Switch Mode

Chapter – 142.1

အမှောင်ထုငွေမြက်ပင်

အပိုင်း ၁၄၂•၁

” အမှောင်ထုငွေမြက်ပင် ”
°°°
မရေမတွက်နိုင်တဲ့ အပြာရောင်ငွေမြက်ပင်တွေက ထန်ယာ့ရဲ့ခြေထောက်အောက်မှာ ပေါ်ထွက်လို့လာခဲ့ပြီ စူးရှတဲ့ဆူးချွန်တွေက အပြင်ဘက်ကိုခပ်မြန်မြန်ပဲ ပြန့်သွားပါတော့တယ်။ သူတို့တွေက လှိုင်းတွေလိုပုံစံနဲ့ အပြင်ကိုပြန့်ထွက်နေခဲ့တာပါ။ ဒီနယ်မြေမှာရှိရှိသမျှ အရာအားလုံးက ကြောက်စရာကောင်းလွန်လှတဲ့ အပြာရောင်ငွေမြက်ပင်တွေနဲ့ ဖုံးလွှမ်းခံလိုက်ရပါတော့တယ်။ မကြာခင်မှာအားလုံးက ခရမ်းပြာရောင်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။

ဖြစ်သွားတာတွေက မြန်ဆန်လွန်လှသလို ထိုင်လီနဲ့ အကြီးအကဲနှစ်ယောက်လဲ ကြီးမားလွန်လှတဲ့ နေရာယူတိုက်ခိုက်မှုမျိုးကို ဘယ်တုန်းကမှမမြင်ဖူးခဲ့ပါဘူး။ အပြာရောင်ငွေမြက်ပင်ဆိုတာက အမြဲတမ်းတွေ့နေကြတဲ့မြက်ပင်တွေထဲက မျိုးစိတ်တစ်ခုပါ။ ဒီလောက်အားကောင်းတဲ့ ၀ိညာဥ်စွမ်းရည်ကို ထုတ်လွှတ်နိုင်မယ်လို့ ဘယ်သူကများတွေးမိမှာလဲ။

၀ိညာဥ်ဘုရင်နှစ်ယောက်ကတော့ ငွေမြက်ပင်တွေရဲ့အဆူးအောက်မှာ နာနာကျင်ကျင်ထိခိုက်နေရပါပြီ။ သူတို့တစ်ကိုယ်လုံးကို ပြင်းထန်တဲ့နာကျင်ထုံထိုင်မှုက စိမ့်၀င်လို့သွားပါတော့တယ်။ လျင်မြန်၀ံပုလွေကို ပိုင်ဆိုင်ထားတဲ့ အကြီးအကဲကတော့ အခြေအနေအနည်းငယ်ပိုကောင်းပေမဲ့ တစ်စုံတစ်ရာကိုမှားယွင်းနေတာကို သိတာကြောင့်အမြန်ခုန်ရှောင်လိုက်ရပါတယ်။ ဒီမြက်ပင်တွေက နှစ်မီတာအမြင့်ကိုရောက်လာခဲ့တာကြောင့် သူ့ရဲ့ခြေဖ၀ါးကိုသာ ဖောက်ထွက်လို့သွားခဲ့တယ်။ တစ်ဖက်မှာရှိတဲ့ အကြီးအကဲကတော့ တစ်ကိုယ်လုံးကို အဖောက်ခံလိုက်ရတာပါ။

၀ိညာဥ်စွမ်းအားတွေအားလုံးကိုအသုံးပြုရင်း ဒါတွေကိုဖျက်ဆီးဖို့လုပ်ပေမဲ့ သူတစ်ကိုယ်လုံးကသွေးတွေအပြည့် ဖြစ်နေခဲ့ပါပြီ။ အသက်စွမ်းအားကိုလဲ အပြာရောင်ငွေမြက်ပင်တွေက စုပ်ယူလို့သွားခဲ့ပါတယ်။

လျင်မြန်၀ံပုလွေကို ပိုင်ဆိုင်ထားတဲ့အကြီးအကဲကရော ကပ်ဆိုးကနေလွှတ်မြောက်နိုင်မှာလား။ သေချာပေါက် သူလဲမလွှတ်ပါဘူး။ ခြေထောက်ကိုသာ ဖောက်ခံလိုက်ရပေမဲ့ ထုံထိုင်နာကျင်မှုကြောငိ့ အောက်ဖက်ကိုတန်းတန်းမတ်မတ် ပြုတ်ကျလာတာကြောင့် တစ်ကိုယ်လုံးတောင့်တင်းနေခဲ့ပါတော့တယ်။ အပြာရောင်ငွေမြက်ပင်တွေက သူ့ကိုဆက်တိုက်တိုက်ခိုက်နေခဲ့သလို ထုံထိုင်နာကျင်လွန်တာကြောင့် သူလဲ အပြည့်အ၀မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ ဒီအတိုင်းပဲ၀ါးမြိုခံလိုက်ရပါပြီ။

နှစ်ယောက်စလုံးက အားနည်းတဲ့သူတွေမဟုတ်ခဲ့သလို မိစ္ဆာ၀ိညာဥ်ပညာရှင်ပေါ်ထွက်လာတဲ့ကိစ္စကြောင့်သာ ထိတ်လန့်ပြိီတုန့်ပြန်မှုတွေမှားယွင်းကုန်တာလဲဖြစ်ပါတယ်။ ဒါ့အပြင် ထန်ယာ့ရဲ့ စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်က အရမ်းကို ကြောက်စရာကောင်းနေခဲ့တယ်။ အကယ်၍ သာမန်အပြာရောင်ငွေမြက်ပင်သာဖြစ်မယ်ဆိုရင် သူတို့အနေနဲ့ တိုက်ခိုက်နိုင်စွမ်းကို ယာယီသာဆုံးရှုံးမှာပါ။ အမှောင်ထုငွေမြက်ပင်ကတော့ ကြောက်စရာကောင်းလွန်လှတဲ့ ညို့ငင်နိုင်စွမ်းကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ၀ိညာဥ်ဘုရင်နှစ်ယောက်ရဲ့အင်အားက လက်ရှိအချိန်မှာ သူတို့အတွက်တော့ အားဆေးတွေဖြစ်သွားခဲ့ပါပြီ။

ထန်ယာ့က ဒီတိုက်ခိုက်မှုကိုထုတ်သုံးပြီချိန်မှာ ဖြူဖျော့လို့သွားခဲ့ပေမဲ့ ၀ိညာဥ်ဘုရင်နှစ်ယောက်ကြောင့် ချက်ချင်းအင်အားပြန်ပြည့်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်သူမအနေနဲ့ ရန်သူတော်ကြီးတစ်ယောက်ကို ရင်ဆိုင်ရဦးမှာလဲဖြစ်ပါတယ်။

မီးခိုရောင်အလင်းတန်းတွေက သံမဏိလက်မောင်း၀က်၀ံကို ဖုံးလွှမ်းလို့ထားခဲ့ပါပြီ။ သူ့ရဲ့ပဥ္စမမြောက်၀ိညာဥ်စက်ကွင်းက အရမ်းကိုတောက်တောက်ပပနဲ့ လင်းလက်လို့နေခဲ့တယ်။ အပြာရောင်ငွေမြက်ပင်တွေက သူ့ကို၀ါးမြိုဖို့ကြိုးစားပေမဲ့ လက်ရှိအချိန်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ကြပါဘူး။ ထန်ယာ့ဆီကို အရှိန်ပြင်းပြင်းနဲ့ ပြေး၀င်လို့လာခဲ့ရင်း ထန်ယာ့ရဲ့ခေါင်းကိုလက်မောင်းကြီးနဲ့ ရိုက်ချဖို့လုပ်ပါတော့တယ်။

ထန်ယာ့စတုတ္ထမြောက်၀ိညာဥ်စွမ်းရည်က အရမ်းကိုအင်အားကြီးပေမဲ့ သူမက လက်ရှိအချိန်မှာ မလှုပ်ရှားနိုင်သေးပါဘူး။

” နင်လဲသေပေတော့ ”

ထန်ယာ့က အော်ဟစ်လိုက်ချိန်မှာတချွင်ချွင်မြည်သံတွေက ထွက်ပေါ်လို့လာခဲ့ပြီ များပြားတဲ့လျှို့၀ှက်လက်နက်တွေက သူမရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းဘက်ပေါင်းစုံဆီကနေ ထွက်ပေါ်လာတော့တယ်။

လက်ထဲမှာတော့ နဂါးမုတ်ဆိတ်အပ်တွေလဲ ရှိနေခဲ့ပါတယ်။

သူမသေရမယ်ဆိုရင်တောင် ထိုင်လီကိုသူမနဲ့အတူ အပါခေါ်သွားဖို့အတွက် တွေးထားခဲ့တယ်။ ဒါကြောင့် ရှိရှိသမျှလျှို့၀ှက်လက်နက်တွေအားလုံးကို သူမ၀ါးမြိုထားတဲ့ စွမ်းအားတွေနဲ့အတူ ထုတ်လွှတ်လိုက်တာပါ။

ထိုင်လီက ၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းက တောက်ပလ်ို့လာခဲ့ပါတယ်။ သူ့ရဲ့လက်မောင်းကြီးက ပိုမိုအရွယ်အစားကြီးလာခဲ့ပြီ မူလထက်ကို သုံးဆမကပိုကြီးမားလို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် အဲ့ဒီလက်မောင်းတွေကိုအသုံးပြုရင်း လျှို့၀ှက်လက်နက်တွေရဲ့ တိုက်ခိုက်မှုတွေအားလုံးကို တားဆီးလိုက်တယ်။

ကြောက်စရာကောင်းလွန်လှတဲ့အင်အားက ထန်ယာ့ရဲ့ဆံပင်တွေကိုတောင် လွှင့်သွားစေခဲ့ပါတယ်။ သူမက ထိုင်လီရဲ့လက်သည်းအောက်မှာ သေတော့မတတ်ဖြစ်သွားခဲ့တာပါ။

၀ိညာဥ်ဘိုးဘေးတစ်ယောက်ဖြစ်တဲ့သူမက မျိုးနွယ်စုတစ်ခုလုံးနဲ့ ၀ိညာဥ်ဘုရင်နှစ်ယောက်ကို သတ်လိုက်နိုင်တာကတင် ဂုဏ်ယူစရာကောင်းနေခဲ့ပါပြီ။ ဒါပေမယ့် သူမရဲ့ မဆင်မခြင်နိုင်မှုကြောင့် ပေးဆပ်ရမဲ့တန်ဖိုးကရှိစမြဲပါပဲ။ အဲ့ဒီတန်ဖိုးကတော့ သူမရဲ့အသက်ပါ။

” အဖေနဲ့ အမေ ကျွန်မ အဖေနဲ့အမေကိုလာရှာတော့မယ် ”

ထန်ယာ့က မျက်လုံးကိုပိတ်လိုက်ရင်း စိတ်လျှော့လိုက်ချိန်မှာတော့ မျက်ရည်နှစ်စက်ကသူမရဲ့မျက်လုံးထောင့်ကနေ စီးကျလို့သွားခဲ့ပါတယ်။ သူမက မကြောက်လန့်ခဲ့ပါဘူး။ သေခြင်းတရားကိုရင်ဆိုင်ရချိန်မှာတော့ သူမရဲ့စိတ်ထဲကို ပေ့ပေ့ရဲ့ပြုံးနေတဲ့မျက်နှာက ပေါ်လာခဲ့ပါတယ်။

လက်ရှိအချိန် ထန်ယာ့အနေနဲ့ လွှင့်ထွက်သွားဖို့အနေအထားလုပ်ထားခဲ့ပေမဲ့ ဘယ်လိုနာကျင်မျိုးကိုတောင် မခံစားရပါဘူး။

ရှိရှိသမျှဖိဖိအားတွေအားလုံးပျောက်ကွယ်သွားတာကို သူမခံစားမိလိုက်ပါတယ်။

လူတွေက စိတ်အားထက်သန်ဆုံးအချိန်မှာ ထုံထိုင်မှုက အမြင့်ဆုံးပါ။ ထန်ယာ့အနေနဲ့ စက္ကန့်အနည်းငယ်ကြာပြီမှသာ မျက်လုံးဖွင့်လိုက်ပါတော့တယ်။

သူမရဲ့လေးခုမြောက်စွမ်းရည်ကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ မျိုးနွယ်စုတစ်ခုလုံးမှာလဲ အလောင်းတစ်လောင်းသာကျန်ပါတော့တယ်။ သူမအစောပိုင်းတုန်းက သတ်ဖြတ်ခဲ့တဲ့ တပည့်သားတွေအားလုံးကိုလဲ သူ့ရဲ့နွယ်ပင်တွေက ၀ါးမြိုသွားခဲ့ပါပြီ။

ထန်ယာ့ရဲ့၀ိညာဥ်စွမ်းအားက နောက်တစ်ဆငိ့ကိုမြင့်တက်လို့သွားခဲ့ပါတယ်။ သူမရဲ့အဆင့်က လေးဆယ်လေးကို ရောက်သွားခဲ့ပါပြီ။

လက်ရှိအချိန်မှာတော့ ၀တ်ရုံနက်၀တ်ထားတဲ့ အကြီးအကဲတစ်ယောက်က ထိုင်လီကိုလေထဲမှာ မထားခဲ့ပါတယ်။ အဲ့ဒီအကြီးအကဲက ထန်ယာ့ကို အေးအေးဆေးဆေးကြည့်နေခဲ့ပြီ လက်ကိုမြောက်ရင်း ထိုင်လီကို သူမအရှေ့ပြစ်လွှတ်လိုက်တယ်။

” အခုသူကမင်းအပိုင်းဖြစ်သွားပြီ မင်းစိတ်ကြိုက်လုပ်ချင်တာလုပ်တော့ ”

အကြီးအကဲရဲ့အသံက အရမ်းကိုအေးချမ်းပါတယ်။ ဒါ့အပြင် ဒီနူးညံ့အေးချမ်းမှုထဲမှာ ချစ်ခင်မြတ်နိုးမှုတွေတောင်ပါ၀င်နေခဲ့တယ်။ အဲ့ဒီအကြီးအကဲက သိုင်းပညာ၀ိညာဥ်ကိုထုတ်မသုံးထားပေမဲ့ သံမဏိလက်မောင်း၀က်၀ံရဲ့ ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းက သူ့ကိုဘာမှမလုပ်နိုင်ခဲ့တာ အမှန်ပါ။

ထန်ယာ့က လက်ရှိအချိန်မှာ စိတ်ပိုင်ဆိုင်ရာရော ခံစားချက်စိတ်ပိုင်ဆိုင်ရာရော မတည်မငြိမ်ဖြစ်နေခဲ့ပါတယ်။ ဒီအကြီးအကဲက ဘယ်သူဆိုတာတောင် သူမ မသိတော့ပါဘူး။ အသက်ရှင်နေဆဲဖြစ်နေတဲ့ ထိုငိလီကိုသာ သူကြည့်နေခဲ့ပါတယ်။ သူမရဲ့ရန်သူတော်ကြီးက သူမအရှေ့မှာရောက်နေခဲ့ပါပြီ။ သူမ လက်စားချေနိုင်တော့မှာပါ။ ဒါကြောင့် စိတ်လှုပ်ရှားလွန်လို့ လက်တွေတုန်ရီလာပါတော့တယ်။ သူမရဲ့လက်တွေကိုမြောက်လိုက်ရင်း လက်ချောင်းတွေကိုအသုံးပြုပြီး ထိုင်လီကို မျက်နှာမော့စေရင်း ပြောလာခဲ့တယ်။

” ထိုင်လီ ဒီလိုနေ့မျိုးကို ရောက်လာမယ်လို့ နင်ထင်ထားဘူးလား ငါမိဘတွေကို ရက်ရက်စက်စက်သတ်ပြီ ထန်မျိုးနွယ်ကို ဖျက်ဆီးပြီတဲ့နောက် ဒီလိုဖြစ်လာမယ်လို့ နင်တွေးရောတွေးဖူးလား ဒီနေ့ငါမိဘတွေရဲ့ ၀ိညာဥ်ကိုပူဇော်ဖို့ နင့်ကို ပူဇော်ပစ္စည်းအဖြစ်ငါသုံးပြစ်မယ် ”

ပြောပြီတာနဲ့ ထန်ယာ့ရဲ့လက်တွေက ဆက်တိုက်လှုပ်ရှားပါတော့တယ်။ ရွှေရောင်အလင်းတန်းတွေက ထိုင်လီရဲ့ခန္ဓာကိုယ်ထဲ ထိုးဖောက်လို့သွားခဲ့ပါပြီ။ ထိုင်လီအနေနဲ့ နာကျင်မှုကြောင့် ဆက်တိုက်ဆိုသလို မျက်နှာအမူအရာအမျိုးမျိုးပြောင်းနေခဲ့ပြီ ခန္ဓာကိုယ်ကလဲ မလှုပ်ရှားနိုင်တော့ပါဘူး။ သူတစ်ကိုယ်လုံးက အရိုးတွေအားလုံးကို ချိုးပြစ်ခံလိုက်ရသလိုပါပဲ။

ထန်ယာ့က မျက်လုံးပြူးသွားခဲ့ပါတယ်။ ဒါကြောင့် သူအကြီးအကဲကို ခေါင်းမော့ကြည့်ရင်းပြောလိုက်တယ်။

” သူ့အသံကို ချိတ်ပိတ်ထားတာလား ”

” မင်းက သူ့စကားကိုကြားချင်လို့လား ”

” ဟုတ်တယ် ”

” ကောင်းပြီလေ ”

အကြီးအကဲက သူ့လက်ကိုမြောက်လိုက်ရင်း ထိုင်လီကိုတစ်ချက်ဖိလိုက်ပါတယ်။ ထိုင်လီရဲ့အော်သံကြီးက လက်ရှိအချိန်မှာ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီလိုကြောက်လန့်ပြီ နာကျင်နေတဲ့အသံက သူ့ကိုချိတ်ပိတ်ထားခဲ့တဲ့ အကြီးအကဲကိုတောင် အနည်းငယ်တုန်သွားစေခဲ့တယ်။ ထျန်းဟွမ်မြို့တော်ကြီးရဲ့ မြို့တစ်၀က်နီးပါးတောင် သူ့အသံကိုကြားရမှာပါ။

ထိုင်လီရဲ့ခန္ဓာကိုယ်က စတင်ပြောင်းလဲလာပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်အပြင်ဘက်ဆီကို လက်သီးဆုပ်အရွယ်အညှောင့်ကြီးတစ်ညှောင့်က ထိုးထွက်လို့လာခဲ့ပြီ စက္ကန့်ပိုင်းအတွင်းမှာတင် သူ့ပုံသဏ္ဍာန်က ပြောင်းလဲလို့သွားပါတော့တယ်။

ထန်ယာ့က နဂါးမုတ်ဆိတ်အပ်ကို နောက်တစ်ကြိမ်သုံးလိုက်ပါတယ်။ ဒီနဂါးမုတ်ဆိတ်အပ်ကထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေထဲမှာ ကြောက်စရာအကောင်းဆုံးမဟုတ်ပေမဲ့ နာကျင်မှုကတော့ အပြင်းထန်ဆုံးပါပဲ။

ဒီသေးငယ်ပြီပါးလျလွန်လှတဲ့ ရွှေရောင်အပ်ကဆံချည်မျှင်တစ်မျှင်စာတောင် မရှိတဲ့ပမာဏပါ။ ဒါပေမယ့် လိုအပ်လာတဲ့အချိန်မှာ ရှည်လျားလွန်လှတဲ့အသွင်ကိုပြောင်းလဲပြီ ရန်သူအသားကိုထိုးဖောက်နိုင်ပါတယ်။ အဲ့ဒီနောက် နောက်တစ်ကြိမ် ပြန်ကျုံ့သွားရင်း အစောပိုင်းတုန်းကလိုပြန်ကြီးမားလာနိုင်တယ်။

ရှုစန်းရှီအနေနဲ့ ဒီအပ်တစ်ချောင်းစိုက်တာကို ခံနိုင်ရည်မရှိဘူးဆိုတာ အံ့ဩစရာမရှိခဲ့ပါဘူး။

ထိုင်လီအနေနဲ့ လက်ရှိအချိန် အပ်ဆယ်ချောင်းကျော်နဲ့ဖောက်ခံနေရတာဖြစ်ပြီ ဒါကြောင့် မခံမရပ်နိုင်အောင်ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့ကြွက်သားတွေနဲ့ ရှိရှိသမျှအာရုံကြောတွေအားလုံးက နာကျင်မှုကြောင့် သုံးစားမရအောင်ဖြစ်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ ၀ိညာဥ်ဧကရာဇ်တောင်မှ သူ့ရဲ့ကျင့်ကြံဆင့်ကိုအော်ဖို့ပဲအသုံးပြုနိုင်ပါတော့တယ်။ ဒါကြောင့် အဲ့ဒီလောက်ကျယ်လောင်နေတာ အံ့ဩစရာမရှိပါဘူး။

အကြီးအကဲက မျက်မှောင်ကြုတ်ရင်းပြောလိုက်ပါတယ်။

” ကလေးမ မြန်မြန်လုပ်မဟုတ်ရင် ထျန်းဟွမ်နိုင်ငံတော်ရဲ့တော်၀င်မိသားစုက တစ်ယောက်ယောက်ကိုလွှတ်လိမ့်မယ်. ”

ထန်ယာ့က ခေါင်းညိတ်လိုက်ပါတယ်။ အဲ့ဒီနောက် ထန်မျိုးနွယ်ရဲ့လျှို့၀ှက်လက်နက်တွေအများကြီးကို သူဆက်တိုက်သုံးတော့တယ်။ ထိုင်လီရဲ့နူးညံ့တဲ့အစိတ်အပိုင်းတွေက်ို သူမသုံးခဲ့ပါဘူး။ သူ့ရဲ့ ခြေလက်တွေကို စိုက်ကြည့်ရင်းစတင်ပြီ အသုံးချတော့တယ်။

” အဖေနဲ့ အမေအတွက် ဒီနေ့တော့လက်စားချေပေးနိုင်ခဲ့ပြီ ”

ထန်ယာ့က ကောင်းကင်ကိုမော့ရင်း အော်လိုက်ပြီတဲ့နောက် ထိုင်လီရဲ့ခေါင်းကိုလက်နှစ်ဖက်နဲ့ မွချေလိုက်ကာအော်သံကို အဆုံးသတ်သွားစေခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာပဲ အင်အားကြီးလှတဲ့အရှိန်အ၀ါက အပြင်ကိုဆန့်ထွက်လာတော့တယ်။ အကြီးအကဲက မျက်မှောင်ကြုတ်လိုက်ပြီတဲ့နောက် ထန်ယာ့ဆီကိုပြေး၀င်လာခဲ့ပါပြီ။

” ငါတို့သွားရတော့မယ် ”

” ငါမသွားဘူး ဒီနေရာကထန်မျိုးနွယ်ပဲ ငါဘာလို့သွားရမှာလဲ ထန်မျိုးနွယ်ကိုကျူးကျော်တဲ့သူတွေ အားလုံးကိုသတ်ပြစ်ခဲ့တာ ဒါငါအိမ်ပဲ ”

အကြီးအကဲက ထန်ယာ့ကို ခပ်မြန်မြန်ပဲ သတိမေ့သွားအောင်ရိုက်လိုက်ပါတယ်။ အဲ့ဒီနောက် သူမကိုမချီပြီ တစ်ကိုယ်လုံးက အနက်ရောင်မြူခိုတွေအဖြစ်ကို ပြောင်းလဲရင်းလေထဲမှာချက်ချင်းဆိုသလို ပျောက်ကွယ်လို့သွားတော့တယ်။

°°°
ဟို့ယွိဟောင်က တစ်ရက်နားပြီချိန်မှာ စွမ်းအားတွေကို ပြန်လည်ရရှိလာခဲ့ပါပြီ။ ရွှေလိုအသက်ရဲ့အားဖြည့်ပေးမှုနဲ့အတူ သူ့ခန္ဓာကိုယ်ရဲ့ ပြန်လာ်ကောင်းမွန်နိုင်စွမ်းက သာမန်၀ိညာဥ်ပညာရှင်တွေအားလုံးထက်ကို အများကြီးသာလွန်လို့နေခဲ့တယ်။ ရှောင်းရှောင်းက သူလောက်နာကျင်မှုကိုမခံစားရပေမဲ့ ပင်ပန်းနေဆဲပါပဲ။

” ရှောင်းရှောင်း အဆင်ပြေရဲ့လား ”

ဟို့ယွိဟောင်က အခုမှနိုးလာခါစဖြစ်တဲ့ ရှောင်းရှောင်းကိုမေးလိုက်ပါတယ်။

” ငါအပြည့်အ၀ပြန်ကောင်းလာဖို့သိပ်မလိုတော့ဘူး ဒီရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံရဲ့အသားက အရမ်းအာဟာရဖြစ်လွန်တယ်…ဒါ့အပြင် ငါလက်မောင်းက နည်းနည်းယောင်နေတာကလွဲပြီ ကျန်တဲ့အင်အားတွေက အပြည့်အ၀ပြန်ရနေပြီ ”

လက်ရှိအချိန်မှာ နေအတော်မြင့်နေပြီဖြစ်ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်က ခရမ်းရောင်နတ်ဆိုးမျက်လုံးကို အစောပိုင်းကမှကျင့်ကြံပြီတာပါ။ အကြီးအကဲရွှမ်ကတော့ ဘယ်ရောက်သွားမှန်းမသိရပါဘူး။

” ဒါတိုရင် ငါတို့ဒီနေ့တောထဲပြန်ထပ်၀င်ကြမလား ”

ရှောင်းရှောင်းက ခုန်ထလိုက်ပြီတဲ့နောက် သစ်တောထဲကိုကြည့်ရင်းပြောလာခဲ့ပါတယ်။

” အဆင်ပြေတာပဲလေ ငါအခု၀ိညာဥ်အကြီးအကဲ ဖြစ်နေပြီပဲ အတန်းခေါင်းဆောင်ရေ ငါတော့နင်ထက်အဆင့်တစ်ဆင့်မြင့်သွားပြီ ”

သူတို့တွေက သစ်တောနဲ့မိုင်ငါးဆယ်အကွာမှာ နားနေတာပါ။ ဒီနေရာမှာတော့ ပုံမှန်အခြေအနေဘယ်၀ိညာဥ်သားရဲကောင်ကမှ မရှိခဲ့ပါဘူး။ ဒါကြောင့် အကြီးအကဲရွှမ်က ခပ်ဝေးဝေးထွက်သွားတာဖြစ်ပါလိမ့်မယ်။

” ရှောင်းရှောင်း မင်းရထားတဲ့၀ိညာဥ်စွမ်းရည်အသစ်ကို ပြပါဦးလား ဒါဆိုရင်ငါတို့တောထဲမှာလဲ ကောင်းကောင်းပူးပေါင်းလို့ရတာပေါ့ ”

သစ်တောထဲမှာတစ်ရက်သာ ၀ိညာဥ်သားရဲကောင်တွေကို အမဲလိုက်ရပေမဲ့ ဒီအတွေ့အကြုံက အတော်ကိုအန္တရာယ်များပါတယ်။ ဒီတစ်ရက်တာအတွင်းမှာတင် နှစ်တစ်ထောင်သားရဲကောင်တစ်ကောင်နဲ့ နှစ်တစ်သောင်းသားရဲကောင်ကို တွေ့ခဲ့ရတာပါ။ ရုတ်တရက်တိုက်ခိုက်မှုတွေအောက်မှာ သေမလိုတောင်ဖြစ်သွားခဲ့ရပါသေးတယ်။

အဲ့ဒီနေ့ကို ကုန်ဆုံးသွားပြီတဲ့နောက် သူတို့ရဲ့ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုတွေကလဲ လက်ရှိအချိန်မှာ အနည်းငယ်သာ ကျန်ရှိနေပြီ အာရုံစူးစိုက်မှုကသာ အများဆုံးရှိပါတော့တယ်။

” ကောင်းပြီလေ ပြရသေးတာပေါ့ ”

အနက်ရောင်အလင်းတန်းထွက်ပေါ်လာပြီတဲ့နောက် အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးက သူ့ရှေ့မှာပေါ်လာပါတော့တယ်။ ၀ိညာဥ်စက်ကွင်းကတော့ အ၀ါရောင်နှစ်ကွင်းနဲ့ ခရမ်းရောင်တစ်ကွင်းပါ။

နောက်ထပ်၀ိညာဥ်စက်ကွင်းအသစ်တစ်ခုကိုရထားတာက ထူးခြားတဲ့ခံစားချက်ပါပဲ ဒီတောက်ပတဲ့ခရမ်းရောင်၀ိညာဥ်စက်ကွင်းက အ၀ါရောင်နှစ်ကွင်းထက် ပိုပြီးလှပပါတယ်။

” သေချာကြည့်ကြ ”

သူမကသူ့ရဲ့အိုးကြီးကို လေထဲမြောက်ရင်း ပြောလိုက်ချိန်မှာ ခရမ်းရောင်၀ိညာဥ်စက်ကွင်းက တောက်ပလာပါတော့တယ်။

” နွန် ”

ထူးဆန်းတဲ့အသံကြီးတစ်ခုနဲ့အတူ အိုးကြီးကခပ်မြန်မြန်ပဲ တုန်ခါလာပါတော့တယ်။ အိုးရဲ့အရွယ်အစားကလဲ ကြီးမားလို့လာခဲ့ပါပြီ။

အစောပိုင်းတုန်းက တစ်မီတာ၀န်းကျင်သာရှိခဲ့တဲ့အိုးကြီးက သုံးမီတာအထိကို ကြီးမားလာတော့တယ်။ ဒါ့အပြင် ရွှေအိုရောင်တောက်ပနေခဲ့ပြီ အရင်ထက်ပိုပြီး သန်မာလာပုံရတယ်။

” အတန်းခေါင်းဆောင်ရေ သတိသာထားပေတော့ ”

သူပြောရင်းနဲ့ အိုးကြီးကိုအသုံးပြုပြီး ဟို့ယွိဟောင်ကို ၀င်တိုက်ဖို့လုပ်ပါတော့တယ်။

ဟို့ယွိဟောင်လဲ အမှောင်ထုလေတွေကိုခံစားမိတဲ့အတွက် ဒီအိုးကြီးကအနည်းဆုံးကီလိုတစ်ထောင်လောက်ရှိမယ်ဆိုတာကို သူခန့်မှန်းမိပါတယ်။ သူ့နောက်ကိုမဆုတ်ခဲ့ပါဘူး။ အဲ့ဒီအစားလက်ကိုမရင်းနဲ့သာ ရေခဲဧကရီရဲ့ ဆူးချွန်ကိုထုတ်လွှတ်ရင်း အိုးကြီးကိုရိုက်လိုက်ပါတော့တယ်။

အိုးကြီးက မြေပြင်ပေါ်ကျသွားသလို ဟို့ယွိဟောင်လဲ လွှင့်ထွက်လို့သွားခဲ့ပါတယ်။ ရွှေအိုရောင်အလင်းတွေကြောင့် ရေခဲဧကရီရဲ့အအေးဓာတ်တွေတောင် လွှင့်ပြယ်လို့သွားခဲ့ရတယ်။

အိုးကြီးကတော့ မြေပြင်ပေါ်ကိုပြုတ်ကျရင်း အရွယ်ပြန်သေးသွားခဲ့ပါပြီ။ လက်ရှိအချိန်မှာကတော့ နိုင်ငံရတနာတစ်ခုလိုမျ်ိုး အရှိန်အ၀ါတွေကို ထုတ်ဖော်နေခဲ့ပါတော့တယ်။

အပိုင်း ၁၄၂•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset