Switch Mode

Chapter – 21

ကောင်းကင်ဘုံမှ နတ်လက်နက်များ

Chapter – 21 ကောင်းကင်ဘုံမှနတ်လက်နက်များ

ရွှီရှန်းရှန်းဘေးတွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက် ရှိနေပြီး သူမသည် ချန်ရှန်ဆီသို့ လျှောက်လာနေတယ် ။ ခြေလှမ်းတိုင်း ချန်ရှန်ဆီသို့ ကြည့်လျက် ၊ ချန်ရှန်ရင်တွေပင်ခုန်နေပါတယ် ။ သူမအလှကြောင့် တွေဝေ မိနေသော်လည်း ဒီခံစားမှုလေးဟာ ချိုမြိန်လှတယ် ။ အသားတွေအေးလျက် ခြေလက် များပင် အားမရှိသလိုဖြစ်ကာ တစ်ကိုယ်လုံးတောင့်တောင့်ကြီးဖြစ်နေပါတယ် ။ မှင်သက် မိကာ လှုပ်မရနိုင်အောင်ပင် ဖြစ်နေပြီး ထိုအမျိုးသမီး၏ ဖီးနစ်ငှက်ကဲ့သို့ မျက်လုံးများကို ရင်မဆိုင်ရဲပေ ။ ချန်ရှန်သူမအလှမှာ နစ်မြော ကျရှုံးမိကြောင်း ၀န်ခံရပါမည် ။ သူ့ နှလုံးသား ၊သူ့ ဆန္ဒ ၊ သူ့အတွေးအားလုံးကို သိမ်းပိုက်သွားသလိုပင် ။
ချန်ရှန် စိတ်လျော့ချလိုက်ပြီး ထိုက်ကျိကျင့်စဉ်ကို စိတ်ထဲမှ အားထုတ်ကာ သူ ၏ အာရုံ များကို စုစည်းလိုက်ပါတယ် ။ ကွင်းထဲမှ မိန်းမလှ ၂ ယောက် က သူ့ ကို ပြောပြထားတာ ကိုမှတ်မိသောကြောင့်လည်း ဖြစ်ပါတယ် ။ တစ်စုံတစ်ယောက်က သူ့ ကို ဖမ်းစားမည် ဆိုပါက ထိုက်ကျိကျင့်စဉ်ကို အားထုတ်ခြင်းဖြင့် ရှောင်လွှဲနိုင်မည် ဖြစ်သောကြောင့် ဖြစ်တယ် ။ ချန်ရှန် အနားရောက်သောအခါ အမျိုးသမီး၏ မျက်ခုံးများ တွန့်ကာ စူးရှသော အကြည့်ကို ချန်ရှန်တွေ့ လိုက်ရတယ် ။ သူမကလည်း ချန်ရှန်တည်ငြိမ်စွာ ရှိနေသည်ကို တွေ့ လိုက်ရသဖြင့် အနည်းငယ်အံ့သြလျက်ပါ ။ သူမဟာ သူမရဲ့ အလှ သူမရဲ့ အကြည့် များဖြင့် လူတိုင်းကို ဖမ်းစားလျက်ပါ ။ ဘယ်ပုရိသမှ သူမ၏ ညို့ ငင်နိုင်တယ့် စွမ်းရည်ကို အံမတုနိုင်ပါဘူး ။ ဒါပေမယ့် ချန်ှရှန်ကို တွေ့ လိုက်ချိန်မှာတော့ သူမကိုယ်သူမ လှသေးရဲ့ လားဆိုတာကို တောင် မသေချာဘူးဖြစ်နေပါတော့တယ် ။
“ရှန်းရှန်း ၊ မင်းရဲ့ ခင်ပွန်းလောင်းက တကယ်ကို တည်ငြိမ်တာပဲ ၊ ဟိုယောင်မျိုးနွယ်က ကောင်စုတ်လေးထက် သာပါပေတယ်”
အမျိုးသမီး၏ အသံက နုးညံ့ လှပါပေတယ် ။ အသံသြဇာပြည့်လျက် လူတိုင်းကို သူမ၏ အမိန့်အား နာခံစေနိုင်လောက်သော အသံမျိုးပါပဲ ။ ချန်ရှန် အချိန်မဖြုန်းတော့ပဲ လက် ၂ ဖက်ဖြင့် အရိုအသေပေးကာ ပြောလိုက်ပါတယ် ။
“ကျွန်တော် ချန်ရှန်မှ အမတော် ___ ကို နှုတ်ဆက်ပါတယ် ။ ဒီက အမတော်က ရှန်းရှန်း ရဲ့ ဆရာများလားဗျ”
အမျိုးသမီးက ပြုံးပြလျက် ဖြေလိုက်ပါတယ် ။ ချန်ရှန် ဒီအပြုံးကို ဘယ်လိုမှ မဖော်ပြတတ် ပါဘူး ။ လူတိုင်းရဲ့ ဝိဉာဉ်ကိုပင် သိမ်းပိုက်နိုင်မည် ဆိုတာတော့ သေချာပါတယ် ။ ချန်ရှန် နည်းနည်းတော့ ပြာယာခတ်သွားတယ်ဆိုတာ ၀န်ခံရပါလိမ့်မယ် ။ ဒါပေမယ့်လည်း သူ့ ကို သူပြန်ထိန်းကာနေလိုက်တယ် ။
“ဟုတ်တယ် ၊ မင်းသတို့ သမီးကို စိတ်ချပါ”
ခုနနဲ့ မတူတာက ခုနက အမိန့်ပေးတတ်တယ့်လေသံဟာ ပျောက်ကွယ်သွားပြီး ကြင်နာ သနားတတ်တယ့် အသံ ဖြစ်ပေါ်နေတာပါပဲ ။ ရှန်းရှန်း သက်ပြင်းချမိတယ် ။ သူမဟာ သူမ၏ ဆရာနဲ့ ခင်ပွန်းလောင်းတို့ကြား တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေပါ့မလား လို့ စိုးရိမ်မိနေတာပါ ။ သူမ နှုတ်ခမ်းလေးကိုကိုက်ကာ ဆေးပင်တွေကို ချန်ရှန်ဆီလှမ်း ပေးလိုက်ပါတယ် ။
“ကျွန်မ ဆရာနဲ့ အတူ သွားရတော့မယ် ။ အကိုတော် မြန်မြန်လိုက်လာပြီး ကျွန်မကို လိုက်ရှာပါ”
ရှန်းရှန်း ၀မ်းနည်းသံနဲ့ ပြောလိုက်ပါတယ် ။ ချန်ရှန် သူမနဲ့ ဒီလို ခဏလေးပဲ အတူရှိလိုက် မယ်လို့ မမျှော်လင့်ခဲ့ပါဘူး ။ သူ့ နှလုံးသားလည်း ညှိုးငယ်သွားတော့တယ် ။ သူမရဲ့ မျက်နာလေးကိုကိုင်ကာ ပြောလိုက်တယ် ။
“ပျော်ပျော်နေပါ ။ ငါတို့ သေချာပေါက် အတူတူရှိကြရမှာပါ ။ ငါမင်းကို သေချာပေါက် လိုက်ရှာမှာနော်”
ရှန်းရှန်း ဆရာလည်း ခေါင်းညိမ့်ကာ –
“ကောင်လေး ၊ မင်းဒီဂိုဏ်းတွေကို လိုက်မရှာခင်မှာ မင်းသိုင်းပညာက အဆင့် ၉ အထက်ရောက်နေမှ ဖြစ်မှာနော် ၊ မင်း ကောင်မလေးကို ရှာချင်တယ်မလား ၊ ဒါဆို ငါ့ကို အရင်ရှာ ။ ငါ့အကြောင်း စုံစမ်းမိဖို့က သိပ်မခက်ပါဘူး ။ငါ့ကိုတွေ့ တာနဲ့ မင်းသတို့သမီး လေးကိုလည်း တွေ့ ပြီပေါ့”
ထို့နောက် ဆရာက ရှန်းရှန်းဘက်လှည့်ကာ –
“ကောင်မလေး ၊ သွားကြစို့ ၊ ဒီကောင်လေးက မင်းထင်တာထက်ကို ပိုပြီး ပြည့်စုံပါတယ်၊ သူ့အတွက် မစိုးရိမ်နဲ့ ၊ မင်းအားတွေ အလကားနေရင်းကုန်မယ်”
အမျိုးသမီး မထွက်ခွာခင် သူတို့ ၂ ယောက်လည်း ပွေ့ ဖက် နှုတ်ဆက်ကြပါတယ် ။ ထို့နောက်မှာတော့ ဖီးနစ်ငှက်မျက်လုံး ပိုင်ရှင် အမျိုးသမီးလည်း ရွှီရှန်းရှန်းကို အဝေးသို့ ခေါ်ဆောင်သွားပါတော့တယ် ။ ချန်ရှန်လည်း သူတို့ ကို ကောင်းကင်တဆုံး မြင်ကွင်းမှ ပျောက်ကွယ်သွားသည့် တိုင်အောင် ကြည့်နေမိပါတယ် ။
သူတို့ ပျောက်ကွယ်သွားသောအခါ မှ ချန်ရှန် တီးတိုးရေရွတ်မိလေတယ် ။
“ဟက် ၊ မာနတွေကြီးနေလိုက်တာ ။ ငါ့ကျ သူနဲ့ပတ်သက်တဲ့အကြောင်း ဘာမှ မပြောသွားပဲ ဘယ်လိုရှာရမှာလဲ ။ အရူးကျနေတာပဲ ၊ နာမည်လောက်တော့ အနည်းဆုံး ပြောသွားသင့်တာပေါ့”
“ဒီမ်ိန်းမက အရမ်းသန်မာတယ် ။ သူမဟာ ကောင်းကင်ဘုံ နတ်လက်နက် အင်ပါယာက ဧကရီ အဖြစ် ထင်ရှားကျော်ကြားတယ် ။ နောက်ပြီး သူမမှာ အနီရင့်ရောင်ငှက် (သားရဲနတ်လက်နက်တွင် တစ်ခုအပါအ၀င်ဖြစ်သော) နတ်လက်နတ်လည်းရှိတယ် ။ မင်းသတို့ သမီးကို ပညာသင်အဖြစ် သူမလက်ခံတာဟာ တော်တော်ကံကောင်းတယ့် အခွင့်အရေးပဲ”
စုမေးယို ကပြောပြခြင်း ဖြစ်ပါတယ် ။
ကောင်းကင်ဘုံနတ်လက်နတ်အင်ပါယာတဲ့လား ၊ ချန်ရှန် ဒီအကြောင်း မကြားဖူးသေးပေ ၊ သူလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ထပ်မေးမလို့ ရှိစဉ်မှာပဲ ဘိုင်ယုယု က ဆက်ပြောပြတယ် ။
“ဒီမိန်းမကတော်တော် တော်တယ် ။ ငါတို့ လိုပဲ ပိုင်ဆိုင်တယ့် စွမ်းရည်ချင်း ဆင်တူတယ် ။ နောက်ပြီး သူမဟာ အဓိကကျသော သစ္စာဂိုဏ်း ရှစ်ခု ရဲ့ ဆရာမကြီး တစ်ယောက်လည်း ဖြစ်တယ် ။ ဒီိဂိုဏ်းကတော့ ချန်ဝူ ပြည်မှာ ရှိတယ် ထင်တာပဲ ။ ဒါပေမယ့် ငါမထင်ထားတာက ဒီထိအောင်လာပြီး ပညာသင်ကို လာခေါ်တယ် ဆိုတာကိုပဲ”
ချန်ရှန်ဟာ သူမတို့ ပြောတဲ့ ချန်ဝူပြည်အကြောင်း တွေးမိတယ် ။ ၎င်းဟာ များစွာ ကြီးမားသော နယ်ပယ်ကြီးဖြစ်ကာ သိုင်းလောကကြီး တစ်ခုလုံး ရှိနေသလိုပါပဲ ။ ချန်ဝူ မှာ သစ္စဂိုဏ်း ၈ ခု လည်း ရှိပါတယ် ။ သူတို့ အပိုင်စားရတယ့် နေရာမှာ ဆရာ တစ်ယောက် ဆီ ရှိကြတာလည်း ဖြစ်ပါတယ် ။ ဒီဂိုဏ်းတွေကတော့ စွမ်းအင် အထွတ်အထိပ်တွေကို ပိုင်ဆိုင်ကြပီး သိုင်းပညာတေလည်း မြင့်မားကြလှပါတယ် ။
“ကောင်းကင် နတ်လက်နက် အင်ပါယာဟာ မူလက တစ်ခုတည်းသော ဂိုဏ်းလေးပဲ ၊ နောက်ပိုင်းကျ ပြည်နယ်တွေ ဖွံ့ ဖြိုးလာပြီး သူတို့ဟာ အံ့သြစရာ လက်နက်ဆန်းတွေ လုပ်တယ့် နေရာမှာ တကယ်ကို ကောင်းမွန်လာကြတယ် ။ ဒီမိန်းမက အခု သူတို့ ဧကရစ် တစ်ယောက်ပဲ”
စုမေးယိုက ရှင်းပြပါတယ် ။ ချန်ရှန်လည်း ရွှီရှန်းရှန်းရဲ့ ဆရာက ဒီလို မျိုး ကြီးမြတ်ပြည့်စုံ လှတာကို သိလိုက်ရတယ့် အတွက် ပျော်ရွှင်သွားတယ် ။ ကောင်မလေး ထွက်ခွာ သွားလို့ ၀မ်းနည်းစွာ ခံစားရသော်လည်း သူမအတွက် အကောင်းဆုံး ဖြစ်မယ်ဆိုသည့် အတွေးကြောင့် ခံသာသွားပါတယ် ။ ခုတော့ မှော်ကျောက်ဖရုံဆေးလုပ်ဖို့ ဆေးပင် ၆ စုံ စာပေးသွားတယ့်အတွက် သူ ဆေးတွေ အများကြီး ဆက်လုပ်နိုင်တော့မှာပါ ။
သုံးရက်ကြာပြီးနောက်မှာတော့ – ချန်ရှန်ဟာ မှော်ကျောက်ဖရုံဆေးကို ၄ ကြိမ်လုပ်ရာ တွင် ၃ ကြိမ် အောင်မြင်ခဲ့ပြီး တစ်ကြိမ်သာ ကျရှုံးခဲ့ပါတယ် ။
ဒီနေ့ကတော့ ညစာစားပွဲနေ့ပဲ ဖြစ်ပါတယ် ။ မျိုးနွယ်စုတိုင်းကို ဖိတ်ကြားထားခြင်း ဖြစ်ပြီး တစ်မျိုးနွယ်စုမှ တစ်ယောက်စီ ကိုယ်စားပြုတက်ရောက်တာလည်း ဖြစ်ပါတယ် ။ လာတယ့်လူတိုင်းဟာ စားသောက်ပွဲထက် လူငယ် ၂ ယောက်ရဲ့ ပြိုင်ပွဲကိုသာ စိတ်ဝင် စားလျက် ရှိနေကြတယ် ။ လူငယ်တိုင်းကလည်း သူတို့ အစား ရင်တွေခုန်လျက် စိတ်လှုပ် ရှားနေကြပါတော့တယ် ။
စားပွဲကိုတော့ ညဖက်တွင် ကွင်းပြင်ကျယ်ကြီး ထဲ ပြုလုပ်တာဖြစ်ပါတယ် ။ လူများစွာ ပျားပန်းခတ်လှုပ်ရှားနေလျက် တချို့ ကတော့ ဝိုင်တွေသောက်နေကာ တချို့ကလည်း စားသောက်စရာများ မှာနေကြပါတယ် ။ တကယ်ကို အလျံပယ်ကျွေးမွေးနေခြင်းပင် ဖြစ်ပါတယ် ။ မျိုးနွယ်စုများမှ ခေါင်းဆောင်တွေကိုယ်တိုင် လည်း ဒီပွဲကို လာကြပါတယ် ။ တချို့ ကလည်း ရင်းနီးသော ဆက်ဆံမှုများ ရှိသောကြောင့် ဖြစ်ပြီး တချို့ ကလည်း ပိုပြီးရင်းနီးမှု ရရှိစေရန် ဖြစ်ပါတယ် ။
ချန်အိမ်တော်ရဲ့ ကွင်းပြင်ကျယ်ကြီးထဲမှာ များစွာသောတောင်ပိုင်းရဲ့ သိုင်းလောက မျိုးဆက်များဟာ စုရုံးရောက်ရှိနေကြတယ် ။ သူတို့အားလုံး တိုက်ပွဲများကို ကျင်လည် ဖူးခဲ့ကြသော်လည်း ချန်ရှန်နဲ့ ယောင်တျန်းဟွာတို့ကြားက ပွဲကိုတော့ စိတ်ဝင်စားနေကြပါတယ် ။
ချန်ရှန် ကိုယ်ငြိမ်းဆေးပင် ပြုလုပ်ခြင်းဟာ လူအများကြား ပြောစမှတ်ဖြစ်နေကြတယ် ။ ဒါတင်မက ဒီညမှာ ယောင်တျန်းဟွာနဲ့ ဆေးပညာပြိုင်ကြဖို့ ချိန်းထားကြတာပါ ။ ဒီပြိုင်ပွဲ ၀င် ၂ ယောက်ရဲ့ စွမ်းရည်တွေကို ကြည့်ရှုခြင်းဟာ ဒီထက်မြင့်တယ့် ဆရာကြီးတွေ ပြိုင် ပွဲထက် ပိုကြည့်ကောင်းမယ်လို့ တွေးနေကြတာပါ ။
စားသောက်ပွဲကို ညလယ်လောက်ထိ ပြုလုပ်ပြီးနောက်မှာတော့ တစ်ယောက်သော ဧည့်သည်ဟာ မအောင့်အည်းနိုင်ပဲ ထအော်ပါတယ် ။
“ချန်ခေါင်းဆောင်ကြီး ၊ ခင်ဗျားသားနဲ့ ယောင်မျိုးနွယ် ဆေးပညာပြိုင်ပွဲက ဘယ်တော့ လဲဗျ ကျွန်တော်တို့ အကြာကြီး စိတ်ရှည်ရှည်စောင့်နေတာ ၊ နေ့ တစ်နေ့ရဲ့ အဆုံးက ဒီလူငယ် ၂ ယောက်ရဲ့ ပြိုင်ပွဲဟာ အရမ်းကို စိတ်ဝင်စားစရာကောင်းမှာမို့လို့ပဲ”
“ပထမက ကျွန်တော် သိုင်းပြပွဲလေးတွေလုပ်ပြီး ပရိတ်သတ်စိတ်ကို ဖမ်းစားဖို့ အစီစဉ်ဆွဲ ထားတာ၊ ဒါပေမယ့် လူတိုင်း စိတ်ရှည်ရှည်နဲ့ စောင့်နေတာမြင်တော့လည်း ခုစဖို့ အချိန်ကြပြီပေ့ါဗျာ ၊ ကဲ လူငယ် ၂ ယောက်ပြိုင်ပွဲ စကြစို့ဟေ့”
ချန်တျန်းဟူရဲ့ အသံဟာ ကွင်းတစ်ခုလုံးပျံ့ နှံ့ကာ အားလုံး တိတ်ဆိတ်သွားကြလေတယ်။ ကွင်းအလယ်မှာ စင်မြင့်တစ်ခုကို ဆောက်နေလျက်ပါ ။ ဆောက်လို့ ပြီးခါနီးအချိန်မှာပဲ ချန်ရှန် ရောက်လာခဲ့ပါတော့တယ် ။ သူဟာ အမည်းရောင် ၀တ်စုံ ကို ရိုးရှင်းစွာ ၀တ်ထားပါတယ် ။ ဒါပေမယ့် တဖက်က ယောင်တျန်းဟွာကတော့ အကောင်းစားဝတ်ရုံတော်ကြီး ၀တ်လျက် ခါးမှာလည်း ဓားပုံစံခါးပတ်ပတ်ထားကာ ရွှေရောင် အငွေ့ များပင် ထွက်နေပါသေးသည် ။ ကျောက်စိမ်းစီခြယ်ထားတဲ့ ဓားကိုလည်း ချိတ်ထားလျက်ပါ ။သူ့ ပုံစံက ကောင်းကင်ဘုံမှ နတ်ဘုရားများ၏ သားတော်နဲ့ပင် တူနေပါ သေးသည် ။ သူ့ ကိုယ်ဟန် ၊ သူ့ အ၀တ်အစားနဲ့ အမူအရာအားလုံးဟာ အထင်ကြီးစရာပါပဲ ။ သူ့ မျက်နာမှာတော့ တစ်ခုခုကို စိုးရိမ်ဟန်ရှိပြီး ပျော်ရွှင်နေပုံမရပါ။
“ယောင်တျန်းဟွာ ငါတို့ရဲ့ စင်မြင့်ကို ကြိုက်ရဲ့ လား ၊ ဒီလို ကြီးကျယ်လှတယ့် ပြိုင်ပွဲ အတွက် စင်မြင့်ကို ဆောက်ကိုဆောက်ရမှာပေါ့နော့”
ချန်ရှန် အေးစက်စက်ပဲ ပြောလိုက်တယ် ။
“မင်းလောင်းကြေးက ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး ။ ငါတို့ ယောင်မျိုးနွယ်က ဘာမဆို တတ်နိုင်ပြီးသားပါ ။”
ယောင်တျန်းဟွာ ပြန်ပြောခြင်းပါ ။ သူ့ အသံကတော့ ခြောက်ကပ် အေးစက်လျက် ၊
“ဟားဟား ၊ ငါက ငါကိုယ်တိုင်လောင်းတာနော် ၊ ချန်မျိုးနွယ် တစ်ခုလုံးစာနဲ့ မပြောဘူး ၊ ဟက်ဟက် မင်းလိုငယ်ရွယ်ပြီး တော်တယ့် ဆေးပညာရှင်တစ်ယောက်က ဒီလို သူ့ မိသားစု တစ်ခုလုံးကို မှီခိုပြီး ငါနဲ့လောင်းကြေးထပ်မယ်လို့ မထင်မိဘူးကွာ”
ချန်ရှန် ရယ်မောပြောဆိုလိုက်တယ် ။ ယောင်တျန်းဟွာ ပုံစံပျက်သွားတယ် ။ သူ့ ကိုသူ သိနေတယ်လေ ။ သူ့ မိသားစုရဲ့ အကူအညီမပါပဲ နှစ်တစ်ထောင် သွေးဝိဉာဉ်တော်မြက် ကို လောင်းဖို့ မတတ်နိုင်ဘူးဆိုတာပါပဲ။
“ချန်မျိုးနွယ်က ငယ်ရွယ်တဲ့ သခင်လေး ၊ ဒီလို စကားတွေ မပြောပါနဲ့ ၊ တျန်းဟွာက ဒီပွဲ မှာ ယောင်မျိုးနွယ်စု တစ်ခုလုံးကို ကိုယ်စားပြုတာပါ ။ ဒါကြောင့် သူဟာ သူတို့ရဲ့ အထောက်ပံ့နဲ့ မဆိုင်ပါဘူး ၊ မင်းလည်း မင်းဟာနဲ့မင်း ၊ သူလည်းသူ့ ဟာနဲ့သူပါပဲ”
လူကြီးတစ်ယောက်က စိတ်မရှည်တယ့် လေသံနဲ့ ၀င်ပြောပါတယ် ။ သူကတော့ ယောင်မျိုးနွယ်ရဲ့ သက်ကြီးဝါကြီး တစ်ယောက်ဖြစ်ပြီး ယောင်တျန်းဟွာနဲ့ အတူတူ လိုက်လာသူပဲ ဖြစ်ပါတော့တယ် . . . . .။

Comment

Leave a Reply

Options

not work with dark mode
Reset