Switch Mode

Chapter – 142.2

အမှောင်ထုအပြာရောင်ငွေမြက်ပင်

အပိုင်း ၁၄၂•၂

” အမှောင်ထုအပြာရောင်ငွေမြက်ပင် ”
°°°
” အိုးကြီးကတကယ်မာတာပဲ ”

ဟို့ယွိဟောင်က ချီးမွှမ်းပါတော့တယ်။ သူက အတော်ဝေးဝေးကို လွှင့်ထွက်သွားပြီတဲ့နောက်မှသာ သူကိုယ်သူပြန်ထူနိုင်ခဲ့တာပါ။ ဒါတောင်မှ ရေခဲဧကရီရဲ့ဆူးချွန်ကို သူသုံးထားပါသေးတယ်။ ဒီအိုးကြီးရဲ့အစွမ်းက ဘယ်လောက်အထိအင်အားကြီးလဲဆိုတာ ကြည့်ရုံနဲ့တင် သိနေခဲ့ပါပြီ။

အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးကတော့ ခမ်းနားတဲ့အရှိန်အ၀ါတွေနဲ့သာ အေးအေးဆေးဆေးရှိနေခဲ့ပါတော့တယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ရွှေအိုရောင်အလင်းတန်းတွေကသာ အသက်၀င်လာပုံနဲ့ အိုးကြီးရဲ့ဘေးပတ်လည်မှာ လှည့်ပတ်လို့နေခဲ့ပါတယ်။

” ငါရဲ့တတိယ၀ိညာဥ်စက်ကွင်းက ငါ့ကို အိုးကြီးရဲ့စွမ်းပကားဆိုတဲ့ နှစ်တစ်ထောင်စွမ်းရည်ကို ထုတ်ပေးတယ်လေ ဒါကြောင့် ဒီအိုးကလုံး၀ကိုပြောင်းလဲသွားတယ်…အကယ်၍ ဒီအိုးကိုရွှေအိုရောင်၀က်၀ံသာပိုင်ဆိုင်ထားမယ်ဆိုရင် သူရဲ့ခုခံနိုင်စွမ်းက အနည်းဆုံးသုံးဆတက်သွားမှာပဲ ”

” ဒါ့အပြင် ဒီအိုးကြီးရဲ့စွမ်းပကားက တခြာ၀ိညာဥ်စွမ်းရည်နှစ်ခုနဲ့ ထပ်ပြီးပေါင်းသုံးမယ်ဆိုရင် ငါကိုပိုပြီးသန်မာစေလိမ့်မယ်…ဒီ၀ိညာဥ်စွမ်းရည်ကြောင့် တော်တော်များများတိုးတက်သွားတယ်လို့ပြောရမှာပေါ့ အခုအလွယ်တကူဖျက်ဆီးပြစ်ဖို့ အဆင်မပြေတော့ဘူး…အိုးကြီးရဲ့တုန်ခါမှုကိုကြည့်ကြစမ်းပါ ”

အဲ့ဒီနောက် သူအော်ရင်းနဲ့ လှုပ်ရှားလိုက်ချိန်မှာ မိုးကြိုးလိုအသံတွေနဲ့အတူ ရွှေရောင်ရင့်ရင့်အလင်းတန်းတွေက အပြင်ဘက်သုံးမီတာဆီကို ဆန့်ထွက်လို့လာပါတော့တယ်။ မြေကမ္ဘာကြီးရဲ့ပတ်ပတ်လည်နေရာတစ်ခုလုံးက တုန်ခါလို့သွားခဲ့ပြီ အိုးကြီးကလဲ အောက်ဖက်တစ်မီတာအထိကို နိမ့်ဆင်းလို့သွားခဲ့ပါတယ်။ အားကောင်းတဲ့လှိုင်းတွေက လေထုကိုတောင် တုန်ခါလို့သွားစေခဲ့တယ်။

ဟို့ယွိဟောင် ၀မ်သုန့်အနေနဲ့ အဲ့ဒီနေရာပတ်လည်မှာ ရပ်မနေပေမဲ့ တုန်ခါမှုကိုတော့ ခံစားလိုက်ရပါတယ်။ ရှောင်းရှောင်းရဲ့တတိယ၀ိညာဥ်စွမ်းရည်ကြောင့် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က အများကြီးပိုပြီး အစွမ်းထက်လာခဲ့ပါပြီ။

” တကယ်ကိုကောင်းလိုက်တာ ထိန်းချုပ်နိုင်တယ် ခုခံနိုင်တယ် အရွယ်အစားကြီးနိုင်တယ်..မင်းရဲ့အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးက တကယ်အားကောင်းတဲ့၀ိညာဥ်လက်နက်ပဲ ”

၀မ်သုန့်ကလဲ ချီးမွမ်းနေခဲ့ပါတယ်။ ရှောင်းရှောင်း၀ိညာဥ်စွမ်းအားတိုးတက်လာမှုက သူတို့အဖွဲ့ရဲ့ အင်အားတိုးလာတာနဲ့ ထပ်တူကျနေပါတယ်။

အမျက်ဒေါသရဲ့ မိစ္ဆာခုနှစ်ဖော်ထဲမှာ သူတို့သုံးယောက်ရဲ့အင်အားက အနည်းဆုံးပါပဲ။ ဒါကြောင့် သူတို့ရဲ့အထက်အစ်ကိုကြီးအစ်မကြီးတွေကို လိုက်မီစေဖို့အတွက် ဆန္ဒပြင်းပြတယ်ဆိုတာ ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမယ့် သူတို့သုံးယောက်စလုံးက အမြွှာသိုင်းပညာ၀ိညာဥ်တွေကို ပိုင်ဆိုင်ထားတဲ့အတွက် အနာဂတ်အလားအလာကလဲ အကောင်းဆုံးဖြစ်နေခဲ့ပါတယ်။

” အတန်းခေါင်းဆောင် ငါရဲ့လက်တစ်ခုလုံးပျက်စီးမတတ်ဖြစ်အောင်လုပ်သွားခဲ့တဲ့ ၀ိညာဥ်စွမ်းရည်ကို ပြစမ်းပါဦး ”

ရှောင်းရှောင်းကလဲ လက်ရှိအချိန်အထိ အဲ့ဒီ၀ိညာဥ်အရိုးကို အနည်းငယ်လန့်နေဆဲပါ။ အကယ်၍ ဟို့ယွိဟောင်သာ အဲ့ဒီအင်အားကို မစုပ်ယူနိုင်ခဲ့ဘူးဆိုရင် သူမရဲ့ညာလက်ကတော့ ပျက်စီးသွားလောက်ပါပြီ။

ဟို့ယွိဟောင်ခေါင်းညိတ်ရင်းနဲ့ လက်ကိုမြောက်လိုက်ပါတော့တယ်။ ချက်ချင်းဆိုသလို ချွန်ထက်တဲ့လက်သည်းငါးချောင်းက ပေါ်လာခဲ့ပါပြီ။

” ဒီအရိုနဲ့ပေါင်းစပ်ဖို့က အတော်လေးခက်လိုက်တယ်…ဒါပေမယ့် သာမန်၀ိညာဥ်အရိုးတွေနဲ့လုံး၀မတူဘူး…ပုံသဏ္ဍာန်က နှစ်မျိုးရှိတယ်..ပထမတစ်ခုက ငါတို့အခုမြင်နေရတဲ့ သာမန်ပုံစံမျိုးပဲ နောက်တစ်ခုက ၀ိညာဥ်စွမ်းရည်တိုက်ခိုက်တဲ့အချိန်မှာ ဖြစ်လာတာ တစ်ချက်ကြည့်လိုက် ”

ဟို့ယွိဟောင် ပြောပြီတာနဲ့ ကျောက်တုံးတစ်တုံးကိုအသုံးပြုပြီး တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။ အဲ့ဒီနောက် ညာဘက်လက်ကိုအသုံးပြုရင်း ကျောက်တုံးကိုလေထဲပြစ်လိုက်ပြီ ခုတ်ချလိုက်ချိန်မှာတော့ ကျောက်တုံးက အသံတစ်သံတောင်မထွက်ပဲအပိုင်းပိုင်းအစစကွဲသွားခဲ့ပါတယ်။

ကျောက်တုံးအပိုင်းအစတွေက မြေပြင်ပေါ်ကိုခပ်မြန်မြန်ပဲ ပြုတ်ကျသွားခဲ့ပါပြီ။ ရှောင်းရှောင်းနဲ့ ၀မ်သုန့်နှစ်ယောက်လဲ သေချာကြည့်လိုက်ချိန်မှာတော့ ဒီကျောက်တုံးက အရမ်းကိုသေသေသပ်သပ်နဲ့ အပိုင်းပိုင်းဖြတ်ထားခံရမှန်း သိသွားပါတော့တယ်။

” ဒါကပဲပြားတုံးလှီးသလို လွယ်နေတာပဲ အရမ်းကိုထက်လိုက်တာ ”

” ဒါကိုမြင်မှတော့ မင်းငါ့ကိုအကြွေးတင်တယ်လို့ မခံစားနဲ့တော့ ငါလဲ ငါအတွက်အရမ်းကောင်းတဲ့၀ိညာဥ်အရိုးတစ်ခုကို ရလိုက်တယ်လေ…ဒါကအရမ်းကိုအစွမ်းထက်နေတာ အံ့ဩစရာမရှိဘူး…ဒီလိုအစွမ်းအစကြောင့်ပဲ သူက တောတစ်ခုလုံးထဲမှာ အန္တရာယ်အများဆုံးသားရဲကောင်ဖြစ်နေရတာလေ ”

” မတူဘူးလေ အတန်းခေါင်းဆောင်ရဲ့ ငါသိပါတယ် ”

” ကောင်းပြီ ထပ်ပြီမပြောနဲ့တော့ ဒီ၀ိညာဥ်စွမ်းရည်ပုံစံကို ငါပြဦးမယ် ”

အဲ့ဒီနောက် သူပြောရင်းနဲ့ ညာလက်လက်ကိုအသုံးပြုကာနောက်တစ်ကြိမ် လေထဲကိုဝှေ့ရမ်းလိုက်ပါတယ်။ ရွှေအိုရောင်အလင်းတန်းတွေက အပြင်ကိုဆန့်ထွက်လို့သွားချိန်မှာတော့ ကြောက်စရာလက်သည်းတွေက သုံးမီတာကျော်အထိကို ရှည်လျားလို့သွားခဲ့ပါပြီ။ ဒီလိုရှည်လျားသွာခဲ့တဲ့ အလင်းတန်းပုံရိပ်က မြေပြင်ဆိီကိုထိုးကျနေခဲ့ပါတယ်။

မြေပြင်ပေါ်မှာဘာဖုန်မှထမသွားပေမဲ့ သုံးမိီတာကျော်ရှည်လျားတဲ့အစင်းကြောင်းငါးခုကတော့ ပေါ်ထွက်လို့လာခဲ့တယ်။ လေထုတစ်ခုလုံးတောင် ခုတ်ပိုင်းခံလိုက်ရသလိုပါပဲ။ ဟို့ယွိဟောင် အဲ့ဒီလိုလှုပ်ရှားလိုက်ချိန်မှာလေထုတစ်ခုလုံး ပဲ့တင်တုန်ခါသံတွေတောင် ကျန်နေခဲ့ပါသေးတယ်။

” မင်းရဲ့အိုးကြီးရဲ့စွမ်းပကားကို ဒီအကြောက်လက်သည်းနဲ့ စမ်းကြည့်ချင်သေးလား ”

” တော်ပါပြီ ကျေးဇူးပဲ ”

ရှောင်းရှောင်း ခေါင်းခါရုံတင်မက ခြေထောက်တွေရော လက်တွေရောခါပြီတော့ပါ သူအိုးကြီးကို ခပ်မြန်မြန်ပြန်သိမ်းလိုက်ပါတော့တယ်။

” ဒါကိုသုံးတဲ့အချိန် မင်း၀ိညာဥ်စွမ်းအားဘယ်လောက်ကုန်လဲ ”

၀မ်သုန့်က မေးလိုက်ပါတယ်။

” အဆင်ပြေပါသေးတယ်…အနည်းဆုံးတော့ နှစ်နှစ်ထောင်၀ိညာဥ်စွမ်းရည်ပဲလေ မူလပုံစံနဲ့ဆိုရင် သိပ်ပြီမကုန်ဘူး….ဒါပေမယ့် ငါရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေတယ်ဆိုတော့ လက်နဲ့သိပ်မကွာဘူးလေ ၀ိညာဥ်စွမ်းရည်ကိုအသုံးပြုမယ်ဆိုရင် တစ်ခေါက်သုံးရင်း တစ်ဆယ်ရာခိုင်နှုန်းလောက်ကုန်တယ်..အကြီးအကဲရွှမ်ပြောတာမှန်တယ်…ဒီလိုပေါင်းစည်းတဲ့နောက်မှာ စွမ်းအားဖြည်းဖြည်းချင်းစုပ်ယူနေတာကို ခံစားမိတယ်…သူတို့တွေက အဆင့်တက်နိုင်မဲ့ပုံပဲ ”

” သွားကြစို့ တောထဲကို၀င်မယ်…ဒီတစ်ကြိမ်နောက်ထပ် ကံကောင်းပါစေလို့ မျှော်လင့်တာပေါ့ ဒါဆိုရင် မင်းရဲ့ခန္ဓာကိုယ်အတွက် သင့်တော်တဲ့တတိယ၀ိညာဥ်စက်ကွင်းကိုလဲ ရနိုင်လိမ့်မယ် ”

” သေချာတာပေါ့ ”

ဟို့ယွိဟောင် ခေါင်းညိတ်လိုက်ပါတယ်။ ၀ိညာဥ်အကြီးအကဲတစ်ယောက်ဖြစ်လာဖို့ဆိုတာက လူတိုင်းအတွက်လိုအပ်တဲ့ကိစ္စပါပဲ။ ၀ိညာဥ်ပညာရှင်တွေအားလုံးအတွက် ကြွားထွားဖို့ပထမဆုံးကြီးမားတဲ့အတားအဆီးကြီးဖြစ်လာမှာလဲဟုတ်နေခဲ့တယ်။

၀ိညာဥ်စွမ်းအားနဲ့ သိုင်းပညာ၀ိညာဥ်တွေက အားနည်းတဲ့အချိန်မှာ တချို့လူတွေက ဒီအတားအဆီးကိုဖြတ်ကျော်နိုင်မှာမဟုတ်ပါဘူး။ ဒီအတားအဆီးကို ဖြတ်ကျော်ပြီတဲ့နောက် ကနဦးအဆင့်မှာရှိနေတော့မှာမဟုတ်ပဲ အလယ်ပိုင်းအဆင့်ကိုရောက်လာပါလိမ့်မယ်။ သူတို့သုံးယောက်က သာမန်၀ိညာဥ်ပညာရှင်တွေမဟုတ်တဲ့အတွက် သေချာပေါက် ဖြတ်ကျော်ဖို့ကမဖြစ်မနေလိုအပ်နေဆဲပါ။

သစ်တောထဲကိုသိမ်းဆည်းပြီတဲ့နောက် ဆက်ပြီ၀င်လာခဲ့ပါတယ်။

ခပ်မြန်မြန်ပဲ ဆယ်မိုင်ကျော်ကိုသူတို့ဖြတ်ကျော်လာခဲ့ပါပြီ။ ဟို့ယွိဟောင်က ဦးဆောင်လာခဲ့ရင်း ၀မ်သုန့်နဲ့ရှောင်းရှောင်းတို့က အနောက်ကနေလိုက်လာခဲ့ပါတယ်။ ပထမတစ်ကြိမ်မှာ အတွေ့အကြုံရှိပြီသားဖြစ်တဲ့ ဖြစ်ချိန်မှာတော့ အရင်တစ်ခေါက်ထက်ပိုပြီးတော့ မြန်မြန်ဆန်ဆန်လာနိုင်ခဲ့တယ်။ တစ်နာရီပြည့်သေးခင်အချိန်မှာပဲ ဆယ်မီတာကျော်အထိကို လှည့်လည်သွားခဲ့ပါပြီ။ သင့်တော်တဲ့သားရဲကောင်ကို သူတို့စတင်ရှာဖွေကြတော့တယ်။

စိတ်၀ိညာဥ်အမျိုးအစားသားရဲကောင်ကိုရှာဖို့က မလွယ်ကူပေမဲ့ ခက်မယ်လို့လဲ မထင်ပါဘူး။ နောက်ဆယ်ရက်ကျော်အထိ သစ်တောရဲ့တစ်၀က်နီးပါးကို သူမွှေနှောက်ပြီရှာဖွေနေခဲ့ပေမဲ့ သစ်တောထဲသားရဲကောင်တစ်ကောင်မှ မတွေ့ပါဘူး။

စိတ်၀ိညာဥ်သားရဲကောင်ရဲ့တွေ့ပေမဲ့ အားလုံးက အတော်လေးကို အားနည်းနေသလိုတချို့ကလဲ အရွယ်မရောက်သေးပါဘူး။ ဒါကြောင့် သူ့အနေနဲ့လဲ ဆယ်နှစ်၀ိညာဥ်စက်ကွင်းနဲ့ နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းတွေနဲ့ ပေါင်းစည်းလို့မဖြစ်သင့်တာကြောင့် မယူပဲနေခဲ့ရပါတယ်။

အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့နည်းဗျူဟာကိုလဲ ပြောင်းလဲရပါတယ်။ မူလအခြေအနေက ဒီ၀ိညာဥ်သားရဲကောင်တွေ သူတို့ကို အရင်ရန်ပြုပြီမတိုက်ခိုက်သရွေ့ ဘယ်သူကိုမှမတိုက်ခိုက်ဖို့ပါ။ ဒီလိုနည်းနဲ့ပြဿနာတော်တော်များများကို ရှောင်ရှားနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စက အဆင့်မြင့်တဲ့သားရဲကောင်တွေကို မဆွဲဆောင်နိုင်ပါဘူး။

ဒီဆယ်ရက်တာအတွင်းမှာ အကျိုးအမြတ်လဲအတော်ကိုရခဲ့ပါတယ်။ အန္တရာယ်ကြုံလာတဲ့အချိန်တိုင်း ကြယ်တာရာသစ်တောထဲမှာ သတိရှိရှိနေတာကြောင့် အခြေအနေတွေမကောင်းတော့ဘူးဆိုရင် ပူးပေါင်းပြီအဆုံးစွန်းအထိ ပြန်တိုက်ခိုက်ကြပါတယ်။ သူတို့အနေနဲ့ တံခါးပိတ်ကျင့်ကြံမှုကြောင့် အင်အားတွေကိုပိုမိုနားလည်ထားသလို ဒီလိုတိုက်ခိုက်မှုအတွေ့အကြုံတွေကြောင့်လဲ ပူးပေါင်းဆောင်ရွက်မှုက ပိုမိုကောင်းမွန်လာခဲ့ပါတယ်။

နှစ်နှစ်ထောင်သားရဲကောင်တွေက သူတို့အတွက်ခြိမ်းခြောက်မှုမဟုတ်တော့ပါဘူး။ ဒါက၀ိညာဥ်သားရဲကောင်တစ်ကောင်တစ်လေကိုတွေ့ရင်း ဖြေရှင်းတဲ့ကိစ္စပါ။ အုပ်လိုက်ကြီးတွေ့မယ်ဆိုရင်တော့ ထွက်သာပြေးကြရပါတယ်။

ဆယ်ရက်တာလေ့ကျင့်ပြီတဲ့နောက် သူတို့ရဲ့စိတ်ပိုင်ဆိုင်ရာနဲ့ အသိပညာတွေအားလုံးက တော်တော်လေးကို တိုးတက်လာပါတော့တယ်။ ဒါတွေကအရေးကြီးတဲ့အရာတွေပါပဲ။ အကြီးအကဲရွှမ်ဒီဆယ်ရက်အတွင်းမှာ ပေါ်မလာခဲ့သလို သူတို့နောက်မလိုက်လာခဲ့တဲ့အတိုင်း ရှိနေခဲ့ပါတယ်။ ကလေးတွေကို လွှတ်လွှတ်လပ်လပ်လှုပ်ရှားစေဖို့သာ သူတက ခွင့်ပြုထားခဲ့တယ်။

နောက်ဆုံးမှာတော့ အခုဘာကြောင့်အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းတပည့်သားဖြစ်မလာခဲ့ရလဲဆိုတာ ဟို့ယွိဟောင်နားလည်တော့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးအတွက် သင့်တော်တဲ့၀ိညာဥ်စက်ကွင်းကိုရဖို့က ခက်ခဲလွန်လှသလို ကံကောင်းမှုကလဲ အစောပိုင်းတုန်းက ရွှေအိုရောင်အကြောက်တရားလက်သည်းရဲ့၀က်၀ံနဲ့ တွေ့ဆုံရချိန်မှာအဆုံးသတ်ပြီသားနဲ့တူနေခဲ့တယ်။

နောက်တစ်ကြိမ် အမှောင်ထုရောက်ရှိလာခဲ့ပြန်ပါပြီ။ သူတို့သုံးယောက်လဲအနားက မိုင်သုံးဆယ်အကွာမှာရှိနေတဲ့တောင်ပေါ်မှာ နားလိုက်ကြပါတယ်။ တဲလေနှစ်ခုထဲမှာ သူတို့အိပ်ဖို့ရွေးချယ်ခဲ့ကြတယ်။

” ယွိဟောင် ငါတို့ဒီအတိုင်းဆက်သွားလို့မဖြစ်ဘူး…တောကိုပတ်တာတစ်၀က်လောက်ကုန်တော့မယ်..ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် မင်းနဲ့သင့်တော်တဲ့သားရဲကောင်ကိုတွေ့မှာမဟုတ်ဘူး ”

၀မ်သုန့်က မျက်မှောင်ကြုတ်ရင်း ဟို့ယွိဟောင်အသားကင်တာကို ထိုင်စောင့်ပြီပြောနေခဲ့တယ်။

” ငါရဲ့သင့်တော်မဲ့သားရဲကောင်ကိုရှာဖို့ခက်တာအမှန်ပဲ စိတ်၀ိညာဥ်အမျိုးအစားသားရဲကောင်ဆိုတာကတင် ရှားနေပြီ သင့်တော်တာကိုရှာဖို့က ပိုခက်သေးတယ် ”

” အတန်းခေါင်းဆောင်ငါတို့အထဲပ်ိုပြီ၀င်သွားရင်ရော ငါတို့နောက်ထပ် ဆယ်မိုင်လောက်ထပ်၀င်မယ်ဆိုရင် တွေ့မဲ့သားရဲကောင်အရေအသွေးက ပိုမြင့်လာမယ်လို့ထင်တယ် ”

ဟို့ယွိဟောင် တိတ်ဆိတ်နေခဲ့ပါတယ်။ အကြီးအကဲရွှမ် ကာကွယ်နေမှာကိုသိပေမဲ့ သူတို့တွေအားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့ ပါရမီရှင်တွေပါ။

ဒါ့အပြင် ထူးခြားတဲ့အခြေအနေမဟုတ်သရွေ့အကြီးအကဲရွှမ်က ၀င်ရောက်စွက်ဖက်မှာမဟုတ်ပါဘူး။ ဆယ်ရက်တာကျင့်ကြံမှုရုံနဲ့တင် အဖက်ဖက်တိုးတက်မှုကို သူတို့သိနေခဲ့ပါတယ်။ ဒါက အထူးသဖြင့်ရှောင်းရှောင်းက ပိုသင့်တော်နေခဲ့တယ်။ သူမက သူ့ရဲ့အိုးကြီးအစွမ်းတွေကိုပိုပြီး ကောင်းကောင်းသုံးနိုင်နေခဲ့ပါပြီီ။ ဒါ့အပြင် သူမရဲ့အိုးကြီးရဲ့စွမ်းပကားကိုအသုံးပြုကာ တိုက်ပွဲရဲ့ရလဒ်တစ်ခုလုံးကိုတောင် တစ်ချက်ထဲနဲ့ဆုံးဖြတ်ပြီးနေပြီဖြစ်ပါတယ်။

” ငါသဘောတူတယ်ယွိဟောင် ငါတို့အများကြီးမစဥ်းစားနဲ့တော့ နှစ်တစ်သောင်း၀ိညာဥ်သားရဲကောင်ကို ငါတို့ပူးပေါင်းပြီရင်ဆိုင်လို့ရတာပဲ အနည်းဆုံးတော့ အသက်အန္တရာယ်မရှိလောက်ဘူး…အကယ်၍ ငါတို့သာ နောက်ဆယ်မိုင်လောက်ထပ်၀င်သွားမယ်ဆိုရင် သစ်တောရဲ့အလယ်ဗဟိုနဲ့ တော်တော်လေးဝေးဝေးမှာရှိနေဦးမယ်…ငါတို့တွေ နှစ်တစ်ရာသားရဲကောင်ကို သိပ်ပြီမတွေ့ရတော့တာ မင်းမြင်သားပဲ ”

” အကယ်၍ ငါတို့သာကောင်းကောင်းသတိထားမယ်ဆိုရင် မင်းရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုနဲ့ ပေါင်းလို့ကတော့ အများကြီးအန္တရာယ်ရှိတော့မှာမဟုတ်ဘူး… အကြီးအကဲရွှမ်က ငါတို့အသားကင်ကိုစားဖို့ပေါ်မလာသေးပေမဲ့ ဒါကငါတို့ကိုပွင့်လင်းစေချင်တာကြောင့်လဲ ဖြစ်ကောင်းဖြစ်နိုင်တယ်…ငါတို့ရဲ့၀ိညာဥ်စွမ်းအားတွေနဲ့ ရှင်သန်ရတဲ့အတွေ့အကြုံက ဒီအချိန်အတွင်းမှာတော်တော်များများတိုးတက်လာတာကို မင်းလဲသိတယ်မလား ”

” ကောင်းပြီလေ ငါတို့အထဲ၀င်ကြမယ် …ဒါပေမယ့် ဒီကိစ္စကိုအရင်ပြောမယ်..အကယ်၍ ငါတို့သာနှစ်တစ်သောင်းသားရဲကောင်နဲ့ တွေ့မယ်ဆိုရင် ဒီတိုက်ပွဲနေရာကနေ ခပ်မြန်မြန်ထွက်ရမယ် ”

အဖွဲ့ခေါင်းဆောင်အနေနဲ့ အားလုံးအသက်အန္တရာယ်အတွက်သူကတာ၀န်ယူရမှာပါ။ ဒါ့အပြင် သူတို့အနေနဲ့ သူတို့လက်ရှိစွမ်းအားတွေကို ပိုမိုနားလည်ဖို့ပဲလိုပါသေးတယ်။ ဟို့ယွိဟောင်အနေနဲ့ နောက်ထပ်အများကြီးမတောင့်ခံနေတော့ပါဘူး။ အကြီးအကဲရွှမ်က သူတို့ကိုဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်နေမှာပါ။ သူတို့သုံးယောက်လဲ စားသောက်ပြီတဲ့နောက် အနားယူလိုက်ကြပါတယ်။

ဟို့ယွိယောင်နဲ့ ၀မ်သုန့်နှစ်ယောက်က တဲတစ်ခုထဲမှာကျင့်ကြံနေကြပြီ။ ရှောင်းရှောင်းကတော့ တဲတစ်ခုမှာသူ့ဘာသာသူအိပ်ပါတယ်။

ဟို့ယွိဟောင်က ထူးဆန်းကျောက်စိမ်းလက်ကိုအများကြီးကျွမ်းကျင်နေပြီဆိုပေမဲ့ စွမ်းအားရဲ့တိုးတက်မှုက စုဆောင်းမှုအပေါ်မှာမူတည်နေတယ်ဆိုတာကို သူသိနေဆဲပါ။ ဒီလိုယာယီတိုးတက်မှုက သူတို့ကိုမထိခိုက်နိုင်စေပါဘူး။ ဒါ့အပြင် ၀ိညာဥ်စက်ကွင်းကိုရဖို့က မရှိမဖြစ်လိုအပ်သလို ၀ိညာဥ်စက်ကွင်းကိုရရင်လဲ တိုးတက်မှုကပိုများပါလိမ့်မယ်။

အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတစ်ယောက်ဖြစ်တဲ့ မဟာပညာရှင်က လောကကြီးရဲ့ပညာရှင်တွေထဲမှာ အဓိကယှဥ်ပြိုင်မှုအင်အားတွေကို သူသေချာလေ့လာခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းတော်ရဲ့အဓိကအခြေခံခိုင်မှုက ကြီးမားတဲ့အခန်းကဏ္ဍအဖြစ်ပါ၀င်နေခဲ့တာကို သူသိနေခဲ့တယ်။

ညနက်ထဲမှာကျင့်ကြံနေရင်း ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးတွေက စတင်လှုပ်ရှားနေခဲ့ပါပြီ။ အဲ့ဒီနောက် သူမျက်လုံးကိုခပ်မြန်မြန်ဖွင့်လိုက်ချိန်မှာတော့ ရွှေရောင်အလင်းတန်းက စတင်တောက်ပလာပါတော့တယ်။ ဟောင်သုန့်စွမ်အားကလဲ ခပ်မြန်မြန်ပဲလှည့်ပတ်နေခဲ့ပါပြီ။

” ဘာဖြစ်လို့လဲ ယွိဟောင် ”

၀မ်သုန့်က တအံ့တဩမေးလာခဲ့တယ်။

” ငါတို့လုပ်စရာရှိပြီ ငါသွားပြီတစ်ချက်ကြည့်လိုက်မယ်..ရှောင်းရှောင်းထတော့ လူတစ်အုပ်က ကြယ်တာရာသစ်တောထဲကို ၀င်ဖို့လုပ်နေတယ် ”

” ကောင်းပြီလေ ”

အပိုင်း ၁၄၂•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset