Switch Mode

Chapter – 121

မီးခိုးပြာ ဝံပုလွေကို သတ်လိုက်သည့် သူအား ထုတ်ဖော်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၁၂၁ – မီးခိုးပြာဝံပုလွေအား သတ်လိုက်သည့်သူကို ထုတ်ဖော်ခြင်း

ဟွမ်ရှောင်ရှန်း သွေးပျက်စွာ အော်ဟစ်လိုက်သည်။ သူ့ရင်ဘတ်ကို ထောက်ပေးထားသည့် တစ်ချောင်းတည်းကျန်သည့် ရင်ညွှန့်ရိုးကျိုးသွားပြီဖြစ်သည့်အပြင် အခြားအရိုးများလည်း ကျိုးသွားပြီဖြစ်သည်။

ဘန်း..

ထို့နောက် ချူဖုန်း ထိုလူကို လေထဲလွင့်ထွက်သွားအောင် ကန်ထည့်လိုက်သည်။ သူ၏ကျောရိုးများပင် ကျိုးသွားပြီဖြစ်သောကြောင့် သူ့ဒဏ်ရာများမှာ အတော်လေး ပြင်းထန်လှသည်ပင်။

“စိတ်ဝင်စားစရာပဲ .. မင်းက အဝါရောင်မြွေပါတစ်ကောင်မဟုတ်ဘူးလား .. အဲဒီဓားပျံအပြင် မင်းမှာ ဘာရှိသေးလဲ ပြပါဦး..” ချူဖုန်း ပြောလိုက်သည်။

“ငါ မင်းကို သတ်မယ်..” ဟွမ်ရှောင်ရှန်း မြေပြင်ပေါ်၌ လူးလိမ့်ကာ အော်ဟစ်နေလေသည်။ သူ့ပါးစပ်ထဲ သွေးများ ပြည့်နှက်နေပြီး နာကျင်မှုကြောင့် တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေလေပြီ။

သူ အသက်ရှင်နေသမျှကာလပတ်လုံး တစ်ခါမှ ဤကဲ့သို့ မခံစားခဲ့ရဖူးခဲ့။

သူ ဤလောက၌ နှစ်နှစ်ဆယ်ကျော် ရှင်သန်ခဲ့ပြီး လူသားတစ်ယောက်နီးနီး အသိဉာဏ်ရှိခဲ့သည်။ ယခင်က ရွာများတွင် သူ့ကို ‘တရှန်း’ ဟုခေါ်ကြပြီး သူ့အား ပူဇော်ကြရသည်။

သူ သန္ဓေမပြောင်းခင်ကတည်းက လူသားများအား စိတ်ပိုင်းဆိုင်ရာအားဖြင့် မည်ကဲ့သို့ လှည့်စားရမည်ကို သူသိပြီးသားပင်။ သန္ဓေပြောင်းပြီးသည့်နောက်တွင်တော့ သူ ပို၍ ကြောက်စရာကောင်းလာသည်။

ထို့အပြင် ထိုဓားပျံမှာ သူ၏ဝှက်ဖဲပင်။ သူ၏ခွန်အားနှင့်စွမ်းအားကို အသုံးပြုလိုက်လျှင် နိုးထခြင်းအဆင့်မှ သတ္တဝါများကို သတ်ရန်မှာ အိမ်ထောင်ရှင်မတစ်ဦး ဟင်းသီးဟင်းရွက်များ လှီးဖြတ်သကဲ့သို့ လွယ်ကူလှသည်။

ချူဖုန်း တစ်ယောက်တည်းကသာ သူ့စွမ်းအားကို ယှဉ်နိုင်သည့်သူ ဖြစ်လိမ့်မည်။

“ငါ့ကိုသတ်မယ်ဟုတ်လား .. မင်းက ဘာလို့ အခုထိ ခေါင်းမာနေသေးတာလဲ..”

ချူဖုန်း ထိုတွန့်လိမ်နေသည့် ခန္ဓာကိုယ်နား မတ်တပ်ရပ်လိုက်ပြီး ထပ်နင်းလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်နေရာအနှံ့ကို ခြေထောက်ဖြင့် နှိပ်နှယ်ပေးလိုက်ကာ အရိုးများ၊ အရွတ်များ ကျိုးကြေသွားအောင် လုပ်လိုက်သည်။

“မင်း..” ဟွမ်ရှောင်ရှန်း ကြောက်ရွံ့နေလေပြီ။ ချွေးစေးများမှာ ရေအေးများကဲ့သို့ပင် သူပါးပြင်ထက်မှ စီးကျလာသည်။

သူ စကားတစ်ခွန်းမှ မပြောရဲတော့။

သို့သော်လည်း ချူဖုန်းကတော့ သူ့ကို ဆက်နင်းနေဆဲပင်။ သူ့မေးရိုးလည်း ကျိုးသွားပြီဖြစ်သည်။

သူ ဒူးထောက်တောင်းပန်ချင်လျှင်ပင် တောင်းပန်၍မရတော့။ အဘယ်ကြောင့်ဆိုသော် သူ့ဒူးအရွတ်များ ပျက်စီးသွားပြီဖြစ်ပြီး မေးရိုးများလည်း လွဲသွားလေပြီ။

ညကောင်းကင်ယံတွင် ကြယ်များလင်းလင်တောက်ပနေပြီး လေသာဆောင်ကြီးလည်း တိတ်ဆိတ်နေသည်။ ဘေးဘက်မှ ကြည့်နေသည့်သူများပင် ကြောက်ရွံ့နေကြပြီဖြစ်သည်။

ချူဖုန်းသည် ကမ္ဘာမြေပေါ်၌ လမ်းလျှောက်နေသည့် နတ်ဆိုးကြီးအလား။ သူ့ရန်သူကို သစ်ပင်သေကဲ့သို့ပင် ထုနှက်နေသည်။

ဟွမ်ရှောင်ရှန်း၏စွမ်းအားကို မည်သူမှ သံသယမဝင်။ သူ့ဓားပျံ၏ ထက်ရှနေသည့်ဓားသွားမှာ ကြည့်နေသည့်သူကိုပင် တုန်လှုပ်သွားစေနိုင်သည်။ သားရဲဘုရင်မှလွဲလျှင် မည်သူက သူ့ကို ဖိနှိပ်နိုင်မည်နည်း..

ချူဖုန်းသည် ကျားနှင့်နဂါးပုံစံကို ပေါင်းစည်းလိုက်ပြီး လေထဲမှာပင် ထိုဓားကို ဖျက်ဆီးပစ်လိုက်သည်။

“သောက်ရမ်းကျေနပ်ဖို့ ကောင်းတာပဲ..”

ယုယန်ချင်းနှင့် တိဟွိုင်ကျင်းတို့ ဟစ်ကြွေးလိုက်ကြသည်။ သူတို့ကိုယ်တိုင် တိုက်ခိုက်နေရသကဲ့သို့ အော်ဟစ်ခုန်ပေါက်နေကြလေ၏။

ယဲ့ချင်းရုန်လည်း ပြုံးနေသည်။ သူမ ဤလူကိုမုန်းသည်။ ဤလူသည် သူမစိတ်ကို ထိန်းချုပ်ပြီး သူ့နားရောက်အောင် လုပ်ခဲ့သည်ပင်။ ယခု ဤလူ ခွေးသေတစ်ကောင်ကဲ့သို့ ရိုက်ခံနေရသောကြောင့် သူမ ကျေနပ်သည်ပင်။

သူတို့သာ ကျေနပ်နေကြသည်မဟုတ်။ ကြည့်နေကြသည့်သူအားလုံး စိတ်အားတက်ကြွနေကြသည်။ သူတို့ဘဝတွင် ဘယ်တုန်းကမှ ဤမျှနေ၍မကောင်းခဲ့။

သို့သော် အခြားလူများအတွက်တော့ ထိုသို့မဟုတ်။ ဧည့်ခံပွဲကျင်းပသည့်သူများမှာ တစ်ကိုယ်လုံး ချွေးပြန်နေလေပြီ။ သူတို့အတွက်တော့ အခြေအနေမကောင်း။ မည်သို့ပင်ဖြစ်စေ ရိုက်ခံနေရသည့်သူမှာ သားရဲဘုရင်တစ်ဦး၏ သားဖြစ်နေသည်ပင်။

အချိူ့လူများကတော့ ဒေါသထွက်နေကြလေ၏။ ထိုလူများထဲတွင် ရှုဝမ်ယိလည်းပါသည်။

ချူဖုန်း သားရဲဘုရင်သား၏ လှောင်ပြောင်ခြင်းခံရသည့်မြင်ကွင်းကို မြင်ချင်ခဲ့သည်။ ဤလူလက်ထဲတွင် ချူဖုန်း သေပင်သေသွားနိုင်သည်ဟု သူမ ထင်ခဲ့ခြင်းပင်။ သို့သော် အမှန်တရားမှာ ဆန့်ကျင်ဘက်ဖြစ်နေသည်။

အဖွဲ့အစည်းကြီးများ၏ အထက်လူကြီးများကတော့ အံ့အားသင့်နေကြသည်။ သူတို့ နွားနတ်ဘုရားကို အထင်သေးမိသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ နွားနတ်ဘုရားသည် သူတို့ထင်ထားသည်ထက် ပို၍ စွမ်းအားကြီးသည်ပင်။

ကျန်းလော့ရှန်းပင် ကြောက်လန့်ကာ အံ့အားသင့်သွားမိသည်။ မီးခိုးပြာဝံပုလွေကို သတ်လိုက်သည့်သူမှာ ချူဖုန်းဖြစ်ကြောင်း သူမ သေချာသွားလေပြီ။

ယုယန်ချင်းတို့အော်သံကြောင့် လူအုပ်ကြီး အသိပြန်ဝင်လာကြသည်။ ချူဖုန်း၏ စွမ်းအားကို အံ့အားသင့်နေရသောကြောင့် သူတို့ တိတ်ဆိတ်နေမိကြသည်ပင်။ ထို့နောက် လူများ ပျော်ရွှင်စွာ အော်ဟစ်ကြွေးကြော်လာကြသည်။

ပွဲစီစဉ်သူများမှာ လေသာဆောင်သို့ ပြေးသွားပြီး ဟွမ်ရှောင်ရှန်း၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဆက်တိုက်ပင် တောင်းပန်စကားပြောနေကြပြီး ဤလူကို နှစ်သိမ့်ရန် ကြိုးစားနေကြလေသည်။

သူတို့စိတ်ထဲတွင်တော့ တီးတိုးကျိန်ဆဲနေကြသည်ပင်။ ဟွမ်ရှောင်ရှန်းသည် ချူဖုန်းလက်ထဲတွင် ပြင်းထန်စွာ ဒဏ်ရာရသွားသောကြောင့် သားရဲဘုရင်များကို သူတို့ မည်ကဲ့သို့ ရှင်းပြရတော့မည်နည်း.. သူတို့ကို ခွင့်လွှတ်ပေးမည်လား.. သို့မဟုတ် သူတို့အပြစ်ပေးခံရမည်လား..

“ချူဖုန်း .. မင်းက တကယ်ကို..” လူတစ်ယောက် ချူဖုန်းပေါ် သူ့ဒေါသဖောက်ခွဲပစ်ရန် ပြင်ဆင်လာသည်။

သို့သော် ချူဖုန်း သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည့်အချိန်တွင်တော့ ထိုလူတိတ်ဆိတ်သွားသည်။

“ငါတို့ မပြီးသေးဘူး..” ဟွမ်ရှောင်ရှန်း သွေးတစ်ပွက်အန်ထုတ်ကာ ချူဖုန်းကို ပြောလိုက်သည်။

“မင်းက ပြီးချင်တာလား .. ဒါဆို ငါမင်းကို ပြီးအောင် လုပ်ပေးမယ်လေ..” ချူဖုန်း အေးစက်စွာ ပြောလိုက်ပြီးနောက် သူ့လက်သီးမှာ ဟွမ်ရှောင်ရှန်းထံသို့ ဦးတည်သွားလေ၏။

သူသည် လျင်မြန်လှသည့်အရှိန်ဖြင့် ဟွမ်ရှောင်ရှန်းနားသို့ ရောက်သွားကာ ဟွမ်ရှောင်ရှန်းခြေထောက်များကို နင်းချေပစ်လိုက်သည်။

ခွပ်..

အရိုးကျိုးသံများ ထပ်မံ ထွက်ပေါ်လာသည်။

“အား…” ဟွမ်ရှောင်ရှန်း နာကျင်စွာ အော်ဟစ်လိုက်သည်။

“မင်းပဲ သေဖို့တောင်းဆိုနေခဲ့တာ” ချူဖုန်း အေးစက်စွာ ပြောလိုက်ပြီးနောက် သူ့မျက်နှာထက်သို့ တက်နင်းလိုက်လေသည်။ ထိုသို့တက်နင်းလိုက်သည်နှင့် သွားများအတန်းလိုက် ကျွတ်ထွက်လာလေသည်။

“မလုပ်နဲ့..”

ဟွမ်ရှောင်ရှန်း ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ ချူဖုန်းသာလုပ်ချင်လျှင် သူ့ဦးခေါင်းကို နင်းချေပြီး ဦးနှောက်များ တစ်စစီထွက်လာအောင် လုပ်၍ရသည်ပင်။ သေခါနီးနေပြီဖြစ်သောကြောင့် သူ ကြောက်လာသည်။

ပွဲစီစဉ်သူများမှာ ထိတ်လန့်ကြောက်ရွံ့နေကြလေပြီ။ ချူဖုန်း ထိုလူ၏ဦးခေါင်းကို နင်းချေပြီး သွားများ ကျွတ်ထွက်အောင်လုပ်လိုက်သည်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြရသည်။

“ညီလေးချူ တော်ပြီ..”

ဟွမ်ရှောင်ရှန်း အသက်လုနေသည့်အချိန် အမျိုးသားတစ်ဦး ရုတ်တရက်ပေါ်လာကာ ချူဖုန်း လက်မောင်းကို လာဆုတ်ကိုင်ပြီး သူ့ကို တားဆီးလိုက်သည်။

ဤလူမှာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးပုံပေါ်ပြီး ပြေပြစ်သည့်မျက်နှာထားရှိသည်။ သူသည် ယဉ်ကျေးသိမ်မွေ့ပုံပင်။ ထိုလူသည် ချူဖုန်း မျက်လုံးများကို စိုက်ကြည့်လိုက်ကာ “ငါက ကျောင်းယု၊ ကျောက်စိမ်းဂူကျောင်းက”

ချူဖုန်း အံ့အားသင့်သွားရ၏။ သူ ဤလူကိုသိသည်။ ကျောက်စိမ်းဂူကျောင်းမှ တန်ဖိုးထားသည့် ပါရမီရှင်သုံးဦးရှိပြီး ဤကျောင်းယုမှာ ထိုထဲမှ တစ်ဦးပင်။

သားရဲတစ်ကောင်ကောင် သူ့ကိုလာတားခြင်းဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း ပထမဆုံးရောက်လာသည့်သူမှာ ကျောင်းယုဖြစ်နေသည်။

“သူ့ကိုလွှတ်လိုက် .. မဟုတ်ရင် ကျောက်စိမ်းဂူကျောင်းအတွက်လည်း ခက်ခဲသွားလိမ့်မယ်” ကျောင်းယု ပြောလိုက်သည်။ သူ၏လှုပ်ရှားမှုတိုင်းမှာ ညင်သာလှသည်။ မသိသည့်သူများဆိုလျှင် သူ့ကို ကျောက်စိမ်းဂူကျောင်း၏ ‘ပထမမျိုးစေ့’ဖြစ်ကြောင်း သိမည်မဟုတ်။

ချူဖုန်း တစ်ခဏခန့်တွေ့ဝေနေပြီးနောက် ထိုလူကို လွှတ်ပေးလိုက်သည်။

တကယ်တမ်းတွင် သူလည်း ဤလူကို လူအုပ်ကြီးရှေ့ သတ်မည်မဟုတ်။ သားရဲဘုရင်များသည် ယခုလတ်တလောမှ လူသားများနှင့် ငြိမ်းချမ်းစွာ နေထိုင်ရန် ကမ်းလှမ်းလာခြင်းဖြစ်သောကြောင့် သားရဲဘုရင်တစ်ပါး၏ သားကို သတ်ခြင်းမှာ ကောင်းသည့်လုပ်ရပ်မဟုတ်။

သို့သော် ဤသည်မှာ လူမမြင်သည့်နေရာ၌ ဖြစ်သည်ဆိုပါက သူ အစောကြီးကတည်းက ဤလူကို သတ်လိုက်ပြီဖြစ်သည်။

တကယ်တမ်းတွင် ဟွမ်ရှောင်ရှန်းခန္ဓာကိုယ်၌ မကျိုးသေးသည့် အရိုးတစ်ချောင်းမှ မရှိတော့။ သူသည် သေသည်ထက်ပင် ပိုဆိုးနေပြီဖြစ်သည်။ ဤသည်မှာ အခြားသားရဲများအား သတိပေးလိုက်သလိုလည်း ဖြစ်သွားမည်ပင်။

လူသားများသာ စွမ်းအားအကြီးဆုံးမျိုးစိတ်ဖြစ်ကြောင်း ချူဖုန်း ကြေငြာလိုက်ခြင်းပင်။

“လုံလောက်ပြီ..” စကားတစ်ခွန်းမှ မဟသည့် ခုန်းရှန် ပြောလာသည်။

ခုန်းရှန် လေသာဆောင်သို့ ဝင်လာသည်နှင့် အခြားလူများလည်း သူ့နောက်မှ လိုက်လာသည်။

“အစ်ကိုခုန်း .. ကျွန်တော်..” ဟွမ်ရှောင်ရှန်း ခေါင်းငုံ့လိုက်သည်။

“မင်းရဲ့ မပြည့်စုံမှုအတွက် မင်းဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးလေ ဟုတ်တယ်မလား .. လာခဲ့ .. သွားကြစို့..” ခုန်းရှန် ပြောလိုက်သည်။

သူ ချူဖုန်းအနှောက်အယှက်မပေးပဲ တည်ငြိမ်စွာ ထွက်သွားသောကြောင့် လူများ အံ့အားသင့်သွားရသည်။

ရှုဝမ်ယီကတော့ မကျေမနပ်ဖြစ်သွားလေသည်။ အနည်းဆုံး ခုန်းရှန်ကတော့ ချူဖုန်းအား တစ်ခုခု ပြန်လုပ်ရန် သူမ မျှော်လင့်ထားသည်ပင်။

ချူဖုန်းလည်း အံ့အားသင့်သွားရသည်ပင်။ သူ့အတွက်တော့ ခုန်းရှန်မှာ ခန့်မှန်းရခက်သည့်လူပင်။

လူများ လူနာထမ်းစဉ်ယူလာပြီး ဟွမ်ရှောင်ရှန်းကို သယ်သွားကြလေသည်။

ဟွမ်ရှောင်ရှန်းသည် ဝင်လာစဉ်ကတော့ ရဲတင်းကာ စွမ်းအင်တက်ကြွနေပြီး မောက်မာနေခဲ့သည်။ သို့သော် ပြန်ထွက်သွားသည့်အချိန်တွင်တော့ ဆေးအဖွဲ့၏ထမ်းစဉ်ထဲ ပါသွားရသည်ပင်။

လူ့ပတ်ဝန်းကျင်နှင့် သားရဲပတ်ဝန်းကျင်တွင် သူသည် လူများအား မလုပ်သင့်သည်ကို မလုပ်ရန်အသိပေးသည့် ဥပမာတစ်ခု ဖြစ်နေမည်ပင်။ နောက်ပိုင်းလူများသည် သူ့ကို မကောင်းသည့်ဥပမာအနေဖြင့် နောင်လာနောက်သားများအား ဆုံးမကြလိမ့်မည်။

ဧည့်ခံပွဲလည်း ပြီးဆုံးသွားလေပြီ။ မည်သူမှ စားချင်သောက်ချင်စိတ်မရှိတော့။

ဤတိုက်ခိုက်မှုကို တစ်စုံတစ်ယောက်မှ မှတ်တမ်းတင်ကာ အင်တာနက်ပေါ်၌ တင်လိုက်သောကြောင့် အင်တာနက်ကြီး ပွက်လောရိုက်လာသည်။

ချူဖုန်း မရှိသည့်နေ့ရက်များမှာ တိတ်ဆိတ်ခြောက်ကပ်နေသည်။ အင်တာနက်ပေါ်မှလူများမှာ ချူဖုန်း သတင်းအသစ်ကို စောင့်မျှော်နေကြပြီဖြစ်ပြီး ချူဖုန်းသည် သူတို့ကို စိတ်မပျက်စေခဲ့။

“အဲဒီလူက ဘယ်သူလဲ .. အဲဒီဓားက ဘယ်ကနေ ရောက်လာတာလဲ ..ဘုရားရေ .. ကြောက်စရာကောင်းလိုက်တာ .. ကြည့်လိုက် .. နွားနတ်ဘုရားက အဲဒီဓားကို တစ်စစီလုပ်ပစ်လိုက်တာ .. ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်သလဲ..”

“နွားနတ်ဘုရားက အမြဲတမ်း မလုပ်ပြတတ်ဘူး .. သူလုပ်ပြလိုက်ရင်လည်း အားလုံး ထိတ်လန့်သွားအောင် လုပ်နိုင်တယ် .. ဒါကို ကြည့်ကြည့်လိုက် .. ဘယ်လောက်တောင် မိုက်လိုက်တဲ့ တိုက်ပွဲကြီးလဲ..”

နောက်ပိုင်းတွင် လူများသည် ဤဗီဒီယိုနှင့် နောက်ခံဇာတ်လမ်းအကြောင်း ချိတ်ဆက်မိသွားကြကာ အင်တာနက်ကြီးမှာ နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာသည်။

အစောပိုင်းက လူများမှာ ထိုဓားပျံကို အံ့အားသင့်နေကြခြင်းသာဖြစ်ပြီး ဇာတ်လမ်းအပြည့်အစုံကို မသိကြ။

နောက်ခံဇာတ်လမ်းအကြောင်း သိသွားသည့်အချိန်တွင်တော့ အင်တာနက်မှ လူများ ခံစားချက်များ ပေါက်ကွဲထွက်လာကြလေ၏။ “သောက်ရမ်းကျေနပ်တယ် .. သောက်ရမ်းမိုက်တယ်..”

“အဝါရောင်မြွေပါက ပါတီမှာ ငါတို့လူသားတွေကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့တာလား .. အဲဒီသောက်မြွေပါကို ရိုက်နှက်ပစ်လိုက်..”

“သူ့ကို ရိုက်ပစ် … သူတို့တိုက်တာကြည့်ပြီး ငါ့သွေးတွေတောင် ဆူပွက်လာတယ် .. အဲဒီမောက်မာတဲ့ကောင်ကို ငါ ဘယ်လောက်တောင် ရိုက်ပစ်ချင်နေလဲ မင်းတို့သိမှာမဟုတ်ဘူး..”

“ချူဖုန်းက ငါတို့ သူရဲကောင်းပဲ .. သူက လက်ဗလာနဲ့ ဓားပျံကို ဖျက်ဆီးပစ်လိုက်တာ .. သူက ငါတို့ထင်ထားတာထက်တောင် ပိုပြီး စွမ်းအားကြီးတယ်.. သူက အဲဒီက အကောင်းဆုံးတိုက်ခိုက်ရေးသမားထဲက တစ်ယောက်ဖြစ်မှာ သေချာတယ်”

“ငါ စိတ်တိုလိုက်တာ…” အခန်းကျယ်ကြီးထဲ၌ ဟွမ်ရှောင်ရှန်း အော်ဟစ်နေလေသည်။ လိုင်းပေါ်၌တင်ထားသည့် သတင်းများကို တွေ့လိုက်သောကြောင့် စိတ်တိုတိုဖြင့် သူ့ဖုန်းကို ဖောက်ခွဲပစ်လိုက်လေသည်။

ထိုအခန်းထဲ၌ အကြီးအကဲနှစ်ဦးလည်းရှိနေသည်။ သူတို့သည် အရိုးအကြောကုထုံးပညာရှင်များဖြစ်ပြီး ဟွမ်ရှောင်ရှန်းကို ကုသပေးနေသည်ပင်။ သူတို့သွေးကြောများမှ ထူးခြားသည့်စွမ်းအင်များ စီးဆင်းလာပြီးနောက် သူတို့လက်ဖဝါးများ၌ စုစည်းသွားသည်။

“ဒဏ်ရာက တော်တော်လေး ပြင်းထန်တယ် .. ဟွမ်ရှောင်ရှန်းက မသန်မစွမ်းဖြစ်တော့မတတ် ဖြစ်သွားတာ .. သူ အနားယူရမယ်..” လူကြီးတစ်ဦးမှ ပြောလိုက်သည်။

ခုန်းရှန် အခန်းထဲ ဝင်လာသည်။ သူသည် ချောမောခန့်ညားသော်လည်း ခံစားချက်မရှိသည့်မျက်နှာမျိုးဖြစ်နေသည်။ သူသည်တည်ငြိမ်နေဆဲဖြစ်ပြီး သူ့မျက်နှာထက်၌ ခံစားချက်တစ်ခုမှပင်မရှိ။ ယွမ်ဖိန်းနှင့် မြောင်ဖိန်းလည်း သူ့နောက် လိုက်လာကြသည်။

“အစ်ကိုခုန်း .. ကျွန်တော် အစ်ကို့ကိုလိုအပ်တုန်းက အစ်ကို ဘယ်ရောက်နေတာလဲ.. ကျွန်တော် အရိုက်ခံနေရတာကို ကြည့်မယ့်အစား အစ်ကို အဲဒီလူကို သတ်လိုက်လို့ရတယ်လေ..” ဟွမ်ရှောင်ရှန်း မကျေမနပ်ပြောလိုက်သည်။

“မင်းနဲ့သူနဲ့ တရားမျှမျှတတ တိုက်မယ်လို့ သဘောတူခဲ့ကြတာလေ .. မင်းက လူရှေ့မှာ ကျိန်ခဲ့တာ အဲဒီတော့ လူအုပ်ကြီးရဲ့ အကြည့်အောက်မှာ အစ်ကိုခုန်းက မင်းကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ..” တိမ်တိုက်ကျားသစ်မျိုးဆက်ဖြစ်သည့် ယွမ်ဖိန်း ပြောလိုက်သည်။

“ဒါပေမဲ့ ငါရှုံးသွားတဲ့အချိန်မှာ အစ်ကိုခုန်း သူ့ကို စိန်ခေါ်လို့ရတယ်လေ” ဟွမ်ရှောင်ရှန်း မကျေမနပ်ဖြစ်နေဆဲပင်။

“ငါတို့ဘုရင်တွေက လူသားမျိုးနွယ်စုနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေပါ့မယ်လို့ ပြောထားခဲ့တာလေ .. သူတို့လူသားတစ်ယောက်ကို ဘယ်လိုအကျိုးဆက်မျိုးဖြစ်လာမလဲဆိုတာ မင်းသိလား..” မြောင်ဖိန်း ပြောလိုက်သည်။

ဟွမ်ရှောင်ရှန်း ခေါင်းညိမ့်လိုက်ကာ “သူ ဒီလောက်တိုက်ခိုက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး .. ကျွန်တော်တို့ ဘုရင်တွေကလွဲရင် သူ့ကို ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်ဘူး .. အစ်ကိုခုန်း သူ့ကိုသတ် .. မဟုတ်ရင် တစ်နေ့မှာ သူ ကျွန်တော်တို့ အားလုံးကို သတ်လိမ့်မယ်..”

အားလုံး ခုန်းရှန်ကို လှည့်ကြည့်လိုက်ကြကာ သူ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းလိုက်ကြသည်။

ခုန်းရှန်၏ မျက်လုံးများ ခရမ်းရောင်တောက်ပလာကာ သူတည်ငြိမ်စွာ ပြောလိုက်သည်။ “ချူဖုန်းက မီးခိုးပြာဝံပုလွေကို သတ်လိုက်တဲ့လူလို့ ငါတို့လူတွေကို သတင်းဖြန့်ခိုင်းလိုက်..”

“ဘာ .. သူက ဝံပုလွေသတ်လိုက်တဲ့လူလား..” ဟွမ်ရှောင်ရှန်း၊ ယွမ်ဖိန်းနှင့် မြောင်ဖိန်းတို့ အံ့အားသင့်သွားကာ မျက်လုံးများ ပြူးကျယ်သွားကြရသည်။

အကြီးအကဲနှစ်ဦးပင် မတည်ငြိမ်တော့။

“သူ ဝံပုလွေသတ်တဲ့သူ ဟုတ်ဟုတ်မဟုတ်ဟုတ် ငါ ဂရုမစိုက်ဘူး .. ဒါပေမဲ့ သူ့ကို သတ်ချင်ရင်တော့ အကြောင်းပြချက်ကောင်းကောင်းလိုတယ် .. ငါတို့ မီးခိုးပြာဝံပုလွေကို သတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ ငါတို့လုပ်ရပ်အတွက် လုံလောက်,လောက်တယ်” ခုန်းရှန် တည်ငြိမ်စွာ ပြောလိုက်သည်။

အခန်းထဲရှိ လူများသည် အရင်ဆုံး အံ့အားသင့်သွားကြပြီးနောက် သူ့ဉာဏ်အမြော်အမြင်ရှိမှုကို လေးစားလာကြသည်။

“အစ်ကိုခုန်း ကောင်းလိုက်တဲ့အကြံ.. ကောင်းတယ် .. သူက အားလုံးရဲ့ ရန်သူဟုတ်ချင်မှဟုတ်မယ် ဒါပေမဲ့ အခု အနည်းဆုံးတော့ သူက သားရဲတစ်ကောင်တိုင်းရဲ့ ရန်သူဖြစ်သွားပြီ .. ကျွန်တော်တို့ သူ့ကို သတ်လိုက်လို့လူသားတွေကို ရန်စသလိုဖြစ်သွားပေမယ့် သူတို့ဘာများ ပြောနိုင်မှာလဲ .. ကျွန်တော်တို့လုပ်ရပ်က ကျိုးကြောင်းဆီလျော်မှုရှိတယ်..”

“ငါတို့ သူ့ကို သိုသိုသိပ်သိပ်သတ်လိုက်ဖို့လိုတယ် .. ငါတို့ ဒါကို အတတ်နိုင်ဆုံး လျှို့လျှို့ဝှက်ဝှက်နဲ့ သန့်သန့်ရှင်းရှင်းလုပ်ရမယ်” ခုန်းရှန်‌ ပြောလိုက်သည်။ ထို့နောက် သူ အကြီးအကဲနှစ်ဦးဘက်သို့လှည့်ကာ “ဦးလေးလင်းနဲ့ အကြီးအကဲဟွမ် .. ဦးလေးတို့လည်း ဒီမစ်ရှင်မှာ ပါဝင်ပေးဖို့ လိုပါတယ်”

“ရတာပေါ့..” ဟွမ်ယွမ် ခေါင်းညိမ့်လိုက်သည်။ သူ ဤအခွင့်အရေးကို စောင့်ဆိုင်းနေခြင်းပင်။ သူနှင့် ဟွမ်ရှောင်ရှန်းတို့မှာ တစ်မိသားစုတည်းဖြစ်သောကြောင့် သူ ဟွမ်ရှောင်ရှန်းအတွက် လက်စားချေရမည်ပင်။

ခုန်းလင်လည်း ခေါင်းညိမ့်လိုက်သည်။ သူ့မျက်လုံးမှ ခရမ်းရောင်အလင်းတောက်ပလာပြီး ခန္ဓာကိုယ်မှလည်း ခရမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်။

ဟွမ်ရှောင်ရှန်း အလွန်ပျော်ရွှင်နေလေပြီ။ ဤအကြီးအကဲနှစ်ဦး မည်မျှကြောက်စရာကောင်းသည်ကို သူသိသည်။ “ကောင်းတယ် .. ခြင်္သေ့နဲ့ယုန် တွေ့ကြပြီပေါ့ .. ချူဖုန်း ဒီတစ်ခေါက်တော့ မင်း ပြေးလွတ်မှာ မဟုတ်တော့ဘူး..”

ထိုအချိန်တွင် မုထျန်း သူ့ကိုယ်ပိုင်ဗီလာထဲ၌ စာအုပ်တစ်အုပ် ဖတ်နေလေ၏။ စာအုပ်မှာ အလွန်ရှေးကျသောကြောင့် စာရွက်များပင် အဝါရောင်ပြောင်းနေလေပြီ။ စာအုပ်အဖုံးထက်တွင်တော့ ပါ့ချီလက်ဝှေ့ပညာဟု ရေးသားထားသည်။

ဤကဲ့သို့သော စာအုပ်မျိုးကို ဖတ်ခွင့်ရရန် မလွယ်ကူ။ ပါ့ချီလက်ဝှေ့ပညာမှာ ဤလောကတွင် ပျောက်ကွယ်သွားပြီဖြစ်သည့် ရှေးဟောင်းသိုင်းပညာတစ်ခုပင်။

အခန်းထဲ၌ အခြားလူငယ်တစ်ဦးရှိသည်။ သူ့နာမည်မှာ မုကျွောပင်။

“အစ်ကိုထျန်း .. ဟိုလူ ချူဖုန်း အသက်ရှင်နေသေးတာတောင် အစ်ကိုက ဒီလိုမျိုးထိုင်ပြီး စာအုပ်ဖတ်နေတာလား .. အခုလောက်ဆို သူ သေသင့်နေလောက်ပြီ မဟုတ်ဘူးလား .. အစ်ကို မနေ့က သူ့ကို တွေ့ခဲ့ရဲ့သားနဲ့ ဘာလို့ သူ့ကို မတိုက်ခဲ့တာလဲ .. လက်စားချေရမယ့်အစား အစ်ကိုက သူနဲ့စကားပြောခဲ့သေးတယ် .. အဲဒီအချိန်တုန်းက ကျွန်တော် သူ့ကို ဘယ်လောက်တောင် ရိုက်ချင်နေမှန်း အစ်ကိုသိမှာမဟုတ်ဘူး”

“ငါတို့က အတင်းမာဆုံးအချိန်ကို ရောက်နေတာ .. မလိုအပ်ပဲနဲ့ ကိုယ့်ကိုကိုယ် ပြဿနာတွေထဲ ဆွဲမထည့်နဲ့” မုထျန်း ပြောလိုက်သည်။ သူသည် ခေါင်းပင်မော့မကြည့်။

“အဲဒါဆိုရင် ကျွန်တော်တို့ ဘယ်အချိန်လှုပ်ရှားမှာလဲ .. မုကို အလကားတော့ အသေမခံနိုင်ဘူး .. သူက အစ်ကို့ရဲ့ ညီအစ်ကိုစစ်စစ်လေ..” မုကျွော ပြောလိုက်သည်။

“ဘာတွေလောနေတာလဲ..” မုထျန်း သူ့ကို စိုက်ကြည့်လိုက်သည်။

မုကျွော စိတ်ငြိမ်သွားကာ “သူက အားကောင်းတဲ့တိုက်ခိုက်ရေးသမားဆိုတော့ ကျွန်တော်တို့သူ့ကို မြန်မြန်ရှင်းပစ်သင့်တယ် .. စောလေကောင်းလေပဲ ..ပြီးတော့ အစ်ကိုကလွဲရင် ဘယ်သူက သူ့ကို သတ်ရဲပြီး သတ်နိုင်တဲ့စွမ်းအားရှိမှာလဲ..”

“ချူဖုန်းက ဝံပုလွေသတ်တဲ့လူဖြစ်ကြောင်း ငါတို့လူတွေကို သတင်းဖြန့်ခိုင်းလိုက်” မုထျန်း သူ့လက်ထဲမှ စာအုပ်ကိုချလိုက်ပြီး ပြောလိုက်သည်။

“ဘာ.. သူက ဝံပုလွေသတ်တဲ့လူလား..” မုကျွော အံ့အားသင့်သွားရသည်။

“သူ သတ်သတ်မသတ်သတ် ငါတို့အလုပ်မဟုတ်ဘူး .. သားရဲတွေ သူ့ကိုသတ်နိုင်အောင်လို့ ငါတို့ အကြောင်းပြချက်တစ်ခုပေးဖို့ပဲလိုတယ်” မုထျန်း အေးဆေးစွာ ပြောလိုက်သည်။ ထို့နောက် သူသည် ထိုစာအုပ်ကို ထပ်ကိုင်လိုက်ကာ “ပြီးတော့ မင်းပြောတာမှန်တယ် .. သူက ဝံပုလွေသတ်တဲ့လူပဲ..”

ညတွင် လင်းနွိုင်နှင့် အချိန်အတော်ကြာ စကားပြောပြီးနောက် ချူဖုန်း တွေဝေငေးမောနေသည်။

လင်းနွိုင်သည် မတော်တဆဖြစ်ရပ်အကြောင်း ကြားပြီးသည်နှင့် သူ့ကို ချက်ချင်းဖုန်းခေါ်ခဲ့သည်။ သူမ အသံမှာ အလွန်လေးနက်နေသည်ပင်။ ကိစ္စများမှာ မပြီးသေးကြောင်း ပြဿနာများမှာ ယခုမှစမည်ဖြစ်ကြောင်း သူ့ကို ပြောခဲ့သည်။

သူမ ပြောသည့်အတိုင်းဆိုလျှင် သားရဲဘုရင်များနှင့် သူတို့သားများသည် ဤကိစ္စကို လွယ်လွယ် အလျော့ပေးမည်မဟုတ်။ မကြာခင် သူတို့ လက်စားပြန်ချေလာလိမ့်မည်။

ထို့အပြင် သူမ သူ့ကို မုထျန်းအကြောင်းလည်း ပြောခဲ့သေးသည်။

“သူ ချက်ချင်းလှုပ်ရှားမှာမဟုတ်ဘူး .. ဒါပေမဲ့ သူက ရှင့်ကို အန္တရာယ်များအောင်တော့ လုပ်လိမ့်မယ် .. ဥပမာအားဖြင့် ရှင်က ဝံပုလွေသတ်တဲ့လူဖြစ်ကြောင်း လောကကြီးကို ပြောပြလိမ့်မယ် .. အဲဒီလိုကြေငြာလိုက်တာနဲ့ သူ ဗီလာထဲက ခြေတစ်လှမ်းထွက်စရာမလိုပဲ ရှင့်ကိုသတ်လို့ရပြီ” လင်းနွိုင် စိတ်ဖိစီးနေရသည်။

နောက်တစ်နေ့မနက် ထလာသည့်အချိန်တွင်တော့ သူသည် သတင်းထူးကြီး၏အဓိကလူဖြစ်နေကြောင်း သူတွေ့လိုက်ရသည်။

“ချူဖုန်း – ဒဏ္ဍာရီလာဝံပုလွေသတ်သူ”

ဤသတင်းမှာ နိုင်ငံတစ်ဝှမ်း လှုပ်ခတ်သွားသည်။

“ဘုရားရေ .. သူက ဝံပုလွေကို သတ်လိုက်တဲ့ သူရဲကောင်းဖြစ်လိမ့်မယ်လို့ မထင်ထားဘူး..”

“အရင်တုန်းက ငါ ဒီလူကို နည်းနည်းတော့လေးစားခဲ့တယ် .. ဒါပေမဲ့ သူက နွားနတ်ဘုရားဖြစ်ရုံတင်မကဘူး ငါတို့လောကကြီးရဲ့ မိစ္ဆာကို ရှင်းပစ်တဲ့ သူရဲကောင်းကြီးလည်းဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး .. ဒါက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ..”

ဤသည်မှာ လောကကြီးကို တုန်လှုပ်စေနိုင်သည့်သတင်းပင်…

ခဏကြာပြီးနောက် အင်တာနက်တွင် ဆွေးနွေးမှုများ ပြင်းထန်လာသည်။ လူအများစုမှာ ချူဖုန်းသည် သူတို့ရင်ထဲမှ တစ်ဦးတည်းသော အိုင်ဒေါလ်ဖြစ်သွားပြီဖြစ်ကြောင်း ပြောလာကြသည်။

သို့သော် ချူဖုန်းအတွက်တော့ ဤသည်မှာ အိပ်မက်ဆိုးကြီး၏ အစပင်။

လုထုန် သူ့ကို ချက်ချင်းဆက်သွယ်လာပြီး သူ့လေသံမှာ လေးနက်နေသည်။ အဘယ်ကြောင့်ဆိုသော် အဖြစ်အပျက်များမှာ မြန်ဆန်လွန်းလှသည်။ ကျောက်စိမ်းဂူကျောင်းမှာ အဆင်သင့်မဖြစ်သေး။ ချူဖုန်း လူအိုကြီးကို သွားတွေ့လိုက်သည်။

“စွမ်းအားကြီးတဲ့ သားရဲတွေအားလုံး လူသားပုံစံကို ရနေပြီ .. အဲဒါကြောင့် ငါတို့ ကိုင်တွယ်ရ ပိုခက်ခဲနေပြီ” လုထုန် စိုးရိမ်လာသည်။

သူ ခုံမှထလိုက်ပြီး အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေ၏။ “ငါတို့ နည်းလမ်းတစ်ခုပဲ ရှိတော့မှာ”

“ဘာနည်းလမ်းလဲ..” အစည်းအဝေးတစ်လျှောက်လုံး ချူဖုန်း တည်ငြိမ်နေသည်။

“ဒါက မင်းပိုပြီးသန်မာလာမယ့် အခွင့်အရေးဖြစ်နိုင်တယ် .. မင်းမှာ သားရဲဘုရင်တွေနဲ့ တန်းတူဖြစ်နိုင်မယ့် အလားအလာရှိတယ်..” လုထုန် ပြောလိုက်သည်။

ချူဖုန်း သူ့မျက်လုံးထဲသို့ စိုက်ကြ့ည့်လိုက်သည်။

“ငါ မင်းကို ဘုရားနယ်မြေကို ပို့ပေးမယ်..” လုထုန် လေးနက်စွာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်..” ချူဖုန်း ချက်ချင်းပင် ထလိုက်သည်။ သူ ဤနေ့ကို စောင့်နေသည်မှာ အတော်ကြာနေပြီဖြစ်သည်။

အပိုင်း ၁၂၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset