အပိုင်း ၁၄၃•၃
” ကြယ်တာရာသစ်တောရဲ့ ကန့်သတ်နယ်မြေထဲကို ၀င်ရောက်ခြင်း ”
°°°
” ဆရာမော့ရဲ့သိုင်းပညာ၀ိညာဥ်က တိမ်တွေလေ ဒါကြောင့် သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး ကင်းထောက်နိုင်သလိုလူတိုင်ကိုလဲ ကာကွယ်နိုင်တယ် ”
ဝေ့နရဲ့ ဆွဲဆောင်မှုရှိတဲ့အသံက ထွက်ပေါ်လာပါတယ်။
၀မ်သုန့်က သူမကိုလှည့်ကြည့်ချိန်မှာတော့ သူမကပြုံးပြနေခဲ့တယ်။ ဒီနူးညံ့တဲ့အပြုံးက ဆွဲဆောင်မှုရှိပေမဲ့ ကြည့်ရတာပစ်မှတ်ကိုထိသွားပုံမရပါဘူး။ ၀မ်သုန့်က ခေါင်းသာတစ်ချက်ညိတ်ပြလိုက်ပြီတဲ့နောက် မျက်နှာပြန်လွဲသွားပါတော့တယ်။
မုရွှယ်ကတော့ တအံ့တဩနဲ့သာကြည့်နေခဲ့ပြီ ဝေ့နရဲ့အခြေအနေကို ပြန်အကဲခတ်နေခဲ့တယ်။
ဒီမြူခိုတွေက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို မဖြတ်ကျော်နိုင်ခဲ့ပါဘူး။ မော့ဖေးယွင်ရဲ့ သိုင်းပညာ၀ိညာဥ်က သူခန့်မှန်းထားတဲ့အတိုင်းပါပဲ။ အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်သုံးကွင်းနဲ့ အနက်ရောင်နှစ်ကွင်းတို့ပါ။ ဒါက အကောင်းဆုံးပေါင်းစည်းမှုမဟုတ်ပေမဲ့ အတော်လေးတော့ ကြောက်စရာကောင်းပါတယ်။
တိမ်စိုင်တိမ်ခဲတွေတဲ့လား ဒီလိုသိုင်းပညာ၀ိညာဥ်မျိုးက အတော်လေးကို မြင်ရတာရှားပါးပါတယ်။ ဒါကိုလက်နက်အမျိုးအစား သိုင်းပညာ၀ိညာဥ်လို့ တွေးတောရမှာပါ။ ဟို့ယွိဟောင်အနေနဲ့ ဒီလူက တိုက်ခိုက်ရေးလား ထိန်းချုပ်ရေးလားဆိုတာကို သေချာမသိနိုင်ပါဘူး။
သူတို့ရှေ့မှာရှိနေတဲ့ တိမ်မြူခိုတွေက ပတ်၀န်းကျင်ကိုခပ်မြန်မြန်ပဲ ဖုံးလွှမ်းလို့သွားခဲ့ပါပြီ။ ဘာစွမ်းအားမှရှိတဲ့ပုံမပေါ်ပေမဲ့ အချိန်တိုလေအတွင်းမှာပဲ လေဟာနယ်တစ်ခုလုံးကို နေရာယူသွားခဲ့ပါတယ်။ ဒီနေရာယူနိုင်စွမ်းက ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုထက်ကို ကျော်လွန်လို့သွားခဲ့တယ်။
ဒီစွမ်းရည်က သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ အတော်လေးပုံသဏ္ဍာန်တူတာကို ဟို့ယွိဟောင်ရိပ်ဖန်သန်ဖန်တော့ နားလည်ခဲ့ပါပြီ။ မော့ဖေးယွင်က ဒီတိမ်နဲ့ထိတွေ့သမျှအရာအားလုံးကို ခံစားပြီအကဲဖြတ်နိုင်ပုံပါပဲ။
သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုလောက်တော့ မတိကျပေမဲ့ မော့ဖေးယွင်ရဲ့ကျင့်ကြံဆင့်နဲ့ဆိုရင် တော်တော်ဝေးဝေးနေရာအထိကို ကင်းထောက်နိုင်ဖို့ အဆင်ပြေသင့်တော်ပါတယ်။ သူ့အနေနဲ့ အစောကြီးကထဲက ဦးဆောင်ပြီ၀င်ဖို့လုပ်နေခဲ့သလို တခြားကြီးကြီးမားမားအကြုံပြုချက်တွေမပေးလဲ အံ့ဩစရာမရှိတော့ပါဘူး။ ဒီလိုတိမ်မြူခိုတွေကိုထုတ်လွှတ်တဲ့အချိန်မှာ မော့ဖေးယွင်ရဲ့ ၀ိညာဥ်စက်ကွင်းတွေဘာကြောင့်တောက်ပမလာလဲဆိုတာ ဟို့ယွိဟောင်အနည်းငယ် အံ့ဩနေခဲ့မိပါတယ်။ ဒါပေမယ့် ပြန်တွေးကြည့်လိုက်ချိန်မှာကတော့ ဒါက သိုင်းပညာ၀ိညာဥ်ရဲ့မွေးရာပါမူလစွမ်းရည်ဖြစ်နေခဲ့ပြီ ၀ိညာဥ်စွမ်းရည်မဟုတ်နိုင်လို့ပါပဲ။ ဒီလိုမျိုးကိုယ်ပိုင်စွမ်းရည်မျိုးကို မွေးရာပါပိုင်ဆိုင်ထားပုံအရ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က အတော်ကိုအရည်အသွေးမြင့်မားမှန်း သိသာနိုင်ပါတယ်။
” သွားကြစို့ ”
တိမ်တွေအတော်လေးပျောက်ကွယ်သွားချိန်မှာတော့ မော့ဖေးယွင်ရဲ့အသံကို အရှေ့ကနေကြားလိုက်ရပါတော့တယ်။ မြူတွေကရှိနေဆဲဖြစ်ပြီ သူ့ရဲ့ခန္ဓာကိုယ်ကို ၀ိုးတ၀ါးမြင်နေခဲ့ရတယ်။ သစ်တောထဲကို သူတို့နောက်တစ်ကြိမ်၀င်လာခဲ့ပါပြီ။ ဟို့ယွိဟောင်တို့ကတော့ လက်ရှိအချိန်မှာ ဘာမှသိပ်ပြီမလုပ်နိုင်ပေမဲ့ ဒီလမ်းကြောင်းအတိုင်းလျှောက်ဖို့ဆုံးဖြတ်လိုက်ရတယ်။
မော့ဖေးယွင်က ဒီခရီးသွားနေတဲ့လမ်းတစ်လျှောက်မှာ လမ်းကြောင်းကိုမြန်မြန်ပြောင်းလဲပါတယ်။ ဒါ့အပြင် သစ်တောကို သူတို့သုံးယောက် သူတို့ဘာသာသူတို့သွားတာထက်ကို အများကြီးပိုပြီးခရီးတွင်နေခဲ့တယ်။ ၀ိညာဥ်သားရဲကောင်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုတွေလဲ မတွေ့ဆုံရသလို သုံးဆယ်မိနစ်အတွင်းမှာတင် ဆယ်ကီလိုမီတာကို ကျော်လွန်လာခဲ့ပါပြီ။ မော့ဖေးယွင်ကတော့ တစ်ချက်လေးတောင် အရှိန်လျှော့ဖို့တွေးထားပုံမပေါ်ပါဘူး။
ကြယ်တာရာသစ်တောရဲ့ပုံသဏ္ဍာန်က အတိအကျမရှိပဲ အမျိုးမျိုးပြောင်းလဲနေခဲ့ပါတယ်။ အကျယ်ပြန့်ဆုံးနေရာတွေက နှစ်ရာကီလိုမီတာကျော်ရှိပြီ သူ့ရဲ့မျက်နှာပြင်ပတ်လည်မှာ စတုရန်းကီလိုမီတာတစ်သိန်းကျယ်ပြန့်တဲ့ အ၀န်း၀ိုင်းကိုပိုင်ဆိုင်လို့ထားခဲ့တယ်။ တကယ်ကို နာမည်နဲ့လိုက်ဖက်တဲ့ မဟာကြယ်တာရာသစ်တောပါပဲ။ တချို့နယ်မြေတွေရဲ့ ပြည်နယ်တွေထက်တောင်ကြီးမားသလို သော့်လော့တွေတောင်မှ အလယ်ဗဟိုအထိ တိုက်ရိုက်လျှောက်မသွား၀ံ့တာအမှန်ပါ။
၀ိညာဥ်ပညာရှင်တွေရဲ့ လောကမှာစွန့်စားခန်းတွေဆိုတာက မဟာကြယ်တာရာသစ်တောထဲကို အပိုင်းပိုင်းခွဲပြီ ၀င်ရောက်တာလဲ ပါ၀င်လို့နေခဲ့ပါတယ်။
အပြင်နယ်မြေရဲ့ကီလိုမီတာနှစ်ဆယ်ကိုတော့ အစွန်အဖျားနယ်မြေတွေလို့ ခေါ်ကြပြီ အဲ့ဒီပတ်လည်မှာ ဆယ်နှစ် နှစ်တစ်ရာ နှစ်တစ်ထောင်၀ိညာဥ်သားရဲကောင်တွေသာ ကျက်စားကြပါတယ်။
နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်တွေကို ရံဖန်ရံခါမြင်ရပေမဲ့ အတော်လေးကို ရှားပါးတယ်။ နောက်နယ်မြေတစ်ခုကိုတော့ ကန့်သတ်နယ်မြေလို့ခေါ်ပါတယ်။ အဲ့ဒီနေရာက အကြီးမားဆုံးဖြစ်ပြီ သစ်တောရဲ့လေးဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ကီလိုမီတာတစ်ရာအရှည်ရှိပါတယ်။ ဒီနေရာမှာ ၀ိညာဥ်သားရဲကောင်အရေအတွက်အများကြီးကို ရှာတွေ့နိုင်ပြီ ကျင့်ကြံဆင့်ကလဲ အမြင့်ဆုံးတွေကြီးပါပဲ။
နှစ်တစ်ရာ နှစ်တစ်ထောင် နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်တွေအနာယူတဲ့နယ်မြေဖြစ်သလို နှစ်တစ်ရာသားရဲကောင်တွေကတော့ အစွန်အဖျားနေရာတွေမှာသာ နေထိုင်ကြပါတယ်။
အတွင်းပိုင်းအကျဆုံးကီလိုမီတာလေးဆယ်ကတော့ အ၀န်းအ၀ိုင်းရှစ်ဆယ်ကီလိုမီတာရှိပြီ မဟာကြယ်တာရာသစ်တောရဲ့အဓိကအချက်အခြာဗဟိုနယ်မြေလို့ ကျော်ကြားပါတယ်။ ဒီနယ်မြေက ကျယ်ပြန့်ပြီအဲ့ဒီနေရာမှာနေထိုင်တဲ့ ၀ိညာဥ်သားရဲကောင်က အတော်ကို နည်းပါးသလို အင်အားအကြီးဆုံးသူတွေသာ နေထိုင်ကြတာပါ။ နှစ်တစ်ရာသားရဲကောင်တွေကို ဘယ်တော့မှမြင်ရမှာမဟုတ်ပါဘူး။ နှစ်တစ်ထောင်သားရဲကောင်တွေတောင် အဲ့ဒီနေရာမှာရှားပါးပါတယ်။ နှစ်တစ်သောင်းသားရဲကောင်လဲ တချို့တလေသာရှိပြီကြောက်စရာကောင်းလွန်လှတဲ့ နှစ်တစ်သိန်းသားရဲကောင်တွေက အဓိကနေထိုင်ကြတာပါ။ ၀ိညာဥ်ပညာရှင်တွေရဲ့ လေ့လာမှုအရဆိုရင် ကိုယ်ပိုင်နယ်မြေတွေကို ပိုင်ဆိုင်ထားကြတဲ့ ၀ိညာဥ်သားရဲကောင်တွေက အနည်းဆုံးနှစ်ပေါင်းသုံးသောင်းထက်ကို ကျော်လွန်ပြီမှသာ နေရာရရှိနိုင်တာပါ။
ရှစ်ဆယ်ကီလိုမီတာအ၀န်းအ၀ိုင်းရဲ့ အလယ်ဗဟိုဆယ်မီတာကတော့ သတ်ဖြတ်ရေးနယ်မြေလို့ကျော်ကြားပါတယ်။ ဘယ်သူမှ၀င်ခွင့်မရှိတဲ့ ကန့်သတ်နယ်မြေကြီးပါပဲ။ ဒါ့အပြင် အဲ့ဒီနေရာနဲ့ ပတ်သက်တဲ့တိကျတဲ့မြေပုံလဲမရှိသလို နေရာတစ်ခုလုံးက သွေးနီရောင်တောက်ပနေခဲ့တာပါ။
ဒဏ္ဍာရီတွေအရ ကြောက်စရာအကောင်းဆုံးသားရဲကောင်တွေက အဲ့ဒီနေရာမှာနေထိုင်ပါတယ်။ သူတို့ရဲ့ ဖြစ်တည်မှုက အဓိကဗဟိုအချက်အခြာနယ်မြေထက်တောင် ပိုကြောက်စရာကောင်းသလို မြောက်၀င်ရိုးစွန်းလိုမျ်ိုးနယ်မြေဖြစ်ကာ ထူးကဲသာလွန်သော့်လော့တွေတောင် အရမ်းဂရုစိုက်ဖို့လိုတဲ့နယ်မြေတစ်ခုပါပဲ။
မော့ဖေးယွင်ရဲ့ မြန်ဆန်လွန်လှတဲ့ခရီးသွားမှုအရှိန်နှုန်းကြောင့် သူတို့ရဲ့ပစ်မှတ်က မဟာကြယ်တာရာသစ်တောရဲ့ အပြင်နယ်မြေမဟုတ်မှန်းသိနေခဲ့ပါတယ်။ ဒီလူက ၀ိညာဥ်သူတော်စင်ဖြစ်တဲ့အတွက် လူအများကြီးခေါ်မလာဘူးဆိုရင်တောင် အပြင်နယ်မြေကို အေးအေးဆေးဆေးလှည့်ပတ်နေနိုင်တဲ့သူပါ။ ဒါပေမယ့် ကန့်သတ်နယ်မြေကိုရောက်ပြီဆိုရင်တောင် သူ့အနေနဲ့ လူတိုင်ရဲ့လုံခြုံစိတ်ချမှုကို အာမခံပေးဖို့ကသိပ်မခက်ခဲနိုင်ပါဘူး။ အစွန်အဖျားနယ်မြေနဲ့ ယှဥ်လိုက်မယ်ဆိုရင် ကန့်သတ်နယ်မြေမှာရှိတဲ့ ၀ိညာဥ်သားရဲကောင်တွေရဲ့ အရေအတွက် အရည်အသွေးနဲ့ မျိုးစိတ်တွေကအများကြီးပိုသာလွန်ပါတယ်။
ဟို့ယွိဟောင်တို့သူငယ်ချင်းသုံးယောက်ကတော့ အစွန်အဖျားနယ်မြေရဲ့အထဲပိုင်းကိုတောင် မ၀င်၀ံ့တဲ့အတွက် ကန့်သတ်နယ်မြေထဲ၀င်ဖို့ဆိုတာ ပိုပြီးခက်ခဲပါတယ်။ သူတို့သုံးယောက်ဘယ်လောက်ပဲ ပါရမီရှိပါစေ သူတို့တွေက ၀ိညာဥ်အကြီးအကဲတွေဖြစ်နေတုန်းပါပဲ။ ဒါကြောင့် ကိုယ်ပိုင်တိုက်ပွဲကို ဆင်နွှဲနိုင်ပေမဲ့ မရေမတွက်နိုင်တဲ့၀ိညာဥ်သားရဲကောင်တွေနဲ့တော့ ရင်မဆိုင်၀ံ့တာအမှန်ပါ။ အကယ်၍ တစ်စုံတစ်ယောက်သာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပြီဆိုရင် သူတို့မှာနောက်ဆုတ်ဖို့တောင် အခွင့်အရေးရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့်သာ ဟို့ယွိဟောင်အနေနဲ့ အတွင်းနက်နက်ရှ်ိုင်းရှိုင်းနေရာတွေကို၀င်ဖို့ငြင်းဆန်းခဲ့တာလဲ ဖြစ်ပါတယ်။
မော့ဖေးယွင်ရဲ့ သူ့အဖွဲ့သားတွေမပါဘူးဆိုရင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က ငါးကီလိုမီတာကနေ ဆယ်ကီလိုပတ်လည်မှာသာ လှည့်ပတ်ရှာဖွေနေမှာပါ။ ဒီလောက်အထိ၀င်လာ၀ံ့မှာမဟုတ်ပါဘူး။
ဒီအဖွဲ့ကတော့ မော့ဖေးယွင်ရဲ့ဦးဆောင်မှုအောက်မှာ နောက်ထပ်ငါးကီလိုမီတာအထိဆက်သွားပြီ အရှိန်လျှော့လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ ဟို့ယွိဟောင်နဲ့ တခြားသူတွေကို အရမ်းကြီးဦးဆောင်မနေတော့ပဲ သူ့အကွာအဝေးကိုလျှော့ချလိုက်ကာ အနားကပ်လာတော့တယ်။
” မဟာကြယ်တာရာသစ်တောရဲ့ ကန့်သတ်နယ်မြေအပြင်အစွန်အဖျားနေရာက ငါတို့ရှေ့မှာရောက်နေပြီ အားလုံးပဲသတိထားကြပါ ငါတို့တွေအာရုံခံစားမှုမြင့်တဲ့၀ိညာဥ်သားရဲကောင်တွေကို ဒေါသမထွက်စေဖို့ ရှောင်ရှားရမယ်…ဒါ့အပြင် ငါရဲ့တိမ်တွေကိုလဲ ဖုံးလွှမ်းထားတဲ့နေရာနည်းနည်းလျှော့လိုက်မယ်…ဒါဆိုရင် သူတို့တွေရဲ့ ရန်လိုမှုကလဲ လျော့ကျသွားမှာပဲ အားလုံးတိုက်ပွဲအတွက် ပြင်ဆင်ထားကြပါ ”
မော့ဖေးယွင်တို့အုပ်စုရဲ့ စည်းမျဥ်းစည်းကမ်းလိုက်နာလွန်တဲ့ပုံသဏ္ဍာန်ကြောင့် ဟို့ယွိဟောင်တောင် အနည်းငယ်အံ့အားသင့်သွားမိခဲ့ပါတယ်။ မော့ဖေးယွင်ရဲ့စကားကိုကြားပြီချိန်မှာ သူတို့ရဲ့ဗျူဟာပုံသဏ္ဍာန်က ပြောင်းလဲလို့သွားခဲ့ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် သုံးမီတာကျော်ခွာနေခဲ့ရာကနေ အနားကိုပြန်ကပ်လာကြပါတယ်။
လမ်းတစ်လျှောက်လုံးမှာ ဝေ့နနဲ့ မုရွှယ်နှစ်ယောက်က ဟို့ယွိဟောင်တို့ကို ဆက်တိုက်စူးစမ်းလေ့လာနေခဲ့ပါတယ်။ အထူးသဖြင့် သစ်တောထဲကို မြန်မြန်လိုက်လာချိန်မှာ ၀ိညာဥ်သားရဲကောင်တွေရဲ့ ခြိမ်းခြောက်မှုကို ကြုံတွေ့လာနိုင်ရတဲ့အတွက်ပါ။
ဟို့ယွိဟောင်ကတော့ မော့ဖေးယွင်ရဲ့အနောက်ဖက်မှာ အတော်လေးကို တည်ကြိမ်တဲ့အရှိန်နှုန်းနဲ့ တည်ရှိနေခဲ့ပါတယ်။ သူက မောပန်းတဲ့ပုံလဲတစ်စက်မှမပေါ်ပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်က အကြမ်းခံပြီ အတော်လေးကို ပေါ့ပါးနေခဲ့သလို လှုပ်ရှားမှုတွေကလဲ မာကျောကြွပ်ဆပ်ရင်း ပြတ်သားပါတယ်။
ဟို့ယွိဟောင်က အတော်လေးသတိထားနေချိန်မှာ ၀မ်သုန့်နဲ့ ရှောင်းရှောင်းနှစ်ယောက်ကတော့ သူ့ရဲ့ဘေးအနောက်ကိုပိုရောက်လို့သွားခဲ့တယ်။ သူတို့သုံးယောက်ရဲ့ပုံသဏ္ဍာန်က ဦးချိုတစ်ခုလိုပုံသဏ္ဍာန်ပြောင်းလဲသွားခဲ့တာပါ။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ရဲ့ အခြေအနေအလှည့်အပြောင်းကို ကြည့်ရာကနေ ဟို့ယွိဟောင်က ဒီအဖွဲ့ရဲ့ခေါင်းဆောင်မှန်း သိသာနေပါတယ်။
မော့ဖေးယွင်ရဲ့ သတိပေးချက်က အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ သူတို့တွေအရှေ့ကိုဆက်သွားနေကြရင်း ရုတ်တရက်ဆိုသလို မော့ဖေးယွင်က နောက်ကိုပြန်ဆုတ်လာပါတော့တယ်။ ဆက်တိုက်ဆိုသလို အော်သံတွေကို ကြားလိုက်ရပြီ အရိပ်တချို့က သူတို့အရှေ့ကိုရောက်လာခဲ့ပါတယ်။ ဒီအရိပ်တွေရဲ့ လှုပ်ရှားမှုက အရမ်းကို မြန်ဆန်လွန်လှတဲ့အပြင် သစ်ပင်တွေကြားထဲမှာပြေးလွှားနေခဲ့တာပါ။ သူတို့တွေက သစ်ပင်ရဲ့ထိပ်ဖျားတွေမှာ အတော်ကိုကောင်းကောင်းနေရာယူထားနိုင်ပုံပါပဲ။ မကြာခင်အချိန်အတွင်းမှာပဲ ဒီအုပ်စုကို၀န်းရံလိုက်ပါပြီ။
” အားလုံးပဲသတိထားကြ ဒါတွေက ကြွက်သွေးရောင်မီးလျှံမျောက်တွေပဲ အရမ်းကြမ်းတမ်းလွန်တယ် ”
မော့ဖေးယွင်က အားလုံးကိုသတိပေးလိုက်ရင်း ဟို့ယွိဟောင်တို့အရှေ့ကို ခပ်မြန်မြန်ပဲ ရောက်လာခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ ၀ိညာဥ်သားရဲကောင်တွေကို လေ့လာရင်းသူ့ရဲ့စိတ်ထဲမှာ မှတ်ဉာဏ်တချို့က ၀င်ရောက်လာပါတော့တယ်။ ဒါကမီးအမျိုးအစား၀ိညာဥ်သားရဲကောင်တွေပါ။ အုပ်စုလိုက်နေထိုင်ကြပြီ အတော်ကိုဒေါသကြီးတဲ့အပြင် အငြိုးကြီးတဲ့ကောင်တွေပါပဲ။ အမြန်နှုန်းအမျိုးအစား ၀ိညာဥ်သားရဲကောင်တွေဖြစ်သလို အဝေးပြစ်တိုက်ခိုက်မှုမှာလဲ ကျွမ်းကျင်ပြီကိုင်တွယ်ဖို့အတွက် အတော်လေးအလုပ်များပါတယ်။
ဒီမျောက်တွေရဲ့ရုပ်သွင်တွေကအတော်ကို တူညီနေခဲ့ပြီ အရွယ်ကသာသူတို့ကို ခွဲခြားနိုင်တဲ့တစ်ခုတည်သောအရာပါ။ အကြီးဆုံးအကောင်က နှစ်မီတာကျော်အမြင့်ရှိပြီ အရွယ်ရောက်ပြီသားလူထက်တောင် ပိုမြင့်မားပါသေးတယ်။ အသေးဆုံးကတော့ နှစ်ပေထက်မကျော်ပါဘူး။ မီလျှံလိုတောက်ပနေတဲ့ အမွေးတွေက ထင်ရှားလို့နေခဲ့သလို သူတို့ရဲ့အစွယ်ချွန်ချွန်နှစ်ချောင်းတွေကလဲ နှုတ်ခမ်းအပြင်ကိုထွက်လို့နေခဲ့ပါတယ်။ သူတို့က အသားစားသတ္တ၀ါတွေပါ။ ဒီမျောက်အုပ်စုထဲမှာ အကောင်းသုံးဆယ်လေးဆယ်ရှိနေခဲ့ပြီ တစ်ကောင်ချင်းဆီတိုင်းကလဲ အချိန်မရွေးတိုက်ခိုက်ချင်တဲ့ပုံပေါ်နေခဲ့တယ်။
အကြီးမားဆုံးနဲ့ အခမ်းနားဆုံးမျောက်ကြီးကတော့ သစ်ပင်တစ်ပင်ပေါ်မှာ ထိုင်နေခဲ့ပြီ သူ့ရဲ့ရင်ဘတ်ကိုထုရိုက်လိုက်ပါတယ်။ ချက်ချင်ဆိုသလို မီးပွားတွေကအပြင်ဘက်ကို စင်ထွက်လာခဲ့ပြီ လျှပ်စီးတန်းတွေအဖြစ်နဲ့ ကျရောက်လို့လာပါတော့တယ်။ ကြီးမားတဲ့မီးဘောလုံးကြီးကလဲ သူ့အရှေ့မှာဖြစ်ပေါ်လာခဲ့ပါပြီ။
၀ိညာဥ်သားရဲကောင်တွေက လူသားတွေနဲ့မတူညီပါဘူး။ သူတို့စားသုံးတဲ့အရာနဲ့ သူတို့မလုပ်နိုင်တဲ့အရာတွေအပေါ်မှာသာ ကွာခြားချက်ရှိနေခဲ့တာပါ။ ဒီမျောက်က နှစ်တစ်သောင်းသားရဲကောင်မဟုတ်သေးသလို သူ့ရဲ့အမွေးတွေကလဲ ရွှေနီရောင်မပြောင်းသေးပါဘူး။ ဒါပေမယ့် အနည်းဆုံးနှစ်ငါးထောင်ပတ်လည်တော့ ရှိနေခဲ့ပါပြီ။ သူ့ရဲ့အင်အားက ဒီနယ်မြေမှာကြီးစိုးဖို့အတွက် အခွင့်အရေးရနိုင်ပါတယ်။
တခြားမျောက်တွေကလဲ သူတို့မျောက်ဘုရင်တိုက်ခိုက်ချိန်မှာ ချက်ချင်းဆိုသလို သစ်ပင်တွေကနေ ခုန်ချလာပါတော့တယ်။ သူတို့ရဲ့မြန်ဆန်လွန်လှတဲ့အရှိန်နှုန်းကို အသုံးချကာ မီးဘောလုံးတွေက တစ်လုံးပြီတစ်လုံးဆင်းသက်လို့လာခဲ့ပြီ အဖွဲ့တစ်ဖွဲ့လုံးကို တိုက်ခိုက်ပါပြီ။
မော့ဖေးယွင်ကတော့ သူ့ရဲ့မြူခိုတွေကိုအပြင်ဖက်ဆီပြန့်ထွက်လိုက်ပါတော့တယ်။ မရေမတွက်နိုင်တဲ့ လေထုလှုပ်ရှားမှုက ပတ်ပတ်လည်နေရာတွေကို ပြန့်နှံ့လို့သွားခဲ့ပြီ မီးဘောလုံးတော်တော်များများကို ဖျက်ဆီးပြစ်လိုက်ပါတော့တယ်။ မြူခိုတွေက လက်ကြီးတစ်ခုအသွင်ကိုပြောင်းလဲလို့သွားပြီ အရှေ့မှာရှိတဲ့ မျောက်ဘုရင်ကြီးရဲ့မီးဘောလုံးကို ဖမ်းဆွဲလိုက်ပါတယ်။
မီးဘောလုံးကတော့ ပြင်းပြင်းထန်ထန်တုန်ခါလို့သွားရင်း မြူခိုတွေရဲ့စွမ်းအင်တွေကို တိုက်စားပြစ်နေခဲ့ပါတယ်။
ဒါပေမယ့် ဒီကြီးမားတဲ့လက်ကြီးကတော့ မကြာခင်မှာပိုမိုအားကောင်းလို့လာခဲ့ပြီ မီးဘောလုံးကိုချေမွပြစ်လိုက်ပါတယ်။
မော့ဖေးယွင် တမင်တကာလုပ်တာလားဆိုတာ ဘယ်သူမှမသိနိုင်ပေမဲ့ သူက မျောက်တွေရဲ့တိုက်ခိုက်မှုအများကြီးကို ဖယ်ရှားလိုက်နိုင်တာတောင် မီးဘောလုံးတစ်လုံးကတော့ ဟို့ယွိဟောင်တို့ဆီကို တန်းတန်းမတ်မတ်ရောက်ရှိလို့လာပါတော့တယ်။
တောက်ပတဲ့အပြာရောင်အတောင်ပံတွေက လေထဲမှာဆန့်ထွက်လို့လာခဲ့ပြီ ကောင်းကင်တစ်ခွင်လိုကြည်ပြာလွန်လှတဲ့ အပြာရောင်အလင်းတန်းက အားလုံးရဲ့အာရုံထဲမှာ ဖြစ်ပေါ်လို့လာပါတော့တယ်။ ရွှေရောင်သင်္ကေတတွေက တောက်ပလို့လာခဲ့ပြီ အတောင်ပံကိုဖြန့်ထားခဲ့တဲ့ ပိန်ပိန်ပါးပါးပုံရိပ်က လှုပ်ရှားလို့နေခဲ့ပါတယ်။ ကျဆင်းလို့လာခဲ့တဲ့ မီးဘောလုံးက နှစ်ပိုင်းကွဲသွားခဲ့ပြီ အပြင်ဖက်ကိုလွှင့်ထွက်လို့သွားခဲ့ပါပြီ။
အပိုင်း ၁၄၃•၃ ပြီး၏။