အပိုင်း ၁၄၄•၁
” ဟို့ယွိဟောင်အတွက် အသင့်တော်ဆုံး ၀ိညာဥ်သားရဲကောင် ”
°°°
၀မ်သုန့်က အပြင်ပန်ရုပ်ရည်သွင်ပြင်မှာ အတော်လေးကို ချောမောလွန်ပါတယ်။ ဒါ့အပြင် တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့အတောင်ပံတွေကို သူဖြန့်လိုက်ချိန်မှာကတော့ အမြဲတမ်းအေးစက်ပြီ မောက်မာနေတဲ့မုရွှယ်တောင် တခဏတာအကြည့်မလွဲနိုင်ပဲ ဖြစ်သွားခဲ့ရပါတယ်။ ဝေ့နရဲ့ လှပလွန်တဲ့မျက်လုံးတွေကတော့ ပိုမိုတောက်ပလာခဲ့ပါပြီ။
၀ိညာဥ်ပညာရှင်တွေရဲ့ သိုင်းပညာ၀ိညာဥ်တွေက များပြားတဲ့အမျိုးအစားတွေနဲ့ မတူညီတဲ့ဓာတ်သဘောသဘာ၀တွေကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ဒါပေမယ့် ၀ိညာဥ်သားရဲကောင်တွေအတွက်တော့ လှပတယ်လို့ဆိုနိုင်တဲ့အရာက အတော်ကိုရှားပါးပြီနည်းပါးလို့နေခဲ့တယ်။ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကတော့ အပြာရောင်နဲ့ရွှေရောင်ကို ပြီးပြည့်စုံအောင်ပေါင်းစည်းလို့ထားပြီ ခမ်းနားမှုနဲ့ ကျက်သရေရှိမှုကိုအပြည့်ဖော်ကျူးနိုင်ခဲ့တာပါ။ မော့ဖေးယွင်နဲ့ အဖွဲ့တောင်မှ သူ့သိုင်းပညာ၀ိညာဥ်ကို ချက်ချင်းမမှတ်မိကြပါဘူး။
တစ်ဖက်ကမျောက်တွေရဲ့ တိုက်ခိုက်မှုကတော့ ၀မ်သုန့်ရဲ့တောက်ပမှုကြောင့် ရပ်တန့်လို့မသွားပဲရှိခဲ့ပါတယ်။ ပထမမီးဘောလုံးအပြီး ဒုတိယမီးဘောလုံးက ဆက်တိုက်ကပ်လိုက်လာခဲ့တယ်။ ကြက်သွေးရောင်မီးလျှံမျောက်တွေရဲ့ဘုရင်က လက်ရှိအချိန်မှာ မော့ဖေးယွင်ကိုယှဥ်ပြိုင်လို့မရနိုင်ပဲ နားလည်သွားခဲ့မိတဲ့အတွက် သစ်တောထဲကို ခပ်မြန်မြန်၀င်ရောက်ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ မီးဘောလုံးမျိုးစုံကလဲ မျောက်ဘုရင်ရဲ့ပြေးထွက်မှုအောက်မှာဆက်တိုက်ဆိုသလိုဖြစ်ပေါ်လာပါတော့တယ်။
မော့ဖေးယွင်တို့အုပ်စုရဲ့စွမ်းအားက ချက်ချင်းထွက်ပေါ်လို့လာခဲ့ပါပြီ။ ဘယ်သူကမှကြောက်လန့်မနေခဲ့သလို အားလုံးကလဲ သိုင်းပညာ၀ိညာဥ်ပေါင်းစုံကိုထုတ်ရင်း သူတို့ကိုယ်သူတို့ ခုခံဖို့လုပ်ပါတော့တယ်။
ဟို့ယွိဟောင်ရဲ့အာရုံကိုဖမ်းစားနိုင်တဲ့သူကတော့ အဓိကလေးယောက်ပါ။ အမြန်နှုန်းအမျိုးအစားကို အသုံးပြုတဲ့၀ိညာဥ်ဘုရင်ပေ့ချန်ကတော့ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ၀ါးလုံးကြီးတစ်လုံးဖြစ်နေခဲ့ပါတယ်။ ဒီ၀ါးလုံးက သုံးဆယ်မီတာမြင့်မားပြီ ကိုယ်ထည်တစ်ခုလုံးက ခရမ်းရောင်ဖျော့ဖျော့တွေ ဖြာထွက်လို့နေခဲ့တယ်။ အလျားကပြောင်းလဲလို့လာရနိုင်သလို လေထဲမှာတစ်၀ှီး၀ှီးမြည်ရင်းနဲ့ မီးဘောလုံးတွေကိုတစ်ခုပြီတစ်ခုရိုက်ထုတ်ပြစ်နေခဲ့ပါတယ်။ ရိုက်ထုတ်ခံရတဲ့မီးဘောလုံးတွေအားလုံးကလဲ အလိုအလောက်ပျက်စီးကုန်ကြပြီ နောက်ထပိတစ်နေရာကို လွှင့်သွားတာမျိုးဖြစ်ကုန်ကြတယ်။
အဲ့ဒီနောက် ဗျူဟာရဲ့အနောက်ဖက်အလယ်တည့်တည့်မှာရှိနေခဲ့တဲ့ ကျိုးရှန်သုန့်အစွမ်းကိုမြင်နေခဲ့ရပါပြီ။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကလဲ ပြိုင်ဘက်ကင်းလွန်နေခဲ့ပါတယ်။ ဒါကတော့ ရေပုံကြီးတစ်ပုံနဲ့တူညီလောက်အောင် ကြီးမားလွန်လှတဲ့ တိုင်လုံးကြီးပါပဲ။ ဒီတိုင်လုံးကြီးက ဆယ့်နှစ်ပေကျော်ရှည်လျားပါတယ်။ တိုင်လုံးကြီးရဲ့မျက်နှာပြင်ကချောမွေ့လို့နေခဲ့ပြီ ရွှေရောင်ဖျော့ဖျော့အလင်းတန်းတွေ ဖြာထွက်လို့နေခဲ့သလို သံသတ္ထုတစ်ခုလိုမျိုး မာကြောတဲ့ပုံသဏ္ဍာန်လဲ ရှိပါတယ်။ သူက ဘာမှသိပ်လုပ်တဲ့ပုံမပေါ်ပါဘူး။ ဒါပေမယ့် အဲ့ဒီတိုင်လုံးကြီးကတော့ လိုအပ်တဲ့အချိန်တိုင်းမှာပေါ်လာပြီ မီးဘောလုံးတွေကို တစ်ခုပြီတစ်ခုရိုက်ခွဲပြစ်နေပါတော့တယ်။
ဟို့ယွိဟောင်ကို တအံ့တဩအဖြစ်ဆုံးအရာကတော့ မုရွှယ်ပါ။ သူမရဲ့ကျင့်ကြံဆင့်က ၀ိညာဥ်ဘုရင်တွေနဲ့ယှဥ်လို့မရပေမဲ့ သူမရဲ့သိုင်းပညာ၀ိညာဥ်နဲ့ ဟို့ယွိဟောင်ကအတော်ကို နီးကပ်တဲ့ပုံပါပဲ။ ဒါ့အပြင် ၀ိညာဥ်စွမ်းရည်တွေကလဲ အတော်ကို အင်အားကြီးလွန်လှပါတယ်။
မုရွှယ်ရဲ့ တောက်ပတဲ့အနက်ရောင်ဆံပင်တွေက သိုင်းပညာ၀ိညာဥ်ကို ထုတ်သုံးချိန်မှာ အဖြူရောင်ကိုပြောင်းသွားခဲ့ပြီ မျက်လုံးတွေရဲ့အေးစက်မှုကလဲ ပိုမိုအားကောင်းလို့လာခဲ့ပါပြီ။ လက်နှစ်ဖက်ကိုလေထဲမှာမြောက်ထားခဲ့ရင်း အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းက ကောင်းကင်ပေါ်ကိုမြင့်တက်လာခဲ့ပါတယ်။ ပထမ၀ိညာဥ်စက်ကွင်းတောက်ပလာချိန်မှာတော့ နှင်းခဲတွေကကျဆင်းလို့လာခဲ့ပြီ ပတ်၀န်းကျင်အပူချိန်ကို အများကြီးထိခိုက်လို့သွားစေခဲ့ပါတယ်။
ဟုတ်ပါတယ်။ သူမရဲ့သိုင်းပညာ၀ိညာဥ်က နှင်းခဲတွေပါ မီးဘောလုံးတွေက သူမဆီရောက်လာချိန်မှာတော့ ချက်ချင်းဆိုသလို အားနည်းလို့လာပါတော့တယ်။ အေးစက်လွန်လှတဲ့လေထုကလဲ လက်ရှိအချိန်မှာမီးတွေကိုအများကြီးဖိအားပေးနေခဲ့ပါတယ်။ ဒါ့အပြင် ဒီနှင်းခဲတွေက မျောက်တွေကိုတောင် တိုက်ခိုက်နိုင်တဲ့ပုံပါပဲ။ ဒီနှင်းတွေနဲ့ ထိမိတဲ့ဘယ်မျောက်မဆို အရှိန်နှုန်းက နှေးကွေးလို့သွားခဲ့ရတယ်။
မုရွှယ်ရဲ့သိုင်းပညာ၀ိညာဥ်က နှင်းတစ်ခုထဲမဟုတ်ခဲ့ပါဘူး။ နှင်းဆိုတာက ထိန်းချုပ်ဖို့အဓိက အသုံးပြုတဲ့ကြားခံလေးတစ်ခုပါ။ သူမက ပထမ၀ိညာဥ်စွမ်းရည်ကိုသာထုတ်သုံးရပေမဲ့ ပတ်ပတ်လည်မှာရှိသမျှလူတိုင်အတွက် ဖိအားကိုလျှော့ချပေးနိုင်ခဲ့ပါတယ်။
မော့ဖေးယွင်ကလဲ ပြေး၀င်နေတဲ့မျောက်တွေကို တိုက်ခိုက်ဖို့မတွေဝေခဲ့ပါဘူး။ အားလုံးရဲ့ရှေ့မှာ သတိကြီးထားထားရင်း ကာကွယ်လို့ထားပြီ တိုက်ပွဲအခြေအနေကို အကဲခတ်နေခဲ့ပါတယ်။ ၀ိညာဥ်သားရဲကောင်တွေရဲ့အလိုအလောက်ပင်ကိုယ်သိစိတ်က အရမ်းကိုစူးရှထက်မြက်လွန်သလို မော့ဖေးယွင်ရှိနေတာကြောင့်သာ မျောက်တွေက အသေအကြေမတိုက်ခိုက်ကြတာပါ။ ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကလဲ ဒါကြောင့်သာ ဖိအားလျော့ပါးခဲ့ပါတယ်။ ၀မ်သုန့်က မီးဘောလုံးတွေကို ခုတ်ပိုင်နေခဲ့ပြီ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းနှစ်ယောက်ကတော့ သိုင်းပညာ၀ိညာဥ်ကို ထုတ်မပြပဲရှိနေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့အ၀ါရောင်၀ိညာဥ်စက်ကွင်းတစ်ကွင်းနဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းကတော့ မော့ဖေးယွင်ကိုအနည်းငယ်အံ့အားသင့်သွားစေခဲ့တယ်။ ၀မ်သုန့်ရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းကတောင် နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းဖြစ်နေခဲ့လို့ပါ။ ဒါ့က ထိပ်တန်းကျောင်းတော်တွေတောင် အလွယ်တကူမွေးမြူးန်ိုင်တဲ့ အရည်အချင်းမဟုတ်ပါဘူး။
မျောက်တွေရဲ့တိုက်ခိုက်မှုကို ဆက်တိုက်ခုခံသတ်ဖြတ်ပြီတဲ့နောက် ဒီအုပ်စုရဲ့စွမ်းအားကို သူတို့အတော်လေးသိလာခဲ့ကြပါတော့တယ်။ မော့ဖေးယွင်ရဲ့တိမ်တိုက်တွေက ကောင်းကင်မှာဆက်တိုက်ပုံစံပြောင်းသွားခဲ့ပြီ မျောက်တွေကိုမချိုးဖောက်နိုင်လောင်အောင် တားဆီးလို့ထားခဲ့တယ်။ မျောက်တွေကတော့ လေထဲမှာဆက်တိုက် တိုက်ခိုက်ခံနေခဲ့ရပြီ မော့ဖေးယွင်ရဲ့လက်ထဲမှာ အများကြီးသေသွားခဲ့ရပါတယ်။
ဟို့ယွိဟောင်ကတော့ အေးအေးဆေးဆေးရှိနေခဲ့ဆဲပါ။ ၀ိညာဥ်ပညာရှင်တွေကို သူနားလည်သလောက်အရဆိုရင် ဒီ၀ိညာဥ်သူတော်စင်က အဆုံးစွန်အထိ မတိုက်ခိုက်သေးပါဘူး။ သူဘာသာသူ အင်အားကိုချွင်းချန်ထားပါသေးတယ်။
ဝေ့နကတော့ မုရွှယ်ရဲ့ဘေးမှာ အေးအေးဆေးဆေးရှိနေခဲ့ပါတယ်။ သူလဲ သိုင်းပညာ၀ိညာဥ်ကို ထုတ်မသုံးပဲ ၀မ်သုန့်ရဲ့အတောင်ပံတွေကိုသာကြည့်နေခဲ့တယ်။
ဒီတစ်ကြိမ်မှာပဲ နားစည်ကွဲမတတ်အော်သံကြီးကို ကြားလိုက်ရပြီ ကြီးမားတဲ့အနီရောင်အရိပ်ကြီးက ရုတ်တရက်၀င်တိုက်ပါတော့တယ်။ တစ်ချိန်ထဲမှာပဲ များပြားတဲ့မီးဘောလုံးတွေက နေရာပေါင်းစုံကနေထွက်ပေါ်လို့လာခဲ့ပြီ အားလုံးကိုဖိနှိမ့်လိုက်ပါပြီ။
သစ်တောထဲမှာပုန်းနေခဲ့တဲ့ မျောက်ဘုရင်က နောက်ထပ်တောင့်မခံ့ထားနိုင်တော့ပါဘူး။ တစ်မိီတာကျော်ကြီးမားတဲ့ မီးဘောလုံးကြီးသုံးလုံးက ချက်ချင်းဆိုသလို အမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ဘုရင်ကို ၀င်တိုက်ခဲ့ပြီ ဗျူဟာကိုအနည်းငယ်ပျက်ယွင်းလို့သွားစေခဲ့ပါတယ်။ မျောက်တွေက အရမ်းကိုမြန်ဆန်းလွန်လှတဲ့အတွက် ၀ိညာဥ်ဘုရင်တွေကို ဖြတ်ကျော်ပြီ ချက်ချင်းဆိုသလို ဝေ့နကို တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ မော့ဖေးယွင်က မျောက်တွေကိုတိုက်ခိုက်နေဆဲပါ။ သူ့ညာဘက်လက်ကိုမြောက်လိုက်ချိန်မှာတော့ တိမ်အလုံးတစ်လုံးကဖြစ်ပေါ်လို့လာခဲ့ပြီ ချက်ချင်းဆိုသလို မျောက်ဘုရင်ကို ထိုးနှက်ပါတော့တယ်။ ရွှေနီရောင်အရိပ်က အရှေ့ကိုထိုးတက်လို့လာခဲ့ရင်း တိမ်လုံးကြီးနဲ့၀င်တိုက်မိပါတယ်။ တိမ်မြူခိုတွေကတော့ ပျောက်ကွယ်သွားခဲ့ပြီ အဲ့ဒီအနီရောင်အရိပ်က မော့ဖေးယွင်ရဲ့အရှေ့ကိုရောက်လာတော့တယ်။
မော့ဖေးယွင်လိုမျိုးအင်အားကြီးတဲ့ ၀ိညာဥ်သူတော်စင်တစ်ယောက်တောင်မှ ဒီတစ်ကြိမ်မှာ အနည်းငယ်ထိတ်လန့်လို့သွားခဲ့ရပါတယ်။ ဒီမျောက်တွေထဲမှာ ကြောက်စရာကောင်းတဲ့သူတွေရှိနေခဲ့မယ်လို့ မထင်ထားခဲ့မိပါဘူး။ သူ့ရဲ့တိမ်တွေက ခပ်မြန်မြန်ပဲ စုစည်းလို့သွားခဲ့ပြီ ဒိုင်းကာတစ်ခုအသွင်ကိုပြောင်းလဲလို့သွားပါတယ်။
တိမ်တွေက နောက်တစ်ကြိမ်ပျက်စီးလို့သွားခဲ့ပြီ မော့ဖေးယွင်လဲ ကောင်းကင်ပေါ်ကို လွှင့်ထွက်လို့သွားတော့တယ်။ မျောက်ဘုရင်ရဲ့လက်သည်းတွေက ဝေ့နရဲ့ရှေ့မှာချက်ချင်းပေါ်လာခဲ့ပါပြီ။ ဖြစ်သွားတာတွေကအရမ်းကို မြန်ဆန်လွန်လှတာကြောင့် ဒီလိုမျိုးအုပ်စုထဲမှာ ကြောက်စရာကောင်းသူက ပုန်းကွယ်နေမယ်လို့မထင်ထားခဲ့မိပါဘူး။ ဒီလိုအံ့အားသင့်စရာကောင်းတဲ့ တိုက်ပွဲဗျူဟာကို မျောက်တွေသုံးလာနိုင်မယ်လို့ ဘယ်သူမှမထင်ထားခဲ့မိတာအမှန်ပါ။ အဲ့ဒီအင်အားကြီးတဲ့ မျောက်ဘုရင်က ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကိုတောင် ဖြတ်ကျော်လို့လာနိုင်ခဲ့ပါတယ်။
မုရွှယ်က ဝေ့နနဲ့အနီးဆုံးပါပဲ။ ဒါပေမယ့် မုရွှယ်က တခြားတစ်ဖက်မှာရှိနေခဲ့သလို သူမမှာ ၀ိညာဥ်စက်ကွင်းသုံးကွင်းသာရှိနေတာကြောင့် နှစ်ငါးထောင်၀ိညာဥ်မျောက်ဘုရင်နဲ့တော့ ယှဥ်လို့မရပါဘူး။ အထူးသဖြင့် ကိစ္စတွေအားလုံးက မျက်တောင်တစ်ခတ်အတွင်းမှာဖြစ်နေခဲ့လို့ပါ။
၀ိညာဥ်ဘုရင်တွေနဲ့ ၀ိညာဥ်ဧကရာဇ်တွေအားလုံးက မော့ဖေးယွင်ရဲ့ အရည်အချင်းတွေကိုအများကြီးယုံကြည်လို့ထားခဲ့ပါတယ်။ ဒါကြောင့် စစ်ကူပေးဖို့ပြင်ဆင်ချိန်မှာ နောက်ကျလို့သွားခဲ့ပါပြီ။ ဝေ့နက တိုက်ခိုက်ခံရတော့မဲ့ပုံသဏ္ဍာန်ရှိပေမဲ့ သူ့ကိုယ်သူခုခံကာကွယ်ဖို့စိတ်ကူးရှိပုံမပေါ်ပါဘူး။
ရွှေရောင်အလင်းခပ်ဖျော့ဖျော့တွေက ဝေ့နရဲ့ရှေ့မှာ တောက်ပလို့လာခဲ့ပါပြီ။ ကြီးမားတဲ့အိုးကြီးတစ်လုံးက သူမနဲ့ မျောက်ဘုရင်ကြားမှာကာဆီးလို့ထားပါတော့တယ်။ ဒီကြီးမားတဲ့အိုးကြီးက တခဏတာအတွင်းမှာ ပိုမိုတောက်ပကျယ်ပြန့်လို့လာခဲ့ပြီသိပ့်သည်းတဲ့ရွှေရောင်အလင်းတန်းတွေက မျောက်ဘုရင်ကိုတားဆီးကာ ဝေ့နကိုတွန်းထုတ်လိုက်ပါတယ်။
ဒီလိုရိုးရှင်းတဲ့နှောင့်ယှက်မှုကို ဘယ်သူမှအထင်သေးလို့မရပါဘူး။ စက္ကန့်ပိုင်းဆိုတဲ့အရာက ဘာမဆိုဖြစ်သွားနိုင်တာ လုံလောက်ပါတယ်။ ဒါ့အပြင် ဒီသေခြင်းနဲ့ရှင်ခြင်းကြားက အခြေအနေကို ဒီအခိုက်အတန့်လေးက ပြောင်းလဲပြစ်နိုင်ခဲ့တယ်။
သုံးချောင်းထောက်အိုးကြီးကို မျောက်ဘုရင်က သူ့ရဲ့လက်သည်းတွေအသုံးပြုရင်း ကုတ်ခြစ်လို့နေခဲ့ပါတယ်။ သတ္ထုခြင်းထိခတ်တဲ့အသံက တရှီးရှီးနဲ့ထွက်ပေါ်နေခဲ့ပါပြီ။ ဒါပေမယ့် မျောက်ဘုရင်လဲဘာမှမလုပ်နိုင်ခဲ့ပါဘူး။ သူ့ရဲ့တိုက်ခိုက်မှုက ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့၀ိညာဥ်စက်ကွင်းကနေ ဖြစ်ပေါ်လာတဲ့၀ိညာဥ်စွမ်းရည်နဲ့တော့ ယှဥ်လို့မရနိုင်ပဲဖြစ်နေခဲ့ပါတယ်။
မုရွှယ်ကတော့ ဝေ့နထက်ဆိုင်ရင်အများကြီးတည်ငြိမ်တဲ့သူပါ။ ဝေ့နက ခန္ဓာကိုယ်ချက်ချင်းဆွဲယူလို့လိုက်ပြီတဲ့နောက် သူမရဲ့တတိယ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။ အဖြူရောင်အလင်းတန်းတွေက မျောက်ဘုရင်ရဲ့ခြေထောက်အောက်မှာ ဖြစ်ပေါ်လာပါတော့တယ်။ နှင်းတွေကမျောက်ကို အလယ်ဗဟိုမှာထားရင်း မုန်တိုင်းတစ်ခုလိုမျိုးမွှေနှောက်ပြစ်တော့တယ်။ နှင်းတွေကြားမှာ မျောက်ဘုရင်ကတော့ ယာယီပိတ်မိလို့နေခဲ့ပါပြီ။
ကြောက်စရာကောင်းလိုက်တဲ့ ထိန်းချုပ်မှုစွမ်းရည်ပါလား။ ဟို့ယွိဟောင်စိတ်ထဲမှာတွေးလိုက်မိပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုတောင်မှ မုရွှယ်ရဲ့၀ိညာဥ်စွမ်းရည်ကြောင့် တခဏတာရပ်တန့်သွားတာကို ခံစားမိပါတယ်။ အကယ်၍ သူမသာမြေပြင်တစ်ခုမှာ ပစ်မှတ်ထားမယ်ဆိုရင် ဒါကိုဖောက်ထွက်နိုင်ဖို့ အခြေအနေမရှိပါဘူး။ ဒီလိုစွမ်းရည်မျိုးက အတင်းအကြပ်ထိန်းချုပ်တဲ့စွမ်းရည်လို့ ကျော်ကြားတာပါ။ ဒါ့အပြင် သူ့ကိုရင်ဆိုင်တိုက်ခိုက်တာကသာ ရင်ဆိုင်နိုင်မဲ့တစ်ခုတည်သောအရာပါပဲ။
မီးတွေက မျောက်ဘုရင်ရဲ့ခန္ဓာကိုယ်အပြင်ဘက်ဆီကို လျှံထွက်လို့လာခဲ့ပါတယ်။
မီးတွေကမျောက်ဘုရင်ရဲ့ခန္ဓာကိုယ်ကနေ ဗဟိုပြုရင်း ထွက်ပေါ်လို့လာပါတယ်။ သူ့ရဲ့ကျင့်ကြံဆင့်က မုရွှယ်ထက် အများကြီးမြင့်မားတဲ့အတွက် သူမရဲ့နှင်းနဂါးမုန်တိုင်းက အကြာကြီးမတောင့်ခံနိုင်ပါဘူး။ ဒါပေမယ့် ဒီအချိန်အနည်းငယ်ကတင် မျောက်ဘုရင်ရဲ့ကံတရားကို ဆုံးဖြတ်ပေးဖို့လုပ်နေခဲ့ပါပြီ။
အမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ဘုရင်က ချက်ချင်းဆိုသလိုအရှေ့ကို ပြန်ခုန်ထွက်လာပါတော့တယ်။ သေးငယ်တဲ့ဓားလေးတွေက ချက်ချင်းဖြစ်ပေါ်လို့လာခဲ့ပြီ ငါးခုမြောက်၀ိညာဥ်စက်ကွင်းရဲ့ရောင်စဥ်နဲ့အတူ မျောက်ဘုရင်ရဲ့ခန္ဓာကိုယ်အပေါ်မှာ များပြားတဲ့ဒဏ်ရာတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
အနီးအနားကောင်းကင်ကလဲ ခရမ်းရောင်အရိပ်တစ်ခုက ဆင်းသက်လို့လာခဲ့ပြီ ခရမ်းရောင်၀ါးလုံးကြီးက ပုံရိပ်ယောင်တွေနဲ့အတူ စတင်တိုက်ခိုက်ပါတော့တယ်။
မျောက်ဘုရင်က မြေပြင်ပေါ်မှာလဲကျလို့သွားခဲ့ပြီ သူ့ရဲ့အရိုးတွေအက်ကွဲတဲ့အသံက လူတိုင်ကြားနေခဲ့ရတယ်။
ခရမ်းရောင်အရိပ်ထွက်လာချိန်မှာတော့ ပေ့ချန်အဖြစ်ကိုပြောင်းလဲလို့သွားခဲ့ပါပြီ။ သူ့ရဲ့၀ါးလုံးတိုင်ကြီးက လက်ရှိအချိန်မှာ ပေခြောက်ဆယ်အထိကို မြင့်မားနေပြီဖြစ်ပါတယ်။ ၀ိညာဥ်ဘုရင်နှစ်ယောက််အတူတူလှုပ်ရှားလိုက်ချိန်မှာတော့ ဒီမျောက်ဘုရင်ကိုဖယ်ရှားပါတော့တယ်။
မော့ဖေးယွင်တို့အုပ်စုက ဒီတစ်ကြိမ်မှာဒေါသထွက်နေခဲ့ပါပြီ။ သူတို့တွေက ကြောက်စရာကောင်းတဲ့၀ိညာဥ်စွမ်းရည်ပေါင်းစုံကိုသုံးနေခဲ့ပေမဲ့ ဒီမျောက်တွေက သူတို့ကိုအနှောင့်အယှက်ပေးနေဆဲပါ။ မကြာခင်မှာပဲ မျောက်အများကြီးသတ်ဖြတ်ခံလိုက်ရပါတော့တယ်။
ဟို့ယွိဟောင်ရဲ့အာရုံကတော့ မျောက်ဘုရင်အသတ်ခံလိုက်ရတဲ့ဘက်ကိုအာရုံရောက်သွားခဲ့ပါတယ်။ ဒီသတ္တ၀ါက ကြက်သွေးရောင်မီးလျှံမျောက်ပုံသဏ္ဍာန်ပေါ်နေခဲ့ပေမဲ့ တကယ်တော့တောက်ပလောင်ကျွမ်းမျောက်လို့ခေါ်သင့်တာပါ။
သူ့ရဲ့ရွှေရောင်အမွေးတွေက မီးလျှံနဲ့အတူတောက်ပနေခဲ့ပြီ ဘာ၀ိညာဥ်စွမ်းအားမှထုတ်မသုံးတာတောင် ပူပြင်းလောင်မြိုက်လို့နေခဲ့ပါတယ်။ သူက သုံးပေကျော်လောက်သာရှိပေမဲ့ သူ့ရဲ့အရှိန်အ၀ါက တခြားမျောက်တွေထက်ကို အများကြီးသာလွန်လို့နေခဲ့တယ်။
ကြက်သွေးရောင်မီးလျှံမျောက်တွေက နှစ်တစ်ထောင်ကျင့်ကြံဆင့်တွေကျော်လွန်ချိန်မှာအမွေးတွေကျွတ်ပြီ နှစ်တစ်သောင်းကျင့်ကြံဆင့်ကို ရောက်ရှိချိန်မှာတော့ အမွေးတွေအကုန်ပြောင်းလဲကာ ပြန်လည်မွေးဖွားပါတယ်။ ဒီအမွေးတွေက ရွှေအိုရောင်ပြောင်းလဲသွားချိန်မှာတော့ သူတို့ကိုတောက်ပမီးလျှံမျောက်တွေလို့ ပြောင်းလဲခေါ်ဝေါ်ကြတယ်။ မော့ဖေးယွင်ကို အဓိကတိုက်ခိုက်တဲ့သူတွေကတော့ အနောက်မှာပုန်းနေတဲ့အဓိကဒီခေါင်းဆောင်အစစ်ပါပဲ။
ဒီသတ္တ၀ါရှိနေတာကြောင့်သာ ကြောက်စရာကောင်းတဲ့လူသားကို သူတို့တွေ တောင့်ခံနေနိုင်တာလဲဖြစ်ပါတယ်။ နှမြောစရာကောင်းတာကတော့ ၀ိညာဥ်သားရဲကောင်တွေက ၀ိညာဥ်သားရဲကောင်တွေပါပဲ။ သူတို့မှာတိုက်ပွဲဗျူဟာကောင်းကောင်းရှိရင်းတောင် လူသားတွေရဲ့အသိဉာဏ်ကိုမယှဥ်နိုင်သေးပါဘူး။ ရန်သူကိုအထင်သေးတဲ့ဘယ်သူမဆို ကြုံတွေ့ရမဲ့တစ်ခုတည်သောအရာကတော့ သေခြင်းတရားပါ။
အပိုင်း ၁၄၄•၁ ပြီး၏။