Switch Mode

Chapter – 141.1

ထူးခြားတဲ့ဝိညာဉ်အရိုး

အပိုင်း ၁၄၁•၁

” ထူးခြားတဲ့၀ိညာဥ်အရိုး ”
°°°
ပေ့ပေ့က ထျန်းဟွမ်နိုင်ငံတော်ကိုပြန်သွားဖို့အတွက်တားခဲ့တဲ့အရာကို လက်ရှိအချိန်မှာ သူမနားလည်သွားပါတော့တယ်။ အရာအားလုံးက သူတွေးထားခဲ့သလိုမရိုးရှင်းခဲ့ပါဘူး။

ပိုက်ဆံအလုံအလောက်နဲ့ပြန်လာတာခဲ့ပေမဲ့ ထန်မျိုးနွယ်ကိုပြန်လည်တည်ထောင်ဖို့အတွက် လုံလောက်တဲ့ငွေကြေးအင်အားသူမမှာမရှိပဲဖြစ်နေခဲ့တယ်။ သူမအနေနဲ့ အရေးကြီးတဲ့ပြဿနာတစ်ခုကို လက်ရှိအချိန်မှာ ရင်ဆိုင်နေရပါတယ်။ မျိုးနွယ်မှာအဓိက၀င်ငွေမရှိခဲ့ပါဘူး။ ဒီလို၀င်ငွေမရှိခဲ့တာလဲ အချိန်အတော်ကိုကြာမြင့်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ ပေ့ပေ့ကို ငွေကြေးအတွက်ပြန်သွားရှာလို့လဲမရပြန်ပါဘူး။ ပေ့ပေ့က သူ့မိသားစုကနေ ရသမျှငွေကြေးတွေအားလုံးကို ထောက်ပံ့ပေးနေတာဖြစ်တဲ့အတွက် သူမရဲ့မာနကြောင့်ဒီလိုဆက်ပြီမလုပ်နိုင်ပဲရှိနေခဲ့ပါတယ်။

ဒါကြောင့် အဆက်အသွယ်ပိုင်းဆိုင်ရာမှာ ပြဿနာတက်လာခဲ့ပါတော့တယ်။ သူမထွက်ခွာလာတဲ့အချိန်မှာ အသက်ဆယ်နှစ်ရှိနေခဲ့ပါပြီ။ လက်ရှိအချိန်မှာတော့ အသက်ဆယ်ငါးနှစ်ရှိပြီဖြစ်ပါတယ်။ ဒီလိုကြီးမားတဲ့မြို့ကြီးမှာမိသားစုမရှိတဲ့ ဆယ်ငါးနှစ်အရွယ်မိန်းကလေးတစ်ယောက်က ဘယ်လိုများအဆက်အသွယ်ရအောင်ရှာနိုင်မှာလဲ။

ဒါကြောင့် ထန်မျိုးနွယ်ရဲ့အရင်မိတ်ဟောင်းဆွေဟောင်းတွေဆီကိုသွားဖို့ ကြိုးစားခဲ့ပါတယ်။ သူမမိဘရဲ့မိတ်ဆွေဆီကို သွားဖို့လုပ်ခဲ့တာပါ။ ဒါပေမယ့် သူတို့တွေက မသိချင်ယောင်သာဆောင်နေခဲ့ပါတယ်။ ဒါ့အပြင် မျိုးနွယ်စုတွေထဲမှာ သူတို့မျိုးနွယ်ကို ဖျက်ဆီးခဲ့တဲ့ ထူဆန်းမျိုးနွယ်က သူမကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ ဒါကြောင့် ပိုပြီးတော့ ကြီးမားပြင်းထန်တဲ့ဖိနှိမ့်မှုတွေနဲ့ ခွဲခြားမှုတွေကိုရင်ဆိုင်ရပါတော့တယ်။ လမ်းပေါ်မှာလိုအပ်တဲ့ပစ္စည်းတွေကို၀ယ်ယူဖို့ကြိုးစားမယ်ဆိုရင်တောင် ကုန်သွယ်တွေက မတန်တဆစျေးတွေကိုမြင့်တင်ပြီရောင်းတာကို ကြုံတွေ့ရပါတယ်။

လွန်ခဲ့တဲ့တစ်လအတွင်းမှာ ထန်ယာ့အနေနဲ့ ကြီးမားတဲ့စိတ်ပိုင်ဆိုင်ရာဖိနှိမ့်မှုနဲ့ အထီးကျန်မှုကိုခံစားနေခဲ့ရတာပါ။ အစောပိုင်းတုန်းက နှလုံးသားထဲမှာဖိနှိမ့်လို့ထားခဲ့ရတဲ့ ဒေါသတရားတွေကလဲ လက်ရှိအချိန်မှာ အပြင်ကိုပြန့်ထွက်လို့လာခဲ့ပါပြီ။ ထန်မျိုးနွယ်ကို ပြန်လည်တည်ဆောက်ဖို့ ထန်ယာ့တစ်ယောက်ထဲ ထမ်းပိုးမထားနိုင်တော့အထိဒီတာ၀န်၀တ္တရားတွေက ကြီးမားလွန်လှပါတယ်။

သူမရဲ့မြင်ကွင်းရှေ့မှာကြီးမားတဲ့တံခါးကြီးတစ်ခုကရှိနေခဲ့တယ်။ ဒါကိုမြင်ချိန်မှာ သူ့ခန္ဓာကိုယ်က အနည်းငယ်တုန်ရီလို့နေခဲ့ပါတယ်။ ဒါ့အပြင် ဖြူဖျော့ဖျော့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းတစ်ခုကလဲ ကျဆင်းလို့လာခဲ့ပါပြီ။

ပေနှစ်ဆယ်ကျော်မြင့်မားပြီ ပေငါးဆယ်ကျော်ကျယ်ပြန့်တဲ့ဒီဂိတ်တံခါးကြီးက တခြားဂိတ်တံခါးတွေထက်ကို အများကြီးပိုပြီးကြီးမားနေခဲ့တာပါ။ ဒါ့အပြင် အကြည့်ကိုဖမ်းစားနိုင်လောက်စေတဲ့ ကြက်သွေးနီရောင်တောက်တောက်နဲ့ ခြယ်မွှန်းလို့ထားခဲ့ပြီ အတော်ကို ခန့်ခန့်ညားညားရှိနေခဲ့ပါတယ်။ ဂိတ်တံခါးကြီးရဲ့အမိုးတွေကတော့ မီးခိုရောင်အုပ်ကြွပ်ပြားတွေဖြစ်ပြီ ကြီးမားတဲ့စာလုံးကြီးနှစ်လုံးကိုတော့ ဂိတ်တံခါးကြီးရဲ့အပေါ်ဘက်မှာ ရေးထိုးလို့ထားခဲ့တယ်။ ဒါကတော့ သံမဏိသွေးမျိုးနွယ်ပါ။

ဒီစကားလုံးတွေက ဂိတ်တံခါးကြီးရဲ့ ဘယ်ဘက်နဲ့ညာဘက်မှာလဲဒေါင်လိုက်အနေအထားနဲ့ရှိနေခဲ့ပါတယ်။ ဘယ်ဘက်ဆိုင်ဘုတ်မှာရေးထားတာကတော့ သံမဏိသွေးသဖွယ်သစ္စာရှိဖြစ်ပြီ ညာဘက်မှာကတော့ ထာ၀ရမြင့်မြတ်တဲ့တည်ရှိမှုပါ။

ဒီနေရာကြီးက အရင်အချိန်မှာ ထန်မျိုးနွယ်ရဲ့နေရာဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။

ဒါကတကယ်ကို ထန်မျိုးနွယ်ရဲ့အရင်းနေရာဟောင်းပါပဲ။ နေရာယူသွားခဲ့တဲ့မျိုးနွယ်ကတော့ မတူညီတော့တာအတော်ကိုကြာပါပြီ။ လောကကြီးရဲ့ထိပ်တန်းမျိုးနွယ်စုတစ်ခုဖြစ်ခဲ့ပေမဲ့ လက်ရှိအချိန်မှာကတော့ မျိုးနွယ်စုရဲ့အိမ်အဖြစ်သတ်မှတ်လို့မရနိုင်တာက ကြာမြင့်လွန်လှပြီဖြစ်ပါတယ်။ နှစ်ပေါင်းသုံးထောင်တိတိကြာမြင့်ခဲ့တဲ့ဒီနေရာကြီးက လက်ရှိအချိန်မှာ သံမဏိသွေးမျိုးနွယ်ရဲ့အိမ်ရာဖြစ်သွားခဲ့တာပါ။ ထန်မျိုးနွယ်အတွက်တော့ တကယ်ကြီးမားတဲ့အရှက်ခွဲမှုတစ်ခုလိုပဲ။

” ဒါကငါအိမ် ဒါကငါအိမ် ”

ညာဘက်လက်နဲ့မျက်ရည်တွေကိုသူမသုတ်ရင်း တီးတိုးရေရွှတ်နေခဲ့မိပါတယ်။ အနီရောင်အလင်းတန်းတွေက သူမရဲ့မျက်လုံးအပြင်ဘက်ဆီကို လျှံထွက်လို့လာခဲ့ပြီ ခန္ဓာကိုယ်အပြင်ဘက်ရောက်လာတဲ့အရှိန်အ၀ါတွေကလဲ ပိုမိုကြမ်းတမ်းရက်စက်လို့လာခဲ့ပါတယ်။

ဒီမြို့တော်ထဲမှာ သံမဏိမျိုးနွယ်က သူမကိုဘာမှတိုက်ရိုက်မလုပ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ထျန်းဟွမ်နိုင်ငံတော်က ထျန်းဟွမ်တော်၀င်မိသားစုကြီးဖြစ်နေခဲ့လို့ပါ။

ဒါ့အပြင် ထန်ယာ့က အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းသူတစ်ယောက်လဲ ဖြစ်နေခဲ့ပါသေးတယ်။ ဒီနေရာမှာသူမကိုတိုက်ခိုက်ဖို့ အခွင့်အရေးမသာခဲ့ပါဘူး။ ဒါပေမယ့် ဒီအရှက်ကွဲမှုတွေကို လုံး၀တောင့်မခံနိုင်လောက်အောင် ဖြစ်လာခဲ့ပါတယ်။

သူမရဲ့ရှေးကျတဲ့သွေးကြောတွေက ဒီအိမ်တော်ဟောင်းကြီးကိုကြည့်နေရင်းနဲ့တင် စတင်ပြီတော့ပေါက်ကွဲထွက်လာပါတော့တယ်။ သူမက ဒီနေရာကိုရောက်နေခဲ့ပါပြီ။ အရင်ကလဲ ဒီနေရာမှာနေခဲ့တဲ့သူပါ ဒါကြောင့် မကျေနပ်တဲ့မုန်းတီးမှုတွေက အပြင်ဘက်ကိုလျှံထွက်လာခဲ့ပါတယ်။

သံမဏိသွေးမျိုးနွယ်ရဲ့ဂိတ်တံခါးအပြင်ဘက်မှာ သူမရပ်နေရင်း အသက်ပြင်းပြင်းရှုသွင်းလိုက်ပါတယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကိုဆန့်ထုတ်ရင်းနဲ့ ခပ်တိုးတိုးအော်ဟစ်လိုက်တော့တယ်။ ရုတ်တရက်ဆိုသလို ထူးထပ်တဲ့အပြာရင့်ရောင်နွယ်​ကြိုးတွေက အပြင်ဘက်ကိုပြေးထွက်လို့လာခဲ့ရင်းတိုက်ခိုက်မှုသုံးခုအဖြစ်ကိုပြောင်းလဲလို့သွားပါတော့တယ်။ ဒီအရှေ့မှာရှိနေတဲ့ ဆိုင်ဘုတ်သုံးခုကိုဆက်တိုက်တိုက်ခိုက်လိုက်တာပါ။ ၀ိညာဥ်စက်ကွင်းလေးကွင်းကလဲ သူခြေထောက်ကနေ အပေါ်ကိုထိုးတက်လို့လာပါတော့တယ်။

သူမရဲ့ကျင့်ကြံမှုတိုးတက်လာတာကို သိမယ်ဆိုရင် ပေ့ပေ့အနေနဲ့ ထိတ်လန့်မိမှာအမှန်ပါပဲ။ လွန်ခဲ့တဲ့တစ်နှစ်ကမှသာ အဆင့်သုံးဆယ်ကိုထန်ယာ့ကကျော်ဖြတ်နိုင်ခဲ့တာပါ။ လက်ရှိအချိန်မှာ သူမက ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့၀ိညာဥ်ဘိုးဘေးဖြစ်နေခဲ့ပါပြီ။ ပေ့ပေ့နဲ့ ရှုစန်းရှီတို့နှစ်ယောက်စလုံးတောင်ဒီလိုကြောက်စရာကောင်းတဲ့ တိုးတက်မှုကို မရရှိနိုင်ခဲ့ပါဘူး။

ထန်ယာ့ရဲ့သိုင်းပညာ၀ိညာဥ်က အပြာရောင်ငွေမြက်ပင်ပါ။ အခုတော့သာမန်ငွေမြက်ပင်မဟုတ်တော့ပါဘူး။ ဒီအပြာရင့်ရင့်နွယ်ကြိုးတွေက ကခုန်နေရင်း နေရာတိုင်းမှာကြီးမားတဲ့မြွေကြီးလိုပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကြမ်းကြမ်တမ်းတမ်းရိုက်ခတ်လို့နေခဲ့ပါတယ်။ ထန်ယာ့ရဲ့မျက်လုံးထဲမှာလဲ ခရမ်းနီရောင်အလင်းတန်းက ပိုပိုပြီးပြင်းထန်လာခဲ့တယ်။

တံခါးမှာစောင့်ကြပ်နေခဲ့တဲ့ တပည့်သားနှစ်ယောက်ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာ သူတို့ကအချိန်မီမတုန့်ပြန်နိုင်ခဲ့ပါဘူး။

” မင်းဘာလုပ်နေတာလဲ သေချင်နေပြီလား ”

တပည့်သားတစ်ယောက်က ဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်။ ဒါပေမယ့် ထန်ယာ့ရဲ့ခြေထောက်အောက်မှာရှိနေတဲ့ အ၀ါရောင်နဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်းကိုမြင်ချိန်မှာတော့ သူရုတ်တရက်ရပ်တန့်လို့သွားတော့တယ်။

၀ိညာဥ်စက်ကွင်းလေးကွင်းရှိတာက အမျက်ဒေါသကျောင်းတော်ထဲမှာ သိပ်ပြီထူးဆန်းတဲ့အရာမဟုတ်ပေမဲ့ သာမန်ကျောင်းတော်နဲ့ မျ်ိုးနွယ်စုတွေအတွက်တော့ ကြီးမားတဲ့ကိစ္စကြီးပါပဲ။ ဒါ့အပြင် သူမရဲ့၀ိညာဥ်စက်ကွင်းတွေက အတော်ကိုကောင်းမွန်နေခဲ့တယ်။

ဟို့ယွိဟောင်နဲ့ တခြားသူတို့ရဲ့အတွေးထဲမှာ ထိုက်ဟွပင်းနဲ့ အတန်းနံပါတ်နှစ်ကလူတွေကို မြင်ခဲ့တဲ့ပုံစံနဲ့အတူတူပါပဲ။

ထန်ယာ့ကလက်ရှိအချိန်မှာ သေးငယ်တဲ့မျိုးနွယ်စုရဲ့တပည့်သားတွေအတွက်တော့ အားနည်းတဲ့သူတွေမဟုတ်ခဲ့ပါဘူး။

ထန်ယာ့က ဒီနေရာမှာလက်စားချေဖို့ စိတ်တစ်ခုထဲသာရှိပါတော့တယ်။ ကြီးမာတဲ့နွယ်ပင်တွေက တပည့်သားနှစ်ယောက်ရဲ့ လည်ပင်းတွေကိုရစ်ပတ်လိုက်ပါတော့တယ်။ သူမက ၀ိညာဥ်စွမ်းရည်တွေကိုမသုံးထားခဲ့ပေမဲ့ သူမရဲ့မြက်ပင်တွေကတော့ ခရမ်းရောင်ပြောင်းသွားခဲ့ပါပြီ။

သံမဏိသွေးမျိုးနွယ်ရဲ့ တပည့်သားတွေကလဲ ကြောက်လန့်တကြားအော်ဟစ်ရင်းနဲ့ စပါးကြီးမြွေကြီးတွေနဲ့ ရစ်ပတ်ခံရသလိုမျိုးနဲ့ စတင်ရုန်းကန်ကြပါတော့တယ်။

သူတို့ရဲ့ခန္ဓာကိုယ်တွေကလဲ ကျိုး​ကြေခံလိုက်ရပြီတဲ့နောက် သွေးတွေကစိမ့်ထွက်လာခဲ့ပါပြီ။ ဒီသွေးတွေအားလုံးကိုလဲ နွယ်ပင်တွေကစုပ်ယူလိုက်ပါတော့တယ်။

ဒီလိုနဲ့ထန်ယာ့ရဲ့ခန္ဓာကိုယ်ထဲကို သွေးနီရောင်အလင်းတန်းတွေက ပြန်လည်စီးဆင်းလို့သွားခဲ့ပြီ သူမရဲ့အရေပြားကတော့ ပိုမိုဖြူဖျော့လို့လာခဲ့ပါတယ်။

ဒုတိယအလွှာစားသောက်ဆိုင်မှာထိုင်နေခဲ့တဲ့အကြီးအကဲကတော့ ဒီဖြစ်စဥ်တစ်ခုလုံးကို အပေါ်ကနေမြင်နေခဲ့ရတာပါ။ ဒါပေမယ့် တစ်စုံတစ်ရာကိုတွေးတောနေခဲ့တဲ့အတိုင်း တအံ့တဩနဲ့ မျက်မှောင်ကြုတ်နေခဲ့ပါတယ်။

” ထိုင်လီ ထွက်ခဲ့တော့ ”

ထန်ယာ့အော်လိုက်ပါတယ်။ အဲ့ဒီနောက် ထန်မျိုးနွယ်ရဲ့အရင်တုန်းက အိမ်နယ်မြေထဲဆီကို သူမပြေး၀င်သွားဖို့လုပ်ပါတော့တယ်။ သူမရဲ့နွယ်ကြိုးတွေကတော့ လက်ရှိအချိန် အလောင်းနှစ်လောင်းကို အနီရောင်နံရံတွေပေါ်မှာ ဆွဲပြီချိတ်လိုက်ပါတော့တယ်။

ထိတ်လန့်တကြားအော်သံတွေကြောင့် များပြားတဲ့မျိုးနွယ်စုတပည့်သားတွေက ပြေးထွက်လို့လာခဲ့ပါတယ်။ သူတို့ကိုဦးဆောင်လာတဲ့သူကတော့ မျက်လုံးမျက်ပေါက်ကျဥ်းကျဥ်း ဆံပင်တိုတိုနဲ့အရပ်ရှည်ရှည်လူတစ်ယောက်ပါ။ လုံး၀ကိုဂတုံးပြောင်ပြောင်လဲ ဖြစ်နေခဲ့ပါတယ်။ လက်ရှိအချိန် အထဲကိုပြေး၀င်လာနေတဲ့ ထန်ယာ့ကိုကြည့်ရင်း သူအော်လိုက်တယ်။

” ကောင်မစုတ်လေး မင်းငါတို့ရဲ့မျိုးနွယ်စုတပည့်သားတွေကို သတ်၀ံ့တယ်လား သေချင်နေပြီပေါ့ သူ့ကိုသတ်ကြစမ်း ”

အဲ့ဒီအရပ်ရှည်ရှည်လူက သံမဏိသွေးမျိုးနွယ်ရဲ့သခင်လေးထိုင်ချန်ပါပဲ။ သူက သူ့အဖေရဲ့ခြေရာကိုနင်းတဲ့သူအဖြစ် ကျော်ကြားပြီ မြို့စောင့်တွေကိုတိုက်ခိုက်ခဲ့သလို ထန်မျိုးနွယ်ကိုအဆုံးသတ်စေတဲ့ညမှာလဲ ထန်မျိုးနွယ်ထဲကို၀င်ရောက်စီးနင်းသူတွေထဲမှာပါနေခဲ့တယ်။ အဲ့ဒီအချိန်မှာ အတော်လေးကို အားနည်းနေပြီဖြစ်တဲ့ ထန်မျိုးနွယ်ကြောင့် ထန်ယာ့တစ်ယောက်သာ လွှတ်မြောက်ခဲ့ပါတယ်။

ဒီသေးငယ်တဲ့သံမဏိသွေးမျိုးနွယ်ကတော့ တပည့်သားနှစ်ရာကျော်ရှိနေခဲ့တယ်။ မျိုးနွယ်စုရဲ့ခေါင်းဆောင်ထိုင်လီကတော့ ၀ိညာဥ်ဧကရာဇ်တစ်ယောက်ဖြစ်ပြီ သူ့မျိုးနွယ်စုထဲမှာ ၀ိညာဥ်ဘုရင်အဆင့်အကြီးအကဲနှစ်ယောက်လဲ ရှိနေခဲ့ပါတယ်။ ထိုင်ချန်ကတော့ ၀ိညာဥ်စက်ကွင်းလေးကွင်းရှိတဲ့ ၀ိညာဥ်ဘိုးဘေးတစ်ယောက်ပါပဲ။

” နင်တို့အားလုံးသေရမယ် ”

ထန်ယာ့က အော်ဟစ်လိုက်ရင်း သူမရဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်မှာ လေပွေတစ်ခုလိုလှည့်ပတ်လို့နေခဲ့ပြီ လေထဲကိုခုန်လိုက်ပါတော့တယ်။ သူမရဲ့ခန္ဓာကိုယ်အပြင်ဘက်ဆီကို သောင်းနဲ့ချီတဲ့လျှို့၀ှက်လက်နက်တွေက ပျံသန်းလို့လာခဲ့ပြီ ရှိရှိသမျှတပည့်သားတွေအာလုံးကို တိုက်ခိုက်တော့တယ်။

အရှေ့ဆုံးမှာရှိနေတဲ့တပည့်သားတွေအာလုံးကတော့ ဖယ်ရှားခံလိုက်ရပါပြီ။ သူတို့တွေကအဆင့်မြင့်၀ိညာဥ်ပညာရှင်ကျောင်းတော်တွေကို မတက်ရောက်နိုင်ပါဘူး။ ဒါကြောင့် ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်လက်နက်တွေကို တောင့်ခံဖို့ဆိုတာက ပိုပြီးခက်ခဲနေခဲ့ပါတယ်။

ထန်ယာ့ရဲ့တောက်ပနေတဲ့၀ိညာဥ်စက်ကွင်းလေးကွင်းကို ထိုင်ချန်က မြင်လိုက်ရပါတယ်။ သူကိုယ်တိုင်ကလဲ အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ကွင်း အဖြူရောင်နှစ်ကွင်းနဲ့ ခရမ်းရောင်တစ်ကွင်းရှိနေတဲ့သူပါ။ ဒီ၀ိညာဥ်စက်ကွင်းတွေကို သူရရှိထားတာက သူ့အဖေနဲ့ အကြီးအကဲရဲ့အကူအညီတွေကြောင့်ပါပဲ။

ထန်ယာ့ရဲ့မျိုးနွယ်စုအပေါ်တိုက်ခိုက်မှုကို သူမအံ့ဩခဲ့ပါဘူး။ ထန်ယာ့ကိုယ်တိုင်က ဒီမျိုးနွယ်အတွက် ပြဿနာမဖြစ်နိုင်ပေမဲ့ အမျက်ဒေါသကျောင်းတော်ကတော့ ပြဿနာဖြစ်နိုင်ပါတယ်။ အမျက်ဒေါသကျောင်းတော်ကို ပြဿနာရှာမိမှာကြောက်တဲ့အတွက် ထန်ယာ့ကိုပွင့်ပွင့်လင်းလင်းသူတို့မတိုက်ခိုက်ခဲ့တာပါ။

ထန်ယာ့က အမျက်ဒေါသကျောင်းတော်ကနေ ထွက်ခွာလာပြီဆိုတာကို သူတို့မသိသေးတာလဲဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထန်ယာ့ သူတို့ဆီတိုက်ခိုက်လာတဲ့အချိန်အကြာကြီးအကွက်ကျကျစီစဥ်နေခဲ့တာလဲ ဖြစ်ပါတယ်။ ဒါမှသာ သူမကိုအတည်ပြုပြီး သတ်လို့ရမှာပါ။ ဒါပေမယ့် ထန်ယာ့ရဲ့ကျင့်ကြံဆင့်က နှစ်ပိုင်းလေးအတွင်းမှာ ဒီလောက်တိုးတက်လာတဲ့အတွက် ထိုင်ချန်အံ့ဩနေခဲ့မိပါတယ်။

လျှို့၀ှက်လက်နက်တွေရဲ့ တိုက်ခိုက်မှုပြီဆုံးချိန်မှာတော့ အပြာရောင်ငွေမြက်ပင်တွေထွက်လာပါတော့တယ်။ ကြီးမားတဲ့အပြာရင့်ရောင်နွယ်ကြိုးကြီးတွေက ကြောက်စရာကောင်းလောက်အောင် တိုက်ခိုက်နေပြီ ရှိရှိသမျှအလောင်းတွေအားလုံးကို သိမ်းကြုံယူသွားခဲ့တယ်။ ဒီမြက်တွေရဲ့အရောင်က ပိုမိုနက်မှောင်လို့သွားခဲ့ပြီ သွေးတွေအားလုံးလဲ စုပ်ယူခံလိုက်ရပါပြီ။

အတော်လေးကို မကျန်းမမာဖြစ်နေပုံရတဲ့အနီရောင်အလင်းတန်းတွေက ထန်ယာ့ရဲ့မျက်နှာပေါ်မှာရှိနေဆဲပါ။ ဒါ့အပြင် သူမရဲ့မျက်လုံးကလဲ ပိုမိုနီရဲလို့လာခဲ့ပါတယ်။ သေးငယ်တဲ့ခြေထောက်ကလေးကိုအသုံးပြုရင်း မြေပြင်ကိုဆောင့်ချလိုက်ချိန်မှာတော့ ကြီးမားတဲ့နွယ်ပင်ဆယ်ပင်က အပြင်ကိုရောက်လာရင်း အလောင်းတွေကိုပြစ်ထုတ်လိုက်ပါတယ်။ အဲ့ဒီနောက် သူမကတော့ ထိုင်ချန်ဆီကို ပြေး၀င်လို့သွားထဲ့တယ်။

ထိုင်ချန်ရဲ့သိုင်းပညာ၀ိညာဥ်က မျိုးနွယ်စုဆီကနေ အမွေဆက်ခံရရှိခဲ့တာပါ။ ဒါကိုသံမဏိ၀က်၀ံလက်မောင်းလို့ခေါ်ကြပါတယ်။ အရမ်းကိုသာမန်ဖြစ်တဲ့ ၀က်၀ံအမျိုးအစားသိုင်းပညာ၀ိညာဥ်ပါပဲ။ အကယ်၍ ရွှေအိုရောင်အကြောက်တရားလက်သည်း၀က်၀ံက အစကွင်းစရဲ့ထိပ်ဆုံးမှာရှိနေမယ်ဆိုရင် သံမဏိလက်မောင်း၀က်၀ံကတော့ အောက်ဆုံးမှာရှိနေမှာပါ။

ထန်ယာ့ရဲ့ကြမ်းတမ်းရက်စက်မှုကို ခံစားလိုက်ရတဲ့တပည့်သားတွေကတော့ နောက်ထပ်တစ်လှမ်းရှေ့တိုးဖို့ ထိတ်လန့်နေခဲ့ကြပါတယ်။ သူတို့တွေအားလုံးက ကြောက်လန့်တကြားထွက်ပြေးကုန်တဲ့အတွက် ထိုင်ချန်ကသာလမ်းမှာထင်ထင်ရှားရှားလေးရှိနေခဲ့တော့တယ်။

ထိုင်ချန်က လက်ရှိအချိန်နောက်ဆုတ်လို့မရတော့ပါဘူး။ အကြီးအကဲတွေနဲ့ သူရဲ့အဖေကိုအချက်ပြလိုက်ပြီ ဖြစ်ပါတယ်။ ထန်ယာ့က သူတို့ထင်ထားတာထက်ကို အများကြီးပိုပြီးအင်အားကြီးနေခဲ့သလို များပြားတဲ့တပည့်သားတွေကို တစ်ပြိုင်နက်ထဲသတ်ခဲ့တာပါ။

အကယ်၍ သူသာထန်ယာ့ကို အချိန်ဆွဲနိုင်ခဲ့မယ်ဆိုရင် သူမကိုအကြီးအကဲတွေက သတ်ပေးနိုင်မယ်လို့ထိုင်ချန်အနေနဲ့ ယုံကြည်နေခဲ့မိပါတယ်။ သံမဏိသွေးမျိုးနွယ်က ဒီလောက်များပြားတဲ့လူတွေကိုသတ်ထားတဲ့သူမကို လုံး၀အလွှတ်ပေးမှာမဟုတ်ပါဘူး။

” ငါနင့်ကိုသတ်မယ် ငါနင့်ကိုသတ်မယ် ”

ထန်ယာ့က လုံး၀စိတ်​ထိန်းချုပ်မှုလွှတ်သွားခဲ့ပြီ ဆက်တိုက်အော်ဟစ်နေခဲ့ပါတယ်။ ထိုင်ချန်ဆီကို များပြားတဲ့နွယ်ပင်တွေက ပြေး၀င်လို့သွားခဲ့ပါပြီ။

ထိုင်ချန်ကတော့ မြေပြင်ပေါ်မှာရပ်နေရင်း သူ့ရဲ့တတိယ၀ိညာဥ်စက်ကွင်းက တောက်ပလာပါတော့တယ်။ အရှေ့ကိုဆက်တိုက်ဆိုသလို လက်သီးတွေနဲ့ထိုးရင်းအဖြူရောင်အလင်းတန်းတွေကို သူပြစ်လွှတ်လို့နေခဲ့တယ်။ အဖြူရောင်အလင်းတန်းတွေက ကြီးမားတဲ့အလင်းတန်းဒိုင်းကာကြီးအဖြစ်ကို ပြောင်းလဲသွားရင်း နှစ်မီတာကျော်အထိ ဆန့်ထွက်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် ထန်ယာ့ဆီကို ပြေး၀င်သွားပါတော့တယ်။

အပိုင်း ၁၄၁•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset