Switch Mode

Chapter – 22

ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ

Chapter – 22 ကျေးဇူးပြုပြီးစစ်ဆေးကြည့်ပါ

ချန်ရှန် နှစ်တစ်ထောင် သွေးဝိဉာဉ်တော်မြက်ကို ထုတ်လိုက်တယ် ထို့နောက် –
“ဒါက နှစ်တစ်ထောင်သွေးဝိဉာဉ်တော်မြက် ပဲ”
လူတိုင်းက ချန်ရှန် ဒီမြက် ပိုင်ဆိုင်တယ်ဆိုတာကို ကြားဖူးကြ ပြီးသားပါ ။ သို့သော် လည်း ခု သူတို့ရှေ့ ရောက်လာတယ့်အခါ သူတို့ အံ့အားတော့ သင့်နေကြပါတယ် ။ နောက်ပြီး ဒါက တကယ့်ကိုရှားပါးတယ့် ဆေးဖက်ဝင်မြက်လည်း ဖြစ်နေတယ် ။
“ဟုတ်ပြီ ၊ တကယ်လို့ ကျွန်တော်က ဒီတစ်ခုထဲ လောင်းကြေးထပ်မယ်ဆိုရင် ယောင်မျိုး နွယ်ဘက်ကကျွန်တော့ကို အထင်သေးကောင်းသေးနိုင်မယ် ။ ဒါကြောင့် ကျွန်တော်က ဒီ ငရဲဝိဉာဉ်တော်မြက် တ၀က်ကိုပါ ထပ်တိုးလောင်းကြေးထပ်ပါရစေ”
ချန်ရှန်လက်ထဲမှာတော့ ငရဲဝိဉာဉ်တော်မြက်တ၀က် ရှိနေပါတယ် ။ ကျန်တ၀က်က စုမေးယိုနဲ့ ဘိုင်ယုယုတို့ ဒဏ်ရာတွေအတွက် စားလိုက်ပြီး ဖြစ်သော်လည်း တ၀က်သူ့ဆီ ကျန်နေပါသေးတယ် ။ ဒီအချိန်မှာ တချို့ သော် လူကြီးတွေဟာ စင်ပေါ်ပြေးတက်လာကြ ပါတယ် ။ ချန်တျန်းဟူ နဲ့ ချန်မျိုးနွယ် သက်ကြီးဝါကြီးများပါ တက်လာတာဖြစ်ပါတယ် ။ ငရဲဝိဉာဉ်တော် မြက် ဆိုတာကလည်း ဒဏ္ဍာရီလာ ဆေးဖက်ဝင် မြက်တစ်မျိုး ဖြစ်တယ်လေ ။
ရုတ်တရက်ပဲ ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်လျက်ပါ ။ လူတိုင်းက အမည်းရောင် ငရဲဝိဉာဉ်တော်မြက်ကို မြင်နေကြရပြီး ဒီမြက်အကြောင်းကို သိတယ့် လူကြီးတချို့ က လည်း ကြည့်ချင်စစ်ဆေးချင်လှသဖြင့် စင်ပေါ်တက်လာကြတယ် ။ ယောင်မျိုးနွယ်ရဲ့ လူကြီးလည်း အပါအ၀င်ပါပဲ ။
“ဟုတ်ပါတယ် ၊ ဒါ ငရဲဝိဉာဉ်တော်မြက်ပဲ”
ဆေးပင်ခန်းမက လူကြီးက ကျယ်လောင်စွာ အော်ပြောပါတယ် ။ သူ့ အသံက မဖော်ပြ နိုင်လောက်တယ့် မနာလိုမှု များ ပါဝင်လျက်ပါ ။ လူအုပ်ကြီးဟာလည်း တစ်ယောက် တစ်ပေါက်ဖြင့် ချန်ရှန်ထုတ်ပြတယ့် နှစ်တစ်ထောင်မြက်နဲ့ ငရဲဝိဉာဉ်တော်မြက် ကိုပါ လောင်းတယ့် အကြောင်း ပြောဆိုလျက်ရှိနေကြတယ် ။ ဒီလောင်းကြေးက တကယ်ကို မြင့်သွားပါပြီ ၊ သာမန် မည်သည့် မျိုးနွယ်စုကမျှ မတတ်နိုင်သည့် လောင်းကြေးပါပဲ
“မင်းတို့ဘက်က ဘာလောင်းကြေးထပ်မှာလဲ”
ချန်ရှန် ယောင်တျန်းဟွာ နဲ့ ယောင်လူကြီးကို ကြည့်လျက် မေးလိုက်ပါတယ် ။ ယောင်တျန်းဟွာတို့ပုံစံ အခြေနေမဟန်ပါဘူး ။ ဆေးပညာကို နည်းနည်းပါးပါး တီးမိ ခေါက်မိတယ့် လူတိုင်းက ဒီငရဲဝိဉာဉ်တော်မြက်ဟာ ဘယ်လောက် အဆင့်မြင့်တယ့်ဆေးဖက်ဝင် အပင်ဆိုတာကို သိကြတယ် ။ အရမ်းကိုလည်း ရှားပါးပါ ပေတယ် ။
“နှစ်တစ်ထောင် သားရဲဆေးနဲ့ အတွင်းအားတိုးစေတယ့် အသီး ၁၀၀၀ ဆိုရင်ကော ဘယ်လိုလဲ”
ယောင်လူကြီးက ပြန်ပြောခြင်းပါ ။ နှစ်တစ်ထောင် အသက်ရှည်တယ့် သားရဲကြီးတစ်ကောင် သေပြီးနောက် ၎င်း၏ ယွမ်လို့ခေါ်တဲ့ အရသာအနှစ်လေးဟာ ခဲပြီး နောက်မှာတော့ ဆေးခဲတစ်ခုအဖြစ် ကျန်နေခဲ့ပါတယ် ။ ဒါကိုပဲ နှစ်တစ်ထောင် သားရဲ ဆေး လို့ ခေါ်ခြင်းဖြစ်တယ် ။ ဒီဆေးကို ကိုယ်ကို သန့်စင်ရာမှာ အသုံးပြုရင် အရမ်းကို အကျိုးပြုပါတယ် ။ အတွင်းအားတိုးစေတယ့် အသီး ၁၀၀၀ ကလည်း တကယ်ကို တန်ဖိုး ရှိပါတယ် ။ ၎င်းတို့ဟာလည်း အဆင့်မြင့်ဆေးဖက်ဝင်များဖြစ်ပြီး နှစ်တစ်ထောင်မှာ တစ်ကြိမ်သာ ထွက်ပေါ်ကြီးထွားကြတာပါ ။ ဒါတင်မက ၎င်းရဲ့ အခွံမှာလည်း ထောင်ပေါင်း များစွာသော အကြောတွေပါလျက် အဆိုပါအကြောများဟာလည်း ဆေးပြုလုပ်တယ့် နေရာ မှာ ပါဝင်တယ့် သော့ချက်တစ်ခုလည်း ဖြစ်ပါတယ် ။
ယောင်မျိုးနွယ်ရဲ့ အခြေအနေကလည်း အံ့အားသင့်စရာပါပဲ ။ ဒီပွဲမှာ ဘယ်သူနိုင်နိုင် နိုင်သူဟာ များစွာသော အကျိုးကျေးဇူး အမြတ်ကို ရရှိမှာ အမှန်ပဲ ဖြစ်ပါတယ် ။
“ကောင်းတယ် ၊ လက်ခံတယ်ဗျာ”
ချန်ရှန်ပြောလိုက်တာပါ ။
“ကဲ ပြိုင်ပွဲမှာ စည်းမျဉ်းလေးတွေ သတ်မှတ်ကြတာပေါ့ ။ အမြန်ဆုံးနဲ့ အကောင်းဆုံးဆေး ကို လုပ်နိုင်တယ့်လူက အနိုင်ပဲ ။ ဆေးတွေရဲ့ အရည်အသွေးကိုတော့ ယခုရောက်ရှိ နေ တယ့် ပရိတ်ကြီးက ဆုံးဖြတ်ပေးလိမ့်မယ်”
