အပိုင်း ၁၄၈•၃
” ပြင်းထန်တဲ့စစ်ဆေးမှု ”
°°°
ဟို့ယွိဟောင်က ဘာကြောင့်ဒီနေရာကို ရွေးချယ်ခဲ့တာလဲ အကြောင်းအရင်းကတော့ ရှင်းပါတယ်။ ဒီ၀က်၀ံက သားရဲကောင်လေးကောင်ထဲမှာ အသိဉာဏ်အနှိမ့်ဆုံးဖြစ်နေတာကြောင့်ပါ။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကလဲ အနှိမ့်ဆုံးဖြစ်ပါလိမ့်မယ်။ စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့် တိုက်ရိုက်သတ်ဖြတ်မခံရနိုင်ပေမဲ့ သူ့ရဲ့၀ိညာဥ်ကတော့ ပြင်းပြင်းထန်ထန် ပျက်စီးလို့သွားမှာပါ။ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ရဲ့နောက်ကျောတွေက တောက်ပလို့လာခဲ့ပါပြီ။ သူတို့ရဲ့အရှိန်မြင့်တဲ့ ရှပ်ပြေးကိရိယာတွေက စတင်ဖြစ်ပေါ်လို့လာတာကြောင့် သူတို့ရဲ့အရှိန်နှုန်းကလဲ မြင့်တက်လို့သွားပါတော့တယ်။ အခုအချိန်မှာ ၀က်၀ံအနားကို ရောက်သွားခဲ့ပါပြီ။
ရွှေခြင်္သေ့ကတော့ သူတို့နဲ့မီတာနှစ်ဆယ်သာဝေးပါတော့တယ်။ ကျန်တဲ့သားရဲကောင်နှစ်ကောင်ကတော့ မီတာငါးဆယ်အကွာမှာရှိနေခဲ့တယ်။
ဟို့ယွိဟောင်က ဒီအကွာအဝေးအတွင်းမှာလုပ်နိုင်တာတွေအများကြီးပါပဲ။
ရုတ်တရက်ဆိုသလိုအရှေ့ကို ခုန်တက်လာရင်း အကြောက်တရားလက်သည်းတွေကို ထုတ်လွှတ်လိုက်ပါပြီ။ ၀က်၀ံရဲ့ခေါင်းကိုမထိုးစိုက်ခဲ့ရပါဘူး။ သူ့ရဲ့၀ိညာဥ်စွမ်းအားကို ချွင်းချန်ဖို့အတွက် ပြင်ဆင်လို့ထားတာကြောင့် ၀က်၀ံရဲ့ခုခံစစ်ကိုဖျက်ဆီးရင်း အချိန်မဖြုန်းပဲရှိနေခဲ့ပါတယ်။
အကြောက်တရားလက်သည်းတွေက ၀က်၀ံရဲ့လည်ပင်းကိုဖောက်ထွက်လို့သွားခဲ့ပြီတဲ့နောက် သူ့ရဲ့ကျောရိုးမကြီးတစ်ခုလုံးကို ဆွဲဖြဲပြစ်လိုက်ပါတယ်။ ခန္ဓာကိုယ်ကြီးကတော့အရှေ့ကိုဘိုင်းခနဲလဲကျလို့သွားခဲ့ရင်း ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ဒီအတိုင်းအသက်ပျောက်လို့သွားခဲ့ပါတယ်။
ဟယ့်ချိုက်ထို့က ၀က်၀ံရဲ့အနောက်ဖက်ကို ရောက်လာခဲ့ပြီ ၀က်၀ံရဲ့ခန္ဓာကိုယ်ကိုဒိုင်းကာအဖြစ်သုံးထားခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ၀က်၀ံပေါ်မှာတက်နင်းလိုက်ရင်း ဒီအရှိန်အဟုန်ကိုအသုံးပြုကာ လေထဲမှာ တစ်ပတ်လည်သွားခဲ့ပါတယ်။
ညာဘက်လက်ကိုခေါင်းပေါ်မှာမြောက်ထားခဲ့ပြီ သူ့ရဲ့ခန္ဓာကိုယ်က လေးကိုင်းတစ်ကိုင်းလိုမျိုးကွေးသွားခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာ အစွန်းဆုံးဖျက်ဆီးမှုကို ထုတ်ဖော်တော့မဲ့ပုဆိန်ကြီးတစ်ချောင်းလိုမျိုး သူ့ခန္ဓာကိုယ်က လှုပ်ရှားလို့နေခဲ့ပါတယ်။ ဒီရွှေကျားသစ်က လက်ရှိအချိန်သူအနားကို အတော်လေး နီးကပ်လို့နေခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့ညာဘက်လက်ကနေ ရွှေရောင်ရင့်ရင့်အလင်းတန်းတွေက ပြန်ထွက်ပေါ်လို့လာခဲ့ပြန်ပါတယ်။ လက်ရှိအချိန်မှာကတော့ အကြောက်တရားလက်သည်းရဲ့ စစ်မှန်တဲ့ ရုပ်သွင်က လုံး၀ကို ထင်ထင်ရှားရှားထွက်ပေါ်လို့လာခဲ့ပါပြီ။
ကြီးမားတဲ့ရွှေရောင်လက်သည်းအရိပ်ကြီူက ကျားသစ်နဲ့ဟို့ယွိဟောင်ကြားမှာရှိတဲ့ အကွာအဝေးကိုဖြတ်ကျော်လို့သွားခဲ့တော့တယ်။ သူကြောက်စရာအရှိန်အ၀ါတွေကြောင့် သားရဲကောင်နှစ်ကောင်တောင် ရပ်တန့်လို့သွားခဲ့ပါပြီ။
ဒါပေမယ့် လေထဲမှာရောက်နေပြီ တိုက်ခိုက်ဖို့ပြင်နေတဲ့ ရွှေကျားသစ်ကတော့ သူ့ခန္ဓာကိုယ်ကို မတားဆီးနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို သူ့ခန္ဓာကိုယ်ကိုအသုံးပြုရင်း တားဆီးဖို့လုပ်နေခဲ့ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က ချက်ချင်းဆိုသလို အပိုင်းပိုင်းဖြတ်ခံလိုက်ရပြီ မြေပြင်ပေါ်ကို အသားတုံးတွေအဖြစ် ပြုတ်ကျလို့သွားခဲ့တယ်။
” သေလိုက်စမ်း အဲ့ဒါရွှေအိုရောင်အကြောက်တရားလက်သည်းတွေပဲ ”
ချင်းသောသောက ဟို့ယွိဟောင်ရဲ့ လက်ဖ၀ါးအရိုးကို ချက်ချင်းဆိုသလို သတိထားမိသွားပါတော့တယ်။ ဘယ်သူကဒီကျော်ကြားလှတဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံကို မသိပဲနေမှာလဲ။ ဟို့ယွိဟောင်ကို အခုအချိန်မှာ ချင်းသောသောတောင်မနာလိုဖြစ်နေခဲ့ပါပြီ။ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံကိုသတ်ဖို့အတွက် ခက်ခဲရုံတင်မက ကိုယ်ရဲ့ကျင့်ကြံဆင့်နဲ့ကိုက်ညီမဲ့လက်သည်းကိုရှာဖို့ဆိုတာ ပိုပြီးခက်ခဲပါသေးတယ်။ ဒါ့အပြင် အဲ့ဒီ၀က်၀ံတွေက မွေးရာပါစွမ်းရည်တစ်ခုထဲကိုပဲ ပိုင်ဆိုင်ထားတာမဟုတ်ပါဘူး။ ၀ိညာဥ်အရိုးတစ်ခုနဲ့ ၀ိညာဥ်စွမ်းရည်ကို ရရှိတာက ပိုပြီးတော့တောင် တွေးဖို့ခက်ခဲတဲ့အကျိုးအမြတ်တွေဖြစ်နေခဲ့ပါသေးတယ်။
ရှန်လင်းအယ် ချင်းသောသောနဲ့ ဖန်းယွီတို့က ရွှေကျားသစ်သတ်ဖြတ်ခံလိုက်ရပြီချိန်မှာပိုပြီးစိတ်ပူလို့လာခဲ့ရပါပြီ။
သူတို့ရဲ့မူလအစီအစဥ်အရ ပထမသားရဲကောင်နှစ်ကောင်ကိုသိပ်ပြီ မျှော်လင့်ချက်မထားခဲ့ပါဘူး။ သူတို့တွေက ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့ရဲ့၀ိညာဥ်စွမ်းအားတွေကို တော်တော်များများကုန်ဆုံးအောင်လုပ်နိုင်မယ်လို့ တွေးထားခဲ့တာပါ။ ဒီ၀ိညာဥ်သားရဲကောင်လေးကောင်လာချိန်မှသာ ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်အသက်လုပြီ တိုက်ခိုက်ရမယ်လို့ တွေးထားခဲ့ပါတယ်။ ခြင်္သေ့ ကျားနဲ့ ၀က်၀ံဆိုတာက အင်အားကြီးတဲ့၀ိညာဥ်သားရဲကောင်တွေကြီးပါပဲ။ သူတို့ရဲ့ ကျင့်ကြံဆင့်တွေကလဲ တူညီတဲ့အတွက် ပူးပေါင်းပြီတိုက်ခိုက်မှုကလဲ ရင်ဆိုင်ဖို့မလွယ်ကူလှပါဘူး။
သံသတ္ထုသဘောရှိတဲ့ သားရဲကောင်တွေကို ရွေးချယ်လိုက်တာက ဟို့ယွိဟောင်ရဲ့အဆုံးစွန်းရေခဲကို ရင်ဆိုင်ဖို့ပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင်က လက်ရှိအချိန်မှာ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့ အစွမ်းအစတွေကိုထုတ်ပြလာမယ်လို့ သူတို့တွေးမထားခဲ့ပါဘူး။ လက်ရှိအချိန်မှာ သားရဲကောင်နှစ်ကောင်က ဒီအတိုင်းအသတ်ခံလိုက်ရပါပြီ။
ဟယ့်ချိုက်ထို့က ဒီတိုက်ပွဲထဲမှာ သူ့အစွမ်းတွေကိုစတင်ပြီထုတ်ပြရပါတော့တယ်။ ၀ိညာဥ်အမြောက်ဆယ်နှစ်ခုက ရွှေရောင်ခြင်္သေ့ကို ဘယ်ဘက်မှာချိန်ရွယ်လို့ထားခဲ့ပြီ အလင်းတန်းဆယ်နှစ်ခုက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့အထောက်အပံ့နဲ့အတူ စတင်ပြီ ပြေးထွက်သွားပါတော့တယ်။ ရွှေခြင်္သေ့က ခုခံရုံသာတတ်နိုင်ခဲ့ပြီ အရှေ့ကိုဆက်မတိုးနိုင်ပါဘူး။
ဟယ့်ချိုက်ထို့က လက်ရှိအချိန်အတောက်ပံလေးခုကို ဆန့်ထုတ်လို့ထားခဲ့ပါတယ်။ ဒီသားရဲကောင်လေးကောင်ကို သူသာ၀ိညာဥ်ခံတပ်သာသုံးလိုက်မယ်ဆိုရင် ကြောက်စရာလိုမနေခဲ့ပါဘူး။ ဒါပေမယ့် သားရဲကောင်လေးကောင်စလုံးကို သူတစ်ယောက်ထဲနဲ့အနိုင်ယူဖို့တော့ မဖြစ်နိုင်တာအမှန်ပါ။
ဟယ့်ချိုက်ထို့ လှုပ်ရှားချိန်မှာပဲ ဟို့ယွိဟောင်ကလဲ နောက်တစ်ကြိမ်ပြန်ခုန်လိုက်ပါတယ်။ လက်ရှိအချိန်မှာ ရွှေကျားသစ်ပေါင်ကိုဆွဲယူလိုက်ပြီတဲ့နောက် မီတာနှစ်ဆယ်အကွာမှာရှိနေတဲ့ ရွှေကျားဆီကို ပြစ်လွှတ်လိုက်ပါတော့တယ်။
ရွှေကျားက ဒေါသတကြီးနဲ့အော်ဟစ်ရင်း အရှေ့အလက်သည်းတွေကိုအသုံးပြုပြီး ဒီကျားသစ်ရဲ့ပေါင်ကိုရိုက်ချပြစ်ဖို့လုပ်ပါတယ်။ ဒီအချိန်မှာပဲ ဟို့ယွိဟောင်က သူ့ရဲ့နောက်ထပ်စွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်ပြန်ပါပြီ။
ပေါက်ကွဲမှုတစ်ခုက ထွက်ပေါ်လို့လာခဲ့ပြီ ရေခဲအပိုင်းအစတွေက လေထဲကိုလွှင့်စင်လို့သွားပါတော့တယ်။ ဒါကကျားသစ်ရဲ့ပေါင်ဖြစ်နေခဲ့ပေမဲ့ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေအများကြီး စုစည်းလို့ထားတာကြောင့် အဆုံးစွန်းရေခဲပါ၀င်တဲ့ ရေခဲဖောက်ခွဲမှုနည်းလမ်းက ဒီမှာအသုံး၀င်လို့သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာဒီအရှေ့ကိုရောက်လာနေတဲ့ ပေါင်တုံးကိုရိုက်ထုတ်မလိုပြင်နေခဲ့တဲ့ကျားက လုံး၀ကိုမပြင်မဆင်ပဲအငိုက်မိလို့သွားခဲ့ရတယ်။
သူ့ရဲ့လက်သည်းတွေက ပြင်းထန်တဲ့ပေါက်ကွဲမှုကြောင့် တုန်ခါလို့သွားခဲ့ပြီ ခန္ဓာကိုယ်ကလဲ လွှင့်ထွက်လို့သွားခဲ့ပါတယ်။ ဒါ့အပြင် အပေါ်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးက သွေးတွေအပြည့်နဲ့ ထိခိုက်နေခဲ့ရပါပြီ။
ဟို့ယွိဟောင်မှာ နောက်ထပ် ဇစ်မြစ်တစ်ခုရှိနေတာကို လူတွေကမေ့ထားခဲ့ပါတယ်။ ဒါကတော့ ထန်မျိုးနွယ်ရဲ့တပည့်သားဆိုတာပါပဲ။ ဒါ့အပြင် ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကထွက်ခွာလာပြီတဲ့နောက် ထန်မျိုးနွယ်ကိုသူ့ရဲ့လျှောက်လမ်းရာလမ်းတစ်ခုအဖြစ် ရွေးချယ်ခဲ့ပါတယ်။ ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ လူတိုင်ကိုပြသပေးခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့လျှို့၀ှက်လက်နက်ကအပိုင်းပိုင်းဖြတ်ထားတဲ့ ရွှေကျားသစ်ပါပဲ။
ရွှေကျားက ပေါက်ကွဲထွက်သွားခဲ့တဲ့လက်ရှိအချိန် ရေခဲပေါက်ကွဲမှုနည်းလမ်း ခန္ဓာကိုယ်ပေါ်ကျရောက်လာချိန်မှာ မလှုပ်နိုင်ပဲ ဖြစ်သွားခဲ့ရပါတယ်။ ဆက်တိုက်ပေါက်ကွဲမှုတွေအောက်မှာ အင်အားကြီးတဲ့ကျားက အမျက်ဒေါသကျောင်းတော်ရဲ့ အထိတ်တလန့်ဖြစ်နေတဲ့အကြီးအကဲတွေအရှေ့မှာတင် နောက်တစ်ကြိမ်အသတ်ခံလိုက်ရပါပြီ။ သူက ဟို့ယွိဟောင်အနားကို ကပ်ခွင့်တောင်မရလိုက်သလို ၀ိညာဥ်လဲစွမ်းရည်တစ်ခုမှ ထုတ်မသုံးလိုက်ရပါဘူး။
ဒီလို၀ိညာဥ်သားရဲကောင်တွေရဲ့ အဓိကအားနည်းချက်ကအဝေးပြစ်တိုက်ခိုက်မှုပါ။ အထူးသဖြင့်သူတို့ရဲ့ခန္ဓာကိုယ်က သန်မာတဲ့အတွက် အနီးကပ်တိုက်ခိုက်မှုကိုသာ အဓိကအသုံးချချပါတယ်။ ဒီလိုအားနည်းချက်ရှိတာကြောင့်သာ မဟုတ်ရင်သေချာပေါက် သူတို့တွေက အထူးချွန်သားရဲကောင်တွေဖြစ်နေတော့မှာပါ။
ဟို့ယွိဟောင်က ရေခဲပေါက်ကွဲမှုနည်းလမ်းရဲ့အစွမ်းအစကို ကြယ်တာရာသစ်တောထဲမှာကထဲက သူသိပါတယ်။ သူ့ရဲ့နတ်ဆိုးကျားအသွင်ကြောင်ကို ဖောက်ခွဲလိုက်မှုကြောင့် ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံက သေလုမတတ်ဖြစ်သွားခဲ့ပါတယ်။ နှစ်တစ်ထောင်သားရဲကောင်ရဲ့ခန္ဓာကိုယ်က အဲ့ဒီလောက်အရည်အသွေးမကောင်းပေမဲ့ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်ကတော့ သိပ်ပြီမကွာခြားပါဘူး။
ရွှေကျားကိုသတ်ပြီတဲ့နောက် အေးအေးဆေးဆေးသူပြန်လှည့်လာခဲ့ပါတယ်။ သူ့ဘက်ဘက်လက်ကတော့ သေပြီသားဖြစ်တဲ့ ၀က်၀ံခေါင်းခွံကို ဖိထားဆဲပါ။ ချက်ချင်းဆိုသလို ရေခဲဧကရီရဲ့ ဆူးချွန်လက်အိတ်က ထွက်ပေါ်လို့လာပါတော့တယ်။ ၀က်၀ံက ရေခဲတုံးကြီးအသွင်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒီရေခဲတုံးကြီးက အချိန်မရွေးပေါက်ကွဲနိုင်မဲ့ဗုံးတစ်လုံးပါပဲ။
ဟယ့်ချ်ိုက်ထို့ရဲ့တိုက်ခိုက်မှုကလဲ ရပ်တန့်သွားခဲ့ပါတယ်။ အဆင့်လေးနို့ပုလင်းလက်နက်က သူ့လက်ဖ၀ါးမှာပေါ်လာခဲ့ပြီ ၀ိညာဥ်စွမ်းအားတွေကို စုပ်ယူလိုက်တယ်။ တကယ်တော့သူ၀ိညာဥ်စွမ်းအားတွေက အများကြီးမကုန်သေးပါဘူး။ အကယ်၍ သူသာသတ်ချင်တယ်ဆိုရင် ရွှေခြင်္သေ့ကိုသတ်လို့ရပေမဲ့ ဟို့ယွိဟောင်က ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုသာ နားထောင်ရင်း တိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်။
ရွှေခြင်္သေ့ကတော့ စိတ်သက်သာရာရသွားခဲ့ပါတယ်။ ဒါပေမယ့် ရွှေကျားကိုမတွေ့ရတော့ သူ့ခဏတာလန့်သွားခဲ့ရတယ်။ ဟို့ယွ်ိဟောင်ကတော့ သူ့ရဲ့လက်တွေကိုအသုံးပြုရင်း ရွှေခြင်္သေ့ကိုရန်စလို့နေခဲ့ပါတယ်။
ခြင်္သေ့က သတ္တ၀ါတွေရဲ့ဘုရင်ပါ။ အတော်ကိုဒေါသထွက်လွယ်သလို တိုက်ခိုက်မယ်ဆိုရင်လဲ ဒေါသတကြီးလုပ်တတ်ပါတယ်။ လက်ရှိအချိန်မှာတော့ အ၀ါရောင်တောက်ပနေတဲ့ အမြိီးက ချက်ချင်းဆိုသလို သတ္တုရောင်တွေအပြည့်ဖြာထွက်လာခဲ့ပြီ အမွေးတွေကလဲ ထောင်ထလို့လာခဲ့ပါတယ်။ အော်ဟစ်ဟိန်းဟောက်လိုက်ပြီတဲ့နောက် ဟို့ယွိဟောင်ဆီကို သူပြေးလာနေခဲ့တယ်။ သူ့ရဲ့ခြေထောက်ကနေ သတ္ထုသံလိုတချွင်ချွင်အသံတွေလဲ မြည်နေခဲ့ပြီ ပါးစပ်ကိုဖွင့်လိုက်ချိန်မှာတော့ ဓားသွားတွေချွန်ထက်နေတဲ့သွားတွေက ပေါ်လာခဲ့ပါတယ်။ ဒီအကောင်ကိုက်တာခံလိုက်ရမယ်ဆိုရင် သော့်လော့တွေတောင် အဆင်မပြေနိုင်ပါဘူး။
ဟို့ယွိဟောင်ကတော့ ကျားကိုသတ်ပြီတဲ့အချိန်မှာ အနည်းငယ်မောနေခဲ့ပါပြီ။ ဒါကြောင့် ရွှေခြင်္သေ့ကို တိုက်ခိုက်ဖို့အတွက် ၀ိညာဥ်လက်နက်တစ်ခုကို ထုတ်ယူလိုက်ပါတော့တယ်။ ဒါကတော့ သွက်ချာပါဒအလင်းတန်းပါ။ ရွှေခြင်္သေ့က စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့ ပြစ်ချက်အောက်ကနေ မလွှတ်မြောက်နိုင်ခဲ့ပါဘူး။ အလင်းတန်းတွေ တောက်ပလာပြီတဲ့နောက် သွက်ချာပါဒအလင်းတန်းက ခြင်္သေ့ရဲ့ သတ္ထုအလင်းတန်းတွေရဲ့ ထိပ်တိုက်တွေ့မိပါတော့တယ်။ သွက်ချာပါဒအလင်းတန်းက ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့ပြီ ခြင်္သေ့တစ်ကိုယ်လုံးတုန်ခါလို့သွားခဲ့ပါပြီ။ အစောပိုင်းတုန်းက ၀က်၀ံလိုမျိုးသူလဲကျလို့်မသွားခဲ့ပေမဲ့ အရှိန်နှုန်းကတော့ သိသိသာသာလျော့ကျလို့သွားခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်းတချို့က ဖြတ်ပြေးလို့သွားခဲ့ပြီ သူမျက်မှောင်ကြုတ်ရင်းနဲ့ ခြင်္သေ့ဆီကိုပြေးသွားခဲ့ပါပြီ။ သူပုံစံက အရမ်းကိုကြောက်စရာကောင်းနေခဲ့တယ်။
ခြင်္သေ့အနားကို သူကပ်လာလေလေ သွက်ချာပါဒအလင်းတန်းရဲ့ အစွမ်းသတ္တိက အနည်းငယ်လျော့ပါးလာလေပါပဲ။ ခြင်္သေ့ကပါးစပ်ကိုဖွင့်ရင်း ဟို့ယွိဟောင်ကို ကိုက်ချဖို့အတွက်ပြင်ဆင်လို့နေခဲ့တယ်။ သူ့ရဲ့ အမွေးတွေကလဲထောင်ထလို့နေခဲ့ပြီ ရွှေရောင်အမွေးတွေအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒါတွေအားလုံးက တိုက်ခိုက်နိုင်စွမ်းအားကောင်းတဲ့လက်နက်တွေလိုပါပဲ။
အစွမ်းအစတွေအားလုံးကို အပြည့်အ၀ထုတ်သုံးလိုက်ပြီချိန်မှာတော့ သူက သားရဲကောင်လေးကောင်ထဲမှာ အသန်မာဆုံးဖြစ်မှန်းသိသာလို့နေခဲ့ပါတယ်။ မျက်လုံးအရောင်လဲပြောင်းသွားခဲ့ပြီ လည်ဆံမွေးတွေကလဲ အရင်ကထက်ပိုပြီး ဆယ်ရာခိုင်နှုန်းမက ရှည်လျားလို့လာခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ဒီကြီးမားတဲ့သတ္ထုဆူးချွန်တွေထဲမှာ လွှမ်းခြုံခံလိုက်ရပါပြီ။
ခြင်္သေ့က ဒီသားရဲကောင်လေးကောင်ထဲမှာ အဝေးပြစ်တိုက်ခိုက်မှုလုပ်နိုင်တဲ့ တစ်ကောင်တည်သောသားရဲကောင်ပါ။ ဒီအဆူးချွန်တွေက အများဆုံးငါးမီတာအထိကိုသာ ရောက်နိုင်ပါတယ်။ ဟို့ယွိဟောင်က ဆူးချွန်တွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်။ ၀ိညာဥ်လက်နက်ကိုအသုံးပြုပြီတော့တောင် ကိုယ့်ကိုကိုယ်မကာကွယ်ထားပါဘူး။ ရေခဲဧကရီရဲ့သံချပ်ကာကိုသာ သူ၀တ်ထားခဲ့တယ်။
ကျင့်ကြံဆင့်က မြင့်တက်လာခဲ့တဲ့အတွက် သူ့ရဲ့ ၀ိညာဥ်စက်ကွင်းနဲ့ စွမ်းအားကလဲအများကြီးအားကောင်းလို့နေခဲ့ပါပြီ။ ဒါကြောင့်ရေခဲဧကရီရဲ့သံချပ်ကာက အရင်ကထက်လဲပိုပြီးသန်မာလို့နေခဲ့ပါတယ်။
” ဒင် ဒင် ဒင် ”
ဆက်တိုက်အသံမြည်သံတွေက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လို့လာခဲ့ပါတယ်။ ဆူးချွန်တွေက သံချပ်ကာကိုဖောက်မထွက်နိုင်ခဲ့ပဲ မြေပြင်ပေါ်ကိုပြုတ်ကျလို့သွားခဲ့ရတယ်။ ဟို့ယွိဟောင်ကတော့ ဒီအခွင့်အရေးကိုအသုံးပြုရင်း ခြင်္သေ့အနားကိုနီးကပ်လို့လာခဲ့ပါပြီ။
ခြင်္သေ့ကတော့ သရဲအရိပ်ခြေရာနည်းလမ်းကို ရင်ဆိုင်ရချိန်မှာ ဘာမှများများစားစားမလုပ်နိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်က သူ့ရဲ့ကိုက်ခဲမှုတွေကိုခုန်ရှောင်ရင်း သူ့ရဲ့အနားကိုပိုကပ်လာခဲ့ပါတယ်။ ခြင်္သေ့ကတော့ ဟို့ယွိဟောင်ရဲ့လက်သည်းတွေဘယ်လောက်ကြောက်စရာကောင်းမှန်း ကောင်းကောင်းသိသွားခဲ့ပါပြီ။ ဒါကြောင့် သူ့တစ်ကိုယ်လုံးကို ဖြူကောင်ကြီးတစ်ကောင်လိုအမွေးတွေထောင်ထားခဲ့ရင်း အသွင်ပြောင်းသွားခဲ့ပါတယ်။ ဒါ့အပြင် ခေါင်းမှာတောင်ဆူးချွန်တွေအပြည့်ဖြစ်အောင် လုပ်ထားရင်းကာကွယ်လို့ထားခဲ့တယ်။
ဟို့ယွိဟောင်ကတော့ ဒါမျိုးကိုအပြည့်အ၀အဖြစ်မခံနိုင်ပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်ကို ပိုအရှိန်မြင့်လိုက်ရင်းနဲ့ ညာဘက်လက်ကိုအသုံးပြုကာခြင်္သေ့ရဲ့ခေါင်းကို တိုက်ခိုက်ပါတယ်။
ဒီဆူးချွန်တွေနဲ့ ထိရင်းဘယ်လိုဖျက်ဆီးမှုဖြစ်လာနိုင်တယ်ဆိုတာ သူဂရုမစိုက်ပါဘူး။ ရေခဲဧကရီရဲ့သံချပ်ကာရှိနေပြီ ထူးဆန်းကျောက်စိမ်းလက်ကိုလေ့ကျင့်ထားရုံတင်မက ရွှေအိုရောင်အကြောက်တရားလက်သည်းပါ ရှိနေမှတော့ဘာကိုများကြောက်နေရမှာလဲ။
ခြင်္သေ့ကတော့ ခန္ဓာကိုယ်ကိုဒိီအချိန်မှာ အပေါ်မြင့်သွားအောင်အားပြုပြီးခုန်လိုက်ရင်းနဲ့ ကြီးမားတဲ့လက်သည်းကြီးတွေကိုအသုံးပြုကာ ဟို့ယွိဟောင်ကိုကုတ်ဆွဲဖို့လုပ်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ခန္ဓာကိုယ်နှစ်ခုထိတွေ့တဲ့နေရာကနေ သတ္ထုတွေလိုမျိုးအသံကထွက်ပေါ်လာခဲ့ပြီ မီးပွားတွေလဲ လွှင့်စင်လို့လာခဲ့ပါပြီ။ ဒါ့အပြင် ဓားသွားတစ်ခုက ဟို့ယွိဟောင်ရဲ့ညာဘက်လက်ကိုထိသွားခဲ့ပါတယ်။
အပိုင်း ၁၄၈•၃ ပြီး၏။