အပိုင်း ၁၄၅•၂
” ဧကရာဇ်သားရဲကောင် မျက်လုံးသုံးလုံးရွှေခြင်္သေ့ ”
°°°
အကြီးအကဲရွှမ်က အဆင့်ကိုးဆယ်ရှစ်ရောက်နေတဲ့ ထူးကဲသာလွန်သော့်လော့ပါ။ ကန့်သတ်မဲ့ခြင်းသော့်လော့အဆင့်ကို ရောက်ဖို့အတွက် အနည်းငယ်သာလိုပါတော့တယ်။ အမျက်ဒေါသကျောင်းတော်ရဲ့ ဒုတိယတာ၀န်ရှိသူဖြစ်တဲ့က စွမ်းအားတွေကိုအပြည့်အ၀ထုတ်သုံးချိန်မှာအရမ်းကို ကြောက်စရာကောင်းလွန်လှပါတယ်။
အမြွှာမျက်လုံးတစ်လုံးဘီလူးကတော့ ချက်ချင်းမြေပြင်ပေါ်ကို ပြားပြား၀ပ်လို့သွားခဲ့ပါပြီ။ သူဘယ်လောက်ခုခံဖို့ကြိုးစားပေမဲ့ ထိတ်လန့်စရာကောင်းတဲ့လှိုင်းတွေကြောင့် သူဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူကနှစ်တစ်သိန်းပြည့်တဲ့သားရဲကောင်မဟုတ်သေးပါဘူး။ နှစ်တစ်သိန်းသားရဲကောင်တောင်မှ အကြီးအကဲရွှမ်ကို ဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲ။
စူးစူးရှရှအော်သံကြီးနဲ့အတူ အကြီးအကဲရွှမ်ရဲ့နောက်ထပ်တိုက်ခိုက်မှုက မျက်လုံးသုံးလုံးရွှေခြင်္သေ့အပေါ် မကျရောက်စေဖို့အတွက် အနီရင့်ရောင်သတ္တ၀ါတစ်ကောင်က ၀န်ခံလိုက်ပါတယ်။
အကြီးအကဲရွှမ်ကတော့ တစ်၀ုန်း၀ုန်းမြည်သံတွေနဲ့အတူ ဆင်းသက်လို့လာခဲ့သလို ၀မ်သုန့်နဲ့ ရှောင်းရှောင်းကလဲ သူ့ဘေးမှာရှိနေခဲ့တာပါ။ ဒါကြောင့် ဒီကလေးတွေရဲ့လုံခြုံမှုအတွက်ကို သူထည့်သွင်းစဥ်းစားရပါဦးမယ်။
အကြီးအကဲရွှမ်ကို ၀င်ပြီတားဆီးလိုက်တဲ့သတ္တ၀ါက နတ်ဘုရားထျောင်ထျဲ့နတ်သိုးရဲ့အင်အားကိုတောင် ယှဥ်နိုင်တဲ့သတ္တ၀ါပါပဲ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ မျက်လုံးသုံးလုံးရွှေခြင်္သေ့ရဲ့ အရှေ့တည့်တည့်မှာ ကာကွယ်လို့ထားခဲ့ပြီ ဒေါသတကြီးအော်သံသုံးသံကို ကြားလိုက်ရပါတော့တယ်။
အဲ့ဒါကတော့ အရှည်အားဖြင့်ငါးမီတာကျော်ရှည်လျားတဲ့ ၀ိညာဥ်သားရဲကောင်တစ်ကောင်ပါ။ အင်မတန်လဲတုတ်ခိုင်သလို ခြင်္သေ့တစ်ကောင်နဲ့လဲ အတော်တူပါတယ်။ ဒါပေမယ့် သူ့ရဲ့ခေါင်းကတော့တစ်ပုံစံထဲတူညီနေတဲ့ ခေါင်းသုံးခေါင်းရှိနေခဲ့ပြီ ကြောက်စရာသွားတွေက ရွှေနီရောင်တောက်ပလို့နေခဲ့ပါတယ်။ ခေါင်းသုံးလုံးက တစ်ပြိုင်နက်ထဲမှာ အော်ဟစ်ဟိန်းဟောက်လို့နေခဲ့ပြီ ပတ်ပတ်လည်ဆယ်စတုရန်းမီတာက ရှိသမျှအရာအားလုံးကို ထိန်းချုပ်လို့ထားခဲ့ပါတယ်။
ဒီများပြားပြင်းထန်လွန်လှတဲ့ အသံတွေက မော့ဖေးယွင်တို့အုပ်စုကိုလဲ သက်ရောက်စေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ရုတ်တရက်ပျောက်ကွယ်သွားခဲ့မှုက သူတို့ကိုအတော်လေး စိတ်မချမ်းမမြေ့ဖြစ်စေခဲ့တာပါ။ ဒါပေမယ့် အ၀ါရောင်အလင်းတန်းတစ်ခုက ရုတ်တရက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီ ၀မ်သုန့်နဲ့ ရှောင်းရှောင်းပျောက်သွားတာကိုလဲ မြင်လိုက်ရပါတယ်။
အဲ့ဒီအချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ရေခဲဧကရီအရှိန်အ၀ါနဲ့အတူဆက်တိုက်ဆိုသလို ဒေါသတကြီးအော်သံက ထွက်ပေါ်လို့လာခဲ့တဲ့အတွက် ၀ိညာဥ်ပညာရှင်အုပ်စုတစ်စုလုံးကလဲ ထိတ်လန့်တုန်လှုပ်လို့နေခဲ့ပါပြီ။ ဒီနေရာကြီးက ကန့်သတ်နယ်မြေဟုတ်ရောဟုတ်ရဲ့လား အလယ်ဗဟိုနယ်မြေကိုရောက်သွားပြီလားလို့ တွေးနေခဲ့ပါတယ်။ မော့ဖေးယွင်ကတော့ အားလုံးကိုဦးဆောင်ရင်း ထွက်ပြေးနေခဲ့ပြီ လက်ရှိအချိန်မှာ ၀ိညာဥ်သားရဲကောင်တွေရှာဖို့ကိစ္စကို အာရုံမစိုက်နိုင်တော့ပါဘူး။
” ကြက်သွေးရောင်ဘုရင်လား ”
အကြီးအကဲရွှမ်ကတော့ ဒီ၀ိညာဥ်သားရဲကောင်ဒေါသတကြီးအာ်နေတာကို မြင်ချိန်မှာရုတ်တရက်ဆိုသလို အမူအရာပြောင်းလဲခဲ့သွားပြီ တိုက်ခိုက်နေတာကို ရပ်လိုက်ပါတော့တယ်။
” မင်းကအမျက်ဒေါသကျောင်းတော်ကကောင်လား ”
ခေါင်းသုံးလုံးရွှေခြင်္သေ့က လူသံနဲ့ပြောလာခဲ့ပါတယ်။ သူက အတော်လေးဒေါသထွက်နေခဲ့တာပါ။
” ကြက်သွေးရောင်ဘုရင်ငါတို့ကျောင်းတော်ရဲ့ သဘောတူညီချက်အတိုင်း ကြယ်တာရာသစ်တောရဲ့ ရူးသွပ်သားရဲကောင်တွေကို ငါအခက်တွေ့အောင်မလုပ်ဘူး ..လမ်းဖယ်လိုက် အဲ့ဒီရွှေခြင်္သေ့ကိုငါလက်ထဲအပ်လိုက် ”
သူ့ရဲ့ဒေါသက အခြေအနေတစ်ခုကို ရောက်ရှိနေခဲ့ပါပြီ။ အကယ်၍ ဟို့ယွိဟောင်သာ သေသွားခဲ့မယ်ဆိုရင် အကြီးအကဲမုကို ဘယ်လိုလုပ်ရှင်းပြလို့ရမှာလဲ။
၀မ်သုန့်နဲ့ ရှောင်းရှောင်းနှစ်ယောက်ကလဲ အကြီးအကဲရွှမ်ရဲ့အနောက်မှာရပ်ရင်း တုန်လှုပ်လို့နေခဲ့ကြပါတယ်။ အထူးသဖြင့် ၀မ်သုန့်ပါပဲ။ အရှေ့မှာရှိသမျှအရာအားလုံးက အမှောင်အတိကျသွားတော့မဲ့အတိုင်း ခံစားမိလို့နေခဲ့ပါတော့တယ်။ တစ်စုံတစ်ရာက သူ့နှလုံးသားကိုတိုက်ခိုက်နေခဲ့ပြီ ဒီပြင်းထန်တဲ့နာကျင်မှုကြောင့် မျက်ရည်တွေစီးကျလို့နေခဲ့ကြပါတယ်။
” ဒီအချိန်အတွင်းမှာတောင် ယွိဟောင်ကတကယ်ပဲ ”
ကြက်သွေးရောင်ဘုရင်က ဒေါသတကြီးပြန်အော်ပါတယ်။
” ကောင်စုတ်လေး မင်းဒါကဘယ်သူလဲဆိုတာသိလား အကယ်၍ မင်းသူ့ကိုထိ၀ံ့မယ်ဆိုရင် ကြယ်တာရာသစ်တောတစ်ခုလုံးရဲ့ဘုံရန်သူဖြစ်လာလိမ့်မယ် ”
” ဒီကောင်ဘာကောင်လဲဆိုတာ ငါဂရုမစိုက်ဘူး ဒီကောင်က အမျက်ဒေါသကျောင်းတော်ရဲ့အရေးပါဆုံးတပည့်သားတစ်ယောက်ကို သတ်ပြီစားလိုက်ပြီဆိုတာပဲ ငါသိတယ်..မင်းက ထိပ်တန်းရူးသွပ်သားရဲကောင်ဆယ်ကောင်ထဲမှာ အဆင့်ရှစ်ဖြစ်နေတယ်ဆိုရင်တောင် ငါပြိုင်ဘက်မဟုတ်ဘူးဆိုတာ မင်းသိသင့်တယ်မလား…အကယ်၍ မင်းငါလက်ထဲမှာသေချင်တယ်ဆိုရင်လဲ ငါစိတ်ထဲမထားပါဘူး…ဒီကိစ္စမှာ ကျောင်းတော်ကိုဆွဲမထည့်နဲ့ ငါစိတ်သဘောနဲ့ငါသတ်မယ်…ဒါဆိုရင်ရလား ”
ပြောရင်နဲ့အကြီးအကဲရွှမ်က အရှေ့ကိုတိုးလာခဲ့ပါတယ်။ သူ့ရဲ့ကြောက်စရာအရှိန်အ၀ါတွေက တောင်ကြီးတစ်တောင်လိုအသွင်နဲ့ ကြက်သွေးရောင်ဘုရင်ဆီကို တိုက်ခိုက်ခဲ့ပါပြီ။
” ခဏစောင့်ဦး ”
ကြက်သွေးရောင်ဘုရင်က အနည်းငယ်စိုးရိမ်နေခဲ့ပါတယ်။ သူက နှစ်ပေါင်းသုံးသိန်းကျော်အတိကျင့်ကြံထားခဲ့ပြီဖြစ်သလို ထိပ်တန်းရူးသွပ်ကောင်ဆယ်ကောင်ထဲမှာ အဆင့်ရှစ်နေရာရှိနေခဲ့တာပါ။ သူက တကယ်အကြီးအကဲရွှမ်ရဲ့ပြိုင်ဘက်မဟုတ်ခဲ့ပါဘူး။
အခုအချိန်မှာ အကူအညီတောင်းဖို့နောက်ကျလွန်သွားခဲ့ပါပြီ။ ထိပ်တန်းသားရဲကောင်တွေက အထဲနယ်မြေကနေ ဒီနေရာအထိလာဖို့ကို အချိန်ယူရပါဦးမယ်။ ဒီလိုအချိန်ကိုလဲ အကြီးအကဲရွှမ်က ပေးမှာမဟုတ်ပါဘူး။
” ဘာကိုစောင့်ရမှာလဲ ”
အကြီးအကဲရွှမ်က မေးပါတော့တယ်။
” လူသားမတိုက်ခိုက်နဲ့ဦး ငါက ကြယ်တာရာသစ်တောရဲ့ ဧကရာဇ်ကိုကာကွယ်နေတာ ဒါကတိုက်ကြီးတစ်တိုက်လုံးမှာတစ်ကောင်ထဲရှိတယ်…အကယ်၍ သူသေသွားမယ်ဆိုရင် သစ်တောတစ်ခုလုံးရူးသွပ်သွားလိမ့်မယ် ”
အကြီးအကဲရွှမ်က ထိတ်လန့်သွားမိခဲ့ပါတယ်။ ဧကရာဇ်သားရဲကောင်တွေအကြောင်းကို သူကြားဖူးခဲ့ပေမဲ့ ဒါကဒဏ္ဍာရီလို့ထင်ထားခဲ့တာပါ။
” မင်းတို့အားလုံးရူးသွားရင်တောင် ငါဂရုမစိုက်ဘူး အခုငါကိုယ်တိုင်တောင် ရူးမလိုဖြစ်နေပြီ အကြီးအကဲရွှမ်က မညှာတာခဲ့ပါဘူး။ ဟို့ယွိဟောင် သေသွားမှုက သူကိုတကယ်စိတ်ဖောက်မတတ်ဖြစ်စေခဲ့ပါတယ်။
” ငါ့စကားကိုနားထောင်ဦး ”
ကြက်သွေးရောင်ဘုရင်က စိုးရိမ်ပူပန်မှုအပြည့်နဲ့ ပြောလာခဲ့ပါတယ်။
” ဒီဧကရာဇ်သားရဲကောင်ကို မျက်လုံးသုံးလုံးရွှေခြင်္သေ့လို့ခေါ်တယ်…လူသားကသူ့ကိုမတိုက်ခိုက်သရွေ့ သူကလူသားကိုမတိုက်ခိုက်ဘူး..အခုလက်ရှိအချိန်မှာအလင်းအမျိုးအစား၀ိညာဥ်သားရဲကောင်တွေကိုပဲ စားသုံးဖို့အတွက် သူကအမဲလိုက်တယ်…ငါမင်းကိုမေးပါရစေ သူတကယ်ပဲ မင်းကျောင်းသားကိုသတ်လိုက်တာလား ”
ဒီလိုအခြေအနေမျိုးကပ်ဆိုက်နေတဲ့အချိန်မှာ မျက်လုံးသုံးလုံးရွှေခြင်္သေ့အသက်နဲ့ပတ်သက်ပြီ ကြက်သွေးရောင်ဘုရင်က အကြီးအကဲရွှမ်ကို တလေးတစားနဲ့ မေးနေခဲ့ရပါတယ်။
သူ့စကားကိုကြားပြီချိန်မှသာ အကြီးအကဲရွှမ်က တည်ငြိမ်လို့သွားခဲ့တယ်။ ဟို့ယွိဟောင်တကယ်ပဲသေသွားလို့လား။
ဒီတစ်ကြိမ်မှာပဲ အင်အားကြီးလွန်လှတဲ့စွမ်းအားတွေက မနီးမဝေးနေရာကနေ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဒါက နောက်ထပ်ရူးသွပ်သားရဲကောင်တစ်ကောင်ဆီကနေ ထွက်ပေါ်လာတာပါ။
ဒီအရှိန်အ၀ါကို ခံစားမိပြီချိန်မှာတော့ အကြီးအကဲရွှမ်နဲ့ ကြက်သွေးရောင်ဘုရင် နှစ်ယောက်စလုံးက မျက်လုံးပြူးသွားပါတော့တယ်။ ကြက်သွေးရောင်ဘုရင်ကတော့ စိတ်ရှုပ်လို့နေခဲ့တယ်။ ဒါက ထူးကဲသာလွန်၀ိညာဥ်သားရဲကောင်တစ်ကောင်ရဲ့ အရှိန်အ၀ါမဟုတ်လား ဒါပေမယ့် အဲ့ဒီရေခဲအရှိန်အ၀ါက ဘာဖြစ်လို့ဒီလောက်ရင်းနှီးနေရတာလဲ။ ခုနတုန်းက တစ်ချက်ပေါ်ထွက်လာပေမဲ့ သူမရှာနိုင်သေးခင်အချိန်မှာပဲ ဒီအရာကပျောက်ကွယ်သွားခဲ့တာမဟုတ်လား။
တခဏတာလန့်သွားပြီတဲ့နောက် အကြီးအကဲရွှမ်ပျော်သွားခဲ့ပါတော့တယ်။ ဟို့ယွိဟောင်က နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်ရဲ့အရှိန်အ၀ါကို တုပနေဆဲပါပဲ သူ မသေသေးပါဘူး။
ဟို့ယွိဟောင်ကတော့ အကောင်းတိုင်းအသက်ရှင်နေခဲ့ပါတယ်။ လက်ရှိအချိန် အင်အားကြီးတဲ့လူနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ၀င်ရောက်မစွက်ဖက်ချင်တဲ့အတွက်သာ သူဖြည်းဖြည်းချင်းထလာခဲ့တာပါ။ ရေခဲဧကရီရဲ့အကြံပြုချက်အတိုင်းရေခဲဧကရီရဲ့အရှိန်အ၀ါကို ရပ်နေတဲ့နေရာမှာသာ တုပလို့ထားရင်းသူအသက်ရှင်နေတဲ့အကြောင်း အချက်ပြနေခဲ့ပါတယ်။
အကြီးအကဲရွှမ်က ဘာဖြစ်မယ်မှန်းသိပေမဲ့ ကြက်သွေးရောင်ဘုရင်ကတော့ မသိပါဘူး။
ဒါပေမယ့် လက်ရှိအချိန်မှာ သူ့နဲ့မျက်လုံးသုံးလုံးရွှေခြင်္သေ့တို့အတွက် ထိပ်တန်းရူးသွပ်ကောင်တစ်ကောင်အကူအညီရပြီဆိုတာ ကောင်းမွန်တဲ့ကိစ္စပါပဲ။ နှစ်ပေါင်းတစ်သိန်းရဲ့အထက်မှာရှိနေတဲ့ ၀ိညာဥ်သားရဲကောင်တွေက အသိဉာဏ်ကိုပိုင်ဆိုင်ကြပါတယ်။ သာမန်လူသားတွေထက် သာလွန်တဲ့အသိပညာကိုပိုင်ဆိုင်ထားတာကြောင့် အလွယ်တကူပြဿနာတက်အောင်မလုပ်ပါဘူး။
ဒါ့အပြင် ကြက်သွေးရောင်ဘုရင်က သူတို့ရဲ့ဧကရာဇ်သားရဲကိုကာကွယ်ဖို့အတွက် ရောက်လာခဲ့တာပါ။ အကယ်၍ နောက်ထပ်သားရဲကောင်တစ်ကောင်သာ ရှိနေမယ်ဆိုရင်တော့ အကြီးအကဲရွှမ်ကို သူကြောက်စရာဘယ်လိုတော့မလဲ အကြီးအကဲရွှမ်ကို အနိုင်မယူနိုင်ရင်တောင် မျက်လုံးသုံးလုံးရွှေခြင်္သေ့ကို ကာကွယ်ဖို့အတွက် ယုံကြည်ချက်အပြည့်ရှိသွားပါပြီ။
ကြက်သွေးရောင်ဘုရင်ရဲ့ခေါင်းကနေ နက်ရှိုင်းတဲ့အသံက ခပ်တိုးတိုးပြောလာခဲ့ပါတယ်။ သူ့ရဲ့ပါးစပ်ဆီကနေ အနီရင့်ရောင်အလင်းတန်းတွေက ထွက်ပေါ်လို့လာခဲ့ပြီ ဘောလုံးတစ်လုံးရဲ့အရွယ်အစားအဖြစ်ကို ပြောင်းလဲလို့သွားပါတယ်။ သေခြင်းတရားအငွေ့အသက်တွေကတော့ အကြီးအကဲရွှမ်ကို ဖုံးလွှမ်းလို့သွားခဲ့ပြီ ကြက်သွေးရောင်ဘုရင်ရဲ့ အော်သံနဲ့အတူ ၀ိညာဥ်သားရဲကောင်တွေအားလုံးက ဧကရာဇ်သားရဲကိုကာကွယ်ဖို့အတွက် အပြေးလာကြပါတော့တယ်။
ရန်သူကိုကာကွယ်ဖို့အတွက် အင်အားအပြည့်အ၀ရှိပြီဆိုမှတော့ ဘာကြောင့် သားရဲကောင်တွေရဲ့ဘုရင်တစ်ပါးဖြစ်တဲ့သူက လူသားတစ်ယောက်နဲ့ ဆွေးနွေးညှိနိုင်နေရဦးမှာလဲ။
အကြီးအကဲရွှမ်ကတော့ ဟို့ယွိဟောင်အသင်ရှင်နေတယ်ဆိုတာသိသိရချင် စိတ်အေးသွားခဲ့မိပါတယ်။ ဒါကြောင့် သူ့ရဲ့စိတ်ထဲမှာအစီအစဥ်ဆွဲပြီဒေါသတကြီးနဲ့ ပြန်ဟိန်းဟောက်လိုက်တော့တယ်။ နတ်ဘုရားထျောင်ထျဲ့နတ်သိုးထွက်ပေါ်လာချိန်မှာတော့ သူတို့နှစ်ယောက်စတင်တိုက်ခိုက်ပါပြီ။ ဒီအခြေအနေက ကြက်သွေးရောင်ဘုရင်ကိုထိတ်လန့်လို့သွားစေခဲ့ပါတယ်။ အစောပိုင်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ထိပ်တန်းရူသွပ်သားရဲကောင်ရဲ့အရှိန်အ၀ါက ပျောက်ကွယ်လို့သွားခဲ့ပြီ နောက်ထပ်လှုပ်ရှားမှုလဲ မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာ အကြီးအကဲရွှမ်ကတော့ သူ့ကိုဂရုမစိုက်ပဲဖြစ်သွားခဲ့ပါတယ်။
အကြီးအကဲရွှမ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကြက်သွေးရောင်ဘုရင်ကတော့ ကာကွယ်ရုံကလွဲပြီမတတ်နိုင်ခဲ့ပါဘူး။ သူ့ကိုယ်သူကာကွယ်နေရင်းနဲ့ ဖြည်းဖြည်းချင်းမြေပြင်ပေါ်ကို လိမ့်သွားပါတော့တယ်။ ဒါပေမယ့် အကြီးအကဲရွှမ်နဲ့ ကြက်သွေးရောင်ဘုရင်နှစ်ယောက်ကတော့ အစပိုင်းမှာအစွမ်းကုန်မတိုက်ခိုက်ခဲ့ပါဘူး။ အကယ်၍ သူတို့တိုက်ခိုက်မယ်ဆိုရင် ဒီတောတစ်ခုလုံးကတော့ ပျက်သုန်းတော့မှာပါ။ ဒီလိုမျိုးကို ဘယ်သူမှမမြင်ချင်ကြပါဘူး။
ပြင်းထန်တဲ့အ၀ါရောင်အလင်းတန်းက စေးကပ်တဲ့အရည်တွေလိုအသွင်နဲ့ လှောင်ချိုင့်တစ်ခုကိုဖန်တီးရင်း ကြက်သွေးရောင်ဘုရင်ကို တားဆီးလိုက်ပါတယ်။ ကြက်သွေးရောင်ဘုရင်ကတော့ ခေါင်းသုံးလုံးစလုံးနဲ့အော်ဟစ်ဟိန်းဟောက်လို့နေခဲ့ပြီ အနီရင့်ရောင်အလင်းတန်းတွေကို ဆက်တိုက်ထုတ်လွှတ်ကာ မီးတောင်တစ်တောင်လိုမျိုးပေါက်ကွဲရင်းနဲ့ အတားအဆီးကနေ လွှတ်မြောက်အောင်လုပ်ဖို့ကြိုးစားနေခဲ့ပါတယ်။
ဒီအချိန်မှာပဲ နတ်ဘုရားထျောင်ထျဲ့နတ်သိုးက မျက်လုံးသုံးလုံးရွှေခြင်္သေ့ရှေ့ကို ရောက်ရှိလို့လာခဲ့ပါပြီ။ တောက်ပတဲ့အလင်းတန်းက သူ့ရဲ့ဦးချိုတွေဆီကနေ ထွက်ပေါ်လို့လာပြီဒီရွှေခြင်္သေ့ကို လွှမ်းမိုးလို့သွားပါတော့တယ်။
မူလစွမ်းအားတွေကို ကုန်ဆုံးလို့သွားခဲ့တဲ့ ကြက်သွေးရောင်ဘုရင်ကတော့ လက်ရှိအချိန်မှာမတိုက်ခိုက်၀ံ့တော့ပါဘူး။ အ၀ါရောင်အလင်းတန်းနဲ့ ပိတ်မိသွားချိန်မှာမျက်လုံးသုံးလုံးရွှေခြင်္သေ့က အတော်ကို အကြပ်အတည်စိုက်နေပုံရပါတယ်။ အကြီးအကဲရွှမ်အနေနဲ့ အချိန်မရွေးဒီရွှေခြင်္သေ့ရဲ့အသက်ကို နှုတ်ယူနိုင်မှန်းကြက်သွေးရောင်ဘုရင် သိနေခဲ့တယ်။
ကြက်သွေးရောင်ဘုရင်ကတော့ အတော်ကိုအထိတ်တလန့်ဖြစ်နေတဲ့ ဒေါသတကြီးနဲ့အော်နေခဲ့ပါတယ်။
” မင်းဧကရာဇ်သားရဲကို သတ်၀ံ့တယ်ဆိုရင် လူသားမျိုးနွယ်တစ်ခုလုံးကို ငါဖျက်ဆီးပြစ်မယ် ”
” ငါဒါကိုသတ်မယ်လို့ ဘယ်သူပြောလဲ ”
အကြီးအကဲရွှမ်က လူသားအသွင်ပြောင်းရင်းနဲ့ ပြောလိုက်ပါတယ်။
ကြက်သွေးရောင်ဘုရင်ကတော့ အကြီးအကဲရွှမ်မသတ်ဘူးဆိုတဲ့စကားကို ပြောချိန်မှာ အနည်းငယ်စိတ်အေးလို့သွားခဲ့ပြီ ပြန်မေးလိုက်တယ်။
” ဒါဆိုရင် မင်းဘာလုပ်မလို့လဲ ”
” ဘာမှမလုပ်ဘူး နှစ်ပေါင်းသက်တမ်းတစ်သောင်းငါးထောင်ရှိတဲ့ ထိပ်တန်းအမျိုးအစားစိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်သားရဲကောင်တစ်ကောင်ကို ဒီကောင်နဲ့လဲမယ် ”
ကြက်သွေးရောင်ဘုရင်မျက်လုံးပြူးသွားပါတော့တယ်။
” ဒါဘာကြီးလဲ နှစ်ပေါင်းတစ်သောင်းငါးထောင်သက်တမ်းရှိတဲ့ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်သားရဲကောင်နဲ့ ဧကရာဇ်သားရဲကောင်က ယှဥ်လို့မရနိုင်တဲ့ အမျိုးအစားကွာခြားချက်ပါ သူကြားတာမှားနေသလားဆိုပြီ အံ့အားသင့်သွားခဲ့ပါတယ်။ အကြီးအကဲရွှမ်အနေနဲ့ နှစ်တစ်သိန်း၀ိညာဥ်သားရဲကောင်လိုချင်တယ်ဆိုရင်တောင် သူမအံ့ဩခဲ့ပါဘူး။
” ဘာလဲ ငါပြောတာနားမလည်ဘူးလား ငါမင်းကိုအချိန်လေးနာရီပေးမယ်…အချိန်လေးနာရီပြည့်ရင်း မင်းသာငါ့ကိုအစားထိုးနိုင်တဲ့ တစ်စုံတစ်ရာမပေးနိုင်လို့ကတော့ ဒီမျက်လုံးသုံးလုံးရွှေခြင်္သေ့ကို ငါတပည့်ရဲ့၀ိညာဥ်စက်ကွင်းဖြစ်အောင် လုပ်ပြစ်မယ် !”
” အဲ့ဒီလိုလုပ်လို့မဖြစ်ဘူး မျက်လုံးသုံးလုံးရွှေခြင်္သေ့က လက်ရှိဧကရာဇ်သားရဲကောင်ပဲ သူရဲ့စွမ်းအားက လူသားတွေစုပ်ယူနိုင်တဲ့အခြေအနေမှာရှိမနေဘူး…မင်းအတွက်လဲ အသုံးမ၀င်နိုင်ဘူး..ကောင်းပြီ ငါမင်းပြောတဲ့အတိုင်းပဲလုပ်ပေးမယ်…ဒါပေမယ့် ငါတို့ဧကရာဇ်ရဲ့လုံခြုံစိတ်ချမှုကိုဘယ်လိုလုပ်အာမခံနိုင်မလဲ ငါမင်းကိုဘယ်လိုယုံလို့ရမှာလဲ ”
အပိုင်း ၁၄၅•၂ ပြီး၏။