Switch Mode

Chapter – 148.2

ပြင်းထန်တဲ့စစ်ဆေးမှု

အပိုင်း ၁၄၈•၂

” ပြင်းထန်တဲ့စစ်ဆေးမှု ”
°°°
ဟို့ယွိဟောင်ရဲ့ခြေထောက်အောက်ကနေ အဖြူရောင်၀ိညာဥ်စက်ကွင်းသုံးကွင်းက တောက်ပလို့လာခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးအပြင်ဘက်အထိကိုတောက်ပတဲ့ရွှေရောင်အလင်းတန်းတွေက ဖြာထွက်လို့လာခဲ့ပါပြီ။ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုစတင်လိုက်ချိန်မှာတော့ ပတ်ပတ်လည်မီတာတစ်ရာကို လွှမ်းခြုံလို့သွားပါတော့တယ်။ အရမ်းကိုထင်ရှားတဲ့ပုံရိပ်တွေက ဟယ့်ချိုက်ထို့ရဲ့ ခေါင်းထဲမှာရောက်ရှိလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှု နယ်မြေကိုခြုံချလိုက်ရင်း ၀ိညာဥ်စွမ်းအားကုန်ဆုံးမှုကို ချွေတာထားပါတယ်။

သူ့မှာ၀မ်သုန့်လဲမရှိသလို ဟောင်သုန့်စွမ်းအားလဲမရှိတာကြောင့် ရွှေရောင်အလင်းတန်းတွေကို အသုံးပြုပြီး သူ့ကိုယ်သူပြန်လည်ကောင်းမွန်အောင်လုပ်လို့မရပါဘူး။ ဒါကြောင့် သူကိုယ်တိုင်လဲ ဟယ့်ချိုက်ထို့အပေါ်မှာသာ မှီခိုရမှာပါ။

ရောင်စဥ်တန်း၀ံပုလွေက သူတို့ရှေ့ကိုပြေး၀င်လို့လာခဲ့ပါပြီ။ ဟယ့်ချိုက်ထို့ရဲ့တစ်ကိုယ်လုံးတချွင်ချွင်တွေအသံတွေမြည်လာခဲ့ရင်း သေးငယ်တဲ့၀ိညာဥ်အမြောက်ဆယ်နှစ်ခုကသူ့ခန္ဓာကိုယ်အပေါ်မှာပေါ်ထွက်လို့လာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ အကြံပြုချက်အတိုင်း ဒီ၀ိညာဥ်လက်နက်တွေကို ရွေးချယ်ထားတာဖြစ်သလို တိုက်ခိုက်ပြီတာနဲ့ ဆုတ်ခွာဖို့အတွက် ချက်ချင်းပြင်ဆင်ကြတော့တယ်။

နှစ်တစ်ထောင်ရောင်စဥ်တန်း၀ံပုလွေက သူတို့ဆီကို ချက်ချင်းပြေး၀င်မလာခဲ့ပါဘူး။ ဟို့ယွိဟောင်နဲ့ ဆယ်မီတာအကွာမှာ ရောက်ရောက်ချင်း သူ့ခန္ဓာကိုယ်ကနေ နောက်ထပ်၀ံပုလွေနှစ်ကောင်ထွက်ပေါ်လို့လာခဲ့ပါတော့တယ်။ ဒီ၀ံပုလွေသုံးကောင်က နေရာသုံးခုကနေ လာရောက်နေခဲ့ပါတယ်။ တစ်ကောင်ကဟို့ယွိယောင်ကို ဦးတည်နေခဲ့ပြီ တစ်ကောင်ကတော့ ဟယ့်ချိုက်ထို့ဆီကို ဦးတည်လို့နေခဲ့တယ်။

တစ်ကောင်ကတော့ ရောင်စဥ်တန်းကိုယ်ပွားတွေပါ။ ရောင်စဥ်တန်း၀ံပုလွေရဲ့ မွေးရာပါစွမ်းရည်တစ်မျိုးပါပဲ။ ဒီအကောင်ထဲမှာ တစ်ကောင်ကသာအစစ်ဖြစ်ပြီ ကျန်တဲ့အကောင်နှစ်ကောင်ကတော့ တိုက်ခိုက်နိုင်စွမ်းမရှိတဲ့အကောင်တွေပါ။ သူ့ရဲ့ဒီမွေးရာပါစွမ်းရည်က အသုံး၀င်ရုံတင်မက အတော်ကိုအကျိုးရှိပါတယ်။ ၀ိညာဥ်ပညာရှင်တွေက သူ့တို့ရဲ့၀ိညာဥ်စွမ်းရည်ကိုအသုံးချပြီ ဒါကိုမဖော်ထုတ်နိုင်ခဲ့ဘူးဆိုရင် သေချာပေါက် ၀ိညာဥ်ပညာရှင်အနေနဲ့ အခွင့်အရေးတောင် ရလိုက်မှာမဟုတ်ပါဘူး။ ရောင်စဥ်တန်း၀ံပုလွေတွေက ဒီအစွမ်းတွေကြောင့်သာ မဟုတ်ရင်အစောကြီးကထဲက မျိုးတုန်းသွားလောက်ပါပြီ။ လက်ရှိအချိန်မှာကတော့ နှစ်တစ်ထောင်ရောင်စဥ်တန်း၀ံပုလွေတွေက များပြားတဲ့အတွက် ၀ိညာဥ်ပညာရှင်တွေကောင်းကောင်းရွေးချယ်လို့ရတဲ့အနေအထားမှာ ရှိနေခဲ့တယ်။ ဟို့ယွိဟောင်က ဒီလှုပ်ရှားနေတဲ့ ပုံရိပ်သုံးခုနဲ့အတူ ဆက်တိုက်တုန့်ပြန်လိုက်ပါတယ်။ သူ့ရဲ့ သရဲအရိပ်ခြေရာကို အသုံးပြုရင်း ပုံရိပ်ယောင်တွေအဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။

သူ့ရဲ့အစွမ်းအစတွေက ၀ိညာဥ်စက်ကွင်းတွေရဲ့ အင်အားတိုးမြင့်လာတာနဲ့ အကျိုးရှိမှုကလဲ မြင့်တက်လို့လာပါတယ်။ အရှိန်နှုန်းက အတော်ကိုမြန်ဆန်လို့လာခဲ့ပြီ ခန္ဓာကိုယ်ရဲ့အသက်စွမ်းအားတိုးတက်မှုနဲ့အတူ လက်ရှိအချိန်မှာကျားသစ်တစ်ကောင်လိုမျိုး သူပြေးထွက်လို့နေခဲ့ပါတယ်။

သူ့ခန္ဓာကိုယ်က ဘယ်ဘက်မှာရှိတဲ့၀ံပုလွေဆီကိုရောက်သွားခဲ့ပြီ ညာဘက်လက်ကိုအသုံးပြုရင်း ၀ံပုလွေကိုရိုက်ချလိုက်တယ်။ တကယ်အချိန်ကောင်းကို ရွေးပြီတိုက်ခိုက်ခဲ့သလို ၀ံပုလွေကလဲ နောက်ထပ်နေရာပြောင်းပြီမလှုပ်ရှားနိုင်တော့ပါဘူး။ သူ့ရဲ့အရှေ့ခြေထောက်ကို မြောက်ရင်းနဲ့သာ ဟို့ယွိဟောင်ကို ကုန်ပြစ်ဖို့လုပ်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ ဟို့ယွိဟောင်ရဲ့ညာဘက်လက်ကိုကိုက်ထုတ်ပြစ်ဖို့အတွက် ကြိုးစားလို့နေခဲ့တယ်။

ဒီလိုမျိုးသူတိုက်ခိုက်နေခဲ့တာဆိုတော့ ဟို့ယွိဟောင်ရဲ့လက်မောင်းနဲ့ တခြားအင်အားတွေကို အကြမ်းဖျင်းတွက်ချက်ခဲ့လို့ပါပဲ။ ချက်ချင်းဆိုသလို မမျှော်လင့်ထားတဲ့အချိန်မှာ ဟို့ယွိဟောင်ရဲ့လက်ချောင်းထိပ်ကနေ ရွှေရောင်ဓားသွားငါးခုက ထွက်ပေါ်လာခဲ့ပါတယ်။

ဒီဓားသွားတွေက တစ်ပေကျော်လောက်ရောက်ချိန်မှာတော့ ရပ်တန့်လို့သွားခဲ့ပါပြီ။ ဒါကြောင့် သူ့ရဲ့တိုက်ခိုက်မှုက ၀ံပုလွေရဲ့ခေါင်းပေါ်ကိုရောက်သွားခဲ့ပြီ ချွန်ထက်တဲ့ဓားသွားတွေက နဖူးထဲကို ထိုးဖောက်လို့သွားခဲ့တယ်။

အဲ့ဒီနောက် ခန္ဓာကိုယ်ရဲ့အရှိန်ကိုအသုံးပြုရင် ၀ံပုလွေတွေကို မြေပြင်ပေါ်ပြားပြား၀ပ်သွားအောင် ဖိချဖို့လုပ်ပါတော့တယ်။ ၀ံပုလွေရဲ့လက်သည်းတွေက သူ့ကိုမတိုက်ခိုက်နိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်က ညာဘက်လက်မောင်းအင်အားကို အသုံးပြုရင်းခန္ဓာကိုယ်ကိုလေထဲမှာ မြောက်လိုက်ကာ၀ံပုလွေကိုဖိချပြစ်လိုက်ပါတယ်။

၀ံပုလွေကတော့ ကြောက်လန့်တရားအော်ဟစ်ရင်း ဒီရွှေရောင်ဓားသွားတွေက နဖူးကိုဖောက်ထွက်သွားခဲ့တဲ့အတွက် သတ်ဖြတ်ခံလိုက်ရပါပြီ။ ဟယ့်ချ်ိုက်ထို့ကတော့ နေရာကနေတောင်မလှုပ်ရှားရသေးပါဘူး။ တခြားပုံရိပ်ယောင်၀ံပုလွေနှစ်ကောင်က သူနဲ့ဟို့ယွိဟောင်ဆီကိုခွဲပြီဲပြေးလာနေခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ တစ်ဖက်မှာရှိနေတဲ့၀ံပုလွေသေသေချင် ဒိီအကောင်တွေကလဲ ပျောက်ကွယ်လို့သွားပါတော့တယ်။

စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ ယှဥ်လိုက်မယ်ဆိုရင် ဒီအလင်းတန်းကိုယ်ပွားတွေက ဟာသတစ်ခုဖြစ်နေခဲ့မှာပါ။ သူတို့ကဟို့ယွိဟောင်ကို ဘယ်လိုများ လှည့်စားလို့ရနိုင်မှာလဲ။

ဟို့ယွိဟောင်က သူ့ရဲ့ဘက်ဘက်လက်ကိုအသုံးပြုရင်း ၀ံပုလွေခေါင်းကို ရိုက်ချလိုက်ကာ တစ်ချက်လှည့်လိုက်ပါတော့တယ်။ ၀ံပုလွေကတော့ မြေပြင်ပေါ်မှာမလှုပ်မယှက်ရှိနေခဲ့ပါတယ်။ ဒီ၀ံပုလွေခန္ဓာကိုယ်ကနေ သွေးတစ်စက်မှထွက်မလာခဲ့ပဲ ခရမ်းရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းသာ ထွက်လာခဲ့တော့တယ်။

” ဖန်းယွီ မင်းအနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်တစ်ခုကို ဖန်တီးပြီးပြီလား ”

ချင်းသောသောက မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။ သူကရှန်လင်းအယ်နဲ့ ဖန်းယွီဘေးမှာရှိနေခဲ့ပြီ ဒီပြိုင်ပွဲကိုစောင့်ကြည့်နေခဲ့တာပါ။

ဖန်းယွီလဲအံ့အားသင့်နေခဲ့ပါတယ်။

” မဟုတ်ရပါဘူး…အဲ့ဒီဓားတွေက ဘာတွေမှန်းတောင်ကျွန်တော်မသိဘူး…ဒါကိုသူ့ဘာသာသူဖန်တီးထားတာများလား ”

” ဒါမဖြစ်နိုင်တာပဲလေ ၀ံပုလွေတွေကခွေးတွေနဲ့ တူတယ်…သူတို့ရဲ့ခေါင်းတွေက အရမ်းမာလွန်တယ်…ခန္ဓာကိုယ်ကတော့ အားနည်းပေမဲ့ ဒီဦးခေါင်းခွံဆိုတာက ခန္ဓာကိုယ်တစ်ခုလုံးမှာ အမာဆုံးအစိတ်အပိုင်းပဲ သူက နှစ်တစ်ထောင်သက်တမ်းရှိပြီ ဘာခုခံမှုအပြည့်အ၀မှရှိမနေပေမဲ့ သူခေါင်းကတော့တော်တော်လေးကိုမာတယ်…ဒါကိုယွိဟောင်က လွယ်လွယ်လေးဖောက်ထုတ်ပြစ်လိုက်တယ်တဲ့လေ အဆင့်ငါး အဆင့်ခြောက်အနီးကပ်တိုက်ခိုက်ရေး၀ိညာဥ်လက်နက်တွေတောင် ဒါမျိုးကိုလုပ်နိုင်မှာမဟုတ်ဘူး…သူဒါကိုဘယ်လိုလုပ်ဖန်တီးပြီအသုံးပြုလို့ရနိုင်မှာလဲ ”

” အဲ့ဒါ၀ိညာဥ်အရိုးပဲ ”

ရှန်လင်းအယ်က ပြောလာခဲ့ပါတယ်။

” ၀ိညာဥ်အရိုးလား အဲ့ဒီကလေးမှာ ညာဘက်လက်မောင်းအရိုးရှိသွားပြီလား ”

ဖန်းယွီလဲ အထိတ်တလန့်ဖြစ်သွားခဲ့ပါတယ်။

” သူပြိုင်ပွဲကပြန်လာပြီတဲ့နောက် ဘယ်ဘက်လက်မောင်းအရိုးတစ်ခုပဲရှိတာကို မှတ်မိပါတယ် ”

တိုက်ပွဲက သူတို့စကားပြောနေကြချိန်မှာ မရပ်တန့်ခဲ့ပါဘူး။ ဟို့ယွိဟောင်ခြေထောက်က မြေပြင်ပေါ်ကိုကျတာနဲ့ ချက်ချင်းလျှောဆင်းလို့သွားခဲ့ပါပြီ။ သူ့ရဲ့ညာဘက်လက်ထဲမှာရှိနေတဲ့ဓားသွားတွေက ပြန်မသိမ်းခဲ့ပဲ မြေပြင်ပေါ်ကိုသာထောက်ထားခဲ့တယ်။

ဒါကြောင့် ပတ်ပတ်လည်ဆယ်စတုရန်းမီတာအထိကိုတုန်ခါသွားစေတဲ့အထိ လှုပ်ရှားပြုလုပ်နိုင်ခဲ့ပါတယ်။ ဖုန်တွေသဲတွေက ဒီနေရာပတ်လည်မှာ အရမ်းကိုထူထပ်လို့နေခဲ့ပြီ ရုတ်တရက်ဆိုသလို ကြီးမားတဲ့အစိမ်းရင့်ရောင်အကြေးခွံတွေနဲ့ မြွေကြီးတစ်ကောင်က ပေါ်လာခဲ့ပါတော့တယ်။ ဒီမြွေကြီးက ခြောက်မီတာကျော်ရှည်လျားပြီ ခန္ဓာကိုယ်ကြီးကလဲ အတော်ကိုကြမ်းကြမ်းတမ်းတမ်းနဲ့ လှုပ်ရှားလို့နေခဲ့တယ်။ ဟို့ယွိဟောင်က သူ့ရဲ့ခေါင်းပေါ်ကနေဖြတ်ကျော်ရင်း လျှောဆင်းလာခဲ့တာပါ။

မြွေတွေရဲ့အသက်စွမ်းအားက ၀ံပုလွေထက်ကိုပိုပြီးကြီးမားပါတယ်။ ဒါကြောင့် အလွယ်လေးမသေဆုံးနိုင်ခဲ့ပါဘူး။ ခေါင်းကိုဟိုဘက်ဒီဘက်ခါရမ်းရင်းနဲ့ ဟို့ယွိဟောင်ကို ဒဏ်ရာရအောင်လုပ်ဖို့ကြိုးစားနေခဲ့ပါတယ်။ သူ့ရဲ့ခေါင်းမှာရှိတဲ့ ဒဏ်ရာတွေကတော့ ဆက်တိုက်ဆိုသလို သွေးတွေစိမ့်ထွက်လို့နေခဲ့ပါပြီ။ သူ့ရဲ့အသက်စွမ်းအားက ဘယ်လောက်ပဲသန်မာပါစေ ခေါင်းမှာရှိနေတဲ့သေစေနိုင်လောက်တဲ့ ဒဏ်ရာငါးခုကိုဘယ်လိုများ ကျော်ဖြတ်နိုင်မှာလဲ။

ဒါကနှစ်တစ်ထောင်မဟူရာအကြေးခွံမြွေးနဂါးဖြစ်သလို တိုက်ခိုက်ဖို့မပြင်ဆင်ရသေးခင်အချိန်မှာပဲ ဟို့ယွိဟောင်က သူ့ကိုသတ်ဖြတ်ပြစ်လိုက်ပါပြီ။ ဒါက စိတ်၀ိညာဥ်ထောက်လှမ်းမှုရဲ့အစွမ်းအစကြောင့်ပါပဲ။

ဟယ့်ချိုက်ထို့ကတော့ အခုအချိန်မှာ မတိုက်ခိုက်ရသေးပဲရှိပါတယ်။ ဟို့ယွိဟောင် မြေပြင်ပေါ်ကိုနောက်တစ်ကြိမ်ပြန်ကျလာချိန်မှာတော့ သူ့ရဲ့ခြေထောက်တွေက အလျင်အမြန်ရွေ့လျားလို့သွားခဲ့ရင်း နောက်ဖက်ဆယ်မီတာအထိကို ဆုတ်ခွာလို့သွားခဲ့တယ်။ မြွေနဂါးရဲ့တိုက်ခိုက်မှုက သူ့ဆီကိုရောက်ရှိမလာနိုင်အောင် ရှောင်ရှားလိုက်တာပါ။

နှစ်တစ်ထောင်သားရဲကောင်နှစ်ကောင်ကတော့ စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်ရပါပြီ။ အစောပိုင်းတုန်းက ကလေးတွေထိခိုက်မှာစိုးရိမ်နေခဲ့တဲ့ ကုန်ချန်းလုံကတော့ အခုအချိန်မှာမချိမရဲသာဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်က တကယ်ပဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိနိုင်တာဖြစ်နိုင်လို့လား။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စက်ကွင်းတွေအားလုံးက အဖြူရောင်တွေဖြစ်နေခဲ့တယ်။ ဒါကဘာတွေကြောင့်များလဲ။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်က ၀ိညာဥ်သားရဲကောင်နှစ်ကောင်ကို အောင်အောင်မြင်မြင်သတ်ဖြတ်ပြီတဲ့နောက် တခဏတာအသက်ရှုချောင်သွားခဲ့ပါတယ်။ တကယ်တော့ ဒီလိုအခြေအနေမျိုးမှာ သူတို့ နားဖို့မလိုသေးပါဘူး။

ဟယ့်ချိုက်ထို့ကလဲ ဆရာတွေနဲ့ထပ်တူ ထိတ်လန့်လို့နေခဲ့ပါတယ်။

ဆရာတွေနဲ့ယှဥ်မယ်ဆိုရင် သူကဟို့ယွိဟောင်ရဲ့အစွမ်းအစတွေကို ပိုပြီးရင်းနှီးတဲ့သူပါ။ ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့ ၀ိညာဥ်အကြီးအကဲတွေအားလုံးက နှစ်တစ်ထောင်သားရဲကောင်နဲ့အဆင့်အတူတူပါပဲ။ ဒါပေမယ့် ၀ိညာဥ်အကြီးအကဲတွေအားလုံးက နှစ်ထောင်သားရဲကောင်ကို အလွယ်လေးသတ်နိုင်တာတော့မဟုတ်ပါဘူး။

ပေ့ပေ့နဲ့ပထမဆုံးတွေ့ဆုံချိန်မှာ ဟို့ယွိဟောင်ကသူ့ကိုကူညီပြီ နှစ်တစ်ထောင်သားရဲကောင်ကိုသတ်ခဲ့ပါတယ်။ အကယ်၍ သူတစ်ယောက်ထဲမှာ တွေ့ကြုံခဲ့ရမယ်ဆိုရင် ပေ့ပေ့ကိုယ်တိုင်တောင်မှ ဒီသားရဲကောင်ခုခံနိုင်ဖို့အပြည့်အ၀ယုံကြည်ချက်မရှိတဲ့အကြောင်းပြောပြခဲ့တယ်။ သူပြောခဲ့တာက နှစ်ပေါင်းခုနှစ်ထောင် ရှစ်ထောင်၀ိညာဥ်သားရဲကောင်ကို ပြောချင်တာပါ။

လက်ရှိအချိန် သူတို့ကြုံတွေ့လိုက်ရတဲ့ ၀ိညာဥ်သားရဲကောင်နှစ်ကောင်က နှစ်တစ်ထောင်အစပိုင်းကျင့်ကြံဆင့်တွေကိုသာ ပိုင်ဆိုင်ကြပါသေးတယ်။ ဟို့ယွိဟောင်က ကံကောင်းပြီစိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးပြုရင်း လှုပ်ရှားမှုတွေကိုအာရုံခံနိုင်စေဦးတော့ သူ့ရဲ့ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံမရှိဘူးဆိုရင် ဒီလိုမျိုးမြန်မြန်ဆန်ဆန် သတ်ဖြတ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ၀ိညာဥ်သားရဲကောင်တွေအားလုံးကလဲ ဦးခေါင်းခွံမာကြောလွန်လှပါတယ်။

ဒီအကြောက်တရားလက်သည်းတွေကို ဟယ့်ချိုက်ထို့ ဘယ်တုန်းကမှမမြင်ဖူးခဲ့ပါဘူး။ ၀ိညာဥ်သားရဲကောင်တွေကိုသတ်တဲဲ့အချိန်မှာလဲ ၀ိညာဥ်စွမ်းအားတစ်ချက်လေးမှမထုတ်ပဲသတ်လိုက်တာသူသိခဲ့ပါတယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ဆက်ထိန်းထာခဲ့ရင်း သူ့ရဲ့အင်အားသီးသန့်နဲ့သာ ဒီ၀ိညာဥ်သားရဲကောင်တွေကို သတ်ဖြတ်ခဲ့တာပါ။ ဒါ့အပြင် သားရဲကောင်တွေက တိုက်ခိုက်ချိန်တောင်မရလိုက်ပါဘူး။ အထူးသဖြင့်မြွေနဂါးပါပဲ။ သူက အလစ်၀င်တိုက်ချင်ပေမဲ့ အရင်ဆုံးအသတ်ခံလိုက်ရပါတယ်။

လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်ကို ဒီအကြောင်းတွေမေးမြန်းနေဖို့ ဟယ့်ချိုက်ထို့မှာအချိန်မရှိသေးပါဘူး။ သူတို့ရဲ့စမ်းသပ်ချက်က အခုမှစတင်တုန်းဖြစ်ပါသေးတယ်။ ဟို့ယွိဟောင်က အင်အားအပြည့်အ၀ကို ထုတ်ဖော်ပြသနေပြီဖြစ်ပေမဲ့ ဒီစမ်းသပ်ချက်ရဲ့သဘာ၀ကိုတော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

သူတို့နှစ်ယောက်ဆီကို နောက်ထပ်၀ိညာဥ်သားရဲကောင်လေးကောင်က အရပ်မျက်နှာလေးခုကနေ ပြေး၀င်လို့လာခဲ့ပါတယ်။ ဒီ၀ိညာဥ်သားရဲကောင်တွေအားလုံးက မတူညီကြပါဘူး။ ဒါပေမယ့် သေချာပေါက် နှစ်တစ်ထောင်အထက်ကိုရောက်နေပြီဖြစ်တဲ့သားရဲကောင်တွေကြီးပါပဲ။

ဒါတွေကတော့ ခြင်္သေ့တစ်ကောင် ကျားတစ်ကောင် ကျားသစ်တစ်ကောင် ၀က်၀ံတစ်ကောင်ပါ။ သူတို့ရဲ့အင်အားက မတူညီပါဘူး။ အကြောက်တရား၀က်၀ံလိုပါပဲ နှစ်တစ်ထောင်ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံက နှစ်တစ်သောင်းနတ်ဆိုးကျားအသွင်ကြောင်ကိုမကြောက်တဲ့အတိုင်း ဒီသားရဲကောင်မျိုးစိတ်လေးခုကလဲ ထူးချွန်ပြီအားကောင်းတဲ့ သွေးသားမျိုးဆက်တွေကို ပိုင်ဆိုင်ထားခဲ့တဲ့အတွက် သူတို့ရဲ့အင်အားက သာမန်၀ိညာဥ်သားရဲကောင်အများစုထက်ကို ပိုပြီးကြီးမားပါတယ်။

ဒါ့အပြင် ဒီသားရဲကောင်လေးကောင်က တူညီတဲ့ဓာတ်သဘောသဘာ၀ကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ ရှားပါးတဲ့သံသတ္ထုအမျိုးအစားတောင် ဓာတ်သဘောသဘာ၀ကို ပိုင်ဆိုင်ထားခဲ့တာပါ။ ဒါကြောင့် သူတို့တွေက ခန္ဓာကိုယ်ကို အသုံးပြုရတဲ့အတိုင်းအနီးကပ်တိုက်ပွဲတွေမှာ အတော်ကိုထူးချွန်ကြပါတယ်။ သူတို့ရဲ့ခုခံနိုင်စွမ်းကလဲ အင်မတန်ကိုမြင့်မားပြီ တိုက်ခိုက်မှုကလဲ ထပ်တူပါပဲ။

သားရဲကောင်လေးကောင်က မတူညီတဲ့အသံတွေနဲ့ ဟိန်းဟောက်လိုက်ရင်း ဟို့ယွိဟောင်တို့အနားကိုအရှိန်ပြင်းပြင်းနဲ့ ပြေး၀င်တိုက်ခိုက်ဖို့လုပ်နေခဲ့ပါတယ်။

နှစ်တစ်ထောင်ရွှေရောင်ကျားသစ်ကတော့ အမြန်ဆုံးပါပဲ။ သူ့ရဲ့အ၀ါရောင်မျက်လုံးတွေက အရမ်းကိုတောက်ပလို့နေခဲ့ပြီ လည်ပင်းပတ်လည်မှာတော့ သတ္ထုဆူးချွန်ငါးခုအတန်းလိုက်ရှိနေခဲ့ပါတယ်။ ဆူးချွန်တစ်ခုချင်းဆီတိုင်းက သုံးလက်မကျော်ရှည်လျားပြီ သူ့ရဲ့လည်ပင်းတစ်ခုလုံးကို ဖုံးလွှမ်းလို့ထားခဲ့တယ်။ အရမ်းကိုမြန်မြန်ဆန်ဆန်လှုပ်ရှားပေမဲ့ ထိပ်တိုက်ပြေး၀င်တာမျိုးတော့ သူမလုပ်ခဲ့ပါဘူး။ ၀ိညာဥ်သားရဲကောင်လေးကောင်က တစ်သားထဲဖြစ်နေခဲ့ပြီ ပူးပေါင်းတိုက်ခိုက်ဖို့အသင့်ဖြစ်နေခဲ့တယ်။

ဒီနေရာက အမျက်ဒေါသကျောင်းတော်ရဲ့ သားရဲကောင်တိုက်ခိုက်ရေးနယ်မြေပါ။ တချို့သားရဲကောင်တွေက လေ့ကျင့်ပြီသားဖြစ်ပါတယ်။ အဆင့်မြင့်မားတဲ့၀ိညာဥ်သားရဲကောင်တွေက အသိပညာလဲမြင့်မားတာကြောင့် သူတို့ကိုလေ့ကျင့်ပေးဖို့ဆိုတာ လုံး၀မဖြစ်နိုင်တဲ့အရာတော့မဟုတ်ခဲ့ပါဘူး။ လျှို့၀ှက်နည်းလမ်းတွေကတော့ ကျောင်းတော်ထဲမှာ ထိန်းသိမ်းထားပါတယ်။

အပြုံးတစ်ခုက ဟို့ယွိဟောင်ရဲ့မျက်နှာပေါ်မှာဖြစ်ပေါ်လို့လာခဲ့ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတဲ့လား သူတို့တွေကို ဒီလိုစိတ်ရှိတိုင်းဘယ်လိုလုပ်လုပ်ခွင့်ပြုရမှာလဲ။

” တိုက်ခိုက်မယ် ”

ဟို့ယွိဟောင်အော်လိုက်ပြီတဲ့နောက် ဟယ့်ချိုက်ထို့နဲ့အတူ အရှေ့အရပ်ဆီကို ဦးတည်လို့သွားခဲ့ပါတယ်။ အဲ့ဒီနေရာမှာတော့ နှစ်တစ်ထောင်ရွှေ၀က်၀ံရှိနေခဲ့တာပါ။ ကြီးမားပြီတုတ်ခိုင်တဲ့ခန္ဓာကိုယ်ကြီးက သုံးမီတာကျော်မြင့်မားပြီ ရွှေရောင်အလင်းတန်းတွေလဲ ဖြာထွက်လို့နေခဲ့ပါတယ်။ သူက ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့ အင်အားကိုမယှဥ်နိုင်ပေမဲ့ အမွေးနဲ့အရေပြားတွေက ဒီသားရဲကောင်လေးကောင်ထဲမှာ အားအကောင်းဆုံးပါပဲ။ ဒါ့အပြင် အသန်မာဆုံးလဲဖြစ်နေခဲ့တယ်။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်ပြေး၀င်လာတာကို မြင်ချိန်မှာ ၀က်၀ံကဟိန်းဟောက်ရင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့လုပ်ပါတော့တယ်။ တခြားသားရဲကောင်တွေကလဲ အရှိန်မြင့်လိုက်ပြီ လူသားနှစ်ယောက်ကို ခပ်မြန်မြန်၀န်းရံလိုက်ပါပြီ။ ရွှေရောင်ကျားသစ်ကတော့ အမြန်ဆုံးဖြစ်တာကြောင့် သူတို့နှစ်ယောက်ကိုအ၀ါရောင်ခန္ဓာကိုယ်လျှပ်စီးတန်းတွေလို ပြေးလိုက်လို့လာခဲ့ပါတယ်။ မျက်နှာချင်ဆိုင်မှာရှိနေခဲ့တဲ့ ရွှေ၀က်၀ံကတော့ အနောက်ကတိုက်ခိုက်မှုတွေကို အဓိကအားထားရင်း သူတို့ကို ဖိအားပေးဖို့လုပ်နေခဲ့တယ်။

ဟို့ယွိဟောင်က ရုတ်တရက်ခေါင်းမော့ပြီ အပြေးခုန်လိုက်ပါပြီ။ သူ့ရဲ့မျက်လုံးထဲကနေ ခရမ်းရွှေရောင်အလင်းတန်းနှစ်ခုက ထွက်ပါတော့တယ်။ ၀က်၀ံရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ခါလို့သွားခဲ့ပြီတဲ့နောက် ခြေထောက်တွေက မြေပြင်ပေါ်ကို ခိုင်ခိုင်မရပ်နိုင်ပဲနဲ့ သူ့ရဲ့ကြီးမားပြင်းထန်တဲ့ အလေးချိန်ကြောင့် သူ့ရဲ့အရှေ့ခြေရဲ့အရိုးနှစ်ခုက ကွဲအက်လို့သွားခဲ့ရတယ်။

ဟို့ယွိဟောင်ရဲ့ကျင့်ကြံဆင့်က ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိနေပြီဖြစ်သလို ကံကြမ္မာမျက်၀န်းကိုလဲ ပိုင်ဆိုင်လို့ထားပါတယ်။ စိတ်၀ိညာဥ်စွမ်းအားကိုကံကြမ္မာမျက်လုံးကြောင့် အများကြီးမြင့်တင်ထားနိုင်ခဲ့တဲ့အတွက် စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးပြုရင်း ဒီ၀က်၀ံရဲ့ဦးနှောက်ကို သူတိုက်ရိုက်တိုက်ခိုက်လိုက်တာပါ။

အပိုင်း ၁၄၈•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset