အပိုင်း ၁၄၉•၂
” ကံကြမ္မာအလင်းတန်းရဲ့အဆုံးအဖြတ် ”
°°°
ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးက လက်ရှိအချိန်အဖက်ဖက်ကနေ တိုက်ခိုက်ခံနေခဲ့ရတာပါ။ ဟယ့်ချိုက်ထို့က ၀ိညာဥ်လက်နက်ခံတပ်ကြီးကို တည်ဆောက်ပြီးပါပြီ။ ဟို့ယွိဟောင်ကတော့ ငြိမ်ငြိမ်လေးရှိနေခဲ့ပါတယ်။ လက်ရှိအချိန် သူကိုက်ထားတဲ့ဆေးပြင်လိပ်ကြီးနှစ်လိပ်ကို ထွေးထုတ်လိုက်ပြီ နို့ပုလင်းကိုလဲ ပြန်သိမ်းလိုက်ပါပြီ။ ခါးပေါ်မှာလက်နှစ်ဖက်ကိုထောက်ထားရင်ရှိနေခဲ့ပြီ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးတွေက ဖြည်းဖြည်းချင်း ပိတ်သွားပါတော့တယ်။
ဟို့ယွိဟောင်ကို ဗဟိုပြုရင်းနဲ့ ထူးဆန်းတဲ့အင်အားတချို့က လှည့်ပတ်လို့လာခဲ့တယ်။
သားရဲကောင်တိုက်ခိုက်ရေးနယ်မြေရဲ့အလုပ်သမားတွေ ကျောင်းအုပ်တွေနဲ့ ဆရာဖန်းယွီတောင် ဟို့ယွိဟောင်ကနေလာနေတဲ့ စွမ်းအားအငွေ့အပြည့်ကို ခံစားမိပါတယ်။ ဒါပေမယ့် အဲ့ဒါက ဘာမှန်းမသိရပါဘူး။
ဟို့ယွိဟောင်က လက်ရှိအချိန်မှာ မတုန်မလှုပ်ပုံစံနဲ့သာရှိနေခဲ့ပါတော့တယ်။ ဒီလိုမျိုးပုံရိပ်ယောင်ဖြစ်ပေါ်လာချိန်မှာတော့ သူကိုယ်တိုင်တောင် အနည်းငယ်ထိတ်လန့်နေခဲ့ရပါပြီ။ ဒီခံစားချက်က ဖော်ပြလို့မရနိုင်သလို ဒီနယ်မြေကြီးတစ်ခုလုံးကို မမြင်ရတဲ့အင်အားတစ်ခုက ခြယ်လှယ်နေပြီပြောင်းလဲသွားတဲ့အတိုင်း အာရုံရနေခဲ့ပါတယ်။ သူက သူကိုယ်တိုင်တောင်မဟုတ်တော့သလိုပါပဲ။
ဒီအချိန်မှာပဲ ဟို့ယွိဟောင်ရဲ့နဖူးကနေ ထူးဆန်းတဲ့ရွှေရောင်အလင်းတန်းတစ်ခုက စတင်ပြီပေါ်ထွက်လာတော့တယ်။ မနက်ခင်းရဲ့ပထမဆုံးမိုးသောက်နေရောင်ကြီးလိုမျိုးတောက်ပနေတဲ့အလင်းတန်းကိုမြင်ရချိန်မှာအားလုံးက မျက်မှောင်ကြုတ်လိုက်ပါပြီ။ ဒီအလင်းတန်းက မစူးရှပေမဲ့ အချိန်တွေအားလုံးရပ်တန့်သွားသလိုမျိုး အားလုံးအတွက် ထိခိုက်မှုကိုစတင်ခံစားရပါတော့တယ်။
ဒီရွှေရောင်အလင်းတန်းက ကံကြမ္မာရဲ့စွမ်းအားတွေနဲ့ ပြည့်နှက်နေတဲ့အလင်းတန်းပါပဲ။ ထူးဆန်းတဲ့အလင်းတန်းက မိုးကောင်းကင်နဲ့မြေပြင်ရဲ့ခမ်းနားမှုတွေကို ထုတ်ဖော်ပြသနေခဲ့တာပါ။ အရှေ့မှာရှိနေတဲ့ လေဟာနယ်တောင် တစ်၀ှီး၀ှီးမြည်နေခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့နှုတ်ခမ်းတွေက အနည်းငယ်လှုပ်ရှားလို့သွားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့တစ်ယောက်ထဲကသာ သူပြောတဲ့စကားကိုကြားနိုင်ခဲ့တယ်။
” ကံကြမ္မာရဲ့အကဲဖြတ်မှု ”
အလင်းတန်းအလွှာကြီးက ထူးထူးဆန်းဆန်းပြန့်ထွက်လို့လာခဲ့ပြီ ဟို့ယွိဟောင်ကိုဗဟိုပြုရင်နဲ့ အပြင်ကိုဖြာထွက်လာခဲ့ပါတယ်။ ဒီအလင်းတန်းက မပြင်းထန်ပေမဲ့ ဘယ်သူမှနားမလည်နိုင်လောက်တဲ့ ခံစားချက်ကိုခံစားနေခဲ့ရတယ်။ ၀ိညာဥ်ပညာရှင်တိုင်းနဲ့ ၀ိညာဥ်သားရဲကောင်အတိုင်းက ဒီအလင်းတန်းကို မြင်ရချိန်မှာခံစားမှုက မတူညီပါဘူး။ အလင်းတန်းဖြတ်သန်းသွားတဲ့လေဟာနယ်တစ်လျှောက်မှာ ကံကြမ္မာတံခါးကလူတိုင်းအတွက်ပွင့်သွားတဲ့ပုံပေါ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ ဒီအင်အားက နေရာအများအပြားကို မရောက်ရှိခဲ့ပါဘူး။ ၀ိညာဥ်သားရဲကောင်ဆယ်နှစ်ကောင်ရှိနေတဲ့နေရာကိုသာ အဓိကလွှမ်းခြုံလို့ထားခဲ့ပါတယ်။
အကယ်၍ ဒီခံစားချက်ကသာ အဝေးကြီးအထိရောက်သွားခဲ့မယ်ဆိုရင် ရှန်လင်းအယ်နဲ့ ချင်းသောသောတို့ပါ ဒီအစွမ်းအစရဲ့သက်ရောက်မှုကို ခံစားကြရမှာပါ။ မကြာခင်မှာပဲ သူတို့မျက်စိရှေ့မှာ ပုံသဏ္ဍာန်အသွင်ပြောင်းလဲမှုတွေက စတင်ပေါ်လာခဲ့ပါတယ်။
ပထမဆုံးအသွင်ပြောင်းမှုကတော့ ဟို့ယွိဟောင်နဲ့ အနီးဆုံးမှာရှိနေခဲ့တဲ့ ဟယ့်ချိုက်ထို့ပါပဲ။ သူတစ်ကိုယ်လုံးက ရွှေရောင်တွေလွှမ်းခြုံလို့သွားခဲ့ပြီ ရွှေရောင်အလွှာပါးတွေက သူ့ရဲ့အနောက်ဖက်မှာ ထူးဆန်းတဲ့ပုံရိပ်တစ်ခုကို စတင်ပြီမီးမှောင်ထိုးပြပါတော့တယ်။ ဒီပုံရိပ်က ၀ိညာဥ်လက်နက်တွေမပါတဲ့ ဟယ့်ချိုက်ထို့ရဲ့ရုပ်သွင်ပါပဲ။ ပြီးပြည့်စုံတဲ့ နှစ်ကိုယ်ခွဲဖြစ်နေခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့ပုခုံးနှစ်ဖက်မှာရွှေရောင်အလင်းတန်းတွေက ဖြာထွက်လို့နေခဲ့ပြီ တည်ငြိမ်အေးဆေးတဲ့ခံစားချက်ကို ပေးစွမ်းခဲ့ပါတယ်။ ဒီအပြောင်းအလဲက ဟယ့်ချိုက်ထို့တစ်ယောက်ထဲမှာတင်ဖြစ်တာမဟုတ်ပါဘူး။ သားရဲကောင်ရှစ်ကောင်စလုံးကလဲ လွှမ်းခြုံခံရပါတယ်။ သူတို့ရဲ့ အပြောင်းအလဲက မတူညီခဲ့ပါ။
၀ိညာဥ်သားရဲကောင်တွေအားလုံးက မထိန်းချုပ်နိုင်လိုက်အောင်တုန်ရီလို့လာခဲ့ကြပါတယ်။ အဲ့ဒီနောက် ဖြူဖျော့ဖျော့အဖြူရောင်အလွှာတစ်ခုက သူတို့ရဲ့ ခေါင်းပေါ်မှာပေါ်ထွက်လို့လာခဲ့ပြီ ချက်ချင်းဆိုသလို ကွာကျလို့သွားခဲ့တယ်။ ဒီပုံသဏ္ဍာန်အသွင်ပြောင်းလဲမှုက ဟယ့်ချိုက်ထို့ရဲ့ပုံသဏ္ဍာန်လိုမျိုး အဆင်ပြေပြေရှိတဲ့ပုံသဏ္ဍာန်မပေါ်ပါဘူး။ အဲ့ဒီပုံရိပ်ယောင်ထဲမှာ ထုတ်ဖော်ပြသနေခဲ့တာကတော့ သားရဲကောင်တွေအာလုံးရဲ့ခေါင်းပေါ်မှာ ဦးခေါင်းခွံတွေက လွှင့်မျောနေခဲ့တာပါပဲ။ ပိုပြီးကြောက်စရာကောင်းလောက်တဲ့ ကိစ္စကတော့ အဲ့ဒီဦးခေါင်းခွံတွေရဲ့ မျက်လုံးတွေက သွေးနီရောင်အဖြစ် နီရဲနေခဲ့တာပါ။
” အဲ့ဒါကဘာကြီးလဲ အဲ့ဒါတတိယမျက်လုံးလား ”
” ခန္ဓာကိုယ်ရဲ့ဒုတိယနိုးထမှုကြီးလား ”
ရှန်လင်းအယ် ချင်းသောသောနဲ့ ဖန်းယွီသုံးယောက်စလုံး တစ်ပြိုင်နက်ထဲပြောလိုက်မိပါတယ်။ သူတို့တွေတခြားဖြစ်နိုင်ချေကို မတွေးမိပါဘူး။ ၀ိညာဥ်သားရဲကောင်တွေ ကြုံတွေ့နေရတဲ့အပြောင်းအလဲတွေကို စောင့်ကြည့်နေရင်း မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ကံကြမ္မာမျက်လုံးက တိတ်တဆိတ်ပြန်ပိတ်လို့သွားခဲ့ပါပြီ။ သူတို့ရဲ့ခန္ဓာကိုယ်တွေက အနည်းငယ်တုန်ရီလို့သွားခဲ့ပြီ ခေါင်းတွေလဲမူးဝေနေခဲ့ပါတယ်။ စိတ်ပိုင်ဆိုင်ရာမောပန်းမှုက ပြင်းထန်သလို သူတို့ရဲ့ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကလဲ မသက်မသာဖြစ်နေခဲ့ပါတယ်။ အစောပိုင်းတုန်းက လုပ်လိုက်တဲ့ကိစ္စကြောင့် လုံး၀ကိုခမ်းခြောက်လို့သွားခဲ့တာပါ။ ဒါပေမယ့် ကံကြမ္မာမျက်လုံးရဲ့ အင်အားအပြည့်အ၀ကိုသူထုတ်ဖော်နိုင်ခဲ့ပါတယ်။ ကံကြမ္မာမျက်လုံးကနေ ဘယ်လိုအကဲဖြတ်မှုပေးမလဲဆိုတာကို သူမြင်ချင်နေခဲ့တယ်။
ကံကြမ္မာမျက်လုံးပိတ်သွားပြီချိန်မှာပဲ စိတ်၀ိညာဥ်မျက်လုံးက ပြန်ပေါ်လာခဲ့ပါပြီ။ မိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်းက ကျန်ရှိနေဆဲဖြစ်ပေမဲ့ သူကတော့ အတော်ကိုပင်ပန်းနွမ်းနယ်လို့နေခဲ့ပါတယ်။
အရှေ့ကိုဆက်ပြီမတက်လာနိုင်တဲ့ ၀ိညာဥ်သားရဲကောင်တွေအားလုံးကတော့ နှလုံးသားထဲကနေအထိ ခြောက်ခြားလို့နေခဲ့ပါတယ်။ အစောပိုင်းက ဘာတွေဖြစ်မှန်းမသိပေမဲ့ အပြောင်းအလဲကိုသူတို့ခံစားမိတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲတွေဘယ်ကရောက်လာတာလဲ သူတို့မတွေးတတ်ပါဘူး။ ဟို့ယွိဟောင်လဲ သူတို့ကိုရှင်းပြဖို့မလိုပဲ ရှိခဲ့ပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေက ပြောင်းလဲသွားပုံပေါ်ပေမဲ့ တစ်စုံတစ်ရာက ပုံမှန်မဟုတ်တာကိုသိနေခဲ့တဲ့အတွက် နားမလည်နိုင်အောင် ဖြစ်နေခဲ့ကြတယ်။
တချို့သားရဲကောင်တွေကတော့ ဒေါသကနေအကြောက်တရားကို ပြောင်းလဲပြီခံစားနေခဲ့ရပါတယ်။ အရှေ့ဆုံးမှာရှိနေခဲ့တဲ့ ချိုတစ်ချောင်းကြံ့တွေကတော့ အတူတူပေါင်းစည်းလိုက်ကြရင်း ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ဆီကို ပြေး၀င်ဖို့လုပ်နေကြတယ်။ သူတို့ချိုကနေထွက်ပေါ်လာတဲ့ချိတ်ပိတ်စည်းအလင်းတန်းက ဟို့ယွိဟောင်ဆိိီကို ဦးတည်လာခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့တတိယ၀ိညာဥ်စက်ကွင်းကလဲ ဒီအချိန်မှာရုတ်တရက်တောက်ပလို့လာပါတော့တယ်။ စိတ်၀ိညာဥ်မျက်လုံးရဲ့ တတိယ၀ိညာဥ်စက်ကွင်းကို ရရှိပြီတဲ့နောက် သူပထမဆုံးအကြိမ်အသုံးပြုရမှာပါ။ သူ့ရဲ့တတိယ၀ိညာဥ်စွမ်းရည်က ဘာများဖြစ်မှာလဲ။
လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက လုံလုံလားလားအဖြူရောင်ပြောင်းလဲလို့သွားခဲ့ရပါပြီ။ ခန္ဓာကိုယ်ရဲ့အပြင်ဘက်ဆီကို အဖြူရောင်အလင်းတန်းစက်ကွင်းကြီးက ပြေးထွက်လို့လာခဲ့ပါတယ်။ ဒါကနယ်မြေကိုထိန်းချုပ်နိုင်တဲ့အမျိုးအစား၀ိညာဥ်စွမ်းရည်ပါပဲ။ ၀ိညာဥ်သားရဲကောင်ဆယ်နှစ်ကောင်စလုံးက ဒီအလင်းတန်းရဲ့အောက်မှာ ကျရောက်လို့သွားခဲ့ပါတယ်။
ဒီအဖြူရောင်အလင်းတန်းကျရောက်လို့သွားချိန်မှာတော့ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုက ဖြစ်ပေါ်လာခဲ့ပါပြီ။ ၀ိညာဥ်သားရဲကောင်တွေအားလုံးက အဖြူရောင်ပြောင်းသွားခဲ့ပြီ သူတို့ရဲ့ကြောက်စရာအရှိန်အ၀ါတွေက တဖြည်းဖြည်းပိုပြီးအားနည်းလို့လာပါတော့တယ်။
အရှေ့ဆုံးမှာရှိနေခဲ့တဲ့ ကြံ့တွေကတော့ ပြေးလာနေတဲ့ခြေလှမ်းတွေက နှေးကွေးသွားသထက်နှေးကွေးသွားသလို ခန္ဓာကိုယ်တွေကတောင်စတင်တုန်ခါလာခဲ့ပါပြီ။ အဝေးပြစ်တိုက်ခိုက်မှုကို အသုံးပြုနိုင်ကြတဲ့၀ိညာဥ်သားရဲကောင်တွေကတော့ လက်ရှိအချိန်မှာ တိုက်ခိုက်ဖို့နှောင့်နှေးကုန်ကြပါတော့တယ်။
” အစ်ကိုကြီးဟယ့် ၀ိညာဥ်လက်နက်တွေကိုအသုံးပြုပြီး ၀ိညာဥ်သားရဲကောင်တွေကို အနောက်ဖက်မှာတိုက်ခိုက်ခုခံဖို့ကိုလဲ တစ်ခါထဲပြင်ဆင်ထား ချိုတစ်ချောင်းကြံ့တွေကိုတော့ ကျွန်တော်လက်ထဲအပ်ထားလိုက် ”
သူပြောပြီတာနဲ့ ဟို့ယွိဟောင်က သူခေါင်းကိုပြင်းပြင်းထန်ထန်ခါရမ်းလို့နေခဲ့ပါတယ်။ ဒါကမောပန်းမှုတွေကို ပျောက်ပျယ်သွားအောင်ကြိုးစားပြီရင်ဆိုင်နေခဲ့တာပါ။ အဲ့ဒီနောက်ခန္ဓာကိုယ်မြားတစ်စင်းလိုမျိုး အရှေ့ကိုပြေးထွက်လို့သွားပါတော့တယ်။
ဒီအချိန်မှာတော့ တိုက်ပွဲကြီးတစ်ခုကစတင်ပါပြီ။ ၀ိညာဥ်သားရဲကောင်တွေက အဝေးပြစ်တိုက်ခိုက်မှုကို လုပ်နိုင်ကြပေမဲ့ ဟို့ယွိဟောင်ရဲ့အဖြူရောင်အလင်းတန်းကြောင့် သူတို့တွေလက်ရှိအချိန်မှာ မတိုက်ခိုက်နိုင်ကြသေးပါဘူး။ ပထမဆုံးသူတိုက်ခိုက်ချိန်မှာလဲ နှေးကွေးနေခဲ့တဲ့အတွက် ဟို့ယွ်ဟောင်က ခုန်ရှောင်နိုင်ခဲ့ပါသေးတယ်။ ဟယ့်ချိုက်ထို့က ကြိုးစားရုန်းကန်လို့နေခဲ့ရတယ်။ ဒါကြောင့်သာ ၀ိညာဥ်လက်နက်ကိုအသုံးပြုပြီး ခုခံဖို့အတွက်တစ်ချိန်ထဲမှာလုပ်ဖို့ မှာထားခဲ့တာပါ။
အဝေးပြစ်တိုက်ခိုက်မှုရှစ်ခုက တစ်ပြိုင်နက်ထဲဖြစ်ပေါ်လို့လာခဲ့ပါတယ်။ တချို့က အကွာအဝေးအနည်းငယ်သာရောက်ပြီ တချို့ကတော့ ပစ်မှတ်တစ်ခုထဲကိုသာ အဓိကအားစိုက်ထားနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ကိုတိုက်ခိုက်ဖို့ပါပဲ။
ဒီအချိန်မှာပဲ ဟယ့်ချိုက်ထို့က ခုခံနေရင်း ဆက်တိုက်ဆိုသလို ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့တယ်။ သူက အနီးဆုံး၀ိညာဥ်သားရဲကောင်ကို ရွေးချယ်လိုက်တာပါ။ ဒီအချိန်မှာ သူအတော်လေးလဲ စိုးရိမ်ပူပန်းနေခဲ့ပါတယ်။ ဒီလိုတစ်နေရာထဲကို အားစိုက်ထုတ်တဲ့တိုက်ခိုက်မှုတွေက သူ့ရဲ့၀ိညာဥ်လက်နက်အတားအဆီးတွေလောက်နဲ့ ခုခံဖို့ခက်ခဲပါလိမ့်မယ်။ ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းမှုကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကို အပြည့်အ၀ယုံကြည်နေရုံကလွဲပြီ သူနောက်ထပ်တတ်နိုင်တဲ့အရာမရှိတော့ပါဘူး။
ဖန်းယွီကတော့ လက်ထဲမှာရွှေအိုရောင်သတ္ထုအချောင်းတစ်ခုကို ကိုင်ထားခဲ့ပါတယ်။ သူက ဟယ့်ချိုက်ထို့ကို ဦးတည်ထားပြီ ပြစ်လွှတ်ဖို့အတွက် အသင့်ပြင်ထားခဲ့တာပါ။ အဆင့်လေး၀ိညာဥ်လက်နက်အတားအဆီးက ၀ိညာဥ်သားရဲကောင်တွေရဲ့ တိုက်ခိုက်မှုကို မကာကွယ်နိုင်ပေမဲ့ အချိန်ခဏတာကတော့ ကြာရှည်ခံနိုင်ပါသေးတယ်။ ဒါကြောင့်သာ ဖန်းယွီက အလောတကြီးပြေးလွှားပြီမကူညီခဲ့တာပါပဲ။ ဟယ့်ချိုက်ထို့ လုံး၀ကိုခုခံအားမဲ့စေဖို့အတွက် သူစောင့်ဆိုင်းလို့နေခဲ့တယ်။
နောက်ဆုံးတော့လဲ သူတို့ရဲ့စမ်းသပ်ချက်က ဒီကလေးတွေဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာကို စိန်ခေါ်ကြည့်ဖို့ပါ။ လက်ရှိအချိန်မှာပဲ ဟယ့်ချိုက်ထို့နှစ်ယောက်ဘာကြောင့်လူခွဲသွားရလဲဆိုတာ နားမလည်နိုင်ခဲ့ပါဘူး။ လက်ရှိအချိန်မှာ သူတို့တွေက သေကွင်းသေကွက်ကိုဒီအတိုင်း ပြထားသလိုဖြစ်နေခဲ့ပါတယ်။ ဒီသားရဲကောင်တွေကို ဘယ်လိုများတောင့်ခံနိုင်ကြမှာလဲ။
တွေးနေချိန်မှာပဲ ဖန်းယွီမျက်လုံးအပြူးသားဖြစ်သွားခဲ့ရပါပြီ။ သူ့ရဲ့ပြစ်လွှတ်တော့ဖို့ပြင်နေခဲ့တဲ့အလင်းတန်းက ချက်ချင်းပြန်သိမ်းလို့သွားခဲ့ပါတယ်။ သူမြင်နေရတဲ့အရာကို ဘာမှနားမလည်နိုင်ခဲ့ပါဘူး။ ဒါတွေက ဘယ်လိုများဖြစ်သွားရတာလဲ သူအခုမြင်လိုက်ရတာ ဘာကြီးများလဲ သူတို့နှစ်ယောက်လဲ မျက်လုံးအပြူးသားဖြစ်နေဆဲပါ။ သူတို့နှစ်ယောက်က ပိုလို့တောင် လန့်နေခဲ့ပါတယ်။ အစောပိုင်းတုန်းက ဟို့ယွိဟောင်ရဲ့ အထင်ကြီးစရာကောင်းတဲ့ တိုက်ခိုက်မှုတွေကို သူတို့နားလည်လက်ခံနိုင်ပေမဲ့ အခုမြင်နေရတာကတော့ နားလည်နိုင်တာထက်ကို ပိုကျော်လွန်သွားခဲ့ပါပြီ။
၀ိညာဥ်သားရဲကောင်ရှစ်ကောင်ထဲမှာ လက်ရှိအချိန် အဝေးပြစ်တိုက်ခိုက်မှုကို အဓိကသုံးနေတဲ့ သုံးကောင်ကနယ်မြေတိုက်ခိုက်မှုအမျိုးအစားကို အသုံးပြုနေခဲ့တာပါ။ နဟ်မြေတိုက်ခိုက်မှုအမျိုးအစားတွေက နေရာအဝေးကြီးကို လွှမ်းခြုံလိုက်ပါတယ်။ မာရှောင်ထောင့်ရဲ့ ဥက္ကာပျံမီးလျှံမိုးက ဒီလိုအမျိုးအစားမျိုးပါပဲ။
နယ်မြေတိုက်ခိုက်မှုအမျိုးအစားတွေက အမြဲတမ်းပြစ်ချက်ကင်းနေတာမဟုတ်ပေမဲ့ အသုံးပြုတဲ့သူသာ အပြည့်အ၀မထိန်းချုပ်နိုင်ဘူးဆိုရင် ပစ်မှတ်ကိုထိမိဖို့အတွက် ခက်ခဲနိုင်ပါလိမ့်မယ်။ လက်ရှိအချိန်မှာတော့ ၀ိညာဥ်ပညာရှင်အများစုရဲ့ ၀ိညာဥ်သားရဲကောင်အများစုတို့ ဒီလိုအတိအကျချိန်ရွယ်ပြီ တိုက်ခိုက်ဖို့ခက်ခဲနေတာတော့ အမှန်ပါ။
လက်ရှိအချိန် သူတိုမြင်နေရတဲ့မြင်ကွင်းကတော့ အဝေးပြစ်တိုက်ခိုက်မှုကို အသုံးပြုနေတဲ့ ၀ိညာဥ်သားရဲကောင်ရှစ်ကောင်တိတိရှိနေရဲ့သားနဲ့ သူတို့ရဲ့တိုက်ခိုက်မှုတွေက ဘာတွေများဖြစ်ကုန်တာလဲ။ သူတို့က ဘာကိုမှမထိခိုက်မိပါဘူး။ ဟယ့်ချိုက်ထို့ကိုရော ဟို့ယွိဟောင်ကိုပါ ထိအောင်မပြစ်နိုင်ပဲရှိခဲ့ပါတယ်။ ဟယ့်ချိုက်ထို့တောင် မယုံနိုင်ပါဘူး။ သူလက်ရှိအချိန်မှာ သူ့အနေနဲ့ အကာအကွယ်ကိုမသုံးရပဲဖြစ်နေခဲ့တယ်။ ၀ိညာဥ်ခံတပ်ရဲ့တိုက်ခိုက်မှုအများစုကတော့ တစ်ဖက်ရန်သူတွေရဲ့ခန္ဓာကိုယ်ကို အပြည့်အ၀ထိသွားခဲ့ပါတယ်။
ဟို့ယွိဟောင်က ဘယ်လိုကြောင့်များ ဒီသားရဲကောင်တွေရဲ့တိုက်ခိုက်မှုတွေအားလုံးကို ရှောင်ရှားနိုင်နေရတာလဲ။ တိုက်ပွဲကတော့ ဘယ်သူမှမယုံနိုင်စရာကောင်းတဲ့ အခြေအနေနဲ့ဆက်ပြီဖြစ်ပွားနေဆဲပါ။ ပိုပြီးအံ့ဩစရာကောင်းတဲ့ အပြောင်းအလဲတွေက ဖြစ်ပေါ်နေခဲ့ပါသေးတယ်။
ဟို့ယွိဟောင်ရဲ့ ခုန်ပျံကျော်လွှားနေတဲ့ခန္ဓာကိုယ်က ချိုတစ်ချောင်းကြံ့တစ်ကောင်အနားကိုရောက်ရှိလို့သွားပါတော့တယ်။ သူက အမြင့်ကြီးကို ခုန်လိုက်ပြီတဲ့နောက် အကြောက်တရားလက်သည်းတွေကို ထုတ်ယူရင်း ဒီကြံ့ရဲ့ဦးခေါင်းကိုပစ်မှတ်ထားခဲ့ပါတယ်။ ကြံ့တွေက အပြည့်အ၀ခုခံမှုရှိနေခဲ့သလိုနှစ်တစ်ထောင်သားရဲကောင်မဟုတ်မှန်လဲသူပြောနိုင်နေခဲ့တယ်။
ဒီလိုအခြေအနေမျိုးမှာ ဟယ့်ချိုက်ထို့ရဲ့ ၀ိညာဥ်ခံတပ်က ကြံ့တစ်ကောင်ကိုအလဲထိုးနိုင်မှာပါ ဒါပေမယ့် အတော်ကြီးကို ဖိအားများပါလိမ့်မယ်။ကျန်တဲ့၀ိညာဥ်သားရဲကောင်တွေကိုရောသူဘယ်လိုများ ရင်ဆိုင်ရမှာလဲ။ ဒါကြောင့်သာ ဟို့ယွိဟောင်က သူဘာသာသူလှုပ်ရှားဖို့ရွေးချယ်ခဲ့တာပါပဲ။
ဟို့ယွိဟောင်ရဲ့ တတိယ၀ိညာဥ်စက်ကွင်းကနေ အလင်းတန်းတွေထွက်ပေါ်လာပြီချိန်မှာပဲ ချိုတစ်ချောင်းကြံ့ရဲ့အရှိန်နှုန်းက သိသိသာသာကို လျော့ကျလို့သွားခဲ့ပြီ ခန္ဓာကိုယ်ကလဲ ပြင်းပြင်းထန်ထန်တုန်ခါလို့လာခဲ့ပါတယ်။
ကြံ့ရဲ့ခန္ဓာကိုယ်က တစ်ဆတ်ဆတ်တုန်ရီနေခဲ့ရင်း ဟို့ယွိဟောင်ကို လုံး၀မခုခံနိုင်ပဲ သူ့ရဲ့ခေါင်းကိုလွန်ပူနဲ့ဖောက်ခံရသလိုမျိုး အဖောက်ခံလိုက်ရပါပြီ။
ဟို့ယွိဟောင်က တိုက်ခိုက်မှုကို ခုန်ရှောင်ဖို့ပြင်နေခဲ့ပေမဲ့ သူဒီချိုကိုသူအပြည့်အ၀ခုန်မရှောင်နိုင်မှာလဲ သိနေခဲ့တယ်။ ကြံ့ရဲ့ခေါင်းကသေစေနိုင်လောက်တဲ့အရာဖြစ်သလို အတားအဆီးအများဆုံးနေရာပါပဲ။ တစ်ချက်ထဲနဲ့ ဖောက်နိုင်ဖို့ဆိုတာအကြောက်တရားလက်သည်းရှိနေရင်တောင်မှ ခက်ခဲပါလိမ့်မယ်။ ဒီအချိန်မှာပဲ ထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုက နောက်တစ်ကြိမ်ဖြစ်ပေါ်လာခဲ့ပါပြီ။
အပိုင်း ၁၄၉•၂ ပြီး၏။