ယောင်လူကြီးထံမှ ပြောစကားပါ ။ ချန်ရှန် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုမှ မနေပါဘူး ။ ချန်တျန်းဟူ သူ့ သား ပခုံးကိုပုတ်ကာဖြင့် အားပေးလိုက်တယ် ။ ချန်ရှန်နဲ့ ယောင်တျန်းဟွာတို့ ၂ ယောက် သူတို့ရဲ့ မီးဖိုများဆီကို အသက်ကြီးသူများကို စစ်ဆေး စေပါတယ် ။ ဒီပြိုင်ပွဲမှာ မသမာမှုဆိုတာ ဘယ်လိုမှ ရှိလို့မဖြစ်ပါဘူး ။
ကျေနပ်လောက်တယ့် စစ်ဆေးမှုတွေ ပြီးချိန်မှာတော့ စင်မြင့်မှထွက်ခွာကာ ပြိုင်ပွဲ စတင်မယ်ဖြစ်ကြောင်း ကြေညာပါတယ် ။ ချန်ရှန်လည်း လျင်မြန်စွာပဲ ဆေးပင်များကို ထုတ်ကာ မီးဖိုထဲသို့ နေရာချထားပါတယ် ။ယောင်တျန်းဟွာ မှ ချန်ရှန် ဘယ် ဆေးပင်တွေ ကို နေရာချနေလဲဆိုတာကိုတော့ မမြင်ရပေ ။ သူ့ ရင်ထဲမှာလည်း ချန်ရှန်ဘာဆေး လုပ်နေမှန်းမသိသဖြင့် သိပ်မပျော်ရွှင်နေပါဘူး ။
မည်သို့ပင်ဆိုစေကာမူ ယောင်တျန်းဟွာ တစ်ယောက် ယုံကြည်မှုရှိနေလျက်ပါပဲ ။ သူဟာ ယောင်မျိုးနွယ်မှ အဆင့်မြင့် ဆေးပညာပါရမီရှင်တစ်ယောက်ဖြစ်ပြီး အဲဒိအတွေးက ပဲ သူနိုင်ဖို့ ယုံကြည်ချက်ရှိနေစေပါတယ် ။ သူ့ စိတ်ထဲမှာတော့ အဆင့်တူ ဆေးတွေ ထုတ်နိုင်ပါစေဦး ၊ သူ့ ဆေးအရည်အသွေးက အများရှေ့ မှာ ပိုကောင်းနေလိမ့် မည်ဟုပဲ ယုံကြည်နေပါတယ် ။
ယောင်တျန်းဟွာရဲ့ မီးဖိုမှရွှေရောင် အလင်းတန်းများကိုကြည့်ပြီး ချန်ရှန်ရင်ထဲ မခံချိမခံသာ ဖြစ်လျက်နေပါတယ် ။ သူ့ မီးဖိုဟာဆိုရင် အများကြီုးစုတ်ကာ လူအများအမြင်မှာလည်း မီးဖိုအစုတ်နဲ့ သူပဲ ရှုံးမယ်လို့ ယူဆကောင်းယူဆကြပါ လိမ့်မယ် ။
“ဒီလိုမီးဖိုနဲ့ ဆေးလုပ်နေတာ တကယ်ရယ်စရာပဲ ၊ ငါတို့မိသားစု စွပ်ပြုတ်ချက်တယ့် သုံးချောင်းထောက်မီးဖိုကမှ ဒီထက်ကောင်းဦးမယ်”
လူငယ်တစ်ယောက်ရဲ့ လှောင်သံပါ ။ ဒီစကားကြားတယ့် တချို့ လူတွေလည်း ရယ်မောနေ ကြပါတယ် ။ တချို့ သော ဆေးပညာအသိရှိတယ့် လူတွေသာ ဆေးပညာဆို တာ မီးဖိုပေါ်မှာ မဆုံးဖြတ်နိုင်ဘူး ဆိုတာသိကြတာပါ ။ နောက်ပြီး တကယ်ကို ထိပ်သီးအ ဆင့်ဆေးပညာရှင်ဟာ မီးဖိုမရှိပဲနဲ့တောင် အောင်မြင်တယ့် ဆေးတွေ လုပ်နိုင်တာကိုလည်း သိရှိကြပါတယ် ။
ချန်ရှန် မှော်ကျောက်ဖရုံဆေး ပြုလုပ်နေတုန်း ပဲ ယောင်တျန်းဟွာ သူ့ ဆေးပင်တွေ မီးဖိုထဲ ထည့်နေတာကို ကြည့်လိုက်တယ် ။ ဆေးပင်တွေကို ကြည့်ရသလောက်ယောင်တျန်းဟွာဟာ အဆင့်နိမ့်ဆေးဖြစ်တယ့် ဝိဉာဉ်တော်ယွမ် ဆေးကို ပြုလုပ်ဖို့ ကြိုးစားနေတာ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်တယ် ။ ဒီဆေးက သိုင်းကျင့်တာကို လျင်မြန် တိုးတက်စေတယ့် ဂုဏ်သတ္တိရှိပါတယ် ။ ၎င်းဆေးဟာလည်း အနိမ့်စားဆေးထဲမှာ ဈေး တော်တော်ကြီးမြင့်တာပဲဖြစ်ပြီး ဆေးလုပ်ရတာဟာလည်း ခက်ခဲတယ် ။ ဒီဆေးဟာ ဆေးပညာဖလှယ်ပွဲ ပြိုင်ပွဲတွေမှာ အလုပ်များတယ့်ဆေးပါပဲ ။ ဒါတင်မက ဒီဆေးသည် ဆေးပညာအခြေခံ ဘယ်လောက်ကောင်းကောင်းရှိလဲဆိုတာကို ဆေးပညာရှင်တွေ စမ်းသပ်တယ့်ဆေးအဖြစ်လည်း ထင်ရှားပါတယ် ။
ချန်ရှန် ဒီဆေးကို လေ့ကျင့်တုန်းကလည်း တော်တော်ကြာပါတယ် ။ ဒါတင်မက ဆေးလုပ်ရတယ့် ကုန်ကျစရိတ်မှာလည်း မှော်ကျောက်ဖရုံဆေးထက်စာလျှင် အများကြီး သက်သာတယ့်အတွက် ချန်ရှန်ဟာ ဒီဆေးပြုလုပ်ဖို့ ဆန္ဒမရှိခဲ့တာလည်းဖြစ်တယ် ။
ဆေးလုပ်တာကို စောင့်ရချိန်တွေဟာ ငြီးငွေ့ စရာပါ ။ လူတိုင်းဟာ လူငယ် ၂ ယောက် ယှဉ်ပြိုင်တာကို ကြည့်ရင်း စားလိုက် သောက်လိုက် စကားပြောလိုက်ဖြင့် ရှိနေကြပါတော့တယ် ။ မှော်ကျောက်ဖရုံဆေး အောင်မြင်ဖို့ ချန်ရှန် အလျင်မလိုပါဘူး ၊ အဲဒိအစား သေချာဂရုပြုပြီးသာ လုပ်နေပါတယ် ။
ချန်ရှန်အတွက် ဒီဆေးဖက်ဝင်အပင်များ မှ မီးဖိုထဲတွင် အရောင်စုံ ချီဓာတ်များထွက်ပေါ်ပြီးအောင်မြင်တယ့် ဆေးဖက်ဝင် အမှုန်များ ဖြစ်ပေါ်စေရန် အချိန် တစ်နာရီခွဲလောက် ကြာပါတယ် ။ အခုတော့သူဟာ အမျိုးစုံသော ဆေးဖက်ဝင် ချီဓာတ်များ ပေါင်းစပ်ပြီး ထိုချီဓာတ်များနှင့် ဆေးဖက်ဝင်အမှုန်များ ထပ်မံ ပေါင်းစပ်ရန် သာ ကျန်ပါတော့တယ် ။ ဒါက အရေးပါဆုံး ဖြစ်ပြီး နောက်ဆုံးအဆင့်ပါပဲ ။ အခန့်မသင့် ရင် မီးဖိုပါ ပေါက်ကွဲစေနိုင်ပါတယ် ။
၂ နာရီလောက်ကြာပြီးနောက်မှာတော့ ရုတ်တရက် ချန်ရှန်ရဲ့ အမူအရာဟာ ပြောင်းသွား ပြီး ချွေးတွေလည်း ထွက်နေလျက်ပါ ။ တဖက်မှာတော့ ယောင်တျန်းဟွာဟာ အေးဆေးဖြစ်ပြီး ပျင်းတယ်ဆိုတယ့် ပုံတောင် ပြနေလျက်ပွ ။ သူ ချန်ရှန်ကို ကြည့်လိုက်တယ့် အချိန်မှာ ချန်ရှန် ရဲ့ ပုံစံကိုကြည့်ကာ ကျေနပ်သွားပါတယ် ။ သူသေချာပြောနိုင်တာကတော့ ချန်ရှန်ဟာ အရေးပါဆုံးသော နောက်ဆုံးသန့်စင်သော အဆင့်သို့ ရောက်နေတာဖြစ်ပြီး ချန်ရှန်အမှားတစ်ခုခု လုပ်လိုက်တယ်ဆိုတာကိုပါပဲ ။
“ပြီးပြီ ၊ ဒီမှာ ဝိဉာဉ်တော်ယွမ်ဆေး ငါးခုပါ”
ယောင်တျန်းဟွာရဲ့ အော်သံ ရုတ်တရက်ထွက်လာပါတယ် ။ ဒါဟာ လူတိုင်းကို ငြိမ်သက် သွားစေကာ သူတို့ဟာ ချန်ရှန်ကို ကြည့်လိုက်ပါတယ် ။ အလျင်စလိုဖြင့် ချွေးတွေပျံနေတာကို တွေ့ ရသဖြင့် ချန်ရှန်တစ်ယောက် ဆေးပြုလုပ်ခြင်းမှာ ပြသနာတ ချို့ တော့ရှိနေပြီလို့ ယူဆလိုက်ကြပါတယ် ။
“ယောင်မျိုးနွယ် ပါရမီရှင်ကတော့ တကယ်ကို သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ် ။ ဝိဉာဉ်တော်ယွမ်ဆေးငါးလုံးကို ၂ နာရီထဲနဲ့ လုပ်နိုင်ရုံသာမက ဒီဆေးဟာလည်း အနိမ့်စားဆေးတွေထဲမှာ အကောင်းဆုံးပါပဲ ၊ ကြည့်ရတာ ချန်မျိုးနွယ်တော့ ရှုံးမယ် ထင်ပါတယ်”
လူတစ်ယောက်ရဲ့ ပြောစကားပါ ။
“ဒီဝိဉာဉ်တော်ယွမ်ဆေးက လုပ်ရတာမလွယ်ဘူးလို့ ငါကြားဖူးတယ် ။ ဒါနဲ့ ချန်မျိုးနွယ် ကကောင်လေးကလည်း ဆေးအတူတူလုပ်တာများလား ၊ ဒါဆို ခုထဲက ရှုံးနေပြီပေါ့ အချိန်သတ်မှတ်ချက်အရလေ”
နောက်လူတစ်ယောက်က ထပ်ပြောတာပါ ။ လူတိုင်းဟာ ချန်ရှန်ရဲ့ ရှုံးတော့မယ့် အခြေအနေအကြောင်းကို ပြောဆိုနေကြပါတယ် ။ ချန်ရှန်တစ်ယောက်တည်း စင်ပေါ်မှာ ထီးထီးကြီး ကျန်နေလျက်ပါ ။ ယောင်တျန်းဟွာလည်း ချန်ရှန်ပြီးတာကို စောင့်နေတယ် ။သူ့ အတွေးထဲမှာတော့ ချန်ရှန်ရှုံးမှာဖြစ်ပြီး သူမကြာခင်အချိန်တွင်းမှာပဲ နှစ်တစ်ထောင် မြက် နဲ့ အတူ ငရဲဝိဉာဉ်တော်မြက်ပါ ရရှိတော့မယ်လို့ ထင်နေပါတယ် ။ ဒီအရာ ၂ ခုနဲ့ တင် သူဟာ တောင်ပိုင်းအင်ပါယာ တစ်ခုလုံးမှာ အတုမရှိ ကျော်ကြားတော့မှာပဲ ဖြစ်ပါတယ် ။
ချန်ရှန် သူတို့ကို အကြာကြီး မစောင့်ခိုင်းလိုက်ပါဘူး ။ သူလည်း အသက်ကို ၀အောင် ရှူလျက် ပြောလိုက်ပါတော့တယ် ။
“ကဲ နောက်ဆုံးတော့ ကျွန်တော်ပြီးပါပြီ”
ချန်ရှန်စကားကြားပြီးနောက်မှာတော့ လူစုလူဝေးကြီးဟာ တိတ်ဆိတ်သွားတယ် ။ ယောင်တျန်းဟူရဲ့ လှောင်သံကိုပါ တဆက်တည်းကြားလိုက်ရပါတယ် ။
“အဲလို ပြီးတော့ဘာဖြစ်တုန်း ၊ မင်းကရှုံးနေပြီလေ”
ချန်ရှန် မဲ့ပြုံးတစ်ချက်ပြုံးကာ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း ပြောလိုက်တယ် ။
“ကျွန်တော်က မှော်ကျောက်ဖရုံဆေး ၃ လုံးကို လုပ်ထားတာပါ ၊ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ”
မှော်ကျောက်ဖရုံဆေး သုံးလုံး !
ဒါကတော့ လူအုပ်တစ်ခုလုံးကို သစ်သားကြက်ရုပ်လေးများလိုပင် ဆွံ့ အသွားစေပါ တယ် ။ လုံးဝ မယုံကြည်နိုင်စရာပါပဲ ၊ သူတို့နားကိုပင် သူတို့ မယုံနိုင်တော့ပေ ။ ချန်ရှန်က အလယ်လတ်တန်းစား မှော်ကျောက်ဖရုံဆေး ကို လုပ်တယ်ဆိုပဲ ။ ဒါကတော့ ဝိဉာဉ်တော်ယွမ်ဆေးထက် အများကြီးကို ပိုမို ဈေးကြီးပါပေတယ် ။
“မဖြစ်နိုင်ဘူး ၊ သူက အသက် ၁၆ နှစ်ပဲရှိသေးတာလေ ဒီလိုဆေးကို လုပ်ဖို့ မဖြစ်နိုင်ဘူး”
ဆေးပင်ခန်းမက လူကြီးက မယုံကြည်နိုင်စွာပြောလျက် စင်ပေါ်တက်လာတယ် ။ တခြား လူများလည်း စင်ပေါ်တက်လာကာ ချန်တျန်းဟူ ကိုယ်တိုင်ပါ သူ၏ ဘေးသို့ ရောက်ရှိ လာပါတော့တယ် ။
“ချန်ရှန် ဒါနောက်နေရမယ့် အချိန်မဟုတ်ဘူးနော်”
ယောင်တျန်းဟွာ တစ်ယောက် ချန်ရှန် ဒီ မှော်ကျောက်ဖရုံဆေးပြုလုပ်နိုင်တာကို မယုံကြည်နိုင်ပဲ ဖြစ်နေပါတယ် ။ ဒီလိုဖြစ်တာ သူတစ်ယောက်တည်းတော့ မဟုတ်ပေ ။ လူတိုင်းလိုလိုပင် ဖြစ်ပါတယ် ။ ချန်ရှန်တစ်ယောက်ကတော့ ပြုံးပြုံးလေးဖြင့်ပင် ထပ် ပြောလိုက်ပါတော့တယ် . . . ။
“ကျေးဇူးပြုပြီးစစ်ဆေးကြည့်ပါ !!!!”

Comment

Leave a Reply

Options

not work with dark mode
Reset