အပိုင်း ၁၄၅•၃
” မျက်လုံးသုံးလုံးရွှေခြင်္သေ့ ဧကရာဇ်သားရဲကောင် ”
°°°
အကြီးအကဲရွှမ်က မျက်လုံးသုံးလုံးရွှေခြင်္သေ့ကို သူ့ရဲ့အလင်းတန်းတွေနဲ့ ပိုမိုဖိနှိမ့်လိုက်ရင်း ပြောလာခဲ့ပါတယ်။
” ကြက်သွေးရောင်ဘုရင် မင်းမှာရွေးချယ်စရာမရှိဘူးဆိုတာ မင်းသိသင့်တယ် ..ငါ့ကိုလာပြီစျေးဆစ်နေလို့အသုံးမ၀င်ဘူး…မြောက်ဘက်နယ်မြေမှာ ငါမင်းကိုစောင့်နေမယ်..မှတ်ထားလိုက် မင်းမှာအချိန်လေးနာရီပဲရှိမယ်…ဒါ့အပြင် ကြယ်တာရာသစ်တောက အမျက်ဒေါသမြို့တော်နဲ့ အရမ်းနီးတယ်ဆိုတာ မင်းသိတယ်မလား မလိုအပ်သရွေ့ငါလဲ ကြီးကြီးမားမားပြဿနာမဖြစ်ချင်ဘူး…ဒါပေမယ့် စစ်ဖြစ်မှာကို ငါကြောက်တယ်လို့တော့မဆိုလိုဘူးနော် ”
ကြက်သွေးရောင်ဘုရင်ရဲ့ ခေါင်းသုံးလုံးက အမူအရာတွေဆက်တိုက်ဆိုသလို ပြောင်းလဲနေခဲ့ပါတယ်။ အဲ့ဒီနောက် အံကြိတ်ရင်းနဲ့ သူပြောလာခဲ့တယ်။
” ကောင်းပြီ ဒီတစ်ကြိမ်ငါမင်းကို ယုံကြည်လိုက်မယ် ”
သူပြောပြီတဲ့နောက် နောက်ထပ်အချိန်မဆွဲနိုင်တော့ပါဘူး။ ချက်ချင်းဆိုသလို အလင်းတန်းတစ်ခုလိုအသွင်ကိုပြောင်းလဲရင်း ပျောက်ကွယ်သွားပါတော့တယ်။
အကြီးအကဲရွှမ်က မျက်လုံးသုံးလုံးရွှေခြင်္သေ့အပေါ်မှာ စီးနင်းလို့နေခဲ့ပြီ ၀မ်သုန့်နဲ့ရှောင်းရှောင်းတို့ရဲ့ စိတ်ဖိစီးမှုကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့အရှိန်အ၀ါတွေထုတ်လွှတ်တဲ့နေရာကို သွားရောက်ပြီရှာဖွေချင်ပေမဲ့ အကြီးအကဲရွှမ်က သူတို့ကိုတားမြစ်လိုက်ပါတယ်။ ခေါင်းခါပြပြီတဲ့နောက် တခဏတာလှုပ်ရှားပြီတဲ့နောက်မှာသာ ခေါင်းညိတ်ပြလိုက်တော့တယ်။
ဟို့ယွိဟောင်လဲ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ သူ့ကိုလာမရှာခင်အချိန်မှာ စတင်လှုပ်ရှားနေခဲ့ပါပြီ။
ကြက်သွေးရောင်ဘုရင်နဲ့ အကြီးအကဲရွှမ်တို့ရဲ့ထိပ်တိုက်တွေ့မှုက ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် သူလဲသူ့ရဲ့လှုပ်ရှားမှုကို ထိန်းချုပ်ထားဖို့မလိုတော့ပါဘူး။ အဲ့ဒီနေရာမှာ ပြဿနာမရှိတော့တာ သိလိုက်သလို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကလဲ အင်အားကြီးတဲ့သားရဲကောင်ထွက်ခွာသွားပြီဖြစ်တယ်ဆိုတာ ပြောခဲ့ပါတယ်။
” အကြီးအကဲရွှမ် ”
ဟို့ယွိဟောင်ကတော့ အကြီးအကဲရွှမ်မျက်လုံးသုံးလုံးရွှေခြင်္သေ့အပေါ်မှာ မြင်လိုက်ရတဲ့အတွက် ပျော်သွားခဲ့မိပါတယ်။ ဒါ့အပြင် သူ့ရဲ့အရှိန်မြင့်၀ိညာဥ်ပစ္စည်းကိုအသုံးပြုပြီးတော့တောင် ပြေးလာခဲ့တာပါ။
” ငါ့ကိုစကားလာမပြောနဲ့ ”
အကြီးအကဲရွှမ်က ပိတ်ဟောက်ပါတော့တယ်။
” မင်းလုပ်တာငါလန့်ပြီသေတော့မလို့ အခုဘာဖြစ်သွားတာလဲ မင်းလဲနှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါကို ထုတ်လွှတ်ပြီ ဘာကြောင့်ချက်ချင်းပျောက်သွားရတာလဲ ”
ဟို့ယွိဟောင်ကတော့ တစ်ချက်သာရယ်လိုက်ရင်းနဲ့ သူ့ရဲ့အသက်ကို ကယ်တင်ဖို့အတွက် တက်နင်းမခံရအောင် ကြိုးစားခဲ့ပုံတွေကို ပြောပြပြီတဲ့နောက် ရွှေခြင်္သေ့နဲ့မတွေ့အောင် ရှောင်ရှားခဲ့ရတာတွေကိုပါ ပြောပြခဲ့ပါတယ်။ ဒီစကားတွေကိုကြားပြီတဲ့နောက် အကြီးအကဲရွှမ်ရဲ့အမူအရာက သိပ်ပြီမကောင်းတော့ပါဘူး။ မျက်လုံးသုံးလုံးရွှေခြင်္သေ့အပေါ်မှာထိုင်ရင်း သူ့ခေါင်းကိုပုတ်ကာပြောလာခဲ့ပါတယ်။
” မင်းအတွက်တော့ ခက်ခဲမှာပဲ ”
မျက်လုံးသုံးလုံးရွှေခြင်္သေ့က အနည်းငယ်သတိ၀င်လာပုံရပါတယ်။ သူက အကြီးအကဲရွှမ်ကို အေးစက်စက်တဲ့အကြည့်နဲ့ကြည့်နေခဲ့တယ်။ အဲ့ဒီနောက် လူဘာသာစကားနဲ့စတင်ပြီ ပြောလာခဲ့ပါတယ်။ ဒီအသံက တုန်ရီနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့အသံနဲ့ ခပ်ဆင်ဆင်တူနေခဲ့တယ်။
” အတင့်ရဲတဲ့လူသား မင်းငါကိုထိခိုက်အောင်လုပ်၀ံ့တယ်ဆိုရင် ငါမင်းကို နောင်တရအောင်လုပ်ပြစ်မယ်…ဒီကံဆိုးမှုက မင်းနောက်ကိုထပ်ကျမကွာလိုက်နေမယ် ”
အကြီးအကဲရွှမ်က ရယ်မောရင်းလက်၀ါးကိုအသုံးပြုကာ ခြင်္သေ့ခေါင်းကိုရိုက်ပြစ်လိုက်ပါတယ်။ ခြင်္သေ့ကတော့ မြေပြင်မှာ၀ပ်နေခဲ့ရပါပြီ။ အကြီးအကဲရွှမ်က သူ့ကိုပိုပြီးအားထုတ်ရင်းနဲ့ နှာခေါင်းကိုမြေကြီးထဲ နစ်သွားစေခဲ့ပါတယ်။
” ငါ့ကိုခြိမ်းခြောက်နေတာလား မင်းလိုမျိုးဧကရာဇ်သားရဲကောင်အကြောင်းကို ငါမသိဘူးလို့များ ထင်နေတာလား ပထမဆုံးတွေ့ဖူးတာဖြစ်ပေမဲ့ မင်းရဲ့ခန္ဓာကိုယ်မှာရှေးရှေးခေတ်က ထူးခြားတဲ့သွေးတွေပိုင်ဆိုင်ထားပုံပဲ ဒီအရှိန်အ၀ါကို အသုံးပြုပြီးမိုးကောင်းကင်နဲ့ မြေကြီးရဲ့ အရှိန်အ၀ါကိုအသုံးပြုနိုင်တယ်ပေါ့ မင်းမှာအနာဂတ်အလားအအများကြီးရှိတယ်လို့ပြောကြတယ်ဆိုတာ ပေါက်ကရတွေပဲ ဒါတောင်မှမင်းကငါ့ကိုကံဆိုးအောင် လုပ်မယ်လို့ခြိမ်းခြောက်၀ံ့တယ်ပေါ့ဟုတ်လား ငါမင်းကိုသေတဲ့အထိ နှိပ့်စက်ပြစ်မယ်ဆိုတာ မင်းယုံရဲ့လား ”
” မင်းလိုမျိုး၀ိညာဥ်သားရဲကောင်က ရတနာတစ်ခုပဲ အကယ်၍ မင်းကိုငါသတ်လိုက်မယ်ဆိုရင် သူတို့ကဒေါသတကြီးနဲ့ လူသားတွေကို သတ်ဖြတ်ပြစ်လိမ့်မယ် ..ဒါပေမယ့် မင်းကိုမင်းသိပ်ပြီမြင့်မြတ်တယ်လို့ ထင်မထားလိုက်နဲ့ နှစ်တစ်သိန်းသားရဲကောင်တွေက မင်းကိုဘယ်လိုပဲတန်ဖိုးထားကြပါစေ မင်းကသူ့တို့အတွက် ရတနာတစ်ခုပဲ သူတို့ရဲ့ဧကရာဇ်မဟုတ်ခဲ့ဘူး…မင်းရဲ့ဧကရာဇ်သားရဲကောင်ဆိုတဲ့ အခေါ်အဝေါ်ကကြားကောင်းယုံပဲရှိတာ မင်းကလူသားပဲဖြစ်ဖြစ် ၀ိညာဥ်သားရဲကောင်ပဲဖြစ်ဖြစ် ကိုယ်နေရာကိုယ်သိတာအကောင်းဆုံးပါပဲ ”
” မင်း မင်း မင်းပေါက်ကရတွေမပြောနဲ့ မျက်လုံးသုံးလုံးရွှေခြင်္သေ့က စိတ်ညစ်လာပုံပါပဲ ”
” ပေါက်ကရတွေဟုတ်လား ငါဒီနေရာမှာ မင်းကိုအသက်ချမ်းသာပေးတာကတင် အတော်လေးကြင်နာရာရောက်နေပြီ အကယ်၍ မင်းသာသူတို့အတွက် အသုံးမ၀င်တော့ဘူးဆိုရင် သူတို့မင်းကိုဘယ်လိုဆက်ဆံကြမလဲလို့ထင်လဲ တွေးကြည့်လိုက်လေ သူတို့က မင်းကိုဒီလိုမျိုးဦးစားပေးနေတယ်ဆိုတာ မင်းရဲ့အသားက သူတို့ကိုမသေနိုင်အောင် လုပ်ပေးနိုင်မယ်လို့ ထင်နေကြလို့ပဲ ယွိဟောင် ဒီကိုလာခဲ့ ”
” ဟုတ်ကဲ့ပါ ”
ယွိဟောင်က အရှေ့ကိုမြန်မြန်ပြေးလာခဲ့ပါတယ်။
” မင်းရဲ့နဖူးကိုသူ့ရဲ့တတိယမျက်လုံးနေရာမှာ သွားထိပြီကပ်ထားလိုက် မစိုးရိမ်နဲ့ သူမခုခံနိုင်အောင် ငါတားပေးထားမယ် ”
” မလုပ်နဲ့ မင်းဒီလိုလုပ်၀ံ့တယ်လား လုံး၀မလုပ်လိုက်နဲ့ ”
မျက်လုံးသုံးလုံးရွှေခြင်္သေ့က ဒေါသတကြီးနဲ့ဟိန်းဟောက်လို့နေခဲ့ပါတယ်။ သူဘယ်လောက်ပဲရုန်းကန်ဖို့ကြိုးစားပါစေ နောက်ဆုံးမှာတော့ ပါးစပ်ကနေသွေးတွေထွက်လာပြီ အတွင်းဒဏ်ရာရရင်းနဲ့သာ ရပ်တန့်လို့သွားခဲ့ရတယ်။
ဟို့ယွိဟောင်ကလဲ မျက်လုံးအပြူးသားဖြစ်နေခဲ့ပါတယ်။
” အကြီးအကဲရွှမ် ဒါက ”
” ရှေးမှတ်တမ်းတစ်ခုကို ငါဖတ်ဖူးတယ်…ကျောင်းတော်ထဲမှာ ရှေးရှေးခေတ်တုန်းက ဧကရာဇ်သားရဲကောင်တွေရဲ့ခြိမ်းခြောက်မှုအကြောင်း မှတ်တမ်းတင်ထားခဲ့တယ်လေ သူတို့တွေက အဆုံးမရှိတဲ့အနာဂတ်အလားအလာကို ပိုင်ဆိုင်တယ်တဲ့ ဒီတော့သူတို့ရဲ့ကျင့်ကြံဆင့်ကို တိုးမြင့်အောင်လုပ်ရင်း ဧကရာဇ်သားရဲကောင်တွေက ၀ိညာဥ်သားရဲကောင်တွေကို ကာကွယ်နိုင်ကြတယ်လို့ပြောကြတယ် ”
” ဧကရာဇ်သားရဲကောင်တွေတိုင်းက မတူညီတဲ့ဓာတ်သဘောသဘာ၀ကို ပိုင်ဆိုင်ထားတယ်…ဒီကောင်ကိုပဲကြည့်သူ့မှာအများကြီးရှိတယ်…ငါတိုက်ခိုက်တဲ့အချိန်မှာ အလင်းနဲ့မီးစွမ်းအားနှစ်ခုကို ငါခံစားမိတယ်…ဒါပေမယ့် ဒီအရာတွေက အဓိကမဟုတ်သေးဘူး…သူတို့က အဆုံးစွန်းအထိအစွမ်းအစတွေနဲ့ တူညီလုနီးပါးဖြစ်နေခဲ့ပေမဲ့ သူတို့ရဲ့အဓိကအားသာချက်က စိတ်၀ိညာဥ်စွမ်းအားဖြစ်နေတယ်…ဒီစိတ်၀ိညာဥ်စွမ်းအားကြောင့်သာမဟုတ်ရင် အစောကထဲက သူ့ကိုငါသတ်လိုက်ပြီ ”
” ဓာတ်သဘောသဘာ၀တွေရဲ့ အဆင့်တက်မှုဆိုတာက တခြားအရာတွေကို အသုံးပြုရင်း ကိုယ်ရဲ့ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို တိုးတက်အောင်လုပ်တယ်လို့ ဆိုလိုတယ်…ဒီတော့မင်းအတွက် အနာဂတ်မှာအများကြီးသူကအသုံး၀င်လာလိမ့်မယ်…ဒါပေမယ့် အနာဂတ်မှာအတောမသတ်နိုင်တဲ့ အလားအလာရှိတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီတော့ ပြောရမယ်ဆိုရင် မသေချာသေးဘူး..ဘယ်လိုအနာဂတ်အလားအလာရှိတယ်ဆိုတာ သေချာမသိနိုင်ဘူးလေ ကိုယ်တိုင်လေ့လာပြီတော့မှပဲ သိကြရမှာပေါ့ အမြန်လုပ် မင်းမလုပ်နဲ့တော့ ”
ရွှေရောင်ခြင်္သေ့က စကားပြောချင်ပေမဲ့ အကြီးအကဲရွှမ်က သူ့ခေါင်းကိုဖိထားတဲ့အတွက် ပါးစပ်တောင်မဟနိုင်တော့ပါဘူး။
ဟို့ယွိဟောင်လဲ အကြီးအကဲရွှမ်ရဲ့စကားကိုယုံကြည်ပါတယ်။ ဒါကြောင့် သူနဖူးကိုအသုံးပြုရင်း ခြင်္သေ့ရဲ့တတိယမျက်လုံးကို ဖြည်းဖြည်းချင်း ဖိလိုက်တော့တယ်။
ခြင်္သေ့ရဲ့စွမ်းအားတွေကို အကြီးအကဲရွှမ်က လုံး၀ဖိနှိမ့်လို့ထားခဲ့တာပါ။ အကယ်၍ အင်အားတစ်စသာ ပိုင်ဆိုင်ထားမယ်ဆိုရင် သူ့ကိုယ်သူသတ်သေမယ်ဆိုတာ အကြီးအကဲရွှမ်သိနေခဲ့တယ်။ ဒါ့အပြင် ဧကရာဇ်သားရဲကောင်တွေရဲ့ စွမ်းအားတိုးမြင့်မှုက ဘယ်လိုဖြစ်လာမလဲဆိုတာ အကြီးအကဲရွှမ်မသိသေးပါဘူး။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့တောင် မသိပဲဖြစ်နေခဲ့ပါတယ်။ ဒါက သူ့ရဲ့အကြီးမားဆုံးလျှို့၀ှက်ချက်ပါ။
ဘယ်၀ိညာဥ်သားရဲကောင်ကမှ ဒီလျှို့၀ှက်ချက်ကို ၀ိညာဥ်သားရဲကောင်လောကထဲမထုတ်ဖော်ပါဘူး။ မျက်လုံးသုံးလုံးရွှေခြင်္သေ့က ဧကရာဇ်သားရဲကောင်ဖြစ်နေခဲ့တဲ့အတွက် အကြီးအကဲရွှမ်ပြောပြခဲ့သလောက် မနှိမ့်ပါးတဲ့အခြေအနေမှာ ရှိပါတယ်။ ဘယ်၀ိညာဥ်သားရဲကောင်မှ သူ့အနားကိုမကပ်၀ံ့ပါဘူး။ သူကအရမ်းကိုကြမ်းတမ်းပြီ သူ့အနားကပ်၀ံ့တဲ့ဘယ်သူမဆို ရူးရူးသွပ်သွပ်နဲ့ တိုက်ခိုက်တတ်ပါတယ်။
ဟို့ယွိဟောင်နဲ့ ခြင်္သေ့တို့နှစ်ခုစလုံးက ထိတွေ့ချိန်မှာ တုန်ခါလို့သွားခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့တတိယမျက်လုံးက စတင်ပေါ်လာခဲ့ပြီ ခြင်္သေ့မျက်လုံးနဲ့ပေါင်းစည်းပါတော့တယ်။ ဒါပေမယ့် အကြီးအကဲရွှမ် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က မမြင်ရပါဘူး။ ဘာကြောင့်လဲဆိုတော့ မျက်လုံးနှစ်ခုက မျက်နှာချင်ဆိုင်မှာထိကပ်ထားလို့ပါပဲ။ သူ့ရဲ့စိတ်က ခဏတာအတွင်းဗလာဟင်းလင်းဖြစ်သွားတာကို ဟို့ယွိဟောင်ခံစားလိုက်မိပါတယ်။ စိတ်၀ိညာဥ်ပင်လယ်ကြီးတောင် ပျောက်ကွယ်သွားသလိုပါပဲ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင် ရေခဲဧကရီနဲ့ လျှပ်စီးအကြီးအကဲတို့က အင်အားတွေကို ပြန်လည်ထိန်းသိမ်းထားခဲ့ရင်း တစ်နေရာမှာပုန်းအောင်လို့နေခဲ့ကြပါပြီ။
ထူးဆန်းတဲ့အလင်းတန်းတွေက အပြင်ဘက်ကိုလိမ့်ထွက်လို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်နဲ့ ရွှေခြင်္သေ့တို့ခန္ဓာကိုယ်နှစ်ခုစလုံးက ချက်ချင်းဆိုသလို ထိုးဖောက်မြင်ရမတတ် ကြည်လင်သွားခဲ့ပါပြီ။ အလင်းတန်းတွေ ပျောက်သွားချိန်မှာ သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်က တုန်ရီလို့နေခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲမှာပါ၀င်နေတဲ့ အသက်စွမ်းအားတွေက ခြင်္သေ့ရဲ့ခန္ဓာကိုယ်ထဲကို စိီးဆင်းလို့လာခဲ့ပါတယ်။ အစောပိုင်းမှာ ခြင်္သေ့ရရှိထားခဲ့တဲ့ ဒဏ်ရာတွေက မြန်ဆန်လွန်လှတဲ့အရှိန်နှုန်းနဲ့ ပျောက်ကွယ်လို့နေခဲ့ပါပြီ။ သစ်တောတစ်ခုလုံးကလဲ ပြင်းပြင်းထန်ထန်တုန်ခါလာခဲ့သလို ဟို့ယွိဟောင်နဲ့ ခြင်္သေ့တို့ကို ဗဟိုပြုရင်းဒီတုန်ခါမှုက ဖြစ်နေခဲ့တာပါ။ တုန်ခါပြင်းထန်တဲ့စွမ်းအားတွေက သူတို့ရဲ့ခန္ဓာကိုယ်ထဲ၀င်ရောက်လာခဲ့ပါတော့တယ်။
ဒီအလင်းတန်းတွေက ပိုမိုသန်မာလာခဲ့ပြီ နှစ်ယောက်စလုံးကို ဖုံးလွှမ်းလို့သွားပါတော့တယ်။ ထူးခြားတဲ့စွမ်းအားကြောင့် အကြီးအကဲရွှမ်က ဒီအလင်းတန်းကို မတားဆီးနိုင်ပါဘူး။ ဒီလိုအံ့ဩစရာကောင်းလွန်လှတဲ့မြင်ကွင်းကို မြင်ချိန်မှာအကြီးအကဲရွှမ်လဲ စိတ်မသက်မသာဖြစ်လာခဲ့ပါတယ်။
” ဒီအချိန်မှာပဲ ငါတို့ရပ်လိုက်သင့်တာ ဒီကောင်က အစောပိုင်းရုန်းကန်နေခဲ့ပြီ သူ့အသက်ကိုတောင် စွန့်ပြစ်တော့မဲ့ပုံစံရှိနေတာပဲ ဒါဆိုရင် ပြဿနာတက်တော့မှာပဲ ကြယ်တာရာသစ်တောရဲ့ ၀ိညဥ်သားရဲကောင်တွေအားလုံးက ငါတို့ကျောင်းတော်ကို လာတိုက်ခိုက်နိုင်ချေရှိလောက်လား ဒါဆိုရင်ပြဿနာတွေများတော့မယ်…ဘာကြောင့်များ ဒီလောက်တောင် ပြင်းထန်တဲ့တုန့်ပြန်မှုကြီးဖြစ်နေရတာလဲ ”
၀မ်သုန့်လဲ မျက်မှောင်ကြုတ်နေခဲ့မိပါတယ်။ ရွှေရောင်အလင်းတန်းတွေက သူ့မျက်လုံးကနေ ဖြာထွက်လာနေခဲ့ပါပြီ။ အဲ့ဒီလှုပ်ရှားနေတဲ့အလင်းတန်းကိုကြည့်ရင်း ထူးဆန်းနေတဲ့တစ်စုံတစ်ရာကို ခံစားမိပါတယ်။ ဒါက သူပိုင်ဆိုင်ထားခဲ့တဲ့တစ်စုံတစ်ရာကို ဆွဲထုတ်ပြီယူခံလိုက်ရသလိုပါပဲ။ ခံစားချက်က အတော်ကို သေးငယ်ပေမဲ့ရှင်းရှင်းလင်းလင်းမခံစားနိုင်လောက်အောင် လှုပ်ခတ်လို့နေခဲ့ပါတယ်။
ခပ်မြန်မြန်ပဲ ဟို့ယွိဟောင်ရဲ့ အသိစိတ်ကပြန်လည်၀င်ရောက်လို့လာခဲ့ပါပြီ။ စိတ်၀ိညာဥ်ပင်လယ်ကလဲ အသက်၀င်လာခဲ့သလို စိတ်၀ိညာဥ်ပင်လယ်ထဲမှာ တစ်စုံတစ်ရာရှိနေတဲ့အတွက် မျက်လုံးပြူးသွားခဲ့ရပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ရဲ့အစားကို အခုအချိန်မှာ နှစ်ဆပိုကြီးသွားခဲ့ပါပြီ။ ဒါ့အပြင် ပင်လယ်ထဲမှာ မှိန်ဖျော့ဖျော့အလင်းတန်းတချို့လဲ ရှိနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးကလဲ ပြောင်းလဲလို့သွားခဲ့ပြန်ပါပြီ။
သူ့မျက်လုံးကအစိမ်းရောင်အလင်းတန်းတွေ ထွက်ပေါ်နေခဲ့ပြီ ထူးခြားတဲ့ရောင်၀ါတွေကို ဖြာထွက်နေခဲ့ပါတယ်။ ဒီနေရာက သူ့အတွက်တော့ အကြီးအကဲလျှပ်စီးဧကရာဇ် ယာယီနေထိုင်တဲ့နေရာတစ်ခုပါပဲ။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားတွေကို ထိန်းသိမ်းထားပေးနိုင်တဲ့ နေရာတစ်ခုလို့သာတွေးထားခဲ့တာပါ။ ဒါ့အပြင် သက်စောင့်ဓားကလဲ အဲ့ဒီနေရာမှာရှိခဲ့တဲ့အတွက် အချိန်မရွေးထုတ်သုံးဖို့လဲ အဆင်ပြေပါတယ်။
အခုအချိန်မှာတော့ မတူညီတော့ပါဘူး။ ဒီအရာက သူ့အတွက် အမှန်တကယ်ပိုင်ဆိုင်တဲ့ အရာဖြစ်သွားသလို တတိယမျက်လုံးကလဲ ထိန်းချုပ်မှုအောက်မှာရောက်ရှိလို့သွားပါတယ်။ ဒါ့အပြင် သက်စောင့်ဓားကိုလဲ အပြင်ထုတ်လွှတ်နိုင်ပြီဖြစ်သလို ဓားကအပြင်ကိုရောက်နေခဲ့တယ်။ အသက်စွမ်းအားတွေက လက်ရှိအချိန်ဓားပေါ်မှာရှိနေဆဲပါပဲ။ အကြီးအကဲရဲ့အသိစိတ်ကတော့ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲ ပြန်လည်၀င်ရောက်လို့သွားခဲ့ပါပြီ။
တတိယမျက်လုံးက လက်ရှိအချိန်မှာ သူထိန်းချုပ်မှုအောက်မှာအပြည့်အ၀ရှိနေခဲ့တဲ့အတွက် နောက်ထပ်စွမ်းအားတစ်ခုကိုသူခံစားမိလိုက်ပါတယ်။ ဒါကဘာမှန်းသူမသိခဲ့ပေမဲ့ သူထိန်းချုပ်နိုင်တာထက်ကို ကျော်လွန်နေတဲ့အင်အားတစ်ခုမှန်းနားလည်နေခဲ့တယ်။ ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့တောင် ဒီစွမ်းအားကိုမခုခံနိုင်ခဲ့ပါဘူး။
အပိုင်း ၁၄၅•၃ ပြီး၏။