Switch Mode

Chapter – 147.1

ပေါင်းစည်းမှုနဲ့အမြင်သစ်တွေ

အပိုင်း ၁၄၇•၁

” ပေါင်းစည်းမှုနဲ့အမြင်သစ်တွေ ”
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ဟို့ယွိဟောင်လဲ သူ့ရဲ့၀ိညာဥ်စက်ကွင်းကို ဘယ်ဘက်လက်မောင်းနဲ့ပေါင်းစည်းလိုက်ပါတော့တယ်။ သူ့ရဲ့ကျင့်ကြံဆင့်က လက်တစ်ဖက်ကိုရောက်သွားပြီဖြစ်ခဲ့မယ်ဆိုရင် ကောင်းကင်အိပ်မက်က ဒီ၀ိညာဥ်စက်ကွင်းတွေရဲ့ အင်အားတွေကိုအပြည့်အ၀ထုတ်လွှတ်ပေးမှာပါ။ ဒီစက်ကွင်းကလဲ နှစ်တစ်သိန်း၀ိညာဥ်စက်ကွင်းဖြစ်လာနိုင်ပါတယ်။ ဒါကိုတော့ ပထမ၀ိညာဥ်စက်ကွင်းနဲ့ မျိုးတူပေါင်းစည်းမှုလို့ ခေါ်ဝေါ်နိုင်ပါလိမ့်မယ်။

တတိယ၀ိညာဥ်စက်ကွင်းနဲ့ ပေါင်းစည်းပြီချိန်မှာ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံထားတဲ့အင်အားတွေက ဒီအဆင့်ဖြတ်ကျော်မှုအတွက် သိသာထင်ရှားတဲ့ရလဒ်ကို ပေးစွမ်းပါတော့တယ်။

ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်နဲ့ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့ ၀ိညာဥ်အရိုးတွေက လက်ရှိအချိန်မှာအရမ်းကို အင်အားကြီးတဲ့အပြင် ဟို့ယွိဟောင်ရဲ့ကျင့်ကြံဆင့်အတွက်လဲ အများကြီးအထောက်အကူဖြစ်စေပါတယ်။ ဟို့ယွိဟောင်ရဲ့ ၀မ်သုန့်နှစ်ယောက်က လက်ရှိအချိန်မှာ ပူးပေါင်းပြီ မကျင့်ကြံရသေးပေမဲ့ ရွှေလိုအသက်ကြောင့် ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က အများကြီးအားကောင်းလို့နေခဲ့ပါပြီ။ ဒါကြောင့်သာ ထူးဆန်းကောင်းကင်နည်းလမ်းက စတင်လှည့်ပတ်လာချိန်မှာ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကလဲ ပြင်းပြင်းထန်ထန် အရှိန်အဟုန်နဲ့ တိုးတက်လာပါတော့တယ်။

အဆင့်သုံးဆယ်တစ်အထိအရှိန်ကောင်းကောင်းနဲ့ ဆက်တက်နေတာကို ဟို့ယွိဟောင်ခံစားမိပါတယ်။ အဆင့်သုံးဆယ်နှစ်ရောက်ချိန်မှသာ ဒီတိုးနေတဲ့နှုန်းက ဖြည်းဖြည်းချင်းတည်ငြိမ်လို့သွားခဲ့ပါတယ်။ ဒါပေမယ့် အဆင့်သုံးဆယ်နှစ်ရဲ့ထိပ်ဆုံးကို ရောက်တဲ့အထိတိုးမြင့်နေတာက မရပ်ခဲ့ပါဘူး။

ဟို့ယွိဟောင်က အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့အတွက် သာမန်၀ိညာဥ်ပညာရှင်တွေနဲ့ အတော်ကို ကွာခြားပါတယ်။ အဆင့်သုံးဆယ်ကိုရောက်ချိန်မှာ ၀ိညာဥ်စွမ်းအားရဲ့သိပ့်သည်းမှုက တခြား၀ိညာဥ်ပညာရှင်အများစုထက် သိသိသာသာကို ကြီးမားပါတယ်။ ဒါကြောင့် အကြီးအကဲမုတောင်မှ အဆင့်သုံးဆယ်ရောက်ပြီချိန်မှာ ၀ိညာဥ်စွမ်းအားတိုးတက်မှုက နှေးကွေးသွားလိမ့်မယ်လို့ သတိပေးခဲ့တယ်။

အကယ်၍ သာမန်၀ိညာဥ်ပညာရှင်တွေသာ ဒီလိုမျိုး၀ိညာဥ်အရိုးနှစ်ခုကို တစ်ပြိုင်နက်ထဲရရှိခဲ့မယ်ဆိုရင် တတိယ၀ိညာဥ်စက်ကွင်းကို ဖြည့်သွင်းပြီချိန်မှာသူတို့ရဲ့ ၀ိညာဥ်စွမ်းအားက အနည်းဆုံးလေးဆင့်ငါးဆင့်လောက်အထိ ခုန်တက်သွားမှာပါ။

ဒါပေမယ့် လက်ရှိအချိန်မှာ နှစ်ဆင့်သာအဆင့်တက်ပေမဲ့ ဟို့ယွိဟောင်ကတော့ သူ့ရဲ့ရရှိမှုတွေအတွက် ပျော်ရွှင်လို့နေခဲ့ပါတယ်။ အနာဂတ်ကျင့်ကြံမှုအတွက် ခက်ခဲမှုက အစပြုတော့မှာဖြစ်ပေမဲ့ အခြေခံကတော့ ခိုင်သွားခဲ့ပါပြီ။

အရာအားလုံးပြီးမြောက်စေဖို့အတွက် ရှစ်နာရီနီးပါးသူအချိန်ယူပြီ စုပ်ယူလိုက်ရပါတယ်။ ဒါကပုံမှန်၀ိညာဥ်ပညာရှင်တွေထက်တော့ တော်တော်လေးကို မြန်နေခဲ့သေးတယ်။

ပေါင်းစည်းမှုကို ပြီးမြောက်ပြီချိန်မှာတော့ စိတ်အေးလက်အေးဖြစ်သွားခဲ့ပြီ သူအကြောဆန်ဖို့ပြင်လိုက်ပါတယ်။ ဒီအချိန်မှာပဲ ကံကြမ္မာမျက်လုံးက ရုတ်တရက်ဆိုသလို စတင်လှုပ်ရှားတာကြောင့် ဟို့ယွိဟောင်ရဲ့တစ်ကိုယ်လုံးလဲ တောင့်တင်းသွားခဲ့ရတော့တယ်။ သူ့ရဲ့ကံကြမ္မာမျက်လုံးကနေ ကြီးမားတဲ့ဆွဲငင်အားကြီးတစ်ခုကို ထုတ်လွှတ်နေခဲ့တာပါ။ ဒါကဘာကြောင့်များလဲ ကံကြမ္မာမျက်လုံးက အကြီးအကဲလျှပ်စီးဧကရာဇ်ပြောခဲ့သလိုမျိုး စိတ်၀ိညာဥ်စွမ်းအားတွေကိုစုပ်ယူမှာလား။ ဖြစ်နိုင်တဲ့ကိစ္စကတော့ ဒီအတိုင်းပါပဲ ဟို့ယွိဟောင်ထင်ထားတာထက်တောင် ပိုမြန်ဆန်ပါသေးတယ်။

မျက်လုံးသုံးလုံးရွှေခြင်္သေ့ဆီကနေ ရရှိထားခဲ့တဲ့မှတ်ဉာဏ်အပိုင်းအစတွေက ခပ်မြန်မြန်ပဲ စုစည်းလာခဲ့ပြီ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကလဲ မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်ပင်လယ်ထဲမှာ အပေါက်တစ်ပေါက်စတင်ဖြစ်ပေါ်လာတာကို သူသတိထားမိလိုက်တယ်။ ဒီစိတ်၀ိညာဥ်စွမ်းအားတွေက ခပ်မြန်မြန်ပဲ စိမ့်ထွက်လို့နေခဲ့ပြီ သူနဲ့ကံကြမ္မာမျက်လုံးကြားက ချိတ်ဆက်မှုလဲ ပိုမိုအားကောင်းလာခဲ့ပါတယ်။

ကံကြမ္မာမျက်လုံးက သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို ကြီးမားပြင်းထန်တဲ့အင်အားနဲ့ စုပ်ယူနေခဲ့တာကြောင့် ဟို့ယွိဟောင်မခုခံနိုင်ခဲ့ပါဘူး။ ဒါ့အပြင် သူ့ရဲ့စိတ်၀ိညာဥ်မူလအရင်းအမြစ်ကလဲ အတော်လေးကို ကျယ်ပါးသွားခဲ့တယ်။

ကံကောင်းစွာနဲ့ပဲ ဒီဖြစ်စဥ်က သူ့ကိုမနာကျင်စေခဲ့ပါဘူး။ မျက်လုံးသုံးလုံးရွှေခြင်္သေ့ရဲ့မှတ်ဉာဏ်တွေက သူ့ရဲ့စိတ်ထဲမှာနောက်တစ်ကြိမ်ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ပိုမိုကြည်လင်ပြတ်သားလို့နေခဲ့ပါတယ်။

အရာအားလုံးက ထူးထူးဆန်းဆန်းပုံသဏ္ဍာန်နဲ့ စတင်ပြောင်းလဲလို့နေခဲ့ပြီ စိတ်၀ိညာဥ်ပင်လယ်မှာ မဖော်ပြနိုင်တဲ့အပြောင်းအလဲတွေဖြစ်နေတာကို ခံစားမိပါတယ်။ အစိတ်အပိုင်းတချို့က သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကိုဆွဲထုတ်သွားခဲ့ပြီ ခန္ဓာကိုယ််နဲ့ ချိတ်ဆက်မှုကတော့ ပိုမိုခိုင်မာလာခဲ့တယ်။ ဒါ့အပြင် အသိစိတ်ကတော့ တစ်ဖက်နဲ့တစ်ဖက် ခုန်ကူးလို့နေခဲ့ပြီ အစိတ်အပိုင်းတချို့က ကံကြမ္မာမျက်လုံးထဲကို ပြန်လည်၀င်ရောက်သွားခဲ့ပါတယ်။

အရာအားလုံးက တစ်ပြိုင်နက်ထဲမှာ ဖြစ်ပျက်နေသလိုခံစားရပေမဲ့ ထာ၀ရကြာရှည်နေတဲ့အတိုင်း ဟို့ယွိဟောင်လဲ နစ်မြောလို့သွားခဲ့ရတယ်။ ကျင့်ကြံမှုကနေ ပြန်လည်နိုးထလာတဲ့အချိန်မှာတော့ အရှေ့အရပ်မှာ နေတောင်ထွက်နေခဲ့ပါပြီ။

ဟို့ယွိဟောင်လဲ အရှေ့ဖက်အရပ်ကိုကြည့်လိုက်ချိန်မှာတော့ ခရမ်းရောင်အလင်းတန်းတွေက သူ့မျက်လုံးထဲမှာပိုမိုတောက်ပလာပါတော့တယ်။

နွေးထွေးမှုက မျက်လုံးတစ်ခုလုံးကိုစီး၀င်လို့သွားခဲ့ပြီ ခရမ်းရောင်အလင်းတန်းက အရှိန်အဟုန်ကောင်းကောင်းနဲ့ စတင်အားဖြည့်တော့တယ်။ ဒါကဘယ်တုန်းကမှမကြုံတွေ့ခဲ့ဖူးတဲ့ ကိစ္စတစ်ခုပါပဲ။

နောက်တစ်ကြိမ်မှာမျက်လုံးကိုပိတ်လိုက်ရင်း စိတ်ကိုအာရုံစူးစိုက်လိုက်ချိန်မှာတော့ မူးဝေမှုကိုခံစားလိုက်ရပါတယ်။ ကိုယ့်ကိုကိုယ်ပြန်လည်အာရုံစူးစိုက်ပြီတဲ့နောက် မျက်လုံးကိုဖွင့်ရင်းနေမင်းကြီးကိုကြည့်လိုက်ချိန်မှာတော့ အရာအားလုံးကပြောင်းလဲနေတာကို တွေ့လိုက်ရပါတော့တယ်။

မရေမတွက်နိုင်တဲ့အလင်းစက်ကလေးတွေက ရွှေရောင်တောက်ပနေခဲ့ပြီ လေထဲမှာစီးဆင်းလို့နေခဲ့ပါတယ်။ တစ်လောကလုံးက အရောင်စုံဖြာနေခဲ့ပြီ နေမင်းကြီးကလဲ မျက်စိမကျိန်တော့ပါဘူး။ ဒီနေမင်းကအနီလားရွှေရောင်လားဆိုတာကိုတော့ မပြောနိုင်ပဲရှိနေခဲ့ပါတယ်။ ဒါကြီးက။

အရှေ့မှာရှိနေတဲ့အရာအားလုံးက သူ့စိတ်ထဲမှာဆက်တိုက်ပေါ်ထွက်လာနေခဲ့ပြီ စိတ်ကိုဝေ၀ါးသွားစေခဲ့ပါတယ်။ အဲ့ဒီနောက် တတိယမြောက်မျက်လုံးက သူ့ဘာသာသူပြန်ပိတ်လို့သွားခဲ့ပြီ မတည်ရှိတော့တဲ့အတိုင်းပြန်လည်ပြောင်းလဲလို့သွားခဲ့တယ်။ အရာအားလုံးကလဲ အရင်လိုပြန်ဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် အစောပိုင်းမှာခံစားခဲ့ရတဲ့ကိစ္စကြောင့် သူထိတ်လန့်နေဆဲပါပဲ။

ကံကြမ္မာမျက်လုံးက သူ့ကိုထူးခြားတဲ့အမြင်ရှု့ထောင့်နဲ့လောကကြီးကို မြင်တတ်အောင်သင်ပေးသွားခဲ့ပါတယ်။ စိတ်၀ိညာဥ်စွမ်းအားတွေကို စိတ်၀ိညာဥ်မျက်လုံးထဲထည့်သွင်းပြီကြည့်ချိန်မှာတောင် ဒီလိုအရာမျိုးက ရှင်းရှင်းလင်းလင်းမြင်ရမှာမဟုတ်ပါဘူး။ အကယ်၍ ၀ိညာဥ်စွမ်းရည်တစ်ခုကို သုံးမယ်ဆိုရင် လက်ရှိအချိန်မှာစိတ်၀ိညာဥ်စွမ်းအားက တော်တော်များများကြီးကို တိုးတက်လာပါလိမ့်မယ်။

စိတ်၀ိညာဥ်စွမ်းအားတွေရဲ့ အပြောင်းအလဲက ကံကြမ္မာမျက်လုံးနဲ့ ချိတ်ဆက်ပြီချိန်မှာ ပိုမိုသိသာထင်ရှားလာခဲ့ပါပြီ။ လက်ရှိအချိန်မှာ ဒုတိယစိတ်၀ိညာဥ်ပင်လယ်က သူနဲ့ပိုမိုနက်ရှိုင်းတဲ့ချိတ်ဆက်မှုကြီးဖြစ်သွားသလိုပါပဲ။ စိတ်၀ိညာဥ်စွမ်းအားတွေကလဲ ကြောက်စရာကောင်းတဲ့အရှိန်နှုန်းနဲ့ ကုန်ဆုံးလို့သွားပါတော့တယ်။

ဟို့ယွိဟောင်က စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို ချက်ချင်းအသုံးပြုဖို့ကြိုးစားကြည့်လိုက်ပါတယ်။ လက်ရှိအချိန်မှာတော့ ကံကြမ္မာမျက်လုံးကြောင့် ဒီစွမ်းရည်ကအရင်ထက်လေးဆမကတိုးတက်လို့လာခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားသုံးပုံတစ်ပုံနီးပါးကို ကုန်ဆုံးလို့သွားစေခဲ့ပြီ ဒီစိတ်၀ိညာဥ်ထောက်လှမ်းမှုက ၀ိညာဥ်စွမ်းအားနဲ့ စိတ်၀ိညာဥ်စွမ်းအားကိုတော့အများကြီးမထိခိုက်စေခဲ့ပါဘူး။

ဒါပေမယ့် သူရလိုက်တဲ့အကျိုးအမြတ်ကတန်ကြေးလိုပဲကြီးမားပါတယ်။ ထိတ်လန့်စရာလဲကောင်းနေခဲ့တယ်။ ကံကြမ္မာမျက်လုံးကိုအသုံးပြုချိန်မှာစိတ်၀ိညာဥ်ထောက်လှမ်းမှုက ပုံမှန်ထက် သုံးဆကနေ လေးဆနီးပါးအထိ ပိုမိုအားကောင်းနေခဲ့ပြိီ ခြောက်ရာမီတာအထိကို ရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် ဒီရလဒ်က လေးဆမက ပိုပြီးတော့ကုန်ဆုံးလို့နေခဲ့ပါတယ်။

သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးက ကံကြမ္မာမျက်လုံးနဲ့ပေါင်းစည်းလိုက်ချိန်မှာ ကြောက်စရာကောင်းလှတဲ့စွမ်းအားကို ဖန်တီးနိုင်မယ်ဆိုတာ အသိအသာကြီးပါပဲ။

စိတ်၀ိညာဥ်မျက်လုံးက ၀ိညာဥ်စက်ကွင်းလေးကွင်းကျင့်ကြံဆင့်နီးပါးကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူ့မှာ၀ိညာဥ်စက်ကွင်းသုံးကွင်းပဲရှိပေမဲ့ အင်အားအဆင့်ကတော့ လုံး၀ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။ ဒါ့အပြင် သူ့ကိုအသုံးပြုချိန်မှာ ဖြစ်လာနိုင်တဲ့တစ်ခုတည်သောနောက်ဆက်တွဲဆိုးကျိုးကတော့ ခဏခဏဆက်တိုက်သုံးလို့မရတာပါပဲ။ အင်အားကုန်ဆုံးမှုက ကြီးမားလွန်လှပါတယ်။ စိတ်၀ိညာဥ်ထိတ်လန့်မှုကသာ သူ့ရဲ့ ၀ိညာဥ်စွမ်းအားလေးဆယ်ရာခိုင်နှုန်းအထိ ကုန်ဆုံးစေခဲ့ပြီ နှစ်ကြိမ်အသုံးပြုလိုက်မယ်ဆိုရင်တော့ သူ့ကိုသတိလစ်သွားနိုင်စေပါတယ်။

စိတ်၀ိညာဥ်မျက်လုံးနဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်နှစ်ခုက အင်အားကွာခြားချက်ရှိနေဆဲပါ။ စိတ်၀ိညာဥ်မျက်လုံးက ခန္ဓာကိုယ်၀ိညာဥ်ဖြစ်တာကြောင့် ဒုတိယနိုးထမှုကို ရရှိဖြတ်သန်းပြီတဲ့ ခန္ဓာကိုယ်မျိုးနွယ်ရဲ့ ၀ိညာဥ်ပညာရှင်တွေတောင် အလွယ်လေးမရင်ဆိုင်၀ံ့တဲ့အရာဖြစ်နေခဲ့ပါတယ်။

ရေခဲဧကရီက စိတ်၀ိညာဥ်မျက်လုံးထက်ကို အပြတ်အသတ်ကြီးသာလွန်လို့နေခဲ့ပါတယ်။ သူမှာက၀ိညာဥ်စက်ကွင်းတစ်ကွင်းပဲရှိတာပါ။ ဒီစိတ်၀ိညာဥ်မျက်လုံးရဲ့အခြေအနေက သူများကိုအားဖြည့်ပေးဖို့နဲ့ ကူညီပေးဖို့အဓိကကောင်းမွန်ပြီ ထိန်းချုပ်မှုနဲ့ အားဖြည့်တဲ့အစွမ်းအစအဖြစ် အဓိကအသုံး၀င်ပါတယ်။

ဒါပေမယ့် သူ့မှာကံကြမ္မာမျက်လုံးရှိမယ်ဆိုရင်တော့ အရာအားလုံးကပြောင်းလဲသွားနိုင်ပါပြီ။ ကံကြမ္မာမျက်လုံးက သူ့စိတ်၀ိညာဥ်မျက်လုံးရဲ့စွမ်းအားတွေနဲ့ ပြောင်းလဲမှုတွေကိုအများကြီးတိုးမြင့်စေပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ကံကြမ္မာမျက်လုံးက ဆွဲဆောင်မှုဘယ်လောက်တိုးမြင့်ပေးနိုင်မလားဆိုတာကို အပြည့်အ၀မရှာဖွေရသေးပါဘူး။ ဒါပေမယ့် တတိယ၀ိညာဥ်စက်ကွင်းကို ရပြီချိန်မှာရော ၀ိညာဥ်အရိုးနှစ်ခုရှိနေတာကြောင့်ပါ သူက ၀ိညာဥ်ဘိုးဘေးတစ်ယောက်နဲ့ယှဥ်လို့ရနိုင်တဲ့အနေအထားရောက်နေခဲ့ပါပြီ။ ၀မ်သုန့်ရဲ့အကူအညီမပါပဲနဲ့တောင် သူက အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်ဘိုးဘေးတွေကိုယှဥ်လို့ရနိုင်တဲ့အနေအထားရှိနေခဲ့ပါတယ်။

” ယွိဟောင် လာခဲ့ဦး ”

အကြီးအကဲမုရဲ့အသံက သူ့နားထဲကို၀င်ရောက်လာတာကြောင့် ဟို့ယွိဟောင်ပျော်ရွှင်လို့သွားခဲ့ရပါတယ်။ ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ခပ်မြန်မြန်၀င်သွားပြီ အကြီးအကဲမုရဲ့အခန်းထဲကို သူသွားခဲ့တယ်။

” ဆရာဒါကဘာပါလဲ ”

အကြီးအကဲမုကိုမြင်ချိန်မှာ မျက်လုံးပြူးသွားခဲ့ပေမဲ့ အကြီးအကဲမုက ဘာကိုမှရှင်းမပြခဲ့ပဲ ဟို့ယွိဟောင်ကိုနောက်ထပ်စကားမပြောဖို့ လက်ဟန်ပြလိုက်ပါတယ်။

” မင်းအခုဘယ်လိုခံစားနေရလဲ ၀ိညာဥ်စက်ကွင်းကို စုပ်ယူတာတင်မက အချိန်အကြာကြီးတရားထိုင်နေတယ်ဆိုတာ တစ်ခုခုရခဲ့တယ်လို့ထင်တယ်…ပင်လယ်နတ်ဘုရားခန်းမဆောင်ကို မင်းပြန်လာကထဲက တွက်မယ်ဆိုရင် အခုကသုံးရက်မြောက်နေ့ရှိသွားပြီ ”

ဟို့ယွိဟောင် လန့်သွားပါတော့တယ်။ ဒီလောက်အအချိန်အကြာကြီးကုန်သုံးတယ်လို့ မထင်ထားခဲ့မိပါဘူး။

” အဲ့ဒီကံကြမ္မာမျက်လုံးက ဘယ်လိုအပြောင်းအလဲတွေ ဖြစ်စေလဲဆိုတာပြောပါဦး ငါသိချင်တယ် ”

၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့ အစွမ်းအစတွေက အကြီးအကဲမုကို အများကြီးစိတ်မလှုပ်ရှားစေနိုင်ပါဘူး။

ဟို့ယွိဟောင်ရိုးရိုးသားသားနဲ့ အမှန်အတိုင်းအကုန်လုံးကို ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အစောပိုင်းတုန်းက သူရရှိထားပြီသားဖြစ်တဲ့ အသက်မျက်လုံးအကြောင်းကိုတော့ သူထားခဲ့ပါတယ်။ နောက်ဆုံးတော့လဲ ဒီကိစ္စက လျှပ်စီးဧကရာဇ်နဲ့သက်ဆိုင်နေဆဲပါ။ သူ့ရဲ့ တတိယမျက်လုံးက ခိုင်မာတဲ့နောက်ခံဇာတ်လမ်းတစ်ပုဒ်ရှိနေခဲ့ပါတယ်။

အကြီးအကဲမုက တခဏတာဥ်းစားလိုက်ပြီတဲ့နောက် ပြန်ပြီပြောလာခဲ့တယ်။

” ဒါကခန္ဓာကိုယ်မျိုးနွယ်ရဲ့ ဒုတိယ၀ိညာဥ်နိုးထမှုနဲ့ အတော်လေးကို တူညီတယ်…ဒါပေမယ့် မင်းရဲ့အင်အားတိုးမြင့်လာတာကတော့ ပိုလို့တောင်ကြီးမားသေးတယ်…ကံကြမ္မာမျက်လုံးကနေ ကံကြမ္မာအကြောင်းကို မင်းပြန်ပြီတော့စဥ်စားကြည့်ရမယ် ”

” ဧကရာဇ်သားရဲကောင်ရဲ့ အင်အားကိုရရှိတယ်ဆိုတာက ရိုးရှင်းတဲ့အရာတစ်ခုမဟုတ်ဘူး..ဒီနေ့ကနေစပြီ မင်းဖန်းယွီဆီမှာသုံးရက်သင်ရမယ်…အဲ့ဒီနောက် မင်းငါနဲ့လာပြီတော့ သုံးရက်လေ့ကျင့် ၀မ်ယန်ကတော့ ၀ိညာဥ်ပညာရှင်တွေ သိသင့်သိထိုက်တဲ့အသိပညာတွေအကြောင်းကို တစ်ရက်သင်ပေးလိမ့်မယ်…ဒီလိုမျိုးခုနှစ်ရက်တိတိနားရက်မရှိပဲ စာသင်ကြရမယ်..မင်းအပြင်နယ်မြေကိုပြန်ဖို့လဲ မလိုတော့ဘူး…နှစ်တိုင်းမှာစာမေးပွဲစစ်တဲ့ စမ်းသပ်ချက်ကိုဖြေဖို့ပဲလိုလိမ့်မယ် ”

ဒါကိုကြားချိန်မှာ ဟို့ယွိဟောင်အနေနဲ့ လန့်သွားခဲ့ပေမဲ့ အကြီးအကဲမုက သူ့ကိုအကောင်းဆုံးမွေးမြူးချင်နေတာဖြစ်မှန်သိတာကြောင့် ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်ပါတယ်။

” ဟုတ်ကဲ့ပါဆရာ ”

” မင်းအခုသွားလို့ရပြီ ဖန်းယွီကိုအရင်ဆုံးသွားရှာလိုက် ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ကို စတင်နိုင်ပြီလို့သူ့ကိုသတိပေးလိုက် ဒါ့အပြင် ဟယ့်ချိုက်ထို့နဲ့အတူတူမင်းလေ့ကျင့်မယ် ”

” ဆရာ ၀မ်သုန့်ကရော ဘယ်လိုလဲ ”

” သူက ၀ိညာဥ်လက်နက်တွေကိုသိပ်ပြီ စိတ်မ၀င်စားဘူးလေ မစိုးရိမ်နဲ့သူကပင်လယ်နတ်ဘုရားခန်းမဆောင်ထဲမှာ ငါနဲ့အတူတူလေ့ကျင့်မှာ မင်းတို့ရဲ့ပူးပေါင်းတဲ့လေ့ကျင့်မှုကိုလဲ ငါကြီးကြပ်ပေးဦးမယ်…ဒါကြောင့် ညတိုင်းပင်လယ်နတ်ဘုရားခန်းမဆောင်ကို ပြန်လာပြီ သူနဲ့လေ့ကျင့်ချေ ”

” ကောင်းပါပြီဆရာ ”

အကြီးအကဲမုက မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်ရင်း ဟို့ယွိဟောင်ကို တည်ကြည်လေးနက်တဲ့အကြည့်နဲ့ ကြည့်လာခဲ့ပါတယ်။

” ယွိဟောင် မင်းအနေနဲ့အခုကနေစပြီ မြန်မြန်ဆန်ဆန်တိုးတက်အောင် လုပ်ရလိမ့်မယ်…ပြိုင်ဘက်ကင်းသိုင်းပညာ၀ိညာဥ်က မင်းကိုကောင်းမွန်တဲ့အနာဂတ်ပေးစွမ်းနိုင်ရုံတင်မကဘူး..မင်းထမ်းဆောင်ရမဲ့တာ၀န်၀တ္တရားကလဲ ကြီးမားလိမ့်မယ် ”

” နောက်နှစ်နှစ်ကြာရင် နေလတော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာ သုံးနှစ်တိတိသွားရောက်ပြီ သင်ကြားရလိမ့်မယ်..နောက်တစ်ခေါက်တိုက်ကြီးရဲ့ ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲအချိန်ကြလာပြီဆိုရင်မင်းမှာသင့်တော်တဲ့ကိုယ်ပိုင်အစွမ်းအစတွေရှိနေလိမ့်မယ်…ငါတို့အခုအချိန်မလောက်တော့ဘူး…အချိန်ကငါ့ကိုမစောင့်တော့ဘူးလေ နိုင်ငံတော်တွေကြားမှာရှိနေတဲ့ဆက်ဆံရေးကလဲ အတော်ကြီးကို အကြပ်အတည်ဖြစ်နေပြီ နေလနိုင်ငံတော်က မကြာခင်မှာ လှုပ်ရှားတော့မဲ့အရိပ်အယောင်တွေပြနေတယ်…ခန္ဓာကိုယ်မျိုးဆက်ကလဲ ပေါ်ထွက်လာခဲ့ပြီ ”

တခဏတာရပ်တန့်နေပြီတဲ့နောက် ဟို့ယွိဟောင်ကို လေးလေးနက်နက်စိုက်ကြည့်ရင်း သူပြောလာခဲ့ပါတယ်။

” ဧကရာဇ်သားရဲကောင်ရဲ့ ကံကြမ္မာအစွမ်းကို မင်းရရှိလိုက်ပုံကြည့်လိုက်မယ်ဆိုရင် ကံကြမ္မာက မင်းကိုရွေးချယ်လိုက်ပြီပဲ မင်းရဲ့အနာဂတ်က အမျက်ဒေါသကျောင်းတော်ကို ကာကွယ်ပြီ ထန်မျိုးနွယ်ကိုပြန်လည်တည်ထောင်ဖို့တင်မဟုတ်တော့ဘူး…တိုက်ကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကိုထိန်းသိမ်းဖို့ပါ ဖြစ်လာခဲ့ပြီ အကယ်၍ ငါရဲ့စကားတွေကို မင်းမှတ်မိပြီအကောင်းဆုံးကြိုးစားမယ်ဆိုရင် မင်းရဲ့ဆရာဖြစ်ရတဲ့အတွက် ငါလဲဂုဏ်ယူမိမှာပါ ”

ဟို့ယွိဟောင်အနေနဲ့ အကြီးအကဲမုရဲ့စကားတွေကိုကြားချိန်မှာ နှလုံးသားတစ်ခုလုံလေးလံလာတာကို ခံစားလိုက်မိပါတယ်။ အကြီးအကဲမုရဲ့ စကားကြောင့်ရော လေသံကြောင့်ရော မဟုတ်ပါဘူး။ ဒါကြောင့် သူချက်ချင်းမေးလိုက်ပါတယ်။

” ဆရာ ဆရာရဲ့ခန္ဓာကိုယ်အခြေအနေက ဘယ်လိုဖြစ်လို့ပါလဲ ”

အပိုင်း ၁၄၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset