Switch Mode

Chapter – 150.1

နှစ်တစ်သောင်းဝိညာဉ်စွမ်းရည်ချည့်နဲ့စေခြင်း

အပိုင်း ၁၅၀•၁

” နှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်ချည့်နဲ့စေခြင်း ”
°°°
ဟို့ယွိဟောင်က ဒီကြံ့ရဲ့အင်အားအပြည့်နဲ့ တိုက်ခိုက်မှုကို သူထိပ်တိုက်မရင်ဆိုင်မှန်း သိနေတာကြောင့် ခုန်ရှောင်ဖို့အတွက် ပြင်ဆင်နေခဲ့ပါတယ်။ ကြံ့ရဲ့ခေါင်းက အင်အားအကြီးဆုံးဖြစ်နေခဲ့သလို သေစေနိုင်တဲ့အရာတစ်ခုလဲ ဖြစ်နေဆဲပါ။ အခုလက်ရှိအချိန်မှာတော့ ပြေးလာနေတဲ့ခန္ဓာကိုယ်က တုန်ခါလို့သွားခဲ့ပြီ သူ့ရဲ့အရှေ့ခွာကနေ အရှေ့တိုက်ပွဲတုန်းက ဖြစ်ပေါ်ထားခဲ့တဲ့ အပေါက်ထဲကို ကျွံကျလို့သွားပါတော့တယ်။

ကြံ့ရဲ့ခန္ဓာကိုယ်က လေးမီတာကျော်ရှည်လျားတာပါ။ သူ့ရဲ့ခန္ဓာကိုယ်ကြီးက အတော်ကို တုတ်ခိုင်ပြီကီလိုသုံးထောင်ကျော်လေးလံတဲ့အထိ ကြီးမားပါတယ်။ အရှေ့ခြေက ရုတ်တရက်ခေါက်သွားခဲ့တဲ့အတွက် ခန္ဓာကိုယ်ကြီးက အရှိန်ပြင်းပြင်းနဲ့ ဒလိမ့်ခေါက်ခွေးကြပါတော့တယ်။ သူ့ရဲ့ချိုကဟို့ယွိဟောင်ကိုမထိပဲ လွဲချော်လို့သွားခဲ့ပါပြီ။ ဒါကြောင့် အထိနာစေမဲ့နေရာကို ရန်သူရှေ့မှာခေါင်းထိုးပေးလိုက်သလိုဖြစ်သွားပါတော့တယ်။

ဟို့ယွိဟောင်က ရန်သူရဲ့ဒီအမှားကို အခွင့်ကောင်းမယူနိုင်ဘူးဆိုရင် အမျက်ဒေါသရဲ့မိစ္ဆာခုနှစ်ဖော်ထဲမှာတောင် ရှိနေမှာမဟုတ်ပါဘူး။ သူရဲ့အကြောက်တရားလက်သည်းတွေက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီ ကြံ့ရဲ့မျက်လုံးနှစ်ခုကြားထဲကို ဖောက်ထွက်လို့သွားခဲ့ပါတော့တယ်။

သူ့ခန္ဓာကိုယ်က ရုတ်တရက်လွဲချော်သွားခဲ့တဲ့အတွက် တအံ့တဩဖြစ်နေဆဲဖြစ်တဲ့ ချိုတစ်ချောင်းကြံ့ကလဲ လက်ရှိအချိန်မှာ မျက်ခွံထူထူတွေကို ပိတ်ပြီသူ့မျက်လုံးကိုတောင် ပိတ်ဖို့မေ့သွားပါတော့တယ်။ လူတစ်ယောက်ရဲ့မျက်လုံးဆိုတာ ဘယ်လောက်တောင်နူးညံ့ပြီအားနည်းတဲ့အစိတ်အပိုင်းလဲ တွေးကြည့်ရုံနဲ့သိနိုင်ပါတယ်။ ဒါ့အပြင် အကြောက်တရားလက်သည်းတွေက သူ့မျက်လုံးထဲကို တည့်တည့်စိုက်၀င်သွားခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ဓားသွားတွေက ကြံ့ရဲ့ခေါင်းကိုဖောက်၀င်လို့သွားခဲ့ပြီတဲ့နောက် နာနာကျင်ကျင်အော်ဟစ်သံကြီးက ထွက်ပေါ်လို့လာပါတော့တယ်။

ရွှေအိုရောင်အလင်းတန်းတွေက လက်ရှိအချိန်မှာ ရေခဲဖြူရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ညာဘက်လက်မောင်းကတော့ စိန်ပွင့်တွေစီချယ်ထားတဲ့လက်အိတ်လိုမျိုး ပုံသဏ္ဍာန်နဲ့ တောက်ပနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ အော်ဟစ်နေတဲ့သေလုမြောပါးကြံ့အသံက ပျောက်ကွယ်လို့သွားခဲ့ပြီ သူ့ရဲ့ခေါင်းတစ်ခုလုံးအခဲလိုက်ရပါပြီ။ ခန္ဓာကိုယ်ကြီးကတော့ ကြီးမားလွန်တဲ့အတွက် ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲစွမ်းအားတွေတောင် အချိန်တိုအတွင်းမှာ အေးခဲလို့မရနိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့တိုက်ခိုက်မှုက အတော်ကိုချောမွေ့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က လေထဲမှာနောက်တစ်ကြိမ်ခုန်ပျံလို့သွားခဲ့ပြီတဲ့နောက် တစ်ဖက်လှည့်လိုက်ရင်း ကြံ့ရဲ့နောက်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဆီကို ပြေး၀င်ကာအေးခဲဖို့လုပ်ပါတော့တယ်။

လက်ရှိအချိန်မှာ တခြားကြံ့တွေအားလုံးကလဲ ဟန်ချက်မထိန်းနိုင်အောင် ယိုင်လဲလုနီးပါးဖြစ်ကုန်ကြပြီ ဟို့ယွိဟောင်တောင် သူတို့ရဲ့ဒီလိုတကွဲတပြားဖြစ်သွားမှုကြောင့် မယုံနိုင်စရာကောင်းတယ်လို့ ခံစားမိခဲ့ပါတယ်။ ကြံ့တစ်ကောင်ခြေထောက်ခေါက်ပြီလဲသွားတာက ရွှေကျားရဲ့အလောင်းပေါ်ကို တည့်တည့်ကျသွားခဲ့ပါတယ်။

ရေခဲပေါက်ကွဲမှုနည်းလမ်းကြောင့် အလောင်းကချက်ချင်းဆိုသလိုပေါက်ကွဲပြီ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကလဲ လေထဲကိုလွှင့်ထွက်လို့လာပါတော့တယ်။

အဲ့ဒီလိုပြင်းထန်လွန်လှတဲ့ရေခဲပေါက်ကွဲမှုနည်းလမ်းကြောင့် ဟယ့်ချိုက်ထို့တောင်မှ အလောင်ပေါက်ကွဲမှုဖြစ်ခဲ့တဲ့အချိန်ကို ပြန်ပြီတွေးမိသွားခဲ့ပါတယ်။ ကြီးမားတဲ့ကြံ့ရဲ့ ခန္ဓာကိုယ်ကြီးက စိတ်အခြေအနေပေါ်မှာဖြစ်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ချိုတွေတောင်မှ လွှင့်ထွက်လို့သွားခဲ့ရတယ်။ လက်ရှိအချိန်မှာတော့ အဲ့ဒီလွှင့်ထွက်သွားတဲ့ချိုက အဝေးပြစ်တိုက်ခိုက်မှုကိုသုံးနိုင်တဲ့ သားရဲကောင်တစ်ကောင်ထဲကို စိုက်၀င်လို့သွားခဲ့ပါပြီ။

ချိုတစ်ချောင်းကြံ့လေးကောင်က ဟို့ယွိဟောင်ကို အဓိကဦးတည်တိုက်ခိုက်ဖို့လုပ်နေခဲ့တာပါ။ ဒါကြောင့် သူတို့တွေက ဟယ့်ချိုက်ထို့ကိုတစ်ချက်လေးတောင်မကြည့်ခဲ့ပါဘူး။ ဟယ့်ချိုက်ထို့က လက်ရှိအချိန်မှာ အစွမ်းကုန်တိုက်ခိုက်နေခဲ့ပါတယ်။

” အစ်ကိုကြီးအဲ့ဒီအဝေးပြစ်သားရဲကောင်တွေရဲ့မျက်လုံးကို အဓိကတိုက်ခိုက် တစ်ခါထဲအစုလိုက်အပြုံလိုက်ပြစ်ပြီ ၀ိညာဥ်စွမ်းအားတွေကို ထိန်းသိမ်းထား ”

နောက်ထပ်ကြံ့တစ်ကောင်ရဲ့မျက်လုံးကို အကြောက်တရားလက်သည်းနဲ့ ထိုးဖောက်နေရင်း လှမ်းအော်လိုက်ပါတယ်။ မယုံနိုင်စရာကောင်းလောက်အောင် ထူးခြားတဲ့အရာကတော့ အဲ့ဒီကြံ့ကလဲ ဒီတစ်ကြိမ်မှာမျက်လုံးကိုမပိတ်နိုင်ခဲ့ပါဘူး။

အဝေးပြစ်တိုက်ခိုက်မှုကိုသုံးနေတဲ့ ၀ိညာဥ်သားရဲကောင်တွေကလဲ ပုံမှန်အခြေအနေမှာရှိမနေတာအသေအချာပါပဲ။ သူတို့ရဲ့လှုပ်ရှားနိုင်စွမ်းက လျော့ကြလို့သွားခဲ့ပြီ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ကို ဘယ်လောက်ပဲတိုက်ခိုက်နေပါစေ တစ်ချက်လေးမှမထိပဲရှိနေခဲ့ပါတယ်။ ပစ်မှတ်ကိုချိန်ရွယ်သမျှအစွမ်းအစတွေကလဲ ပျောက်ကွယ်လို့သွားခဲ့ပြီ ကံကြမ္မာက သူတို့ဖက်မှာမရှိတော့အတိုင်း ဖြစ်သွားခဲ့တယ်။

၀ိညာဥ်သားရဲကောင်တွေကို ချိန်ရွယ်ပြီတိုက်ခိုက်တာက ဟယ့်ချိုက်ထို့အတွက် မခက်ခဲခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီသားရဲကောင်တွေရဲ့ အာရုံခံနိုင်စွမ်းက အရမ်းကိုထက်မြက်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ရာလွဲမှားနေတာကိုသိတာနဲ့ သူတို့က မြန်မြန်သွက်သွက်ခုန်ရှောင်သွားမှာပါ။ ၀ိညာဥ်လက်နက်တွေက ပစ်မှတ်ကိုချိန်သားတကျလိုက်ပြီတိုက်ခိုက်နိုင်ပေမဲ့ တစ်ခေါက်မှာခန္ဓာကိုယ်တစ်ခုကိုသာ တိုက်ခိုက်နိုင်ပါတယ်။ ဒါ့အပြင် သေးငယ်တဲ့နေရာတစ်ခုကို အတိအကျထိမှန်းဖို့ကမလွယ်ကူပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ပြောတဲ့အတိုင်းကြိုးစားတိုက်ခိုက်ကြည့်ပါတယ်။ ဒီလိုမယုံနိုင်စရာကောင်းလောက်အောင် အံ့ဖွယ်ရာအဖြစ်အပျက်တွေက ဆက်တိုက်ဖြစ်ပေါ်လာနေတဲ့အတွက် ဟို့ယွိဟောင်အပေါ်မှာထားရှိတဲ့ ဟယ့်ချိုက်ထို့ရဲ့ယုံကြည့်ချက်ကလဲ ပိုလို့တိုးမြင့်လို့လာခဲ့ပါပြီ။

စစ်မြေပြင်က လက်ရှိအချိန်မှာ အရမ်းကိုဆူပူအုံကြွလို့နေခဲ့ပါတယ်။ ချိုတစ်ချောင်းကြံ့လေးကောင်ထဲမှာ နှစ်ကောင်ကို ဟို့ယွိဟောင်က သုတ်သင်ရှင်းလင်းပြစ်လိုက်ပါပြီ။ တစ်ကောင်ကတော့ ရေခဲပေါက်ကွဲမှုနဲ့ သေဆုံးလို့သွားခဲ့ပြီ ကျန်တဲ့တစ်ကောင်ကတော့ လက်ရှိအချိန်မှာ သူခြေထောက်ကိုမထိန်းနိုင်ပဲနဲ့ ရုန်းကန်လို့နေခဲ့ရပါတယ်။

ဟို့ယွိဟောင် တိုက်ခိုက်နေချိန်မှာ ဟယ့်ချိုက်ထို့ကတော့ အဝေးပြစ်တိုက်ခိုက်မှုသားရဲကောင်နှစ်ကောင်ကို ရှင်းထုတ်ပြစ်နိုင်ခဲ့ပါတယ်။ တစ်ကောင်ကိုတော့ ကြံ့ရဲ့ချိုပါအပြတ်ရှင်းလိုက်တယ်။ သူရင်ဆိုင်ဖို့အတွက် သားရဲကောင်ငါးကောင်သာကျန်ပါတော့တယ်။ ဒါပေမယ့် သူတို့ဒီလိုမျိုးရုန်းကန်နေရချိန်မှာ အရိုးခေါင်းပုံသဏ္ဍာန်ပုံရိပ်ယောင်ကြီးကလဲ လက်ရှိအချိန် ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါပြီ။

ကံကြမ္မာမျက်လုံးက သူတို့ကိုကံကြမ္မာအလင်းတန်းရဲ့အကဲဖြတ်ခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ တတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ ချည့်နဲ့စေမှုက လက်ရှိအချိန်မှာဖြစ်နေတဲ့ကိစ္စတွေအားလုံးရဲ့ အရင်းအမြစ်ပါပဲ။

ကံကြမ္မာရဲ့အကဲဖြတ်မှုဘာကိုဆိုလိုချင်လဲဆိုတာ ​ပထမဆုံးနားလည်သွားခဲ့ပါပြီ။ သူ့ရဲ့နောက်ကျောဖက်မှာရွှေရောင်အရိပ်ကြီးတစ်ခုက ပေါ်လာပါတယ်။ ဒါ့အပြင်လှည့်ပတ်နေတဲ့ ၀င်ရိုးဘိန်းတွေကလဲ အဲ့ဒီရွှေရောင်အလင်းတန်းနဲ့အတူ ထွက်ပေါ်လာခဲ့တယ်။ ကံကြမ္မာရဲ့အလင်းတန်းက သူ့ရဲ့အမိန့်အာဏာအောက်ကို သက်ရောက်လို့သွားခဲ့တာပါ။ ဒါကြောင့် သူနဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့၀ိညာဥ်သားရဲကောင်တွေကို ကံကြမ္မာရဲ့အကဲဖြတ်မှုကနေ စွန့်ပြစ်လိုက်ပါတော့တယ်။

သူတို့ရဲ့ခန္ဓာကိုယ်ကို အားနည်းမှုနတ်ဘုရားက သိမ်းပိုက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ဟို့ယွိဟောင်က သူတို့အတွက် ကံဆိုးမှုကို ဖန်တီးရှင်ဖြစ်လာတာနှမြောစရာပါပဲ။ ကံဆိုးမှုကိုဖန်တီးပေမဲ့ သူ့ရဲ့ကိုယ်ပိုင်ကံတရားကိုတော့ မပြောင်းလဲနိုင်ပါဘူး။ အကယ်၍ သူ့ရဲ့ကံတရားကိုသာပြောင်းလဲနိုင်ခဲ့မယ်ဆိုရင်ဒီအခြေအနေတွေက ပိုပြီးကြောက်စရာကောင်းလာမှာပါ။

ဒါ့အပြင် ချည့်နဲ့စေမှုကဘာပါလိမ့် ဒါကနယ်မြေကိုထိန်းချုပ်နိုင်တဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုပါ။ အစုလိုက်အပြုံလိုက် အားနည်းစေမှုလို့ ခေါ်နိုင်ပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်လှိုင်းတွေနဲ့ တိုက်ခိုက်ခံရတဲ့ဘယ်သူမဆို သူတို့အဓိကဗဟိုအာရုံကြောဆယ်နှစ်ချီတစ်ခုလုံးက ထိခိုက်ခံရမှာပါ။ ဒါ့အပြင် တိုက်ခိုက်ခံရသူရဲ့၀ိညာဥ်စွမ်းအားကို ပျောက်ကွယ်သွားစေခဲ့မှာမဟုတ်ပဲ မူးဝေမှုနဲ့ ခြေလက်အားနည်းမှုကို ကြုံတွေ့ရမှာဖြစ်ပြီ အာရုံစူးစိုက်မှုကလဲ ပျောက်ကွယ်သွားပါလိမ့်မယ်။

သူ့ရဲ့ကျိုးပဲ့စေနိုင်လောက်တဲ့အစွမ်းအစတွေက မကြီးမားပေမဲ့ ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်မှုမှာအကောင်းဆုံးရလဒ်တွေရှိနေခဲ့ပါတယ်။ ဒါကတော့ အချိန်အကြာကြီးတိုက်ခိုက်နိုင်တာပါပဲ။ လက်ရှိအချိန်မှာနှစ်ပေါင်းခြောက်ထောင်စွမ်းအားကိုသာ စုပ်ယူရသေးပေမဲ့ တစ်မိနစ်တိတိဒီတိုက်ခိုက်မှုကို သူပြုလုပ်နိုင်ပါတယ်။

အစုလိုက်အပြုံလိုက်အားနည်းစေမှုက ၀ိညာဥ်သားရဲကောင်ဆယ်နှစ်ကောင်ကို လွှမ်းခြုံပြီတဲ့နောက် သူတို့ကိုကံကြမ္မာကလဲ စွန့်ပြစ်လိုက်ပါသေးတယ်။ သူတို့ရဲ့အခြေအနေကဘယ်လောက်အထိ ဆိုး၀ါးနေမလဲဆိုတာကို တွေးကြည့်ရုံနဲ့တင်ရနေခဲ့ပါပြီ။ ဟို့ယွိဟောင်က ဒီအခြေအနေကို အသုံးပြုရင်း ချိုတစ်ချောင်းကြံ့သုံးကောင်ကို အနိုင်ယူကာဒီအခြေအနေကြီးကို ပြောင်းပြန်လှန်ပြစ်လိုက်တာပါ။

တောက်ပတဲ့အပ်ချောင်းသုံးချောင်းက ထွက်ပေါ်လို့လာပြီ အဝေးပြစ်တိုက်ခိုက်မှုကိုအသုံးပြုတဲ့၀ိညာဥ်သားရဲကောင်သုံးကောင်ရဲ့ခေါင်းထဲကိုဖောက်ထွက်လို့သွားပါတော့တယ်။ ဒီသားရဲကောင်တွေအားလုံးက မျက်လုံးတည့်တည့်ကိုတိုက်ခိုက်ခံလိုက်ရတဲ့အတွက် ဦးနှောက်တွေကအရည်ပျော်သွားခဲ့ပါပြီ။

ဟယ့်ချိုက်ထို့ရဲ့ အပေါ်မှာတော့ ရှည်လျားပြီသေးသွယ်တဲ့ ၀ိညာဥ်လက်နက်တစ်ခုရှိနေခဲ့ပါတယ်။ ဒီလက်နက်ရဲ့ထိပ်ဆုံးအပိုင်းက ပြောင်းဖူးတစ်ခုလိုမျိုး ချွန်ထက်နေခဲ့ပြီ သေးငယ်တဲ့အလင်းတန်းတွေကို ပြစ်လွှတ်လို့နေခဲ့တယ်။

သူ့ရဲ့ဆက်တိုက်မှုသုံးခုက အပ်ချောင်းတွေနဲ့ထိုးစိုက်သလိုပါပဲ။ ဒါ့အပြင် သူနဲ့ သူ့ပစ်မှတ်ကြားမှာရှိတဲ့အကွာအဝေးက မီတာတစ်ရာတောင်မဝေးခဲ့ပါဘူး။ ၀ိညာဥ်သားရဲကောင်တွေက မနားတမ်းဆက်တိုက်ခုန်ရှောင်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီသားရဲကောင်တွေရဲ့မျက်လုံးကိုထိအောင်ပစ်နိုင်ဖို့ ဟို့ယွိဟောင်ရဲ့စိတ််၀ိညာဥ်ထောက်လှမ်းမှုက သူကိုမကူညီပေးနိုင်ပါဘူး။

ဒီတိုက်ခိုက်မှုသုံးခုကို ပြစ်လွှတ်လိုက်ချိန်မှာ မမြင်ရတဲ့အင်အားတစ်ခုက သူ့ကိုအားဖြည့်ပေးနေသလို ဟယ့်ချိုက်ထို့က ခံစားမိပါတယ်။ အဲ့ဒီခံစားမှုက ထိပ်ဆုံးကိုရောက်သွားချိန်မှာတော့ သူချိန်ရွယ်ပြီပြစ်လိုက်ရုံပါပဲ။

သားရဲကောင်ရှစ်ကောင်က လက်ရှိအချိန်မှာ နှစ်ခြမ်းလုံး၀ကိုကွဲသွားခဲ့ပါတယ်။ နောက်ဆုံးကျန်တဲ့ချိုတစ်ချောင်းကြံ့ကတော့ ဟို့ယွိဟောင်အရှေ့ကိုရောက်နေခဲ့ပါပြီ။ ဒီကြံ့ရဲ့ကြောက်စရာကောင်းတဲ့ခုခံမှုနဲ့ တိုက်ခိုက်မှုက ဟို့ယွိဟောင်ရဲ့ရှေ့မှာတောင် အသုံးမ၀င်ခဲ့ပါဘူး။

သရဲအရိပ်ခြေရာကိုအသုံးပြုနေတဲ့ ဟို့ယွိဟောင်က ကြံ့ရဲ့ဘေးဘက်ကိုအသာလေးဖြတ်သွားခဲ့ပါတယ်။ ဒီကြံ့က ဟို့ယွိဟောင်ကို သေချာချိန်ရွယ်လို့ထားခဲ့ပေမဲ့ သူ့ခန္ဓာကိုယ်ကြီးက ရုတ်တရက်မှိန်ဖျော့မလည့်ပတ်နိုင်ခဲ့ပါဘူး။ ဒီအခွင့်အရေးကို ဟို့ယွိဟောင်ကအသုံးချပြီ လက်သည်းတွေကိုအသုံးပြုကာအားနည်းနေတဲ့ ဗိုက်အောက်ဖက်ပိုင်းကို အကြောက်တရားလက်သည်းနဲ့ ခုတ်ချပြစ်လိုက်ပါတယ်။

အကြောက်တရားလက်သည်းရဲ့ ညာဘက်လက်ဖ၀ါးအရိုးက အင်အားအကြီးဆုံးဖြစ်တာကြောင့် ခုခံအားဘယ်လောက်ပဲကောင်းတဲ့ကြံ့ဖြစ်ပါစေ သေချာပေါက် နာကျင်မှုကိုခံစားရပါတယ်။ အပြည့်အ၀ထိုးစိုက်တာမလုပ်နိုင်ပဲ တစ်၀က်တိတိဖြတ်သန်းသွားနိုင်ခဲ့တယ်။

ဒါပေမယ့် ဒီတစ်၀က်နီးပါးအခြေအနေက ဟို့ယွိဟောင်အတွက် လုံလောက်နေခဲ့ပါပြီ။ ချက်ချင်းဆိုသလို မြေပြင်ကနေပြန်ခုန်ထလိုက်ရင်း ကြံ့ရဲ့တစ်ဖက်ဆီကိုသူပြေးသွားခဲ့ပါတယ်။ သူ့ရဲ့လက်သည်းတွေကတော့ နောက်တစ်ကြိမ်ရေခဲဧကရီရဲ့ ဆူးချွန်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြန်ပါတယ်။ ရေခဲဧကရီရဲ့ ဆူးချွန်တွေက အကြောက်တရားလက်သည်းတွေရဲ့အဆုံးစွန်းရေခဲရဲ့စွမ်းအားပေးစေနိုင်ပြီ ဟို့ယွိဟောင်ရဲ့အင်အားကိုလဲ အဆက်မပြတ်တိုးမြင့်စေနိုင်ပါတယ်။

အကြောက်တရားလက်သည်းတွေက မကြာခင်အချိန်မှာပဲ ကြံ့ရဲ့ခန္ဓာကိုယ်ထဲကို အပြည့်အ၀နစ်မြုပ်လို့သွားပါတော့တယ်။ အဆုံးစွန်းရေခဲရဲ့ စွမ်းအားတွေက အရှိန်အဟုန်ပြင်းပြင်းနဲ့ ကြံ့ရဲ့ခန္ဓာကိုယ်ကို ၀င်ရောက်နေခဲ့ပါပြီ။

ဒါပေမယ့် ကြံ့တွေဆီကနေ အတားအဆီးတစ်ခုရှိနေတာကို ဟို့ယွိဟောင်ခံစားမိပါတယ်။ ဒီကြံ့က သူ့ရဲ့၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး ဟို့ယွိဟောင်ကို ပြန်ခုခံနေပုံပါပဲ။

အချိန်ကသူ့ဖက်မှာရှိမနေခဲ့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ ၀ိညာဥ်စွမ်းအားကိုနောက်ထပ်ထိန်းချုပ်ထားလို့မရနိုင်တော့ပဲ ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကလဲ တိုက်ပွဲဆက်တိုက်တိုက်ခိုက်နေတာကြောင့် အတော်ကိုကုန်ဆုံးနေခဲ့ပါပြီ။ ဒီအချိန်မှာ စိတ်၀ိညာဥ်ထိတ်လန့်မှုကို တစ်ချက်တောင်ထပ်မသုံးနိုင်တော့ပါဘူး။

မြစိမ်းရောင်တောက်ပနေတဲ့အလင်းတန်းတွေက ဟို့ယွိဟောင်ခန္ဓာကိုယ်အပြင်ဘက်ဆီပေါက်ကွဲထွက်လာပါတော့တယ်။ ရေခဲကျောက်စိမ်းဧကရီရဲ့အရိပ်ကြီးက သူ့ကျောဖက်မှာဆက်တိုက်ပေါ်လာခဲ့ပြီ အစိမ်းရောင်အလင်းတန်းတွေက ချက်ချင်းဆိုသလို ကြံ့ရဲ့ခန္ဓာကိုယ်ကို အေးခဲလို့သွားစေခဲ့ပါတယ်။

ဟို့ယွိဟောင်က သူ့ရဲ့အကြောက်တရားလက်သည်းကိုအစကထဲကသုံးထားပြီဖြစ်သလို အဲ့ဒီနေရာကိုဗဟိုပြုရင်း ရေခဲတွေကိုထိုးသွင်းလိုက်တာဖြစ်တဲ့အတွက် မကြာခင်မှာပဲ ကြံ့တစ်ကိုယ်လုံးက ရေခဲရုပ်ထုကြီးဖြစ်သွားပါတော့တယ်။

နောက်ဆုံးမှာတော့ ဟို့ယွိဟောင်လဲ သူ့လက်ကိုသူပြန်ဆွဲထုတ်လိုက်ပြီ ကြံ့ရဲ့ကျောပေါ်ကိုခုန်တက်လိုက်ပါပြီ။ အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်နေရင်း မောဟိုက်မှုနဲ့အတူ လဲမကျသွားအောင်လို့ ကိုယ့်ကိုကိုယ်လက်ထောက်ရင်းအားပြုနေခဲ့ရပါတယ်။ သူ့ရဲ့မျက်နှာတစ်ခုလုံးကတော့ သရဲတစ်ကောင်လိုပဲဖြူဖျော့လို့နေခဲ့ပါပြီ။

ရေခဲရုပ်ထုနယ်မြေကို ဟောင်သုန့်စွမ်းအားအကူအညီမပါနဲ့ အသုံးပြုတာက သူ့အတွက်များလွန်လှပါတယ်။ တစ်ကိုယ်လုံးအင်အားတွေကို ကုန်မတတ်ဖြစ်သွားခဲ့ပြီ ၀ိညာဥ်စွမ်းအားကလဲ အများကြီးလျော့ကျလို့သွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုက သားရဲကောင်ရဲ့နှလုံးသားကို ရပ်တန့်နိုင်ပေမဲ့ သူကိုထိခိုက်မှုကလဲ မနည်းခဲ့ပါဘူး။

အပိုင်း ၁၅၀•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset