အပိုင်း ၁၄၄•၂
” ဟို့ယွိဟောင်အတွက် အသင့်တော်ဆုံး၀ိညာဥ်သားရဲကောင် ”
°°°
” ဒီတောက်ပလောင်ကျွမ်းမီးလျှံမျောက်တွေက သူတို့ရဲ့နေရာမှာဆက်တိုက် သတ်ဖြတ်ခံရတာကိုကြည့်ရင်းနဲ့ တဖြည်းဖြည်းစိုးရိမ်လာခဲ့ကြပါပြီ။ ဒါပေမယ့် သူတို့တွေရဲ့ခေါင်းမာလွန်လှတဲ့သဘာ၀ကြောင့် လုံး၀ကို နောက်ဆုတ်မဲ့ပုံမရှိကြပါဘူး။ ဒီနေရာမှာတင် စာရင်းအကုန်ရှင်းသွားမဲ့ပုံပါပဲ။
မော့ဖေးယွင်ကတော့ လက်ရှိအချိန်မှာ ကြုံတွေ့နေရတဲ့ကပ်ဆိုးကြီးကြောင့် အတော်ကိုဒေါသထွက်နေပုံရပါတယ်။ သူ့ရဲ့စစ်မှန်တဲ့စွမ်းအားက ချက်ချင်းထွက်ပေါ်လို့လာခဲ့ပါပြီ။
တိမ်တွေက အဖြူရောင်ကနေအ၀ါရောင်ကို ပြောင်းသွားပြီတဲ့နောက် နောက်ဆုံးမှာခရမ်းရောင်ဖြစ်သွားပါတော့တယ်။ မော့ဖေးယွင်က များပြားလွန်လှတဲ့ တိုက်ခိုက်မှုတွေကိုတစ်ပြိုင်နက်ထဲမှာ တိုက်ခိုက်လိုက်ပြီတဲ့နောက် သူ့ရဲ့တိုက်ခိုက်မှုတစ်ခုချင်းဆီတိုင်းကလဲ အရင်အချိန်ထက်ဆယ်ဆမကပိုပြီးသန်မာပါတယ်။ နှစ်တစ်သောင်းသားရဲကောင်က အရမ်းကိုသန်မာပေမဲ့ မော့ဖေးယွင်က သူ့ကိုလုံး၀အခွင့်အရေးမရှိတော့တဲ့အထိ ဖိနှိမ့်လို့ထားခဲ့ပါတယ်။ ခရမ်းရောင်တိမ်တိုက်တွေက ဆက်တိုက်ကျယ်ပြန့်လို့လာခဲ့ရင်း နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ကိုဖမ်းဆီးလိုက်ပါပြီ။
ဟို့ယွိဟောင်ကတော့ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ခရမ်းရောင်မြူခိုတွေထဲရောက်အောင် မဆန့်ထုတ်ခဲ့ပါဘူး။ ဒီမြူခိုတွေက သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို တိုက်ခိုက်နိုင်တယ်လို့ထင်နေခဲ့မိလို့ပါ။ ကြီးမားတဲ့စိတ်မြန်မြန်တုန့်ပြန်မှုမဖြစ်နိုင်ပေမဲ့ သူ့ရဲ့ ကိုယ်ပိုင်အစွမ်းအစတွေကိုတော့ မထုတ်ပြချင်သေးပါဘူး။ ခရမ်းရောင်မြူခိုတွေက အနက်ရောင်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်နဲ့ မိတ်ဆွေတွေလဲ မကြာခင်မှာပဲ ကြီးမားပြင်းထန်တဲ့ဖိအားကို ခံစားလိုက်ရပါပြီ။ အဲ့ဒီနောက် ဒီတိမ်တိုက်တွေက ဒီတောတစ်ခုလုံးကိုတောင် ဖုံးလွှမ်းပြီပြာချတော့မဲ့အတိုင်း အားကောင်းလာပါတော့တယ်။ ကြီးမားတဲ့တိမ်တိုက်တွေထဲကနေ သနားစရာအသံတွေကို ကြားနေခဲ့ရပြီ ရွှေနီရောင်မီးလျှံတွေက ဆက်တိုက်ဆိုသလို ပျောက်ဆုံးလို့သွားခဲ့ပါပြီ။
တိမ်တွေပျောက်ကွယ်လို့သွားချိန်မှာတော့ မော့ဖေးယွင်က မျက်နှာမသာမယာပုံစံနဲ့ အပြင်ကိုထွက်လာပါတော့တယ်။ သူ့ရဲ့လက်ထဲမှာကတော့ မျောက်အလောင်းကိုကိုင်လာခဲ့ပြီ ဒီမျောက်ကလက်ရှိအချိန်မှာ အရုပ်တစ်ရုပ်လိုမျိုးပျော့ပျောင်းလို့နေခဲ့ပါတယ်။ သူ့ရဲ့အရိုးတွေအားလုံး လုံး၀ချေမွဖျက်ဆီးခံလိုက်ရသလိုပါပဲ။
မော့ဖေးယွင်က ဝေ့နရဲ့အရှေ့ကို ချက်ချင်းရောက်လာခဲ့ပါတယ်။ ဝေ့နကတော့ အထိတ်တလန့်ဖြစ်နေခဲ့သလို ရသွားခဲ့တဲ့စိတ်ပိုင်ဆိုင်ရာထိခိုက်မှုကြောင့် ဖြူဖျော့လို့နေခဲ့ပါတယ်။
” ဝေ့နအဆင်ပြေရဲ့လား ”
ဝေ့နက သူရင်ဘတ်သူပြန်ပုတ်လိုက်ပြီ သူ့ရဲ့အသက်ရှုသံကို ထိန်းနေခဲ့ရပါတယ်။
” အဆင်ပြေတယ်…ကံကောင်းလို့အဲ့ဒီအိုးကြီးက မထိခိုက်အောင်ကာကွယ်ပေးနိုင်လိုက်တယ် ”
မော့ဖေးယွင်က ဟို့ယွိဟောင်တို့ဘက်ကိုလှည့်သွားခဲ့ပါပြီ။ အဲ့ဒီနောက် ရှောင်းရှောင်းဆီကို အကြည့်ရောက်သွားခဲ့ပြီ အလေးအနက်ပြောလာခဲ့ပါတယ်။
” အချိန်ကိုက်အထောက်အကူပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..ရှောင်းရှောင်း အကူအညီကြောင့်သာမဟုတ်ဘူးဆိုရင် ဝေ့နဒဏ်ရာရသွားလောက်ပါပြီ ဒါကငါ့အမှားပါပဲ ငါအရမ်းကြီးသတိမထားဖြစ်မိတယ်.. ဒီမျောက်တွေက အဲ့ဒီလောက်အကြံအစည်များပြီ အန္တရာယ်များမယ်လို့ မတွေးမိလိုက်လို့ပါ ”
” အားလုံးက တစ်လှေထဲစီး တစ်ခရီးထဲသွားဖြစ်နေခဲ့ပြီလေ ဒီလောက်ကြီးယဥ်ကျေးနေဖို့မလိုပါဘူး ဦးလေးမော့ ”
ဝေ့နရဲ့ စိတ်ခံစားချက်တွေကလဲ အနည်းငယ်တည်ငြိမ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူရှောင်းရှောင်းဆီကိုလျှောက်သွားကာ ရှောင်းရှောင်းလက်ကိုကိုင်ရင်ပြောပါတော့တယ်။
” ကျေးဇူးတင်ပါတယ် ရှောင်းရှောင်း အခုလိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ”
အားလုံးက စက်၀ိုင်းပုံသဏ္ဍာန်အနေအထားကိုယူလိုက်ကြပါပြီ။ ဟို့ယွိဟောင်နဲ့ သူ့မိတ်ဆွေတွေကို အရင်ကထက်ပိုပြီးနွေးထွေးတဲ့ ပုံသဏ္ဍာန်နဲ့ ကြည့်လာခဲ့ကြပါတယ်။ မုရွှယ်ရဲ့မျက်လုံးတွေတောင်မှ အရင်လောက်မအေးစက်တော့ပါဘူး။
၀မ်သုန့်က သူ့ရဲ့အတောင်ပံတွေကိုသာပြန်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် အကြည့်ကတော့ တစ်ဖက်မျောက်ဆီကိုရောက်နေခဲ့တယ်။ ဒီမျောက်ရဲ့ရွှေနီရောင်အမွေးတွေက ခပ်ဖျော့ဖျော့တောက်ပနေခဲ့ပြီ ပုံမှန်မဟုတ်အောင်အားကောင်းလို့နေခဲ့ပါတယ်။
” ဒီမျောက်ကိုကျွန်တော်ဆီ ရောင်းနိုင်မလားဦးလေးမော့ ဒီမျောက်ရဲ့အမွေးတွေကအရမ်းရှားပါးပြီ တန်ဖိုးကြီးတယ်..နှစ်တစ်သောင်းကျင့်ကြံဆင့်ကို ရောက်ပြီးပြီဆိုရင် မီးလျှံနဲ့အလင်းကြားမှာသူ့ရဲ့ထိန်းချုပ်နိုင်စွမ်းက အများကြီးပိုပြီးကောင်းမွန်လာပြီ ကျွန်တော်ရဲ့ဓာတ်သဘောသဘာ၀က အလင်းရောင်ဖြစ်နေတာအတွက်ကြောင့်မလို့ သူ့ရဲ့အမွေးတွေကို ကျွန်တော်သုံးမယ်ဆိုရင် အများကြီးအကျိုးရှိနိုင်လို့ပါ ကျေးဇူးပြုပြီး ရောင်းမဲ့စျေးကိုပြောပေးပါလား ”
မော့ဖေးယွင်ကတော့ ပြုံးပြနေခဲ့ပါတယ်။
” ဘယ်လိုများရောင်းရမှာလဲ ရှောင်းရှောင်းက ငါတို့အားလုံးကတစ်လှေထဲစီး တစ်ခရီးထဲသွားဖြစ်နေပြီလို့ ပြောခဲ့တယ်မဟုတ်လား မင်းတို့က ဝေ့နကိုကယ်ခဲ့တယ်ဆိုမှတော့ ဒီမျောက်ကမင်းအတွက်ပါပဲ အနာဂတ်မှာ ငါတို့တွေပိုပြီးအဆင်ပြေပြေတိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်…ဒီမှာမင်းအတွက်ပါ ”
မျောက်ရဲ့အလောင်းကို၀မ်သုန့်ဆီ ပေးရင်းနဲ့သူပြောနေခဲ့ပါတယ်။
” ကျေးဇူးတင်ပါတယ် ဦးလေးမော့ ”
၀မ်သုန့်က မျောက်ကိုဒီအတိုင်းယူလိုက်ပြီ သူ့ရဲ့သိုလှောင်ရေးအမျိုးအစား၀ိညာဥ်လက်နက်ထဲကိုထည့်လိုက်ပါတယ်။
အဲ့ဒီမျောက်က သိပ်ပြီမကြီးမားပါဘူး။ ဒါကြောင့် သူ့ရဲ့အမွေးတွေကို အ၀တ်အစားချုပ်ဖို့အတွက် မဖြစ်နိုင်တာအမှန်ပါ။ ဘယ်လိုပဲဖြစ်ပါစေ တခြားအရာတွေအတွက်တော့သုံးလို့ရပါသေးတယ်။ အနည်းဆုံးတော့ သူ့ကိုလက်မောင်းကာအဖြစ် ပြောင်းလဲလို့ရသေးတယ်။
ဟို့ယွိဟောင်တို့က နေရာပြောင်းလဲလိုက်ကြပါပြီ။ လက်ရှိအချိန်မှာ ရှောင်းရှောင်းရဲ့အချိန်ကိုက်ကူညီပေးမှုကြောင့် တစ်ယောက်ကိုတစ်ယောက် သံသယထားတာတွေက အနည်းငယ်လျော့ပါးလို့သွားခဲ့ပါတော့တယ်။ ဒါ့အပြင် ရှောင်းရှောင်းနဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက ၀ိညာဥ်အကြီးအကဲတွေအနေနဲ့ သူမတူအောင်ထူးခြားတဲ့အစွမ်းအစတွေကို ထုတ်ဖော်ခဲ့တာပါ။ ဒါကြောင့် မော့ဖေးယွင်ကလဲ ဒီကလေးသုံးယောက်ကို ဝေ့နတို့နဲ့အတူတူသွားဖို့အတွက်စီစဥ်ပေးလိုက်ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်က အရှေ့ဆုံးမှာရပ်နေခဲ့ပြီ ကောင်မလေးသုံးယောက်ကတော့ အနောက်ဖက်မှာပါ။
” နင်ရဲ့ သိုင်းပညာ၀ိညာဥ်က ဘာလဲရှောင်းရှောင်းကြည့်ရတာ အိုးကြီးကအကြီးကြီးပဲ အရမ်းမာတဲ့ပုံပေါ်မယ်…မျောက်ကတောင် ဒီအိုးကိုတစ်ချက်လေးမှ လှုပ်အောင်မလုပ်နိုင်ပါဘူး. ”
ဝေ့နက မေးလာခဲ့ပါတယ်။ သူ့အသက်ကိုကယ်ပေးတဲ့သူနဲ့လဲ ရင်းနှီးချင်နေခဲ့တယ်။
” ငါရဲ့သိုင်းပညာ၀ိညာဥ်က အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးလို့ခေါ်တယ်…သူက ခုခံတဲ့နေရာမှာအဓိကသုံးတာ ဒီတော့မာတာမဆန်းဘူးလေ ”
” သူတို့ရောဘယ်လိုလဲ ”
ဝေ့နက ၀မ်သုန့်ကို လက်ညိုးထိုးပြရင်းမေးလိုက်ပါတယ်။
” ဒါကတော့ သူ့ကိုကိုယ်တိုင်သွားမေးတာပဲကောင်းလိမ့်မယ် ”
” ဒါတော့မမေးချင်ပါဘူး သူကငယ်သေးတယ်လေ ဒါပေမယ့် ကြည့်ရတာ လူစိမ်းတွေနဲ့စကားပြောရတာမကြိုက်တဲ့ပုံပဲ ရုပ်ချောချောလေးက နှမြောစရာကောင်းလိုက်တာ ”
” သူ့ကိုစိတ်၀င်စားလို့လား ဝေ့န ”
ရှောင်းရှောင်းက ရယ်ရယ်မောမောနဲ့ပြောလာခဲ့ပါတယ်။
ဝေ့နရဲ့မျက်နှာတစ်ခုလုံးကတော့ နီရဲလို့နေခဲ့ပါပြီ။
” မဟုတ်ပါဘူး ”
သူတို့အဖွဲ့က ဒီနယ်မြေကို၀င်ရောက်ချိန်မှာအရှိန်နှုန်းက သိသိသာသာကို လျော့ကျလို့သွားခဲ့ပါတယ်။ မော့ဖေးယွင်က ၀ိညာဥ်သူတော်စင်တစ်ယောက်ဖြစ်နေခဲ့ပေမဲ့ သူကိုယ်တိုင်တောင် အများကြီးဂရုစိုက်ဖို့လိုနေခဲ့တယ်။ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်တွေက အမျိုးအစားများပြားရုံတင်မက သူတို့ရဲ့အဆင့်အတန်းကလဲ မတူညီပါဘူး။ နှစ်ပေါင်းသုံးသောင်းအောက်မှာရှိတဲ့ မျောက်တွေကိုသူကာကွယ်နိုင်ပေမဲ့ ပိုပြီးသန်မာလာမယ်ဆိုရင်တော့ သူ့အတွက်တော့ခက်ခဲမှာပါ။ အကယ်၍ သူတို့သာ ထိပ်တန်း၀ိညာဥ်သားရဲကောင်တွေနဲ့ ရင်ဆိုင်လာရမယ်ဆိုရင် နှစ်တစ်သောင်း၀ိညာဥ်ဖြစ်ရင်တောင်မှ အတော်လေးကိုဂရုစိုက်ဖို့လိုမှာအမှန်ပါပဲ။
သူတို့တွေတိုက်ပွဲကို ဆက်တိုက်တိုက်ခိုက်နေခဲ့ရသလို ကံကောင်းစွာနဲ့ပဲ အများစုကနှစ်တစ်ထောင်သားရဲကောင်တွေသာဖြစ်တဲ့အတွက် အနိုင်ရခဲ့ပါတယ်။ ဒီနေရာမှာ အသိပညာပိုမြင့်တဲ့သားရဲကောင်တွေရှိတာကြောင့် သူတို့တွေက လူသားတွေကိုပိုမိုမုန်းတီးကြပြီ အန္တရာယ်ပေးနိုင်မှုကလဲ မြင့်တင်ခဲ့တယ်။ ဒါ့အပြင် သူတို့တွေမယှဥ်နိုင်မှန်းသိမယ်ဆိုရင်တော့ အနားကိုမကပ်ကြပါဘူး။
ဒီလိုဖြစ်ရင်တောင် ဆယ်ကီလိုမီတာရောက်တဲ့အထိ တစ်နာရီနီးပါးခရိီးနင်းနေခဲ့ရပါတယ်။ မကြာခင်မှာပဲ နေ့လည်ကိုရောက်လာခဲ့ပါပြီ။
မော့ဖေးယွင်က နေရာတစ်နေရာကိုရှာဖွေပြီတဲ့နောက် အနားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။
အားလုံးကကိုယ်ပိုင်အစားအသောက်တွေကို သယ်လာခဲ့ကြသလို ကိုယ်ဝေပုံဝေစုနဲ့အတူစားသောက်နေခဲ့ပါတယ်။
ဘယ်သူကမှဒီနေရာမှာ မီးမမွှေး၀ံ့ပါဘူး။ အားလုံးကတော့ စားသောက်ပြီတဲ့နောက် စွမ်းအားတွေကိုပြန်လည်ဖြည့်တင်းဖို့အတွက် တရားထိုင်ကြပါတော့တယ်။
မော့ဖေးယွင်က သုံးဆယ်မိနစ်ကျော်ကြာအောင်နားပြီတဲ့နောက်မှသာ လူတွေကိုစုပြီပြောလာခဲ့တယ်။
” ဒီနေရာပတ်လည်မှာ နှစ်တစ်သောင်းသားရဲကောင်တွေ ဆက်တိုက်ပေါ်လာတတ်တယ်…ငါတို့နောက်ထပ်ဆက်ပြီသွားလို့မဖြစ်တော့ဘူး…ဒီနေရာမှာသင့်တော်တဲ့၀ိညာဥ်သားရဲကောင်ကို ရှာဖွေရမယ်…ငါတို့ညနေမဆောင်ခင်မှာ ဒီနေရာကနေ အမြန်ဆုံးပြန်ထွက်ပြီ အပြင်နယ်မြေမှာနားမယ်…ပြီးမှမနက်ဖြန်ဆက်ရှာကြတာပေါ့ ”
မော့ဖေးယွင်က သူတို့ကိုယုံကြည်သွားပြီဖြစ်တယ်ဆိုတာ ဟို့ယွိဟောင် အနည်းငယ်နားလည်မိပါတယ်။ ဒါကသင့်တော်တဲ့ သားရဲကောင်ကိုရှာဖွေဖို့အခွင့်အရေးကို ပိုများလာစေမှာပါ။ ဒါ့အပြင် အန္တရာယ်အဆင့်ကိုလဲ အတော်လေးလျော့ချနိုင်ပါလိမ့်မယ်။
မော့ဖေးယွင်က အားလုံးအနားယူပြီတဲ့အချိန်မှာ ဦးတည်ရာနေရာကို ပြောင်းလဲလိုက်ပါတယ်။ သူတို့အထဲကိုဆက်မ၀င်တော့ပဲ ဒီပတ်ပတ်လည်မှာသာ စတင်ပြီလှုပ်ရှားကြပါတော့တယ်။ အရင်ကထက်ပိုနှေးနှေးကွေးကွေးသွားရောက်ကြရသလို သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကိုလဲ အချိန်နဲ့အမျှထုတ်လွှတ်လို့ထားခဲ့ပြီ သင့်တော်တဲ့၀ိညာဥ်သားရဲကောင်တွေကို ရှာဖွေနေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ ဒီနေရာမှာသိပ်ပြီဖိအားမများခဲ့ပါဘူး။ မော့ဖေးယွင်က အားလုံးအတွက် ကင်းထောက်ပေးနေတဲ့အတွက် သူလဲသက်သာပါတယ်။ ဒါကြောင့် စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို တစ်နေရာထဲမှာသာ အားစိုက်ထားဖို့သာ သူဆုံးဖြတ်ချက်လိုက်ပါတယ်။ ဘယ်နဲ့ညာကို ဆက်တိုက်ဆိုသလို ပြောင်းလဲထောက်လှမ်းလို့နေခဲ့ပြီ မော့ဖေးယွင်ရဲ့တိမ်နဲ့မထိမိအောင်လို့သာ ရှောင်ရှားလို့နေခဲ့တယ်။
ဆက်တိုက်ဆိုသလို လေ့လာပြီတဲ့နောက် မော့ဖေးယွင်ရဲ့သိုင်းပညာ၀ိညာဥ်က သာမန်သိုင်းပညာ၀ိညာဥ်တွေထက်အများကြီးပိုပြီးကျယ်ပြန့်နိုင်မှန်း နားလည်သွားပါတော့တယ်။ သူ့ရဲ့၀ိညာဥ်စက်ကွင်းက တိမ်စိုင်တိမ်အမျိုးအစားကို အင်အားပြုထားခဲ့ပြီ အဖြူရောင်ကနေ အ၀ါရောင် အဲ့ဒီနောက်ခရမ်းရောင်နဲ့ အနက်ရောင်အထိကို အမျိုးမျိုးပြောင်းလဲနိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုကလဲ တိမ်စိုင်တိမ်တိုက်တွေရဲ့ အားကောင်းမှုကို အများကြီးသက်ရောက်မှုရှိနေခဲ့တယ်။ တိမ်တွေက ထိန်းချုပ်မှုထောက်လှမ်းမှု ခုခံမှုမှာအားလုံးမှာသုံးနိုင်တာပါ။ သူ့ရဲ့အပေါင်းအဖော်တွေက ဒီလောက်ယုံကြည်နေတယ်ဆိုတာ အံ့ဩစရာမရှိတော့ပါဘူး။ မော့ဖေးယွင်က အန္တရာယ်တွေရဲ့ခုနစ်ဆယ်ရာခိုင်နှုန်းကို ဖယ်ရှားနိုင်မယ်လို့ ဟို့ယွိဟောင်ထင်မိပါတယ်။
ကြောက်စရာကောင်းတဲ့အော်သံကြီးတစ်သံက အဝေးကနေထွက်ပေါ်လာခဲ့ပါပြီ။ မော့ဖေးယွင်က ချက်ချင်းရပ်လိုက်ပြီ သူ့အမူအရာကလဲ ပြောင်းလဲလို့သွားပါတော့တယ်။ အဲ့ဒီနောက် အနောက်ဖက်ကိုလှည့်ရင်း နှုတ်ခမ်းနားမှာလက်ညိုးကိုထောင်ပြီ တိတ်တိတ်နေဖို့အမူအရာပြလိုက်ပါတယ်။
စူးရှတဲ့အသံက အရမ်းကိုကျယ်လောင်လွန်လှပြီ အတော်ကိုကြောက်စရာကောင်းနေခဲ့ပါတယ်။
မော့ဖေးယွင်က ဖြည်းဖြည်းချင်း နောက်ဆုတ်နေခဲ့ကြရင်း ပြောလာခဲ့ပါတယ်။
” ကြည့်ရတာ ၀ိညာဥ်သားရဲကောင်နှစ်ကောင် တိုက်ခိုက်နေကြတဲ့ပုံပဲ အသံအရကြည့်ရမယ်ဆိုရင် နှစ်ကောင်စလုံးက နှစ်တစ်သောင်းကောင်တွေဖြစ်ကြလိမ့်မယ်..နှစ်သုံးသောင်းထက်တောင်ပိုကြီးမားနိုင်တယ်…ငါတို့တွေပတ်သွားမယ်မြန်မြန်လုပ်မယ် ”
အဲ့ဒီနောက် အပြင်နယ်မြေဖက်ကိုသူလှည့်သွားပါတော့တယ်။ ဒီအချိန်မှာကတော့ တိမ်တွေကိုပတ်ပတ်လည်ငါးဆယ်မီတာအထိကို လျှော့ချရင်းသူ့လှည့်ပတ်လိုက်တယ်။
ဟို့ယွိဟောင်ရဲ့ထောက်လှမ်းမှုကလဲ အတော်ကိုစူးရှပါတယ်။ သူ့ရဲ့အကြားအာရုံက အမြင်အာရုံလောက်မကောင်းပေမဲ့ ဒီကောင်တွေက အရှေ့သုံးကီလိုမီတာကနေလာမှန်းသိနေခဲ့တယ်။
” ယွိဟောင် ဒီကိုလာခဲ့ မင်းနဲ့သင့်တော်တဲ့၀ိညာဥ်သားရဲကောင်ပေါ်လာပြီ ”
ချက်ချင်းဆိုသလို အိပ်စက်နေတဲ့ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ဟို့ယွိဟောင်ရဲ့စိတ်ထဲကနေ ထပြောပါတော့တယ်။
ဟို့ယွိဟောင်ကတော့ တအံ့တဩဖြစ်နေခဲ့သလို ပြန်မေးလိုက်ပါတယ်။
” အဲ့ဒါကနှစ်တစ်သောင်းသားရဲကောင်တဲ့အစ်ကိုကြီး ဒီကောင်ကိုကျွန်တော်သတ်ဖြတ်ပြီ ၀ိညာဥ်စက်ကွင်းလုပ်နိုင်မယ်ထင်လား ”
” ဒါပေါ့ မင်းဘယ်လုပ်နိုင်မလဲ ဒါပေမယ့် ငါရှိနေမယ်ဆိုရင် ဘယ်လိုအံ့ဖွယ်ရာမဆိုဖြစ်နိုင်တယ်လေ ငါကမင်းကိုဆူပူနေတာရယ်အိပ်နေတာရယ်ကလွဲပြီ ကျန်တာဘာမှမတတ်ဘူးလို့မင်းထင်နေတာလား ”
” ဒီလိုမဟုတ်ရပါဘူး ”
” ငါအိပ်နေတဲ့အချိန် စိတ်၀ိညာဥ်စွမ်းအားတွေရဲ့မတူညီတဲ့လှုပ်ရှားပုံတွေကို လေ့လာနေတာ ဒါကြောင့် အစောပိုင်းမှာအသိပညာတချို့ရလိုက်တယ်..မင်းက လက်ရှိအချိန်မှာ နှစ်တစ်သောင်း၀ိညာဥ်စက်ကွင်းကို မခံယူနိုင်သေးဘူး..တကယ်တော့လုပ်ဖို့အများကြီးလိုနေသေးတယ်လေ ”
” ဒါပေမယ့် လျှပ်စီးဧကရာဇ်ရဲ့ရွှေလိုအသက်ကြောင့် မင်းခန္ဓာကိုယ်ကအများကြီးသန်မာနေခဲ့ပြီ ၀ိညာဥ်သားရဲကောင်ရဲ့၀ိညာဥ်စက်ကွင်းလောက်မများဘူး..မင်းရဲ့ခန္ဓာကိုယ်ကို မပျက်စီးစေနိုင်ဘူး…ငါရဲ့စိတ်၀ိညာဥ်စွမ်းအားကို မွေးမြူးပြီသူ့ခန္ဓာကိုယ်ကို ချိတ်ပိတ်ပေးထားလို့ရတယ်…ဒါဆိုရင် မင်းအနေနဲ့ ၀ိညာဥ်စွမ်းရည်ကို ဖြည်းဖြည်းချင်းဖိနှိမ့်ပြီ စုပ်ယူပြစ်လို့ရပြီ မင်းသာအင်အားကြီးလာမယ်ဆိုရင် သူ့ရဲ့ကျန်တဲ့စွမ်းအားတွေကိုအလွယ်လေးသုံးနိုင်တော့မှာပဲ ”
” မင်းရဲ့လက်ရှိကျင့်ကြံဆင့်နဲ့ဆိုရင် များပြားတဲ့၀ိညာဥ်အရိုးတွေကို သန့်စင်ဖို့ရွှေလိုအသက်ရဲ့အကူအညီသာပေါင်းလိုက်လို့ကတော့ ၀ိညာဥ်စက်ကွင်းလေးကွင်းရပြီဆိုတာနဲ့ ဒီနှစ်တစ်သောင်း၀ိညာဥ်စွမ်းရည်ကို စုပ်ယူနိုင်လိမ့်မယ်…ဒါပေါ့ ချိတ်ပိတ်စည်းမှာလဲ အကန့်အသတ်ရှိတယ်လေ…နှစ်တစ်သောင်း၀န်းကျင်လောက်မှာပဲရှိတဲ့ ၀ိညာဥ်စက်ကွင်းကိုပဲ ငါချိတ်ပိတ်ထားနိုင်မယ်…မင်းရဲ့ကိုယ်ပိုင်စုပ်ယူမှုကလဲ နှစ်ပေါင်းငါးထောင်နဲ့ ခြောက်ထောင်ကြားမှာရှိနေမှာပဲ ဒီတော့သေချာပေါက် မင်းရဲ့ပစ်မှတ်က နှစ်ပေါင်းတစ်သောင်းခွဲထက်မကျော်တဲ့ သားရဲကောင်မှပဲ အဆင်ပြေလိမ့်မယ်…အစောပိုင်းမှာတိုက်နေတဲ့ ၀ိညာဥ်သားရဲကောင်နှစ်ကောင်ထဲမှာ တစ်ကောင်ကမင်းအတွက်သင့်တော်တယ်…မြန်မြန်လုပ် အခွင့်အရေးဆိုတာ နောက်တစ်ကြိမ်ပေါ်လာမှာမဟုတ်ဘူး ”
” အစ်ကိုကြီးကျွန်တော်တကယ်ပဲ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ကို တိုက်ခိုက်ပြီအနိုင်ယူနိုင်မယ်လို့ ထင်နေလို့လား သူတို့နှစ်ကောင်မပြောနဲ့ အကြီးအကဲရွှမ်ရှိနေမယ်ဆိုရင် သံသယ၀င်စရာဖြစ်လာမှာပေါ့ ကျွန်တော်က နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ရဲ့ ၀ိညာဥ်စက်ကွင်းကိုစုပ်ယူနိုင်ပေမဲ့ ဒီလိုလုပ်တဲ့ကိစ္စကြောင့်မှာ မထိမခိုက်မသေမပျောက်ပဲရှိနေမယ်ဆိုတာက ပိုပြီးတော့တောင်သံသယ၀င်စရာကောင်းသေးတယ်လေ ဟုတ်တယ်ဟုတ် ”
” ဟုတ်သား ဒါကတော့ပြဿနာပဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က အနည်းငယ်စိတ်ကူးယဥ်ဆန်သွားပုံပေါ်ပါတယ်။
” မင်းဘာတွေလုပ်နေတာလဲ ယွိဟောင် မြန်မြန်လာသွားကြမယ် ”
မော့ဖေးယွင်က ရုတ်တရက်ဆိုသလို ဟို့ယွိဟောင်ရပ်တန့်သွားတာကို နားလည်မိပါတော့တယ်။ ဒါကြောင့် သူလုံဆော်လိုက်တယ်။ သူ့ရဲ့အသံက ပုံမှန်ထက်ကိုမာကြောနေခဲ့ပြီ သစ်တောထဲမှာရှိနေတဲ့အန္တရာယ်သားရဲကောင်တွေကို သူပိုပြီးနားလည်သွားတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ တခဏတာစိတ်လွှတ်သွားတဲ့အခိုက်အတန့်က သေစေနိုင်လောက်တယ်။
” ဦးလေးမော့တို့အရင်သွားလိုက်ပါ ကျွန်တော်အတွက်သင့်တော်တဲ့ ၀ိညာဥ်သားရဲကောင်ဒီနေရာမှာရှိနေတာကို ခံစားမိတဲ့အတွက် ကျွန်တော်သွားကြည့်ပါ့မယ်…ရှောင်းရှောင်းနဲ့ ၀မ်သုန့်နှစ်ယောက်က ဦးလေးမော့နဲ့လိုက်သွားလိုက် ငါပြန်လာခဲ့မယ် ”
ဘယ်သူမှပြန်မပြောနိုင်ခင်အချိန်မှာပဲ ဟို့ယွိဟောင်က သရဲအရိပ်ခြေရာကိုအသုံးပြုရင်း ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
မော့ဖေးယွင်က တခဏတာမျက်လုံးပြူးသွားခဲ့ပါတယ်။ ဘာဖြစ်သွားတာလဲ ဟို့ယွိဟောင်ရဲ့ကြောက်စရာအရှိန်နှုန်းက သူ့ကိုအံ့အားသင့်သွားစေခဲ့တာပါ။ ၀မ်သုန်နဲ့ ရှောင်းရှောင်းနှစ်ယောက်ကသာ အစောပိုင်းတိုက်ပွဲမှာ တိုက်ခိုက်ခဲ့တဲ့အတွက် ဟို့ယွိဟောင်ရဲ့အစွမ်းအစကို သူမသိခဲ့ပါဘူး။ ဟို့ယွိဟောင်ရဲ့ သိုင်းပညာ၀ိညာဥ်ကိုလဲ သူမသိသလိုသူသတိထားမိလိုက်တဲ့အချိန်မှာ ဟို့ယွိဟောင်က လေထဲရောက်ပြီ ပျောက်သွားခဲ့ပါပြီ။
၀မ်သုန့်နဲ့ ရှောင်းရှောင်းနှစ်ယောက်လဲ လန့်နေခဲ့သလို ဟို့ယွိဟောင်က သူတို့ကိုတကယ်ပြစ်သွားခဲ့ပါတယ်။ ဒါကဖြစ်မယ်လို့မထင်ထားတဲ့ကိစ္စပါပဲ။
ဟို့ယွိဟောင်ပျောက်သွားခဲ့သလို သူပျောက်သွားခဲ့တဲ့ပုံသဏ္ဍာန်က တကယ်တော့ပုံသဏ္ဍာန်တုပမှုကြောင့် ဖြစ်လာခဲ့တာပါ။ သူက သစ်ပင်ကြီးတစ်ပင်ပုံသဏ္ဍာန်ကို ပြောင်းလဲခဲ့တာကြောင့် အရှေ့ကိုခုန်ထွက်သွားပြီ လူတိုင်ရဲ့မြင်ကွင်းကနေပျောက်ကွယ်လို့သွားပါတယ်။ ဒီလောက်များပြားတဲ့သစ်ပင်ပန်းပင်တွေကြားမှာ သူ့ကိုဘယ်သူကများရှာတွေ့မှာလဲ။
အပိုင်း ၁၄၄•၂ ပြီး၏။