Switch Mode

Chapter – 144.3

ဟို့ယွိဟောင်အတွက် အသင့်တော်ဆုံး ဝိညာဉ်သားရဲကောင်

အပိုင်း ၁၄၄•၃

” ဟို့ယွိဟောင်အတွက် အသင့်တော်ဆုံး၀ိညာဥ်သားရဲကောင် ”
°°°
” ယွိဟောင် ”

၀မ်သုန့်က စိတ်ပျက်လက်ပျက်နဲ့သာ ပြောမိပါတော့တယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကို ဘယ်နေရာမှာမှ မတွေ့ရတော့ပါဘူး။ ဒါ့အပြင် သူ့အနေနဲ့လဲ လိုက်ရှာဖို့မဖြစ်နိုင်ပဲဖြစ်နေခဲ့ပါတယ်။ ဟို့ယွိဟောင်က ဒီလိုမျိုးစိတ်လက်မာန်ပါမပြုမူတာကိုသူသိနေခဲ့တယ်။ ဒါဆိုဘာကြောင့်များ ဒီလိုမျိုးဖြစ်သွားခဲ့တာလဲ။ အဖွဲ့ကနေဒီလိုကြီးခွဲထွက်သွားတယ်လား။

ဟို့ယွိဟောင် အားလုံးရဲ့မြင်ကွင်းထဲမှာပျောက်သွားတဲ့အချိန်မှာပဲ သူကတော့ အရှေ့ကိုပြင်းပြင်းထန်ထန်ပြေးနေခဲ့ပါပြီ။ သူ့ရဲ့ပုံစံတူတုပမှုကို တတ်နိုင်သလောက်ထိန်းထားခဲ့ရင်း မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခုအဖြစ်သာ ပေါ်ထွက်လို့နေခဲ့ပါတယ်။ သူက ပတ်၀န်းကျင်အခြေအနေနဲ့မူတည်ပြီ ဆက်တိုက်ပြောင်းလဲနေခဲ့တာပါ။

” ငါအဖွဲ့ကနေထွက်လာတာကို အကြီးအကဲရွှမ်က သိသွားပြီလား

ဟို့ယွိဟောင်က စိတ်ထဲမှာတွေးနေမိခဲ့ပါတယ်။ ရုတ်တရက်ဆိုသလို ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြန်ဖြေလာခဲ့တယ်။

” သူသိတယ်လို့ထင်တာပဲ သူအခုမင်းနောက်ကိုလိုက်နေတယ်လေ ပြေးနေတာရပ်လိုက်တော့ မင်းပြေးနေရင်တောင် ဘာမှအသုံးမ၀င်တော့ဘူး…ဒီတော့အကြီးအကဲရွှမ်နဲ့သာ တည့်တည့်သွား ဒါ့အပြင် အဲ့ဒီသားရဲကောင်တွေကို မင်းဘယ်လိုပဲဖြစ်ဖြစ် မရင်ဆိုင်နိုင်ဘူးလေ ”

” ဒါဆိုရင် အကြီးအကဲရွှမ်ကို ဘယ်လိုပြောရတော့မှာလဲ ”

ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကတော့ ပုံမှန်လေသံနဲ့သာပြန်ဖြေလိုက်ပါတယ်။

” ပေါက်ကရတွေလျှောက်ပြောလိုက်လေ ဒါမင်းအမြဲပြောနေကြ မင်းတော်တဲ့ကိစ္စပဲမဟုတ်လား ”

ဟို့ယွိဟောင်က သက်ပြင်းသာချလိုက်မိပါတယ်။

” ဘယ်လိုလုပ်ရမှာလဲ အကြီးအကဲရွှမ်ကို အလွယ်လေးလှည့်စားလို့မရဘူးလေ သူကသိုင်းပညာ၀ိညာဥ်တွေကို တစ်ဘ၀တာလုံးလေ့လာလာခဲ့တဲ့သူ ”

ဟို့ယွိဟောင်က တစ်နေရာမှာရပ်တန့်ရင်း သူရဲ့ပုံစံတူတုပမှုကို ဖယ်ရှားလိုက်ပါတော့တယ်။

ဒီအချိန်မှာပဲ အကြီးအကဲရွှမ်ရဲ့အသံကို ကြားလိုက်ရပါပြီ။

” ခွေးမသားတွေ ဘာလုပ်မလို့လဲ အကယ်၍ မင်းနေမကောင်းဘူးဆိုရင်တောင် ငါကိုဒီလိုမခြောက်စမ်းပါနဲ့ ”

အကြီးအကဲရွှမ်က သူဘေးမှာရုတ်တရက်ပေါ်လာပါတော့တယ်။

” အကြီးအကဲ အဲ့ဒီအော်သံနှစ်သံကိုကြားတယ်မလား အဲ့ဒီထဲမှာ တစ်ခုကကျွန်တော်အတွက် သင့်တော်တဲ့၀ိညာဥ်စက်ကွင်းဖြစ်ဖို့ အဆင်ပြေတယ်…ရှားပါးစိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်သားရဲကောင်ကြီး ”

အကြီးအကဲရွှမ်က စိတ်ညစ်ညစ်နဲ့ပြန်ဖြေလိုက်ပါတယ်။

” မဟုတ်တရမ်းတာတွေ ဒီနှစ်ကောင်စလုံးက နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်တွေလေ သူ့တိုရဲ့အရှိန်အ၀ါကို ငါကြည့်ရုံနဲ့ပြောနိုင်တယ်…မင်းက ၀ိညာဥ်အကြီးအကဲပဲရှိသေးတာ ၀ိညာဥ်ဘုရင်မဟုတ်ဘူး..နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းကို မင်းဘယ်လိုလုပ်လက်ခံနိုင်မှာလဲ ”

ဟို့ယွိဟောင်ရဲ့ခေါင်းထဲမှာ အတွေးတွေက လျှပ်စီးအလျင်နှုန်းနဲ့လှုပ်ရှားလို့နေခဲ့ပြီ အဲ့ဒီနောက် သူပြန်ဖြေလိုက်ပါတယ်။

” ကျွန်တော်က ထန်မျိုးနွယ်ရဲ့တပည့်သားဆိုတာ အကြီးအကဲရွှမ်သိတာပဲလေ ကျွန်တော်ရဲ့နည်းလမ်းက ထန်မျိုးနွယ်ရဲ့နည်းလမ်းပဲ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းရဲ့စွမ်းအားတွေကို ဖိနှိမ့်နိုင်တဲ့လျှိူ့၀ှက်နည်းလမ်းတွေလဲ ရှိနေတယ်…အကြီးအကဲကြားဖူးလား ”

သူလုပ်နိုင်တဲ့တစ်ခုတည်သောအရာကတော့ ဇာတ်ကြောင်းတစ်ခုကို တည်ဆောက်တာပါပဲ။ ဒါကလွဲပြီဘာလုပ်ရဦးမှာလဲ ဒီလိုမျိုးရွှေရောင်အခွင့်အရေးကြီးမှာ သင့်တော်အောင်နေရယူရမှာပါ။ ရက်ပေါင်းများစွာကြာအောင် သင့်တော်တဲ့၀ိညာဥ်စက်ကွင်းကို ရှာဖွေပြီတဲ့နောက် နောက်ဆုံးမှာလိုက်ဖက်ညီတဲ့တစ်စုံတစ်ရာကို တွေ့နေခဲ့ပါပြီ။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ထက်မြက်စူးရှတဲ့အာရုံကို သူလုံး၀မယုံမကြည်မဖြစ်၀ံ့ပါဘူး။

အကြီးအကဲရွှမ်က တအံ့တဩဖြစ်သွားခဲ့ပါတယ်။

” ထန်မျိုးနွယ်မှာဒီလိုလျှို့၀ှက်နည်းလမ်းရှိတယ်လား ငါမကြားဖူးဘူး ”

ဟို့ယွိဟောင်က ဆက်ပြောလိုက်ပါတယ်။

” ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်နည်းလမ်းတွေက သင့်တော်တဲ့စိတ်၀ိညာဥ်စွမ်းအားရှိတဲ့၀ိညာဥ်ပညာရှင်တွေအတွက်ပဲ သင့်တော်ပါတယ်…ဒါပေမယ့် ၀ိညာဥ်စက်ကွင်းငါးခုရဲ့အောက်အတွက်ပဲ သုံးလို့ရတယ်..လက်ရှိအချိန်မှာ ကျွန်တော်က ဒီ၀ိညာဥ်စက်ကွင်းတွေကို ချိတ်ပိတ်တဲ့လျှို့၀ှက်နည်းလမ်းကိုသုံးနိုင်တယ်…တစ်ယောက်တည်သောထန်မျိုးနွယ်တပည့်သားဖြစ်နေတယ်လေ ဒါကြောင့် ၀ိညာဥ်စက်ကွင်းရဲ့စွမ်းအားကို ကျွန်တော်ချိတ်ပိတ်ထားပြီတော့ အစိတ်အပိုင်းတစ်ချို့ကို စုပ်ယူလို့ရတယ်..ကျန်ရစ်တဲ့စွမ်အားက ကျွန်တော်သန်မာလာတာနဲ့အမျှ ကျွန်တော်ပြန်ပြီစုပ်ယူလို့ရတယ်..ဒါ့အပြင် ကျွန်တော်မှာ၀ိညာဥ်အရိုးသုံးခုရှိနေပြီ ခန္ဓာကိုယ်ကလဲ ခံနိုင်ရည်မြင့်တယ်…ဒါ့အပြင် ၀ိညာဥ်စက်ကွင်းတွေကို ချိတ်ပိတ်တဲ့နည်းလမ်းနဲ့ဆိုရင် သေချာပေါက် နှစ်နှစ်သောင်းအောက်မှာရှိတဲ့၀ိညာဥ်သားရဲကောင်တွေရဲ့၀ိညာဥ်စက်ကွင်းတွေကို လက်ခံနိုင်ပါတယ်…၀ိညာဥ်ပညာရှင်တစ်ယောက်ရဲ့စိတ်စွမ်းအားဆိုတာက ၀ိညာဥ်စက်ကွင်းတစ်ခုကို ထိန်းသိမ်းတဲ့နေရာမှာ အရေးကြီးဆုံးပဲမဟုတ်လား ကျွန်တော်က ယုံကြည်ချက်အပြည့်ရှိပါတယ်…အကြီးအကဲရွှမ် နောက်ဆုံးမှာသင့်တော်တဲ့သားရဲကောင်ကို ရှာတွေ့ပြီဆိုမှတော့ ကျွန်တော်ကြိုးစားကြည့်ချင်ပါတယ် ”

” ထန်မျိုးနွယ်ရဲ့ ခေါင်းကိုင်ဖခင်ကြီးထန်စန်းမှာ ဒီသက်တမ်းတွေအားလုံးကိုကျော်လွန်နေတဲ့ ၀ိညာဥ်စက်ကွင်းတွေရှိဖူးတယ်…သူ့လဲ အဲ့ဒီလို၀ိညာဥ်စက်ကွင်းချိတ်ပိတ်တဲ့နည်းလမ်းကို အသုံးပြုခဲ့တာလား ငါကြားဖူးတာပထမဆုံးပဲ ထန်မျိုးနွယ်က ဒီလိုမျိုးကောင်းမွန်လွန်လှတဲ့နည်းလမ်းတွေကို လက်ဆင့်မကမ်းပေးနိုင်တော့တာ နှမြောစရာကောင်းလိုက်တာ ”

အကြီးအကဲရွှမ်ရဲ့စကားကိုကြားပြီချိန်မှာကတော့ ဟို့ယွိဟောင်အနေနဲ့ အခက်အခဲကို ကျော်ဖြတ်လိုက်ပြီးပြီမှန် နားလည်သွားခဲ့မိပါတယ်။ ဒီလိုချဲ့ကားပြောဆိုလိုက်တဲ့ဇာတ်ကြောင်းတစ်ခုက ဒီလောက်အထိ ရောက်သွားမယ်လို့မထင်ခဲ့မိပါဘူး။ ဒါကြောင့် သူဆက်တိုက်သာခေါင်းညိတ်နေခဲ့တယ်။

” ဒါပေမယ့် ၀မ်သုန့်နဲ့ ရှောင်းရှောင်းကို မင်းဘာလို့ချန်ထားခဲ့ရတာလဲ ငါက တစ်နေရာထဲမှာ နှစ်ကိုယ်ခွဲပြီရှိမနေနိုင်ဘူးလေ ဒီတော့ သူတို့ကိုငါဘယ်လိုကာကွယ်ရမှာလဲ ”

” ကျွန်တော်အဲဒီလောက်ကြီးမတွေးမိလိုက်ဘူး…စိတ်၀ိညာဥ်လှိုင်းထန်မှုကိုတွေ့လိုက်ပြီ ဦးလေးမော့က စိတ်မရှည်နိုင်တော့ကြောင့် ကျွန်တော်မြန်နိုင်သလောက်မြန်အောင် ပြေးလာခဲ့တာ ၀မ်သုန့်နဲ့ ရှောင်းရှောင်း အဲ့ဒီအုပ်စုနဲ့ဆိုရင် သိပ်ပြီအန္တရာယ်ရှိမယ်လို့ ကျွန်တော်မထင်ပါဘူး…ဒါဆိုရင် သူတို့ဆီကိုပြန်သွားမလား ကျွန်တော်ဒီမှာစောင့်နေမယ်လေ ”

ဟို့ယွိဟောင်ရဲ့ရှင်းပြချက်တွေထဲမှာ ပြစ်ချက်တွေက ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အကြီးအကဲရွှမ်ကတော့ ဟို့ယွိဟောင်ရဲ့အသက်အရွယ်ကို ထည့်တွက်ပြီအနည်းငယ်ညှာတာပေးနေခဲ့တယ်။ အသက်ဆယ့်သုံးနှစ်တောင်မပြည့်သေးတဲ့ကလေးတစ်ယောက်အနေနဲ့ ဒီလိုမျိုးစိတ်မြန်လက်မြန်ဖြစ်တယ်ဆိုတာ လက်ခံန်ိုင်စရာပါပဲ။

” ဒါလဲငါတွေးမိပါတယ် ငါဘယ်ကိစ္စကိုမှမလွဲချော်စေချင်ဘူးလေ ဒီကလေးနှစ်ယောက်ကိုသွားပြီခေါ်လိုက်ဦးမယ်…မင်းဒီနေရာမှာစောင့်နေလိုက် မင်းရဲ့ပုံစံတူတုပမှုကို အသုံးပြုပြီး ကိုယ့်ကိုကိုယ်ဖုံးကွယ်ထား ဒီကိစ္စနဲ့ငါမင်းကိုမျက်ချေပြတ်သွားတော့မလို့ဖြစ်ခဲ့တာ ကံကောင်းစွာနဲ့ပဲ မင်းရဲ့စိတ်၀ိညာဥ်လှိုင်းတွေကို မဖုံးကွယ်ထားလို့တော်သေးတယ် ”

အဲ့ဒီနောက် အကြီးအကဲရွှမ်က ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

ကျောမှာချွေးတွေရွှဲနစ်နေတာကို ဟို့ယွိဟောင်ခံစားမိလိုက်ပါတယ်။ မဟုတ်တရမ်းဇာတ်ကြောင်းတွေကို လျှောက်ပြောတယ်ဆိုတာက သူလုပ်သင့်တဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။ လိမ်နေရတယ်ဆိုတာက အရှိုက်ကင်းပေမဲ့ တစ်ခါတစ်လေမှာတိုက်ပွဲတွေကို တိုက်ရတာထက်ပိုပင်ပန်းပါသေးတယ်။

ရုတ်တရက်ဆိုသလို အော်သံကြီးတွေထွက်ပေါ်လာခဲ့ပါပြီ။ ဒီလှိုင်းတွေက သူ့ဆီကိုမကြာခင်မှာ ရောက်လာပါတော့တယ်။

ကြီးမားတဲ့သစ်ပင်ကြီးတွေ ဆက်တိုက်ပြိုလဲကုန်တာကို ဟို့ယွိဟောင်မြင်နေခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ အရမ်းကိုကြောက်စရာကောင်းလွန်လှပြီ ခမ်းနားတဲ့တစ်စုံတစ်ရာက အရှေ့ကိုခုန်ထွက်လို့လာခဲ့တယ်။ မြေပြင်ကတုန်ခါနေခဲ့သလို သူခြေချလိုက်တဲ့နေရာတိုင်းမှာ ဖြစ်ပေါ်လာတဲ့တုန်ရီမှုတွေကြောင့် ဟို့ယွိဟောင်အနေနဲ့ မြေပြင်ပေါ်ကိုလဲကျလို့သွားခဲ့ပြီ မူးတာင်မူးဝေနေခဲ့ရပါတယ်။

ကြီးမားတဲ့သတ္တ၀ါကြီးက ဟို့ယွိဟောင်ဆီကို ပြေးလာနေခဲ့တယ်။ နောက်ဆုံးမှာတော့ အဲ့ဒီသတ္တ၀ါကြီးရဲ့ရုပ်သွင်ကိုမြင်ရပါပြီ။ ဒါက ဘီလူးကြီးတစ်ကောင်ပါပဲ။ အဖြူရောင်နဲ့ အနက်ရောင်အမွေးတွေက သူခန္ဓာကိုယ်ပေါ်မှာပေါက်ရောက်နေခဲ့ပြီ ဂုတ်ပေါ်မှာလဲ ခေါင်းနှစ်ဖက်က ပေါက်နေခဲ့ပါတယ်။ ခေါင်းတစ်လုံးဆီမှာလဲ မျက်လုံးတစ်လုံးသာရှိပြီ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ဆယ်မီတာကျော်မြင့်မားကာ မျက်လုံးတွေကတော့ တောက်ပတဲ့ရောင်စဥ်တွေဖြာထွက်လို့နေခဲ့တယ်။

အဖြူရောင်နဲ့ အနက်ရောင်အလင်းတန်းတွေက ဆက်တိုက်ထုတ်လွှတ်နေခဲ့သလို ဒီလှိုင်းတွေရဲ့အဓိက ရည်ရွယ်ချက်က အရှေ့မှာရှိနေတဲ့လမ်းကို ဖယ်ရှားရှင်းလင်းပေးဖို့ပါပဲ။ ဒါပေမယ့် ကြောက်စရာကောင်းလွန်လှတဲ့ သူ့ရဲ့ပုံစံကြောင့် တစ်စုံတစ်ရာကနေ လွှတ်မြောက်အောင်ထွက်ပြေးနေရတယ်ဆိုတာ သိသာလို့နေခဲ့တယ်။ ဒါကအရမ်းကိုရှားပါးလွန်လှတဲ့ မျက်စိတစ်လုံးဘီလူးမျိုးနွယ်ထဲက အမြွှာဘီလူးများလား။

ဒီလိုအမြွှာမျက်လုံးနဲ့ ဘီလူးတွေအကြောင်းကို အကြီးအကဲရွှမ်ဆီကနေ ကြားဖူးခဲ့ပါတယ်။ အပြင်နယ်မြေရဲ့ သင်ကြားမှုတွေထဲမှာတော့ ဒီအရာတွေကို မသိသေးပါဘူး။

မျက်လုံးတစ်လုံးဘီလူးသို့မဟုတ် ဆိုက်ကလော့တွေက ရှားပါးတဲ့ထူးခြား၀ိညာဥ်သားရဲကောင်တွေပါ။ သူတို့ရဲ့ခန္ဓာကိုယ်ပုံပန်သွင်ပြင်က လူသားတွေနဲ့သိပ်ပြီမကွာခြားပေမဲ့ မျက်လုံးကတော့ တစ်လုံးသာရှိပါတယ်။ ဒါ့အပြင် သူတို့ရဲ့ခန္ဓာကိုယ်ဖုံးကွယ်ဖို့အတွက် အပင်တွေအရွက်တွေကိုအသုံးပြုပြီးတော့တောင် အ၀တ်အစားတွေအဖြစ် ချုပ်လုပ်၀တ်ဆင်ကြပါသေးတယ်။ တစ်ခုရှိတဲ့အရာကတော့ သူတို့ခန္ဓာကိုယ်တွေက သာမန်လူသားတွေထက်အများကြီး အများကြီးပိုကြီးမားတာပါပဲ။

မွေးကထဲက နှစ်မီတာအရပ်ရှိပြီ နှစ်တစ်ရာသက်တမ်းကိုရောက်ချိန်မှာငါးမီတာအထိကို မြင့်မားလာပါတယ်။ အရွယ်ရောက်ပြီသားမျက်လုံးတစ်လုံးဘီလူးဆိုရင်တော့ သူတို့ရဲ့ကြီးထွားမှုက အနည်းငယ်နှေးကွေးလို့သွားနိုင်တယ်။ ရှစ်မီတာကို နှစ်တစ်ထောင်သက်တမ်းမှာရှိပြီ နှစ်တစ်သောင်းမှာတော့ ဆယ်ငါးမီတာအထိကို ရောက်ပါတယ်။ ဒါပေမယ့် သူတို့တွေကြီးမားတဲ့ခန္ဓာကိုယ်ကြီးတွေကြောင့် အင်အားကြီးတဲ့၀ိညာဥ်သားရဲကောင်တွေရဲ့ အစားအစာအဖြစ် အလွယ်တကူဖြစ်သွားကြတာပါ။ ဒါကြောင့် နှစ်တစ်သောင်းမျက်လုံးတစ်လုံးဘီလူးဆိုတာ မရှိသလောက်ကိုရှားနေခဲ့ပါပြီ။ သူတို့ရဲ့ဦးနှောက်က သူတို့ရဲ့သွေးသားတွေကြောင့် ထိပ်တန်းအာဟာရအဖြစ်တည်ရှိနေခဲ့ပါတယ်။

သူရှေ့မှာရှိနေခဲ့တဲ့ဒီသတ္တ၀ါက ဆယ်မီတာကျော်မြင့်မားတဲ့အတွက် သေချာပေါက် နှစ်တစ်သောင်းကျင့်ကြံဆင့်ထက်ပိုနေပြီဆိုတာကို ဟို့ယွိဟောင်သိနေခဲ့ပါတယ်။

နှစ်တစ်သောင်းသက်တမ်းက ဒီ၀ိညာဥ်သားရဲကောင်ရဲ့ ကျင့်ကြံဆင့်အတွက် ကြီးမားတဲ့မှတ်တိုင်ကြီးတစ်ခုဖြစ်နေခဲ့မှာပါ။ သူတို့ရဲ့စွမ်းအားက အများကြီးမြင့်တက်လို့လာခဲ့သလို မကြာခင်အချိန်မှာ အဆင့်ကျော်တိုးတက်နိုင်ပါတယ်။ ဒါကအရှေ့မှာတွေ့ခဲ့တဲ့ မျောက်တွေရဲ့တိုးတက်မှုလိုပါပဲ။ သူတို့ရဲ့မျိုးစိတ်တွေအတွက်ကို ထူးခြားတဲ့လက်ဆောင်တစ်ခုဖြစ်နေခဲ့တာပါ။

ဒီမျက်လုံးတစ်လုံးဘီလူးရဲ့ အဆင့်ကျော်တိုးတက်မှုက မသေချာသလို ဖြစ်နိုင်ချေကလဲ တစ်ခုပဲရှိပါတယ်။ သူ့မှာစွမ်းအားပြောင်းလဲမှု သန္ဓေသားပြောင်းလဲမှုတွေဖြစ်ပေါ်လာနိုင်သလို အင်အားအကြီးဆုံးအမြွှာမျက်လုံးတစ်လုံးဘီလူးဖြစ်တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

သူ့ရဲ့မူလပိုင်ဆိုင်တဲ့ဓာတ်သဘောသဘာ၀က တွေ့ရခဲတဲ့ပဠိပက္ခဖြစ်မှုပါပဲ။ ဒါ့အပြင် အမြဲတမ်းပြောင်းလဲနိုင်သလို ဒီရှေ့မှာရှိနေတဲ့ သတ္တ၀ါက ခန္ဓာကိုယ်ကိုအရွယ်အစားအမျိုးမျိုးပြောင်းလဲနိုင်တဲ့ပုံပေါ်ပါတယ်။ အလင်းနဲ့အမှောင် ဓာတ်သဘောသဘာ၀တွေပါ၀င်နေခဲ့သလို ရှားပါးတဲ့ဖြစ်တည်မှုဖြစ်ပြီ ထိပ်တန်းအဆင့်သားရဲကောင်တွေထဲမှာ အင်အားအကြီးဆုံးတွေကတစ်ခုအဖြစ် ရပ်တည်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုအံ့အားသင့်စရာကောင်းတဲ့သားရဲကောင်တောင် ဘယ်သူလက်ကနေလွတ်အောင်ပြေးနေရတာပါလိမ့်။

အပိုင်း ၁၄၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset