ချန်းလုံက နှလုံးသားထဲမှာ နာကျင်မှုကိုတောင် မခံစားရပါတော့ဘူး။ အဲ့ဒီအစား ထုံကျင်နေခဲ့ပါတော့တယ်။ သားရဲကောင်တိုက်ခိုက်ရေးနယ်မြေထဲမှာ များပြားတဲ့သားရဲကောင်တွေအတုံးအရုံလဲကျနေခဲ့ပြီသုံးပုံတစ်ပုံကတော့ နှစ်တစ်ထောင်သားရဲကောင်ဖြစ်တဲ့အပြင် သူတို့ကတိုက်ပွဲတစ်ပွဲထဲမှာတင် အပြတ်ရှင်းခံလိုက်ရတာပါ။ ဒါကြောင့်ကုန်ချန်းလုံရဲ့ မျက်နှာအရောင်က အပြာရောင်ကနေ အစိမ်းကိုပြောင်းလဲနေပြီတဲ့နောက် နောက်ဆုံးမှာအနက်ရောင်အဖြစ်ကို ​ရောက်လုနီးပါးဖြစ်သွားခဲ့ပါပြီ။ ရှန်လင်းအယ် ချင်းသောသောနဲ့ ဖန်းယွီတို့က အပေါ်မှာစောင့်ကြည့်နေသူတွေဖြစ်ပေမဲ့ ဒီလိုရလဒ်မျိုးဖြစ်လာမှာကို ဘယ်သူကများတွေးမိမှာလဲ။

ဟို့ယွိဟောင်က ပတ်၀န်းကျင်အခြေအနေကို စိုးရိမ်တကြီးနဲ့ အကဲခတ်နေရင်း အချိန်မရွေးပေါ်လာနိုင်တဲ့၀ိညာဥ်သားရဲကောင်လှိုင်းကို စောင့်ဆိုင်းလို့နေခဲ့ပါတယ်။ သူတို့ရဲ့ဒီတိုက်ပွဲတစ်လျှောက်မှာချိုတစ်ချောင်းနတ်ဆိုးကြံ့တွေက အင်အားအကြီးဆုံးသားရဲကောင်တွေဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူစိတ်ထဲမှာ တွေးလိုက်မိတယ်။

” အကယ်၍ အစ်ကိုကြီးရှုသာဒီနေရာမှာရှိနေမယ်ဆိုရင် ၀ိညာဥ်သားရဲကောင်တွေအားလုံးကို စုစည်းပြီထူးဆန်းမြေအောက်လောကနေရာလှယ်မှုနဲ့ ဒီကြံ့တွေကိုတစ်ကောင်ပြီတစ်ကောင်နေရာလွဲရင်ငါသူတို့ကိုဖျက်ဆီးပြစ်လို့ရတယ်။ ဒါဆိုရင် လှိုင်းတစ်ခုလုံးကို အလွဲလေးချိုးဖြတ်နိုင်မှာပဲ ”

” ဒါပဲလေ ငါတို့တွေဘာဆက်ပြီစမ်းသပ်နေရဦးမှာလဲ အကယ်၍ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ငါတို့တည်ထောင်ထားခဲ့ရတဲ့ ၀ိညာဥ်သားရဲကောင်နယ်မြေကြီးတစ်ခုလုံး အပြောင်ရှင်းသွားလိမ့်မယ်. ”

ကုန်ချန်းလုံက မသာမယာဖြစ်နေတဲ့မျက်နှာနဲ့ အရှေ့ထွက်လာရင်းပြောပါတော့တယ်။ အပေါ်မှာစောင့်ကြည့်နေသူတွေကို သူလှမ်းပြီအော်လိုက်တယ်။

” ကျောင်းအုပ်ရှန် ငါက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အရန်အကြီးအကဲတွေထဲက တစ်ယောက်ပါပဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ကို ပြန်မေးခွန်းထုတ်ဖို့ငါမှာလဲ အခွင့်အရေးရှိတယ်..ဒါ့အပြင် မင်းတို့တွေလုပ်နေတဲ့ ဆုံးဖြတ်ချက်တွေက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ အမိန့်အာဏာအောက်မှာရှိနေတာကို ငါသိပါတယ်…မင်းတို့အားလုံးမြင်ပြီးပြီပဲ ငါရဲ့၀ိညာဥ်သားရဲကောင်အကောင်နှစ်ဆယ်က ဒီအတိုင်းသေဆုံးကုန်ကြပြီလေ ဒီ၀ိညာဥ်သားရဲကောင်တွေရဲ့တန်ဖိုးကို မင်းတို့သိကြရဲ့လား ကြည့်လိုက်စမ်းဦး ဒီလောက်များပြားတဲ့၀ိညာဥ်စက်ကွင်းတွေ အလဟာသဖြစ်သွားပြီလေ ကြည့်ကြည့်စမ်းပါ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်က ငါအတွက် ဒီလိုအရေအသွေးတူတဲ့နောက်တစ်သုတ်ကိုကူဖမ်းပေးဖို့တာ၀န်ရှိတယ်…ငါအခုပဲ ပင်လယ်နတ်ဘုရားကျွန်းဆီကိုဒီကိစ္စနဲ့ပတ်သက်ပြီ ထုချေလွှာတင်မယ် ”

ကုန်ချန်းလုံက ဒေါသတကြီးလှည့်ထွက်ဖို့ပြင်နေခဲ့ပါတယ်။

ရှန်လင်းအယ် ချင်းသောသောနဲ့ ဖန်းယွီတို့ကတော့ ချက်ချင်းဆိုသလိုခုန်ဆင်းလာခဲ့ပြီ ကုန်ချန်းလုံရဲ့အရှေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ။

ရှန်လင်းအယ်ကတော့ တောင်းပန်တဲ့မျက်နှာထားမျိုးနဲ့ရှိနေခဲ့တယ်။

” ဒေါသမထွက်ပါနဲ့ အကြီးအကဲကုန် ငါတို့ဒီတိုက်ပွဲကို အခုပဲရပ်လိုက်ပါတော့မယ်…ဒီလိုအခြေအနေမျိုးဖြစ်လာမယ်လို့ မတွေးမိခဲ့ဖူးဘူး…ဒီကျောင်းသားတွေရဲ့ အရည်အချင်းအပေါ် ငါတို့ရဲ့အကဲဖြတ်မှုက မှားယွင်းသွားခဲ့တာပါ အားလုံးက ငါတို့ရဲ့အမှားပါပဲ ပင်လယ်နတ်ဘုရားခန်းမဆောင်ကို ငါတို့ကိုယ်တိုင်ပဲ ရှင်းပြလိုက်ပါ့မယ် …ကျန်ရစ်တဲ့၀ိညာဥ်သားရဲကောင်ဖမ်းဆီးဖို့ကိစ္စကတော့ ငါနဲ့သောသောနှစ်ယောက် ပြန်လာတဲ့အချိန်မှာ အကုန်ဖမ်းဆီးပေးပါ့မယ် ”

ကုန်ချန်းလုံရဲ့မျက်နှာက အနည်းငယ်ပြန်ပြေလျော့သွားခဲ့ပါပြီ။

” ဒီလိုပဲဖြစ်ရမယ်လေ ဒီလိုကိစ္စမျိုးနောက်ထပ်ဖြစ်မလာစေနဲ့တော့ မဟုတ်ရင်ငါရဲ့နယ်မြေကြီးက အဲ့ဒီလိုကိစ္စတွေကို ဘယ်လိုတောင့်ခံနိုင်မှာလဲ မင်းတို့အားလုံးသွားလိုက်တော့ ဒီကလေးနှစ်ယောက်ကို သားရဲကောင်လက်ရည်ယှဥ်ပွဲနယ်မြေကနေ နောက်ထပ်မကြိုဆိုတော့ဘူး ”

အကြီးအကဲကုန်က ပြောပြီတဲ့နောက် လှည့်ထွက်လို့သွားပါတော့တယ်။ ရှန်လင်းအယ်တို့ကတော့ ခေါင်းခါရင်းနဲ့သာ ကျန်ရစ်ရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။

ဟို့ယွိဟောင်ကတော့ အခုအချိန် ဟယ့်ချိုက်ထို့အနားမှာပဲ ရှိနေခဲ့ပါတယ်။ သူတို့နှစ်ယောက်လဲ အကြီးအကဲကုန်ဒေါသတကြီးလှည့်ထွက်သွားတာကိုမြင်ချိန်မှာတော့ အနည်းငယ်စိတ်သက်သာရာရသွားမိခဲ့တယ်။ ဒီနေ့စမ်းသပ်ချက်က ပြီးသွားပြီလို့တွေးနေခဲ့တာပါ။

သူတို့လဲ ပတ်ပတ်လည်မှာပြန့်ကျဲနေတဲ့သားရဲကောင်အလောင်းတွေကို ဒီအတိုင်းသာထိုင်ကြည့်နေခဲ့ပါတော့တယ်။ နေရာမှာစုစုပေါင်းနှစ်တစ်ထောင်သားရဲကောင်ဆယ့်ရှစ်ကောင်ရှိပြီ လေးကောင်ကတော့ နှစ်သုံးထောင်သားရဲကောင်တွေပါ။ မှန်ပါတယ် ဒီလိုမျိုးကြီးမားတဲ့သတ်ဖြတ်မှုကြီးက ဆယ်ငါးမိနစ်အတွင်းမှာ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ အတွင်းနယ်မြေရဲ့ ၀ိညာဥ်ဘုရင်တစ်ယောက်တောင်မှ ဒါကိုအောင်မြင်နိုင်ဖို့မလွယ်ပါဘူး။

ဖန်းယွီကတော့ အားတင်းပြီရယ်မောရင်း ပြောလာခဲ့ပါတယ်။

” ကျောင်းအုပ်တို့ ဒါဆိုရင်ဒီနေ့အရည်အချင်းစစ်ပွဲကို ဘယ်လိုဆက်လုပ်ကြမလဲ ”

ရှန်လင်းအယ်ကတော့ အနည်းငယ်မကျေမနပ်ဖြစ်နေခဲ့ပါတယ်။ သူမပြန်ဖြေလာခဲ့တယ်။

” သိုင်းပညာ၀ိညာဥ်အတတ်ပညာရှင်ကျောင်းတော်ကိုသွားပြီ ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့ကိုခေါ်လာခဲ့ အရည်အချင်းစစ်တဲ့ပွဲကဆက်ပြီသွားရမယ်..သူတို့တွေကို အမျက်ဒေါသရဲ့တခြားမိစ္ဆာခုနှစ်ဖော်နဲ့ တိုက်ခိုက်ပါစေ ဘယ်လောက်အထိကြာကြာခံမလဲဆို တာ ငါမြင်ချင်တယ် ”

သူမက နောက်ဆုံးစကားကိုပြောတဲ့အချိန်မှာ အတော်လေးကို အသံကျယ်ကျယ်နဲ့ပြောလိုက်တဲ့အတွက် ဟို့ယွိဟောင်တို့လဲ ကြားသွားခဲ့ရပါတယ်။

သူတို့နှစ်ယောက်က အခုလက်ရှိအချိန်မှာ မြေပြင်ပေါ်မှာစိတ်ပျက်လက်ပျက်ထိုင်နေခဲ့ကြတာပါ။ ၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ရရှိစေဖို့အတွက် တရားထိုင်ပြီတော့လဲ လေ့ကျင့်နေခဲ့ရပါသေးတယ်။

သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေရဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းက အတော်လေးအထင်ကြီးစရာကောင်းတာကို ဒီအချိန်မှသာ ဟို့ယွိဟောင် နားလည်သွားခဲ့တယ်။ ဒါပေမယ့် ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကတော့ ပြန်လည်ကုသနိုင်ဖို့ အတော်လေးနှေးကွေးပါတယ်။ ခရုတစ်ကောင်လှုပ်ရှားနေသလိုပါပဲ ကုန်ဆုံးသွားခဲ့တဲ့ ၀ိညာဥ်စွမ်းအားအကုန်လုံးကို ပြည့်ဖြည့်တင်းနိုင်ဖို့အတွက် တစ်ရက်လောက်အချိန်ယူပြီ တရားထိုင်ရမှာပါ။ ကံကြမ္မာမျက်လုံးကို တစ်ရက်မှတစ်ကြိမ်သာ အသုံးပြုနိုင်မှာပါ။ ဖန်းယွီက လက်ရှိအချိန်အတော်လေးကို မြင့်မားတဲ့အမိန့်အာဏာပိုင်ဆိုင်ထားတဲ့အတွက် သိုင်းပညာ၀ိညာဥ်အတတ်ပညာရှင်ကျောင်းတော်က ကျောင်းသားတွေအများကြီးကို ခေါ်ထုတ်လာမယ်ဆိုရင်တောင် ပြဿနာမရှိပါဘူး။ ဒါ့အပြင် သူ့မှာရှန်လင်းအယ်ရဲ့အမိန့်လဲ ရှိနေပါသေးတယ်။ ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့က သုံးမိနစ်အတွင်းမှာပဲ သားရဲကောင်လက်ရည်ယှဥ်တဲ့နယ်မြေကိုရောက်ရှိလာခဲ့ပါပြီ။

ရှုစန်းရှီကတော့ စိတ်အခြေအနေကောင်းနေတဲ့ပုံပါပဲ။ အခုလက်ရှိအချိန်မှာ သူအရင်ကလိုမျိုးတောက်တောက်ပပပြုံးနေတဲ့အပြုံးနဲ့တောင် ရှိနေခဲ့ပါသေးတယ်။ ကျန်းနန်နန်ကတော့ အေးအေးဆေးဆေးနဲ့ တည်ငြိမ်နေဆဲပါ။ သူမက ရှုစန်းရှီနဲ့ ခပ်ဝေးဝေးမှာခွာနေရင်း နှစ်ယောက်ကိုအနေမနီးအောင်ထိန်းထားခဲ့ပါတယ်။ ရှုစန်းရှီက ဒီလိုမျိုးစိတ်အခြေအနေကောင်းနေတာ အခုလိုတိုးတက်မှုကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ပေ့ပေ့ကတော့ ပုံမှန်အတိုင်းတည်ငြိမ်မှုအပြည့်နဲ့ ကျက်သရေရှိနေဆဲပါပဲ။ ထန်ယာ့ထွက်ခွာသွားပြီကထဲကစလို့ သူ့မျက်နှာပေါ်မှာ အမြဲတမ်းတွဲခိုနေတတ်တဲ့အပြုံးက အခုမရှိတော့ပါဘူး။ အားလပ်ရက်တွေရောက်ဖို့မစောင့်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ဒါမှသာ ထျန်းဟွမ်နိုင်ငံကိုသွားပြီ ထန်ယာ့ကိုရှာနိုင်မှာပါ။ အခုလက်ရှိအချိန်မှာ ဘာကြောင့် ခဏခဏကြက်သီးမွေးညင်းတွေထနေရလဲဆိုတာကို နားမလည်နိုင်ခဲ့ပါဘူး။ ဒါကြောင့် လက်ရှိအချိန်မှာ ထန်ယာ့နဲ့ ပတ်သက်ပြီ အတော်လေးကို စိတ်ပူနေခဲ့ပါတော့တယ်။

ပြိုင်ပွဲကြီးပြီးဆုံးပြီတဲ့နောက် သူ့ရဲ့ကျင့်ကြံမှုကလဲ အရေးကြီးတဲ့အခြေအနေကို ရောက်ရှိလာခဲ့တဲ့အတွက် သူ့အနေနဲ့ ကျောင်းတော်ကနေ မထွက်ခွာနိုင်ပဲဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အတွင်းနယ်မြေရဲ့ စာမေးပွဲအတွက်လဲ အတော်လေးကိုကြိုးစားအားထုတ်ပြီ ပြင်ဆင်ခဲ့ရတာကြောင့် သူ့အနေနဲ့ ဘယ်လိုမှကိုအားလပ်ချိန်မရှိပဲ ဖိအားများနေခဲ့ရတယ်။

” အစ်ကိုကြီး အစ်ကိုကြီးရှု အစ်မကြီးကျန်းနန်နန် ”

ဟို့ယွိဟောင်က အရင်ဆုံးအရှေ့ထွက်လာခဲ့ပါတယ်။ ပေ့ပေ့ကိုသူမမြင်ရတာအတော်ကြာနေခဲ့ပါပြီ။ ဒါပေမယ့် ပေ့ပေ့နဲ့ တခြားသူတွေကတော့ အခုအချိန်အထိ ထိတ်လန့်နေဆဲပါ။ သားရဲကောင်လက်ရည်ယှဥ်ပွဲနယ်မြေက အရမ်းကိုရှုပ်ထွေးလို့နေခဲ့ပါတယ်။ ရေခဲဖောက်ခွဲမှုနည်းလမ်းအကြောင်းအက်ကွဲကြောင်းတွေကြီးက ဖြစ်ပေါ်နေခဲ့ပြီ ၀ိညာဥ်သားရဲကောင်တွေရဲ့ ခြေပြတ်လက်ပြတ်တွေအပြင် အလောင်းတွေကလဲ နေရာအနှံ့ပြန့်ကျဲလို့နေခဲ့ပါတယ်။

” ညီငယ်လေး ဒါဘာတွေဖြစ်ထားတာလဲ ”

ပေ့ပေ့က မယုံနိုင်မှုအပြည့်နဲ့ မေးလာခဲ့တယ်။

ဟို့ယွိဟောင် မရှင်းပြနိုင်ခင်အချိန်မှာပဲ ရှန်လင်းအယ်က အရင်ဆုံးပြောလာခဲ့ပါတယ်။

” ပေ့ပေ့ ရှုစန်းရှီနဲ့ ကျန်းနန်နန်မင်းတို့သုံးယောက်အတွက် အရည်အချင်းစစ်စာမေးပွဲတစ်ခုချက်ချင်းရှိလိမ့်မယ်…ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ကို အနိုင်ယူ ဒီတိုက်ပွဲကအခုချက်ချင်းစမယ်…အကယ်၍ မင်းတို့သုံးယောက်သာ တိုက်ပွဲမှာရှုံးသွားပြီဆိုရင် လာမဲ့နှစ်ရဲ့အတွင်းနယ်မြေထဲ၀င်ခွင့်စာမေးပွဲအတွက် မင်းတို့ဖြေဆိုရမဲ့ အရည်အချင်းစစ်စာမေးပွဲကို ပိုပြီးအခက်အခဲတိုးမြင့်ဖို့ ငါတောင်းဆိုလိုက်မယ် ”

ပေ့ပေ့နဲ့ တခြားနှစ်ယောက်က အတော်ကိုထိတ်လန့်လို့သွားခဲ့ပါတယ်။

ဖန်းယွီက၀င်​ပြီတော့ ရှင်းပြခဲ့တယ်။

” ဒါက ယွိဟောင်နဲ့ ချိုက်ထို့အတွက်လဲ အရည်အချင်းစစ်စာမေးပွဲပဲ မင်းတို့ဘေးမှာရှိနေတဲ့ သားရဲကောင်အလောင်းတွေကိုမြင်တယ်မလား ဒါကသူတို့သတ်ထားတာတွေ တိုက်ပွဲအခုစမယ် ”

ပေ့ပေ့ရဲ့မျက်လုံးတွေက တောက်ပလာခဲ့ပါပြီ မျက်လုံးထဲမှာ အပြာရောင်လျှပ်စီးတန်းတွေက ချက်ချင်းဆိုသလိုဖြစ်ပေါ်လာခဲ့ပြီ ဟို့ယွိဟောင်ဖက်ကို လှည့်သွားပါတော့တယ်။ သူက စိတ်ပိုင်ဆိုင်ရာနဲ့ပထမဆုံကိုယ့်ကိုကိုယ်ပြင်ဆင်လိုက်တဲ့သူပါ။ ကျောင်းတော်က ဒီလိုအရာမျိုးကို စီစဥ်တာသူတို့အကြောင်းအရင်းနဲ့သူတို့ရှိပါလိမ့်မယ်။ ဒါ့အပြင် ဆရာတွေရဲ့ညွှန်ကြားချက်အောက်မှာရှိနေသရွေ့ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့အတွက်လဲ ဆိုးရွားတဲ့ကိစ္စကဖြစ်နိုင်မှာမဟုတ်ပါဘူး။

” သတိထားညီငယ်လေး ”

သူ့ရဲ့ခန္ဓာကိုယ်က လျှပ်စီးတန်းတွေထွက်ပေါ်လာခဲ့ရင်း အော်လိုက်ပါတော့တယ်။ အဲ့ဒီနောက် နဂါးအကြေးခွံတွေက စတင်ပြီဖြစ်ပေါ်လာခဲ့ပါပြီ။ ပထမဆုံးအနေနဲ့ သူ့ရဲ့ရင်ဘတ်ကနေပြီ တင်ပါးတစ်လျှောက်အထိကို နဂါးအကြေးခွံတွေက စီးဆင်းလို့သွားခဲ့တာပါ။ အဲ့ဒီနောက် ဟို့ယွိဟောင်ဆီကိုခုန်၀င်ရင် တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ ရှုစန်းရှီနဲ့ ကျန်းနန်နန်တို့ကတော့ တစ်ချက်လောက်နှောင့်နှေးလို့သွားခဲ့တယ်။ ဒါပေမယ့် အဖြစ်အပျက်ကိုနားလည်ပြီးပြီချင်မှာပဲ သက်ဆိုင်ရာသိုင်းပညာ၀ိညာဥ်တွေကို စတင်ပြီထုတ်သုံးရင်းနဲ့ တိုက်ခိုက်ပါပြီ။ ရှုစန်းရှီက ဟယ့်ချိုက်ထို့ဆီကို ဦးတည်နေခဲ့ပြီ ကျန်းနန်နန်ကတော့ သူ့နောက်မှာရှိနေခဲ့ပါတယ်။ ရွှမ်၀ူဒိုင်းကာကသူတို့ကို ကာကွယ်ပေးထားခဲ့ရင်း ၀ိညာဥ်လက်နက်တွေရှာဖွေနိုင်တဲ့ဘယ်ဟာကွက်မှမရှိအောင် တားဆီးလို့ထားခဲ့ပါတယ်။

ဒီတိုက်ပွဲက အရမ်းကို အလျင်လိုနေခဲ့ပေမဲ့ ပေ့ပေ့တို့ရဲ့ အတွေ့အကြုံနဲ့ တိုက်ပွဲနဲ့ပတ်သက်တဲ့အသိပညာတွေကြောင့် ခပ်မြန်မြန်ပဲ အစွမ်းအစတွေက ထွက်ပေါ်လာခဲ့ပါပြီ။ ဘယ်သူမဆိုသူတို့အတွက် အသင့်တော်ဆုံးပစ်မှတ်အဖြစ်ကို ပြောင်းလဲနိုင်ပါတယ်။

ဟို့ယွိဟောင်ကတော့ စိတ်ထဲမှာရယ်သာရယ်နေခဲ့ပါတယ်။ သူ့ရဲ့ဆရာတူအစ်ကိုကြီးနဲ့ ဒီလိုထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရတာက သူ့အတွက် အနည်းငယ်တော့ မျက်နှာပူစရာကောင်းနေခဲ့တယ်။ သူ့ရဲ့၀ိညာဥ်စွမ်းအားကလဲ ငါးဆယ်ရာခိုင်နှုန်းအထိသာ ပြန်ပြီရရှိသေးတာပါ။ စိတ်၀ိညာဥ်စွမ်းအားကလဲ သုံးဆယ်ကနေ လေးဆယ်ရာခိုင်နှုန်းအထိသာ ရောက်ပါသေးတယ်။ ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကတော့ လက်ရှိအချိန်မှာ အစပျိုးကောင်းမှုလေးတောင် မဖြစ်ပေါ်သေးပါဘူး။ ဒါ့အပြင် သူက ပေ့ပေ့နဲ့ ခိုင်မာတဲ့သံယောဇဥ်ကနေ ရှိနေပါသေးတယ်။

ပေ့ပေ့က သူ့အတွက်အမြဲတမ်းဆရာတစ်ယောက်ဖြစ်ခဲ့ရရုံတင်မက အစ်ကိုကြီးတစ်ယောက်လဲ ဖြစ်နေခဲ့ပါတယ်။ ပေ့ပေ့ရဲ့စောင့်ရှောက်မှုနဲ့ အကူအညီသာမရှိဘူးဆိုရင် အမျက်ဒေါသကျောင်းတော်ကို ရောက်လာတဲ့အချိန်မှာမားမားမတ်မတ်တောင် ရပ်တည်နိုင်မှာမဟုတ်ဘူးလို့ ပြောရမှာပါ ဒါ့အပြင် ဒီလိုမျိုးမိတ်ဆွေတွေနဲ့ တိုက်ခိုက်ရတဲ့ပတိုက်ပွဲကြောင့် သူ့ရဲ့စိတ်ကအခုလက်ရှိအချိန်မှာ အနည်းငယ်အရေးနှိမ့်လို့သွားခဲ့ရပါတယ်။

ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းမှုကို စတင်အသုံးပြုရင်း ပေ့ပေ့ဆီကို မြန်နိုင်သလောက်မြန်အောင် လုပ်ပါတော့တယ်။ သူက ဟယ့်ချိုက်ထို့နဲ့ ချိတ်ဆက်လိုက်ရင်း သရဲအရိပ်ခြေရာကိုအသုံးပြုပြီး ပေ့ပေ့နဲ့ ခပ်ခွာခွာနေဖို့ကြိုးစားခဲ့ပါတယ်။ ပေ့ပေ့ရဲ့တိုက်ပွဲအတွေ့အကြုံတွေက အတော်ကိုကြွယ်၀တဲ့အပြင် ထန်မျိုးနွယ်ရဲ့ အကြီးဆုံးဆရာတူအစ်ကိုကြီးဖြစ်နေခဲ့တာပါ။ ဒါကြောင့် ထန်မျိုးနွယ်ရဲ့ နည်းလမ်းခြောက်ခုလုံးနဲ့လဲ အတော်ကိုရင်းနှီးပါတယ်။

သရဲအရိပ်ခြေရာက ခန့်မှန်းလို့မရနိုင်သလို အမျိုးမျိုးလဲပြောင်းလဲနိုင်တဲ့ ခြေလှမ်းတွေပါပဲ။ သူ့မှာအသာစီးရနိုင်တဲ့ ဘယ်လိုစည်းချက်မျိုးမှရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ပေ့ပေ့က ဒီနည်းလမ်းနဲ့အရမ်းကိုရင်းနှီးနေတဲ့အပြင် သူ့ရဲ့အရှိန်နှုန်းကိုလဲ တိတိကျကျခန့်မှန်းနိုင်ပါတယ်။

မိုးခြိမ်းသံကြီးက ဖြစ်ပေါ်လို့လာခဲ့ပြီတဲ့နောက် ကြီးမားတဲ့နဂါးလက်သည်းကြီးတွေက ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ဆီကို တိုက်ရိုက်ရောက်ရှိလို့လာပါတော့တယ်။ ဒီလျှပ်စီးတန်းတွေက သူခန္ဓာကိုယ်ကိုမထိသေးခင်အချိန်မှာပဲ သူ့တစ်ကိုယ်လုံးနာကျင်ထုံထိုင်သွားတာကို ဟို့ယွိဟောင်ခံစားလိုက်ရပါပြီ။ ပေ့ပေ့ရဲ့ကျင့်ကြံဆင့်က အများကြီးတိုးတက်လာတယ်ဆိုတာကို ဒီအချက်နဲ့တင် သိသာနေခဲ့ပါတယ်။ နဂါးလက်သည်းက ထိန်းချုပ်နိုင်ပြီအရင်ကထက်ပိုပြီး ကြီးမားလို့လာခဲ့ပါတော့တယ်။

အပိုင်း ၁၅၀•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset