Switch Mode

Chapter – 147.2

ပေါင်းစည်းမှုနဲ့ အမြင်သစ်တွေ

အပိုင်း ၁၄၇•၂

” ပေါင်းစည်းမှုနဲ့ အမြင်အသစ်တွေ ”
°°°
အကြီးအကဲမုက ပြုံးပြရင်းနဲ့ ခေါင်းခါနေခဲ့ပါတယ်။

” ငါအဆင်ပြေတယ်..အခုအရွယ်နဲ့ စိတ်မချမ်းသာစရာတရားတွေကို လက်ခံနိုင်ဖို့အတွက် သင်ယူထားပြီးသား မစိုးရိမ်နဲ့ ငါရဲ့ခန္ဓာကိုယ်က အမျက်ဒေါသကျောင်းတော်ကို ကာကွယ်နိုင်နေသရွေ့ တစ်ရက်ဆိုရင်လဲတစ်ရက်ဆိုသလောက် လုံး၀လက်လျှော့မှာမဟုတ်ဘူး ”

ဟို့ယွိဟောင်စကားဆက်ပြောချင်ပေမဲ့ အကြီးအကဲမုက သူ့ကိုတားလိုက်ပါတယ်။

” အခုသွားပြီတော့ ပညာသင်တော့ စက္ကန့်တိုင်းက မင်းအတွက်အရေးကြီးတယ်…ဖန်းယွီကို ငါအကြောင်းကြားပြီပြီ အခုမင်းရဲ့၀ိညာဥ်စက်ကွင်းကို စုပ်ယူပြီပြီဆိုမှတော့ သူ့ဆီမှာသွားပြီသုံးရက်သင်ကြားပြီးရင်မင်းရဲ့ တစ်ပတ်တာလေ့ကျင့်မှုက စတင်လိမ့်မယ် ”

ဟို့ယွိဟောင်က အကြီးအကဲမုကို တစ်ချက်ကြည့်ပြီတဲ့နောက် ခေါင်းငုံ့ကာဦးညွတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် လှည့်ထွက်လို့သွားခဲ့ပါပြီ။

အကြီးအကဲမုရဲ့အခန်းတံခါးကို ဖြည်းဖြည်းချင်းပိတ်ပြီတဲ့နောက် ၀မ်းနည်းမှုတွေက သူ့စိတ်ထဲကိုတိုး၀င်လို့လာပါတော့တယ်။ ဟို့ယွိဟောင်က ကံကြမ္မာမျက်လုံးကို ရရှိထားပြီးပြီဖြစ်တာကြောင့် ကိစ္စတော်တော်များများမှာ အာရုံခံနိုင်စွမ်းက အများကြီးပိုပြီးတိုးတက်လို့လာခဲ့ပါတယ်။ အကြီးအကဲမုရဲ့အသက်စွမ်းအားတွေ ဘယ်လောက်အထိ ကျဆင်းနေလဲဆိုတာကို သူရှင်းရှင်းလင်းလင်းခံစားနေခဲ့မိတယ်။ အကြီးအကဲမုက တစ်နှစ်ကျော်တောင်ရှင်သန်ဖို့မလွယ်တော့ပါဘူး။ ဒါ့အပြင် ဒီလိုသဘာ၀အလိုက်အသက်စွမ်းအားကျဆင်းလာခဲ့မှုကို ရပ်တန့်လို့လဲမရနိုင်ပါဘူး။

ဟို့ယွိဟောင်က အကြီးအကဲမုရဲ့ တံခါးအရှေ့မှာနောက်ထပ်ဆယ်စက္ကန့်လောက် တိတ်တဆိတ်ရပ်နေခဲ့ပါတယ်။ အဲ့ဒီနောက် ဖြည်းဖြည်းချင်းခန်းမထဲကနေထွက်လာခဲ့ပါပြီ။ အကြီးအကဲမု သူ့ကိုလေးလေးနက်နက်စိုက်ကြည့်ခဲ့တဲ့အချိန်မှာ ဒီမျက်၀န်းတွေထဲကနေ မမေ့နိုင်လောက်စရာမျှော်လင့်ချက်တွေကို သူမြင်တွေ့ခဲ့ရပါတယ်။ အကြီးအကဲမုကို စိတ်ချမ်းသာစေဖို့လုပ်နိုင်မဲ့တစ်ခုတည်သောနည်းလမ်းက သူ့ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို အကောင်းဆုံးမြင့်တင်ဖို့ပါပဲ။

အကြီးအကဲမုကတော့ သူ့ရဲ့အခန်းထဲမှာထိုင်နေရင်းနဲ့ ခပ်တိုးတိုးပြောနေခဲ့ပါတယ်။

” ကလေး မင်းအပေါ်မှာရောက်လာတဲ့ဖိအားက အရမ်းကိုစောလွန်တယ်…ဒါပေမယ့် ငါမှာရွေးချယ်စရာမရှိတော့ဘူး .ငါမှာအချိန်မှသိပ်မကျန်တော့ပဲလေ ”

မာရှောင်ထောင့်အကြောင်းကို သူမပြောခဲ့ပါဘူး။ ဟို့ယွိဟောင်ကို အာရုံလွှင့်ပါးမှုမရှိပဲနဲ့ လေ့ကျင့်စေချင်တာကြောင့်ပါ။

ဟို့ယွိဟောင်က မပျံသန်းနိုင်တဲ့အတွက် ပင်လယ်နတ်ဘုရားကျွန်းကနေ အပြင်ကိုထွက်ခွာဖို့အတွက် ယာဥ်တစ်ခုကိုစီးနင်းလာရပါတယ်။ လက်ရှိအချိန်မှာ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိပြီဖြစ်တာကြောင့် သူ့အနေနဲ့ ပျံသန်းရေးလက်နက်အမျိုးအစားတစ်ခုကို အသုံးပြုပြီး ပျံသန်းလို့လဲ ရနေခဲ့ပါတယ်။

ရေမျက်နှာပြင်ကိုဖြတ်သန်းရင်း ပျံသန်းလာပြီတဲ့နောက် အပြင်နယ်မြေကို သူရောက်ရှိလာခဲ့ပါပြီ။ အပြင်နယ်မြေကို ခြေချလိုက်ပြီချိန်မှာတော့ ၀မ်းနည်းမှုတွေက ပျောက်ကွယ်လို့သွားခဲ့ပြီ ထိန်းသိမ်းလို့မရနိုင်တဲ့စိတ်အားထက်သန်းမှုတွေက အစားထိုး၀င်ရောက်လာခဲ့ပါတော့တယ်။

သူ့ရဲ့၀မ်းနည်းနေတဲ့ခံစားချက်တွေအားလုံးကို ဖယ်ရှားလိုက်ပြီတဲ့နောက် ၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေဆီကို သူအပြေးသွားပါတော့တယ်။ အဲ့ဒီနယ်မြေမှာတော့ ဖန်းယွီက ပုံမှန်အတိုင်းရပ်နေဆဲပါ။

” ဆရာကျွန်တော်ရောက်ပါပြီ ”

ဟို့ယွိဟောင်က ခပ်မြန်မြန်ပြေးလာခဲ့ပါတယ်။

ဖန်းယွီက ခေါင်းညိတ်လိုက်ပြီပြန်ပြောလာခဲ့တယ်။

” ငါနောက်ကိုလိုက်ခဲ့ ”

°°°
မော့ဖေးယွင်က မဟာကြယ်တာရာသစ်တာရဲ့အပြင်ဘက်ကို ကြောက်လန့်တကြားနဲ့ ပြေးထွက်လာနေခဲ့ပါတယ်။ အစောပိုင်းတုန်းက လူရှစ်ယောက်တိတိတောထဲကို၀င်ခဲ့ပေမဲ့ အခုအချိန်မှာ ငါးယောက်သာကျန်ပါတော့တယ်။ ၀ိညာဥ်ဘုရင်သုံးယောက်က သစ်တောထဲမှာထာ၀ရအိပ်စက်နေခဲ့ရပါပြီ။ သူတို့လိုချင်တဲ့၀ိညာဥ်သားရဲကောင်တွေကိုတောင် အမဲမလိုက်နိုင်ခဲ့ပါဘူး။

ဒါက ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ ထွက်ခွာသွားပြီ သို့မဟုတ်ပျောက်ဆုံးသွားပြီချိန်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေပါ။

ဟို့ယွိဟောင်တို့သုံးယောက်ထွက်ခွာသွားပြီတဲ့နောက် ကြောက်စရာကောင်းတဲ့အရှိန်အ၀ါတွေက အကြီးအကဲရွှမ်တို့ရဲ့ တိုက်ပွဲကနေ အပြင်ကိုထွက်ပေါ်လာခဲ့ပါတယ်။ မော့ဖေးယွင်က ဒီအရှိန်အ၀ါတွေကြောင့် ထိတ်ထိတ်လန့်လန့်နဲ့ အားလုံးကိုခေါ်ပြီ ထွက်ပြေးဖို့လုပ်ခဲ့တယ်။ ဒီအရှိန်အ၀ါတွေက ဘယ်နေရာကနေလာမှန်းမသိတာကြောင့် သူတို့တွေကြောက်လန့်တကြားပြေးရင်းနဲ့ ဦးတည်ချက်နေရာမှားသွားခဲ့ပါတယ်။ ဒါကြောင့် သူတို့ရင်မဆိုင်နိုင်တဲ့ ရန်သူတော်နဲ့တွေ့ဆုံပြီ ကံကောင်းထောက်မလို့လွှတ်မြောက်နိုင်ခဲ့ပေမဲ့ ၀ိညာဥ်ဘုရင်သုံးယောက်ကတော့ အသက်စတေးခဲ့ရတယ်။

ရက်ပေါင်းများစွာကြာအောင် ၀ိညာဥ်စက်ကွင်းတွေကိုရှာဖွေဖို့လုပ်ခဲ့ပေမဲ့လဲ သူတို့တွေဘာမှမတိုးတက်ခဲ့ပါဘူး။ ဒါကြောင့် ရွေးချယ်စရာမရှိပဲ ထွက်ခွာလာခဲ့ရပါတယ်။

” သခင်မလေးနဲ့ အရှင်မင်းသမီး ငါတို့တွေမြောက်၀င်ရိုးစွန်းကိုသွားဖို့ လိုအပ်လာတဲ့ပုံပဲ ”

မော့ဖေးယွင်က သက်ပြင်းချလိုက်ပါတယ်။ မုရွှယ်က သူ့ကိုနှစ်သိမ့်ပေးနေခဲ့တယ်။

” ဆရာမော့အဆင်ပြေပါတယ်…ငါတို့တွေ​ဖြည်းဖြည်းချင်းရှာလို့ရတယ်….ငါနဲ့ ဝေ့နနှစ်ယောက်က မြောက်၀င်ရိုးစွန်းမှာ သိုင်းပညာ၀ိညာဥ်ကို ရှာဖွေမယ်ဆိုရင် ပိုကောင်းပေမဲ့ ကျန်ရစ်ခဲ့တဲ့၀ိညာဥ်ပညာရှင်သုံးယောက်အတွက်ကတော့ တကယ်နှမြောစရာပါပဲ မျိုးနွယ်ကသူတို့မိသားစုတွေကို ထိုက်ထိုက်တန်တန်လျော်ကြေးပြန်ပေးမှာပါ မစိုးရိမ်ပါနဲ့ ”

မော့ဖးယွင်က ခေါင်းညိတ်ရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။

” ဒါတွေအားလုံးက ငါအမှားတွေပဲလေ သူတို့ကိုဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့စေခဲ့တယ်…အကယ်၍ ငါသာဦးတည်ရာနေရာမမှားခဲ့ဘူးဆိုရင် အားလုံးကိုအဲ့ဒီကန့်သတ်နယ်မြေထဲမခေါ်ဆောင်သွားခဲ့ဘူးဆိုရင် ဒါတွေဖြစ်လာမှာမဟုတ်ဘူး ”

” သူတို့တွေကိုလဲ အပြစ်တင်ရမှာပဲလေ သူတို့တွေပျောက်သွားကထဲက အခုအချိန်အထိ အရိပ်အယောင်တောင်ပေါ်မလာတော့ဘူး…သူတို့ကိုနောက်တစ်ကြိမ် ထပ်မမြင်ချင်တော့ဘူး ”

မုရွှယ်က ပြောလာခဲ့ပါတယ်။

” အစ်မမုရွှယ် သူတို့ကိုအပြစ်တင်လို့မရဘူးလေ သူတို့ကငါတို့ကိုဘာမှလုပ်ခဲ့တာမှမဟုတ်ပဲ ရုတ်တရက်ထွက်ခွာသွားခဲ့တာပဲရှိခဲ့တာ ”

” ဒီကောင်တွေက နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါကို ထုတ်လွှတ်နိုင်မယ်လို့ မထင်မိဘူး…အဲ့ဒီသားရဲကောင်ပေါ်လာတာနဲ့ သူတို့လဲတိုက်တိုက်ဆိုင်ဆိုင်ပဲ ပျောက်သွားတယ်…ရှောင်းရှောင်းနဲ့ ၀မ်သုန့်ကိုဘယ်သူခေါ်သွားတာများလဲ ငါထင်ထားတာသာမမှားဘူးဆိုရင် သူတို့သုံးယောက်က ၀ိညာဥ်စက်ကွင်းကိုရှာဖို့လာတာ ဒါပေမယ့် သေချာပေါက်သူတို့ကိုမမြင်ရပဲ ကာကွယ်နေတယ်…အင်အားကြီးအကြီးအကဲတစ်ယောက်လဲ ရှိလိမ့်မယ်…ကြယ်တာရာလော့နိုင်ငံတော်က ထိပ်တန်းအဆင့်ကျောင်းတော်ဆိုမှတော့ သော့်လော့အဆင့်ဆရာတွေရှိနေမှာပဲ သော့်လော့အကြီးအကဲတစ်ယောက်က သူတို့ကိုဦးဆောင်လာနိုင်တာလဲ ဖြစ်တယ် ”

” အခုအချိန်မှာ ခန့်မှန်းနေတာက အသုံးမ၀င်ဘူးလေ ဒီအခြေအနေတွေရောက်နေပြီးပြီဆိုမှတော့ မြောက်၀င်ရိုးစွန်းကိုပဲသွားကြတာပေါ့ အမှန်အတိုင်းပြောရမယ်ဆိုရင် အဲ့ဒီနေရာကိုတကယ်မသွားချင်ဘူး..အတော်အေးတဲ့အပြင် အန္တရာယ်တွေကလဲ နေရာအနှံ့ပဲ ”

ဝေ့နက အားတင်းပြီရယ်မောရင်းနဲ့ နှစ်သိမ့်နေခဲ့ပါတယ်။

” ထျန်းဟွမ်နိုင်ငံတော်ကို အရင်ပြန်ပြီအင်အားဖြည့်ကြတာပေါ့ အကယ်၍ ကောင်းကောင်းပြင်ဆင်ထားမယ်ဆိုရင် မြောက်၀င်ရိုးစွန်းကိုလဲ ကြောက်စရာမလိုတော့ဘူး..ဒါပေမယ့် ဝေ့န မင်းတကယ်ငါ့ကိုအထင်ကြီးအောင်လုပ်နိုင်ခဲ့တာပဲ ထျန်းဟွမ်နိုင်ငံတော်ရဲ့မင်းသမီးတစ်ပါးဖြစ်ရဲ့နဲ့ ဒီခရီးတစ်လျှောက်လုံးမှာ တစ်ချက်လေးတောင် မငြီးငြူခဲ့ဘူး…ဒါကငါမထင်မှတ်ထားတဲ့ ကိစ္စပဲ ”

” အစ်မမုရွှယ်သွားကြစို့ ကောင်းကောင်းနားပြီ အဆင့်သုံးဆယ်အတားအဆီးကို ကျော်ဖြတ်ရမယ်..ဒီအတိုင်းကြီးဆက်မနေချင်တော့ဘူး ”

°°°
” ဆရာဖန်းယွီ ကျွန်တော်ပြန်လာတာကို ဘယ်လိုများသိပါသလဲ ”

ဟို့ယွိဟောင်က ၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေကို သွားနေတဲ့လမ်းတစ်လျှောက်မှာ မေးလာခဲ့ပါတယ်။

” အကြီးအကဲမုက ငါ့ကိုလှမ်းပြောတာ ”

” ဆရာကပြောပြတာလား ”

အကြီးအကဲမုရဲ့ စွမ်းရည်တွေက အရမ်းကိုထက်မြက်လွန်တယ် ဒါကြောင့်သာ သူက နေရာအဝေးကြီးကို ကောင်းကောင်းဆက်သွယ်နိုင်တယ်…ယွိဟောင် ဒီနေရာကနေစပြီ မင်းအနေနဲ့ အ​ရေးကြီးတဲ့တာ၀န်တစ်ခုကို ထမ်းဆောင်ရတော့မယ်…ဒီခရီးလမ်းက မင်းအတွက်အများကြီးပိုပြီးတော့ ခက်ခဲကြမ်းတမ်းမှာ ဒါပေမယ့် ကောင်းကောင်းဇွဲရှိရှိနဲ့ကြိုးစားရမယ် ”

” ပင်လယ်နတ်ဘုရားခန်းမဆောင်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ရဲ့ အရင်းအမြစ်တွေအားလုံးကိုအသုံးချပြီ မင်းနဲ့ ဟယ့်ချိုက်ထို့ကို ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်မှာ အပြည့်အ၀ထောက်ပံ့ပေးဖို့အတွက် ဆုံးဖြတ်လိုက်ပြီးပြီ ဒါကြောင့် မင်းတို့နှစ်ယောက်ရရှိမဲ့ဖိအားက အများကြီးပိုတိုးလာလိမ့်မယ်…ငါကမင်းရဲ့ဆရာဖြစ်ပေမဲ့ မင်းတို့ကိုလွယ်လွယ်ကူကူလွှတ်ပေးထားမှာမဟုတ်ဘူး…မင်းတို့နှစ်ယောက် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကနေ မထွက်ခွာသရွေ့ များပြားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ရလိမ့်မယ် ”

နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် ၀ိညာဥ်လက်နက်စမ်းသပ်ရေးနယ်မြေဆယ်နှစ်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီနယ်မြေက ဗလာဟင်းလင်းဖြစ်နေဆဲပါ။ အလယ်မှာကတော့ ၀ိညာဥ်လက်နက်တွေကို ဖန်တီးနေတဲ့ဟယ့်ချိုက်ထို့ရှိပါတယ်။

” အစ်ကိုကြီးဟယ့် ”

ဟို့ယွိဟောင်က အပြေးသွားရင်းနဲ့ ဟယ့်ချိုက်ထို့ကိုနှုတ်ဆက်နေခဲ့တယ်။ ဟယ့်ချိုက်ထို့က လက်ထဲမှာရှိတဲ့ပစ္စည်းတွေကို ပြစ်ချရင်းနဲ့ ပြောလာခဲ့ပါတယ်။

” ညီငယ်လေးနောက်ဆုံးတော့ မင်းပြန်လာပြီလား အခြေအနေတွေဘယ်လိုလဲ အဆင်ပြေခဲ့ရဲ့လား ”

” ကျွန်တော်အခု၀ိညာဥ်အကြီးအကဲဖြစ်နေပါပြီ ”

” ကောင်းပြီ စပြီလုပ်စရာရှိတာတွေလုပ်ကြမယ်..မင်းတို့နှစ်ယောက် ဒီကိုလာခဲ့ ”

ဖန်းယွီက ပြောလိုက်ပါတယ်။

ဟို့ယွိဟောင်နဲ့ ဟယ့်ချိုက်ထို့က ဖန်းယွီအနားကိုသွားပြီ လိမ်လိမ်မာမာလေးရပ်နေခဲ့တယ်။

” ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်က ဒီနေ့စတင်လိမ့်မယ်…မင်းတို့နှစ်ယောက်ရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ဆိုရင်တော့ အတော်ခက်ခဲဦးမယ်…ဒါပေမယ့် နောက်ဆုတ်ဖို့လမ်းမရှိတော့ဘူး…မင်းတို့တွေ ဒီလေ့ကျင့်မှုကို ပြီးမြောက်အောင်မြင်ဖို့အတွက် အစွမ်းကုန်ကြိုးစားမှရလိမ့်မယ်…ကျောင်းအုပ်ရှန် ကျောင်းအုပ်ချင်းနဲ့ ငါကိုယ်တိုင် မင်းတို့နှစ်ယောက်ကို ညွှန်ကြားပေးမှာ ဒါ့အပြင် ဒီနေ့ရဲ့ပထမဆုံးသင်ခန်းစာအဖြစ် ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့ အဓိကအကြောင်းအရာတွေကို ရှင်းပြပေးမယ် ”

” ပြိုင်ဘင်ကင်းစစ်သည်တော်ဆိုတာက စစ်ပွဲကြီးတစ်ခုလုံးရဲ့ အရှိန်အဟုန်ကို လူတစ်ယောက်ထဲနဲ့ ပြောင်းလဲပြစ်နိုင်တဲ့သူလို့ဆိုလိုတာပဲ စစ်ပွဲဆိုတဲ့အဓိပ္ပါယ်က ပြင်ပရန်သူတော်တွေရဲ့ စစ်တပ်ကြီးကို ခုခံဖို့အဓိကပြောချင်တာ ”

” ဒီတိုက်ကြီးပေါ်မှာ နိုင်ငံတော်လေးခုရှိပြီ အားလုံးကလဲ ၀ိညာဥ်ပညာရှင်တွေအပြည့်နဲ့ စစ်တပ်ကြီးတွေကို ပိုင်ဆိုင်ကြတယ်…ဒီစစ်တပ်ကြီးတွေမှာ အုပ်ချုပ်တဲ့စစ်သူကြီးက အနည်းဆုံး၀ိညာဥ်သူတော်စင်အဆင့်ရှိတယ် ”

” အကယ်၍ သူတို့ကိုကောင်းကောင်းလေ့ကျင့်ပေးပြီ လုံလောက်မျှတတဲ့၀ိညာဥ်လက်နက်တွေကို ပိုင်ဆိုင်တယ်ဆိုရင် သူတို့ကိုသော့်လော့တစ်ယောက်တောင် ရင်ဆိုင်ဖို့မလွယ်နိုင်ဘူး…မင်းတို့နှစ်ယောက်ကို ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရွေးချယ်လိုက်ပြီးပြီဆိုတော့ ၀ိညာဥ်လက်နက်တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာ သင်ယူရရုံတင်မကဘူး…သူတို့ကိုဘယ်လိုသုံးရမလဲဆိုတာလဲ သင်ယူရမယ်…ဒါ့အပြင်ဘယ်လိုကျုးကျော်ရမယ် ထောက်လှမ်းရမယ် စူးစမ်းရမယ် ဖျက်ဆီးရမယ် ဖုံးကွယ်ရမယ် စတဲ့နည်းလမ်းပေါင်းစုံကို သင်ကြားရမှာဖြစ်တဲ့အပြင် စစ်ဘက်ဆိုင်ရာအသိပညာတွေကိုလဲ ထပ်မံပြီသင်ကြားရဦးမယ်..ကျောင်းတော်ရဲ့မူလအစီအစဥ်ကတော့ ဒီဖြစ်စဥ်ကြီးတစ်ခုလုံးကို ဆယ်နှစ်တိတိအချိန်ပေးပြီ မင်းတို့ကိုမွေးမြူးပေးဖို့ပဲ ဒါပေမယ့် အကြီးအကဲမုက မင်းတို့နှစ်ယောက်ကို နှစ်နှစ်အတွင်းမှာ အပြီးသင်ကြားပေးဖို့အတွက် ငါတို့ကိုညွှန်ကြားထားတယ် ”

” ယွိဟောင်နဲ့ ချိုက်ထို့ မင်းတို့နှစ်ယောက်ကို သင်ကြားတဲ့နေရာမှာ ကွာခြားချက်တွေတော့ရှိလိမ့်မယ်..ယွိဟောင်က စူးစမ်းလေ့လာမှု ဖျက်ဆီးမှုနဲ့ ကျုးကျော်၀င်ရောက်မှုအပြင် ကိုယ်ကိုကိုယ် ကိုယ်ယောင်ဖျောက်တဲ့နည်းလမ်းတွေကို အဓိကအာရုံစိုက်ပြီလေ့ကျင့်ရလိမ့်မယ်…ဒါ့အပြင် ၀ိညာဥ်လက်နက်တွေကို အသုံးပြုတဲ့နည်းစနစ်ပေါင်းစုံကိုလဲ သင်ကြားရမယ် ”

” ချိုက်ထို့မင်းကတော့ ၀ိညာဥ်လက်နက်တွေကို တိုးတက်အောင်လုပ်ဖို့ရယ် ဖောက်ခွဲမှု ကိုယ်ယောင်ဖျောက်မှု ရှင်သန်နေထိုင်မှုစွမ်းရည်တွေနဲ့ စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးအပြင် နည်းဗျူဟာတွေအမြန်ဆုံးဆုံးဖြတ်ချက်ချဖို့တုန့်ပြန်မှုတွေ အခြေအနေနဲ့ လိုက်ဖက်ညီထွေးဖြစ်အောင် အမျိုးမျိုးဟန်ဆောင်နည်းတွေ ထွက်ပြေးလွှတ်မြောက်စေဖို့နည်းလမ်းတွေ ချုံခိုတိုက်ခိုက်မှုနဲ့ တခြားအဖက်ဖက်အစီအစဥ်တွေကို လေ့လာရမယ် ”

ဟယ့်ချိုက်ထို့က ဟို့ယွိဟောင်ထက် သင်ကြားစရာတွေအများကြီးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟို့ယွိဟောက်က သိုင်းပညာ၀ိညာဥ်နဲ့ ၀ိညာဥ်လက်နက်နှစ်ခုကို အဓိကလေ့ကျင့်ရမှာဖြစ်လို့ပါ။

” ရိုးရိုရှင်းရှင်းပြောရမယ်ဆိုရင် ယွိဟောင်ရဲ့ ရယ်ရွယ်ချက်ကသူ့ရဲ့ကိုယ်ပိုင်ဖျက်ဆီးနိုင်တဲ့ အစွမ်းအစကိုတိုးမြင့်အောင်လုပ်ဖို့နဲ့ ရန်သူကိုဖျက်ဆီးဖို့နည်းလမ်းတွေကိုရနိုင်သလောက်သင်ကြားဖို့ပါပဲ ချိုက်ထို့ကတော့ အစာအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်တဲ့အတွက် သူက အထောက်အပံ့ပြုတဲ့နေရာမှာ ပိုပြီးကောင်းလိမ့်မယ်..ယွိဟောင်ရဲ့နည်းဗျူဟာဆိုင်ရာအကြံပြုချက်ပဲဖြစ်ရမဲ့အပြင် သူ့ကိုလဲ အဓိကကာကွယ်ရမယ်..ငါတို့ရဲ့အစီအစဥ်မှာပြိုက်ဘက်ကင်းစစ်သည်တော်ဆိုတာက မင်းတို့နှစ်ယောက်ကိုတစ်သားထဲဆိုလိုချင်တာပဲ တစ်ယောက်ထဲက ပြိုင်ဘက်ကင်းစစ်သည်တော်မဟုတ်ဘူး…မင်းတို့နှစ်ယောက်ပေါင်းစည်းမှသာ ပြိုင်ဘက်ကင်းစစ်သည်တော်ဖြစ်မှာ နားလည်ရဲ့လား ”

အပိုင်း ၁၄၇•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset