Switch Mode

Chapter – 146.3

ကံကြမ္မာမျက်လုံးက

အပိုင်း ၁၄၆•၃

” ကံကြမ္မာမျက်လုံး ”
°°°
ဒီသတ္တ၀ါက ၀ံပုလွေနဲ့ တူညီပါတယ်။ ၀ံပုလွေက အလင်းတွေတောက်ပတဲ့ခရမ်းရင့်ရောင်အမွေးတွေကို ပိုင်ဆိုင်ထားတဲ့အပြင် သူ့ရဲ့ရုပ်ရည်သွင်ပြင်ကတစ်နည်းတစ်ဖုံထူးခြားနေခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ရဲ့မျက်လုံးတွေက ကျဥ်းမြောင်းလို့နေခဲ့ပြီ ခြေထောက်တိုတိုလေးတွေနဲ့အတူ သူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်အလေးချိန်ကိုတောင် သယ်ဆောင်နိုင်တဲ့ပုံမပေါ်ပါဘူး။

ဟို့ယွိဟောင်က ၀ိညာဥ်သားရဲကောင်ကို ရေခဲသွားတဲ့အထိ လုပ်ပြစ်လိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ညာဘက်လက်ထိပ်ဖျားကနေ ဓားသွားလေးတွေကထွက်ပေါ်လာခဲ့ပြီ ၀ိညာဥ်သားရဲကောင်ရဲ့ဦးခေါင်းခွံထဲကိုထိုးစိုက်လိုက်ပါတယ်။ သားရဲကောင်ကတော့ သေဆုံးသွားပြီဖြစ်တာကြောင့် မခံစားရပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်က လုံး၀အေးခဲခံထားရတာဖြစ်တာကြောင့် သွေးတစ်စက်မှထွက်မလာပဲဖြစ်နေခဲ့ပါတယ်။

အဲ့ဒီနောက် ခေါင်းပေါ်ကနေ အနက်ရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းက ဖြည်းဖြည်းချင်းထွက်ပေါ်လာခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ အချိန်မဖြုန်း၀ံ့ပါဘူး။ တင်ပလ္လင်ခွေချိတ်ထိုင်ချလိုက်ရင်း ၀ိညာဥ်စွမ်းအားတွေကို အသုံးပြုရင်း စတင်ပေါင်းစည်းပါတော့တယ်။

ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်ထဲကနေ ချက်ချင်းဆိုသလိုတုန်ခါလို့လာခဲ့ပြီ သိပ့်သည်းတဲ့စိတ်၀ိညာဥ်စွမ်းအားတွေက မျက်လုံးထဲကနေ ထွက်ပေါ်လာခဲ့ကာ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ၀ိညာဥ်စွမ်းအားတွေနဲ့အတူ စတင်လှည့်ပတ်ပါတယ်။

ကျယ်ပြန့်တဲ့စိတ်၀ိညာဥ်စွမ်းအားလှိုင်းထန်မှုက ကြောက်စရာနဲ့စိတ်၀ိညာဥ်စွမ်းအားကနေ ထွက်ပေါ်လာခဲ့ပြီ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ကို ပြင်းထန်တဲ့နာကျင်မှုလှိုင်းတွေအဖြစ် ပြောင်းလဲသွားစေခဲ့ပါပြီ။ ဒီစွမ်းအားက သတိလစ်နေတဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင်လိုမျိုး သူ့ခန္ဓာကိုယ်ထဲကို စိမ့်၀င်မလာခဲ့ပဲ ပြင်းပြင်းထန်ထန် ရူးသွပ်တဲ့ပုံသဏ္ဍာန်နဲ့ ၀င်ရောက်လာခဲ့တာပါ။

ထိတ်လန့်သွားပြီတဲ့နောက် ဟို့ယွိဟောင်အနည်းငယ်ပျော်ရွှင်လို့ သွားပါတယ်။ ဒီ၀ိညာဥ်သားရဲကောင်ကို သူမသိပါဘူး။ ဒါပေမယ့် အကြီးအကဲရွှမ်ကတော့ နားလည်ပါတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က နှစ်ပေါင်းတစ်သောင်းခွဲကို မရောက်သေးပါဘူး။

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပြောပုံအရဆိုရင် ဒီ၀ိညာဥ်စက်ကွင်းကို စုပ်ယူဖို့အတွက် သူ့မှာအခက်ခဲမရှိနိုင်တာအမှန်ပါ။ ကျင့်ကြံဆင့်ကိုအနည်းငယ်ချိတ်ပိတ်ထားဖို့သာလိုပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားကလဲ မျက်လုံးသုံးလုံးရွှေခြင်္သေ့ကြောင့် အများကြီးတိုးတက်လို့လာခဲ့တော့တယ်။ ဒါကြောင့်သာ ဒုတိယစိတ်၀ိညာဥ်ပင်လယ်ကို သူထိန်းချုပ်နိုင်ခဲ့တာပါ။ ဒီ၀ိညာဥ်စွမ်းအားသူ့ကိုတိုက်ခိုက်မှာကြောက်စရာမလိုပါဘူး။ သူခံစားနေရတဲ့အင်အားက ပိုပြီးကောင်းလေလေ ဒီ၀ိညာဥ်စွမ်းရည်အသစ်က ပိုအစွမ်းထက်လေဆိုတာကို နားလည်လာခဲ့ပါတယ်။

ထူးဆန်းကောင်းကင်နည်းလမ်းရဲ့၀ိညာဥ်စွမ်းအားတွေကို ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့ပေမဲ့ ဟို့ယွိဟောင်ကတော့ တည်ငြိမ်နေခဲ့ပါတယ်။ စိတ်၀ိညာဥ်ပင်လယ်ကိုထိန်းချုပ်ရင်းစိတ်၀ိညာဥ်စွမ်းအားတွေကို ထည့်သွင်းလို့နေခဲ့တယ်။ အဲ့ဒီနောက် သူ့ရဲ့စွမ်းအားဖြတ်သန်းသွားလာလမ်းကြောင်းတစ်လျှောက်မှာ ၀ိညာဥ်စွမ်းအားကို လှည့်ပတ်စေလိုက်ပါတယ်။ ဦးခေါင်းခွံကနေတစ်ဆင့် အသွေးအသားထဲအထိကို နာကျင်မှုကပြည့်နှက်လာခဲ့ပေမဲ့ သူ့အမူအရာကသိပ်ပြီမပြောင်းလဲခဲ့ပါဘူး။

အကြီးအကဲရွှမ်ကတော့ ဘေးကနေဂရုတစိုက်လေ့လာနေခဲ့ပါတယ်။ တစ်မိနစ်ကုန်ဆုံးသွားခဲ့ပေမဲ့ ဟို့ယွိဟောင်က အေးအေးဆေးဆေးဖြစ်နေခဲ့ပါတယ်။ ခန္ဓာကိုယ်က ရောက်ရမ်းလာခဲ့ပြီ ခရမ်းရင့်ရောင်အလင်းတန်းတွေက ပြန့်နှံ့လို့လာခဲ့ပေမဲ့ သူတစ်ချက်လေးမှမလှုပ်ပဲရှိနေခဲ့ပါတယ်။ အကြီးအကဲရွှမ်ကတော့ လေးစားမှုအပြည့်နဲ့စိတ်ထဲမှာ ပင့်သက်ရှိုက်နေခဲ့မိတယ်။

ဒီလိုမျိုးကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းနဲ့ တောင့်ခံမှုက ကလေးတစ်ယောက်ပိုင်ဆိုင်နိုင်တဲ့ အရာထက်ကိုကျော်လွန်နေခဲ့ပါပြီ။ အတွင်းနယ်မြေရဲ့တပည့်သားတွေတောင် ဟို့ယွိဟောင်အခုလုပ်နေတဲ့အရာမျိုးကို မလုပ်နိုင်ပါဘူး။ နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းကို သူစုပ်ယူဖို့မကြောက်တာအံ့ဩစရာမရှိပဲ ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို ၀ိညာဥ်အရ်ိုးတွေက အများကြီးပံ့ပိုးထားခဲ့တဲ့အတွက် ဒီလိုစုပ်ယူမှုက ပြဿနာမဖြစ်တဲ့ပုံပါပဲ။

” ၀မ်သုန့်နဲ့ ရှောင်းရှောင်းမင်းတို့နှစ်ယောက် စောင့်ကြည့်နေဦး ငါအကြီးအကဲမုနဲ့ ဆွေးနွေးစရာရှိတာလေ ဆွေးနွေးဦးမယ် ”

” ဟုတ်ကဲ့ပါ ”

အကြီးအကဲရွှမ်က ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲကို ၀င်သွားခဲ့ပါတယ်။ အကြီးအကဲမုက သူတို့ပြန်လာတာကိုတောင် မထောက်လှမ်းတဲ့အတွက်အံ့အားသင့်နေခဲ့တယ်။ အသံတစ်သံမှကိုမကြားတဲ့အတွက် အကြီးအကဲမုရဲ့အခန်းထဲကို သူခပ်မြန်မြန်ပဲ၀င်သွားပြီ အခန်းတံခါးကိုခေါက်လိုက်ပါတယ်။

” ကလေးသုံးယောက်ကို ကျွန်တော်ပြန်ခေါ်လာပါပြီအကြီးအကဲမု ”

” အထဲကို၀င်လာခဲ့ပါ ”

အကြီးအကဲမုရဲ့အသံကတော့ အနည်းငယ်ဖျော့တော့လို့နေခဲ့ပါတယ်။ အကြီးအကဲရွှမ်က တံခါးကိုတွန်းဖွင့်ရင်း၀င်သွားခဲ့ပေမဲ့ သူမြင်လိုက်ရတဲ့အရာကြောင့် သူလန့်သွားခဲ့ရတယ်။

” အကြိီးအကဲမု ဘာများဖြစ်သွားတာလဲ ”

တိတ်တဆိတ်လဲလှောင်နေခဲ့တဲ့ အကြီးအကဲမုရဲ့မျက်နှာက မှောင်မိုက်လို့နေခဲ့ပြီ အသက်စွမ်းအားလဲရှိမနေတော့ပါဘူး။ အခုအချိန်မှာသူကအတော်အိုမင်းနေတဲ့ပုံပေါ်ပြီ ဆံပင်ရဲ့တစ်၀က်နီးပါးက ဖြူဖွေးလို့သွားခဲ့ပါပြီ။

ထူးကဲသာလွန်သော့်လော့ဖြစ်တဲ့ အကြီးအကဲရွှမ်တောင်မှ ဒီလိုအ​ပြောင်းအလဲမျိုးက ဘာကိုဆိုလိုတယ်ဆိုတာသိနေခဲ့တယ်။ သူ့ရဲ့အသက်စွမ်းအားတွေက မြန်မြန်ဆန်ဆန်စိမ့်ထွက်နေခဲ့တဲ့အတွက် သက်တမ်းကအများကြီးလျော့သွားခဲ့တာပါ။

” ရွှမ်ကျင့် ထိုင်လိုက်ဦး ”

အကြီးအကဲမုကတော့ အေးဆေးတည်ငြိမ်နေဆဲပါပဲ။ သူ့ရဲ့မျက်လုံးတွေထဲမှာ စိတ်ခံစားချက်ရှိမနေခဲ့ပါဘူး။

အကြီးအကဲရွှမ်က ခပ်မြန်မြန်ပဲထိုင်လိုက်ရင်း အကြီးအကဲမုရဲ့ ပုံသဏ္ဍာန်ကိုမြင်ချိန်မှာ အတော်ကိုစိုးရိမ်ပူပန်နေခဲ့ပါတယ်။

” ဒါမဖြစ်လာသင့်ဘူးလေ ကျွန်တော်တို့ထွက်သွားတဲ့အချိန် အကြီးအကဲမုရဲ့အခြေအနေက တည်ငြိမ်နေသေးတာပဲ ဘယ်လိုများဒီလောက်အချိန်တိုလေးအတွင်းမှာ ဘယ်လိုဖြစ်သွားရတာလဲ ”

” မစိုးရိမ်သေးနဲ့ ငါအချိန်မကြသေးဘူး ဒါပေမယ့် ”

အကြီးအကဲမုက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ဆရာသခင်ပါ။ ကြောက်စရာကောင်းလွန်လှတဲ့ ကန့်သတ်မဲ့သော့်လော့ရဲ့အင်အားကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ သူ့ရဲ့မျက်၀န်းထဲမှာတော့ ၀မ်းနည်းမှုတွေက အပြည့်ပါပဲ။

” အဲ့ဒီကလေးရှောင်ထောင့် ထွက်သွားပြီ ”

အကြီးအကဲမုက တစ်ခွန်းချင်းပြောလာခဲ့ပါတယ်။

” ဘယ်လိုဖြစ်သွားလဲ ”

အကြီးအကဲမုစကားကိုကြားချိန်မှာ အကြီးအကဲရွှမ်က အထိတ်တလန့်ဖြစ်လာပါတော့တယ်။

” သူဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အကြီးအကဲမုရဲ့ချိတ်ပိတ်စည်းထဲမှာ ရှိနေတာမလား သူ့မှာဖျက်ဆီးနိုင်တဲ့အစွမ်းအစရှိမယ်ဆိုရင်တောင် ပင်လယ်နတ်ဘုရားခန်းမဆောင်ထဲမှာ တခြားအကြီးအကဲတွေရှိနေတယ်လေ သူဘယ်လိုလုပ်ပျောက်သွားနိုင်မှာလဲ ”

” အဲ့ဒီလိုပဲဖြစ်သွားခဲ့တယ်…ငါ့သူ့ကိုစိတ်ပျက်စေမိပြီလို့ ငါခံစားမိတယ်…ငါတို့တွေကတကယ်သတိလက်လွှတ်ဖြစ်လွန်တာပဲ ငါရဲ့ချိတ်ပိတ်စည်းက ဘာမှမမှားပေမဲ့ လက်ရှိအချိန်မှာ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ဆရာသခင်ကချိတ်ပိတ်စည်းနားကို ၀င်ခဲ့တယ်လေ ဘယ်လိုဖြစ်သွားလဲငါမသေချာပေမဲ့ သေချာပေါက် ငါရဲ့ချိတ်ပိတ်စည်းသို့မဟုတ်ရင် ရှောင်ထောင့်ကိုတစ်ခုခုလုပ်ခဲ့တယ်…ဒါကြောင့်လဲ သူထွက်ပြေးသွားနိုင်တဲ့အင်အားရှိလာနိုင်တာ ”

” မင်းထွက်သွားပြီ နောက်ငါးရက်အကြာမှာ ကျောင်းတော်ကကျူးကျော်ခံခဲ့ရတယ်..ရန်သူတွေကအရမ်းအင်အားကြီးလွန်တာကြောင့် ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အကြီးအကဲတွေက မြို့တော်မပျက်စီးအောင် ကာကွယ်ဖို့အတွက် သူတို့ကိုကြိုးစားတိုက်ခိုက်ခဲ့ရတယ်…ရှောင်ထောင့်ကလဲ အဲ့ဒီအချိန်မှာ ထွက်ပြေးဖို့အခွင့်အရေးရသွားတာပဲ ငါတို့မျက်စိရှေ့တည့်တည့်မှာတင်ဖြစ်သွားခဲ့တာ ”

” ခန္ဓာကိုယ်မျိုးနွယ်ကြောင့်လား ”

အကြီးအကဲရွှမ်က ဒေါသတကြီးနဲ့မေးလိုက်မိပါတယ်။ သူမြင်ရသလောက်အရဆိုရင် အကြီးအကဲမုကို ဒီလောက်အထိ ဖိအားပေးနိုင်တယ်ဆိုတာ ခန္ဓာကိုယ်မျိုးနွယ်သာဖြစ်နိုင်တာပါ။ အကြီးအကဲမုကတော့ လက်ဝှေ့ရမ်းပြရင်း ပြောလာခဲ့တယ်။

” ခန္ဓာကိုယ်မျိုးနွယ်မဟုတ်ဘူး…သုပုစီးက ခေါင်းမာပြီ တစ်ဇွတ်ထိုးဆန်ပေမဲ့ သူကသူ့ရဲ့သိက္ခာကိုတော့ လေးစားတဲ့သူပဲ သူ့အစ်ကိုကြီးနဲ့ပုံစံတူတယ်…အနည်းဆုံးတော့ ငါမသေခင်ကျောင်းတော်ကိုဘာမှလုပ်မှာမဟုတ်ဘူးလေ ဒါပေမယ့် ခန္ဓာကိုယ်မျိုးနွယ်ထက်ပိုပြီးတော့ စိုးရိမ်စရာကောင်းတာက အဲ့ဒီလူတွေအာလုံးက မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကြီးပဲ စုစုပေါင်းဆယ့်တစ်ယောက်ရှိတယ်…ဒါ့အပြင် လေးယောက်က ဘွဲ့အမည်ခံအဆင့်ရှိတဲ့သော့်လော့တွေကြီးပဲ ”

” မိစ္ဆာ၀ိညာဥ်ပညာရှင်ဆယ်တစ်ယောက် ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒါကြီးက ”

အကြီးအကဲရွှမ်အနေနဲ့ တခဏတာအသက်ရှုဖို့မေ့လျော့သွားခဲ့ပြီ ပြောမိပါတော့တယ်။

မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက သာမန်၀ိညာဥ်ပညာရှင်တွေထက် အများကြီးအင်အားပိုကြီးတာပါ ဒါ့အပြင် သူတို့အတွက် သော့်လော့ဖြစ်လာဖို့ဆိုတာ အင်မတန်ကိုအရမ်းခက်ခဲတဲ့အရာပါပဲ။ မဖြစ်နိုင်သလောက်ကို ခက်ခဲပါတယ်။ အကြီးအကဲမုပြောသလောက်ဆိုရင် ဆယ့်တစ်ယောက်တိတိတောင်ရှိနေခဲ့တာပါ။ လေးယောက်က သော့်လော့ဖြစ်နေတဲ့အတွက် အကြီးအကဲရွှမ်နားလည်နိုင်တာထက်ကို ပိုကျော်လွန်နေခဲ့ပါပြီ။

ဒီလိုအင်အားကြီးလွန်လှတဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေ တစ်ချိန်ထဲမှာထွက်ပေါ်လာတာ တိုက်ကြီးရဲ့သမိုင်းတစ်လျှောက်မှာ ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးတဲ့အရာပါပဲ။

” ငါအနေနဲ့ နားလည်ထားနိုင်တဲ့အခြေအနေက ကျော်ဖြတ်သွားပြီ မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက လွန်ခဲ့တဲ့နှစ်ရာချီမှာ အများကြီးမပေါ်ထွက်လာခဲ့ဘူးလေ ဒါ့အပြင် ပေါ်ထွက်လာတဲ့တော်တော်များများကလဲ ကျင့်ကြံဆင့်နှိမ့်ပါးကြတယ်…တစ်ခုခုမှားယွင်းနေတယ်လို့ စိတ်ထဲထင်နေခဲ့မိတာ ဒါပေမယ့် သူတို့က မိစ္ဆာ၀ိညာဥ်ပညာရှင်တွေကို ပေါင်းစည်းပြီကိုယ်ပိုင်အဖွဲ့အစည်းကြီးတည်ထောင်လိမ့်မယ်လို့ တွေးမထားခဲ့မိလိုက်ဘူး ”

” မိစ္ဆာ၀ိညာဥ်ပညာရှင်တွေက သူတို့ရဲ့ထူးခြားတဲ့အစွမ်းအစတွေကြောင့် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေပြီးပြီ သူတို့က ဘယ်သူအမိန့်ကိုနာခံပြီတော့များ ဒီလိုအဖွဲ့အစည်းဖြစ်သွားရတာလဲ ”

အကြီးအကဲရွှမ်က မျက်မှောင်ကြုတ်ရင်ပြောလာခဲ့မိပါတယ်။

” ဒါကိုအခုအချိန်မှာ ဆွေးနွေးနေတာက အသုံးမ၀င်နိုင်ဘူး…ငါအဲ့ဒီထဲက ခြောက်ယောက်ကို အကောင်းဆုံးကြိုးစားပြီ သတ်ပြစ်ခဲ့တယ်…ဒါပေမယ့် အသက်စွမ်းအားတွေအများကြီးကုန်ဆုံးသွားတယ်လေ အဲ့ဒီအထဲမှာ သော့်လော့တစ်ယောက်ပဲသေသွားပြီ အင်အားအကြီးဆုံးသူက ထူးကဲသာလွန်သော့်လော့ဖြစ်နေတယ်..ငါလဲသူတို့နဲ့ သေရေးရှင်းရေးယှဥ်နေကြပြီ တခြားမိစ္ဆာ၀ိညာဥ်ပညာရှင်တွေကို ငါမသတ်လိုက်နိုင်ဘူး…ကံကောင်းစွာနဲ့ပဲ ငါတို့တွေအများကြီးအဆုံးအရှုံးမကြုံလိုက်ရဘူးလေ..လက်ရှိအချိန်မှာ ရှောင်ထောင့်ရဲ့အခြေအနေကိုတော်တော်လေးစိတ်ပူမိတယ်…အဆုံးစွန်းအမှောင်ထုရဲ့ မီးလျှံဆိုတာက အဲ့ဒီမိစ္ဆာ၀ိညာဥ်ပရှင်တွေအဖွဲ့အစည်းထဲကို ရောက်သွားခဲ့မယ်ဆိုရင် ”

” သေချာပေါက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမက ပြဿနာရှာတာပဲဖြစ်ရမယ်…အနည်းဆုံးတော့ သူတို့တွေသေချာပေါက် အဆက်အသွယ်ရှိနေရမယ်…အကြီးအကဲမု ပုံရိပ်ယောင်အစစ်အမှန်ခန်းမကိုသွားပြီရှာဖို့ လူလွှတ်လိုက်ရမလား ”

အကြီးအကဲရွှမ်က ပြောလာခဲ့ပါတယ်။

” ဒါလဲအသုံး၀င်မှာမဟုတ်ဘူး ပုံရိပ်ယောင်အစစ်အမှန်ခန်းမက မိစ္ဆာ၀ိညာဥ်ပညာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး လုပ်လေ့လုပ်ထမရှိဘူး…သူတို့လုပ်မယ်ဆိုရင်တောင် သက်သေအထောက်အထားကို ရအောင်ဖျောက်ဖျက်ပြစ်မှာပဲလေ ”

” သူတို့က မိစ္ဆာ၀ိညာဥ်ပညာရှင်တွေရဲ့အင်အားကိုအသုံးချပြီ ငါတို့ကိုတိုက်ခိုက်တာဖြစ်လိမ့်မယ်…ငါရဲ့အသက်စွမ်းအားတွေက တစ်နှစ်ခွဲအထိ ကုန်ဆုံးလို့သွားခဲ့ပြီးပြီ ဒါကြောင့် လက်ရှိအချိန်မှာ ရွှေသစ်ပင်နဲ့ကိုယ့်ကိုကိုယ်ပေါင်းစည်းပြီ အထဲက၀ိညာဥ်စွမ်းအားတွေကို ပေါင်းစပ်အသုံးပြုနေရတယ်…လက်ရှိအချိန်မှာ အမျက်ဒေါသကျောင်းတော်ကို ပြဿနာလာရှာ၀ံ့တဲ့ဘယ်သူမဆိုကတော့ ”

အကြီးအကဲမုရဲ့ဒေါသတကြီးအော်သံက သိပ်မကျယ်လိုက်ပါဘူး။ ဒါပေမယ့် ထူးကဲသာလွန်သော့်လော့တစ်ယောက်ဖြစ်တဲ့ အကြီးအကဲရွှမ်တောင်မှ သူ့ရဲ့ကြိမ်း၀ါးသံကိုကြားချိန်မှာ အတော်လေးကို ရင်ထဲထိတ်သွားခဲ့ရပါတယ်။

” ဒီကလေးတွေကို လူငယ်မျိုးဆက်သစ်တွေရော မြန်နိုင်သလောက်မြန်အောင်တိုးတက်ဖို့အတွက် လုပ်ဆောင်မှရမယ်…မိစ္ဆာ၀ိညာဥ်ပညာရှင်တွေရဲ့အဖွဲ့အစည်းကြီးက အချိန်မတိုင်ခင်မှာ သုတ်သင်ရှင်းလင်းပြစ်ရမယ်…ဒါပေမယ့် သူက တိုက်ကြီးမှာတရား၀င်ပေါ်ထွက်လာ၀ံ့ပြီဆိုမှတော့ လူသားမျိုးနွယ်အတွက်အတော်ကို အန္တရာယ်များတော့မှာပဲ ကပ်ဆိုးကငါတို့အပေါ်ကို ကျရောက်လာတော့မယ်…ရွှမ်ကျင့် မင်းတို့အနေနဲ့ ရှေ့ဆက်သွားရမဲ့ခရီးတစ်လျှောက်မှာ များပြားတဲ့၀န်ထုတ်၀န်ပိုးတွေကို ကြုံတွေ့ရတော့မှာပဲ ရှောင်ထောင့်အတွက်တော့ ငါတကယ်ပဲ အားနာမိပါတယ်. ”

အကြီးအကဲမုက နာနာကျင်ကျင်နဲ့ မျက်လုံးတွေကိုပိတ်ရင်းအတော်လေးကို မောပန်းနေပုံရတယ်။

မူလအခြေအနေမှာ အကြီးအကဲရွှမ်က အတော်လေးစိတ်ပျော်နေခဲ့တာပါ။ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းနှစ်ယောက်စလုံးက ဒီတစ်ခေါက်ခရီးစဥ်အတွက် ကြီးမားတဲ့ရလဒ်တွေကိုရခဲ့ပါတယ်။ အထူးသဖြင့် ဟို့ယွိဟောင်က ၀ိညာဥ်အရိုးတစ်ခုကိုအပိုရခဲ့တာပါပဲ။ အရမ်းကိုရှားပါးတဲ့ ပြင်ပအရိုးဖြစ်သလို အဆင့်ကျော်လဲတိုးတက်နိုင်ပါသေးတယ်။ ဒါပေမယ့် အကြီးအကဲမုရဲ့အခြေအနေတွေကို ကြားပြီချိန်မှာတော့ သူစိတ်အခြေအနေမကောင်းနိုင်တော့ပါဘူး။

အကြီးအကဲမုက ဆယ်စက္ကန့်ကြာအောင်ငြိမ်သက်​နေပြီတဲ့နောက် ဖြည်းဖြည်းချင်းပြောလာခဲ့တယ်။

” ယွိဟောင်ကို ဘာကြောင့်များကျောင်းပြန်ခေါ်လာပြီ ၀ိညာဥ်စက်ကွင်းရအောင်စုပ်ယူခိုင်းစေတာလဲ သူတို့တွေဘာတွေများကြုံတွေ့ခဲ့ရလို့လဲ ”

အကြီးအကဲရွှမ်က သူကိုယ်သူစိတ်ပြန်ငြိမ်အောင်ထိန်းလိုက်ရင်း အဖြစ်အပျက်တွေကို အကြောင်းဆုံးရှင်းပြပါတော့တယ်။

အကြီးအကဲမုရဲ့ အာရုံစိုက်မှုကတော့ အကြီးအကဲရွှမ်နဲ့မတူညီပါဘူး။ ဖြစ်ပျက်ခဲ့သမျှအချိန်တွေအားလုံးကို ကြားပြီချိန်မှာကတော့ သူအေးအေးဆေးဆေးသာပြောလာခဲ့ပါတယ်။

” ဧကရာဇ်သားရဲကောင်လား တကယ်ဧကရာဇ်သားရဲကောင်ပဲပေါ့ ယွိဟောင်ပြောတာ သူ့ရဲ့မှတ်ဉာဏ်တွေကိုစုပ်ယူလိုက်တယ်တဲ့ ဟုတ်တယ်ဟုတ် သမိုင်းမှတ်တမ်းတွေထဲမှာ ရေးထားအရဆိုရင် ဒီကိစ္စတွေကပိုပြီးနက်ရှိုင်းတဲ့အဓိပ္ပါယ်ရှိပုံပဲ နောက်ဆုံးမှာ ငါတို့အတွက် သတင်းကောင်းရှိပြီဒီကလေးကို ပိုပြီး မြန်မြန်ဆန်ဆန်မွေးမြူးရမယ်..၀ိညာဥ်စက်ကွင်းကို သူစုပ်ယူပြီရင်း ငါဆီခေါ်လာလိုက် နှစ်တစ်သောင်းခရမ်းရောင်စိတ်၀ိညာဥ်၀ံပုလွေ မဟာကြယ်တာရာသစ်တောမှာရှိတဲ့ ဒီကောင်တွေကအတော်ကိုရက်ရောကြတာပဲ ဧကရာဇ်သားရဲကောင်နဲ့ဆို ဘာမဆိုလဲနိုင်တယ်…ကောင်းကင်ဧကရာဇ်ရဲ့စကားတွေက ဒီလောကကြီးထဲမှာ ရှိရှိသမျှငွေကြေးဥစ္စာတွေထက် အများကြီးပိုပြီးတန်ကြေးရှိတယ်…ကံကောင်းပေလို့ မင်းတို့အားလုံးချောချောမွေ့မွေ့နဲ့ ပြန်ရောက်လာကြတယ် ”

ဒါပေမယ့် ဟို့ယွိဟောင်အနေနဲ့ ဒီ၀ိညာဥ်စက်ကွင်းကို စုပ်ယူဖို့အချိန်အတော်ကြာမယ်လို့ ဘယ်သူမှမထင်ထားခဲ့ပါဘူး။ ထင်ထားတာထက်ကို အတော်​လေးကြာပါတယ်။

ခရမ်းရင့်ရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို ၀င်ရောက်နေခဲ့ပေမဲ့ သူက အဲ့ဒီနေရာမှာ တစ်ချက်လေးတောင် မလှုပ်ပဲရှိနေခဲ့ပါတယ်။ ဖြူဖျော့ဖျော့ရွှေရောင်အလင်းတန်းက တစ်ကိုယ်လုံးကိုဖုံးလွှမ်းလို့ထားခဲ့ပြီ ဒေါင်လိုက်ကျကျရွှေရောင်မျက်လုံးကလဲ သူ့နဖူးမှာဖြစ်ပေါ်လာပါတယ်။ ဒီထူးခြားတဲ့မြင်ကွင်းကြောင့် အကြီးအကဲရွှမ်က အကြီးအကဲမုကို ဖိတ်ခေါ်ပြီလာကြည့်ခိုင်းစေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားတွေကို ချက်ချင်းစစ်ဆေးပြီတဲ့နောက် အကြီးအကဲမုက ဘယ်သူကိုမှမနှောင့်ယှက်ပေးစေဖို့ပြောလိုက်ပါတယ်။

ဟို့ယွိဟောင်အနေနဲ့ ဘာကြောင့်များ ၀ိညာဥ်စက်ကွင်းကို စုပ်ယူဖို့ဒီလောက်တောင် အချိန်ကြာနေခဲ့တာလဲ။ ဘာကြောင့်လဲဆိုတော့ ၀ိညာဥ်စက်ကွင်းတစ်ခုကို စုပ်ယူတယ်ဆိုတာလောက်ရိုးရှင်းတဲ့ကိစ္စဟုတ်မနေခဲ့လို့ပါ။

ဒီ၀ိညာဥ်သားရဲကောင်ရဲ့၀ိညာဥ်စက်ကွင်းက အရမ်းကိုအင်အားကြီးလွန်ပါတယ်။ ဒါပေမယ့် စိတ်၀ိညာဥ်အမျိုးအစားဖြစ်နေဆဲပါပဲ။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ပင်လယ်ကို အားဖြည့်ပေးပြီ သူ့ရဲ့၀ိညာဥ်စက်ကွင်းကို အသင့်တော်ဆုံးသက်တမ်းအထိရောက်အောင် အားဖြည့်ပေးနိုင်ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ဟို့ယွိဟောင်ရဲ့ လုံခြုံစိတ်ချမှုကိုအတော်လေး တွက်ချက်ပြီ ချင့်ချင့်ချိန်ချိန်လုပ်နေခဲ့တဲ့အတွက် ဟို့ယွိဟောင်ကို နှစ်ခြောက်ထောင်သက်တမ်းအထိသာ စုပ်ယူခွင့်ပြုပြီး ကျန်ရစ်တာတွေအားလုံးကို ချိတ်ပိတ်ပြစ်လိုက်ပါတယ်။

အပိုင်း ၁၄၆•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset