အပိုင်း ၁၄၃•၁
” ကြယ်တာရာသစ်တောရဲ့ကန့်သတ်နယ်မြေကို ၀င်ရောက်ခြင်း ”
°°°
အခုလက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေက ရွှေရောင်တောက်ပနေခဲ့ပါပြီ။ စိတ်၀ိညာဥ်မျက်လုံးရဲ့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းက ခြေထောက်အောက်ဖက်မှာ စတင်ပြီအရောင်ဖြာထွက်လို့နေခဲ့ပါတယ်။ တိကျသေချာတဲ့နေရာတစ်ခုဆီကိုသူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ဦးတည်လို့နေခဲ့တယ်။ တစ်နေရာထဲကိုအားစိုက်မယ်ဆိုရင် ခြောက်ရာမီတာကျော်အထိကို သူက ထောက်လှမ်းနိုင်တာပါ။ ဒါ့အပြင် အရမ်းကိုလဲတိကျပါတယ်။
ရှောင်းရှောင်းနဲ့ ၀မ်သုန့်နှစ်ယောက်တဲကနေစပြီထွက်ဖို့လုပ်ပါတော့တယ်။ လက်ရှိအချိန် တဲနှစ်ခုရဲ့ကြားထဲမှာ မီးပုံတစ်ပုံကစတင်ပြီတောက်ပလို့လာခဲ့ပါပြီ။ ညရဲ့အအေးဓာတ်ကို ကာကွယ်ပေးလိုက်ပြီတဲ့နောက် တောက်ပတဲ့မီးရောင်က သူတို့ရဲ့မျက်နှာတွေကို အလင်းပေးလို့နေပါတော့တယ်။
ဟို့ယွိဟောင်က သူရှာဖွေတွေ့ရှိထားတဲ့ အရာတွေကို ခပ်တိုးတိုးပြောပြနေခဲ့တယ်။
” လူရှစ်ယောက်ရှိတယ်…အမျိုးသားခြောက်ယောက် အမျိုးသမီးနှစ်ယောက် အမျိုးသားတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကိုတော့ ငါမသိဘူး…ဒါပေမယ့် အနည်းဆုံး၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းလောက်ရှိမယ်လို့တော့ထင်တယ်…ဒါ့အပြင် တခြားငါးယောက်ထဲမှာ ၀ိညာဥ်ဧကရာဇ်တစ်ယောက်နဲ့ ၀ိညာဥ်ဘုရင်လေးယောက်ရှိတယ်…အမျိုးသမီးနှစ်ယောက်ကတော့ ငါတို့နဲ့အတူတူ၀ိညာဥ်စက်ကွင်းသုံးကွင်းရှိတဲ့သူတွေပဲ လက်ရှိအချိန် ငါတို့ဆီကို တန်းတန်းမတ်မတ်လျှောက်လာနေတယ် ”
၀မ်သုန့်က မေးလိုက်ပါတယ်။
” ဒါဆိုရင်ငါတို့ပုန်းရမှာလား ”
ဟို့ယွိဟောင်က ခေါင်းခါရင်းပြန်ဖြေလိုက်ပါတယ်။
” မလိုဘူး သူတို့ဒီကိုလာတာ ငါတို့ကိုရှာဖို့မဟုတ်ဘူးလေ ဒီနေရာကို မကြာခင်ရောက်လာတော့မယ်…ဒါ့အပြင် တဲတွေနဲ့မီးပုံတွေရယ် ခြေရာလက်ရာတွေရယ်က အလွယ်လေးမြန်မြန်ဆန်ဆန်ဖျက်ပြစ်လိုက်လို့ရတာမဟုတ်ဘူး…အကယ်၍ ငါတို့ဒီလိုလုပ်လိုက်မယ်ဆိုရင် သူတို့ကို သံသယ၀င်သွားလိမ့်မယ်…ပုံမှန်အတိုင်းနေပြီ သူတို့ရောက်လာမှာကိုစောင့်ကြတာပေါ့ ငါတို့လိုပဲ ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်ဖို့ရောက်လာတဲ့သူတွေလို့ ငါထင်တယ် ”
သူတို့ဆွေးနွေးနေတဲ့အချိန်မှာပဲ အသံတချို့ကိုကြားလိုက်ရပါတော့တယ်။
” ဒီမှာမီးရောင်ရှိနေတယ် ”
ဟို့ယွိဟောင်တို့သုံးယောက်ဆီကို အသံနဲ့အတူ လူတစ်ယောက်ကရောက်လာပါတော့တယ်။ အဲ့ဒီလူကအတော်လေးကို အရပ်ရှည်တဲ့ပိန်ပိန်ပါးပါးလူတစ်ယောက်ပါပဲ။ လေတိုက်ရင်လွှင့်သွားမတတ်ပိန်နေတဲ့ ၀ါးပင်တစ်ပင်နဲ့တောင် တူညီလို့နေခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့အရှိန်နှုန်းက အရမ်းကိုမြန်ဆန်လွန်လှသလို ဟို့ယွိဟောင်တို့သုံးယောက်ရှိနေတဲ့ မီးပုံဆီကို ခပ်မြန်မြန်ပဲရောက်ရှိလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်တို့ကတော့ သူ့ကိုပြန်ပြီစိုက်ကြည့်လို့နေခဲ့ပါတော့တယ်။
ဒီလူကအမြန်နှုန်းကိုအသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်ဆိုတာ သံသယဖြစ်ဖွယ်ရာမရှိပါဘူး။ သူက အရင်ဆုံးဦးဆောင်ရင်း ဒီလမ်းတွေကိုကင်းထောက်နေတဲ့ပုံပေါ်ပါတယ်။ ဟို့ယွိဟောင်တို့က ကလေးတွေဆိုတာသိပြီမှသာ သူစိတ်လက်အေးဖြစ်သွားပါတော့တယ်။ ဒါ့အပြင် ဟို့ယွိဟောင်တို့ရဲ့အသက်အရွယ်ကဆယ်နှစ်၀န်းကျင်သာရှိသေးတာကြောင့် လက်တစ်ဖက်ကိုမြောက်လိုက်ပြီ အ၀ါရောင်အလင်းတန်းတစ်ခုကို အပြင်ဖက်ဆီထုတ်လွှတ်လိုက်ပါတယ်။ ဒီအလင်းတန်းက ကောင်းကင်ပေါ်မှာ ငါးမီတာအထိတက်သွားပြီတဲ့နောက် အ၀ါရောင်အလင်းစက်ကွင်းလေးတစ်ခုအဖြစ်ကိုပြောင်းလဲရင်း လွှင့်သွားပါတော့တယ်။
ဟို့ယွိဟောင်နဲ့ သူ့သူငယ်ချင်းတွေလဲလက်ရှိအချိန်မှာ မတ်တပ်ထရပ်လိုက်ကြပါပြီ။ တစ်ဖက်လူရဲ့လှုပ်ရှားမှုကနေ သူကအတော်လေးစည်းကမ်းရှိတဲ့သူဖြစ်မှန်းသိနိုင်သလို ကောင်းကောင်းလေ့ကျင့်ထားပုံရတဲ့အတွက်လဲ သာမန်အဖွဲ့အစည်းတစ်ခုမဟုတ်တာကို သိနိုင်နေခဲ့ပါတယ်။
” ဘယ်ကလူလဲ ”
ဟို့ယွိဟောင်က စိုးရိမ်တကြီးပုံနဲ့မေးလိုက်ပေမဲ့ အရှေ့ကိုလျှောက်မလာခဲ့ပါဘူး။
ပိန်ပိန်ပါးပါးနဲ့လူကတော့ ပြုံးပြရင်းပြန်ဖြေလိုက်ပါတယ်။
” ငါတို့ကဒီအတိုင်းဖြတ်သွားဖြတ်လာလူတွေပါ မင်းတို့ရဲ့မီးပုံကိုမြင်တာကြောင့် ခဏလာကြည့်တာ မင်းတို့တွေကရော ဘယ်သူတွေလဲ ”
ဒီလူကပြုံးနေခဲ့ပေမဲ့ သူ့ရဲ့အပြုံးကမောက်မာမှုတွေအပြည့်ပါပဲ။ ဟို့ယွိဟောင်က ပြန်ဖြေလိုက်ပါတယ်။
” ဒီတောထဲကို ၀ိညာဥ်သားရဲကောင်တွေအမဲလိုက်ပြီ ၀ိညာဥ်စက်ကွင်းစုဆောင်းဖို့လာတာ ”
” မင်းတို့သုံးယောက်ထဲနဲ့ ဒီ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်ဖို့လာတာလား ”
ပိန်ပိန်ပါးပါးလူက ကလေးသုံးယောက်ကို သံသယအပြည့်နဲ့ကြည့်နေခဲ့ပါတယ်။
ရှောင်းရှောင်းက ဒီအချိန်မှာ၀င်ပြီပြောတော့တယ်။
” ဘာလဲအဲ့ဒီလိုလုပ်လို့မရဘူးလား ”
တစ်ဖက်လူကတော့ တအံ့တဩနဲ့သာခေါင်းခါနေခဲ့မိပါတယ်။ အဲ့ဒီနောက် ပုံမှန်အတိုင်သူ့မျက်နှာအမူအရာက ပြန်ပြောင်းသွားခဲ့ပါပြီ။ ညအချိန်က အတော်ကိုမှောင်မိုက်ပြီ မှုံမှိုင်နေပေမဲ့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးတွေကို မမြင်ရပဲရှိပါ့မလား။
မကြာခင်မှာပဲ နောက်ထပ်လူတချို့ကဆက်ပြီရောက်လာပါတော့တယ်။ အဲ့ဒီလူတွေက ဟို့ယွိဟောင် ထောက်လှမ်းထားတဲ့အတိုင်းပါပဲ။ အမျိုးသားခြောက်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ပါ။
အသက်လေးဆယ်လောက်အရွယ်ရှိတဲ့လူကြီးက ဒီအချိန်မှာပြောလာခဲ့ပါတယ်။
” အခြေအနေဘယ်လိုလဲ ပေ့ချန် ”
ပိန်ပိန်ပါးပါးလူက လေးစားမှုအပြည့် ပြန်ဖြေလိုက်ပါတယ်။
” အစ်ကိုကြီး ဒီကလေးသုံးယောက်က ၀ိညာဥ်စက်ကွင်းတွေရဖို့တောထဲကိုလာပြီ အမဲလိုက်တယ်လို့ပြောနေကြတယ်…သူတို့ကိုစောင့်ကြပ်ပေးနေတဲ့အကြီးအကဲလဲမရှိဘူး..ပတ်၀န်းကျင်ကိုလဲ ငါစစ်ဆေးပြီးပြီ ဒီကလေးသုံးယောက်ပဲရှိတယ်..ယောင်္ကျားလေးနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အသက်ကဆယ့်ငါးနှစ်တောင်ပြည့်သေးကြတဲ့ပုံမပေါ်ဘူး ”
တစ်ဖက်မှာစကားစလာတဲ့လူကြီးကတော့ ဟို့ယွိဟောင်တို့သုံးယောက်ဆီကို လှည့်ကြည့်လိုက်ပါတယ်။
ဒီလူကြီးကခေါင်းဆောင်ဖြစ်တဲ့ပုံပါပဲ။ ဟို့ယွိဟောင်အတည်မပြုနိုင်တဲ့ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းပါရှိတဲ့ ၀ိညာဥ်သူတော်စင်ဖြစ်ပုံရပါတယ်။ သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေက အားကောင်းလွန်တာကြောင့် ဟို့ယွိဟောင်အနေနဲ့ အတိအကျမခန့်မှန်းနိုင်သေးပါဘူး။
အဲ့ဒီလူကြီးအပြင် နောက်ထပ်အမျိုးသားနှစ်ယောက်ကတော့ ပုံမှန်ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံရှိပြီ လူတွေကြားမှာမြင်မယ်ဆိုရင်တောင် သူတို့ကိုအလွယ်တကူမှတ်မိဖို့မလွယ်ကူပါဘူး။ ဒါပေမယ့် သူတို့ရဲ့ကျင့်ကြံဆင့်တွေကတော့ သာမန်အလယ်အလတ်တန်စားမျိုးနွယ်တွေထက်ကို မြင့်မားနေခဲ့ပါသေးတယ်။
အမျိုးသမီးနှစ်ယောက်ကိုလဲ ဟို့ယွိဟောင်အာရုံစိုက်ပြီ ကြည့်လိုက်ပါသေးတယ်။ သူတို့က စစ်သည်တော်၀တ်စုံကို ၀တ်ဆင်လို့ထာခဲ့ပြီ တစ်ယောက်ကတော့ လှပစိမ်းစိုတဲ့ဆံကေသာတွေကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ ကျန်းနန်နန်နဲ့ တူညီလုနီးပါးချောမောလှပနေခဲ့ပြီ အသာအရေးကနူးညံ့ချောမွေ့ကာ မျက်နှာလှလှတွေက ကြည်ပြာတဲ့ရေပြင်လိုမျိုးတောက်ပလို့နေခဲ့ပါသေးတယ်။ သူမရဲ့နူညံ့ညင်းသာမှုကို အဝေးကနေကြည့်ရင်တောင် ထင်ထင်ရှားရှားမှတ်မိနိုင်မဲ့ပုံစံမျိုးပါ။ အသက်ဆယ်ငါးနှစ် ဆယ်ခြောက်နှစ်အရွယ်ရှိပြီဖြစ်တာကြောင့် တကယ်ကိုတက်ကြွမှုအပြည့်ပါပဲ။ အ၀ါရောင်စစ်သည်တော်၀တ်စုံက အမှောင်ထုထဲမှာတောင် တောက်ပလို့နေခဲ့ပါသေးတယ်။ ဒီ၀တ်စုံကသူ့ကိုပိုပြီးကြံ့ခိုင်တဲ့ပုံသဏ္ဍာန်ပေါ်လာစေခဲ့ပေမဲ့ တခြားထူးခြားတဲ့အရာပုံမရှိသလိုပါပဲ။
သူ့ဘေးနားမှာရှိနေတဲ့ အမျိုးသမီးငယ်ကလဲ သက်တူရွယ်တူဖြစ်ပုံရပြီ အရပ်အနည်းငယ်ပိုမြင့်ကာ မျက်နှာအမူအရာကတော့ အေးစက်လို့နေခဲ့ပါတယ်။ အနက်ရောင်ဆံကေသာတွေကို သပ်သပ်ရပ်ရပ်ဖြီးတင်လို့ထားခဲ့ပြီ မြင်းမြီးပုံသဏ္ဍာန်နဲ့ ခပ်မြင့်မြင့်မြောက်စည်းထားခဲ့ပါတယ်။ အဖြူရောင်စစ်သည်တော်၀တ်ရုံက ခန္ဓာကိုယ်နဲ့ကွက်တိကြနေခဲ့ပြီ ခြေတံရှည်ရှည်တွေကို မြင်နေခဲ့ရတယ်။
ဒီကောင်မလေးက ဟို့ယွိဟောင်နဲ့အရပ်တူနီးပါးရှိနေခဲ့တာပါ။ အရှေ့ကဆံပင်အစိမ်းနဲ့အမျိုးသမီးလောက် သိပ်ပြီမချောမောပေမဲ့ သူမရဲ့ အရှိန်အ၀ါက ကျက်သရေရှိပြီတည်ငြိမ်ပါတယ်။ ဘေးချင်ယှဥ်လျက်ရပ်နေခဲ့တဲ့နှစ်ယောက်က သူနည်းသူ့ဟန်နဲ့ ဆွဲဆောင်မှုရှိနေခဲ့တယ်။
” မိတ်ဆွေလေးတို့ ကျေးဇူပြုပြီး ဒီနေရာလေးကိုလာခဲ့ပါဦး ”
အရှေ့ဆုံးမှာဦးဆောင်တဲ့လူကြီးက ဟို့ယွိဟောင်တို့ကိုပြောလိုက်ပါတယ်။ ဟို့ယွိဟောင်က ၀မ်သုန့်နဲ့ ရှောင်းရှောင်းကို အရင်ဆုံးဆက်သွယ်ပြီ အသံလှ်ိုင်းလွှင့်လိုက်တယ်။
” ဒီနေရာမှာစောင့်နေ ငါသွားကြည့်လိုက်မယ် ”
” ကောင်းပြီလေ ”
၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။ ရှောင်းရှောင်းကလိုက်သွားချင်ပေမဲ့ ၀မ်သုန့်တောင်နေဖို့တောင်ဆုံးဖြတ်မှတော့ သူ့လဲ ဒီအတိုင်းရပ်ကြည့်နေဖို့သာ လုပ်ရတော့တယ်။ ဟို့ယွိဟောင်က အရှေ့ကိုခပ်မြန်မြန်လျှောက်သွားခဲ့ပါပြီ။ သူကသိပ်ပြီအစွမ်းအစရှိတဲ့ပုံသဏ္ဍာန်မျိုးမဖော်ပြနေပါဘူး။
” ဘာများလိုအပ်လို့လဲ ”
တစ်ဖက်လူကြီးက ဟို့ယွိဟောင်ကို အကဲခတ်နေခဲ့ပြီပြောလာခဲ့ပါတယ်။
” လူငယ်လေး မင်းတို့တွေက မဟာကြယ်တာရာသစ်တောထဲမှာ ၀ိညာဥ်သားရဲကောင်တွေကိုလာပြီ အမဲလိုက်တာလား ”
” ဟုတ်ပါတယ် ”
တစ်ဖက်လူကြီးရဲ့မျက်လုံးတွေက အရမ်းကိုစူးရှနေခဲ့ပြီ သိလိုစိတ်အပြည့်ပါ၀င်နေခဲ့ပါတယ်။ သူ့ရဲ့အကြည့်က ဟို့ယွိဟောင်ကို စူးစိုက်လို့ထားခဲ့ပြီ အချိန်မရွေးတိုက်ခိုက်တော့မဲ့အတိုင်းပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ အရမ်းကိုတည်ငြိမ်နေခဲ့ပြီ အေးအေးဆေးဆေးသာရှိနေခဲ့တယ်။ သတိထားပုံလဲမပေါ်ပါဘူး။
” ငါ့နာမည်က မော့ဖေးယွင် ဘေးကလူတွေကတော့ ငါရဲ့အပေါင်းအဖော်တွေပါ ငါတို့တွေမဟာကြယ်တာရာသစ်တောထဲကိုသွားဖို့လုပ်နေခဲ့တာအတူတူပါပဲ တစ်ညလုံးခရီးနင်းလာခဲ့ပြီ ဒီနေရာကိုရောက်လာခဲ့တယ်..အားလုံးလဲပင်ပန်းနေကြပြီ မင်းတို့ဒီနေရာမှာမီးပုံဖိုထားတာ တွေ့မိလို့ရောက်လာခဲ့တာပဲ ဒီနေရာမှာငါတို့အနားယူဖို့ မျှဝေပေးနိုင်မလားဆိုတာ သိချင်ပါတယ် ”
ဟို့ယွိဟောင်က စိတ်ပါလက်ပါနဲ့ သဘောတူလိုက်ပါတယ်။
” ကောင်းပြီလေ ”
စကားအများကြီးပြောတာက ကိစ္စတွေကိုရှုပ်ထွေးစေမယ်မှန်းသိပါတယ်။ ဒီလူတွေကလဲ အတော်ကြာကြာခရီးနင်းလာပုံရပြီ ပင်ပန်းနေကြပုံလဲပေါ်ပါတယ်။ မော့ဖေးယွင်လို့ပြောတဲ့လူကြီးကို ဟို့ယွိဟောင်အနည်းငယ်စိုးရိမ်မိပေမဲ့ သိပ်ပြီရန်လိုနေတဲ့ပုံတော့မပေါ်ပါဘူး။ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားက တခြားသူတွေထက်သာလွန်တာကြောင့် ဟို့ယွိဟောင်ရဲ့စိတ်ခံစားချက်တွေအပေါ်အကဲဖြတ်မှုက အရမ်းကိုတိကျလေ့ရှိပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကလဲ တစ်ချိန်လုံးလှုပ်ရှားနေခဲ့ပေမဲ့ အင်အားကြီးတဲ့၀ိညာဥ်သူတော်စင်အဆင့်တောင်မှ ဒါကိုမရိပ်မိသေးပါဘူး။ အနောက်မှာရှိနေတဲ့လူတွေကလဲ သူတို့ကိုတိုက်ခိုက်မဲ့ပုံသဏ္ဍာန်မပေါ်ပဲဖြစ်နေခဲ့တယ်။
ကောင်မလေးနှစ်ယောက်ကတော့ ဟို့ယွိဟောင်ကိုသေချာအကဲခတ်နေခဲ့ပါတယ်။ အ၀ါရောင်၀တ်ရုံ၀တ်ကောင်မလေးကတော့ ပြုံးပြနေခဲ့ပေမဲ့ အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ ကောင်မလေးကတေ့ မျက်နှာကြောတင်းတင်းနဲ့သာရှိနေခဲ့တယ်။
ဟို့ယွိဟောင်က ဒီတစ်ဖွဲ့လုံးကို သူ့တို့ရဲ့မီးပုံဆီခေါ်လာခဲ့ပါတယ်။ လူနှစ်ယောက်ကတော့ ခပ်မြန်မြန်ပဲ တဲတွေကိုဆောက်လိုက်ကြပြီ ဒီတဲတွေကဟို့ယွိဟောင်တို့ထက်ကို အများကြီးပိုကြီးနေခဲ့တယ်။ မီးပုံနဲ့အနီးဆုံးတဲကတော့ အတော်လေးကိုသေးပါတယ်။ လူနှစ်ယောက်က ခပ်ကြီးကြီးတဲတွေကိုဆောက်လို့ပြီတဲ့နောက် သူ့ရဲ့အမြန်နှုန်းကအံ့အားသင့်စရာကောင်းနေခဲ့တယ်။
မော့ဖေးယွင်နဲ့ လူတချို့ကတော့ မီးပုံဘေးမှာထိုင်နေခဲ့ပါတယ်။ သူတို့က ၀မ်သုန့်နဲ့ ရှောင်းရှောင်းကို ခဏခဏကြည့်နေခဲ့တယ်။ အထူးသဖြင့် ၀မ်သုန့်ပါပဲ။ ၀မ်သုန့်က ရှိရှိသမျှလူတိုင်ရဲ့အာရုံကို ဖမ်းစားထားခဲ့တာပါ။
မှိန်ဖျော့ဖျော့ဆံပင်အပြာရောင်အတိုတွေက သူ့ရဲ့မျက်လုံးနဲ့တသားထဲဖြစ်နေခဲ့သလို အရမ်းကိုအားကောင်းတဲ့ အလင်းတန်းအရှိန်အ၀ါတွေကို သူက ထုတ်လွှတ်နေခဲ့တာပါ။ ၀မ်သုန့်က ချောမောခန့်ညားလွန်ပြီ ငယ်ရွယ်မှုရဲ့အငွေ့အသက်တွေကလဲ သူ့ကိုပိုပြီးတောက်ပနေစေခဲ့ပါတယ်။ ရုပ်ရည်သွင်ပြင်အရ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် အ၀ါရောင်၀တ်ရုံ၀တ်မိန်းကလေးနဲ့ အဖြူရောင်၀တ်ရုံ၀တ်မိန်းကလေးနှစ်ယောက်ပါ ၀မ်သုန့်ကိုမယှဥ်နိုင်ပါဘူး။
၀မ်သုန့်ကိုကြည့်နေတဲ့အချိန်မှာ အ၀ါရောင်၀တ်ရုံ၀တ်မိန်းကလေးကတော့ မျက်နှာတစ်ခုလုံးနီရဲတဲ့အထိရှက်နေခဲ့ပါတယ်။ အဖြူရောင်၀တ်ရုံ၀တ်ကောင်မလေးကတော့ အနည်းငယ်အံ့အားသင့်ပုံပေါ်ပေမဲ့ သိပ်ပြီအပြောင်းအလဲမရှိခဲ့ပါဘူး။
ဟို့ယွိဟောင်တို့က မီးပုံဘေးမှာထိုင်နေရင်းဘာမှမပြောပဲနဲ့ ဒီအတိုင်မီးသာလုံနေခဲ့တယ်။ ဒီလိုလူတွေရှိနေသရွေ့ သူတို့ရှေ့မှာသွားပြီ ကျင့်ကြံအားထုတ်နေတယ်ဆိုတာ ကောင်းမွန်တဲ့အရာမဟုတ်လောက်ပါဘူး။ အထူးသဖြင့်ဒီလူတွေအားလုံးက အရမ်းအင်အားကြီးကြပါတယ်။
မော့ဖေးယွင်က အားလုံးထဲမှာ ပြောလို့ဆိုလို့အကောင်းဆုံးပါပဲ။ သူက အရင်ဆုံးစကားစလာခဲ့တယ်။
” မိတ်ဆွေလေးတို့ ငါမင်းတို့ကိုဘယ်လိုခေါ်ရမလဲ ”
” ကျွန်တော်နာမည်က ယွိဟောင် ဒါကရှောင်သုန့် တစ်ဖက်ကရှောင်းရှောင်း ”
၀မ်သုန့်ရဲ့နာမည်နဲ့ သူနာမည်ကို အပြည့်အစုံမပြောပြပါဘူး။ ဒါပေမယ့် ရှောင်းရှောင်းရဲ့နာမည်ကတော့ နာမည်ပြောင်းတစ်ခုနဲ့ ဖုံးကွယ်လို့မရတဲ့အတွက် ဒီအတိုင်းသာပြောလိုက်ပါတယ်။
” မင်းတို့လေးတွေငယ်ကြသေးတာပဲ ဒါပေမယ့် ၀ိညာဥ်စွမ်းအားကအတော်လေးသန်မာတယ်…ဒီလိုမျိုးအဖော်မပါပဲနဲ့ သစ်တောထဲကိုလာတာ ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးနော် မင်းတို့တွေအထဲကိုရောက်ခဲ့ပြီးပြီလား ”
” အပြင်နယ်မြေမှာလှည့်ပတ်နေတာ ရက်နည်းနည်းတော့ရှိပါပြီ သတိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်..ဒီတောထဲကို ခပ်နက်နက်မသွားပါဘူး..ဒီနေရာပတ်လည်မှာလဲ သင့်တော်တဲ့၀ိညာဥ်သားရဲကောင်ကို ရှာတွေ့တာနဲ့ထွက်သွားဖို့စီစဥ်ထားတယ် ”
” မင်းတို့တွေဘယ်ကလာတာလဲ မျိုးနွယ်စုတစ်ခုကလား ကျောင်းတော်တစ်ခုကလား ”
” ကြယ်တာရာလော့နိုင်ငံတော်ကနေလာကြတာပါ ကြယ်တာရာလော့ကျောင်းတော်ရဲ့ အဖွဲ့၀င်တွေပါပဲ ”
တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲမှာ ယှဥ်ပြိုင်တုန်းက ကျောင်းတော်နာမည်ကို သူကောင်းကောင်းမသိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့သူပြောချင်တာပြောဖို့နာမည်တွေအများကြီးသိနေခဲ့ပါပြီ။ သူကိုယ်တိုင်ကလဲ ကြယ်တာရာလော့နိုင်ငံတော်သားဖြစ်နေတဲ့အတွက် လေသံကလဲ ဒီနိယာမအတိုင်းဖြစ်နေတာမဆန်းပါဘူး။ ဒါကြောင့် ကြယ်တာရာလော့နိုင်ငံတော်ကျောင်းတော်ကိုအသုံးပြုရင်း သူတို့ရဲ့တကယ်စစ်မှန်တဲ့နောက်ကြောင်းကို ဖုံးကွယ်ဖို့ကအသင့်တော်ဆုံးဖြစ်နေခဲ့တယ်။
ဒါ့အပြင် အဓိကအဖွဲ့နဲ့ တိုက်ခိုက်တဲ့အချိန်မှာကြယ်တာရာလော့နိုင်ငံတော်ရဲ့ကျောင်းတော်အဆင့်အတန်းအကြောင်းကို သူအတော်လေးရင်းနှီးခဲ့ပါတယ်။ ဒီကျောင်းတော်ကို မင်းသမီးကျိုးကျိုးက ဦးဆောင်တာဖြစ်ပြီ ကြယ်တာရာသစ်တောကလဲ ကြယ်တာရာလော့နိုင်ငံတော်ရဲ့အတွင်းထဲမှာရှိတဲ့နယ်မြေတစ်ခုဖြစ်နေခဲ့လို့ပါ။
အပိုင်း ၁၄၃•၁ ပြီး၏။