အပိုင်း ၁၄၉•၁
” ကံကြမ္မာအလင်းတန်းရဲ့အဆုံးအဖြတ် ”
°°°
စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့ အကြီးမားဆုံးအားသာချက်ကတော့ အခြေအနေတွေကို ပြောင်းပြန်လှန်းပြစ်နိုင်တဲ့အစွမ်းအစပါ။ ဟို့ယွိဟောင်က ဒီအခြေအနေအတွက်ကို ပြင်ဆင်ထားခဲ့ပါတယ်။ သူ့ရဲ့လက်သည်းတွေက သတ္ထုပုံစံနဲ့ ထွက်ပေါ်လာခဲ့ပြီ ခြင်္သေ့ရဲ့ပုခုံးဆီကို ပြေး၀င်လို့သွားပါတော့တယ်။ အင်အားချင်ယှဥ်မယ်ဆိုရင် သူအနေနဲ့ အားသာချက်မရှိစေစရာအကြောင်းမရှိပါဘူး။
အပေါ်ဘက်ခန္ဓာကိုယ်ကို ပိုအားစိုက်လိုက်ချိန်မှာတော့ ခြင်္သေ့ခန္ဓာကိုယ်ကလဲ လှုပ်နေခဲ့တာရပ်သွားခဲ့ပါပြီ။
ဒါကရေခဲဧကရီရဲ့အစွမ်းကို ထူးဆန်းကျောက်စိမ်းလက်နဲ့ပေါင်းလိုက်ပြီ သတ္ထုဓားသွားတွေမှာ ထည့်ထားလိုက်တာပါ။ ဟို့ယွိဟောင်ကို ခြင်္သေ့က ပုခုံးအင်အားတစ်ခုထဲနဲ့ မတွန်းလှန်နိုင်ခဲ့ပါဘူး။
လက်ရှိအချိန်မှာတော့ ခြင်္သေ့ပြန်ပြီတိုက်ခိုက်ဖို့ပြင်ချိန်မှာ ဟို့ယွိဟောင်က တခြားနေရာကိုရောက်နေခဲ့ပါပြီ။ သူ့ရဲ့ဓားသွားတွေကို အသုံးပြုလိုက်ရင်း ဘယ်ဘက်လက်ကအရှိန်နဲ့အတူ ခြင်္သေ့ရဲ့အရှေ့ခြေထောက်ကို ဆွဲပြီဖြတ်ဖို့လုပ်ပါတော့တယ်။
ခြင်္သေ့ခန္ဓာကိုယ်ထဲကို လေအေးလှိုင်းတွေက ချက်ချင်း၀င်လာတာကြောင့် တစ်ကိုယ်လုံးတုန်ခါလို့သွားခဲ့ရပြီ အရှေ့ခြေထောက်တွေလဲ အေးခဲလို့သွားခဲ့ရပါတယ်။ အဲ့ဒီနေရာကို အာရုံမခံနိုင်တော့ပါဘူး။
ဟို့ယွိဟောင်ကတော့ သူ့ရဲ့ဓားချက်အရှိန်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို လှည့်လိုက်ရင်းနဲ့ ခြင်္သေ့ရဲ့ဗိုက်အောက်ဆီအထိ ဆွဲဖြတ်လို့သွားခဲ့ပါတယ်။ သူ့ရဲ့ဘက်ဘက်လက်ကနေ အပြာရောင်အလင်းတန်းတွေ ထွက်ပေါ်လို့လာခဲ့ပြီ ပေါက်ကွဲသံတွေကို ၀ုန်းခနဲကြားလိုက်ပြန်ရပါတယ်။
ခြင်္သေ့ကတော့ နာနာကျင်ကျင်နဲ့အော်ဟစ်နေခဲ့ပြီ သူ့ခန္ဓာကိုယ်က ပက်လက်လှန်နေခဲ့ပါပြီ။
ရေခဲပေါက်ကွဲမှုနည်းလမ်းရဲ့ သိသာထင်ရှားမှုက ဘာဖြစ်မှာလဲ။ ရေခဲတွေရှိတဲ့နေရာတိုင်းမှာ ဟို့ယွိဟောင်က ဒီပေါက်ကွဲမှုကိုအသုံးချနိုင်တာပါ။ အေးခဲနေတဲ့အလောင်းတွေတင်မကပါဘူး အေးခဲနေတဲ့ဘယ်အရာကိုမဆို သူပေါက်ကွဲအောင်လုပ်နိုင်ပါတယ်။
အစောပိုင်းတုန်းက ၀ိညာဥ်သားရဲကောင်တွေရဲ့အလောင်းကိုအသုံးပြုပြီ ဖောက်ခွဲဖို့လုပ်ခဲ့တာက ပေါက်ကွဲအင်အားသက်သက်ပါ။ လက်ရှိအချိန်မှာကတော့ လက်သည်းရဲ့အစွမ်းရော ခြင်္သေ့ရဲ့လက်ကိုပါအသုံးပြုပြီး တိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်။
လောကမှာအသန်မာဆုံးခံတပ်တွေတောင် အထဲကနေပျက်စီးနိုင်ပါသေးတယ်။ ၀ိညာဥ်သားရဲကောင်ရဲ့ ဘယ်ဘက်လက်ထဲမှာရှိနေတဲ့ ၀ိညာဥ်စွမ်းအားတွေက ပေါက်ကွဲမှုစွမ်းအားအဖြစ်ကို ပြောင်းလဲသွားချိန်မှာတော့ ထိခိုက်မှုကပိုပြီးကြီးမားလို့နေခဲ့ပါပြီ။
ရေခဲပေါက်ကွဲမှု၀ိညာဥ်စွမ်းရည်က နောက်တစ်ကြိမ် သူ့ရဲ့အစွမ်းအစကို ထုတ်ပြလိုက်ပါတယ်။ ကြောက်စရာကောင်းတဲ့ပေါက်ကွဲမှုလှိုင်းတွေက ခြင်္သေ့ခန္ဓာကိုယ်တစ်၀က်နီးပါးကိုဒဏ်ရာတွေအပြည့်ဖြစ်သွားစေခဲ့ပါပြီ။ ဟို့ယွိဟောင်က ဒီလိုမျိုးအကောင်းဆုံးတိုက်ခိုက်ချိန်ကို ဘယ်လိုများလက်လွှတ်ခံမှာလဲ။
သရဲအရိပ်ခြေရာကိုအသုံးပြုရင်း ခြင်္သေ့ရဲ့အားအနည်းဆုံးနေရာမှာတိတိကျကျသူပေါ်လာခဲ့ပါတယ်။ အင်အားကြီးတဲ့စုပ်ယူမှုလှိုင်းတွေက ဟို့ယွိဟောင်ဆီကနေ ပြေးထွက်လို့သွားခဲ့ပါပြီ။ သူက ခြင်္သေ့ကိုသူ့ဆီမဆွဲယူလိုက်ပါဘူး။ အဝေးကိုလဲမတွန်းလွှတ်သလို ညာဘက်လက်ထဲကိုသာ နောက်တစ်ကြိမ်ခုတ်ထစ်ဖို့လုပ်ပါတော့တယ်။ ခြင်္သေ့ကတော့ လက်ရှိအချိန်မှာ ကြောက်လန့်တကြားအော်ဟစ်နေရင်း ရုန်းကန်တာရပ်တန့်လို့သွားပြီ သေဆုံးခဲ့ရပါပြီ။
လက်ရှိအချိန်မှာတော့ သတ္ထုအမျိုးအစား၀ိညာဥ်သားရဲကောင်လေးကောင်လဲ သတ်ဖြတ်ခံလိုက်ရပြီးပါပြီ။ ဒါကြောင့် ခရမ်းရောင်၀ိညာဥ်စက်ကွင်းလေးကွင်းကသာ လေထဲမှာတိတ်တဆိတ်လွှင့်မျောနေခဲ့ပါတော့တယ်။
ဟို့ယွိဟောင်က ခြင်္သေ့ခန္ဓာကိုယ်ကို ဘယ်ဘက်လက်နဲ့ဖိလိုက်ရင်း နောက်ထပ်ပေါက်ကွဲမှုလက်နက်အသစ်ပြင်လိုက်ပါတယ်။ အဲ့ဒီနောက် တိုက်ခိုက်ရေးနယ်မြေအလယ်ကို ပြန်ပြေးသွားခဲ့ပြီ ဟယ့်ချိုက်ထို့ဘက်ကို သူရောက်သွားပါတော့တယ်။ အကယ်၍ သူသာအစောပိုင်းတုန်းက သတ်ခဲ့တဲ့ရောင်စဥ်တန်း၀က်၀ံကိုသာအခဲခံထားရဦးမယ်ဆိုရင် သူ့မှာအလောင်းဗုံးသုံးလုံးရှိနေမှာပါ။
ကုန်ချန်းလုံကတော့ ဒီကလေးနှစ်ယောက်အတွက် ကူညီဖို့စကားပြောပေးခဲ့မိတာကိုတောင် နောင်တရနေခဲ့ပါတယ်။ ဒီကလေးတွေက သူ့ရဲ့နှစ်တစ်ထောင်သားရဲကောင်ခြောက်ကောင်တိတိကို သတ်လိုက်ပါပြီ။ ဒီအကောင်တွေကိုဖမ်းဖို့အရမ်းခက်ပါတယ်။ အထူးသဖြင့်သတ္ထုအမျိုးအစားသားရဲကောင်လေးကောင်ပါပဲ။ သူတို့ကိုလေ့ကျင့်ဖို့တစ်နှစ်လုံးလုံးအချိန်ယူထားခဲ့ရသလို ဟို့ယွိဟောင်လှုပ်ရှားလိုက်တဲ့အချိန်မှာပဲအားလုံးက သေသွားခဲ့ပါပြီ။
ဟို့ယွိဟောင်က သာမန်ထိန်းချုပ်ရေးအမျိုးအစားနဲ့ ဘာမှမတူတော့ပါဘူး။ အမြန်နှုန်းအမျိုးအစား၀ိညာဥ်ပညာရှင်တွေထက်တောင် သူက မြန်နေခဲ့ပါသေးတယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် သူက တိုက်ခိုက်ရေးနဲ့ အမြန်နှုန်းနှစ်ခုစလုံးကို အသုံးပြုနိုင်တဲ့၀ိညာဥ်ပညာရှင်အရောဖြစ်နေခဲ့တာပါ။
အစကနေအဆုံးအထိ ဟို့ယွိဟောင်တစ်ယောက်ထဲက အားလုံးကို သတ်သွားခဲ့ပါတယ်။ ဟယ့်ချိုက်ထို့ကအကူအညီလိုအပ်ချိန်မှသာ ကူညီပေးခဲ့တယ်။ ဟို့ယွိဟောင်ရဲ့အထင်ကြီးစရာကောင်းလွန်လှတဲ့ တိုက်ခိုက်ရေးစွမ်းရည်က အကြီးအကဲတွေထင်ထားတာထက်ကို အများကြီးကျော်လွန်လို့နေခဲ့ပါပြီ။
ဟို့ယွိဟောင်က ရှိရှိသမျှအားလုံးကိုထုတ်ကာ တိုက်ခိုက်နေခဲ့ရင်း ၀ိညာဥ်စွမ်းအားတွေတော်တော်များများကို အသုံးပြုခဲ့ပါတယ်။ ဒါကြောင့်သာ ဘယ်သားရဲကောင်ကမှ မလှုပ်နိုင်ပဲတခဏတာအတွင်းသေသွားခဲ့ရတာပါ။ သားရဲကောင်လေးကောင်အဖွဲ့ဖွဲ့လာခဲ့ပေမဲ့ သူတို့အတွက်တော့ပြဿနာမရှိခဲ့ပါဘူး။ လက်ရှိအခြေအနေအထိ မတိုက်ခိုက်ခင်တုန်းကတော့ ရွှေကျားသစ်ကိုဟို့ယွိဟောင်အစိုးရိမ်ဆုံးဖြစ်ခဲ့ပါတယ်။ သူက သားရဲကောင်တွေထဲမှာ အကောက်ကျစ်ဆုံးဖြစ်နေခဲ့လို့ပါပဲ။ ဟို့ယွိဟောင်ဆီကို တည့်တည့်ပြေးမလာခဲ့ပဲ တခြားသားရဲကောင်တွေနဲ့အုပ်စုဖွဲ့ပြီတော့သာ အခွင့်အရေးကိုစောင့်ဆိုင်းပြီမှတိုက်ခိုက်ပါတယ်။ ဒါကြောင့်သာ သူ့ကိုရင်ဆိုင်ဖို့ကပိုခက်တာပါ။
ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံကို ရရှိပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့တိုက်ခိုက်နိုင်စွမ်းက အများကြီးထိုးတက်လို့သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့မှာသိသာထင်ရှားတဲ့အားနည်းချက်ကတော့ ရှိနေဆဲပါ။ အဝေးပြစ်တိုက်ခိုက်မှုတွေနဲ့ လျှပ်စီးလိုမြန်ဆန်တဲ့ ပြိုင်ဘက်တွေကိုတိုက်ခိုက်တဲ့နေရာမှာ သူအားနည်းနေဆဲပါပဲ။
ကျားသစ်အမျိုးအစား၀ိညာဥ်သားရဲကောင်က အရမ်းကိုမြန်ဆန်လွန်လှတဲ့အတွက် ဟို့ယွိဟောင်ကိုတောင် ဆွဲခေါ်လို့သွားနိုင်ပါတယ်။ ဒါကြောင့်သာ ဟို့ယွိဟောင်အနေနဲ့ အင်အားအကြီးဆုံးအကောင်ကို အရင်တိုက်ခိုက်ပြီကျန်တဲ့ကောင်တွေကို ဖြည်းဖြည်းချင်းမှရှင်းပြစ်ခဲ့တာပါ။ ကျားနဲ့ ခြင်္သေ့နှစ်ကောင်ကိုတော့ တစ်ပြိုင်နက်ထဲသူအပြတ်ရှင်းပြစ်နိုင်မယ်လို့ ဟို့ယွိဟောင် ကိုယ်ကိုကိုယ်ယုံကြည်ချက်ရှိနေခဲ့ပါတယ်။
ဒါကြောင့်သာ အစီအစဥ်တကျနဲ့ တစ်ခုနဲ့တစ်ခုတိုက်ခိုက်ပြီ အားလုံးကိုသူသတ်ဖြတ်နိုင်ခဲ့တယ်။ ဒီရိုးရှင်းတဲ့နည်းလမ်းတွေက တကယ်တမ်းအောင်မြင်အောင်လုပ်ဖို့ဆိုရင်အတော်ကို အားကောင်းတဲ့ထိန်ချုပ်မှုရှိဖို့လိုအပ်ပါတယ်။ လက်ရှိအချိန်မှာကတော့ ဟို့ယွိဟောင်အနေနဲ့ ၀ိညာဥ်စွမ်းအားတော်တော်များများကုန်ဆုံးလို့သွားခဲ့ပါပြီ။
ရေခဲကျောက်စိမ်းဧကရီရဲ့လက်မောင်းရိုးရဲ့ အကြောက်တရား၀က်၀ံရဲ့ လက်ဖ၀ါးအရိုးနှစ်ခုကတိုက်ပွဲထဲမှာ သူတို့အစွမ်းအစကို ကောင်းကောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်နိုင်စွမ်းက ကျောင်းအုပ်နဲ့ ဖန်းယွီအတွက်တော့ လုံး၀ကိုအသစ်အဆန်းတွေပါပဲ။ ၀ိညာဥ်စက်ကွင်းလေးကွင်း၀ိညာဥ်ဘိုးဘေးတွေတောင် သူ့ကိုယှဥ်ဖို့ခက်ခဲမယ်ဆိုတာ သိနေခဲ့ကြတယ်။ အကြီးအကဲတွေဘာမှမပြောနိုင်ပဲ ထိတ်လန့်ပြီ အံ့ဩနေခဲ့ရင်း ဒီအတိုင်းသာထိုင်နေခဲ့ကြပါတယ်။
ကုန်ချန်းလုံကတော့ လက်ရှိအချိန်မှာ အတော်ကိုစိတ်အခြေအနေမကောင်းပါဘူး။ သူက ဒါကိုအဓိကတာ၀န်ယူထားရတဲ့သူပါ။ သူနှစ်ပေါင်းများစွာကြာအောင်လေ့လာပြီ လေ့ကျင့်ပေးခဲ့ရတဲ့သားရဲကောင်တွေက အချိန်တိုလေးအတွင်းမှာ အလဟာသဖြစ်သွားခဲ့ပါပြီ။ ဒီလိုမျိုးနောက်ထပ်ခြောက်ကောင်ကို ထပ်ပြီဖမ်းဖို့အတွက် ကုန်ကျစရိတ်က အရမ်းကိုမြင့်မားပါလိမ့်မယ်။
” အဝေးပြစ်တိုက်ခိုက်မှုမှာတော်တဲ့ နှစ်တစ်ထောင်သားရဲကောင်ရှစ်ကောင်နဲ့ အနီးကပ်တိုက်ခိုက်မှုမှာတော်တဲ့ နှစ်သုံးထောင်၀ိညာဥ်သားရဲကောင်လေးကောင်ကိုပို့လိုက် ဒီကလေးတွေအဲ့ဒါကိုရင်ဆိုင်နိုင်မယ်လို့တော့ ငါမထင်ဘူး ”
လက်ရှိအချိန်မှာ ဒီစမ်းသပ်ချက်ရဲ့ အရှိန်နှုန်းကိုမြင့်တင်လိုက်ရတာက ကုန်ချန်းလုံရဲ့နှလုံးသားကို နာကျင်စေခဲ့ပါတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်အဆုံးသတ်သွားမယ်လို့ သူမျှော်လင့်လို့ထားခဲ့တယ်။ ဒါကလဲ အံ့ဩစရာမရှိပါဘူး။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်ပြသထားတဲ့ အစွမ်းအစတွေက သူတို့တွေးထားတာထက်ကို အများကြီးကျော်လွန်လို့နေခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့ပုံသဏ္ဍာန်ကတော့ အခုအချိန်မှာအနည်းငယ်ထူးဆန်းလို့နေခဲ့ပါတယ်။ ပါးစပ်ထဲမှာ ဆေးပြင်လိပ်ကြီးနှစ်လိပ်ကို ကိုက်ထားခဲ့ပါတယ်။ ကိုက်ထားရင်းသူကရှိနေခဲ့ပါတယ်။ ဆေးပြင်လိပ်ကြီးက အတော်ကို တုတ်ခိုင်ပြီစိတ်ကတော့အတော်သေးပါတယ်။ ဒါကတော့ စိတ်၀ိညာဥ်လှုံ့ဆော်ရေးဆေးပြင်းလိပ်ကြီးရဲ့ ၀ိညာဥ်စွမ်းအားတိုးမြင့်မှုဆေးပြင်းလိပ်အသေးပါ ဒါ့အပြင် လက်ထဲမှာလဲ နို့ပုလင်းတစ်ပုလင်းကို ကိုင်ထားပါသေးတယ်။ သူတို့ကတစ်ယောက်နဲ့တစ်ယောက်မှီရင်း ရပ်နေခဲ့ပြီအားဖြည့်နေခဲ့ကြတယ်။ အဲ့ဒီနောက် ရုတ်တရက်ဆိုသလိုသူတို့နှစ်ယောက် တုန်လှုပ်လို့သွားခဲ့ရပါပြီ။ ဟို့ယွိဟောင်က အရင်ပြောလာခဲ့ပါတယ်။
” များလှချေလား ”
” သူတို့တွေငါ့တို့ကိုသတ်ဖို့ကြိုးစားနေတာပဲ ”
ဟို့ယွိဟောင်စကားကိုကြားချိန်မှာ ဟယ့်ချိုက်ထို့လဲအထိတ်တလန့်ပြောမိပါတယ်။
၀ိညာဥ်သားရဲကောင်ဆယ်နှစ်ကောင်က နေရာပေါင်းစုံကနေ ၀င်လာနေတာပါ။ အရှေ့ဆုံးကလေးကောင်ရဲ့ခန္ဓာကိုယ်က အကြီးမားဆုံးဖြစ်ပြီ နောက်ဖက်မှာတော့ ရှစ်ကောင်လိုက်လာနေခဲ့ပါတယ်။ သူတို့တွေက အနီးအနားကိုကပ်လာရင် ပိုမိုကြီးမားတဲ့ ဖိအားကို ထုတ်လွှတ်လို့နေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ အစောပိုင်း၀ိညာဥ်သားရဲကောင်လေးကောင်ကို အေးအေးဆေးဆေးပေါ့ပေါ့ပါးပါးနဲ့ ရင်ဆိုင်နိုင်ခဲ့ပုံပေါ်ပေမဲ့ တကယ်တော့ သူ့အစွမ်းအစအကုန်ထုတ်ပြီတိုက်ခိုက်ထားတာပါ။ လက်ရှိအချိန်မှာ အရေအတွက်က သုံးဆဖြစ်သွားခဲ့တဲ့အတွက် အဝေးကြည့်လိုက်ရုံနဲ့တင် အဝေးပြစ်တိုက်ခိုက်သမားတွေအများကြီးပါနေတာကို သိရပါတယ်။ နှစ်တစ်ထောင်သားရဲကောင်ဆယ်နှစ်ကောင် အကယ်၍ ရှောင်းရှောင်းနဲ့ ၀မ်သုန့် ဒီနေရာမှာရှိနေမယ်ဆိုရင်တော့ နိုင်နိုင်ချေရှိပေမဲ့ အခုလက်ရှိအခြေအနေမှာရော တကယ်ပဲ အနိုင်ရနိုင်မှာလား။
” ငါတို့ဘာလုပ်ကြမလဲ ”
ဟယ့်ချိုက်ထို့က ဒီများပြားတဲ့သားရဲကောင်တွေကိုကြည့်ရင်း ထုံထိုင်သွားသလိုတောင်ခံစားရပါတယ်။ ဒါကသူတို့လက်ခံနိုင်တဲ့ အခြေအနေထက်ကို ကျော်လွန်နေခဲ့ပါပြီ။
ဖန်းယွီကတော့ မျက်မှောင်ကြုတ်နေခဲ့တယ်။
” အကြီးအကဲကုန်က ဘာလို့အစီအစဥ်အတိုင်းမလုပ်တာလဲ ဒါကများလွန်တယ်လေ သူတို့တွေအစောပိုင်းတုန်းက အတော်လေးအင်အားကုန်ထားတာမဟုတ်လား ”
” မလန့်လိုက်နဲ့ ဒီလိုဖိအားပေးတာက သူတို့ကိုပိုပြီးအစွမ်းပြစေနိုင်လိမ့်မယ်…ဒါဆိုရင် အနာဂတ်လေ့ကျင့်မှုတွေအတွက်လဲ သူတို့ရဲ့အစွမ်းအစကို ပြောလို့ရနိုင်ပါလိမ့်မယ်…ဒီကလေးတွေငါတို့ရှိနေသရွေ့ ဘာမှမဖြစ်နိုင်ဘူးမလား ”
ဟို့ယွိဟောင်က မျက်လုံးကိုပိတ်ထားရင်းစိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုကာအာရုံခံနေခဲ့ပါတယ်။ သူလက်ရှိအချိန်မှာ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရေခဲဧကရီနဲ့ လျှပ်စီးဧကရာဇ်တို့ကနေ သူအကူအညီမတောင်းခဲ့ပါဘူး။ အသက်အရွယ်နဲ့စွမ်းအားတိုးမြင့်လာတာနဲ့အမျှ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ကလဲ ပိုမြင့်မားနေခဲ့ပါပြီ။ ဒီဖိအားတွေက သူ့ကိုယ်သူယုံကြည်ချက်အဖြစ်ပြောင်းလဲနိုင်မယ်မှန်း သိနေခဲ့တယ်။
” အစ်ကိုကြီး၀ိညာဥ်လက်နက်ခံတပ်ဗျူဟာကို သုံးမယ်…ကျွန်တော်တို့ဒီ၀ိညာဥ်သားရဲကောင်တွေကို ထိန်းချုပ်ဖို့ကြိုးစားရမယ်…ကျွန်တော်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုညွှန်ကြားချက်အတိုင်းတိုက်ခိုက် ဒါ့အပြင် ဒီသားရဲကောင်တွေကို အဆုံးစွန်းတိုက်ခိုက်ရင်ဘာတွေဖြစ်မလဲကြည့်ကြတာပေါ့ ”
ဟယ့်ချိုက်ထို့ကတော့ ဘာမှမပြောတော့ပါဘူး။ အစောပိုင်းတိုက်ပွဲကိုမြင်ပြီကထဲကနေ ဟို့ယွိဟောင်အပေါ် သူ့ရဲ့ယုံကြည်ချက်က အတော်ကိုမြင့်တက်နေခဲ့ပြီဖြစ်ပါတယ်။ တစ်ကိုယ်လုံးမှာ သံတ္ထုပိုက်တွေအများကြီးက ပေါ်လာခဲ့ပြီတဲ့နောက် ဟယ့်ချိုက်ထို့ရဲ့ခန္ဓာကိုယ်က ၀ိညာဥ်လက်နက်ခံတပ်ကြီးအဖြစ်ကို ပြောင်းလဲလို့သွားပါတော့တယ်။ များပြားတဲ့နေရာပေါင်းစုံတိုက်ခိုက်မှုကို သူကတိုက်ခိုက်ဖို့အသင့်ဖြစ်နေခဲ့ပါပြီ။
ဟယ့်ချိုက်ထို့ရဲ့၀ိညာဥ်ခံတပ်ကလက်ရှိအချိန်မှာ အဆင့်မြင့်တင်ထားမှန်း ဟို့ယွိဟောင်ကြည့်လိုက်ရုံနဲ့ သိနေခဲ့ပါတယ်။ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်စာမေးပွဲပြီတဲ့နောက်မှသာ သူတို့တိုးတက်အောင် ကြိုးစားထားပုံပါပဲ။
သားရဲကောင်တွေက သူတို့အနားကိုကပ်လာခဲ့ပါပြီ။ အရှေ့ဆုံးမှာရှိနေတဲ့လေးကောင်ကတော့ တူညီတဲ့အမျိုးအစားသားရဲကောင်ကြီးပါပဲ။ ချိုတစ်ချောင်းနတ်ဆိုးကြံ့တွေပါ အင်အားကြီးတဲ့ဒီ၀ိညာဥ်သားရဲကောင်တွေက သံချပ်ကာတွေကို ၀တ်ဆင်ထားခဲ့ပါတယ်။ သူတို့ရဲ့ခိုင်မာလွန်တဲ့ခန္ဓာကိုယ်နဲ့ သန်မာလွန်တဲ့ခုခံစစ်တွေကြောင့် နာမည်ကြီးကြပြီ နဖူးမှာရှိတဲ့ချိုကနေ ချိတ်ပိတ်နိုင်တဲ့အလင်းတန်းတွေကို ထုတ်လွှတ်နိုင်တယ်လို့တော့ ပြောကြတယ်။ ပြိုင်ဘက်ကိုတစ်ခေါက်ချိတ်ပိတ်ပြီခဲ့မယ်ဆိုရင် ပြိုင်ဘက်ကိုမသေမချင်သူတို့ကတိုက်ခိုက်မှာပါ။
တိုက်ခိုက်ရေးနယ်မြေမှာတော့ ချိုတစ်ကြောင်းကြံ့တွေက လေးကောင်တိတိရှိနေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ကျင့်ကြံဆင့်ကလဲ သုံးထောင်အထက်မှာရှိနေခဲ့တယ်။ အပြာဖျော့ဖျော့အလင်းတန်းက ခန္ဓာကိုယ်ပေါ်မှာဖြတ်ပြေးလို့နေခဲ့ပြီ မျက်လုံးတွေကတော့ နီရဲနေကာခန္ဓာကိုယ်ကလဲ အရင်ကထက်ပိုပြီးအရှိန်မြင့်လာခဲ့ပါတယ်။
အဝေးပြစ်တိုက်ခိုက်ရေး၀ိညာဥ်သားရဲကောင်ရှစ်ကောင်ကတော့ သူတို့အနောက်ဖက်မှာရှိနေခဲ့ပြီ အချိန်မရွေးတိုက်ခိုက်ဖို့အသင့်ပြင်ထားခဲ့ပါတယ်။ အကယ်၍ ဒီနယ်မြေကြီးရဲ့ ကြီးမားတဲ့ဖွဲ့စည်းပုံကြောင့်သာမဟုတ်ရင် သူတို့နေရာတောင်ဆန့်ကြမှာမဟုတ်ပါဘူး။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ကတော့ ဘက်ပေါင်းစုံကတိုက်ခိုက်မှုတွေကို ရင်ဆိုင်ရတော့မှာပါ။
အပိုင်း ၁၄၉•၁ ပြီး၏။